← Chapters

အခန်း (၄၇၈)

Vol. 37 Ch. 478

အခန်း (၄၇၈)

Vol. 37 Ch. 478

“အဲဒါက သာ့ချန်စစ်တပ်အတွက် ခြိမ်းခြောက်မှုကြီးပဲ။ ဝန်ကြီးထောထောပုဟွားက အမျက်ထွက်ပြီး မိန်ဂိုဏ်းနဲ့ ပူးပေါင်းနေသူတွေနဲ့ မိန်ဂိုဏ်းကို လက်နက်ရောင်းချကုန်သွယ်နေသူတွေကို စုံစမ်းစစ်ဆေးဖို့အတွက် နယ်ပယ်ဒေသအရပ်ရပ်ကို စိစစ်ရေးတမန်တော်တွေ စေလွှတ်လိုက်တယ်”

ယဲ့လုဖုန်း၏စကားတွင် ချန်ကျဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

ယဲ့လုဖုန်းမှ ဆက်ပြောသည်။

“လက်ရှိမှာ စိစစ်ရေးတမန်တော်က ရှန်းရှီးနဲ့ ရှန်ရှီးမှာ စုံစမ်းစစ်ဆေးနေတယ်။ မကြာခင် ဟူကွမ်းလမ်းကို ဝင်ရောက်ပြီး ငါတို့မျန့်ရွှေစီရင်စုအပါအဝင် ဟွမ်ကျိုးပြည်နယ်ကို ဝင်တော့မှာ။ နေရာဒေသအားလုံးက စိစစ်ရေးတမန်တော်ရဲ့ စောင့်ကြည့်စစ်ဆေးမှုအောက်ကို ရောက်ရှိသွားလိမ့်မယ်”

“အဲဒါကြောင့် ငါ မင်းတို့ကိုပြောချင်တာက အခုအချိန်မှာ မင်းတို့အားလုံး မိန်ဂိုဏ်းကို နှိမ်နင်းဖို့အတွက်ပဲ အာရုံစိုက်ကြစေချင်တယ်။ မျန့်ရွှေစီရင်စုက မိန်ဂိုဏ်းရဲ့အမြစ်တွေကို ဖြတ်ပစ်ရမယ်!”

“လတ်တလောမှာ ငါ ချီမုကောကို စေလွှတ်ပြီး မိန်ဂိုဏ်းရဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုကို ဖျက်စီးလို့ သူပုန်ဂိုဏ်းသားတစ်အုပ်ကို ဖမ်းဆီးခိုင်းခဲ့တယ်။ ဂိုဏ်းသားတချို့ ဖမ်းမိထားတာမလို့ သူတို့ထဲက ‌တစ်ယောက်လောက် ပါးစပ်ဟတာနဲ့ မျန့်ရွှေစီရင်စုက သူတို့ရဲ့အခြေစိုက်စခန်းကို ရှာဖွေပြီး ဖျက်ဆီးနိုင်လိမ့်မယ်”

“ဒီလိုနည်းနဲ့ မျန့်ရွှေစီရင်စုမြို့က စိစစ်ရေးတမန်တော်ကို ကြိုဆိုကြမယ်”

အားလုံး တိတ်ဆိတ်နေကြသည်။

ထိုစဉ် ချန်ကျဲ့မှ လက်ယှက်အရိုအသေပြုလျက် ပြောသည်။

“သခင်ကြီးယဲ့လု ဆိုလိုချင်တာကို ကျွန်တော်တို့နားလည်ပါတယ်။ သခင်ကြီး အမိန့်သာချမှတ်လိုက်ပါ။ လူအင်အားထောက်ပံ့တာဖြစ်ဖြစ် အင်အားစိုက်ထုတ်တာဖြစ်ဖြစ် ကျွန်တော်တို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး”

ချန်ကျဲ့မှ ယုံကြည်ချက်ရှိစွာသော ပြောစကားကို ယဲ့လုဖုန်း စိတ်ကျေနပ်သည်။

ချန်ကျိုစစ်က စဉ်းစားချင့်ချိန်တတ်သားပဲ။

ထို့နောက် ယဲ့လုဖုန်းသည် နန်ပါးထျန်းနှင့် လျိုလောင်ကွေ့ကို ကြည့်လိုက်သည်။ ထိုအခါ သူတို့နှစ်ဦးသည်လည်း ဆုံးဖြတ်ချက်ပြတ်သားခိုင်မာစွာ ပြောလာကြသည်။

“သခင်ကြီး ကျွန်တော်တို့ကို ဘာလုပ်ရမယ်ဆိုတာပဲ ပြောလိုက်ပါ”

ထိုအခါ ယဲ့လုဖုန်းသည် ခပ်သာသာ ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ကောင်းပြီ။ ဒီလိုဆို‌မှတော့ မဖြစ်‌မနေလုပ်ရမယ့်အကြောင်းအရာတွေကို ဆွေးနွေးကြတာပေါ့”

“စိစစ်ရေးတမန်တော်ရဲ့ စုံစမ်းစစ်ဆေးမှုအရ ငါတို့အဓိကအာရုံစိုက်ရမှာက မိန်ဂိုဏ်းကို ဖမ်းဆီးနှိမ်နင်းဖို့ မဟုတ်ဘဲ သံသတ္တုလုပ်ငန်းဖြစ်မယ်လို့ ငါယုံကြည်တယ်။ ဒီတစ်ကြိမ်မှာ တော်ဝင်နန်းတော်က လုံးဝပြတ်သားတယ်။ စိစစ်ရေးတမန်တော် တောင်ပိုင်းကိုလာရောက်တဲ့ ခရီးစဉ်တစ်လျှောက်မှာ စီရင်စုအုပ်ချုပ်ရေးမှူးဒါဇင်ကျော်ကို ဖမ်းဆီးပြီး သုံးယောက်ကို ကွပ်မျက်ခဲ့ပြီးပြီ”

“ဒါက အရမ်းကိုမှ အန္တရာယ်များတဲ့ အချက်ပြမှုပဲ။ ငါတို့အားလုံးရဲ့လုံခြုံရေးအတွက် ငါတစ်ချိန်လုံး အပြင်းအထန်စဉ်းစားနေခဲ့တာ ဒီနေ့ ခေါင်းဆောင်လျိုက နည်းဗျူဟာတစ်ခု ပြောပြလာမှပဲ ငါ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားတော့တယ်”

ထိုအခါ ချန်ကျဲ့နှင့် နန်ပါးထျန်းတို့နှစ်ဦးစလုံး လျိုလောင်ကွေ့ကို ကြည့်လိုက်ကြသည်။

အထူးသဖြင့် နန်ပါးထျန်းဖြစ်၏။ နန်ပါးထျန်းသည် လျိုလောင်ကွေ့မှ မည်သို့လှည့်ကွက်များ ထုတ်သုံးနေသည်ကို ခန့်မှန်းတွေးတောရင်း မျက်မှောင်ကြုတ်နေတော့သည်။

ချန်ကျဲ့သည် လျိုလောင်ကွေ့ကို ကြည့်ရုံသာကြည့်နေခဲ့ပြီး ဘာမျှမပြောပေ။ အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

ထို့နောက် ယဲ့လုဖုန်းမှ လျိုလောင်ကွေ့ကိုကြည့်၍ ပြောသည်။

“ခေါင်းဆောင်လျို ခင်ဗျားရဲ့အတွေး‌အမြင်ကို အားလုံးနဲ့ မျှဝေပေးလိုက်ပါဦး”

ထိုအခါ လျိုလောင်ကွေ့မှ ပြောသည်။

“အင်း ကျွန်တော့်အမြင်ကတော့ စုံစမ်းစစ်ဆေးရေးက သံသတ္တုလုပ်ငန်းကို အဓိကထားတာဆိုတော့ မြောက်ပိုင်းတောင်သံသတ္တုတွင်းကို ပိတ်သိမ်းလိုက်ကြမလားလို့လေ? သံတူးဖော်မှုကို ရပ်လိုက်ရင် ကုန်သွယ်မှုလည်း အလိုအလျောက် ‌ရပ်သွားမယ်မဟုတ်လား။ မိန်ဂိုဏ်းမှာ အကြံအစည်တွေရှိနေရင်တောင်မှ သံသတ္တုမရှိရင် သူတို့လည်း ကူကယ်ရာမဲ့ကုန်လိမ့်မယ်။ ဒါက အမှားအယွင်းမရှိနိုင်တဲ့ အစီအစဉ်ပါပဲ”

ထိုစကားအဆုံး၌ နန်ပါးထျန်းသည် လျိုလောင်ကွေ့ကို ချက်ချင်း ခေါင်းလှည့်ကြည့်၏။

“လျိုလောင်ကွေ့ ခင်ဗျားရူးသွားပြီလား! မြောက်ပိုင်းတောင်သတ္တုတွင်းကို ပိတ်သိမ်းလိုက်ရင် ခင်ဗျားရဲ့ကုန်သည်အဖွဲ့သားတွေက ဘာနဲ့ စားသောက်အသက်ရှင်ကြမှာလဲ”

လျိုလောင်ကွေ့မှ တည်ငြိမ်အေးဆေးစွာ ပြန်ဖြေသည်။

“ခေါင်းဆောင်နန် ထောက်ပြတာ တကယ်အရေးကြီးတဲ့အချက်ပါပဲ။ မြောက်ပိုင်းတောင်သတ္တုတွင်းက ကျုပ်တို့ကုန်သည်အဖွဲ့ရဲ့ အဓိကအသက်သွေးကြောဖြစ်ပေမဲ့လည်း အခုက အရေးကြီးနေတဲ့အချိန်အခါ မဟုတ်ပေလား။ ပြီးတော့ သခင်ကြီးယဲ့လုအတွက် အခက်ခဲဆုံးအချိန်လည်း ဖြစ်နေတယ်။ ကျုပ်က အရည်အချင်းမရှိပေမဲ့ စီရင်စုအုပ်ချုပ်ရေးမှူးသခင်ကြီးရဲ့ စိုးရိမ်ပူပန်မှုတွေကို မျှဝေထမ်းရွက်ဖို့ ဆန္ဒရှိပါတယ်”

“သတ္တုတွင်းလေးတစ်ခုပဲဟာ၊ ပိတ်သိမ်းလိုက်လို့ သခင်ကြီးယဲ့လုအတွက် အကူအညီဖြစ်နိုင်မယ်ဆိုရင်် ဘာတွေပဲ စတေးခံဖို့လိုအပ်ပါစေ ကျုပ်ဆန္ဒရှိပါတယ်”

လျိုလောင်ကွေ့မှ ယဲ့လုဖုန်းကို ပြောသည်။ ထိုအခါ ယဲ့လုဖုန်းသည် လျိုလောင်ကွေ့ကိုကြည့်လျက် ပြန်ပြောသည်။

“ခေါင်းဆောင်လျိုက တကယ့်ကို ဖြောင့်မတ်မှန်ကန်တဲ့သူပါပဲ။ ခေါင်းဆောင်လျို စိတ်ချပါ။ ကျုပ် ခင်ဗျားရဲ့အကျိုးဆောင်မှုတွေကို မမေ့လျော့ပါဘူး”

ထိုအခါ ချန်ကျဲ့မှ ရယ်မောလျက် ပြောသည်။

“သခင်ကြီးယဲ့လုသိတဲ့အတိုင်း ကျွန်တော်ရဲ့သတ္တုတွင်းက သံသတ္တုကုန်သွယ်မှုကို ရပ်ဆိုင်းထားတာ ကြာခဲ့ပါပြီ။ အခု သခင်ကြီးလိုအပ်တယ်ဆိုရင် ကျွန်တော်က ခေါင်းဆောင််လျိုလို နက်ရှိုင်းတဲ့နားလည်မှုနံ့ ဖြောင့်မတ်မှန်ကန်မှုမျိုး မရှိပေမဲ့ ကျွန်တော်တတ်နိုင်သလောက် နည်းနည်းဖြစ်ဖြစ် အကျိုးဆောင်ပေးလိုပါတယ်။ ကျွန်တော့်ရဲ့သတ္တုတွင်းကိုလည်း လုံးဝ ပိတ်သိမ်းလိုက်ပါ့မယ်”

ယဲ့လုဖုန်း ပြုံးလိုက်သည်။

“ကောင်းတယ်။ ကျိုစစ်ကလည်း ဖြောင့်မတ်မှန်ကန်တဲ့သူပါပဲ”

ထို့နောက် အားလုံး၏အကြည့်များသည် နန်ပါးထျန်းထံသို့ ကျရောက်လာကြသည်။ နန်ပါးထျန်းမှာ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်သွားရ၏–

အဲဒီတော့ မင်းတို့အားလုံးက ဖြောင့်မတ်မှန်ကန်ပြီး ငါတစ်ယောက်တည်း မကောင််းတဲ့လူကြီးပေါ့လေ၊ ဟုတ်လား? မင်းတို့က အရမ်းကြီးကျယ်မြင့်မတ်ကြတာပါပဲလားနော်။

ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ဝင်ငွေတစ်ဝက်လောက်က မြောက်ပိုင်းတောင်သံသတ္တုတွင်းကို မှီခိုနေရတာ။ စကားလေးတစ်ခွန်းနှစ်ခွန်းလောက်နဲ့ ပိတ်သိမ်းဆို ပိတ်သိမ်းလိုက်ရောလား? ငါတော့ မလုပ်ဝံ့ပါဘူး။

ငါသာ သံသတ္တုတွင်းကို ပိတ်သိမ်းလိုက်ရင် ငါးဖမ်းကုန်သည်အဖွဲ့က အနည်းဆုံး ဝင်ငွေတစ်ဝက်လောက်ကို ဆုံးရှုံးရမှာ။ အဲဒီလိုဆို အဖွဲ့သားတွေ ပုန်ကန်ကုန်ကြမှာပေါ့?

ဒါပေမဲ့ ငါက ဘယ်လိုလုပ်ပြီး မပိတ်သိမ်းဘူးလို့ ပြောရဲမှာလဲ?

လျိုလောင်ကွေ့နဲ့ ချန်ကျိုစစ်က သူတို့ရပ်မယ့်ဘက်ကို အတိအလင်း ဖော်ပြထားပြိးပြီ။ အဲဒါကို ငါက မရွေးချယ်ဘူးဆိုရင် ဘယ်လိုအဓိပ္ပာယ်ဖြစ်သွားမလဲ– ငါက အဲဒီလောက်အထိ ထောင်လွှားဝံ့ပါ့မလား?

ထိုသို့အတွေးများဖြင့် နန်ပါးထျန်း၏မျက်နှာထက်တွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ထင်ဟပ်လာခဲ့သည်။ ယဲ့လုဖုန်းသည် နွေးထွေးသည့်အပြုံးတစ်စဖြင့် နန်ပါးထျန်းကို ကြည့်နေခဲ့သည်။ ထို့နောက် ပြောသည်။

“ခေါင်းဆောင်နန် ခင်ဗျား အကျပ်ရိုက်သွားဖို့မလိုပါဘူး။ မြောက်ပိုင်းတောင်သံသတ္တုတွင်းက ခင်ဗျားအတွက် တကယ့်ကို အရေးကြီးပါတယ်။ ခင်ဗျားကို ပိတ်သိမ်းဖို့အတွက် ဖိအားပေးဖို့ရာ မသင့်တော်ပါဘူး။ အဲဒါကြောင့် ခင်ဗျား မပိတ်ချင်ရင် မပိတ််လို့ရပါတယ်။ ဒီကိစ္စက ကိုယ်ဆန္ဒရှိမှ လုပ်ဆောင်ရမှာပါ”

ယဲ့လုဖုန်း၏ ဖော်ရွေကြည်သာသည့် မျက်နှာအမူအရာကို ကြည့်လိုက်သည်တွင် နန်ပါးထျန်းသည် သူ၏နှလုံးအိမ် အေးစိမ့်သွားသည့်အလား ခံစားလိုက်ရသည်။ တစ််ပြိုင်နက်တည်းပင် လုံးဝ အသိစိတ်နိုးကြားသွားခဲ့သည်။

မင်းအခု ဘယ်သူနဲ့ စကားပြောနေတာလဲ နန်ပါးထျန်း? မင်းရှေ့မှာ ရှိနေတဲ့သူက ယဲ့လုဖုန်းပဲ။ မင်းရဲ့ကံကြမ္မာကို လက်ထဲဆုပ်ကိုင်ထားတဲ့သူ။ မင်း သူ့ကိုဆန့်ကျင်လိုက်ရင် ‘သေခြင်း’ဆိုတဲ့စကားလုံးကို သေချာသိမြင်သွားရလိမ့်မယ်ကွ။

ထိုသို့အတွေးဖြင့် နန်ပါးထျန်းသည် ချက်ချင်း အတင်းဖျစ်ညှစ်ပြုံးရလေသည်။

“သခင်ကြီးယဲ့လု၊ မြောက်ပိုင်းတောင်သံသတ္တုတွင်းက ငါးဖမ်းကုန်််သည်အဖွဲ့ရဲဲ့ ဝင်ငွေတစ်ဝက်ကို ထောက်ပံ့ပေးနေတာဖြစ်လို့ ပိတ်သိမ်းလိိုက်ရင် ငါးဖမ်းကုန်သည်အဖွဲ့ကို အကြီးအကျယ်ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရစေမှာဖြစ်ပေမဲ့ သခင်ကြီးယဲ့လုအတွက် ကျွန်တော့်ရဲ့တာဝန်ကို ကျွန်တော်ထမ်းဆောင်မှာပါ။ ကျွန်တော် မြောက်ပိုင်းတောင်သံသတ္တုတွင်းကို ပိတ်သိမ်းလိုက်ပါ့မယ်”

ထိုအခါ ယဲ့လုဖုန်းသည် ပို၍ စိတ်ကျေနပ်စွာ ပြုံးသွား၏။

“ကောင်းတယ် ကောင်းတယ်။ ငါ လူကဲခတ်မမှားဘူးပဲ။ မင်းတို့သုံးယောက်လုံးက တော်ဝင်နန်းတော်အပေါ် သစ္စာရှိတဲ့နောက်လိုက်တွေပဲ။ ဒီလိုဆိုမှတော့ ငါတို့ သဘောတူညီမှုလုပ်လိုက်ကြရအောင်။ မနက်ဖြန်က စပြီးတော့ သံသတ္တုတွင်းအားလုံး သံသတ္တုထုပ်လုပ်မှု ရပ်ဆိုင်းရမယ်။ ပြီးတော့ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က သံသတ္တုတွင်းထဲက ရှိရင်းပစ္စည်းတွေကို ယာယီချိတ်ပိတ်ထိန်းသိမ်းထားမယ်”

စာစဉ်ပြီး၏

All Chapters