← Chapters

တစ်ယောက်ယောက်က သူဋေးကို သတ်ချင်နေတာလား

Vol. 40 Ch. 495

တစ်ယောက်ယောက်က သူဋေးကို သတ်ချင်နေတာလား

Vol. 40 Ch. 495

Ruskin ရေနံတွင်း....

Ruskin ရေနံတွင်းဆိုသည်မှာ ယီမင်နိုင်ငံ၏ ဒုတိယ အကြီးဆုံး ရေနံတွင်းပင်ဖြစ်၏။

အရင်တုန်းက ရုဒ်လက်နက်ကိုင်အဖွဲ့မှ ထိန်းချုပ်ထ ားသည်ကို ဝံပုလွေကြေးစားအဖွဲ့က လွန်ခဲ့သည့် နှ စ်လက ပြန်လည်သိမ်းယူခဲ့ကာ အခုတော့ ယူနီဗာဆဲ လ်က ပိုင်ဆိုင်ခဲ့ပေသည်။ကျိန့်ကန်းက သူပြောသည့် အတိုင်းပင် ဤရေနံတွင်းအား အမှန်တကယ် ရယူခဲ့ ပြီး အမြတ်ထုတ်ပိုင်ခွင့်နှင့် ထိန်းချုပ်ခွင့်အား ရရှိခဲ့ သည်။

ထိုအပြင် ရေနံတွင်း၏ လုံခြုံရေးအတွက် ယီမင် အ စိုးရတပ်၏ လူ ၂၀၀ ကျော်ကိုပါ တပ်စွဲခွင့်ရခဲ့၏။

ထိုစဥ်မှာပင် ရဟတ်ယာဉ်တစ်စီးမှာ အဝေးကနေ ပျံ သန်းလာပြီး ဆင်းသက်လာသည့်အခါ ကျိန့်ကန်းက လူအချို့နှင့်အတူ ရဟတ်ယာဉ်ပေါ်မှ ဆင်းလာခဲ့သ ည်။သူက ဤရေနံတွင်း၏ အခြေအနေအား စစ်ဆေ းဖို့ အထူးလာခဲ့တာဖြစ်ပြီး အလုပ်တွေ မြန်မြန်စတ င်နိုင်ဖို့နှင့် ရေနံထုတ်ယူမှုတွေအား တတ်နိုင်သမျှ မြ န်မြန်လုပ်ဆောင်နိုင်ဖို့ ကြီးကြပ်ဖို့ပင် ဖြစ်၏။

ရေနံတွင်း၌ရှိသော အဆောက်အအုံများမှာ အခြေခံ အားဖြင့် ပြည့်စုံနေကာ ပျက်စီးမှု နည်းပါပေသည်။

ရေနံလုပ်သားတွေကလည်း မပြောင်းလဲပေ။စီမံခန့် ခွဲသူတွေ ပဲ ပြောင်းလဲထားကာ ရေနံတွင်းရဲ့ထိပ်တ န်းစီမံခန့်ခွဲရေးဝန်ထမ်းတွေအား ယန်နိုင်ငံမှ စေလွှ တ်မှာဖြစ်ပြီး နှစ်ရက်၊ သုံးရက်အတွင်း ရောက်လာ မယ်လို့ ခန့်မှန်းထားခြင်းပင်။

ရဟတ်ယာဉ်ပေါ်မှ ကျိန့်ကန်းဆင်းလာသည်နှင့် စစ် သားအချို့နဲ့အတူ အရာရှိတစ်ဦး ရောက်လာခဲ့၏။ ထိုလူမှာ ရေနံတွင်းလုံခြုံရေးတာဝန်ခံ အမြင့်ဆုံး တ ပ်မှူးပင် ဖြစ်သည်။သူ့အောက်မှာ စစ်သား ၂၀၀ ကျော်အပြင် သံချပ်ကာယာဉ်တွေ၊ တင့်ကားတွေနှင့် ရဟတ်ယာဉ်တစ်စီးလည်း ရှိ၏။

ထိုအရာရှိက အလေးပြုကာ အသံကျယ်ကျယ်နှင့် နူတ်ဆက်လိုက်၏။

“မင်္ဂလာပါ ခေါင်းဆောင်ညွှန်ကြားချက် ပေးပါခဗျ” သူသည် ဝံပုလွေကြေးစားအဖွဲ့အား အလွန်လေးစား ပေသည်။လက်အောက်ငယ်သားတစ်ယောက်က သူ့ အထက်အရာရှိအား ဆက်ဆံသလိုမျိုးပင်။

ကျိန့်ကန်းက ကျေနပ်စွာ ခေါင်းညိတ်ပြပြီး ပြန်ပြော လိုက်သည်။

“ကျွန်တော်က ရေနံတွင်းရဲ့ အခြေအနေကို လာကြ ည့်တာပါ..ကျွန်တော့်ကို လမ်းပြပြီး. ဒီရေနံတွင်းရဲ့ လက်ရှိအခြေအနေကို မိတ်ဆက်ပေးပါအုံး..”

"ဟု​တ်ကဲ့.."

ယီမင် အရာရှိက အသံကျယ်ကျယ်နဲ့ ပြန်ဖြေပြီး ကျိ န့်ကန်းတို့လူစုအား ရေနံတွင်းကို လှည့်ပတ်ကြည့်ရှုဖို့ လိုက်ပို့ပေးခဲ့သည်။

Ruskinရေနံတွင်းအား ယူနီဗာဆဲလ်မှ ပိုင်ဆိုင်သော ကြောင့် အရှေ့အလယ်ပိုင်းတွင်မူ ဆူပူမှု အနည်းင ယ်ဖြစ်နေပြီး အဓိကအင်အားစုအချို့မှာလည်း ဤ အခြေအနေအား သတိထားမိခဲ့ကြ၏။

ဤကဲ့သို့ ကြီးမားသည့်ရေနံတွင်းကို ယူနီဗာဆဲလ်မှ ပိုင်ဆိုင်တာကို မနာလိုဖြစ်နေပြီး သူတို့ကလည်း ဝေ စုလိုချင်ခဲ့ကြသည်။

သို့ပေမဲ့ ဤရေနံတွင်းမှာ ဝံပုလွေကြေးစားအဖွဲ့နှင့် ဆက်စပ်နေတယ်ဆိုတာ သိပြီးသောအခါ အားလုံး က သူတို့၏ အတွေးအား လက်လျှော့လိုက်ကြ၏။

ဝံပုလွေကြေးစားအဖွဲ့အား သူတို့ ရန်မစရဲကြပေ။

မကြာသေးခင်ကပဲ ရုဒ်လက်နက်ကိုင်အဖွဲ့ရဲ့ အခြေ စိုက်စခန်းတစ်ခုအား ဝံပုလွေကြေးစားအဖွဲ့က လူ ခြောက်ယောက်နဲ့ သိမ်းယူခဲ့ပြီး လူတစ်ရာကျော်ကို သတ်ပစ်ကာ ရုဒ်လက်နက်ကိုင်အဖွဲ့၏ ဒုတိယခေါင် းလည်း အသတ်ခံခဲ့ရသည်။

ဝံပုလွေကြေးစားအဖွဲ့က ဤမျှ​လောက်အင်အားကြီ းသည်ကို သိထားသည့်အတွက် Ruskin ရေနံတွင်း ကို မနာလိုရုံကလွဲ၍ တခြားအစီအစဉ်တွေ လုပ်ဖို့ ဘယ်သူမှ မစွန့်စားရဲခဲ့ပေ။

ထိုရေနံတွင်း၏ အမြတ်ထုတ်ခွင့်နဲ့ ထိန်းချုပ်ခွင့်တွေ မှာ ယူနီဗာဆဲလ်ဆီသို့ ရောက်ပြီးနောက် မကြာခင်မှ ာပဲ လုပ်ငန်းတွေကို ပြန်လည်ပြင်ဆင်ပြီး ရေနံထု တ်လုပ်မှုတိုးချဲ့သွားမှာဖြစ်သည်။နေ့စဉ်ရေနံထုတ်လုပ်မှု နှစ်ဆဖြစ်ဖို့ကိုလည်း လျူယောင် မျှော်လင့် ထား၏။

ထိုစဥ်မှာပင် အခြေအနေတစ်ခုအား ကျိန့်ကန်း သ တိထားမိကာနည်းနည်းလန့်သွားရ၏။

ပိုမိုတိကျအောင်ပြောရလျှင် ဝံပုလွေကြေးစားအဖွဲ့ ၏ ထောက်လှမ်းရေးဌာနက ဤအခြေအနေအား သတိထားမိခဲ့ခြင်းပင်။နိုင်ငံတကာ ကြေးစား ဝဘ် ဆိုက်တွင် ယူနီဗာဆဲလ်၏ သူ​ဋေးဖြစ်သူ လျူယော င်အား လုပ်ကြံဖို့အတွက် ဒေါ်လာ သန်း ၂၀ ဆုကြေး ထုတ်ထားတာကို တွေ့ ခဲ့သောကြောင့် ဒီသတင်းကို သိသိချင်းပဲ ဝံပုလွေကြေးစားအဖွဲ့၏ ထောက်လှမ်း ရေးအကြီးအကဲမှာ ကျိန့်ကန်းအား ချက်ချင်းပင် အစီရင်ခံခဲ့သည်။

ရုံးခန်းထဲမှာမူ ကျိန့်ကန်းက ကွန်ပျူတာပေါ်မှ ဆု ကြေးကမ်းလှမ်းမှုကို ထပ်ကြည့်နေပြီး အချိန်အ တော်ကြာအောင် တိတ်ဆိတ်နေကာ သူ့ဘေးရှိ ဆိုဖာပေါ်မှာတော့ ဟီချန်း ထိုင်နေ၏။

အချိန်အတော်ကြာပြီးနောက် ကျိန့်ကန်းက မေးလို က်သည်။

“ဟဲအို.. ဒီကိစ္စကို မင်း ဘယ်လိုထင်လဲ..”

ဟီချန်းက ခဏစဉ်းစားပြီး ပြန်ဖြေလိုက်၏။

“ဒီလိုကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့ ငါတစ်ခါမှ မထင် ခဲ့ဖူးဘူး.. ငါတို့ သူဋေးကို တတ်နိုင်သမျှ မြန်မြန်ပြေ ာပြရမယ်..”

ကျိန့်ကန်းလည်း သဘောတူကာ ပြောလိုက်သည်။

“ဟုတ်တယ်..ငါလည်း ဒီလိုပဲထင်တယ်.. အနည်းဆုံး တော့ သူဋေးကို အသိ ပေးရမယ်..”

လျူယောင်ကို ဖုန်းခေါ်ဖို့ ကျိန့်ကန်း ပြင်နေတုန်းမှာ ပင် တံခါးခေါက်သံကြားရပြီး ဝံပုလွေကြေးစားအ ဖွဲ့၏ ထောက်လှမ်းရေးအကြီးအကဲ ဝင်လာကာ သတင်းပို့လိုက်၏။

“ခေါင်းဆောင်..အခုလေးတင် တစ်စုံတစ်ယောက်က ဒေါ်လာ သန်း ၂၀ ဆုကြေးကို လက်ခံသွားပါပြီ ခဗျ ”

“ဘာ..”

"တစ်စုံတစ်ယောက်က လက်ခံသွားတာလား..ဘယ် သူက ဒီလုပ်ကြံမှုမျိုးကို ယူဖို့ ဒီလောက်သတ္တိရှိတာ လဲ..လုပ်ကြံခံရမယ့်လူက ယူနီဗာဆဲလ်ရဲ့ သူဋေး ဖြ စ်ပြီး ဝံပုလွေကြေးစားအဖွဲ့ရဲ့ သူဋေးဖြစ်တာကို လ ည်း..မသိဘူးလား..ဒါမှမဟုတ်သိသိရက်နဲ့လား.."

ကျိန့်ကန်းက ဒေါသထွက်စွာ ရေရွတ်လိုက်သည်။

ဟီချန်းက ခဏစဥ်းစားကာ ပြောလိုက်၏။

“သူဋေးလျူက ဝံပုလွေကြေးစားအဖွဲ့ရဲ့ သူဋေးဆို တာကို သိတဲ့လူသိပ်မများဘူးလို့ ငါ ထင်တယ်.. ဒီ ဆုကြေးကို လက်ခံတဲ့သူတွေက ဒီဆက်ဆံရေးကို သိမှာ မဟုတ်လောက်ဘူး.."

ကျိန့်ကန်းလည်း ခေါင်းညိတ်​ပြပြီး ညွှန့်ကြားလိုက် ၏။

“ဒီအမေရိကန်ဒေါ်လာ သန်း ၂၀ ဆုကြေးကို ဘယ် သူက ထုတ်ပြန်ခဲ့လဲ.. ပြီးတော့ ဘယ်သူက လက်ခံခဲ့ လဲဆိုတာကို မင်းရဲ့အဖွဲ့က အစွမ်းကုန် ကြိုးစားရှာ ဖွေရမယ်..”

ထောက်လှမ်းရေးအကြီးအကဲက အသံကျယ်ကျယ် နှင့် ရိုသေစွာ ပြန်ဖြေလိုက်၏။

“ဟုတ်ကဲ့..ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ် ..”

“ဟဲအို..အခုအခြေအနေမှာ ဝံပုလွေအဖွဲ့ဝင်အချို့ကို ယန်နိုင်ငံကို ပြန်ခေါ်ရမယ်...သူဋေးရဲ့ လုံခြုံရေးက အဓိကပဲ..”

“ကောင်းပြီ..ပြဿနာမရှိဘူး..ဒီကိစ္စတွေကို ငါ ကိုင် တွယ်လိုက်မယ်..မင်း စိတ်မပူနဲ့..”

........

ကြီးမားသော ဗီလာအိမ်ကြီးထဲ၌..

အချိန်ကွာခြားမှုကြောင့် အရှေ့အလယ်ပိုင်းတွင် နေ့ ခင်းဖြစ်နေသေးပေမဲ့ ဟွာဟိုင်းမြို့မှာတော့ ညဉ့်နက် နေပေသည်။လျူယောင်ကလည်း ရေချိုးပြီးနောက် ဖုန်းကြည့်ရင်း အိပ်ယာပေါ်မှာ အနားယူကာ လဲလျေ ာင်းနေ၏။

"တီ..တီ..တီ.."

ထိုအချိန်မှာပင် ရုတ်တရက် ဖုန်းမြည်လာကာ ကျိန့် ကန်းခေါ်တာကို မြင်တော့ အရေးကြီးတဲ့ကိစ္စ တစ်ခု ခုရှိမှာမို့လို့ ခေါ်တာပဲဆိုတာ လျူယောင်သိလိုက်သ ည်။

“လဲ့လဲ့..မင်း အရင်အိပ်နှင့်..ကိုယ်ဖုန်းခဏ ပြောလို က်ဦးမယ်..”

လျူယောင် အရေးကြီးတဲ့ကိစ္စတစ်ခုခုရှိမှန်းသိတော့ လီချန်လဲ့လည်း ခေါင်းညိတ်ပြကာ ​​ပြန်ပြောလိုက် ၏။

“အင်း..ကို ဖုန်းသွားဖြေပါ..ကျွန်မ အိပ်ယာပေါ်မှာပဲ စောင့်နေမယ်..”

လျူယောင်က ဖုန်းကိုယူ၍ အိပ်ခန်းကနေ ထွက်လာ ကာ စာကြည့်ခန်းထဲ ဝင်လာပြီး တံခါး ပြန် ပိတ်လို က်သည်။

“ဘာကိစ္စလဲ..အခုပြောလို့ရပြီ..”

ကျိန့်ကန်းက အလျင်အမြန်ပဲ အကြောင်းစုံအား ပြေ ာပြလိုက်၏။နားထောင်ပြီးနောက် လျူယောင်ရဲ့ မျက်နှာက အနည်းငယ်ပြောင်းလဲသွားပေမဲ့ ကြော က်လို့တော့မဟုတ်ပေ။သူ အံ့ဩနေမိသည်။

“ဒါ ဘယ်ကကောင်လဲ..ငါ့ကို ဒေါ်လာ သန်း ၂၀ ပေး ပြီး လုပ်ကြံချင်နေတာ..”

“ဘယ်လောက်မိုက်ရိုင်းနေတာလဲ..တကယ် ငါ့အသ က်ကို လိုချင်နေတာပဲ..”

“ဘယ်သူက ဒီဆုကြေးကို ထုတ်ပြန်ခဲ့လဲ.. ဘယ်သူ က လက်ခံခဲ့လဲဆိုတာကို ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားရှာဖွေနေပါပြီ သူဋေး.."

လျူယောင်ရဲ့ခေါင်းထဲမှာ ဒီဆုကြေးကို ဘယ်သူက ထုတ်ပြန်ခဲ့လဲဆိုတာ မြန်မြန်ဆန်ဆန် စဉ်းစားလိုက် ၏။လျူယောင် စိတ်ထဲကနေ တွေးနေမိသည်။

"ယူနီဗာဆဲလ်က တခြားလူတွေရဲ့ မနာလိုမှုကို ခံနေ ရတာလား..အထူးသဖြင့် ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီကြောင့်လား..အကြီးစားကုမ္ပဏီကြီးတွေ ဒါမှမဟုတ် အင်အားကြီးအဖွဲ့အစည်းတွေက ငါ့ကို ဒုက္ခပေးချင်တာ များလား.."

အကယ်၍ ထိုအင်အားစုတွေဆိုလျှင် ဘယ်သူတွေ က နောက်ကွယ်မှာရှိလဲဆိုတာ လျူယောင် တကယ် ကို ခန့်မှန်းလို့မရပေ။

ပြီးတော့ ဗောဒ့်လုပ်ငန်းစုက နစ်စတန်ဖြစ်နိုင်မလား ဆိုတာ လျူယောင် ထပ်စဉ်းစားလိုက်၏။သို့ပေမဲ့ ဒီဖြစ်နိုင်ချေက သိပ်မရှိပေ။

"ဒီ ဗောဒ့်ရဲ့သင်္ဘောတွေ ဆက်တိုက်နစ်မြုပ်တာက ငါလုပ်တာလို့ သူသိမှာမဟုတ်ဘူး.."

"ဒီလူ့အပြင် ငါ တခြားဘယ်သူ့ကိုမှ ရန်မစခဲ့ဘူး.. ငါ အမြဲတမ်း ငါ့ရဲ့နေထိုင်မှုပုံစံကို နိမ့်ချထားတာပဲ.."

ခဏစဉ်းစားပြီးနောက် လျူယောင်က ဖြည်းဖြည်း ချင်းပြောလိုက်သည်။

“ငါ ဘယ်သူ့ကိုမှ ရန်မစခဲ့ဘူး.. ငါ့နဲ့ ရန်ငြိုးနက်နက် ရှိုင်းရှိုင်းရှိတဲ့လူလည်း မရှိဘူး.. တစ်ယောက်ကိုပြေ ာရမယ်ဆိုရင်တော့ ဗောဒ့်ရဲ့ ဥက္ကဋ္ဌဟောင်း နစ်စတ န်ပဲရှိတယ်..”

“ဒီလူ့အပြင် တခြားဘယ်သူ့ကိုမှ ငါ တွေးလို့မရဘူး ..ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ..မင်း အဲ့ လူကို အရင်စစ်ဆေးကြည့်ပါ..”

ဖုန်းတစ်ဖက်မှ ကျိန့်ကန်းက ရိုသေစွာ ပြန်ဖြေလိုက် သည်။

"ဟုတ်ကဲ့ပါသူဋေး..သံသယရှိသူတိတိကျကျရှိရင် အရာအားလုံးက လုပ်ရ ပိုလွယ်ကူသွားပါပြီ ..သူ့ကို အရင်စစ်ဆေးကြည့်ပါမယ်.. သူမဟုတ်ဘူးဆိုရင် တခြားလူတွေကို စစ်ဆေးလိုက်ပါမယ်ခဗျ"

ဖုန်းချပြီးနောက် လျူယောင်က ရယ်မောကာ တွေး လိုက်၏။

“ဟား..ငါ့ကို လုပ်ကြံချင်တဲ့လူတောင် ရှိသေးတာပဲ. .တကယ်မထင်ထားဘူး..”

လျူယောင် အိပ်ခန်းကို ပြန်ရောက်တော့ အေးအေး ဆေးဆေး အပူအပင်မရှိ အိပ်ပျော်သွားပေသည်။

All Chapters