အခန်း (၄၇၀)
Vol. 37 Ch. 470
ထိုအခါ လက်အောက်ငယ်သားများသည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်လိုက်ကြပြီးနောက် ရေနွေးဖြင့်ပက်လိုက်သည် တစ်ယောက်ကို အကုန်လုံး ကြည့်လိုက်ကြသည်။ ထိုကောင်လေး၏မျက်နှာသည် ဖြူဖျော့သွားခဲ့ပြီး ချက်ချင်း အကြိမ််ကြိမ်အခါခါ အရိုအသေပြုလေသည်။
“ညီနောင်တို့ ကျုပ်ကို မျက်နှာသာလေးပေးပါဦးဗျာ ကျေးဇူးပြုပြီး”
ထိုစဉ် ထန်ဇီယွဲ့ မျက်လုံံးပွင့်လာ၏။ ထန်ဇီယွဲ့သည် ဦးစွာ သူ၏ ကိုက်ခဲနေသည့်ခေါင်းကို လက်ဖြင့် ဖိကိုင်သည်။
“ငါဘယ်ရောက်နေတာလဲ”
ထန်ဇီယွဲ့မှ မျက်လုံးအပြူးသားဖြင့် မေးသည်။ ထို့နောက် မျက်နှာကို ဖိကိုင်လိုက်ပြန်သည်။
“အိုး အို အိုး… ငါ့မျက်နှာလည်း အရမ်းနာနေတာပဲ”
ထိုအခါ လက်အောက်ငယ်သားတစ်စုသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြန်သည်။ ထို့နောက် ဉာဏ်လျင်သည့်တစ်ယောက်က အမြန်ပြောလိုက်သည်။
“ခန်းမအရှင်သခင်ထန် နောက်ဆုံးတော့နိုးလာပြီပဲ။ ခေါင်းဆောင်က အရမ်းစိတ်ပူနေတာဗျ”
“ခေါင်းဆောင်? အာ ငါပြန််ရောက်နေပြီလား?”
လက်အောက်ငယ််သားများမှ ပြောသည်။
“ပြန်ရောက်နေပါပြီ။ ခန်းမအရှင်သခင်ထန် ဘယ်လိုသတိလစ်သွားခဲ့လဲဆိုတာကို မှတ်မိပါသလား”
ထိုအခါ ထန်ဇီယွဲ့မှ ပြောသည်။
“အင်း ကြည့်ရတာ ခေါင်းဆောင်လျိုရောက်လာပြီးတော့ ငါ့ကို တိုက်ခိုက်ခဲ့သလိုပဲ။ နောက်တော့ ငါ့သတိလစ်သွားတယ်။ အဲဒီနောက်ပိုင်းကိုတော့ ငါဘာမှမမှတ်မိတော့ဘူး”
“အို ဪ ကျွန်တော်တို့နားလည်ပါပြီ”
“ဒါနဲ့ ငါဘာလို့် မျက်နှာပါ နာနေရတာလဲ”
ထန်ဇီယွဲ့သည် လက်အောက်ငယ်သားများကို ကြည့်နေသည်။ ထိုအခါ လက်အောက်ငယ်သားများသည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်ကြပြန်ကာ လက်အောက်ငယ်သားတစ်ဦးမှ ပြောသည်။
“ဟား ခန်းမအရှင်သခင်ထန်ခင်ဗျ။ ကျွန်တော့်အထင်တော့ ခေါင်းဆောင်လျိုနဲ့ သူ့လူတွေက ခန်းမအရှင်သခင်ထန်ကို ညှဉ်းပန်းနှိပ်စက်ခဲ့တာ ဖြစ်လိမ့်မယ်ထင်ပါတယ်”
“ညှဉ်းပန်းနှိပ်စက်တယ်?”
“ဟုတ်ပါတယ်၊ ခန်းမအရှင်သခင်ထန် သတိလစ်နေတုန်းမှာ မျက်နှာကို ရေနဲ့ပက်ခဲ့တာတို့ အဲဒီလိုမျိုးဖြစ်နိုင်ပါတယ်”
လက်အောက်ငယ်သားတစ်ယောက်မှ အလေးအနက်ပြောသည်။
ထိုအခါ ထန်ဇီယွဲ့ မျက်မှောင်ကြုတ်လိုက်၏။
“ပေါက်ကရတွေ၊ သူတို့ ငါ့ကို တကယ််ညှဉ်းပန်းနှိပ်စက်မယ်ဆိုရင် ငါနိုးကြားတဲ့အချိန်ကို စောင့်ပြီးမှ နှိပ်စက်မှာပေါ့။ ငါသတိလစ်နေတုန်း ဘာလို့လုပ်မှာလဲ? ပြီးတော့ ငါ့မျက်နှာကို ရေနွေးနဲ့ပက်တာ ဘာအဓိပ္ပာယ်ရှိမှာလဲ၊ သူတို့မှာ ညှဉ်းပန်းနှိပ်စက်ဖို့ နည်းလမ်းကုန်နေလို့လား?”
“ခဏ”
ထန်ဇီယွဲ့မျက်မှောင်ကြုတ်လျက် ထိုလက်အောက်ငယ်သားတစ်အုပ်ကို ပြောသည်။
“ဘာကိစ္စမှ အကြောင်းအရင်းမရှိဘဲ ဖြစ်မလာဘူး။ ဒီလိုဆိုတော့မှ ငါ့မျက်နှာကို ရေနွေးနဲ့ပက်တာက မင်းတို့များလား”
“ပြောစမ်း!”
ထိုအခါ ရေနွေးဖြင့်ပက်ခဲ့သည့် လက်အောက်ငယ်သားလေးသည် ချက်ချင်း ဒူးထောက်ချလိုက်လေသည်။
“ခန်းမအရှင်သခင်ထန်် ကျွန် ကျွန်တော်…”
“မင်း မင်းဘာဖြစ်လဲ? ဝါး မင်းက အတော်သတ္တိကောင်းတာပဲ။ ဒီလောက်တောင် လက်ရဲဇက်ရဲနိုင်ရအောင် မင်းနဲ့ငါ့ကြားမှာ အငြိုးအတေးတွေများ ရှိလို့လား? ကျစ်… ကိုယ့်ပါးကိုယ် နှစ်ချက်ပြန်ရိုက်စမ်း”
“ချက်ချင်းလုပ်!”
ထိုအခါ လက်အောက်ငယ်သားလေးသည် ချက်ချင်း ကိုယ့်ပါးကိုယ် နှစ်ချက်ပြန်ရိုက်သည်။ ထို့နောက် ထန်ဇီယွဲ့ကို ကြောက်ရွံ့ခြင်းကြီးစွာ ပြန်ကြည့်သည်။
“ခန်းမအရှင်သခင်ထန် ရပါပြီလား”
“နောက်တစ်ခါကျ တစ်ခုခုကို မလုပ်ခင် ဦးနှောက်နဲ့ သေချာအရင်စဉ်းစား။ လူတစ်ယောက်မျက်နှာကို ရေနွေးနဲ့ပက်သင့်ရဲ့လား? ငါ့ကို ရေအေးစိမ်ထားတဲ့ ပုဝါသွားယူလာပေးစမ်း”
“ဟုတ်ကဲ့ပါ”
လက်အောက်ငယ်သားလေးသည် ပုဝါယူရန် ချက်ချင်း ထသွားသည်။ ထို့နောက် ထန်ဇီယွဲ့မှ ပြောသည်။
“ဒါနဲ့ ခေါင်းဆောင်ဘယ်မှာလဲ”
ထိုအခါ လက်အောက်ငယ်သားများမှ ပြောသည်။
“ကျွန်တော်တို့ အခုချက်ချင်း ခေါင်းဆောင်ကို အကြောင်းကြားလိုက်ပါမယ်”
“မလိုဘူး။ ငါကိုယ်တိုင် ခေါင်းဆောင်ကို သွားတွေ့မယ်”
ထန်ဇီယွဲ့သည် မတ်တပ်ထရပ်ရင်း မူးဝေနေသည့်ဦးခေါင်းကို ခါရမ်းလိုက်သည်။ ထို့နောက် ပုံမှန်အားဖြင့် ကိစ္စများ ဆွေးနွေးပြောဆိုရာ နေရာဖြစ်သည့် နန်ပါးထျန်း၏စာကြည့်ခန်းဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။ ပုဝါသွားယူသည့် လက်အောက်ငယ်သားလည်း ပြန်ရောက်လာပြီး ထန်ဇီယွဲ့ထံ ပုဝါကမ်းပေးသည်။
ထန်ဇီယွဲ့သည် မျက်နှာကို ပုဝါအေးဖြင့် ကပ်လိုက်သောအခါ ချက်ချင်း နာကျင်မှုသက်သာသွားပေသည်။ ထို့နောက် နန်ပါးထျန်း၏စာကြည့်ခန်းထဲသို့ ဝင်သွားခဲ့သည်။
“ဝင်ခဲ့ပါ”
နန်ပါးထျန်းသည် စာကြည့်ခန်းထဲတွင် စာအုပ်ဖတ်နေ၏။ သူတို့၏ အစီအစဉ်ကျရှုံးခြင်းသည် လုံးဝ မမျှော်လင့်ထားသည့်အရာဖြစ်သည်။
နန်ပါးထျန််းသည် မျက်နှာကို ပုဝါဖိလျက် စာကြည့်ခန်းထဲဝင်လာသည့် ထန်ဇီယွဲ့ကို မော့ကြည့်လိုက်သည်။
“ခေါင်းဆောင်”
ထန်ဇီယွဲ့သည် စာကြည့်ခန်းထဲရောက်သည်နှင့် နန်ပါးထျန်းကို ဂါရဝပြုသည်။ နန်ပါးထျန်းမှ မေးသည်။
“ဇီယွဲ့ မင်းမျက်နှာက ဘာလို့နီရဲနေရတာလဲ? ချန်ကျိုစစ်ရဲ့လူတွေ မင်းကို ညှဉ်းပန်းနှိပ်စက်ခဲ့တာလား”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“အာ မဟုတ်ပါဘူး မဟုတ်ပါဘူး ခေါင်းဆောင်။ ကျွန်တော်တို့ အရင်ဆုံး အရေးကြီးတဲ့ကိစ္စကို ဆွေးနွေးကြရအောင်ပါ”
နန်ပါးထျန်းမှ ပြောသည်။
“ကောင်းပြီ။ ငါလည်း ဘာတွေဖြစ်ခဲ့လဲဆိုတာ သိချင်တယ်။ ဇီယွဲ့ ဒီနေ့ တကယ်ပဲ ဘာတွေဖြစ်ပျက်ခဲ့တာလဲ”
ထိုအခါ ထန်ဇီယွဲ့မှ ပြောသည်။
“ခေါင်းဆောင် ဒီလိုပါ…”
…
အဖြစ်အပျက်များကို ပြန်ပြောင်းပြောပြပြီးနောက် နန်ပါးထျန်းသည် အံ့အားသင့်စွာဖြင့် အသံကျယ်လောင်စွာ အော်မိလေသည်။
“ဘာ! ချန်ကျိုစစ်က ငါတို့ရဲ့အကြံအစည်ကို ထိုးဖောက်သိမြင်နိုင်ခဲ့တဲ့အပြင် ကြိုတင်ပြီးတော့တောင်မှ ငါတို့ရဲ့အကြံအစည်ကို တန်ပြန်ဖြိုခွင်းနိုင်ခဲ့တယ်တဲ့လား”
ထန်ဇီယွဲ့မှ ပြောသည်။
“ခေါင်းဆောင်၊ ဌာနချုပ်ထဲမှာ ချန်ကျိုစစ်ရဲ့လူရှိနေတယ်လို့ ကျွန်တော် သံသယဝင်မိပါတယ်။ အဲဒီသစ္စာဖောက်က ကျွန်တော်တို့ရဲ့ အသေခံတပ်သားတွေထဲမှာလို့ ထင်ပါတယ်”
“ဘယ်လိုဖြစ်နိုင်မှာလဲ!”
နန်ပါးထျန်း မယုံကြည်နိုင်ပေ။ သူ၏အသေခံတပ်သားများထဲတွင် ပြဿနာရှိနေမည်ဟု သူမထင်ပါချေ။
ထန်ဇီယွဲ့မှ ဆက်ပြောသည်။
“ခေါင်းဆောင် ဒီအကြံအစည်ကို သိထားတာဆိုလို့ လူသုံးယောက်ပဲရှိပါတယ်။ ခေါင်းဆောင်၊ ကျွန်တော်နဲ့ ကျောင်းစန်းပါ။ ဒါပေမဲ့ ချန်ကျိုစစ်က ကျွန်တော်ရဲ့အကြံအစည်ကို လမ်းတစ်ဝက်မှာ သိရှိသွားခဲ့ပြီး တန်ပြန်ဖြိုခွင်းမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ခေါင်းဆောင်အနေနဲ့ ပြဿနာက ဘယ်မှာရှိနေလောက်မယ် ထင်ပါသလဲ”
“ခေါင်းဆောင်က ချန်ကျိုစစ်ကို ငါတို့ရဲ့အကြံအစည်ကို ပြောပြခဲ့လား”
“ဒါမှမဟုတ် ကျွန်တော်က ချန်ကျိုစစ်ကို ပြောပြခဲ့လား”
“ဒါမှမဟုတ် ကျောင်းစန်းက ချန်ကျိုစစ်ကို ပြောပြခဲ့တာလား”
“ကျွန်တော်တို့သုံးယောက်ဆီကမှ မဟုတ်ရင် ချန်ကျိုစစ်က ဘယ်ကနေပြီး အကြံအစည်ကို သိသွားနိုင်မလဲ? ကောင်းကင်ဘုံက သူ့ကို ပြောပြလိုက်တယ်လို့တော့ ယုံကြည်လို့မရဘူးလေ”
ထိုအခါ နန်ပါးထျန်း တိတ်ဆိတ်သွား၏။
နေရာတွင် မလှုပ်မယှက်ထိုင်လျက် အတွေးထဲ အချိန်အတော်ကြာ နစ်မြုပ်သွားခဲ့သည်။
ချန်ကျိုစစ်က သူ့ဘာသူ သိသွားတာတော့ မဖြစ်နိုင်ဘူး။ အဲဒီတော့ အသေခံတပ်သားဆီက ပေါက်ကြားသွားတာပဲ ဖြစ်နိုင်ခြေရှိတယ်– အသေခံတပ်သားတွေက ငါ့ကို အကြွင်းမဲ့သစ္စာစောင့်သိကြတဲ့သူတွေ။ အဲဒီအသေခံတပ်သားတွေကို သံသယမဝင်ခင်မှာ ငါ့ကိုယ်ငါ သံသယဝင်ကြည့်တာမှ ဖြစ်နိုင်ဦးမယ်။
ဒါဆို…
နန်ပါးထျန်း၏အကြည့်များ ထန်ဇီယွဲ့ထံ ကျရောက်သွားသည်။
သူများလား?
ထိုသို့တွေးမိပြီးနောက် နန်ပါးထျန်း ခေါင်းခါရမ်းလိုက်သည်။
ထန်ဇီယွဲ့က လုံးဝ ယုံကြည်လို့ရတဲ့သူပဲ။ သူ မဖြစ်နိုင်ဘူး။ ထန်ဇီယွဲ့လည်း မဟုတ်ဘဲ အသေခံတပ်သားလည်း မဟုတ်ရင် တကယ်ပဲ ငါကိုယ်တိုင် ပေါက်ကြားစေခဲ့မိတာလား?
နန်ပါးထျန်းသည် အချိန်ခဏမျှ စဉ်းစားနေပြီးနောက် ပြောသည်။
“အမ်း ဇီယွဲ့ ၊ ငါဒီကိစ္စကို သေချာ စုံစမ်းစစ်ဆေးပါ့မယ်။ ဒါနဲ့ လျိုစုန့်က ဘာလို့ ဒဏ်ရာရသွားတာလဲ”
ထိုအခါ ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“ကျွန်တော်လည်း သေချာမသိပါဘူး။ အဲဒီလုပ်ကြံသူက ကြိုတင်တွက်ချက်ထားတဲ့အထဲမှာ မပါဝင်တဲ့သူဖြစ်ပြီးတော့ ဘယ်ကနေရောက်လာမှန်းလည်း မသိရပါဘူး”
အကြာကြီးတိတ်ဆိတ်နေပြီးနောက် နန်ပါးထျန်းမှ ပြောသည်။
“တကယ်ထူးဆန်းတယ်။ လျိုစုန့်ကို ထိခိုက်စေခဲ့တဲ့သူရဲ့သရုပ်မှန်ကို လူလွှတ်စုံစမ်းလိုက်။ ငါတို့ သူတို့နဲ့ ပူးပေါင်းလို့ရမလား တစ်ချက်ကြည့်ရအောင်”
ထန်ဇီယွဲ့မှ ပြောသည်။
“ဟုတ်ကဲ့ အတွင်းခန်းမကနေ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ပါမယ်”
“ဒါပေမဲ့ ခေါင်းဆောင်၊ လျိုစုန့် ဒဏ်ရာအပြင်းအထန်ရထားတော့ ခေါင်းဆောင်လျိုက လျိုစုန့်ကို ကုသဖို့နည်းလမ်းရှာဖွေမှာ သေချာပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ လျိုစုန့်ကို ငါးစာအဖြစ် အသုံးချပြီး ခေါင်းဆောင်လျိုကို တစ်ခုခုကြံစည်နိုင်မလားဆိုတာ စဉ်းစားကြည့်သင့်ပါတယ်”