လူသတ်သမား လာပြီ
Vol. 40 Ch. 499
ဘေးနားမှာထိုင်နေသည့် ချန်းဟူက လျူယောင်ဘ က်ကို လှည့်ကြည့်ပြီးအသံတိုးတိုးနှင့် ပြောလိုက်သည်။
"သူဋေး..ကျွန်တော့်အထင်တော့ သေမင်းဆိုတဲ့လူက ဒီနေ့ပဲ တိုက်ခိုက်လာနိုင်ခြေရှိတယ်.."
လျူယောင်က အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်၏။
"ငါတို့ကလည်း ဒီကောင့်ကို အပြင်ထွက်လာအောင် ဆွဲဆောင်ချင်နေတာပဲလေ..ဒီလူသာ ဒီနေ့ပေါ်လာမယ်ဆိုရင် အကောင်းဆုံးပေါ့.."
ချန်းဟူက ဆက်လက် မေးမြန်းလိုက်သည်။
"အားလုံးတော့ အဆင်သင့်ပြင်ထားပြီးသားပါ သူ ဋေး..ဒီလူပေါ်လာဖို့ပဲ စောင့်နေတာ..ဒါနဲ့ သူဋေး..သူ ဘယ်လိုလက်နက်မျိုးကို သုံးလာမယ်လို့ သူဋေး .. ထင်သလဲ..အနီးကပ်ပစ်ဖို့ ပစ္စတိုကို သုံးမလား.. ဒါမှမဟုတ် တစ်နေရာရာမှာ ချောင်းပြီးပစ်ဖို့ စနိုက်ပါ ရိုင်ဖယ်ကို သုံးမလား.."
လျူယောင်က ခေါင်းခါပြပြီး သုံးသပ်ပြလိုက်၏။
"စနိုက်ပါသုံးဖို့ကတော့ မဖြစ်နိုင်သလောက်ပဲ.. ငါတို့ နိုင်ငံမှာ သေနတ်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ် ထားတော့ စနိုက်ပါလို လက်နက်ကြီးမျိုးကို သယ်ယူဖို့ဆိုတာ ခက်ခဲလွန်းတယ်..ငါ့အထင်တော့ အနီးကပ်ပစ်ခတ်တာမျိုးပဲ ဖြစ်နိုင်တယ်..ပစ္စတိုလည်း ဖြ စ်နိုင်သလို တခြားလက်နက် တစ်ခုခုလည်း ဖြစ်နိုင် တာပဲ.."
ဘယ်လိုလက်နက်နဲ့ပဲ လာလာ လျူယောင်ကတော့ လုံးဝမကြောက်တဲ့အပြင် ဘာဖိအားမှလည်း ရှိမနေ ပေ။
ကားအား ဆယ်မိနစ်လောက် မောင်းနှင်ပြီးသည့် နောက်မှာတော့ လျူယောင်ရဲ့ စိတ်ထဲတွင် လိပ်ကြီး ၏ အသံအား ကြားလိုက်ရ၏။
"သခင်ရေ..ကျွန်တော် နေရာသစ်တစ်ခု တွေ့ထားတယ်..အဆင်ပြေမပြေ ကြည့်ကြည့်ပါဦး"
အိမ်မွေးတိရစ္ဆာန်ချပ်ပြားအား အမြန်ဖွင့်ကြည့် လိုက်တဲ့အခါ လျူယောင် အံ့အားသင့်သွားခဲ့သည်။ လိပ်ကြီး ရောက်နေသည့်နေရာမှာ မြောက်ပစိဖိတ် သမုဒ္ဒရာ မဟုတ်တော့ဘဲ အရှေ့တရုတ်ပင်လယ်နား ဖြစ်နေလို့ပင်။
၎င်းနေရာမှာ အာကာသယာဉ်ပျက်စီးသည့် နေရာနှင့်ဆို ပင်လယ်ရေမိုင် နှစ်ထောင်၊သုံးထောင်လောက် ကွာဝေးပေမယ့် ဟွာဟိုင်းမြို့နှင့်ဆိုလျှင်တော့ ပင်လယ်ရေမိုင် တစ်ထောင်အောက်ပဲ ဝေးပေသည်။
လျူယောင် ထပ်ပြီး တတိယအမြင်အား ဖွင့်ကြည့် လိုက်သည့်အခါမှာလည်း ပင်လယ်ရေအနက် မီတာ လေးငါးဆယ်လောက်ပဲ ရှိသည့် ရေတိမ်ပိုင်း နေရာ တွင် လိပ်ကြီး ရှိနေသည်ကို တွေ့လိုက်ရ၏။
ရေက ကြည်လင်နေပြီး အမြင်အာရုံလည်း ရှင်းလင် းလှသည်။
ပင်လယ်အောက်ခြေက ပြန့်ပြူးနေပြီး သန္တာကျော က်တန်းနဲ့ ရေမှော်အချို့ကလွဲရင် ကျန်တာ အားလုံးက သဲနုတွေကြီးပင်။လျူယောင်က လိပ်ကြီးအား ချီးကျူးလိုက်၏။
"အင်း..ဒီနေရာက တကယ်ကောင်းတယ်..မဆိုးဘူး.. မင်းတော်တယ် ငါ့ကောင်ကြီး.."
လိပ်ကြီးက ပျော်ရွှင်သွားပြီး ဆက်ပြောလိုက်သည်။
"ကျွန်တော် မီးခိုးနက်ရောင်-သတ္တုအပိုင်းအစ တန် ချိန် နှစ်သောင်းကနေ သုံးသောင်းလောက်အထိ ရှင်း ပစ်လိုက်ပြီ..နောက်ပြီး အာကာသယာဉ်ဆီက အနက်ရောင် သတ္တုချောင်းတချို့ကိုလည်း ဒီနေရာကို ရွှေ့ထားတယ်သခင်.."
လျူယောင်က လိပ်ကြီး၏ အကြံအား ချက်ချင်း သဘောပေါက်သွားသည်။အဲဒီပစ္စည်းတွေကို ဒီနေရာ ကို အရင်ရွှေ့ထားပြီးမှ ဟွာဟိုင်းမြို့သို့ အဆင်ပြေပြေ သယ်ဖို့ စီစဉ်ထားတာပင်။လျူယောင်က ခဏစဥ်းစားကာ တွက်ချက်လိုက်၏။
"အင်း..ဒီနေရာက ဟွာဟိုင်းမြို့နဲ့ လည်းနီးတယ်..ငါ တို့သင်္ဘော ဒီနေရာကိုလာမယ်ဆိုရင် အများဆုံး နှစ်ရက်..အမြန်လာရင် တစ်ရက်ခွဲပဲ ကြာမှာ.."
"သခင်..ဒါဆိုရင် ကျွန်တော် နဂါးနက်ကို အဲဒီ ပစ္စည်းတွေ တစ်ခုပြီးတစ်ခု ဒီနေရာကို သယ်လာဖို့ အမိန့် ပေးလိုက်မယ်.."
နဂါးနက်လို ညီလေးတစ်ယောက် ရှိနေသောကြောင့် လိပ်ကြီးက ကိုယ်တိုင် ဘာမှလုပ်စရာ မလိုဘဲ အမိန့် ပေးနေရုံပင်။လျူယောင်ကလည်း သဘောတူကာ ညွှန့်ကြားလိုက်သည်။
"ကောင်းပြီ..ပစ္စည်းတွေ ဒီနေရာရောက်ရင် ပြန်သယ်ဖို့ အဆင်ပြေသွားတာပေါ့..မင်းရှင်းထားတဲ့ သတ္တုတန်ချိန် နှစ်သောင်း၊သုံးသောင်းလုံးကို ရွှေ့လာခဲ့.. လောလောဆယ်တော့ အနက်ရောင် သတ္တုအချောင်း တစ်ရာလောက်ပဲ အရင်ရွှေ့လာဦး"
"အိုခေဘာသခင်..ပစ္စည်းတွေ ရွှေ့ပြီးရင် ကျွန်တော် ပြန်ပြောပါ့မယ်"
"ဒါနဲ့ မင်းမွေးစားထားတဲ့ ညီလေး နဂါးနက်ကော ဘယ်မှာလဲ..ဒီကောင် ဘယ်လိုနေသေးလဲ.."
“ဒီကောင်ဘယ်မှာလည်းဆိုတာ ကျွန်တော်လည်း မသိဘူးသခင်ရ..”
ဤကဲ့သို့ လျူယောင် မေးလိုက်ပေမယ့် သူကိုယ်တို င်လည်း သိပ်တော့ မအံ့သြပေ။နဂါးနက်က ငြိမ်ငြိမ် မနေတတ်တဲ့ ကောင်ဆိုတာ သူသိပြီးသားပင်။သူ ထွက်ပြေးသွားလို့ ခဏတာ စိတ်မကောင်းဖြစ်ရုံပင် ။
"ထားလိုက်တော့.. ရက်အနည်းငယ်ကြာရင် ဒီကောင်ပြန်လာမှာပါ "ဟူ၍ မှတ်ချက်ပေးလိုက်၏။
......
အပြင်လောကမှာတော့ ပုံမှန်အတိုင်းပင်။
ဝန်ထမ်းတွေက ယူနီဗာဆဲလ်တာဝါထဲကို အလျင် အမြန် ဝင်နေကြပြီး လမ်းမကြီးပေါ်မှာလည်း ဘာထူးခြားမှု မရှိပေ။ကိုယ်ပိုင်ကားတွေ၊ဘတ်စ်ကား တွေနဲ့ ဆိုင်ကယ်တွေမှာမူ အဆက်မပြတ် သွားလာ နေကြ၏။
ထိုအထဲတွင်မူဆိုင်ကယ်စီးဦးထုပ်ဆောင်းထားတဲ့ ဆိုင်ကယ်သမား တစ်ယောက်ရှိနေသည်။သူ စီးထား သည်မှာ သိန်းရာနှင့်ချီတန်သည့် အင်ဂျင်အားကောင်းသော နိုင်ငံခြားထုတ် ဆိုင်ကယ်တစ်စီးပင်။
သို့ပေမဲ့ ဟွာဟိုင်းမြို့လို နေရာမျိုးမှာတော့ ၎င်းက သိပ်ပြီး ထူးဆန်းမနေပေ။
ထူးခြားသည်မှာ ထိုဆိုင်ကယ်သမားက အမြန်မမောင်းဘဲ ဖြည်းဖြည်းချင်း မောင်းနေရင်း ယူနီဗာဆယ် တာဝါကို အကဲခတ်နေတာကို သတိထားကြည့်ရင် မြင်နိုင်ပေသည်။
ရုတ်တရက် သူ ဝမ်းသာသွား၏။
ဦးထုပ်ဆောင်းထားလို့ သူ့မျက်နှာကို မမြင်သောကြောင့် ဆိုင်ကယ်အရှိန်အား သူ ချက်ချင်း အရှိန် မြင့်လိုက်သည့်။ထိုအချိန်မှာပင် ကားနှစ်စီးက အဆောက်အအုံ အဝင်ဝကို ဆိုက်ရောက်လာ၏။
ကားတွေ ရပ်လိုက်သည်နှင့် ချန်းဟူက အရင်ဆင်း လာကာ နောက်ခန်းတံခါးကို ဖွင့်ပေးလိုက်သည်။
"သူဋေး ရောက်ပါပြီခဗျ.."
လျူယောင်က ကားပေါ်မှ ဆင်းဆင်းချင်း အင်္ကျီနဲ့ လည်စည်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင် ကာ တာဝါထဲကို လျှောက်လှမ်းလာ၏။သူနှင့်အတူ ကျိန့်ကန်းနှင့် ကျန်းလန်တို့ ဦးဆောင်သည့် ဝံပုလွေ အထူးကြေးစားတွေလည်း ကားပေါ်မှ ဆင်းလာပြီး ချက်ချင်းပဲ ဘေးပတ်ပတ်လည် မီတာအနည်းငယ် ကနေ ဆယ်မီတာအထိ အကွာအဝေးယူကာ လုံခြုံ ရေး ယူလိုက်ကြသည်။
ကျိန့်ကန်းက ကားပေါ်က ဆင်းတာနဲ့ ပတ်ဝန်းကျင် ကို ဝေ့ကြည့်လိုက်၏။
ပတ်ဝန်းကျင်တွင်မူ နိုင်ငံခြားဖြစ် အော့ဖ်ရုတ်ကား တစ်စီးရပ်ထားကာ သစ်ပင်ရိပ်အောက်မှာတော့ ဆို င်ကယ်သမားတွေ ဖုန်းပြောနေတာတွေက ပုံမှန် ထ က်တောင်မှ ပိုပြီး ပုံမှန်ဖြစ်လွန်းနေသလိုပင်။ထိုအရာတွေအားလုံးက ကျိန့်ကန်း ကြိုတင်စီစဉ်ထားသ ည့် ဝံပုလွေအထူးကြေးစားတွေနဲ့ လုံခြုံရေးဝန်ထမ်း တွေပဲ ဖြစ်၏။
သူတို့ကလည်း သေမင်း ပေါ်လာဖို့ကိုပဲ စောင့်နေကြ သည်။
လျူယောင် ကားပေါ်ကဆင်းပြီး လမ်းလျှောက်နေ တုန်းမှာပဲ သူ့ရဲ့ မျက်ခုံးတွေက အနည်းငယ် လှုပ်ရှားလာကာ သူ၏ ဆဋ္ဌမအာရုံက တစ်ခုခု ပုံမှန်မဟုတ်ဘူးဆိုတာ သူ့အား သတိပေးနေ၏။
"အမ် သေမင်း ပေါ်လာတော့မယ့် လက္ခဏာပဲ.."
ထိုအချိန်မှာပင် ဆိုင်ကယ်တစ်စီးက အရှိန်အပြည့် နှင့် မောင်းနှင်လာသည်။ယူနီဗာဆယ်တာဝါနားကို ချဉ်းကပ်လာသည့် အမြန်နှုန်းကလွဲလျှင် အားလုံး က ပုံမှန်လိုပင်။
လျူယောင်၊ကျိန့်ကန်းနှင့်ချန်းဟူတို့ အားလုံးကလ ည်း အရှိန်ပြင်းပြင်းနဲ့ မောင်းလာသည့် ဆိုင်ကယ်အား သတိထားမိလိုက်၏။
"ဘာ..ဒီဆိုင်ကယ်က ပုံမှန်မဟုတ်ဘူး"
လူတိုင်း သိလိုက်တဲ့အချိန်မှာ တုံ့ပြန်ဖို့က အရမ်းနောက်ကျနေသည်။ကျိန့်ကန်းတောင်မှ အမိန့်ပေးဖို့ အချိန်မရလိုက်ပေ။သူ စိတ်ထဲမှ ထိတ်လန့်လာရ၏။
"ဒီလူက သေမင်းပဲ..ဒီကောင် ပေါ်လာပြီဟ"
ဆိုင်ကယ်စီးလာသည့်လူက တကယ်ပဲ ရှောင်ဘင်း ဖြစ်ပြီး သူက အချိန်ကို အရမ်းတိကျအောင် တွက် ချက်ထားခြင်းပင်။လျူယောင် ကားပေါ်က ဆင်းလာတာနှင့် သူက မီတာ ၃၀ အကွာအဝေးကို ရောက် လာကာ သူ၏ အားကောင်းသည့် လေးကို မြှောက် ကာ မဆိုင်းမတွ ခလုတ်ဆွဲချလိုက်သည်။
"ဝှစ်.."
ပထမဆုံးမြှားက လျူယောင်၏ ဦးခေါင်းတည့်တ ည့်သို့ အရှိန်ပြင်းပြင်းနှင့် ပြေးထွက်လာ၏။
သေမင်းကမူ ဤမြှားက ပစ်မှတ်ကို ထိမှန်မှာ သေ ချာတယ်လို့ ယုံကြည်လိုက်ပေမယ့် နောက်တစ်စက္က န့်မှာပဲ သူ မှင်သက်သွားခဲ့ရသည်။လျူယောင်ရဲ့ တုံ့ ပြန်မှုက ဒီလောက်အထိ မြန်လိမ့်မယ်လို့ သူ လုံးဝ မထင်ထားပေ။
ရှောင်ဘင်း၏ ဘဝ၌ တစ်သက်နဲ့တစ်ကိုယ် မကြုံ ဖူးသည့် မြင်ကွင်းကို မြင်လိုက်ရသလိုမျိုး ခံစားလို က်ရ၏။
ဤမျှလောက်တိုတောင်းသည့် အကွာအဝေးနှင့် ဤ မျှလောက်မြန်တဲ့ မြှားအား လျူယောင်က လက်ကို ဆန့်ပြီး လေထဲမှာတင် ဖမ်းယူလိုက်တာပင် ဖြစ်၏။ ရှောင်ဘင်း အော်ဟစ်ချင်စိတ် ပေါက်လာသည်။
"ဘုရားရေ..ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး.."
ကံကောင်းသည်မှာ သူသည် ထိပ်တန်း လူသတ်သ မားတစ်ယောက် ဖြစ်သောကြောင့် အချိန်အနည်းင ယ်အတွင်းမှာပင် ထိတ်လန့်မှုအား ထိန်းချုပ်ကာ နောက်ထပ် ဘာဆက်လုပ်ရမည်နည်းဆိုသည့် အသိ ပြန်ဝင်လာ၏။