← Chapters

နောက်နှစ်ပေါ့

Vol. 40 Ch. 494

နောက်နှစ်ပေါ့

Vol. 40 Ch. 494

​လျူယောင်က ဧည့်ခံခန်းထဲကို ဆက်မဝင်ဘဲ ရပ်နေ ကာ ဘရုစ်ဒက်နဲ့လည်း လက်ဆွဲနှုတ်ဆက်ဖို့ ရည်ရွ ယ်ချက်မရှိပေ။

လူတိုင်းမှာမူ အံ့အားသင့်သွားကာ လျူယောင် ဘာ ဖြစ်တာလဲဆိုတာကို အားလုံးက သိချင်နေကြ၏

​ဘရုစ်ဒက်၏ သားဖြစ်သူ အရပ်မြင့်မြင့် လူဖြူဖြစ် သော ဂျေဆန်ဒက်ကတော့ နည်းနည်းစိတ်ပျက်သွား သည်။သူသည် လျူယောင်အား မှတ်မိနေသောကြေ ာင့် ချက်ချင်းပင် အေးခဲ တောင့်တင်းသွား၏။

ဘရုစ်ဒက်ကတော့ အခြေအနေကို နားမလည်သေး ဘဲ အလွန်နှိမ့်ချသည့်ပုံစံနှင့် မိတ်ဆက်လိုက်သည်။

"မစ္စတာလျူ..ကျွန်တော်က စတီဖန်အော်တိုကား ကု မ္ပဏီက ဘရုစ်ဒက်ပါ. ခင်ဗျားနဲ့ တွေ့ဆုံဖို့ လူတိုင်း ကို ကျွန်တော် ဦးဆောင်လာတာပါ.."

​လျူယောင်က ခေါင်းညိတ်ပြပြီး အသံကျယ်ကျယ် နဲ့ ပြောလိုက်၏။

"ဘရုစ်ဒက်လား..ကျွန်တော်တို့ကြားမှာ ပူးပေါင်း ဆောင်ရွက်ဖို့ အခုလောလောဆယ် ဖြစ်နိုင်ချေမရှိ ဘူးလို့ ကျွန်တော်ထင်တယ်.. နောက်တစ်နှစ်လော က်မှ စကားပြောကြတာပေါ့.."

​"ဘာ.."

"နောက်တစ်နှစ်လား.."

မစ္စတာလျူဆိုသူက ​တွေ့တွေ့ချင်းမှာပင် အခုလော လောဆယ် ပူးပေါင်းဖို့ မဖြစ်နိုင်ဘူးလို့ တိုက်ရိုက် ပြောလိုက်ရုံတင်မကဘဲ နောက်ထပ်တစ်နှစ်စောင့်ဖို့ ပြောလိုက်သောကြောင့် ဘရုစ်ဒက် တစ်ယောက် တကယ်ကို စိတ်ပူပန်သွား၏။

သူတို့သည် ယူနီဗာဆဲလ်၏ ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီတွေအား အရေးတကြီး လိုအပ်နေပေသ ည်။ယူရိုသန်းရာနှင့်ချီတန်ဖိုးရှိတဲ့ ဘက်ထရီတွေကို တစ်ပြိုင်နက်တည်း မဝယ်နိုင်ဘဲ သန်းအနည်းငယ် ဖိုးပဲ အရင်ဝယ်ရမှာဖြစ်သော်လည်း နောက်ထပ်တစ် နှစ် စောင့်ဖို့ဆိုတာကတော့ သူတို့ မတတ်နိုင်ကြပေ။

​ဘရုစ်ဒက်တစ်ယောက်တည်းတင် မဟုတ်ပေ။ဘာ ဖြစ်နေမှန်း မသိကြတဲ့ စတီဖန်မော်တာကား အဖွဲ့မှ လူအားလုံးမှာလည်း ထုံပေပေ ဖြစ်ကုန်ကြ၏။ခဏ လောက် ငိုင်နေပြီးမှ ဘရုစ်ဒက်က သတ္တိကိုစုစည်းပြီ း မေးလိုက်သည်။

"မစ္စတာလျူ.. ခင်ဗျားပြောတာကို ကျွန်တော် နားမ လည်ဘူး.. ဘာလို့ ကျွန်တော်တို့နဲ့ အခုလောလောဆ ယ် မပူးပေါင်းတာလဲ.."

​လျူယောင်ပြုံးလိုက်ကာဘရုစ်ဒက်၏ နောက်မှ လူ ဖြူလေးဂျေဆန်ဆီသို့ ကြည့်လျက် ပြောလိုက်၏။

"ဘရုစ်ဒက် ခင်ဗျားက သားကောင်းတစ်ယောက်ကို မွေးထားတာပဲ..ခင်ဗျား အရမ်းအထင်ကြီးစရာကေ ာင်းလိုက်တာ.."

​လျူယောင် ဒီလိုပြောလိုက်တော့ လူတိုင်း၏ အကြ ည့်တွေက ဂျေဆန်ဒက်ဆီ ကျရောက်လာသည်။ ဤအချိန်တွင် ဂျေဆန်၏ မျက်နှာက ပူလောင်နေ ကာ မြေကြီးထဲမှာ အပေါက်ရှာပြီး တူးဝင်ချင်နေ၏ ။

ဘရုစ်က တွေဝေစွာ ပြန်မေးလိုက်သည်။

​"မစ္စတာလျူ..ကျွန်တော့်သားက ခင်ဗျားကို စိတ်မ ပျော်မရွှင်ဖြစ်စေတဲ့ တစ်ခုခု လုပ်ခဲ့မိတာလား.."

​လျူယောင်က ဖုန်းကို ထုတ်၍ သတင်းတစ်ပုဒ်အား နှိပ်လိုက်ကာ ပြလိုက်၏။

"ကြည့်လိုက်..ခင်ဗျားရဲ့သားက တကယ်ကို အံ့ဩစ ရာပဲ.."

​ဤသတင်းထဲ၌ စကားလုံး ရာနှင့်ချီသည့် အသေးစိ တ်စာသားတွေ ပါဝင်နေသည်။ဘရုစ်ဒက်မှာမူ ထိုစာ တွေကို နားမလည်ပေမဲ့ အပေါ်မှ ဓာတ်ပုံတွေနဲ့ ဗီဒီ ယိုအပြည့်အစုံကိုတော့ သူ ကောင်းကောင်းကြီး နား လည်နေ၏။

​"ဘာ.."

"ဒါက ငါ့သားလား..မီးနီဖြတ်ပြီး လူကိုပါ ရိုက်တာ လား..ဒီလောက်တောင် မောက်မာရလားကွာ.."

"ဖြောင်း.."

​ဘရုစ်ဒက်မှာမူ ချက်ချင်း​ဆိုသလိုပင် မျက်နှာပျက် သွားပြီး လက်ကိုမြှောက်ကာ ဂျေဆန်ဒက်၏ မျက် နှာအား ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ပြီးနေ ာက် လူအများကြီးရှေ့မှာပင် သူ့သားရဲ့ နှာခေါင်း အား လက်ညှိုးထိုးကာ ဒေါသတကြီး ကြိမ်းမောင်း လိုက်၏။

ဘရုစ်ဒက်မှာ တကယ်ကို ဒေါသထွက်နေပေသည်။

သူ့သားအား ဆူပူကြိမ်းမောင်းပြီးနောက် ဘရုစ်ဒက် က တောင်းပန်သည့် လေသံဖြင့် ပြောလိုက်၏။

"မစ္စတာလျူ..ကျွန်တော် တောင်းပန်ပါတယ်.. ဒီလို ကိစ္စမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့ဘူး.."

ဤကဲ့သို့ ပြောပြီး သားဖြစ်သူကိုပါ တောင်းပန်ခိုင်း လိုက်သည်။

​ဂျေဆန်ဒက်မှာမူ မျက်နှာအား လက်ဖြင့်အုပ်ထားက ာ အသံတိုးတိုးနဲ့ ပြောလိုက်၏။

"မစ္စတာလျူ..ကျွန်တော် တောင်းပန်ပါတယ်.. မနေ့ က ကျွန်တော် မှားခဲ့ပါတယ်"

​လျူယောင်က သရော်ကာ ပြန်ပြောလိုက်သည်။

"ဟား..မနေ့ကတော့ မင်းက အရမ်းကြီးကျယ်ခမ်း နားနေတာပဲ..လူရိုက်ပြီး ဘာလို့ ထောင်မကျပဲ ဒီနေ ရာကို ဘာလို့ ပေါ်လာတာလဲဆိုတာ ငါတောင် အံ့သြ မိတယ်.."

​"ဒီ... ဒီ... ဒီ..."

ဂျေဆန်ဒက်တစ်ယောက် ထုံပေပေ ဖြစ်သွား၏။သူ ထောင်မကျခဲ့တာက သေချာပေသည်။သူသည် နိုင် ငံခြားစီးပွားရေးသမား ဖြစ်နေတာရယ် သူ့ရဲ့ အဆ က်အသွယ်အချို့ကို အသုံးပြုခဲ့တာရယ်ကြောင့်ပင်။

​ဘရုစ်ဒက်က အလျင်အမြန်ပဲ ဝင်ပြောလိုက်၏။

"မစ္စတာလျူ..ကျွန်တော် တောင်းပန်ပါတယ်.. ကျွန် တော် ဒီကောင့်ကို ဥပဒေအရ ပြင်းပြင်းထန်ထန် အ ပြစ်ပေးဖို့ ရဲကို တောင်းဆိုပါ့မယ်.."

ဆက်ပြောဖို့ နည်းလမ်းမရှိတော့မှန်း သိသည့် အတွ က် ဘရုစ်ဒက်သည် အရင်ဆုံးဤကိစ္စအား ကောင်း ကောင်းကိုင်တွယ်ကာ လျူယောင် ကျေနပ်သွားမှပဲ ပြန်လာဖို့ သူ ဆုံးဖြတ်လိုက်ရသည်။

"ဟား..ဟား..ကောင်းရော.."

ဘရုစ်ဒက်တို့အဖွဲ့ ထွက်သွားသည့်အခါ ကျိုးယန်နဲ့ တခြားသူတွေမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ဂရက် ဖင်း-အလူမီနီယမ် ဘက်ထရီ မရှိလျှင် တစ်နှစ်ကျေ ာ်သာ စောင့်ရမည်ဆိုလျှင် ဤကားအဖွဲ့အတွက်၌ အတော်ပင် ဒုက္ခရောက်နိုင်ပေသည်။

........

​အရှေ့အလယ်ပိုင်း...

စစ်ဘက်အခြေစိုက်စခန်းတစ်ခုမှာမူ ကျိန့်ကန်းသည် သူ့ရုံးခန်းထဲမှာ စီးကရက်သောက်နေ၏။သူ အခု စိ တ်ကောင်းဝင်နေပုံရသည်။မနေ့ကပဲ ဝံပုလွေ ကြေး စားအဖွဲ့က ရုဒ့်လက်နက်ကိုင်တပ်ဖွဲ့၏ နံပါတ် (၂) ခေါင်းဆောင်ကို သတ်လိုက်ပြီဆိုသည့် သတင်းအ ား ပို့ခဲ့ပေသည်။

​တစ်နှစ်မပြည့်သေးသည့်ကာလအတွင်းမှာပင် ဝံပု လွေကြေးစားအဖွဲ့ထူထောင်ပြီးကတည်းက ရုဒ့် လ က်နက်ကိုင်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေဟာ တစ်ဦးပြီ းတစ်ဦး အသတ်ခံခဲ့ရ၏။နံပါတ်(၁) ခေါင်းဆောင် မှ လွဲလျှင် ကျန်သည့်ခေါင်းဆောင်အားလုံးကို ဝံပု လွေအဖွဲ့က အရှင်ဖမ်းခြင်း သို့မဟုတ် တစ်ခါတည်း သတ်ဖြတ်နိုင်ခဲ့သည်။

ဆုလာဘ်တွေကလည်း အလွန်များပြားလှ၏။

ခေါင်းဆောင်တစ်ယောက်ကို သတ်တာ သို့မဟုတ် အရှင်ဖမ်းနိုင်လျှင် ဆုလာဘ်က အနည်းဆုံး ဒေါ်လာ သန်းပေါင်းများစွာ ရရှိပေသည်။ဥပမာ - အခု ရုဒ့်လ က်နက်ကိုင် ဒုတိယခေါင်းဆောင်အား သတ်ဖြတ်သ ည့် ဆုလာဘ်က အမေရိကန်ဒေါ်လာ သန်း ၃၀၀ အ ထိ ရ၏။

​ကျိန့်ကန်းက ဖုန်းကိုယူ၍ လျူယောင်အား ခေါ်ဆိုလို က်သည်။ဤသည်မှာ လျှို့ဝှက်ဖုန်းဖြစ်သောကြော င့် စောင့်ကြည့်ဖို့ ခက်ခဲလှ၏။သူ လျူယောင်နဲ့ ဖုန်း ပြောတာကို အခြားလူ တွေ့သွားရင်လည်း ကိစ္စမရှိ ပေ။

ကမ္ဘာ့အဓိကနိုင်ငံအချို့မှာ ဝံပုလွေကြေးစားအဖွဲ့၏ တည်ရှိမှုအား သတိထားမိနေပြီး ၎င်းက လျူယော င် ထိန်းချုပ်ထားသည့် လက်နက်ကိုင်အဖွဲ့ဆိုတာ သိသော်လည်း ဘယ်သူမှ ဘာမှမလုပ်ရဲကြပေ။

Mနိုင်ငံတောင်မှ ဘာမှမလုပ်ရဲပေ။

​"သူဋေး..သူဋေးအတွက် သတင်းကောင်းရှိတယ်. ရု ဒ်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်ကို ကျွန်တော်တို့ သတ်လိုက်ပါပြီ.."

​လျူယောင်ရဲ့ ပျော်ရွှင်တဲ့အသံက ဖုန်းထဲကနေ ထွ က်ပေါ်လာ၏။

"အိုး..ဒါက တကယ်ကို သတင်းကောင်းပဲ.. ဆုကြေး က အတော်လေးများမှာပဲ.."

ကျိန့်ကန်းက ပြန်ပြောလိုက်သည်။

​"သူဋေး..ဆုကြေးက ဒေါ်လာ သန်း ၃၀၀ အထိရပါ တယ်..ပိုက်ဆံရရင် ကျွန်တော် သူဋေးရဲ့ သီးသန့် အ ကောင့်ထဲ လွှဲပေးပါ့မယ်ခဗျ.."

လျူယောင်က ခေါင်းခါကာ ငြင်းဆန်လိုက်၏။

"မလိုပါဘူး..ဒီပိုက်ဆံကို ဝံပုလွေအဖွဲ့ရဲ့ လုပ်ငန်းရန် ပုံငွေအဖြစ်ပဲ သုံးလိုက်ပါ..မင်းလွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်တယ်..ဘယ်လိုသုံးရမလဲဆိုတာ ငါ့ကို မမေးနဲ့တော့.."

ကျိန့်ကန်းက အရမ်းပျော်သွားကာ ပြောလိုက်သည် ။

"ကျေးဇူးတင်ပါတယ် သူဋေး.. ဒါဆိုရင် ဒေါ်လာသ န်း ၁၀၀ ကို ဆုလာဘ်အဖြစ် ဝံပုလွေအဖွဲ့ ဝင်တွေကို ခွဲဝေပေးလိုက်ပါ့မယ်ခဗျ"

​"ကောင်းပြီ..အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဆုကြေ းတင် မဟုတ်ဘူး..ငါ့ကိုယ်စား ယီမင် ရဲ့ မင်းသား ကို သွားပြောပေး..သူ အစကတိပေးထားတဲ့အတိုင်း ရေနံတွင်းကြီးတစ်တွင်း ပေးရမယ်ဆိုတာ.."

​ "ဟုတ်ကဲ့ ပြဿနာမရှိပါဘူး သူဋေး..ဒီလူတွေ သူ ဋေး ကို ရေနံတွင်း ပေးသင့်တာ ကြာပါပြီ. သူတို့ရဲ့ အကြီးဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရုဒ်လက်နက် ကိုင်အဖွဲ့ရဲ့ အင်အားက အခုဆို လွန်ခဲ့တဲ့ တစ်နှစ်က နဲ့ နှိုင်းယှဉ်လို့ မရတော့ဘူး..ကျွန်တော်တို့ ဝံပုလွေ ကြေးစားအဖွဲ့သာမရှိရင် သူတို့စစ်တပ်က မြို့တွေ ကို ပြန်သိမ်းနိုင်မှာ မဟုတ်သလို ရေနံတွင်းတွေကို လည်း ပြန်ရမှာ မဟုတ်ပါဘူး..သူဋေး."

နှစ်ယောက်သား ဤကဲ့သို့ အချိန်အကြာကြီး ပြော ပြီးနောက် ဖုန်းချလိုက်သည်။

........

​ယူနီဗာဆဲလ်တာဝါ၏ ရုံးခန်းထဲမှာမူ လျူယောင်က ကွန်ပျူတာပေါ်မှ ဂြိုလ်တုမြေပုံကို ဖွင့်ပြီး ယီမင်မြို့ မှ ရေနံတွင်းအချို့ကို ကြည့်နေ၏။နံပါတ် (၁) ရေနံ တွင်းထက် သူက နံပါတ် (၂) ရေနံတွင်းကို ရလျှင် အကောင်းဆုံးလို့ ယူ ယူဆထားသည်။

"ဒါပဲ..ဒီရေနံတွင်းက တည်နေရာကောင်းတယ်.. ပင် လယ်နဲ့လည်း နီးတယ်..ရေနံပိုက်လိုင်းတွေက အဆ င်သင့်ရှိနေပြီး ရေနံဆိပ်ကမ်းဆီ တိုက်ရိုက် ဦးတည် နေတယ်..ရေနံသိုက်ပမာဏက ကမ္ဘာ့ထိပ်ဆုံး ၁၀ နေရာထဲ မပါပေမဲ့ ထိပ်ဆုံး ၂၀ ထဲမှာ ရှိနေပြီး တန် ချိန် ၁.၁ ဘီလျံအထိ မြင့်မားတယ်..တန်ချိန် ၁.၁ ဘီ လျံရှိတဲ့ ရေနံတွင်းကြီးကိုသာ ငါရရင် အရမ်းကော င်းမှာပဲကွာ."

​လျူယောင်က အခြေအနေအား အသေးစိတ် ကြည့် ပြီးနောက် ကျိန့်ကန်းဆီသို့ မက်ဆေ့ချ်ပို့လိုက်၏။

"ယီမင်ရဲ့ နံပါတ် (၂) ရေနံတွင်းဖြစ်တဲ့ Ruskin ရေနံ တွင်းက ကောင်းတယ်..ဒီရေနံတွင်းကို ရအောင် မင်း ကြိုးစားပါ.."

ကျိန့်ကန်းက ချက်ချင်းဆိုသလိုပဲ စာပြန်ခဲ့သည်။

"နားလည်ပါပြီသူဋေး.. ဒီရေနံတွင်းကို သေချာပေါ က် ကျွန်တော် ရအောင်ယူပါ့မယ်.."

​ကျိန့်ကန်း၏ အဖြေကို ကြည့်ပြီး လျူယောင်က ပြုံး ၍ ညည်းညူလိုက်၏။

"ဒီလူဘာလို့ အရမ်းပျော်ပြီး စိတ်ကောင်းဝင်နေရတ ာလဲဟ.."

All Chapters