ပြီးဆုံးမှုမရှိသော စီမံကိန်း
Vol. 2 Ch. 12
ဝမ်ရှောက်ထျန်းသည် နဖူးပေါ်က ချွေးစေးတွေကို သုတ်လိုက်ပြီး ပြတင်းပေါက်ကို ကြည့်လိုက်သည်။ ဘေးအိမ်မှ ကျန်းအဘိုးကြီး မွေးထားသော ကြက်ဖကြီးသည် သူ့အား စူးစိုက်ကြည့်နေသည်။ ထိုကြက်ဖသည် ပုံမှန်အားဖြင့် မနက်ပိုင်းမှာ ဘယ်တော့မှ မတွန်ဘဲ နေဝင်ချိန်ရောက်မှသာ တွန်လေ့ ရှိပေသည်။
နိုးသည်နှင့် ချက်ချင်း အိပ်ရာက ထတာမျိုးကို ရှောင်သင့်သည်။ ဝမ်ရှောက်ထျန်းသည် တဒိတ်ဒိတ်ခုန်နေ သော နှလုံးသားကို ဖိကိုင်ထားပြီး မနေ့ညက အိပ်မက်ဆိုးကို ပြန်စဉ်းစားနေလိုက်သည်။ သူ ထိုညက အလုပ်သွားရင်း ရှင်းပြလို့မရသည့် အရာများနှင့် ကြုံတွေ့ခဲ့ရသည်ဟု အိပ်မက်မက်ခဲ့လေသည်။
သူသည် မှောင်မိုက်နေသည် လူနေတိုက်ခန်းတစ်လုံးထဲသို့ မှာယူထားသည့် အစားအစာများကို သယ်သွားခဲ့သည်။ တံခါးခေါက်ပြီးနောက် ဖျော့တော့ပြီး ခြောက်သွေ့နေသည့် လက်တစ်ဖက်က သူ့ဆီကနေ အစားအစာကို ယူသွားတာကို မြင်လိုက်ရသည်။ သူ လက်မလွှတ်ရသေးခင်မှာပင် ကြီးမားသည့် အားတစ်ခုက သူ့ကို အခန်းထဲသို့ ဆွဲသွင်းသွားခဲ့သည်။
ထို့နောက် ဘာတွေဖြစ်ခဲ့လဲဆိုသည်ကို သူ မမှတ်မိတော့ပေ။ သူ့အားဝန်းရံနေသော မကောင်းဆိုးဝါးများနှင့် ကြောက်ရွံ့နေခြင်းကိုသာ မှတ်မိတော့သည်။
ဝမ်ရှောက်ထျန်းသည် လည်ပင်းမှဆွဲထားသော အဖြူရောင်ကျောက်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားလိုက်သည်။ ထိုအရာသည် လီရွှယ် ပေးခဲ့သော လက်ဆောင်ဖြစ်ပြီး အနက်ရောင် ပိုးထည်အိတ်ငယ်လေးဖြင့် ထုပ်ပိုးထားသည်။ သူမက အရေးပေါ်အခြေအနေမှသာ ထုတ်ပါ။ မဟုတ်ပါက ဘယ်သောအခါမှ မထုတ်ပါနှင့်ဟု အကြိမ်ကြိမ် သတိပေးခဲ့လေသည်။
ရိုးရိုးသားသားဝန်ခံရပါက ဝမ်ရှောက်ထျန်းသည် အစားအစာပို့ဆောင်တဲ့ ဆိုင်မှာ လုံးဝ အလုပ်လုပ်ချင်စိတ် မရှိတော့ချေ။ သို့ပေမဲ့ ပထမအချက်က သူသည် ပိုက်ဆံလိုအပ်နေပြီး ဒုတိယအချက်ကတော့ သူ ဆုံးဖြတ်လို့ရသည့် အခြေအနေ မဟုတ်တော့ခြင်းကြောင့်ဖြစ်သည်။
အလုပ်သွားရန် အချိန်စောနေသေးသော်လည်း ဝမ်ရှောက်ထျန်းသည် လုံးဝ ပြန်အိပ်၍ မရတော့ပေ။ သူသည် အိပ်မပျော်သော ညကို မနက် ၅ နာရီခွဲ ရောက်သည်အထိ သည်းခံဖြတ်သန်းခဲ့ပြီး နောက်ဆုံးမှာတော့ သူ၏လျှပ်စစ်စကူတာပေါ်ကိုတက်ပြီး စီးနင်းလိုက်လေသည်။
အစားအစာကို လက်ခံရယူပြီးနောက် ဝမ်ရှောက်ထျန်းက အမြန် ထွက်ခွာလာခဲ့သည်။ အနက်ရောင် ပလတ်စတစ်အိတ်ကို ကြည့်ရင်း သူ့ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားရသည်။ မနေ့က ပလတ်စတစ်အိတ်ထဲမှာ အစားအစာ ရှိနေတယ်ဆိုတာ အတည်ပြုခဲ့သော်လည်း တစ်ခုခုမှားနေသည်ဟု သူ ခံစားနေရဆဲပင်။
ဝမ်ရှောက်ထျန်းသည် နောင်တတွေဖြင့် ပြည့်နှက်နေခဲ့သည်။ သူ ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်လွယ်အလှည့်စား ခံခဲ့ရတာသနည်း။ ယွမ် ရာဂဏန်းလောက်သည် သူ့အသက်နှင့်ယှဉ်ပါက ဘာမှမဟုတ်ပေ။ သို့သော်လည်း အခုတော့ သူသည် နစ်မြုပ်နေသည့် သင်္ဘောပေါ်၌ ရောက်နေလေပြီ….။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အိမ်ခြံမြေတည်ဆောက်သူတစ်ဦးသည် ထိုနေရာ၌ ဗီလာတစ်ခု တည်ဆောက်ရန် စဉ်းစားခဲ့သောကြောင့် သစ်သားခံတပ်ကို ဖြိုချခဲ့လေသည်။ သို့သော် စီမံကိန်းအား ပြီးစီးအောင် လုပ်ဆောင်ပြီးစီးခဲ့သော်ငြားလည်း အိမ်များကို တစ်ဝက်တစ်ပျက်သာ ဆောက်လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ဤနေရာသည် မည်သို့မျှ ပြီးဆုံးအောင် မဆောင်ရွက်နိုင်သည့် စီမံကိန်း တစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
ထိုစွန်ဧရိယာကို လျှော့မတွက်သင့်ပေ။ ထိုနေရာသည် အလွန်တန်ဖိုးရှိနေဆဲဖြစ်ပြီး ယခုကဲ့သို့ အလဟဿ ဖြစ်နေခြင်းက ထူးဆန်းလှပေသည်။ ထို့ကြောင့် ကောလဟာလတွေ အများကြီး ပျံ့နှံ့နေပြီး ထိုသစ်သားခံတပ်ထဲမှာ လူတွေအများကြီး သေဆုံးခဲ့ပြီး လက်စားချေလိုသည့် ဝိဉာဉ်ဆိုးများက အဆောက်အအုံအသစ်များ ဆောက်လုပ်ခြင်းကို တားဆီးနေခြင်းဖြစ်သည်ဟု တချို့က ပြောကြလေသည်။
ဝမ်ရှောက်ထျန်း၏ အတန်းဖော်တစ်ဦးသည် သတ္တိရှိသူအဖြစ် နာမည်ကြီးလေသည်။ သူသည် သချိုင်း တွင်းမှာ အိပ်ခြင်း သို့မဟုတ် သန်းခေါင်ယံမှာ အိုဂျာဘုတ်ပြား(သရဲခေါ်ခြင်း)နှင့် ကစားခြင်းစသည့် ထူးဆန်းသော ဗီဒီယိုများကို အွန်လိုင်းပလက်ဖောင်းတွေမှာ မကြာခဏ တင်လေ့ရှိပေသည်။
ထို့ကြောင့် ဝမ်ရှောက်ထျန်းသည် သူ့ဖုန်းပေါ်က လိပ်စာကို ကြည့်ရင်း စိတ်ရှုပ်ထွေးနေခဲ့သည်။ သရဲ ခြောက်ပြီး ပြီးဆုံးမှုမရှိသေးသည့် အဆောက်အအုံကို အစားအစာ ပို့ချင်စိတ် လုံးဝမရှိပေ။
သန်းခေါင်ယံ အချိန်ကြီးမှာ ဘယ်လို သာမန်လူကများ ပြီးဆုံးမှုမရှိသည့် အဆောက်အအုံထဲကနေ အစားအစာ မှာယူနိုင်မည်နည်း။ ဝမ်ရှောက်ထျန်းသည် တစ်ခုခု မှားနေသည်ကို ရိပ်မိခဲ့သော်လည်း သူသည် ထွက်သွား၍ မရနိုင်ပေ။
ထိုအတွေးက ဝမ်ရှောက်ထျန်း၏ စိတ်ထဲဝင်လာသောအခါ ကြောက်ရွံ့မှုတစ်ခုကို ချက်ချင်း ခံစားလိုက် ရပေသည်။ သူသည် ထိုကြောက်ရွံ့မှုကို ထိန်းချုပ်ပြီး ခြေတစ်လှမ်းချင်းစီ ဆက်တက်သွားခဲ့လိုက်သည်။ နောက်သို့လှည့်ကြည့်ဖို့ လုံးဝ မဝံ့ရဲဘဲ ဘာမှမဖြစ်သလို ဟန်ဆောင်နေခဲ့လိုက်သည်။
ဝမ်ရှောက်ထျန်းသည် သူ့ကိုယ်သူ အားပေးလိုက်သည်။ လီရွှယ်ပေးခဲ့သော အဆောင်လက်ဖွဲ့ရှိနေခြင်းကြောင့် ဘာပြဿနာမှ မရှိနိုင်လောက်ပေ။ ဒါဟာ သူ့စိတ်ထဲ ထင်ယောင်ထင်မှား ဖြစ်နေခြင်းပဲနေမှာပါ။
ဝမ်ရှောက်ထျန်းသည် တစ်ချိုးတည်း ပဉ္စမထပ်ကို မြန်မြန်တက်လိုက်သဖြင့် အလွန်မောပန်းသွားခြင်းကြောင့် လက်ကိုထောက်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ ငုံ့ကြည့်လိုက်သည့် အချိန်မှာပင် သူ၏ အရိပ်၌ တစ်ခုခု မှားနေသည်ကို သတိထားမိလိုက်သည်။
သို့သော်လည်း သူ ခြေလှမ်းအနည်းငယ်ထက် ပိုမပြေးရသေးခင်မှာပင် လူတစ်ယောက်နှင့် တိုက်မိသွားသည်။ ဝမ်ရှောက်ထျန်းသည် ထိုအခိုက်အတန့်တွင် လုံးဝ ဦးတည်ရာမဲ့နေပြီး သူ့ရှေ့၌ ဝံပုလွေများ၊ အနောက်ဘက်၌ ကျားများ ဝန်းရံခြင်းခံထားရသလို ခံစားရပြီး သူ့အသက် သေဆုံးရတော့မည်ဟု ထင်လိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ရှောက်ထျန်းသည် ဒါ သူမှာထားတဲ့ အစားအစာများလားဟု တွေးလိုက်မိသည်။ သူက ချက်ချင်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဒါက ခင်ဗျားမှာထားတဲ့ အစားအစာပါ၊ ကျွန်တော် သွားတော့မယ်…”
ထိုသူသည် ဝမ်ရှောက်ထျန်း သူ့ကို ထိုးပေးလိုက်သောအိတ်ကို အလျင်အမြန် ယူလိုက်ပြီး စိတ်မရှည်စွာ ခြေထောက်ဖြင့် မြေကြီးကို ဆောင့်နင်းလိုက်ရင်း…
“သူငယ်ချင်း၊ မသွားပါနဲ့ဦး…၊ ငါ့ကိုပါ ခေါ်သွားပါ…” ဟု ပြောလိုက်သည်။
“ဘာ…”
ဝမ်ရှောက်ထျန်းက အံ့သြတုန်လှုပ်သွားသော ပုံစံဖြင့်
“မင်း ဘာကို ဆိုလိုတာလဲ…”
ထိုသူက ချက်ချင်း ပြောလိုက်သည်။
“ကျွန်တော့်သူငယ်ချင်းနဲ့ ကျွန်တော် ဒီကို စူးစမ်းလေ့လာဖို့လာခဲ့တာ၊ ဒါပေမဲ့ ကျွန်တော်တို့ ဓာတ်မီး ပျောက်သွားတယ်။ ဒီလို မှောင်မိုက်နေတဲ့နေရာမှာ လမ်းလျှောက်ဖို့ အရမ်းကြောက်နေလို့ပါ။ မတော်တဆ ချော်လဲရင် အသက်ဆုံးရှုံးရမှာ…”
ဝမ်ရှောက်ထျန်းက စိတ်ပျက်သွားခဲ့သည်။
“ဖုန်းတွေက ကစားရတာ မပျော်စရာဖြစ်နေလို့လား၊ ဒါမှမဟုတ် မိန်းကလေးလှလှလေးတွေက ဆွဲဆောင်မှု မရှိတော့လို့လား..၊ ဘာလို့ အကြောင်းမဲ့ စွန့်စားခန်းတွေ သွားချင်နေကြတာလဲ၊မင်းတို့ အပျင်းပြေရုံသက်သက်လား…။”
“အိုး…ဘယ်သူက မဟုတ်ဘူး ပြောလို့နေလဲ။ ကျွန်တော်လဲ အခု နောင်တရနေပြီ”
အနေဖြင့် တစ်စုံတစ်ယောက် သေဆုံးမှာကို လက်ပိုက်ကြည့်၍ မနေနိုင်ပေ။ ထို့ကြောင့် ထိုသူ၏ တောင်းဆိုမှုကို သဘောတူလိုက်လေသည်။