← Chapters

မာန အရမ်းကြီးလွန်းတယ်

Vol. 40 Ch. 492

မာန အရမ်းကြီးလွန်းတယ်

Vol. 40 Ch. 492

လျူယောင်သည် ဟုန်းကွမ် ကားငယ်လေးအတွင်း သို့ ဝင်ရောက်ကာ ယာဉ်မောင်းထိုင်ခုံတွင် နေရာယူ လိုက်သည်။လီချန်လဲ့မှာမူ တံခါးဖွင့်၍ ဘေးထိုင်ခုံ တွင် ထိုင်ရင်း ပြုံးစိစိဖြင့် ပြောလိုက်၏။

​"အစ်ကို... ရှင်သာ တစ်သိန်းကျော်တန်တဲ့ ဟုန်းကွမ် ကို မောင်းနေတာသာ တခြားလူတွေ သိရင် လုံးဝယုံ ကြမှာ မဟုတ်ဘူးနော်"

​အမှန်စင်စစ် ဤဟုန်းကွမ် ယာဉ်အသစ်၏ ဈေးကွ က်ပေါက်ဈေးမှာ တစ်သိန်းနှစ်သောင်းမှ တစ်သိန်း သုံးသောင်းဝန်းကျင်သာ ရှိသည်။သာမန်မိသားစု အ တွက်မူ ဤကားလေးမှာ သန်းနှင့်ချီတန်သော ဇိမ်ခံ ကားများထက် ပို၍ ရိုးရှင်းလှပေသည်။

"ဝူး..ဝူး.."

​လျူယောင်က ကားစက်နှိုးကာ ပါကင်အပြင်ဘက် သို့ ကျွမ်းကျင်စွာ မောင်းထွက်လာခဲ့သည်။သူက ကျေနပ်အားရသည့် လေသံဖြင့် ပြောလိုက်၏။

"တစ်သိန်းကျော်တန်တဲ့ ကားလေးဆိုပေမဲ့ မောင်းရ တာ အတော်လေး ကောင်းတာပဲ.. အတွင်းခန်းကလ ည်း ကျယ်ဝန်းပြီး အနုစိတ်ပြင်ဆင်ထားတာ မဆိုး ဘူးပဲ.."

လီချန်လဲ့က လှမ်းမေးလိုက်သည်။

​"အစ်ကို ရှင် ဒီကားကို သဘောကျလို့လား"

​"အင်း... တကယ်ကောင်းတယ်လို့ ကိုယ်ထင်တယ် ခ ဏလောက် စမ်းမောင်းကြည့်ဦးမှပဲ.." လျူယောင် ပြန်ဖြေလိုက်၏။

​ဇိမ်ခံကားကြီးများသာ အစီးများခဲ့သည့် လျူယောင် အဖို့ ဤကားလေးကို မောင်းရခြင်းမှာ အရသာ တစ် မျိုး ထူးခြားနေသည်။၎င်းသည် ပင်လယ်စာနှင့်တေ ာင်ပေါ်အစားအစာ အကောင်းစားများကို နေ့စဉ်စာ းနေရသူတစ်ဦးက ရံဖန်ရံခါတွင် ရိုးရှင်းသော အိမ် ချက်ဟင်းလျာကို မြိန်ယှက်စွာ စားရသကဲ့သို့ပင်။

​လမ်းပေါ်သို့ ရောက်သောအခါ ယာဉ်ကြောရှုပ်ထွေး နေသဖြင့် လျူယောင်က မောင်းနှင်မှုကိုသာ အာရုံစို က်ထားပြီး စကားသိပ်မပြောဖြစ်တော့ပေ။

လီချန်လဲ့ကမူ ပြတင်းပေါက်မှတစ်ဆင့် ပြင်ပမြင်ကွ င်းများထံ ငေးကြည့်နေရင်း စွမ်းအင်သုံးယာဥ် အသ စ်များ သိသိသာသာ များပြားလာသည်အား သူမ သ တိ ပြုမိသွားသည်။

​"အင်း..ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီတွေသာ အမြောက်အမြား ထုတ်လုပ်နိုင်ရင် စွမ်းအင်သုံးယာ ဥ်အသစ် တွေက အခုထက် ပိုတိုးလာမှာပဲ..."

သူမ ဤကဲ့သို့ တွေးတောနေစဥ်မှာပင် ရုတ်တရက်

​"ဘုန်း.."ဟူသော

​ကျယ်လောင်လှသည့် တိုက်မိသံကြီးကြောင့် လီချန် လဲ့မှာ လန့်ဖျပ်သွား၏။

ဤသည်မှာ မလှမ်းမကမ်းတွင်ရှိသော လမ်းဆုံတွင် ဟုန်ကွမ်းကား တစ်စီးနှင့် အဝါရောင်စူပါကားတစ်စီ း တိုက်မိခြင်း ပင် ဖြစ်၏။စူပါကားမှာ အရှိန်ပြင်း ပြင်းဖြင့် မီးနီ ဖြတ်မောင်းလာရာမှ ပုံမှန်မောင်းနှင် နေသည့် ဟုန်ကွမ်းအား တိုက်မိခဲ့ခြင်း ဖြစ်သည်။

​တိုက်မိသည့် အရှိန်ကြောင့် ဒေါ်လာသန်းနှင့်ချီတန် သော စူပါကားမှာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးလု နီးပါး ဖြစ်သွားသော်လည်း ပြည်သူကားလို့ တင်စား ရသော ဟုန်းကွမ်မှာမူ အနည်းငယ်သာ ချိုင့်ဝင်သွား ပြီး ပြန်လည်ပြင်ဆင်နိုင်မည့် အခြေအနေတွင် ရှိနေ ၏။

​လူစည်ကားသော လမ်းဆုံတွင် ဖြစ်ပွားသည့် မတေ ာ်တဆမှုဖြစ်ရာ လူများစွာမှာမူ ချက်ချင်းပင် ဝိုင်း အုံကြည့်ရှုနေကြသည်။လျူယောင်လည်း ကားကို ရပ်တန့်လိုက်၏။

သူသည် ဤကားတိုက်မူအား အပျော်ကြည့်ရန် ရပ် လိုက်ခြင်း မဟုတ်ဘဲ စူပါကားမှ လွင့်စင်လာသော အပျက်အစီးများက သူ၏ကားထံ လာရောက် ထိမှ န်ခဲ့သောကြောင့် ဖြစ်သည်။

​"ဘုရားရေ... သန်းချီတန်တဲ့ စူပါကားကြီးတော့ သွာ းပြီဟေ့.."

"ဟုန်ကွမ်းက တကယ်မာတာပဲ..နည်းနည်းပဲ ချိုင့်သွ ားတယ်ကြည့်.."

"ဟုန်ကွမ်းပိုင်ရှင်တော့ ဒုက္ခရောက်ပြီ ဒီစူပါကားကို သူဘယ်လိုလျော်မလဲ.."

"မီးနီဖြတ်တာက စူပါကားလေ..ဟုန်ကွမ်းက မှန်ပါ တယ်..”

​ပတ်ဝန်းကျင်မှ ဝေဖန်သံများ ဆူညံနေစဉ်မှာပင် လျူယောင်နှင့်လီချန်လဲ့တို့သည် ကားပေါ်မှ ဆင်း ကြည့်လိုက်ကြသည်။လျူယောင်၏ ကားတွင်လည် း ဆေးပွန်းရာအချို့ ထင်ကျန်နေ၏။

​ထိုစဉ်မှာပင် စူပါကားအတွင်းမှ အရပ်မြင့်မြင့် ဗလ တောင့်တောင့်နှင့် နိုင်ငံခြားသား လူဖြူနှစ်ယောက် ထွက်လာသည်။သူတို့သည် နောင်တရသည့်ပုံစံ လုံး ဝမရှိဘဲ ရန်လိုသော အမူအရာဖြင့် ဟုန်ကွမ်းပိုင်ရှင် ဖြစ်သော ပိန်ပိန်ပါးပါး လူငယ်လေးထံ လျှောက်သွာ းကြသည်။

​လူဖြူတစ်ဦးက လူငယ်လေး၏ အင်္ကျီကော်လန်အ ား ဆောင့်ဆွဲကာ မြှောက်လိုက်ရင်း ကြိမ်းမောင်း လိုက်၏။

"စောက်ရူး..မင်း ငါ့ကားကို တိုက်လိုက်တာလား.. ဒါ က ခြောက်သန်းတန်တဲ့ ကားကွ.."

​ပတ်ဝန်းကျင်မှ လူများမှာမူ မီးနီဖြတ်သူမှာနိုင်ငံခြား သားများဖြစ်ကြောင်း အော်ဟစ်ပြောဆိုသော်လည်း ထိုနိုင်ငံခြားသားက လူအုပ်ကြီးအား လက်ခလယ် ထောင်၍ ပြောင်ပြောင်တင်းတင်း ရန်စနေပေသည်။

​"အဝါရောင် အသားအရေနဲ့ မျောက်တွေ.. မင်းတို့နို င်ငံမှာ ငါတို့က နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေ ကွ မင်းတို့ကို ရိုက်ရင်တောင် ဘာမှမဖြစ်ဘူး"

အင်္ဂလိပ်ဘာသာဖြင့် မောက်မာစွာ ဆဲဆိုရင်း ထိုလူ ငယ်လေးအား ဝိုင်းဝန်းထိုးကြိတ်ကြ​၏။

​လူအုပ်ကြီးမှာ ဒေါသထွက်နေကြသော်လည်း ထို ဗ လကြီးမားသည့် နိုင်ငံခြားသားများအား ဝင်ရောက် တားဆီးရန်မှာမူ တုံ့ဆိုင်းနေကြသည်။လူငယ်အချို့ က အင်္ကျီလက်ခေါက်ကာ ဝင်ပါရန် ပြင်ဆင်နေစဉ်မှ ာပင် လူရိပ်တစ်ရိပ်က သူတို့ရှေ့မှ လျင်မြန်စွာ ဖြ တ်ကျော်သွား၏။

ထိုအရိပ်မှာ ​လျူယောင်ပင် ဖြစ်သည်။သူသည်လ ည်း သွေးဆူလွယ်သည့် လူငယ်တစ်ဦးပီပီ ဤကဲ့သို့ မတရားမှုအား ​ငြိမ်ငြိမ်ကြည့်မနေနိုင်ခဲ့ပေ။

​သူသည် ခြေလှမ်းအနည်းငယ်ဖြင့် ထိုနေရာသို့ ရော က်လာကာ လူဖြူတစ်ဦးကို ဆွဲမ၍ မီတာအနည်း င ယ်အကွာသို့ ပစ်ပေါက်လိုက်သည်။ကျန်တစ်ဦးမှာ လည်း သူ၏ လျင်မြန်သော ခြေကန်ချက်ဖြင့် မြေ ပြင်ပေါ်သို့ လဲကျသွား၏။

အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက် သွားသဖြင့် လူများစွာမှာ မှင်သက်သွားကြပြီးနော က် ဟေးခနဲ အော်ဟစ်ကာ လက်ခုပ်တီး၍ အားပေး​ လိုက်ကြ၏။

​"အစ်ကို... ခင်ဗျား တကယ်တော်တာပဲဗျာ.."

​လျူယောင်က ထိုချီးမွမ်းသံများကို ဂရုမစိုက်ဘဲ မြေပေါ်တွင် လဲကျနေသည့် ဟုန်ကွမ်းပိုင်ရှင် လူငယ် ငယ်လေးအား ထူပေးကာ မေးလိုက်၏။

​"ညီအကို ခဗျားဘာမှမဖြစ်ဘူးမဟုတ်လား.."

​သို့ပေမဲ့ အနီးကပ်ကြည့်လိုက်မိသောအခါ လျူယေ ာင်၏ စိတ်ထဲတွင် ထိုလူငယ်လေး၏ မျက်နှာမှာ တစ်နေရာရာတွင် တွေ့ဖူးသကဲ့သို့ အလွန်ပင် ရင်းနှီး နေသည်ဟု သူ ခံစားလိုက်ရသည်။

All Chapters