နစ်စတန် ထိန်လန့်တုန်လူပ်နေခြင်း
Vol. 40 Ch. 497
လျူယောင်သည် ကျိန့်ကန်းတင်ပြလာသည့် အချ က်အလက်များပေါ်တွင် ကျေနပ်အားရနေမိသည်။
အသေးစိတ် အချက်အလက်နှင့် ဓာတ်ပုံများမရှိသေ ာ်လည်း အနည်းဆုံးတော့ ဆုကြေးထုတ်ပေးသူမှာ မည်သူဖြစ်ကြောင်းနှင့်လုပ်ကြံသူ၏ အမည်မှာ " သေမင်း"ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီ မဟုတ်ပေ လော။
ကျိန့်ကန်းက မေးမြန်းလိုက်၏။
"သူဋေး.. တကယ်ပဲ နစ်စတန်က နောက်ကွယ်ကနေ ဆုကြေးထုတ်ခဲ့တာပါ..ကျွန်တော်.. လူတချို့လွှတ် ပြီး အဲ့လူကို သွားရှင်းလိုက်ရမလား"
လျူယောင်က ခေါင်းကို အသာအယာယမ်းကာ ငြင် းဆန်လိုက်သည်။
"ကိုယ့်လူကိုယ်လွှတ်ပြီး ဖြေရှင်းတာ အကောင်းဆုံး နည်းလမ်း မဟုတ်ဘူး.. ဝံပုလွေကြေးစားအဖွဲ့က အ င့်အားကြီးတယ်ဆိုပေမဲ့ နယူးယောက်အထိ သွားရမှ ာဖြစ်တဲ့အတွက် နစ်စတန်ကို သတ်ဖို့က ပြဿနာ မရှိပေမဲ့.. ငါ့လူတွေအတွက် မလိုလားအပ်တဲ့ အန္တရ ာယ်ရှိနိုင်တယ်.."
“သူဋေး... ဒါဆို ဘယ်လိုလုပ်မလဲဆိုတာ အမိန့်ပေး ပါ..ကျွန်တော်တို့ လိုက်နာပါ့မယ်..”
လျူယောင်က အေးဆေးတည်ငြိမ်စွာပင် ညွှန့်ကြား လိုက်၏။
"ငွေသုံးပြီး ဖြေရှင်းလို့ရတဲ့ကိစ္စဆိုရင် တတ်နိုင်သမျှ ငွေနဲ့ပဲ ဖြေရှင်းရမယ်..ငါ့လူတွေရဲ့ အသက်ကို အ ပေါင်မခံနိုင်ဘူး..ဒါကြောင့် နစ်စတန်ကို သတ်ဖို့အ တွက် အမေရိကန်ဒေါ်လာ ၅ သန်း ဆုကြေး ပြန်ထု တ်လိုက်.."
ရန်သူက လုပ်ကြံသတ်ဖြတ်ရန် ဆုကြေးထုတ်လျှင် မိမိကလည်း ထိုနည်းအတိုင်း ပြန်လည် တုံ့ပြန်ရပေ မည်။ လျူယောင်၏အမြင်တွင် နစ်စတန်ကဲ့သို့သေ ာ လူမျိုးအတွက် ဒေါ်လာ ၅ သန်းဆိုသည်မှာ လုံ လောက်သည်ထက် ပိုနေပြီဖြစ်၏။
ကျိန့်ကန်း၏ မျက်လုံးများက အရောင်တောက်လာ ကာ ချီးကျူးလိုက်သည်။
"သူဋေးရဲ့ စီစဉ်မှုက တကယ်ကို ထက်မြက်ပါတယ်. ဒေါ်လာ ၅ သန်းနဲ့ ပြီးမယ့်ကိစ္စကို ကျွန်တော်တို့ အ ဖွဲ့ဝင်တွေ အသက်စွန့်စရာ မလိုတော့ဘူးပေါ့.."
မကြာမီမှာပင် နိုင်ငံတကာ လုပ်ကြံသတ်ဖြတ်သူမျာ း ဝဘ်ဆိုဒ်၌ ဟိုးလေးတကျော်ဖြစ်သွားစေမည့် ဆု ကြေးကြေညာချက်တစ်စောင် ပေါ်ထွက်လာသည်။ ဤသည်မှာ ဗောဒ့်သင်္ဘောလုပ်ငန်းစု၏ ဥက္ကဌနစ်စ တန်အား သတ်ရန်အတွက် ဒေါ်လာ ၅ သန်း ဆုကြေး တင်လိုက်ခြင်းပင်။
နစ်စတန်မှာမူ ထိုကြေညာချက်ကို ကြည့်ရင်း အံ့ဩ တုန်လှုပ်ကာ ဆွံ့အခဲ့ရသည်။
သူ ဖတ်ကြည့်မိသည်မှာ အမှားအယွင်းမရှိပေ။သူ့ အမည်၊သူ့အကြောင်းအရာနှင့်တကွ အရည် အသွေ းမြင့် ဓာတ်ပုံများစွာက ကြေးစားဝဘ်ဆိုဒ်ပေါ်တွင် ပြန့်နှံ့နေပြီဖြစ်၏။ထို့အပြင် သူ နေထိုင်သည့် နေရာ အစအဆုံးကိုပါ အသေးစိတ် ဖော်ပြထားသေးသည် ။
နစ်စတန်၏ ရင်ထဲ၌ မြင်းအကောင်တစ်သောင်း ဒုန် းစိုင်းပြေးနေသကဲ့သို့ မတည်မငြိမ် ဖြစ်သွားရ၏။ အချိန်အတော်ကြာမှ စိတ်ကို ထိန်းချုပ်ကာ သူ ဒေါ သတကြီး အော်ဟစ်လိုက်သည်။
"ယီး..ဒါ လျူယောင်ရဲ့ လက်ချက်ပဲ... သေချာပေါ က် ဒီကောင်ပဲ.. ဖြစ်ရမယ်.."
သူသည် ဒေါသတကြီးနှင့်ပင် ရေရွတ်လိုက်၏။
"ငါက ဒေါ်လာ ၅ သန်းပဲ တန်တာလား..ဘုရားရေ... ငါ့လိုလူက ဘာလို့ ဒီလောက်လေးပဲ တန်ရတာလဲ.. အနည်းဆုံး သန်း ၂၀ လောက်တော့ တင်ပေးသင့်တ ာပေါ့ကွ.."
သို့ပေမဲ့ ဒေါသထက် ထိတ်လန့်မှုက ပိုမို ကြီးစိုးလာ သည်။၎င်းမှာ သူ့ဘဝတွင် ပထမဆုံးအကြိမ် ပစ်မှ တ်အဖြစ် သတ်မှတ်ခံလိုက်ရခြင်း ဖြစ်၏။လုပ်ကြံ သူတစ်ဦးဦးကသာ ဤတာဝန်ကို လက်ခံလိုက်လျှင် သူ သေဖို့ သေချာသလောက် ရှိနေပေသည်။
"မဖြစ်ဘူး..ငါ... ဒီနေရာမှာ ဆက်နေလို့ မလုံခြုံတော့ ဘူး.."
နစ်စတန်သည် အိမ်ကြီးထဲမှ အလောတကြီး ပြေး ထွက်လာခဲ့၏။မိမိကိုယ်မိမိ လုံခြုံသည်ဟု ခံစားရ စေရန် ကိုယ်ရံတော်များနှင့် အစေခံများကိုပါ အခြံ အရံအပြည့်ဖြင့် ခေါ်ဆောင်လာခဲ့သည်။
........
နယူးယောက်မြို့၌..
ဘလက်သီအိုဒေါ၏ ရုံးခန်းအတွင်းသို့ နစ်စတန် သ ည် အတင်းအဓမ္မ ဝင်ရောက်လာပြီး အသနားခံလို က်၏။
"မစ္စတာဘလက်... ကျွန်တော့်ကို ကယ်ပါဦး. .ကူညီ ပါဦးဗျာ.."
ဘလက်က အံ့ဩတကြီး ပြန်မေးလိုက်သည်။
"အမ်.ခင်ဗျားက..ဘာတွေဖြစ်လာတာလဲ" နစ်စတန် က ဖြစ်ကြောင်းကုန်စင်အား အလောတကြီး ရှင်းပြ လိုက်၏။
"ဘာ..ခင်ဗျားက လျူယောင်ကို သတ်ဖို့ ဒေါ်လာ သ န်း ၂၀ တောင် ဆုကြေးတင်ရဲတယ်လား.. ငါ တောင် သူ့ကို မစိန်ခေါ်ရဲတာ... ခင်ဗျားကတော့ တကယ့်ကို အံ့မခန်းပဲ.." ဘလိတ်က ရွံရှာဖွယ်ရာ အမူအရာဖြင့် ပြောလိုက်သည်။
နစ်စတန်မှာမူ အသည်းအသန် တောင်းပန်နေ၏။
"မစ္စတာ ဘလက်... ခင်ဗျားမှာ အင်အားရှိပါတယ် ဗျာ..ကျွန်တော့်ကိုသာ ကူညီရင် ဒေါ်လာ သန်း ၁၀၀ ... မဟုတ်ဘူး..သန်း ၂၀၀ ပေးပါ့မယ်.."
"အမ်..ဒေါ်လာ သန်း ၂၀၀ လား"
ဘလက်သည် ခဏမျှ စိတ်လှုပ်ရှားသွားသော်လည်း ထိုငွေအား သူမယူရဲပေ။လျူယောင်၏ ဝံပုလွေ အ ဖွဲ့သည် စစ်သွေးကြွ တစ်ရာကျော်အား လူခြောက် ယောက်တည်းဖြင့် အပြတ်ရှင်းနိုင်ခဲ့သည်ကို သူ ကောင်းကောင်းသိထား၏။
ရုဒ်လက်နက်ကိုင်ကဲ့သို့သော အဖွဲ့ကြီးပင် ပြိုကွဲခဲ့ရ သောကြောင့် သူ့အနေဖြင့် လျူယောင်အား မည်သို့ ယှဉ်နိုင်ပါမည်နည်း။
ဘလက်က ကြေးစားဝဘ်ဆိုဒ်ထံ တစ်ချက်ကြည့် လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"နစ်.. ခင်ဗျားတော့ သွားပြီ..ခင်ဗျားခေါင်းပေါ်က ဒေါ်လာ ၅ သန်း ဆုကြေးကို တစ်ယောက်ယောက် က လက်ခံလိုက်ပြီ.."
နစ်စတန်မှာ ပို၍ ထိတ်လန့်သွားပြီး အသည်းအသန် တောင်းပန်နေ၏။
"ကျွန်တော့်ကို ကယ်ပါဦးဗျာ"
ဘလက်က သက်ပြင်းချရင်း ပွင့်ပွင့်လင်းလင်း ပြော ပြလိုက်သည်။
"ဟူး..ငါ မင်းကို မကယ်ချင်တာ မဟုတ်ဘူး..ငါက လျူယောင်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး..သူသာ စိတ် ဆိုးလာရင် ငါ့အသက်တောင် ပါသွားနိုင်တယ်ကွ.."
နစ်စတန်က မယုံကြည်နိုင်စွာဖြင့် ပြန်မေးလိုက်သ ည်။
"ဘာလား..လျူယောင်က ကုမ္ပဏီပိုင်ရှင် တစ်ယော က် မဟုတ်ဘူးလား.."
လွန်ခဲ့သော တစ်လကျော်က သူကိုယ်တိုင် ဒေါ်လာ သန်း ၃,၀၀၀ ကျော် နစ်နာခဲ့ရပြီး အလျှော့ပေးခဲ့ရ သည့် ဖြစ်ရပ်အား ဘလက်က အကျဉ်းချုပ် ပြောပြ လိုက်၏။
"ဘာ ဒီလိုကိစ္စရှိတာလား.."
နစ်စတန်၏ တစ်ကိုယ်လုံးမှာ အေးစက်တောင့်တင်း သွားသည်။ရက်စက်လှပါသည်ဆိုသော ဘလက်ပင် လျူယောင်အား ကြောက်ရွံ့ပြီး လက်လျှော့ခဲ့ရသ ည်ဆိုလျှင် သူကဲ့သို့သော လူမျိုးမှာ အသက်ရှင်ဖို့ လမ်းစမရှိတော့ပေ။
ဘလက်၏ ရုံးခန်းထဲမှ လူသေကဲ့သို့ ဖြူရော်သော မျက်နှာဖြင့် နစ်စတန် ထွက်ခွာလာခဲ့သည်။
ရက်အနည်းငယ် ကြာသွားသော်လည်း ဘာထူးခြား မှုမှ မရှိပေ။"သေမင်း" ကလည်း လျူယောင်အား လာရောက်လုပ်ကြံခြင်း မရှိသေးသဖြင့် ဝံပုလွေ ကြေးစားအဖွဲ့မှာလည်း သတိကြီးစွာဖြင့် စောင့်ကြ ည့်နေပေသည်။
ထိုစဉ်မှာပင် ကျိန့်ကန်းက စိတ်လှုပ်ရှားဖွယ်ရာ သ တင်းတစ်ခုနှင့်အတူ ရောက်ရှိလာ၏။
"သူဋေး.. သတင်းကောင်းပဲဗျ.."
လျူယောင်က ခဏတွေးလိုက်ကာ ပြောလိုက်သည် ။
"ဘာလဲ..နစ်စတန် အသတ်ခံရပြီမို့လား.."
"သူဋေးကတော့ အနာဂတ်ကို တကယ် ကြိုမြင်နိုင် သူပါပဲ..လွန်ခဲ့တဲ့ နာရီပိုင်းကပဲ နစ်စတန်က သူ့ အိမ် ဝင်းထဲမှာတင် အသတ်ခံလိုက်ရပါပြီ.."
လျူယောင် စိတ်သက်သာရာရစွာ ပြုံးလိုက်မိသည်။ နှောင့်ယှက်သူတစ်ဦးတော့ ဇာတ်သိမ်းသွားပြီဖြစ်၍ သူ၏ ဒေါ်လာ ၅ သန်းမှာ အရာရောက်ခဲ့သည်ဟု ဆို ရပေမည်။
သို့ပေမဲ့ ကမ္ဘာ့ထိပ်တန်း လုပ်ကြံသူ ၁၀ ဦးစာရင်းဝင် "သေမင်း"ဆိုသည့် အန္တရာယ်ကြီးကမူ ကျန်ရှိနေဆဲ ပင်။