အခန်း (၄၇၄)
Vol. 37 Ch. 474
“ကုချင်းဖုန််း ငါမင်းကို သတ်မယ်!”
လျိုလောင်ကွေ့မှ ဒေါသတကြီး အော်သည်။ ထိုစဉ် ပိုင်မော့ရှန်းသည်လည်း စာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောသည်။
“ခေါင်းဆောင် ကုချင်းဖုန်း ထွက်ပြေးသွားပါပြီ။ သူ့ကို ပြန်ဖမ်းဖို့က ခက်ခဲပါလိမ့်မယ်။ ဒီကိစ္စကို ရေရှည်အစီအစဉ်ဆွဲဖို့ပဲ တတ်နိုင်ပါတော့မယ်။ ကျွန်တော်တို့ အခုလက်ရှိဦးစားပေးလုပ်ရမှာက စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို အမြန်သွားဖို့ပါ”
လျိုလောင်ကွေ့သည် ပိုင်မော့ရှန်းကိုကြည့်၍ ပြောသည်။
“ဒီတိရစ္ဆာန်ကောင် လုပ်ထားတဲ့ကိစ္စက မနည်းဘူး။ ဒီလိုလွယ်လွယ်လေး လွှတ်ပေးလိုက်ရမှာလား”
ပိုင်မော့ရှန်းမှ ပြောသည်။
“ခေါင်းဆောင်အနေနဲ့ အရင်ဆုံး သူ့ကို ချောင်ကုန်သည်အဖွဲ့ကနေ ထုတ်ပယ်ပြီး တစ္ဆေလက်ခန်းမကို ပြန််သိမ်းယူနိုင်ပါတယ်။ ပြီးရင် ရေရှည်အတွက် အစီအစဉ်ချပါ။ သူ မျန့်ရွှေစီရင်စုကနေ ထွက်ပြေးမသွားသ၍ ကျွန်တော်တို့လက်ထဲကနေ မလွတ်မြောက်နိုင်ပါဘူး”
ထိုအခါ လျိုလောင်ကွေ့မှ ပြောသည်။
“ဒါက ငါ့ကိုတကယ်ဒေါသထွက်စေတယ်။ အရင်တုန်းက ကုမိသားစုညီအစ်ကိုတွေက ကုန််သည်အဖွဲ့ထဲမှာ အထင်မြင်သေးခံရတယ်။ ငါကသာ သူတို့ကို အထင်မြင်မသေးဘဲ ပျိုးထောင်ပေးခဲ့တာ။ အဲဒါတောင်မှ သူက ငါ့ကို ဒီလိုလုပ်ရဲတယ်… တကယ့်ကို စိတ်နာစရာပဲ။ ငါသူ့ကို လက်ဝါးရိုက်ချက်နဲ့ အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ပစ်ချင်စိတ်ကို ထိန်းချုပ်မရလောက်အောင်ပဲ”
ပိုင်မော့ရှန်းမှ ပြောသည်။
“ဒီလောကကြီးမှာ တစ်ပါးသူရဲ့ ကြင်နာမှုနဲ့ အနစ်နာခံမှုကို အလေ့အကျင့်တစ်ခုလို အခွင့်ကောင်းယူတတ်တဲ့သူတွေ များပြားလှပါတယ်။ ခေါင်းဆောင် ဒါက ရှောင်လွှဲမရနိုင်တဲ့အရာပါ”
လျိုလောင်ကွေ့ သက်ပြင်းချလိုက်သည်။
“အင်း အခြေအနေက ဒီလိုဖြစ်လာမှတော့ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကိုပဲ ခရီးတစ်ထောင့်သွားလိုက်တာပေါ့”
…
ကျားဖြူခန်းမ
အတွင်းခန်းမ၌ ချန်ကျဲ့သည် အပေါ်ပိုင်း အဝတ်ဗလာဖြင့် ထိုင်နေသည်။ စူးယွင်ကျင်းသည် သူ၏ဘေးတွင်ထိုင်၍ အသစ်ပြုလုပ်သန့်စင်ထားသည့် သေရည်ဖြူဖြင့် ချန်ကျဲ့၏ဒဏ်ရာကို သန့်စင်ပေးနေသည်။
စူးယွင်ကျင်းသည် မျက်ရည်ဝဲနေသည့် မျက်လုံးလေးများဖြင့် ချန်ကျဲ့ကို ကြည့်နေခဲ့ကာ ပြောသည်။
“ယောကျ်ား နာနေလား”
ချန်ကျဲ့မှ ပြောသည်။
“ဒီလောက်လေးက ဘာမှမဟုတ်ပါဘူး။ လုပ်ပါ”
ချန်ကျဲ့သည် ရိုးရှင်းစွာသော ‘လုပ်ပါ’ဟူသည့် စကားတစ်ခွန်းတွင် စူးယွင်ကျင်းသည် သေရည်ဖြူအိုးကို မြှောက်ကိုင်ကာ ချန်ကျဲ့ဒဏ်ရာထက်သို့ သေရည်ဖြူများ လောင်းချလိုက်သည်။
စူည်းးး..
သေရည်ဖြူများ ဒဏ်ရာတစ်လျှောက် စီးဆင်းသွားခြင်းနှင့်အတူ သွေးများ၊ ပြည်များလည်း အကုန်အစင် သန့်စင်သွားခဲ့သည်။ သေရည်ဖြူဖြင့် ဆေးကြောလိုက်ခြင်းကြောင့် ချန်ကျဲ့၏ဒဏ်ရာသည် မည်းနက်နေရာမှ တဖြည်းဖြည်းချင်း ပန်းရောင်ဖျော့ဖျော့သန်းလာခဲ့သည်။
ချန််ကျဲ့ နာကျင်မှုကြောင့် အံကြိတ်ထားရာ မျက်နှာအမူအရာသည် အနည်းငယ် ရှုံ့မဲ့နေသည်။
“အစ်ကိုကြီး အရမ်းနာနေလား နာနေလား”
ရွေ့ရွေ့သည် နာကျင်နေသည့် ချန်ကျဲ့ကိုမြင်သောအခါ ချက်ချင်းပြေးလာသည်။ ထို့နောက် သူမ၏လက်ထဲရှိ သကြားလုံးကို ချန်ကျဲ့၏ပါးစပ်ထဲ ထိုးထည့်ပေး၏။
“အစ်ကိုကြီး သကြားလုံးစားလိုက်၊ အဲဒါဆို မနာတော့ဘူး”
ချန်ကျဲ့၏ နဖူးမှာ ချွေးအေးများ စီးကျနေခဲ့သည်။ ထိုအခါ အစေခံမိန်းကလေးချွေ့ကျူသည် ရေစိုဝတ်ဖြင့် ချွေးအေးများကို ချက်ချင်းသုတ်ပေးသည်။
ချန်ကျဲ့သည် ညာလက်ကို ဆန့်ထုတ်ကာ ရွေ့ရွေ့၏ခေါင်းလေးကို ဖွဖွပုတ်ပေးရင်း ပြောသည်။
“အင်း ဘာမှမဖြစ်ပါဘူး။ သကြားလုံးစားလိုက်တော့ တကယ်ကြီး မနာတော့ဘူး”
ချန်ကျဲ့၏စကားအဆုံးတွင် စူးယွင်ကျင်းသည် ဂွမ်းလုံးဖြင့် ချန်ကျဲ့၏ဒဏ်ရာကို ဆက်သန့်ရှင်းပေးသည်။ ဒဏ်ရာကို အကြမ်းဖျင်းသန့်စင်ပြီးနောက်တွင် စူးယွင်ကျင်းသည် ယင်ဟုန်မိန်ထံမှ ပြင်ဆင်ထားသည့် ရွှေလိမ်းဆေးကို လှမ်းယူသည်။
ထို့နောက် ချန်ကျဲ့၏ဒဏ်ရာထက်တွင် သေချာလိမ်းပေးသည်။
၎င်းရွှေလိမ်းဆေးသည် ချန်ကျဲ့ အထူးတလည်ပြင်ဆင်ထားသည့် ဆေးတစ်မျိုးဖြစ်ပြီး သွေးပျစ်ခဲစေခြင်းနှင့် ပိုးသန့်စင်စေသည့် အာနိသင်ရှိသောကြောင့် အတော််လေး အသုံးဝင်သည်။
စူးယွင်ကျင်းသည် ဒဏ်ရာကို ဆေးလိမ်းပြီးနောက် ပတ်တီးစည်းပေးသည်။ ဤအရာအားလုံးကို စူးယွင်ကျင်းသည် ချန်ကျဲ့ထံမှ သင်ယူထားခြင်းဖြစ်သည်။
ယခုတွင် စူးယွင်ကျင်းသည် ကြံ့ခိုင်သန်မာနေပြီဖြစ်ကာ အိမ်တော်သခင်မတစ်ဦး၏ အရှိန်အဝါတည်ရှိနေပြီဖြစ်သည်။ စူးယွင်ကျင်းမှ ချန်ကျဲ့ကို ပြောခဲ့သည်။
“ယောကျ်ား၊ ရှင့်ရဲ့ကံကြမ္မာက ဓားသွားထက်မှာ လျှောက်နေဖို့ဆိုရင် ကျွန်မက ရှင့်ကို အကူအညီပေးနိုင်တဲ့သူဖြစ်ချင်ပါတယ်”
“ရှင် ဒဏ်ရာရလာတိုင်း ထောင့်မှာထိုင်ပြီး ငိုကြွေးနေတာမျိုး မဖြစ်ချင်ဘူး”
“ကျွန်မ ဆေးပညာသင်ယူချင်တယ်။ အဲဒီတော့မှ ရှင်ဒဏ်ရာရလာရင် ကျွန်မ ရှင့်ကိုကူညီပြီး ဆေးထည့်ပေးနိုင်မှာ”
ချန်ကျဲ့သည် ထိုစကားများကြောင့် ခံစားချက်များ လှိုက်တက်သွားခဲ့ရကာ စူးယွင်ကျင်းအား မျက်မှောက်ခေတ်၏ ရှေးဦးသူနာပြုစုနည််းအချို့ကို သင်ပေးခဲ့သည်။ အစပိုင်းတွင် စူးယွင်ကျင််းသည် အရမ်းကြောက်ရွံ့နေခဲ့ပြီး သွေးသံရဲရဲဒဏ်ရာများကို မထိရဲခဲ့ပေ။ သို့သော် အချိန်ကြာမြင့်လာသည်နှင့်အမျှ စူးယွင်ကျင်းသည် ဒဏ်ရာဆေးထည့်ခြင်းကို ကျွမ်းကျင်သွားခဲ့သည်။
သို့သော် စူးယွင်ကျင်းသည် ဒဏ်ရာဆေးထည့်ခြင်းကို ကျွမ်းကျင်နေပြီဖြစ်သည့်တိုင် ချန်ကျဲ့၏ကိုယ်ပေါ်၌ ဤသို့ဒဏ်ရာအနာတရမျိုး မြင်တွေ့ရတိုင်းတွင် ထိတ်လန့်နေမိဆဲ ဖြစ်သည်။
ဒဏ်ရာကို သေချာစည်းနှောင်ပြီးနောက်တွင် စူးယွင်ကျင်းသည် မျက်ရည်များကို မထိန်းချုပ်နိုင်တော့ပေ။ မျက်ရည်များ စီးကျလာခဲ့၏။
“ယောကျ်ား နာနေလား”
ချန်ကျဲ့သည် ထိုသို့စူးယွင်ကျင်းကို မြင်လိုက်ရသည်တွင် ပြော၏။
“မနာပါဘူး”
ထိုအခါ စူးယွင်ကျင်းသည် ချန်ကျဲ့၏လက်မောင်းကို ငုံ့ကြည့်လိုက်ရင်း ပြောသည်။
“ဒဏ်ရာက ထုတ်ချင်းပေါက်သွားလေ၊ ဘယ်လိုလုပ်ပြီး မနာမှာလဲ”
ချန်ကျဲ့ ပြုံးလိုက်ပြီး စူးယွင်ကျင်း၏ ပါးပြင်ပေါ်မှ မျက်ရည်များကို ဖွဖွသုတ််ပေးလိုက်သည်။
ထိုစဉ် ရှောင်ဟူပြန်ရောက်လာ၏။ ရှောင်ဟူသည် အခန်းထဲဝင်လိုက်သည်တွင် ထိုမြင်ကွင်းကို မြင်လိုက်ရလေသည်။
“အာ အစ်ကိုကြီး မရီး မင်းတို့…”
စူးယွင်ကျင်းသည် ချက်ချင်း ပါးမို့လေးများ နီမြန််းသွားတော့သည်။ ချန်ကျဲ့သည်တော့ ပုံမှန််အတိုင်းပင်။ ချန််ကျဲ့မှ ပြောသည်။
“မင်းရဲ့မရီးက ငါ့အတွက် စိတ်မကောင်းဖြစ်နေလို့ပါ။ ဒါနဲ့ စကားသေချာပါးခဲ့ရဲ့လား”
ရှောင််ဟူမှ ပြောသည်။
“ဟုတ်ကဲ့ စကားပါးခဲ့ပါတယ်။ အစ်ကိုကြီး ကျွန်တော်တို့ တကယ်ကြီး စီရင်စုအုပ်ချုပ်ရေးမှူးကို သွားတင်ပြမှာလား”
ချန်ကျဲ့မှ ပြောသည်။
“ငါတို့ သွားတင်ပြတာ မတင်ပြတာက အရေးမကြီးဘူး။ ဒီကိစ္စက ဖုံးကွယ်လို့မရနိုင်ဘူး။ အနှေးနဲ့အမြန် ရှင်းပြချက်တစ်ခုပေးရမှာပဲ”
ရှောင်ဟူမှ ပြောသည်။
“အာ ကျွန််တော်နားမလည်ဘူး”
ချန်ကျဲ့သည် ရှောင်ဟူကို ကြည့်လိုက်ပြီး ပြောသည်။
“နောက်ကျရင် နားလည်လာမှာပါ။ ရှောင်ဟူ၊ အခုလောလောဆယ် ငါမင်းကို လုပ်ပေးစေချင်တာ ရှိတယ်”
“ပြောပါ အစ်ကိုကြီး”
ချန်ကျဲ့မှ ပြောသည်။
“လူတချို့ခေါ်သွားပြီး မျန့်ရွှေစီရင်စုက ဆေးဆိုင်တိုင်းမှာ ရှိသမျှသွေးတန့်ဆေးတွေ အကုန်ဝယ်လာခဲ့လိုက်ပါ။ ပြီးတော့ အနီးအနားက စီရင်စုတွေကိုပါ လူလွှတ်ပြီးတော့ သွေးတန့်ဆေး ရသလောက် ဝယ်ခိုင်းလိုက်ပါ”
“ဟင်? သွေးတန့်ဆေးက ဘာလို့လဲ? ဘာလို့ အဲဒီလောက်အများကြီး ဝယ်ခိုင်းတာလဲဗျ”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ဟားဟား တရားခံကိုရှာဖို့ပေါ့”
“ဟမ်? တရားခံကိုရှာမယ်? သွေးတန့်ဆေးက တရားခံကို ရှာပေးနိုင်တယ်လား”
ချန်ကျဲ့မှ ပြောသည်။
“ဟားဟား ဒါပေါ့။ တောအုပ်ထဲမှာတုန််းက တရားခံက ငါ့ရဲ့နဂါးဖမ်းချုပ်လက်ဝါးသိုင်းတစ်ချက် ထိသွားတယ်။ ငါ သူ့ရဲ့အတွင်းအင်္ဂါတွေရဲ့ သွေးကြောမှတ်တွေကို ထိခိုက်စေခဲ့တာမို့လို့ အတွင်းဒဏ်ရာကို အပြင်းအထန်ခံစားနေရမှာ သေချာတယ်။ အဲဒီဒဏ်ရာကို ကုသဖို့အတွက် သွေးတန့်ဆေး၊ လင်ဇီး၊ ဆေးပင်၇မျိုးထဲက ရသာသုံးမျိုးမြက်တွေကို လိုအပ်လိမ့်မယ်။ အဲဒီအထဲမှာ အရေးအကြီးဆုံးပါဝင်ပစ္စည်းက သွေးတန့်ဆေးပဲ”
“ပြီးတော့ သူ့ရဲ့အဲဒီဒဏ်ရာက နှောင့်နှေးလို့ မဖြစ်ဘူး။ သုံးရက်အတွင်း ဆေးသောက်မှဖြစ်မှာ။ ငါခန့်မှန်းကြည့်တာတော့ တရားခံက သမားတော်သွားရှာ၊ ဆေးညွှန်းတောင်းပြီး ဆေးစုဆောင်းတာကို အနီးက စီရင်စုနှစ်ခုအတွင်း ပြီးမြောက်အောင် လုပ်ရလိမ့်မယ်။ မဟုတ်ရင် သူ့ဒဏ်ရာက ပိုဆိုးလာပြီးတော့ အသက်အန္တရာယ်စိုးရိမ်ရလိမ့်မယ်”
“အခု ငါတို့က သွေးတန့်ဆေးတွေကို အကုန်ဝယ်ပစ်လိုက်မယ်ဆိုရင် တရားခံက ဆေးရဖို့အတွက် စွန့်စားပြီး ငါ့ကိုလာရှာဖို့ပဲ တတ်နိုင်တော့မှာ။ မဟုတ်ရင်တော့… ဟားဟား…”
“ဪ ကျွန်တော်နားလည်ပြီ။ အစ်ကိုချန်ဆိုလိုတာက ကျွန်တော်တို့က သွေးတန့်ဆေးတွေ အကုန်ဝယ်လိုက်မယ်ဆိုရင် တရားခံက ဒဏ်ရာကုသချင်ရင် စွန့်စားပြီး ကျွန်တော်တို့ဆီ လာခိုးယူရတော့မှာ။ ဒါဆို၇င် ကျွန်တော််တို့က ဝက်ကို ထိုင်စောင့်နေရုံပဲပေါ့?”
“အဟမ်း အမှန်ပဲ။ ဒါပေမဲ့ ရှောင်ဟူ မင်း စာများများဖတ်သင့်တယ်။ ယုန်ကို ထိုင်စောင့်တာကွ၊ ဝက်မဟုတ်ဘူး”
ချန်ကျဲ့ ရှောင်ဟူကို အထူးတလည် သင်ပြပေးလိုက်သည်။
အနီးရှိ အစေခံမိန်းကလေးများသည် ပါးစပ်အုပ်၍ မသိမသာ ခိုးရယ်နေကြ၏။ ထိုအခါ ရှောင်ဟူသည်လည်း ခေါင်းကုတ်လျက် အတူလိုက်ရယ်လိုက်တော့သည်။