← Chapters

ကြောက်ရွံ့ခြင်း

Vol. 40 Ch. 491

ကြောက်ရွံ့ခြင်း

Vol. 40 Ch. 491

နစ်စတန် အပြင်သို့ ပြန်ထွက်လာချိန်တွင် သူ့တစ်ကို ယ်လုံး အားအင်သစ်များ ပြည့်ဝလာသလို ခံစားနေ ရသည်။သူ၏ ရင်ထဲတွင်လည်း ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုတို့က လှိုင်းတံပိုးပမာ ရိုက်ခတ်နေ၏။

​"ဒါက ငါ့အတွက် အကောင်းဆုံး ရွေးချယ်မှုပဲ"

သူ အားရကျေနပ်စွာ ဆက်၍ တွေးလိုက်သည်။

"မစ္စတာ ဘလက်သီအိုဒေါက ဗောဒ့်ရဲ့ အဓိက ရှယ် ယာရှင်တစ်ဦးပဲ..သူကိုယ်တိုင်လည်း ဆုံးရှုံးမှုတွေ အများကြီး ကြုံခဲ့ရတာဆိုတော့ လျူယောင်ကို ပြဿနာရှာဖို့ ဝန်လေးနေမှာ မဟုတ်ဘူး.."

​နစ်စတန်သည် သူ တွေးလေလေ ပို၍ ယုံကြည်မှု ရှိ လာလေလေ ဖြစ်သည်။ဘလက်သီအိုဒေါကို အသုံး ချပြီး လျူယောင်၏ ယူနီဗာဆဲလ်ဌာနခွဲအား ဖျက် ဆီးပစ်နိုင်လိမ့်မည်ဟု သူ အပိုင်တွက်ထားခဲ့သည်။

​ဘလက်သီအိုဒေါဆိုသူသည် စီးပွားရေးလောကတွ င် ဩဇာတိက္ကမကြီးမားသည့် သူဋေးကြီးတစ်ဦးပင် ဖြစ်၏။နစ်စတန်မှာလည်း သူနှင့် ရင်းနှီးသည့် ဆက် ဆံရေးရှိသဖြင့် ကြိုတင်ချိန်းဆိုခြင်း မပြုဘဲ ဘလ က်သီအိုဒေါ၏ ရုံးခန်းထဲသို့ သူ တိုက်ရိုက်သွားလို က်သည်။

​နစ်စတန် ဝင်လာသည်ကို မြင်သောအခါ ဘလက်သီ အိုဒေါ အနည်းငယ် အံ့အားသင့်သွား၏။ဤလူ နစ်စ တန်တစ်ယောက် ရှုံးနိမ့်မှုဒဏ်ရာများကြောင့် အိမ် ထဲမှာပင် အောင်းနေလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့ ခြင်း ဖြစ်သည်။

ဘလက်သီအိုဒေါက လိုက်လျောညီထွေစွာ ဆီးကြို နှုတ်ဆက်လိုက်၏။

​"ခဗျား..ကြည့်ရတာ စိတ်ဓာတ်တွေ ပြန်တက်ကြွနေ ပုံပဲ.. ဝမ်းသာပါတယ်ဗျာ..ဘာသောက်မလဲ.."

​သို့ပေမဲ့ နစ်စတန်၏ ပထမဆုံး စကားလုံးက သီအို ဒေါအား ကြောင်အသွားစေသည်။

"လက်စားချေချင်လား.."

​"အမ်လက်စားချေမယ်..ဘယ်သူ့ကိုလဲ.."

ဘလက်သီအိုဒေါက နားမလည်နိုင်သလို ပြန်မေး လိုက်သည်။

"ဗောဒ့်လုပ်ငန်းစု ဒေဝါလီခံရတာက တစ်စုံတစ်ယေ ာက်က တမင်တကာ လုပ်ခဲ့တာလို့ ခင်ဗျား ပြောချ င်တာလား.."

နစ်စတန်က အံကြိတ်ကာ ပြောလိုက်၏။

​"ကျွန်တော်တို့ သင်္ဘောတွေ ဆက်တိုက်နစ်မြုပ်တာ ယူနီဗာဆဲလ်က လျူယောင်နဲ့ တိုက်ရိုက်ပတ်သတ် နေတယ်လို့ ကျွန်တော် ထင်တယ်..သူ့ကို တန်ဖိုးတစ် ခု ပြန်ပေးစေချင်တယ်ဗျာ..”

နစ်စတန်ဆီမှ ​လျူယောင်ဟူသော အမည်ကို ကြား လိုက်ရုံမျှဖြင့် ဘလက်သီအို​ဒေါ၏ မျက်နှာမှာမူ ချ က်ခြင်း ပျက်ယွင်းသွားသည်။လွန်ခဲ့သော တစ်လခ န့်ကပင် လျူယောင်ကြောင့် သူ သေလုနီးပါး ဖြစ်ခဲ့ရ ရုံမက ဒေါ်လာ ၃ ဘီလျံကျော် ဆုံးရှုံးခဲ့ရပြီး တိုက်အ ဆောက်အအုံကိုလည်း လက်လွှတ်ခဲ့ရဖူးသည်။

​နစ်စတန်ကမူ ထိုအကြောင်းအား မသိဘဲ ဘလက် သီအိုဒေါ၏ တုံ့ပြန်မှုကို အားရသွားကာ အလော တကြီး မေးလိုက်၏။

"မစ္စတာဘလက်..ခင်ဗျား သူ့ကို လက်စားချေတော့ မှာလား ."

​"မဟုတ်ဘူး..မဟုတ်ဘူး.ကျွန်တော့်မှာ..အဲ့ဒီလို စိတ် ကူးမျိုး လုံးဝမရှိဘူး.."

ဘလက်သီအိုဒေါက လက်တခါခါ ခြေတခါခါဖြင့် ငြင်းဆန်လိုက်သည်။

​အရင်က သူ လက်စားချေချင်ခဲ့သော်လည်း ယခုမူ မရဲတော့ပေ။လျူယောင်အကြောင်းအား စုံစမ်းလေ လေ သူ၏ နောက်ခံအင်အားဖြစ်သော ဝုံလွေကြေး စားအဖွဲ့၏ ကြောက်မက်ဖွယ်ကောင်းပုံကို ပိုသိလာ ရလေလေ ဖြစ်၏။

အင်အားကြီးနိုင်ငံများ၏ အထူးတပ်ဖွဲ့များပင် မလု ပ်နိုင်သည့် ကိစ္စရပ်များအား လျူယောင်၏ အဖွဲ့က လုပ်ဆောင်နိုင်ပေသည်။ထိုသို့သောသူကို ရန်စမိပါ က မိမိအသက်ပါ အန္တရာယ်ရှိနိုင်သည်ကို ဘလက် သီအိုဒေါ ကောင်းကောင်း သိနေ၏။

​သို့ပေမဲ့ နစ်စတန်ကတော့ ၎င်းအား နားမလည်နိုင် ဘဲ ဆက်လက် ဆွဲဆောင်နေဆဲပင်။

"မစ္စတာဘလက်..သူတို့ရဲ့ ဌာနခွဲကိုပဲဖြစ်ဖြစ် ဖျက် ဆီးပစ်ရမယ်လေ..."

​ဘလက်သီအိုဒေါက ခံရခက်စွာ အကြံပြုလိုက်၏။

"ဒါတွေက ပြီးသွားပါပြီဗျာ..မေ့လိုက်ပါတော့ ..ခင် ဗျားလက်ထဲမှာ ဒေါ်လာ ၁ ဘီလျံကျော် ကျန်သေး တာပဲ..ခဗျား..တခြားအလုပ်..ပြောင်းလုပ်တာ ပို ကောင်းပါလိမ့်မယ်.."

​နစ်စတန် အံ့ဩလွန်း၍ ဆွံ့အသွားသည်။

"ဘာလို့လဲ..ခင်ဗျားရဲ့ အင်အားနဲ့ဆို လျူယောင်ရဲ့ ဌာနခွဲတစ်ခုလောက်ကို ဖြိုချဖို့က မခဲယဉ်းပါဘူး.."

​ဘလက်သီအိုဒေါက ထရပ်ကာ နစ်စတန်၏ ပုခုံးကို ပုတ်၍ လေးလေးနက်နက် ​​ပြောလိုက်၏။

"အားလုံးကို မေ့လိုက်ပါဗျာ ကျွန်တော့်စကားကို နား ထောင်တာက ခင်ဗျားအတွက် အန္တရာယ် အကင်းဆုံ းပဲ"

​နစ်စတန်သည် ဒေါသနှင့်မကျေနပ်မှုများဖြင့် ဘလ က်၏ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ ဘလက်သီအို ဒေါကတော့ ထွက်သွားသော နစ်စတန်အား ကြည့် ကာ သက်ပြင်းချလျက် တွေးနေမိ၏။

"လျူယောင်ကို သွားတိုက်ခိုက်ဖို့.ငါ့မှာ သတ္တိ တစ် သောင်းရှိရင်တောင် မရဲဘူးကွ..."

​နစ်စတန်သည် အိမ်ပြန်ရောက်သော် ဘရန်ဒီ တစ်ပု လင်းကို ဖွင့်ကာ ဆိုဖာပေါ်တွင် မှိုင်တွေလျက် သော က်နေမိသည်။မျှော်လင့်ချက်များဖြင့် သူ သွားခဲ့သေ ာ်လည်း ရလဒ်က စိတ်ပျက်စရာသာ ဖြစ်ခဲ့သည်။

သို့ပေမဲ့ ဝိုင်ရှိန်တက်လာသည်နှင့်အမျှ သူ၏ရင်ထဲမှ မုန်းတီးမှုများက ပိုမိုပြင်းထန်လာပြီး လျူယောင်ကို နှိမ်နင်းရန် အခြားနည်းလမ်းတစ်ခုအား သူ စတင် ​ကြံစည်လိုက်၏။

........

​တစ်ချိန်တည်းမှာပင် ဟွာဟိုင်းမြို့၌..

​ယနေ့ ဟွာဟိုင်းမြို့၏ အကြီးကျယ်ဆုံး သတင်းမှာ ဧက ၅၀၀ ကျော် ကျယ်ဝန်းသော ယူနီဗာဆဲလ်၏ စွမ်းအင်သစ် နံပါတ် နှစ်စက်ရုံ စတင် လည်ပတ်နိုင် ခဲ့ခြင်း ဖြစ်သည်။

​"၃ လ၊ ၄ လ အတွင်းမှာပဲ ဒီလောက်ကြီးတဲ့ စက်ရုံ ကြီးကို ဆောက်ပြီး ထုတ်လုပ်နိုင်တာလား.."

"ဒီစက်ရုံဖွင့်ပွဲမှာ မြို့တော်ခေါင်းဆောင်တွေရော.. လုပ်ငန်းရှင်ကြီးတွေရော အကုန်စုံနေတာပဲ ဒါပေမဲ့ မစ္စတာလျူကို မတွေ့လိုက်ရဘူး.."

အွန်လိုင်းစာမျက်နှာများပေါ်တွင် ယူနီယူနီဗာဆဲလ် ၏ သတင်းများက ပလူပျံနေသော်လည်း ထိုကုမ္ပဏီ ၏ ပိုင်ရှင် လျူယောင်ကတော့ လီချန်လဲ့နှင့်အတူ ရု ပ်ရှင်ကြည့်ကာ အေးအေးလူလူ လမ်းလျှောက်နေ ပေသည်။

လီချန်လဲ့က ပြုံးလျက် ပြောလိုက်၏။

​"အစ်ကိုယောင်..စက်ရုံသစ်အကြောင်းကို လူအများ ကြီး ပြောနေကြတယ်နော်.."

​"အင်းလဲ့လဲ့.. အရာအားလုံးက အစီအစဉ်အတိုင်း ဖြ စ်သွားပြီဆိုတော့ အောင်မြင်မှုကတော့ လာမှာပဲလေ ”

လျူယောင်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

​"ဒါဆို ဒီည ဂုဏ်ပြုတဲ့အနေနဲ့ အနောက်တိုင်း အစား အစာ သွားစားကြမလား.."

​"ကောင်းသားပဲ..ဟွမ်ဟဲ့လမ်းက စားသောက်ဆိုင် တစ်ဆိုင်ကောင်းတယ်လို့ ကြားတယ်..အဲ့ဆိုင်ကို သွားစားရအောင်.."

​နှစ်ဦးသား ကားပါကင်သို့ ရောက်သောအခါ လျူ ယောင်က ကားသော့ကို နှိပ်လိုက်သည်။မလှမ်းမ ကမ်းရှိသော ဟုန်ကွမ်းအမျိုးအစား ကားအသစ် တစ်စီး၏ မီးများမှာ ချက်ချင်းပင် လင်းလက်လာ ၏။

​ယနေ့ လျူယောင် မောင်းနှင်လာသောကားမှာ သူ၏ ပုံမှန် ဇိမ်ခံကားများ မဟုတ်ဘဲ ဟုန်ကွမ်း မော်တော် ကားလုပ်ငန်းစုက လက်ဆောင်ပေးထားသော ဂရက် ဖင်း-အလူမီနီယမ် ဘက်ထရီသုံး ကားအသစ်ပင် ဖြ စ်၏။

ထိုကားမှာ အား ၂ နာရီသွင်းရုံဖြင့် ကီလိုမီတာ ၁၅၀ ၀ ကျော် မောင်းနှင်နိုင်သောကြောင့် ယခုခေတ်၏ န ည်းပညာအမြင့်ဆုံး ယာဉ်အသစ်တစ်စီးပင် ဖြစ်ပေ သည်။

All Chapters