← Chapters

မြွေကို တွင်းထဲမှ ထွက်လာအောင်လုပ် ခြင်း

Vol. 40 Ch. 498

မြွေကို တွင်းထဲမှ ထွက်လာအောင်လုပ် ခြင်း

Vol. 40 Ch. 498

​"နောက်တစ်ခုက သေမင်းကို ကိုင်တွယ်ဖို့ပဲ..မင်း ဘယ်လိုစီစဉ်ထားသလဲ" လျူယောင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

​ကျိန့်ကန်းက ခဏစဥ်းစားကာ ရိုသေစွာ ပြန်ဖြေလို က်၏။

"သေမင်းက ထိပ်တန်းလူသတ်သမားတစ်ယောက် ဖြစ်တဲ့အတွက် ဟွာဟိုင်းမြို့ကို ရောက်နေတာ သေချာသလောက်ရှိပါပြီ သူဋေး..ရက်အတော်ကြာတဲ့ အထိ ဘာလှုပ်ရှားမှုမှ မရှိတာကိုကြည့်ရင် သူက စိတ်ရှည်သည်းခံနိုင်စွမ်း အတော်လေးရှိတယ်လို့ ပြောရမယ်.."

​"သူ့လိုလူမျိုးကိုတော့ မြွေကိုတွင်းအပြင်ထွက်လာအောင် မြူဆွယ်တဲ့ နည်းလမ်းပဲ သုံးလို့ရမယ်.. အဲဒါမှ ဒီလူ့ကိုဖမ်းဖို့ အခွင့်အရေးရမှာ.."

​လျူယောင်က ခေါင်းညိတ်ထောက်ခံရင်း ဆုံးဖြတ် လိုက်သည်။

"ကောင်းပြီ..အဲဒီနည်းလမ်းကိုပဲ သုံးကြတာပေါ့.."

​နှစ်ဦးသား သေမင်းဆို့သည့် လူသတ်သမားအား ကို ယ်တိုင်ပေါ်လာအောင် မည်သို့ဆွဲဆောင်မည်နည်းဟူ သည့် အစီအစဉ်အား အသေးစိတ် ဆွေးနွေးကြသ ည်။သေမင်းအနေနှင့်မူ လျူယောင်ကို အနိုင်ယူဖို့ အခွင့်အရေးရပြီဟု ခံစားရသည့်အချိန်မှသာ အန္တာရာယ်ကို အန်တုပြီး ထွက်ပေါ်လာမည်မှာ သေချာလှ၏။

​တစ်ဖက်တွင်လည်း ယူနီဗာဆယ်တာဝါနှင့် တစ်ကီ လိုမီတာခန့်ဝေးသော လူနေအိမ်ရာတစ်ခု၌ ရှောင်ဘင်း ခေါ် သေမင်း ရှိနေသည်။သူသည် အလွန်အမင်း သတိကြီးသူဖြစ်၍ အရာရာကို သေချာမှသာ လှုပ်ရှားလေ့ရှိ၏။

​

ဤရက်ပိုင်းအတွင်း သူသည် လူမြင်ကွင်းမှ ပျောက် ကွယ်နေသလိုပင်။

အပြင်ထွက်သည့်အခါတိုင်းလည်း ဝတ်စားဆင်ယင် မှုပုံစံကို အမျိုးမျိုးပြောင်းလဲပြီး သာမန်လူတစ်ဦး ကဲ့သို့ နေထိုင်တတ်သဖြင့် မည်သူမျှ သူ့အား သတိ မပြုမိကြပေ။

​သူသည် အောက်ထပ်မှ ပါဆယ်တစ်ဘူးအား သွား ရောက်ယူဆောင်ပြီးနောက် အခန်းထဲသို့ ပြန်ဝင်လ ာကာ လိုက်ကာများကို လုံအောင်ပိတ်လိုက်သည်။ ထို့နောက် အဆိပ်ပြင်းဆေးရည်တစ်မျိုးကို စတင် ဖော်စပ်လိုက်၏။ထိုဆေးရည်အတွက် လိုအပ်သည့် ကုန်ကြမ်းများ ကိုမူ တခြားလူများ မရိပ်မိအောင် သူသည်အကြိမ်ကြိမ် သွား၍ ဝယ်ယူခဲ့ခြင်းဖြစ်သ ည်။

လူသတ်သမားပီပီ အဆိပ်ပညာတွင်လည်း သူက ကျွမ်းကျင်သူပင် ဖြစ်၏။

​စေ့စပ်သေချာစွာ ဖော်စပ်ပြီးနောက်တွင် ဖန်ခွက် တစ်ဝက်ခန့်ရှိသော စိမ်းလဲ့လဲ့တောက်ပနေသည့် အဆိပ်ဆေးရည်ကို သူ ကျေနပ်စွာ ကြည့်လိုက်သည်။ရှောင်ဘင်းသည် တစ်ခါသုံးလက်အိတ်ကို စွပ်ကာ သူ ကြိုတင်ပြင်ဆင်ထားသော လေးမြှားတံများကို ယူ ၍ မြှားခေါင်းများအား ထိုအဆိပ်ရည်ထဲတွင် စိမ်လို က်သည်။

​

ယန်နိုင်ငံတွင် သေနတ်ထိန်းချုပ်မှုက အလွန်တင်း ကျပ်လှ၏။

သေနတ်ကို ပြည်ပမှ သယ်ဆောင်လာခြင်း သို့မဟုတ် မှောင်ခိုဈေးကွက်တွင် ဝယ်ယူခြင်းသည် အလွယ်တကူ ရိပ်မိသွားနိုင်သည့်အတွက် သူက ထိုနည်းလမ်းအား ရှောင်ကြဉ်ခဲ့သည်။လျူယောင်က သူ့နောက်ကို လိုက်နေသည်ကိုလည်း သူ သိထား၏။

​ထို့ကြောင့် သူသည် လေးနှင့်မြှားကိုသာ လက်နက် အဖြစ် ရွေးချယ်လိုက်သည်။

သူအသုံးပြုမည့် ပေါင်းစပ်လေးသည် မီတာ ၁၅၀ ကျော်အထိ ပစ်ခတ်နိုင်ပြီး လေဆာအမှတ်အသား ပါဝင်သဖြင့် မီတာ ၅၀ အတွင်းဆိုပါက တစ်လက်မ အထူရှိသော သစ်သားပြားကိုပင် လွယ်လွယ်ကူကူ ဖောက်ထွက်နိုင်ပေသည်။

ဤလိုစွမ်းအားရှိသောလေးနှင့် အဆိပ်မြှားကိုသာ ပေါင်းစပ်လိုက်ပါက မီတာ ၃၀ မှ ၅၀ အတွင်း တစ် ချက်တည်းနှင့် အသက်ပျောက်စေနိုင်မည်ဟု သူ ယုံကြည်နေမိသည်။

.....

​နောက်တစ်နေ့တွင်လည်း ရှောင်ဘင်းသည် လိုက်ကာနောက်ကွယ်မှနေ၍ မှန်ဘီလူးဖြင့် ယူနီဗာဆဲလ်တ ာဝါကို စောင့်ကြည့်နေ၏။ခဏအကြာမှာတော့ သူ့ မျက်နှာပေါ်တွင် အောင်နိုင်သူတစ်ဦး၏ အပြုံးတစ် ပွင့် ပေါ်လာ၏။

​

လွန်ခဲ့သည့် ရက်များက လျူယောင်သည် ယူနီဗာဆဲလ်တာဝါသို့ လာသည့်အခါတိုင်း ကားငါးစီး၊ခြောက် စီးနှင့်အတူ ကိုယ်ရံတော်အခြံအရံများစွာ ပါလေ့ ရှိ သည်။ထိုအခြေအနေသည် သေမင်းအတွက်မူ အော င်မြင်ဖို့ မသေချာသလို လုပ်ကြံပြီးနောက်တွင်လည်း ဘေးကင်းစွာ ဆုတ်ခွာဖို့က ခက်ခဲလှ၏။

​သို့ပေမဲ့ ယနေ့တွင်မူ ကားနှစ်စီးတည်းသာ ပါလာပြီး ကိုယ်ရံတော်လည်း လေးငါးယောက်သာ တွေ့ရပေသည်။

ရှောင်ဘင်းက အားရကျေနပ်စွာ ရေရွတ်လိုက်၏။

​"ဟိုးဟိုး.. ကောင်းလိုက်တာ..လျူယောင်.. နောက် ဆုံးတော့ မင်း သတိလျော့သွားပြီပေါ့.."

​သူသည် အဆိပ်စိမ်ထားသော မြှားတံများနှင့်လေး ကို နောက်ဆုံးအကြိမ် စစ်ဆေးပြီးနောက် လျူယောင်၏ သွားလာမှုမှတ်တမ်းများအား ပြန်ကြည့်လိုက် သည်။လျူယောင်သည် မနက် ၈:၄၀ တွင် ရုံးသို့ရောက်လေ့ရှိပြီး ညနေ ၃ နာရီမှ ၅ နာရီကြားတွင် ပြန်တတ်သည့် အလေ့အထရှိ၏။

​"မနက်ဖြန်မနက်ကျရင် ငါ မြှားတစ်စင်းတည်းနဲ့ အပြတ်ရှင်းရမယ်..ဟားဟား..."

​ရှောင်ဘင်း ဆုံးဖြတ်ချက်ချပြီးနောက် ထွက်ပြေးမ ည့်လမ်းကြောင်းအား မြေပုံပေါ်တွင် ပြန်လည် စစ် ဆေးလိုက်သည်။သူသည် သာမန်အဝတ်အစားများ လဲကာ အပြင်သို့ ထွက်လာခဲ့၏။ငှားထားသော သာမန်ကားလေးကို မောင်းနှင်ပြီး ယူနီဗာဆယ်တာဝါအားဖြတ်ကျော်ကာ ပင်လယ်ကမ်းစပ်ရှိ ဆိပ်ကမ်းတ စ်ခုသို့ မောင်းလာလိုက်သည်။

​ထိုနေရာတွင် သူ ကြိုတင်ပြင်ဆင်ထားသော စက်လှေငယ်တစ်စီး ရှိ၏။

ထိုစက်လှေပေါ်တွင် ဆီအပြည့်ဖြည့်ထားသည့် အပြင် ရေစိုခံဝတ်စုံနှင့်အောက်စီဂျင်ဘူးများပါ အသင့် ရှိနေသည်။အလုပ်အောင်မြင်သည်နှင့် ပင်လယ်ရေ လမ်းကြောင်းမှတစ်ဆင့် ထွက်ပြေးရန် သူ စီစဉ်ထာ းခြင်းဖြစ်၏။

........

​တစ်ဖက်တွင်လည်း လျူယောင်၏ ရုံးခန်းအတွင်း ၌...

​ကျိန့်ကန်းက ယုံကြည်မှုအပြည့်နှင့် အစီရင်ခံလိုက် သည်။

"သူဋေး.. ဒီနေ့ကစပြီး ကားအရေအတွက်ကို လျှော့ ချလိုက်ပြီဆိုတော့ သေမင်းဆိုတဲ့လူ..သတိထားမိမှာ သေချာပါတယ်..."

​"ဒီလူ ဘယ်တော့လောက် ပေါ်လာမယ်လို့ မင်း ထင် လဲ" လျူယောင်က ပြန်မေးလိုက်၏။

​"အကြာကြီး ပုန်းနေရတာ အန္တရာယ်များတယ်ဆိုတာ သူသိတယ်.. ဒီနှစ်ရက်အတွင်းမှာပဲ သူ တိုက်ခိုက်လာပါလိမ့်မယ်..သူဋေး.."

​"ကောင်းတယ်. ဒီလူစောစောပေါ်လာတာပဲ ငါလိုချင်နေတာ..ဒီလို အချိန်ပြည့် စိုးရိမ်နေရတာက ပျင်းစရာကောင်းလွန်းတယ်.."

​"သေမင်း ဖမ်းမိတာနဲ့ သူဋေး..လွတ်လပ်သွားမှာပါ .. ယန်နိုင်ငံရဲ့ ဥပဒေက စိုးမိုးမှုရှိတော့ သူ့ကိုဖမ်းပြီးရင် သူဋေး..နောက်ဆို..ကိုယ်ရံတော်တောင် ခေါ်စရာ မလိုတော့ပါဘူး.."

​ဆက်လက်ပြီး ကျိန့်ကန်းက ဖြည့်စွက်ပြောလိုက်သ ည်။

"နောက်တစ်ခုက သူဋေး..သေမင်းဆိုတဲ့လူက တစ်ယောက်တည်း လှုပ်ရှားတာမဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်တဲ့ လူသတ်သမားအဖွဲ့အစည်းတစ်ခုက အဖွဲ့ဝင်ဖြစ်နေတာကို ကျွန်တော်တို့ စုံစမ်းသိရှိရပါတယ်ခဗျ.."

​"အမ်..ဒီကောင်ကအဖွဲ့အစည်းနဲ့လား..."

လျူယောင် အနည်းငယ် အံ့အားသင့်သွား၏။

"ဒါဆိုရင် သူ့နောက်ကွယ်က အဖွဲ့အစည်းကိုပါ စုံစမ်းဖို့လိုမယ်..အခု ဒီလူ ဟွာဟိုင်းမြို့ကို ရောက်နေချိန်မှာ သူ့လူတွေ ပါလာသေးလားဆိုတာ မင်း သေချာအောင် စစ်ဆေးပါ.."

​"ဟုတ်ကဲ့ပါ..သူဋေး..သတင်းရတာနဲ့ ချက်ချင်း အစီရင်ခံပါ့မယ်ခဗျ.."

......

​နောက်တစ်နေ့မနက်..

​ပုံမှန်အတိုင်းပင် လျူယောင်သည် ဗီလာအိမ်ကြီးထဲမှ ထွက်လာကာ အသင့်စောင့်နေသော ကားထဲသို့ ဝင်ထိုင်လိုက်သည်။

​ဗီလာဝင်းအတွင်းမှ ကားနှစ်စီး ထွက်ခွာလာ၏။

ပထမကားကို ကျိန့်ကန်းက မောင်းနှင်ပြီး ဝံပုလွေ ကြေးစား အဖွဲ့ဝင် သုံးဦး လိုက်ပါလာသည်။လျူယောင် စီးနင်းလာသည့် ဒုတိယကား၌မူ ကျောက်ဟုန်ဖူက မောင်းနှင်ကာ ရှေ့ခန်းမှာတော့ ချန်းဟူက လိုက်ပါလာ၏။

လျူယောင်ကတော့ နောက်ခန်းတွင် အေးအေးဆေးဆေး ထိုင်နေရင်း မြွေကိုဖမ်းရန် ထွက်လာခဲ့ပေသည်။

All Chapters