ကြောက်ရွံ့ခြင်း
Vol. 40 Ch. 491
နစ်စတန် အပြင်သို့ ပြန်ထွက်လာချိန်တွင် သူ့တစ်ကို ယ်လုံး အားအင်သစ်များ ပြည့်ဝလာသလို ခံစားနေ ရသည်။သူ၏ ရင်ထဲတွင်လည်း ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုတို့က လှိုင်းတံပိုးပမာ ရိုက်ခတ်နေ၏။
"ဒါက ငါ့အတွက် အကောင်းဆုံး ရွေးချယ်မှုပဲ"
သူ အားရကျေနပ်စွာ ဆက်၍ တွေးလိုက်သည်။
"မစ္စတာ ဘလက်သီအိုဒေါက ဗောဒ့်ရဲ့ အဓိက ရှယ် ယာရှင်တစ်ဦးပဲ..သူကိုယ်တိုင်လည်း ဆုံးရှုံးမှုတွေ အများကြီး ကြုံခဲ့ရတာဆိုတော့ လျူယောင်ကို ပြဿနာရှာဖို့ ဝန်လေးနေမှာ မဟုတ်ဘူး.."
နစ်စတန်သည် သူ တွေးလေလေ ပို၍ ယုံကြည်မှု ရှိ လာလေလေ ဖြစ်သည်။ဘလက်သီအိုဒေါကို အသုံး ချပြီး လျူယောင်၏ ယူနီဗာဆဲလ်ဌာနခွဲအား ဖျက် ဆီးပစ်နိုင်လိမ့်မည်ဟု သူ အပိုင်တွက်ထားခဲ့သည်။
ဘလက်သီအိုဒေါဆိုသူသည် စီးပွားရေးလောကတွ င် ဩဇာတိက္ကမကြီးမားသည့် သူဋေးကြီးတစ်ဦးပင် ဖြစ်၏။နစ်စတန်မှာလည်း သူနှင့် ရင်းနှီးသည့် ဆက် ဆံရေးရှိသဖြင့် ကြိုတင်ချိန်းဆိုခြင်း မပြုဘဲ ဘလ က်သီအိုဒေါ၏ ရုံးခန်းထဲသို့ သူ တိုက်ရိုက်သွားလို က်သည်။
နစ်စတန် ဝင်လာသည်ကို မြင်သောအခါ ဘလက်သီ အိုဒေါ အနည်းငယ် အံ့အားသင့်သွား၏။ဤလူ နစ်စ တန်တစ်ယောက် ရှုံးနိမ့်မှုဒဏ်ရာများကြောင့် အိမ် ထဲမှာပင် အောင်းနေလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့ ခြင်း ဖြစ်သည်။
ဘလက်သီအိုဒေါက လိုက်လျောညီထွေစွာ ဆီးကြို နှုတ်ဆက်လိုက်၏။
"ခဗျား..ကြည့်ရတာ စိတ်ဓာတ်တွေ ပြန်တက်ကြွနေ ပုံပဲ.. ဝမ်းသာပါတယ်ဗျာ..ဘာသောက်မလဲ.."
သို့ပေမဲ့ နစ်စတန်၏ ပထမဆုံး စကားလုံးက သီအို ဒေါအား ကြောင်အသွားစေသည်။
"လက်စားချေချင်လား.."
"အမ်လက်စားချေမယ်..ဘယ်သူ့ကိုလဲ.."
ဘလက်သီအိုဒေါက နားမလည်နိုင်သလို ပြန်မေး လိုက်သည်။
"ဗောဒ့်လုပ်ငန်းစု ဒေဝါလီခံရတာက တစ်စုံတစ်ယေ ာက်က တမင်တကာ လုပ်ခဲ့တာလို့ ခင်ဗျား ပြောချ င်တာလား.."
နစ်စတန်က အံကြိတ်ကာ ပြောလိုက်၏။
"ကျွန်တော်တို့ သင်္ဘောတွေ ဆက်တိုက်နစ်မြုပ်တာ ယူနီဗာဆဲလ်က လျူယောင်နဲ့ တိုက်ရိုက်ပတ်သတ် နေတယ်လို့ ကျွန်တော် ထင်တယ်..သူ့ကို တန်ဖိုးတစ် ခု ပြန်ပေးစေချင်တယ်ဗျာ..”
နစ်စတန်ဆီမှ လျူယောင်ဟူသော အမည်ကို ကြား လိုက်ရုံမျှဖြင့် ဘလက်သီအိုဒေါ၏ မျက်နှာမှာမူ ချ က်ခြင်း ပျက်ယွင်းသွားသည်။လွန်ခဲ့သော တစ်လခ န့်ကပင် လျူယောင်ကြောင့် သူ သေလုနီးပါး ဖြစ်ခဲ့ရ ရုံမက ဒေါ်လာ ၃ ဘီလျံကျော် ဆုံးရှုံးခဲ့ရပြီး တိုက်အ ဆောက်အအုံကိုလည်း လက်လွှတ်ခဲ့ရဖူးသည်။
နစ်စတန်ကမူ ထိုအကြောင်းအား မသိဘဲ ဘလက် သီအိုဒေါ၏ တုံ့ပြန်မှုကို အားရသွားကာ အလော တကြီး မေးလိုက်၏။
"မစ္စတာဘလက်..ခင်ဗျား သူ့ကို လက်စားချေတော့ မှာလား ."
"မဟုတ်ဘူး..မဟုတ်ဘူး.ကျွန်တော့်မှာ..အဲ့ဒီလို စိတ် ကူးမျိုး လုံးဝမရှိဘူး.."
ဘလက်သီအိုဒေါက လက်တခါခါ ခြေတခါခါဖြင့် ငြင်းဆန်လိုက်သည်။
အရင်က သူ လက်စားချေချင်ခဲ့သော်လည်း ယခုမူ မရဲတော့ပေ။လျူယောင်အကြောင်းအား စုံစမ်းလေ လေ သူ၏ နောက်ခံအင်အားဖြစ်သော ဝုံလွေကြေး စားအဖွဲ့၏ ကြောက်မက်ဖွယ်ကောင်းပုံကို ပိုသိလာ ရလေလေ ဖြစ်၏။
အင်အားကြီးနိုင်ငံများ၏ အထူးတပ်ဖွဲ့များပင် မလု ပ်နိုင်သည့် ကိစ္စရပ်များအား လျူယောင်၏ အဖွဲ့က လုပ်ဆောင်နိုင်ပေသည်။ထိုသို့သောသူကို ရန်စမိပါ က မိမိအသက်ပါ အန္တရာယ်ရှိနိုင်သည်ကို ဘလက် သီအိုဒေါ ကောင်းကောင်း သိနေ၏။
သို့ပေမဲ့ နစ်စတန်ကတော့ ၎င်းအား နားမလည်နိုင် ဘဲ ဆက်လက် ဆွဲဆောင်နေဆဲပင်။
"မစ္စတာဘလက်..သူတို့ရဲ့ ဌာနခွဲကိုပဲဖြစ်ဖြစ် ဖျက် ဆီးပစ်ရမယ်လေ..."
ဘလက်သီအိုဒေါက ခံရခက်စွာ အကြံပြုလိုက်၏။
"ဒါတွေက ပြီးသွားပါပြီဗျာ..မေ့လိုက်ပါတော့ ..ခင် ဗျားလက်ထဲမှာ ဒေါ်လာ ၁ ဘီလျံကျော် ကျန်သေး တာပဲ..ခဗျား..တခြားအလုပ်..ပြောင်းလုပ်တာ ပို ကောင်းပါလိမ့်မယ်.."
နစ်စတန် အံ့ဩလွန်း၍ ဆွံ့အသွားသည်။
"ဘာလို့လဲ..ခင်ဗျားရဲ့ အင်အားနဲ့ဆို လျူယောင်ရဲ့ ဌာနခွဲတစ်ခုလောက်ကို ဖြိုချဖို့က မခဲယဉ်းပါဘူး.."
ဘလက်သီအိုဒေါက ထရပ်ကာ နစ်စတန်၏ ပုခုံးကို ပုတ်၍ လေးလေးနက်နက် ပြောလိုက်၏။
"အားလုံးကို မေ့လိုက်ပါဗျာ ကျွန်တော့်စကားကို နား ထောင်တာက ခင်ဗျားအတွက် အန္တရာယ် အကင်းဆုံ းပဲ"
နစ်စတန်သည် ဒေါသနှင့်မကျေနပ်မှုများဖြင့် ဘလ က်၏ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ ဘလက်သီအို ဒေါကတော့ ထွက်သွားသော နစ်စတန်အား ကြည့် ကာ သက်ပြင်းချလျက် တွေးနေမိ၏။
"လျူယောင်ကို သွားတိုက်ခိုက်ဖို့.ငါ့မှာ သတ္တိ တစ် သောင်းရှိရင်တောင် မရဲဘူးကွ..."
နစ်စတန်သည် အိမ်ပြန်ရောက်သော် ဘရန်ဒီ တစ်ပု လင်းကို ဖွင့်ကာ ဆိုဖာပေါ်တွင် မှိုင်တွေလျက် သော က်နေမိသည်။မျှော်လင့်ချက်များဖြင့် သူ သွားခဲ့သေ ာ်လည်း ရလဒ်က စိတ်ပျက်စရာသာ ဖြစ်ခဲ့သည်။
သို့ပေမဲ့ ဝိုင်ရှိန်တက်လာသည်နှင့်အမျှ သူ၏ရင်ထဲမှ မုန်းတီးမှုများက ပိုမိုပြင်းထန်လာပြီး လျူယောင်ကို နှိမ်နင်းရန် အခြားနည်းလမ်းတစ်ခုအား သူ စတင် ကြံစည်လိုက်၏။
........
တစ်ချိန်တည်းမှာပင် ဟွာဟိုင်းမြို့၌..
ယနေ့ ဟွာဟိုင်းမြို့၏ အကြီးကျယ်ဆုံး သတင်းမှာ ဧက ၅၀၀ ကျော် ကျယ်ဝန်းသော ယူနီဗာဆဲလ်၏ စွမ်းအင်သစ် နံပါတ် နှစ်စက်ရုံ စတင် လည်ပတ်နိုင် ခဲ့ခြင်း ဖြစ်သည်။
"၃ လ၊ ၄ လ အတွင်းမှာပဲ ဒီလောက်ကြီးတဲ့ စက်ရုံ ကြီးကို ဆောက်ပြီး ထုတ်လုပ်နိုင်တာလား.."
"ဒီစက်ရုံဖွင့်ပွဲမှာ မြို့တော်ခေါင်းဆောင်တွေရော.. လုပ်ငန်းရှင်ကြီးတွေရော အကုန်စုံနေတာပဲ ဒါပေမဲ့ မစ္စတာလျူကို မတွေ့လိုက်ရဘူး.."
အွန်လိုင်းစာမျက်နှာများပေါ်တွင် ယူနီယူနီဗာဆဲလ် ၏ သတင်းများက ပလူပျံနေသော်လည်း ထိုကုမ္ပဏီ ၏ ပိုင်ရှင် လျူယောင်ကတော့ လီချန်လဲ့နှင့်အတူ ရု ပ်ရှင်ကြည့်ကာ အေးအေးလူလူ လမ်းလျှောက်နေ ပေသည်။
လီချန်လဲ့က ပြုံးလျက် ပြောလိုက်၏။
"အစ်ကိုယောင်..စက်ရုံသစ်အကြောင်းကို လူအများ ကြီး ပြောနေကြတယ်နော်.."
"အင်းလဲ့လဲ့.. အရာအားလုံးက အစီအစဉ်အတိုင်း ဖြ စ်သွားပြီဆိုတော့ အောင်မြင်မှုကတော့ လာမှာပဲလေ ”
လျူယောင်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
"ဒါဆို ဒီည ဂုဏ်ပြုတဲ့အနေနဲ့ အနောက်တိုင်း အစား အစာ သွားစားကြမလား.."
"ကောင်းသားပဲ..ဟွမ်ဟဲ့လမ်းက စားသောက်ဆိုင် တစ်ဆိုင်ကောင်းတယ်လို့ ကြားတယ်..အဲ့ဆိုင်ကို သွားစားရအောင်.."
နှစ်ဦးသား ကားပါကင်သို့ ရောက်သောအခါ လျူ ယောင်က ကားသော့ကို နှိပ်လိုက်သည်။မလှမ်းမ ကမ်းရှိသော ဟုန်ကွမ်းအမျိုးအစား ကားအသစ် တစ်စီး၏ မီးများမှာ ချက်ချင်းပင် လင်းလက်လာ ၏။
ယနေ့ လျူယောင် မောင်းနှင်လာသောကားမှာ သူ၏ ပုံမှန် ဇိမ်ခံကားများ မဟုတ်ဘဲ ဟုန်ကွမ်း မော်တော် ကားလုပ်ငန်းစုက လက်ဆောင်ပေးထားသော ဂရက် ဖင်း-အလူမီနီယမ် ဘက်ထရီသုံး ကားအသစ်ပင် ဖြ စ်၏။
ထိုကားမှာ အား ၂ နာရီသွင်းရုံဖြင့် ကီလိုမီတာ ၁၅၀ ၀ ကျော် မောင်းနှင်နိုင်သောကြောင့် ယခုခေတ်၏ န ည်းပညာအမြင့်ဆုံး ယာဉ်အသစ်တစ်စီးပင် ဖြစ်ပေ သည်။