← Chapters

အရမ်းရင်းနှီးနေတယ်

Vol. 40 Ch. 493

အရမ်းရင်းနှီးနေတယ်

Vol. 40 Ch. 493

သူတကယ်ပဲ ထိုလူငယ်အား နည်းနည်းရင်းနှီးနေ၏ ။

လျူယောင် နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တော့ ဤခံစားချက်မှာ ပိုပြီးသေချာသွားသည်။ထူးဆန်း သည်မှာ တစ်ဖက်လူက သူ့အား နည်းနည်းလေး ကြောက်နေတာပင်။ထိုလူငယ်က လျူယောင်ကို တစ်ချက်ကြည့်လိုက်သော်လည်း နောက်တစ်ကြိမ် ပြန်မကြည့်ရဲတော့ပေ။

လျူယောင်က သူ့ကို ကြည့်နေတယ်လို့ ခံစားမိတော့ ပိန်ပိန်ပါးပါး လူငယ်လေးက နောက်ဆုံးမှာ ခေါင်းပြ န်မော့ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"လျူ သူဋေးလျူ..ကူညီပေးလို့ ကျေးဇူးတင်ပါတ ယ်ခင်ဗျာ.."

"အာ သူဋေးလျူတဲ့လား.."

"ဒီလူငယ်က ငါ့ကို သူဋေးလျူလို့ တကယ်ခေါ်လိုက် တာပဲ.."

တစ်ဖက်လူက သူ့အား သေချာပေါက် မှတ်မိနေပြီ ဆိုတာ သေချာနေ၏။ဖြစ်နိုင်တာက ထိုလူငယ်က သူ့ရဲ့ဝန်ထမ်းဖြစ်သည်မို့ သူဋေးလျူလို့ ခေါ်ခဲ့တာ ဖြစ်နိုင်ပေသည်။

"မင်းက ငါ့ဝန်ထမ်းလား..ဘယ်အ ဖွဲ့အစည်းကလဲ” .

လျူယောင်ရဲ့ မေးခွန်းကို ကြားတော့ လူငယ်လေး က အသံတိုးတိုးနဲ့ တုန်ယင်စွာ ပြန်ဖြေလိုက်၏။

"ကျွန်တော်က ယူနီဗာဆဲလ်စွမ်းအင်သစ်လုပ်ငန်းစု ကပါ..ကျွန်တော်..ကျွန်တော်..."

ထိုလူငယ်၏ပုံစံကြောင့် လျူယောင် နည်းနည်းဒေါ သထွက်လာကာ ဒေါသတကြီးနဲ့ ပြန်ပြောလိုက်၏။

"မင်းက တကယ်ကို အားပျော့တာပဲ..တစ်ချိန်လုံးပြ န် မတိုက်တတ်ဘူးလား ဘာလို့ငြိမ်ခံနေတာလဲ .ဒီလူ တွေကို ဂရုစိုက်မနေနဲ့..ဒီလိုဆက်ရိုက်ခိုင်းနေရင် မင် း အသတ်ခံရမှာမသိဘူးလား."

ပိန်ပိန်ပါးပါးလူငယ်လေးက ကိုယ့်ကိုယ်ကိုယ် ကာ ကွယ်ဖို့အတွက် စကားအနည်းငယ်ပြောဖို့ ပြင်နေတု န်းမှာပင် လျူယောင်၏ကြီးကျယ်ခမ်းနားမှုအား ခံစ ားမိတော့ သူသည် ဘာမှ ပြန်မပြောရဲတော့ပေ။

"ဟူး အတော်အားပျော့တဲ့ကောင်ပဲ.."

လျူယောင် စိတ်ထဲမှ သက်ပြင်းသာချလိုက်မိ၏။

စွမ်းအင်သစ်ကုမ္ပဏီက အရမ်းလျင်မြန်စွာ ဖွံ့ဖြိုးတို းတက်လာကာ နှစ်နှစ်လောက်အတွင်းမှာပင် ဝန်ထ မ်းတစ်သိန်းကျော်အထိ တိုးလာခဲ့သည်။ခန့်အပ်မှု အဆင့်သတ်မှတ်ချက်က အရမ်းမြင့်မားကာ လိုအပ် ချက်တွေက အရမ်းတင်းကျပ်ထားသော်လည်း လူ အမျိုးမျိုး ရှိနေမှာကိုတော့ ရှောင်လွှဲလို့မရပေ။

ဥပမာအားဖြင့် သူ့ရှေ့က လူငယ်လေးလိုမျိုးပင် ဤ လူငယ်က နည်းနည်းပိန်‌တယ်ဆိုပါဉီးတော့ ဘယ်လို ပဲဖြစ်ဖြစ် ပြန်လည်တုံ့ပြန်သင့်၏။

"မြေပေါ်လဲကျပြီး တခြားသူတွေအရိုက်ခံရတာကို တောင် ပြန်မတိုက်နိုင်ဘူး..လခွမ်း..အရမ်းကို အားန ည်းလွန်းတယ်.."

ရုတ်တရက် မြေပြင်ပေါ်မှ လူဖြူနှစ်ယောက်မှာ ထ ရပ်ပြီး လျူယောင်ဆီ အလျင်စလိုဝင်လာကြ၏။

သိသာနေသည်။ဤလူတွေမှာ မကျေနပ်ကြဘဲ လျူ ယောင်အား တိုက်ခိုက်ဖို့ လုပ်နေကြခြင်းပင်။

"အစ်ကို..သတိထား.."

"အိုး..နှစ်ယောက် တစ်ယောက်ပဲ.."

"ငါတို့ သွားကူရမလား.."

ပတ်ပတ်လည်မှာအော်ဟစ်သံတွေ ထွက်ပေါ်လာသ ည်။ဤလူဖြူနှစ်ယောက်အား လျူယောင် အစော ကတည်းက သတိထားမိနေ၏။

သူသည်အနည်းငယ်မျှ စိတ်လှုပ်ရှားခြင်းမရှိဘဲ ထို လူနှစ်ယောက်အား လှောင်ပြောင်သည့်အကြည့်နှင့် ကြည့်၍ ရယ်လိုက်ကာ အင်္ဂလိပ်လို ပြောလိုက်သည် ။

"ဘာလဲ.မင်းတို့က တစ်ခုခုလုပ်ချင်သေးတာလား.."

"အဝါရောင်အရေခွံနဲ့မျောက်‌လေး..မင်း နောင်တရ လာမှာကို စောင့်ကြည့်လိုက်..ငါက လက်ဝှေ့ချန်ပီယံ .မင်းသေပြီပဲ.."

ထိုနိုင်ငံခြားသားနှစ်ယောက်သည် လျူယောင်အား တစ်ချိန်တည်းလိုလို တိုက်ခိုက်ကြကာ ပတ်ပတ် လ ည်တွင် အော်ဟစ်သံတွေ ထွက်ပေါ်လာ၏။လူများစွ ာမှာမူ လျူယောင်အတွက် ချွေးတွေထွက်ကာ စိုးရိ မ်နေကြသည်။

သို့​ပေမဲ့ သူတို့က ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင် ကြပေ။

"ဘုန်း ဘုန်း "ဆိုသည့် အသံနှင့်အတူ လူဖြူနှစ်ယော က်မှာ မြေပြင်ပေါ်သို့ ပြန်လဲကျသွား၏။

သူတို့ထဲမှ တစ်ယောက်က အားယူကာ ထထိုင်ပြီး နောက် လျူယောင်ကို ထပ်မံတိုက်ခိုက်ရန် ပြင်ဆင် နေပြန်သည်။

"မလူပ်နဲ့ လူပ်တာနဲ့ပစ်ထည့်လိုက်မယ်.."

ထိုအချိန်၌ ကြီးကျယ်ခမ်းနားသည့် အော်သံတစ်သံ ထွက်ပေါ်လာကာ ရဲအချို့က အလျင်အမြန်ရောက် လာကြ၏။

ရဲအချို့ ချဉ်းကပ်လာသည်အားမြင်တော့ လူဖြူမှာ ရပ်လိုက်ပြီး ဘာမှ မလုပ်ရဲတော့ပေ။

ရဲတွေက လုပ်ထုံးလုပ်နည်းအတိုင်း ကိစ္စများအား စ တင်ကိုင်တွယ်လိုက်သည်။လျူယောင်ကလည်း ပါဝ င်တဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် ရဲတွေ၏ စုံစမ်း စစ်ဆေးမှုနှင့်မေးမြန်းမှုတွေအား ပူးပေါင်းကာဆေ ာင်ရွက်လိုက်သည်။

သိပ်မကြာခင်မှာပင် လျူယောင် ထွက်လာကာ ကား ပေါ်မှခြစ်ရာတွေအတွက်တော့ လျူယောင်က ရက် ရောတဲ့ရွေးချယ်မှုတစ်ခု လုပ်ခဲ့ပြီး ကုမ္ပဏီကလူ တွေအား ကိုင်တွယ်ဖို့ ထားရစ်ခဲ့၏။

ဤကဲ့သို့ သေးငယ်သည့် ကိစ္စတွေအတွက် လျူယေ ာင် စိတ်ပူစရာမလိုပေ။

ဤလူဖြူနှစ်ယောက်အား ရိုက်သည့်ကိစ္စအတွက် တော့ ဒါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုဖြစ်ပြီး လူ များစွာက သက်သေခံကြသောကြောင့် ထိုလူဖြူနှစ် ယောက်မှာ အလကား အရိုက်ခံလိုက်ရ၏။

တွဲဖက်ယာဉ်မောင်းထိုင်ခုံမှာ ထိုင်နေသည့် လီချန်လဲ့ က လက်မထောင်ပြကာ ပြောလိုက်သည်။

"ကို..အဲဒီလိုလူမျိုးကို နာနာရိုက်သင့်တယ် ..ကျွန်မ ရှင့် ကိုယ် ချီးကျူးပါတယ်.."

လျူယောင်က ပြုံးကာ ပြန်ပြောလိုက်၏။

"အင်း ကိုယ်နည်းနည်းတော့ နောင်တရမိတယ်..ကို ယ် ဒီထက်ပိုပြင်းပြင်းထန်ထန် လုပ်ခဲ့သင့်တာ. ဒီလူ တွေ. ဆေးရုံမှာ ဆယ်ရက်ခွဲလောက် လှဲနေရမှာကွ ာ”

နှစ်ယောက်သား ဟွမ်ဟဲ့လမ်းပေါ်က အနောက်တိုင်း စားသောက်ဆိုင်သို့ သွား၍ အနောက်တိုင်းအစားအ စာများအား အတူတူ ပျော်ရွှင်စွာ ကောင်းကောင်းစ ားခဲ့ကြသည်။

.......

နောက်တစ်နေ့မှာတော့..

မနေ့က ကားအတွက် တစ်စုံတစ်ယောက်က ဆေးပြ န်ပြင်ဖို့ မောင်းသွားခဲ့တာကြောင့် ဤကဲ့သို့သေးငယ် သည့် ကိစ္စမျိုးအား လျူယောင် စိတ်ပူဖို့မလိုတော့ ပေ။

ရုံးခန်းထဲမှာ ထိုင်နေတဲ့ လျူယောင်က မနေ့ကဖြစ်ခဲ့ တာကို မေ့နေပုံရပြီး စာရွက်စာတမ်းနဲ့ အစီရင်ခံစာ အချို့အား ကောက်ယူကာ ကြည့်ရှုနေသည်။

"ဒေါက်..ဒေါက်..ဒေါက်"

ခဏအကြာမှာမူ တံခါးခေါက်သံနှင့်အတူ ကျိုးယန် က တံခါးဖွင့်ကာ ဝင်လာပြီး အစီရင်ခံလိုက်၏။

"သူ​ဋေး.စတီဖန်အော်တိုကားရဲ့ ဥက္ကဋ္ဌနဲ့ သူတို့အဖွဲ့ ရောက်လာပါပြီ..သူတို့က သူဋေးကို အထူးလာရော က် တွေ့ဆုံတာပါခဗျ.."

စတီဖန်အော်တိုကားလုပ်ငန်းစုဆိုသည်မှာ ဥရောပ တွင် နာမည်ကြီးတဲ့ ကားကုမ္ပဏီအဖွဲ့ဖြစ်ကာ နှစ်ပေ ါင်း ၁၀၀ ကျော် သက်တမ်းရှိသည့် ကုမ္ပဏီတစ်ခု ဖြစ်၍ ယန်နိုင်ငံမှာလည်း ဖက်စပ်စက်ရုံများစွာရှိ ပေသည်။

ကုမ္ပဏီ၏ဥက္ကဋ္ဌဘရုစ်ဒက်က လျူယောင့်အား အ ကြိမ်ကြိမ် လာရော က်တွေ့ဆုံမယ်လို့ ပြောခဲ့ကာ ဤ အတွက် သူက ကြိုးစားမှုတွေ အများကြီးလုပ်ခဲ့ရပြီ း နောက်ဆုံးမှာတော့ ဒီလိုအခွင့်အရေးမျိုး ရခဲ့၏။

ကျိုးယန်က ဆက်ပြောလိုက်သည်။

"သူဋေး..ဘရုစ်ဒက်က လူအများကြီး ခေါ်လာတာ ..အရမ်းကြီးကျယ်ပြီး အရေးကြီးပုံပဲခဗျ.."

လျူယောင် ထရပ်ကာ ပြန်ပြောလိုက်၏။

"ဒီလူတွေ နည်းနည်း စိတ်ပူနေတာပါကွာ.ငါတို့ ဘ က်ထရီတွေအတွက် အရူးအမူးဖြစ်နေကြတာ ဖြစ် မယ်.."

ကျိုးယန်က ဂုဏ်ယူစွာနဲ့ ပြောလိုက်သည်။

"ဒီနိုင်ငံခြားက ကားထုတ်လုပ်သူတွေက အတူတူပဲ. .သူတို့က ကျွန်တော်တို့ရဲ့ ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီတွေကို တကယ်မှာချင်ကြတာသူဋေး.. နို င်ငံခြားက ကားကုမ္ပဏီအချို့က ကျွန်တော်တို့ရဲ့ ဂ ရက်ဖင်း-အလူမီနီယမ်ဘက်ထရီတွေကို ပါဝါအဖြစ် အသုံးပြုပြီး မော်ဒယ်အသစ် ကားတွေကို အချိန် မ တိုင်ခင် စတင်ထုတ်လုပ်နေပြီလို့ ပြောကြတယ်.."

လျူယောင်က ပြုံးလျက် ပြန်ဖြေလိုက်၏။

"ထမင်းပေါင်းအိုးတည်ပြီး အဆင်သင့် စောင့်နေတာ က စိတ်ဝင်စားစရာ မကောင်းဘူးလား.."

ဤသည်မှာ စတီဖန်လုပ်ငန်းစု လုပ်ခဲ့သည် အရာပ င်။

ကြိုးစားအားထုတ်မှုများစွာ လုပ်ပြီးနောက် နောက် ဆုံးမှာတော့ သူတို့က ဂရက်ဖင်း-အလူမီနီယမ် ဘ က်ထရီ အနည်းငယ်ကို ရခဲ့ကာ ကားအနည်းငယ် အတွက်မူ လုံလောက်ပေသည်။

ဤကားဘက်ထရီတွေကို ရပြီးနောက် သူတို့က ၎င်း ဘက်ထရီတွေရဲ့ အရွယ်အစားနဲ့ အထွက်အားအရ သူတို့ရဲ့ စွမ်းအင်သစ်ယာဉ်တွေကို ပြုပြင်ပြောင်းလဲ ဖို့ စတင်ခဲ့ကြ၏။

ထုတ်လုပ်မည့် ကားမော်ဒယ်အသစ်ကိုလည်း ဤဘ က်ထရီတွေအပေါ် အခြေခံပြီး ဒီဇိုင်းဆွဲထားတာ ဖြ စ်သည်။ဤဖြစ်ရပ်မှာ ထမင်းပေါင်းအိုးအား အရင် တည်ထားပြီး ထမင်းကျက်ဖို့အား စောင့်နေသလိုမျို းပင်။

ဧည့်ခံခန်းထဲမှာမူ ဘရုစ်ဒက်တို့အဖွဲ့ ရောက်ရှိနေပြီး သူတို့အဖွဲ့ဝင်တွေမှာ အားကောင်းတယ်လို့ ပြောနိုင် ကာ စုစုပေါင်း လူ အယောက်၂၀ မှ ၃၀ အထိ ရှိနေ သည်။

"သူဋေး..ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေတယ်.. နောက်ဆုံးတော့ ကျွန်တော်တို့ ယူနီဗာဆဲလ်ကို ရောက်လာခဲ့ပြီဗျာ.."

"မစ္စတာလျူ ကိုယ်တိုင်လာမယ်တဲ့.. သူက ဘက်ထ ရီ ဘယ်နှစ်လုံး ရောင်းပေးမလဲ ကျွန်တော်မသိဘူး"

"သူက ကျွန်တော့်ကို ဘက်ထရီ သန်းအနည်းငယ် လောက် ရောင်းပေးရင် လုံလောက်တယ်လို့ ကျွန် တော်ထင်တယ်..အနည်းဆုံးတော့ ဒီဘက်ထရီတွေ ကို အသုံးပြုပြီး ကားအချို့ကိုထုတ်လုပ်နိုင်တော့ မယ်.. ဒီကားတွေကို ကျွန်တော်တို့ပဲ အရင်ဆုံး ဈေးကွက်ထဲ ထုတ်ရတော့မှာဗျာ.."

စတီဖန်အော်တိုကားလုပ်ငန်းစုရဲ့ အလယ်အလတ်နဲ့ အဆင့်မြင့်အဖွဲ့ဝင်တွေက စိတ်လှုပ်ရှားစွာနဲ့ ပြောနေ ကြကာ သူတို့ရဲ့ နှလုံးသားထဲမှာမူ မျှော်လင့်ချက်မျ ား အပြည့်ရှိနေ၏။

ဥက္ကဠဘရုစ်ဒက်၏ ဘေးနားမှာတော့ အရပ်မြင့်မြင့် လူဖြူလူငယ်တစ်ယောက် ထိုင်နေသည်။

အနီးကပ်ကြည့်လိုက်ရင် သူ့မျက်နှာပေါ်မှာ အညိုအ မဲစွဲရာလေး နည်းနည်းရှိနေပြီး သူ့အား တခြားသူ တ စ်ယောက်က ရိုက်နှက်ထားသလိုပင်။ထိုလူဖြူက ဘရုစ်ဒက်၏ သားဖြစ်ပုံရပြီး ဤတစ်ကြိမ်တွင် ဘရုစ်ဒက်နှင့်အတူ လာခဲ့တာ ဖြစ်လောက်မည်။

"အဟမ်း..အဟမ်း.."

မကြာခင်မှာပဲ ဧည့်ခံခန်းတံခါးအပြင်ဘက်မှာမူ ခြေ သံတွေကြားရတော့ ဘရုစ်ဒက်က လူတိုင်းအား အာ ရုံစိုက်ဖို့ သတိပေးသည့်အနေနှင့် နှစ်ကြိမ်သုံးကြိမ် ချောင်းဟန့်လိုက်၏။

မူလက ဆူညံနေတဲ့ ဧည့်ခံခန်းမှာမူ ရုတ်တရက် တိ တ်ဆိတ်သွားကာ လျူယောင်က လူအုပ်စုတစ်စုအာ း ဦးဆောင်၍ ဧည့်ခံခန်းထဲသို့ ဝင်လာခဲ့သည်။

လျူယောင်ဝင်လာတာကို မြင်တော့ ဘရုစ်ဒက်မှာ အရမ်းပျော်ရွှင်လာကာ သူ နည်းနည်း စိတ်လှုပ်ရှား နေ၏။သူက အလျင်အမြန် ထရပ်ကာ လျူယောင့်န ားသို့ သွားလိုက်သည်။

အဝေးကြီးကနေ ဘရုစ်ဒက်က သူ့လက်ကို ဆန့်ထု တ်ကာ အရမ်းကို နိမ့်ကျတဲ့ပုံစံနှင့် ပြောလိုက်သည်။

"မစ္စတာလျူ..ခင်ဗျားနဲ့ တွေ့ရတာ အရမ်းဝမ်းသာပါ တယ်.. ကျွန်တော် အရမ်းစိတ်လှုပ်ရှားမိပါတယ်ဗျာ”

လျူယောင်က သူ့ခြေလှမ်းတွေအား ရပ်တန့်လိုက် ကာ သူ့လက်အား လုံးဝဆန့်ထုတ်ဖို့ ရည်ရွယ်ချက်မ ရှိပေ။ပြီးတော့ ဘရုစ်ဒက်ကိုပင် မကြည့်ဘဲ ဘရုစ် ဒက်၏နောက်က လူငယ်လေးပေါ်သို့ လျူယောင့် အကြည့်များ ကျရောက်လာသည်။

ဘရုစ်ဒက်၏ သားဖြစ်သည့် လူဖြူလူငယ်မှာမူ လျူယောင်ကို မြင်သောအခါ သရဲတစ်ကောင် မြင်လိုက်သလိုမျိုး ဖြစ်သွားရ၏။

All Chapters