← Chapters

စွန့်စားခန်း

Vol. 2 Ch. 13

စွန့်စားခန်း

Vol. 2 Ch. 13

ထိုလူ၏အမည်မှာ ကျူးကွမ်ယောင် ဖြစ်သည်။ သူသည် အဆောင်မှ သူငယ်ချင်း သုံးဦးနှင့်အတူ လာရောက်သော ကောလိပ်ကျောင်းသားတစ်ဦးပင် ဖြစ်သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့်ပင် ဆောက်လုပ်ဆဲ အဆောက်အအုံတွင် နေထိုင်သည့် လမ်းဘေးကြောင်တစ်ကောင်ကြောင့် လန့်ဖျပ်သွား ခဲ့ကြသည်။ ထို့ပြင် ၎င်းတို့၏ ဓာတ်မီးကိုလည်း ပျောက်သွားခဲ့ရသည်။

ဆောက်လုပ်ဆဲ အဆောက်အအုံမှာ တစ်ဝက်တစ်ပျက်သာ ပြီးစီးသေးပြီး အတွင်းပိုင်းမှာတော့ အလွန် အန္တရာယ်များလှပေသည်။ သတိမထားမိလိုက်ပါက မြင့်မားသော နေရာမှ အလွယ်တကူ ပြုတ်ကျသွား နိုင်ပေသည်။

“မင်းတို့တွေ ဘာလို့ ဒီလိုနေရာမျိုးကိုမှ လာစူးစမ်းကြတာလဲ…”

ဝမ်ရှောက်ထျန်းက သူ့ဘာသူ ရေရွတ်လိုက်သည်။ သူသည် ငယ်စဉ်ကလေးဘဝကတည်းကပင် မသန့်ရှင်းသော အရာများကို ဆွဲဆောင်လွယ်သူဖြစ်သောကြောင့် ထိုသို့သော နေရာများကို တတ်နိုင်သမျှ ရှောင်ရှားလေ့ရှိသည်။

ဝမ်ရှောက်ထျန်းသည် အသက်တစ်ချောင်းကို ကယ်တင်ခြင်းသည် စေတီခုနစ်ဆူ တည်ဆောက်ခြင်းထက် ပို၍ ကုသိုလ်ဖြစ်သည်ဟု ယုံကြည်သော်လည်း ယခု၌မူ သူသည် လွန်စွာ စိတ်မသက်မသာဖြစ်နေခဲ့သည်။ သို့သော်လည်း သဘောတူပြီးသားကိစ္စဖြစ်သောကြောင့် ဘာမျှလုပ်၍မရတော့ပေ။

ကျူးကွမ်ယောင်က သူတို့လေးယောက် ကွဲသွားကြပြီး တစ်ယောက်ကိုတစ်ယောက် ရှာမတွေ့ဘဲ စိုးရိမ်နေရသည့်အတွက် နောက်ဆုံးနည်းလမ်းအနေဖြင့် အစားအသောက်မှာယူရန် ကြိုးစားခဲ့သည်ဟုရှင်းပြသည်။

ဓာတ်မီးတစ်လက်ရှိနေပါသော်လည်း မြင်ကွင်းသည် မှုန်ဝါးနေဆဲပင်။ ကျူးကွမ်ယောင်၏ အသံက ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်နေခဲ့သော်လည်း ဆယ်မိနစ်တိတိ ကြာပြီးနောက်တွင်လည်း တုံ့ပြန်မှု တစုံတရာ လုံးဝမရှိသေးပေ။ ဝမ်ရှောက်ထျန်းက တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရသည်။

ဝမ်ရှောက်ထျန်းက မေးလိုက်သည်။

“မင်းတို့ ဘယ်အချိန်တုန်းက ရောက်လာကြတာလဲ။”

ကျူးကွမ်ယောင်သည် ခဏတာ စဉ်းစားပြီး ပြန်ဖြေသည်။

“ည (၈) နာရီလောက်က ရောက်တာထင်တယ်၊ ဘာဖြစ်လို့လဲ..”

ထိုစဉ် ရုတ်တရက် နောက်ကျောဘက်ဆီမှ စည်းချက်ကျသော ခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝမ်ရှောက်ထျန်း သည် အလွန်တုန်လှုပ်သွားပြီး နှလုံးခုန်နှုန်း ရပ်တန့်မတတ် ဖြစ်သွားသည်။ သူသည် မျက်မှောင်ကြုတ်ကာ သတိထား၍ ရှေ့သို့ လျှောက်သွားခဲ့ရာ သူ့ရှေ့မှ တိုင်တစ်ခု၏ နောက်ဘက်တွင် တစ်စုံတစ်ခုက လှစ်ခနဲ လှုပ်သွားသည်ကို တွေ့လိုက်ရသည်။

ဝမ်ရှောက်ထျန်းသည် ပထမတွင် တုံ့ပြန်မှုမရှိခဲ့သော်လည်း စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် တစ်စုံတစ်ခု ရှိနေသည်ကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

ဝမ်ရှောက်ထျန်း ထွက်ပြေးရန် ကြိုးစားသော်လည်း ခြေလှမ်း နှစ်လှမ်း အမြန်လှမ်းလိုက်ပြီးနောက် ချော်လဲမလို ဖြစ်သွားခဲ့သည်။ ထို့နောက် သူသည် ဆောက်လုပ်ဆဲ အဆောက်အအုံတွင် လုံးဝ ပြေးလွှား၍ မရနိုင်ကြောင်း မဟုတ်ပါက သူသည် ကျူးကွမ်ယောင် သူ့ဘေးတွင် ရှိနေသည်ကို ထည့်မတွက်ဘဲ ဒုတိယအကြိမ် စဉ်းစားစရာမလိုဘဲ သေဆုံးသွားလိမ့်မည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

“ညီကို ငါတို့ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး။ အပြင်ကို အရင်ထွက်ရအောင်။ မင်းရဲ့ အတန်းဖော်က လုံးဝ တုံ့ပြန်မှုမရှိဘူး။ တစ်ခုခုဖြစ်သွားနိုင်တယ်။ အပြင်ထွက်ပြီး ရဲကို ဖုန်းခေါ်ရအောင်”

ဝမ်ရှောက်ထျန်းသည် ကျူးကွမ်ယောင်၏ အတန်းဖော်အပေါ် ခင်မင်မှုကို အလွန်လေးစားမိသော်လည်း သေချင်စိတ်တော့ မရှိပေ။

သို့သော် ဝမ်ရှောင်ထျန်းသည် အသေခံစွန့်စားနေခြင်းမျိုးမဟုတ်ဘဲ ကျူးကွမ်ယောင်၏ ပြင်းပြသော စူးစမ်းလိုစိတ်ကသာ သူ့အား လွှမ်းမိုးသွားခြင်းဖြစ်သည်။ သူက အံ့သြစွာဖြင့် အော်လိုက်သည်။

“အား….”

ကျူးကွမ်ယောင်က အော်လိုက်ရာ ဝမ်ရှောက်ထျန်းလည်း ခြေတစ်လှမ်းတည်းဖြင့် ရှေ့သို့ အလျင်အမြန် ပြေးသွားလိုက်သည်။ သူသည် တိုင်နောက်မှ အရာကို မြင်လိုက်ရပြီး အလွန်ထိတ်လန့်သွားကာ မျက်နှာမှာ ဖြူဖျော့သွားပြီး ခြေထောက်များ ခွေကျသွားခဲ့သည်။

ဝမ်ရှောက်ထျန်းသည် လုံးဝ ကြောက်လန့်တုန်လှုပ်နေခဲ့သည်။ သူ့ကျောရိုးတစ်လျှောက် ထုံကျင်သွားပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားကာ ခြေထောက်များ အားပျော့၍ လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

ဝမ်ရှောက်ထျန်းခမျာ သူ့ပါးသူ ရိုက်ချင်သွားသည်။ ညသန်းခေါင်မှာ ဆောက်လုပ်ဆဲ အဆောက်အအုံကိုလာပြီး ကိုယ့်ကိုကိုယ် ကြိုးဆွဲချမည့်သူ ဘယ်သူရှိမည်နည်း။

အပြင်ဘက်မှ လေအေးတစ်ချက် တိုက်ခတ်လာရာ ဝမ်ရှောက်ထျန်းလည်း တုန်ယင်သွားသည်။ သူတို့ အတိအကျ ဘာတွေ လိုက်ဖ်လွှင့်ဖို့ လုပ်နေကြတာလဲဟု ကျူးကွမ်ယောင်ကို မေးလိုက်သည်။

ဤတစ်ကြိမ်တွင် ကျူးကွမ်ယောင်သည် မည်သည့်အရာကိုမျှ မဖုံးကွယ်တော့ဘဲ အကြောင်းအရာ အားလုံးကို ပြောပြလိုက်သည်။ လျိုဆန်း၏ လူကြိုက်များမှုသည် မကြာသေးမီက ကျဆင်းလာခဲ့သောကြောင့် လူစိတ်ဝင်စားမှု ရရှိစေရန်အတွက် ဆောက်လုပ်ဆဲ အဆောက်အအုံတွင် တစ္ဆေနှင့် နာနာဘာဝများအဖြစ် သရုပ်ဆောင်ရန် သူ၏ အခန်းဖော်များကို အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။

တတိယအစ်ကိုနှင့် အခြားအစ်ကိုနှစ်ယောက်က အိုဂျာဘုတ်နှင့်ကစားကြပြီး ကျူးကွမ်ယောင်ကတော့ တစ္ဆေအဖြစ် သရုပ်ဆောင်ကာ ကင်မရာ၏ အစွန်းတွင် ခဏတာ မြင်ကွင်းပြရုံဖြင့် လူစိတ်ဝင်စား မှုရလာအောင် ဖန်တီးရန်ဖြစ်သည်။

သို့သော် မမျှော်လင့်ဘဲ အိုဂျာဘုတ် ကစားနေစဉ်တွင် လမ်းဘေးကြောင်တစ်ကောင် ရုတ်တရက် ပေါ် လာခဲ့ပြီး သူတို့အဖွဲ့သည် အလွန်ကြောက်လန့်ကာ ပြန့်ကျဲသွားပြီး ၎င်းတို့၏ ဓာတ်မီးကိုပါ ပျောက်ဆုံး သွားခဲ့ခြင်းဖြစ်သည်။

ဝမ်ရှောက်ထျန်း အံကြိတ်လိုက်ပြီး ယနေ့ခေတ် လူငယ်များ၏ ပေါ့ဆမှုကို ကျိန်ဆဲလိုက်သည်။ အိုဂျာဘုတ်ဆိုသည်မှာ နာနာဘာဝ ခေါ်ယူသည့် ပုံစံတစ်မျိုးဖြစ်ပြီး ရှင်းရှင်းပြောရလျှင် တစ္ဆေခေါ်ခြင်းပင် ဖြစ်သည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွန့်ပစ်ထားသော အဆောက်အအုံတွင် အိုဂျာဘုတ်နှင့် ကစားခြင်းက ကို့ဒုက္ခကို ရှာခြင်းသာဖြစ်သည်။

ယခုမှာတော့ ဘာမှပြောလို့ မရတော့လောက်အောင် နောက်ကျသွားလေပြီဖြစ်သည်။ တတိယအစ်ကို၏ အဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် သူသည် မကောင်းဆိုးဝါးတစ်ပါးကို တကယ် ခေါ်ဆောင်လိုက်ဖွယ်ရှိသည်။ ဝမ်ရှောက်ထျန်းသည် အစောပိုင်းက သူ့ကို ကြောက်လန့်စေခဲ့သော အရိပ်မည်းကို သတိရပြီး သူ့၌ ပို၍ အန္တရာယ်ရှိနေသည်ဟု ခံစားလိုက်ရသည်။

ဝမ်ရှောင်ထျန်းသည် ဤကဲ့သို့ မိမိကိုယ်ကို သေကြောင်းကြံစည်သည့် အပြုအမူကို အလွန်ရွံရှာသောကြောင့် မကျိန်ဆဲဘဲ မနေနိုင်ဘဲ ဖြစ်နေ၏။

ကျူးကွမ်ယောင် စကားပြန်၍ မပြောနိုင်ခင်မှာပင် သူတို့၏ နာမည်ကို တစ်စုံတစ်ယောက်က ထပ်ခါ တလဲလဲ ခေါ်နေသည့် အသံကို ရုတ်တရက် ကြားလိုက်ရသည်။ အသံသည် ထူးဆန်းပြီး ဝိညာဉ်ခေါ်သံကဲ့သို့ ဖြစ်နေရာ ဝမ်ရှောက်ထျန်းအား လွန်စွာ စိတ်မသက်မသာ ဖြစ်သွားစေသည်။

ကျူးကွမ်ယောင်သည် ကြောက်ရွံ့တုန်လှုပ်နေပြီး မဝံ့မရဲဖြင့်

“အခု ကျွန်တော်တို့ ဘာလုပ်ရမလဲ” ဟု မေးလိုက်သည်။

ဝမ်ရှောက်ထျန်းသည် ကျူးကွမ်ယောင်၏ ညီအစ်ကိုသုံးယောက်သည် ကြီးလေးသောအန္တရာယ်နှင့် တစ်ခုနှင့် ရင်ဆိုင်နေရဖွယ်ရှိသည်ဟု သံသယရှိသည်။ ထို့ပြင် ၎င်းတို့တွင် အခြားရွေးချယ်စရာများ မရှိသည့်အတွက် အလုံခြုံဆုံး လုပ်ဆောင်သင့်သည့် နည်းလမ်းမှာ ဤကြောက်မက်ဖွယ်ကောင်းသော နေရာမှ အမြန်ဆုံး ထွက်ခွာရန်ပင်ဖြစ်သည်။

ဝမ်ရှောက်ထျန်း၏ စကားများကို နားထောင်ပြီးနောက် ကျူးကွမ်ယောင်သည် သူ၏အစ်ကိုကို စိတ်ပူနေဆဲဖြစ်သော်လည်း သဘောတူညီခဲ့ပြီး နှစ်ဦးသား လာရာလမ်းအတိုင်း နောက်ဆုတ်ရန် ပြင်ဆင်လိုက်ကြသည်။

သူ လှည့်လိုက်စဉ် ဝမ်ရှောက်ထျန်းသည် ၎င်း၏ ဓာတ်မီးရောင်ဖြင့် နံရံကို မှီထားသော လက်ကိုင်ဖုန်း တစ်လုံးကို တွေ့လိုက်ရပြီး မစဉ်းစားနေတော့ဘဲ ကောက်ယူလိုက်သည်။

ကျူးကွမ်ယောင်သည် အတော်အတန် ဝေးသောနေရာသို့ သွားနေပြီ ဖြစ်သည်။ သူ ချော်လဲကျမည်ကို စိုးရိမ်သောကြောင့် ဝမ်ရှောက်ထျန်းသည် သူ၏ ဖုန်းကို အိတ်ကပ်ထဲ ထိုးထည့်ကာ အလျင်အမြန် လိုက်သွားခဲ့သည်။

သူတို့ ထွက်ခွာလာပြီး မကြာမီတွင် နှစ်ဦးသားသည် ထောင့်တစ်နေရာတွင် ကုန်းနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ဝမ်ရှောက်ထျန်းက တစ္ဆေဟု ထင်သော်လည်း ကျူးကွမ်ယောင်က ထိုလူသည် ၎င်းတို့၏ အဆောင်မှူးဖြစ်ရမည်ဟု ပြောပြီး အလျင်အမြန် ပြေးသွားခဲ့သည်။

ကျူးကွမ်ယောင်သည် ထိုသူ၏ ပခုံးကို ပုတ်လိုက်သော်လည်း ထိုသူသည် လှည့်မကြည့်ဘဲ ထို့အစား ထိုသူသည် ကြမ်းတမ်းစွာ တုန်ယင်လာခဲ့သည်။ ဝမ်ရှောက်ထျန်းနှင့် ကျူးကွမ်ယောင်တို့ အချင်းချင်း မျက်လုံးချင်းကြည့်လိုက်ပြီး နှစ်ဦးသား ထိုလူကို ဆွဲထူလိုက်ကြသည်။

“အား... တစ္ဆေကြီး….၊ ငါ့ကို မစားပါနဲ့….၊ တောင်းပန်ပါတယ်... ငါ့ကို မစားပါနဲ့...”

အစ်ကိုကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဤအခြေအနေကို မြင်သောအခါ ဝမ်ရှောက်ထျန်းက ခန့်မှန်းလိုက်သည်။

“သူ စိတ်လွတ်သွားတာလား”

ထိုသို့ဖြစ်နိုင်ချေ အတော်အတန်ရှိသည်။ တတိယအစ်ကို သေဆုံးပြီးဖြစ်ရာ ဤကဲ့သို့ ဘုရားစူးရာနေရာတွင် သူ စိတ်လွတ်သွားပါက အံ့သြစရာမရှိပေ။

ကျူးကွမ်ယောင်က လွန်စွာ စိတ်လှုပ်ရှားနေသည်။

“ဘောစ့် ငါပါ… မကြောက်ပါနဲ့၊ ငါ မင်းကို ခေါ်ထုတ်သွားမယ်”

သို့သော်လည်း အစ်ကိုကြီးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်တွေ့ခဲ့ရသည့်အလာ

း ဆက်လက်၍ ကြောက်လန့်တကြား အော်ဟစ်နေလေသည်။ သူ၏ မျက်လုံးများကလည်း ပြူးကျယ်နေပြီး မျက်လုံးအိမ်မှ ပြုတ်ထွက်ကျလုတော့မတတ် ဖြစ်နေလေသည်။

All Chapters