← Chapters

ဒဏ်ရာပြင်းထန်စွာ ရရှိထားကြသော ကိုယ်စားလှယ် သုံးဦး

Vol. 14 Ch. 193

ဒဏ်ရာပြင်းထန်စွာ ရရှိထားကြသော ကိုယ်စားလှယ် သုံးဦး

Vol. 14 Ch. 193

ကောင်းကင်ပြာရင်ပြင် တစ်ခုလုံး တိတ်ဆိတ်မှုများ လွှမ်းခြုံသွားပြီး လူတိုင်းသည် မြေပြင်ပေါ်ရှိ လူသုံးဦးအား ကြည့်နေကြလေသည်။

ဤသည်မှာ မန္တန်ပွဲစဉ်သာလျှင် ရှိသေးသည်။ သို့သော်လည်း ကိုယ်စားလှယ် နှစ်ဦးသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး တစ်ဦးမှာ သတိလစ်မေ့မြောလျက် ရှိနေလေသည်။

ကောင်းကင်ဘုံပိုင်နက်မှ ကိုယ်စားလှယ် သုံးဦးသည် ဤနည်းဖြင့် ပြိုင်ပွဲမှထွက်ခွာရန် ကြံစည်ထားကြသည်လား။

လူတိုင်းသည် သူတို့မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် လုံးဝပါးစပ် အဟောင်းသား ဖြစ်နေလေသည်။ ဤကဲ့သို့သော အခြင်းအရာမျိုး တစ်ခါမျှပင် မြင်ဖူးခဲ့ခြင်း မရှိကြချေ။

အထူးပွဲကြည့်စင်တွင် ရှိသည့် အမျိုးသမီး တစ်ဦးတည်းသာလျှင် သူတို့၏ အဖြစ်အပျက်ကြောင့် လွန်စွာကျေနပ်ပီတိ ဖြစ်နေခြင်း ဖြစ်သည်။

ထိုလူသည် သူနှင့်ပတ်သက်မိသမျှ အရာအားလုံးကို လှည့်စားတတ်သူ ဖြစ်သည်။ သူမအားလည်း လှည့်စားခဲ့ကာ ယခုတစ်ခါတွင် သူ၏ အဖွဲ့ဝင်များအား တစ်ပတ်ရိုက် သွားပြန်သည်။ လွန်စွာကြည့်ကောင်း လွန်းလှသည့် မြင်ကွင်းပင်။

သူမသည် ကောင်းကင်ဘုံပိုင်နက်အား အားပေးဖို့ရန်ပင် မေ့လျော့နေပုံရသည်။

“ဟင့် ဟင့် ... တကယ်အရမ်းကို ခံစားသွားရပြီ။ နတ်ဘုရား အန် က ကျောင်းတော် အနိုင်ရရှိဖို့အတွက် ဒီလောက်အထိကို ပေးဆပ်သွားတယ်”

ကျောင်းသူတစ်ဦးသည် မျက်ရည်ဖြိုင်ဖြိုင် ကျလျက်ရှိသည်။

“စီနီယာအန်လင်း ကျဆုံးသွား ခဲ့ရင်တောင်မှ ငါ့နှလုံးသားရဲ့ အမြင့်ဆုံး တစ်နေရာမှာ ထာဝရတည်ရှိသွားတော့မှာ”

“ပြိုင်ပွဲက ဒီလောက်တောင် ပြင်းထန်မယ်လို့ ဘယ်သူကထင်မှာလဲ။ နံပါတ် တစ်နေရာကို လွယ်လွယ်ကူကူ ထိန်းသိမ်းနိုင်မယ် ထင်နေလား”

“ငါတို့ရဲ့ အဓိက ကိုယ်စားလှယ် သုံးယောက်ကတော့ ဂိနေပြီဟေ့။ အခုတော့ ဘယ်လိုဖြစ်မလဲ စောင့်ကြည့်ရမှာပဲ”

***

လူတိုင်း အချင်းချင်း ပြောဆိုဆွေးနွေး နေကြစဉ်တွင် ဗောဓိသတ္တ ဟွိုင်မင်သည် မြေပြင်တွင် လဲလျောင်းလျက်ရှိသည့် လူသုံးဦးအား ကုစားခြင်းမန္တန် အသုံးပြုကာ ကုစားပေးနေလေသည်။

ဒု-ကျောင်းအုပ် ယူဟွာသည် စိတ်ပျက်လက်ပျက်နှင့် ကောင်းကင်ကိုသာ မော့ကြည့်နေလေသည်။

ဘာတွေ  ဖြစ်သွားရတာတုန်း။ သူတို့က သုံးယောက်စလုံးက အသက်စွန့် တိုက်ခိုက်လိုက် ကြတာလား။

တာအိုဖလှယ်ခြင်း ညီလာခံများစွာအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူး သော်လည်း ဤသို့သော အခြင်းအရာမျိုးအား ပထမဦးဆုံး ကြုံတွေ့ဖူးခြင်း ဖြစ်သည်။

ဒု-ကျောင်းအုပ် ယူဟွာမှာ ခေါင်းကိုက်လာသည့် အတွက် မျက်ခုံးနှစ်ဖက်အား နှိပ်နယ်နေရသည်။ မန္တန်၊ တာအို၊ စိတ်ဆန္ဒ၊ လှုပ်ရှားမှုနှင့် Seize ဟူ၍ ယှဉ်ပြိုင်ရမည့် ပွဲစဉ် ၅ ခု ရှိသော်လည်း တစ်မျိုးတည်းသာလျှင် ပြီးမြော်က်သေးသည်။ ကျန်ရှိနေသေးသည့် ၄ မျိုးအား မည်သို့ ဆက်လုပ်ရမည်ကိုပင် မသိတော့ချေ။

ဝမ်ရွှမ်ကျန့်သည် ယိမ်းထိုးကာဖြင့် မတ်တတ်ရပ်လိုက် ပြီးနောက် …

“ဒု-ကျောင်းအုပ် ... ကျွန် ... ကျွန်တော် ဆက်ပြိုင်နိုင်သေးတယ်”

လျှိုချင်ဟွမ်သည် မြေပြင်ပေါ်တွင် ဆက်လက် လဲလျောင်းနေပြီး အေးစက်စွာဖြင့် သူမဖုန်းအား ကောက်ယူလိုက်သည်။

“ဒု-ကျောင်းအုပ် ကျွန်မတော့ တော်ပြီ။ ဒီပြိုင်ပွဲက အရမ်းကို အန္တရာယ် များလွန်းတယ်။ ကျွန်မနေရာကို အစားထိုးဖို့ တစ်ယောက်ယောက် ရှာလိုက်ပါ”

အန်လင်းမှာမူ ဗုဒ္ဓအလင်းရောင် အောက်တွင် ကုစားမှု ခံယူနေရင်းနှင့် ငါးသေတစ်ကောင်နှယ် မြေပြင်တွင် လဲလျောင်းလျက် ရှိနေဆဲဖြစ်သည်။

ဒု-ကျောင်းအုပ် ယူဟွာ : “…”

ကောင်းပြီ။ သူတို့အားလုံး တစ်ပတ်ရိုက် ခံလိုက်ရခြင်း ဖြစ်ပုံရသည်။

အခြားအဖွဲ့သုံးဖွဲ့မှ ကိုယ်စားလှယ်များသည် မြေပြင်ပေါ်ရှိ လူသုံးဦးအား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေကြလေသည်။

သူတို့ပျော်နေသင့်လား။ မန္တန်ပွဲစဉ်မှာ စုစုပေါင်း ရမှတ် ၂၈ မှတ်နဲ့ ပထမနေရာကို ရရှိသွားလေသည်။ သူတို့အနေဖြင့် အောင်ပွဲခံ နေသည်များလား။

သို့တည်းမဟုတ် ဝမ်းနည်းနေသင့်လား။ စင်ပေါ်တွင် ရှိနေသော ကျိုးပဲ့နေသည့် ကိုယ်စားလှယ် သုံးဦးအား ကြည့်ကာဖြင့် သူတို့သည် အခွင့်အရေးတစ်ရပ် ရလာခဲ့ပြီဟု ခံစားမိနေသည်။ စိတ်မကောင်းကြီးစွာ ဖြစ်မနေကြသည့်အပြင် ကံကောင်းသည်ဟုပင် ခံစားနေရသည်။

အင်အားကြီး ၄ ရပ်၏ ရာထူးကြီးပုဂ္ဂိုလ်များ အခြေအတင် ဆွေးနွေးပြီးနောက်တွင် သူတို့အားလုံးတို့သည် ဒဏ်ရာရရှိနေသည့် ကိုယ်စားလှယ်များအား ပြန်လည် သက်သာလာဖို့ အချိန်စောင့်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။ ပြိုင်ပွဲအား နေ့လယ်ခင်းမှ ပြန်လည်စတင်မည် ဖြစ်သည်။

***

အန်လင်းသည် မွန်းတည့်ချိန်တွင် နိုးလာခဲ့သည်။ ဝမ်ရွှမ်ကျန့်သည် ခုံတစ်လုံးတွင် ထိုင်ကာဖြင့် သူ့အား မကျေမချမ်းဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

စကားပြောခွင့်ပင် မရလိုက်ဘဲ လျှိုချင်ဟွမ်၏ ပန်းရောင်လက်သီး ဆုပ်ကလေးများသည် သူ့အပေါ်သို့ မိုးရွာသကဲ့သို့ ကျရောက်လာလေသည်။

ရိုက်နှက်ခံရပြီး နောက်တွင် အန်လင်းသည် အခြေအနေအား မေးမြန်းရန် အခွင့်အရေး ရသွားလေသည်။

သူ၏မန္တန်သည် ၁၁ မှတ် ရရှိပြီး အခြေအနေအား ပြောင်းလဲပစ်နိုင်ခဲ့သည့် အကြောင်း သိရှိပြီးသည့်နောက်တွင် စိတ်သက်သာရာ ရစွာဖြင့် အသက်ရှူနိုင် လေတော့သည်။ သို့သော်လည်း တစ်ဆက်တည်းမှာပင် လွန်စွာအရေးကြီးသည့် ပြဿနာတစ်ရပ်အား သတိရလိုက်မိသည်။

“ကျွန်တော်တို့က ဒီမှာအခု ဘာလုပ်နေကြတာလဲ”

ကုစားခြင်းအော်ရာများ ထုတ်လွှတ်လျက်ရှိသော ရှင်းသန့်နေသည့် အဖြူရောင်နံရံနှင့် အိပ်ရာခင်းများအား တုန်လှုပ်စွာဖြင့် ကြည့်လိုက်သည်။

“ဒီမှာ ဒဏ်ရာတွေ သက်သာလာအောင် ကုသနေတာလေ”

လျှိုချင်ဟွမ်သည် အန်လင်းအား မျက်လုံး ဝေ့ကြည့်လိုက်သည်။

“ကျေးဇူးတင်ပါတယ်နော်။ တာအိုဖလှယ်ခြင်း ညီလာခံက နေ့လယ်ခင်းအတိ ရွှေ့ဆိုင်းလိုက်တယ်”

အန်လင်း : “…”

နျူလျှပ်လက်သီး၏ စွမ်းအားကို လျှော့တွက်မိခဲ့ပုံပင်။

လျှိုချင်ဟွမ်နှင့် ဝမ်ရွှမ်ကျန့်တို့၏ ပေါင်းစပ်ကာကွယ်မှု သည်ပင်လျှင် ယင်း၏ ပြင်းထန်လှသော ပေါက်ကွဲမှုများကို အားပျော့သွားစေရန် မတတ်နိုင်ချေ။

သို့သော်လည်း သူတို့၏ အကူအညီကြောင့်သာ ပေါက်ကွဲမှု ပြင်းအားများကို ယခုလောက် အထိသာလျှင် ခံစားလိုက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် အန်လင်းသည် လျှိုချင်ဟွမ်နှင့် ဝမ်ရွှမ်ကျန့်တို့အား ကျေးဇူးတင်စကားဆိုကာ တောင်းပန်လိုက်သည်။

မကြာမီမှာပင် နေ့လယ်ခင်းအချိန်သို့ ရောက်ရှိလာလေသည်။

ကောင်းကင်ပြာ ရင်ပြင်သည် နောက်ထပ်တဖန် ကြည့်ရှုသူများနှင့် ပြည့်နှက်လာပြန်သည်။

ကောင်းကင်ဘုံပိုင်နက်မှ ကိုယ်စားလှယ်များသည် အဝေးမှပင် ပရိသတ် အများအပြားကို ဆွဲဆောင်ထားလေသည်။

ကုသရေး အဆောင်ထဲတွင် ကုသပြီးနောက် ဝမ်ရွှမ်ကျန့်သည် အတွင်းဒဏ်ရာ အနည်းငယ်မှအပ အတော်လေး ပြန်လည် သက်သာလာပြီ ဖြစ်သည်။

သူမ၏ သွယ်လျလျ လက်မောင်းနှစ်ဖက်အား ပတ်တီးအထပ်ထပ် စည်းကာဖြင့် လျှိုချင်ဟွမ်အား ကြည့်ရသည်မှာ အနည်းငယ် စိတ်ဆင်းရဲစရာပင်။

အန်လင်းသည်ကား သနားစရာ အကောင်းဆုံးသော အနေအထားမှာပင်။ သူ၏ ခန့်ညားချောမောသည့် မျက်နှာတစ်ခုလုံးအား ပတ်တီးများ ဖုံးအုပ်ထားပြီး ဖန်တီးခြင်းခန်းမမှ ရောက်ရှိလာသူများနှင့် မခြားလှချေ။

သို့သော်လည်း ယင်းသည် သူ၏ ထင်ပေါ်ကျော်စောမှုအား အနည်းငယ်မျှပင် လျော့ကျမသွားစေဘဲ သူရောက်ရှိလာသည်နှင့် လက်ခုပ် ဩဘာပေးသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာလေသည်။

ဒု-ကျောင်းအုပ် ယူဟွာသည် လည်ချောင်း ရှင်းလိုက်ပြီးနောက်…

“အခု လူစုံနေကြပြီ ဖြစ်တာကြောင့် တာအိုဖလှယ်ခြင်း ဒုတိယပွဲစဉ်ဖြစ်တဲ့ တာအိုပွဲစဉ်ကို စတင်ပါတော့မယ်”

“တာအိုလမ်းစဉ်မှာ လူတိုင်းက တန်းတူညီတူပဲ ဖြစ်တယ်။ လူတိုင်းက ကိုယ်လျှောက်လှမ်းနေတဲ့ တာအိုလမ်းကြောင်းကို ပြသရမှာဖြစ်တယ်”

“တာအိုရှာဖွေတဲ့ လမ်းစဉ်က ရှည်လျားပြီး ကြမ်းတမ်းတယ်။ တိကျတဲ့ လမ်းကြောင်းမှန်ပေါ် ရောက်ရှိဖို့အတွက် ဘယ်လောက်ဝေးဝေး လျှောက်လှမ်းရမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ အဲဒါကြောင့် တာအိုပွဲစဉ်က တာအို နှလုံးသားတွေရဲ့ ယှဉ်ပြိုင်ပွဲပဲ”

သူ၏စကားဆုံးသည်နှင့် သိုလှောင်လက်စွပ် အတွင်းမှ ကြီးမားလှသည့် ဖန်သားပြင်တစ်ခု ထွက်ပေါ်လာသည်။

ကောင်းကင်အင်မော်တယ် ယူဟွာသည် အစီအရင်အနည်းငယ် ပြုလုပ်ပြီးနောက် စင်မြင့်ထက်တွင် ကြီးမားလှသည့် အပြာရောင် တံခါးပေါက်တစ်ခု ပေါ်လာလေသည်။

“ဒီဟာက ကြယ်စင်ဝင်္ကပါဆီကို သွားတဲ့လမ်းပဲ။ ငါတို့ရဲ့ ကိုယ်စားလှယ်တွေ အားလုံးက ဒီလမ်းကနေတစ်ဆင့် ကြင်စင်ဝင်္ကပါဆိုတဲ့ လျှို့ဝှယ်နယ်မြေကို ရောက်ရှိမှာဖြစ်တယ်”

“ကြယ်စင်ဝင်္ကပါက မင်းတို့ရဲ့ ကိုယ်ပိုင်နှလုံးသားဆီကို သွားတဲ့လမ်းလို့ သိကြတယ်။ မင်းတို့ လျှောက်လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းက မင်းတို့ရဲ့ တာအိုနှလုံးသားကို လှုပ်ခါနိုင်ဖို့ ကြိုးစားကြလိမ့်မယ်။ စုစုပေါင်း ခြေလှမ်း ၉၉ လှမ်းရှိတယ်။ ခြေတစ်လှမ်းကို ၀.၁ မှတ် ရရှိလိမ့်မယ်”

စည်းမျဉ်းများမှာ မခက်ခဲသော်လည်း အန်လင်းသည် အနည်းငယ် ကျောချမ်းနေမိသည်။

ကိုယ်ပိုင်နှလုံးသားဆီ သွားတဲ့လမ်းတဲ့လား။ တာအိုနှလုံးသားကို စမ်းသပ် စစ်ဆေးတာတဲ့လား။

သူ့လိုမျိုး မသမာသည့် နည်းလမ်းဖြင့် ဤသို့သော အခြေအနေကို ရောက်ရှိလာသူအတွက် တာအိုနှလုံးသားဟူသည် ရှိပါ့မလား။

ထိုမေးခွန်းအား စဉ်းစားနေမိသည်။ မည်သို့သော တာအိုအမျိုးအစားကို လျှောက်လှမ်းရမည်ကို မသိနိုင်ဘဲ ရှိလေသည်။

အချို့သည် အတော်ဆုံးသော ဆေးလုံးဖော်စပ်သူ ဖြစ်လိုကြသည်။ အချို့သည် အတော်ဆုံးသော ဓားအင်မော်တယ် တစ်ဦး ဖြစ်လိုကြသည်။ အချို့သည် သူတို့၏ တာအိုအား သည်းကြီးမဲကြီး ရှာဖွေကြသည်။ အနှစ်ချုပ်ဆိုရသော် တာအိုရှာဖွေခြင်း စိတ်ဆန္ဒ ပိုမိုခိုင်မာလာသည်နှင့်အမျှ သူတို့၏ တာအိုနှလုံးသား ပိုမိုခိုင်ခံ့မြဲမြံလာမည် ဖြစ်သည်။

သူ့လိုလူမျိုးအတွက် တာအိုနှလုံးသား ရှိနိုင်မည်လား။

အန်လင်းသည် ပိုမိုကာ အဆိုးမြင်လာပြီး အကျပ်ရိုက်နေမိသည်။

ဖန်သားပြင်သည် တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာပြီး ကြယ်စင်ဝင်္ကပါ လျှို့ဝှက်နယ်မြေ အတွင်းမှ ပုံရိပ်များအား ပြသနေလေသည်။

ပိန်းပိတ်အောင် နက်မှောင်နေသည့် ကောင်းကင်ယံတွင် ကြယ်စင်များ လင်းလက်နေပြီး ညကောင်းကင်ထက်တွင် ကြယ်မြစ်တစ်စင်း စီးဆင်းနေသလိုပင်။ ကောင်းကင်ရှိ များပြားလှစွာသော ကြယ်များသည် တလက်လက် တောက်ပကာဖြင့် အလင်းရောင် ပေးစွမ်းနေလေသည်။

ကောင်းကင်တွင် တောက်ပနေသော ကြယ်စင်များ၏ ရောင်ပြန်ဟပ်မှုကြောင့် ဝင်္ကပါတစ်ခုလုံးအား ကြယ်ပင်လယ်ခြင်း လွှမ်းခြုံထားသလို ဖြစ်နေစေလေသည်။

ကျောက်တုံးလေးများ စီတန်းကာဖြင့် လမ်းခင်းထားပြီး လမ်းအဆုံးတွင် အစက်အပျောက်များ ရှိလေသည်။

ထိုမြင်ကွင်းသည် ကျောင်းသားများစွာအား ဆွဲဆောင်ထားနိုင်ပြီး ဖန်သားပြင်အား ငေးမောကာဖြင့် ကြည့်နေကြလေသည်။

“လှလိုက်တာနော်။ လုံးဝကို ဖမ်းစားနိုင်တဲ့ မြင်ကွင်းပဲ”

“ငါလည်း ကြယ်စင်ဝင်္ကပါထဲ ဝင်ပြီး လေ့လာချင်တယ်။ ငါ့တာအို နှလုံးသားကို စမ်းသပ်ဖို့တော့ မဟုတ်ဘူး ရှုခင်းကြည့်ချင်လို့”

“ကြိုးစားပေါ့ကွာ။ အင်မော်တယ် အဆင့်ဇယားမှာ နံပါတ် သုံး လောက် ရရင်တော့ မင်းအတွက် အခွင့်အရေး ရှိနိုင်တယ်”

“ဟူး ... အမှန်ပဲ။ အစွမ်းသတ္တိမရှိရင် အားလုံးက အိပ်မက်တစ်ခုပဲ”

“မဖြစ်နိုင်တာတော့ မရှိပါဘူး။ နတ်ဘုရားအန်ကိုပဲ ကြည့်လေ။ ဒီကိုစရောက်လာတော့ တာအိုခန္ဓာ ဗလာအဆင့် ပဲ ရှိနေသေးတာလေ။ အခုတော့ သောက်ကြမ်းဖြစ်နေပြီ”

“စီနီယာအန်လင်းရဲ့ ပုံပြင်တော့ကတော့ တကယ်ကို အားတက်ဖို့ ကောင်းတယ်။ လိုက်ပြီး တုပဖို့တောင် မဖြစ်နိုင်ဘူး”

***

တာအိုပြိုင်ပွဲသည် ကြည့်ရှုနေကြသူများ၏ စကားသံများ အကြားမှာပင် စတင်လေတော့သည်။

***

All Chapters