← Chapters

ထူးဆန်းသော အဘွားအို

Vol. 1 Ch. 6

ထူးဆန်းသော အဘွားအို

Vol. 1 Ch. 6

အဘွားအိုကြီးက စကားပြောပြီးနောက် လမ်းဖယ်ပေးလိုက်သည်။

ဝမ်ရှောက်ထျန်းသည် အဆင်မပြေစွာ ပြုံးလိုက်သော်လည်း ထိုအချိန်တွင် အများကြီး မစဉ်းစားနေတော့ဘဲ သူ့ရှေ့မှ အဘွားအိုကို ဖြားယောင်းဖျောင်းဖျပြီး ဤနေရာမှ ထွက်သွားချင်နေခဲ့သည်။

သူက အဘွားအို၏ အခန်းထဲသို့ ဝင်လိုက်သည်။

အခန်းသည် မီးရောင်မှိန်ပြပြ လင်းနေပြီး လေထဲတွင် စက္ကူမီးရှို့ထားသည့် အနံ့များဖြင့် ပြည့်နေလေသည်။

ဝမ်ရှောက်ထျန်း အိမ်ထဲသို့ လျှောက်ဝင်လိုက်စဉ် သူ၏ နောက်ဘက်မှ “ဒုန်းခနဲ” အသံပြင်းပြင်းတခု ထွက်ပေါ်လာသည်။ သူသည် အလွန်စိတ်လှုပ်ရှားနေချိန်၌ ရုတ်တရက် ထွက်ပေါ်လာသော ထိုအသံကြောင့် လန့်ဖြန့်သွားကာ လှည့်ကြည့်မိလိုက်သည်။ ထိုအသံထက် ပို၍ ကြောက်စရာကောင်းသည့် မြင်ကွင်းက သူ့ကို ပို၍ တုန်လှုပ်သွားစေခဲ့သည်။

သူ ခေါင်းကို ရုတ်တရက် လှည့်လိုက်သောအခါ သွေးမရှိဘဲ ဖြူဖျော့နေသော မျက်နှာတစ်ခုက သူ၏ မျက်နှာနှင့် လက်မအနည်းငယ်သာ ကွာဝေးသော နေရာတွင် ရှိနေပြီး မျက်လုံးများက သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရခြင်းပင်။

အဘွားအိုသည် သူ့နောက်တွင် အလွန်နီးကပ်စွာ ရပ်နေသောကြောင့် သူ အော်ဟစ်လိုက်ပြီး အလျင်အမြန် နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားကာ နဖူးတွင် ချွေးစေးများ ပျံနေခဲ့သည်။

“လူငယ်လေး ငါ့ကြောင့် လန့်သွားတာလား”

အဘွားအိုက ညင်သာစွာ ရယ်မောပြီး မေးလိုက်သည်။

ဝမ်ရှောက်ထျန်းသည် နှစ်ကြိမ်မျှ အသက်ကိုပြင်းပြင်း ရှူလိုက်ပြီး တုံ့ရီစွာဖြင့် ပြန်ဖြေလိုက်သည်။

“မ-မဟုတ်ပါဘူး”

“အဘွား အဘွား ခုနက မှာထားတဲ့ အပြင်စာက ဘယ်မှာလဲဟင်”

ထို့နောက် ဝမ်ရှောက်ထျန်းက မေးခွန်းထုတ်ပြီး မှိန်သောမီးရောင်ဖြင့် အခန်းတစ်ဝိုက်ကို စူးစမ်းကြည့် လိုက်သည်။

ဤရပ်ကွက်သည် ဝမ်ရှောက်ထျန်းကိုယ်တိုင်ထက်ပင် များစွာ သက်တမ်းရင့်နေသော ရပ်ကွက်ဟောင်း ဖြစ်သည်။ အခန်းများအားလုံးသည် သေးငယ်ပြီ ၊(၃၀) စတုရန်းမီတာခန့်သာ ရှိသော အိပ်ခန်းတစ်ခန်းပါ တိုက်ခန်းများဖြစ်သည်။

ဝမ်ရှောက်ထျန်းသည် အခန်းထဲရှိ အရာအားလုံးကို မျက်ခြည်မပြတ် စူးစမ်းကြည့်သော်လည်း အပြင်စာမရှိ ထုပ်ပိုးထားသည့် အရာများပင်မရှိနေပေ။

အတွေးတစ်ခုက သူ့စိတ်ထဲတွင် ချက်ချင်း ပေါ်လာခဲ့သည်။ သူ့ရှေ့က အဘွားကြီးသည် အပြင်စာကို လုံးဝ မှာယူထားခြင်း မဟုတ်ဘဲ သူ့အား အခန်းထဲသို့ ခေါ်သွင်းရန်သာ အပြင်စာကို အကြောင်းပြပြီး ဆွဲဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်။

ဤရက်ပိုင်းအတွင်းက အဖြစ်အပျက်များသည် ထူးဆန်းလွန်းပြီး၊ ရှင်းပြလို့မရနိုင်သော အရာတွေ များပြားလှလေသည်။ အထူးသဖြင့် လီရွှယ် ပြောခဲ့သည့် စကားများက သူ့ကျောရိုးတစ်လျှောက် အေးစက်သွားစေပြီး သူ့တစ်ကိုယ်လုံးရှိ အမွေးများပင် ထောင်သွားစေလေသည်။

ဒီသက်ကြီးအမျိုးသမီးက…….. ဖြစ်နိုင်လား။

ဝမ်ရှောက်ထျန်းသည် ထို ခေတ်နောက်ကျပြီး အယူသီးသည့် အတွေးကို အမြစ်ဖြတ်ပစ်ရန် ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်သည်။ ထို့အပြင် သူသည် ဤထင်မြင်ချက်ကို အတည်ပြုရန် မရဲဘဲ အခြား အကြောင်းပြချက်များကိုသာ စဉ်းစားလိုသည်။

“လူငယ်လေး၊ အလျင်မလိုပါနဲ့။ အဘွားမှာ မင်းကူညီမှရမဲ့ အခြားကိစ္စလေးတွေ ရှိပါ သေးတယ်”

အဘွားအိုက ဖြည်းညင်းစွာ ပြန်ဖြေလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာကာ ဤသည်က ဝမ်ရှောက်ထျန်းကို ပို၍ပင် စိတ်မသက်မသာ ဖြစ်စေခဲ့လေသည်။

သူသည် စိတ်ထဲမှ မိမိကိုယ်ကို ကျိန်ဆဲနေမိသည်။

*သေစမ်း စူးစမ်းလိုစိတ်ကြောင့် ဒုက္ခရောက်တော့မယ်။ ဘာဖြစ်လို့ ငါက ရိုးရိုးသားသား အစားအသောက်ပို့တဲ့ အလုပ်ကို ကောင်းကောင်းမလုပ်ဘဲ လီရွှယ်ကို ယုံပြီး ဘာတွေဖြစ်နေလဲဆိုတာ လာရှာဖွေမိနေတယ်-*

ဝမ်ရှောက်ထျန်းသည် သူ့ပါးစပ်ကို မရဲတရဲဟရင်း တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်

“အဘွား ကျွန်တော့်မှာ ပို့ရမယ့် အပြင်စာတွေ ရှိသေးလို့ ဒီထက်ပိုကြာကြာ မနေတော့ပါဘူး”

ထိုသို့ပြောပြီးနောက် သူသည် တိတ်တဆိတ် ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ထူးဆန်းစွာပင် အဘွားအိုက သူ့ကို မတားဘဲ ဝမ်ရှောက်ထျန်း တံခါးဆီကို သူမဘေးမှဖြတ်၍ ပြေးထွက်သွားသည်ကို ခွင့်ပြုပေးလိုက်လေသည်။

ဤအချိန်၌ ဝမ်ရှောက်ထျန်းတွင် အခြားမည်သည့်အရာကိုမှ စဉ်းစားရန် အချိန်မရှိတော့ပေ။ ဤ ဘေးဆိုးကျရောက်ရာနေရာမှ အမြန်ဆုံး ထွက်သွားချင်နေမိသည်။

သို့သော် ဝမ်ရှောက်ထျန်း တံခါးကို လှမ်းကိုင်လိုက်သောအခါတွင် သူ မည်မျှပင် အားထုတ်သော်လည်း ဖွင့်၍ မရနိုင်ကြောင်း သိလိုက်ရသည်။ သူ အံကိုကြိတ်ကာ ထပ်မံကြိုးစားသော်လည်း ဟောင်းနွမ်းနေသော ထိုတံခါးက တန်ချိန်များစွာ လေးနေသကဲ့သို့ ဖြစ်နေခဲ့သည်။ သူ၏ နဖူးမှ ချွေးစေးများသည် စီးကြောင်းတစ်ခုအဖြစ် စုစည်းပြီး ပါးပြင်ပေါ်သို့ စီးကျလာခဲ့ပြီး လည်ပင်းရှိ သွေးကြောများပင် ဖောင်း ကားနေသည်ကို ကြည့်ခြင်းဖြင့် သူ မည်မျှ အားထုတ်နေသည်ကို ပြသနေပေသည်။

သို့သော် တံခါးမှာ မလှုပ်မယှက် ပိတ်နေဆဲသာဖြစ်သည်။

ထိုအချိန်တွင် ဝမ်ရှောက်ထျန်းသည် သူ့နောက်မှ ခြေသံများကို ခပ်သဲ့သဲ့ ကြားလိုက်ရပြီး ထိုအသံများက တဖြည်းဖြည်း နီးကပ်လာခဲ့သည်။

သူသည် နောက်ကို လှည့်မကြည့်ရဲပေ။ ထိုခြေသံများက သူ့နှလုံးခုန်သံအတိုင်း စည်းချက်ညီနေသလို ဖြစ်နေပြီး သူ့တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။

“လူငယ်လေး ဒီလောက် အလျင်စလို ထွက်မသွားပါနဲ့ဦး။ အဘွားနဲ့ ခဏလောက် စကားပြောပါဦး”

အဘွားကြီး၏ အသံက ဝမ်ရှောက်ထျန်း၏ နောက်ဘက်တွင် သေမင်း၏ ခေါ်သံကဲ့သို့ အသက်မဲ့စွာ ပဲ့တင်ထပ်နေသည်။

ဝမ်ရှောက်ထျန်း၏ ခန္ဓာကိုယ်က သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ယင်နေသည်။

ရုတ်တရက် ခြောက်သွေ့တွန့်လိမ်နေသော လက်တစ်ဖက်က သူ့ပခုံးကို ပုတ်လိုက်ရာ သူ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။

ဤလက်သည် လုံးဝ နွေးထွေးမှု ကင်းမဲ့နေပြီး ရေခဲတိုက်ထဲမှ ထုတ်ယူထားသကဲ့သို့ အေးစက်နေသည်။ ဝမ်ရှောက်ထျန်း၏ ပါးလွှာသော အဝတ်အစားများမှတစ်ဆင့် ထိုအအေးဓာတ်သည် ပခုံးမှစ၍ သူ၏ ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းအားလုံးသို့ ပျံ့နှံ့သွားသည်။

“အဘွား ကျွန်တော် တစ်သက်လုံး အမှားတစ်ခုမှ မလုပ်ခဲ့ဖူးပါဘူး။ မိန်းကလေးရဲ့ လက်ကိုတောင် မကိုင် ဖူးပါဘူး။ တစ်ယောက်ယောက်ကို ထိခိုက်စေချင်တာဆိုရင် တခြားတစ်ယောက်ကို သွားထိခိုက်ပါခင်ဗျာ….”

“ကျေးဇူးပြုပြီး သနားသောအားဖြင့် ကျွန်တော့်ကို လွှတ်ပေးပါ…..”

ဝမ်ရှောက်ထျန်း၏ အသံသည် သူ့ခန္ဓာကိုယ်ကဲ့သို့ တုန်ယင်နေပြီး အသံများပင် ရှိုက်သံဖြင့် ဆို့နင့်နေသည်။

သူသည် မိသားစု၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်နှင့် စားဝတ်နေရေးအတွက် အချိန်ပိုင်းအလုပ် လုပ်ကိုင်နေခြင်းသာ ဖြစ်လေသည်။ ဤကဲ့သို့သော အရာမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဘူးပေ။

သူသည် နောင်တရနေခဲ့ပြီး စိတ်ထဲမှ ညည်းတွားကာ သူ့အသက်ကို ကယ်တင်မည့် ကယ်တင်ရှင်တစ်ဦး ပေါ်လာစေရန် အကြိမ်ကြိမ် ဆုတောင်းနေခဲ့မိလေသည်။

သို့သော် အဘွားအိုသည် ဝမ်ရှောက်ထျန်း၏ ပခုံးပေါ် လက်တင်ပြီးနောက် ဘာမှဆက်မလုပ်တော့ခြင်းကြောင့် ဝမ်ရှောက်ထျန်းသည် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။

ဤအဘွားအိုက စိတ်ပြောင်းသွားပြီး လောကကြီးထဲတွင် လူဆိုးများစွာရှိသည့်အနက်မှ သူ့လိုမျိုး လူကောင်းတစ်ယောက်ကို လွှတ်ပေးလိုက်ခြင်းများလား။

အဘွားအို၏ မျက်နှာသည် ပုံမှန်မဟုတ်ဘဲ နွမ်းလျနေပြီး အသက်ရှူသံက ပြင်းထန်ကာ မျက်လုံးထဲမှ အကြည့်သည် အထူးပင် ကြမ်းတမ်းလှပေသည်။

“ဒေါက်. ဒေါက်.. ဒေါက်...”

ရုတ်တရက် တံခါးခေါက်သံကို ကြားလိုက်ရသည်။

တံခါးခေါက်သံကို ကြားလိုက်ရသောအခါ ဝမ်ရှောက်ထျန်း၏ တင်းကျပ်နေသော စိတ်နှလုံးသည် အနည်းငယ် လျော့ကျသွားခဲ့သည်။

ကံကြမ္မာ လမ်းစဖွင့်ပေးသည်ဟု သူ၏ စိတ်ထဲမှ တွေးလိုက်သည်။ ဤအချိန်တွင် အဘွားအို၏ တံခါးကို တစ်စုံတစ်ယောက်က လာခေါက်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

အဘွားအို၏ မျက်နှာသည် ပို၍ပင် ဖြူဖျော့လာပြီး အံများကို ကြိတ်လိုက်သည်။

“ဒီအချိန်မှ ငါ့အစီအစဉ်တွေကို ဖျက်ဆီးရတယ်လို့…”

သူမသည် ဒေါသတကြီး ကျိန်ဆဲလိုက်သော်လည်း သူမစကားများမှ အပြင်ဘက်က လူကို သူမ မယှဉ်နိုင် ကြောင်း ရှင်းနေပြီး ထို့ကြောင့် ဝမ်ရှောက်ထျန်း၏ ပခုံးပေါ်မှ သူမ၏လက်ကို ဖယ်ရှားရန်သာ ရွေးချယ် ယုံမှလွဲ၍ မရှိတော့ပေ။

“ကောင်လေး မင်း ကံကောင်းတယ်…”

အဘွားအိုက သိသိသာသာ မကျေမနပ်ဖြစ်နေသော လေသံဖြင့် ပြောလိုက်သည်။

အဘွားအို၏ အသံသည် တဖြည်းဖြည်း မှေးမှိန်သွားပြီးနောက် သူမ၏ ပုံရိပ်သည် ဝမ်ရှောက်ထျန်း၏ နောက်ဘက်ရှိ အမှောင်ထုထဲသို့ တဖြည်းဖြည်းချင်း လွင့်မျောပျောက်ကွယ်သွားလေသည်။

အဘွားအို၏ ပုံရိပ်သည် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားပြီးနောက် တံခါးခေါက်သံသည် ရုတ်တရက် ရပ်တန့်သွားလေသည်။

ခဏအကြာတွင် ဝမ်ရှောက်ထျန်းသည် သူ့နောက်မှ မည်သည့်အသံမှ မကြားရတော့သောကြောင့် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သော်လည်း အဘွားအိုအား မတွေ့ရတော့ပေ။

သူ အလျင်အမြန် လက်လှမ်းပြီး တံခါးလက်ကိုင်ကို ဆွဲကိုင်လိုက်သည်။ ယခုတစ်ကြိမ်တွင်လည်း တံခါးသည် အရင်ကကဲ့သို့ မခက်ခဲတော့ပေ။

သို့သော် တံခါးအပြင်ဘက်တွင် မည်သူမျှ မရှိနေခဲ့ပေ။ မည်သူမျှ ခေါက်နေခြင်းမရှိတော့ပေ။

သူ့တွင် စဉ်းစားဖို့ အချိန်မရှိတော့သလို တစ်စက္ကန့်လေးမျှပင် ဖြုန်းတီးဖို့ မရဲတော့ပေ။ သူသည် အသက်ရှူသံကိုပင် ထိန်းထားကာ အသက်လုပြေးသကဲ့သို့ အဆောက်အအုံအပြင်သို့ ပြေးထွက် လာခဲ့တော့သည်။

သူ့ကျောရိုးတလျောက် အေးစိမ့်နေပြီး ထိုအအေးဓါတ်က အချိန်အတော်ကြာအောင် စွဲကျန်နေ ခဲ့သည်။ သူ့နောက်၌ ရှိသော ဟောင်းနွမ်းနေသော အဆောက်အအုံဟောင်း၏ ပြတင်းပေါက်မှ မကောင်းဆိုးဝါးဆန်သော အကြည့် တစ်ခုက သူ့အား စူးစိုက်ကြည့်နေသည့်အလား သူ ခံစားနေမိ သည်...။

All Chapters