← Chapters

အကွက်ချစီစဉ်မှုများ

Vol. 2 Ch. 14

အကွက်ချစီစဉ်မှုများ

Vol. 2 Ch. 14

ခေါင်းဆောင်ဖြစ်သူအား ချော့မော့ပြောဆိုခြင်း၊ ခြိမ်းခြောက်ခြင်း တစ်ခုမှ အလုပ်မဖြစ်ခဲ့ပေ။ ဤအချိန်တွင် သူသည် ထိတ်လန့်တကြားဖြစ်နေသော စိတ်မနှံ့သူတစ်ဦးဖြစ်ပြီး အထူးသဖြင့် ကျူးကွမ်ယောင်နှင့် တွေ့ဆုံသောအခါ သူ၏အော်ဟစ်သံများသည် ပို၍ပင် ကျယ်လောင်လာခဲ့သည်။

အခြားရွေးချယ်စရာမရှိသည့်အဆုံး ဝမ်ရှောက်ထျန်းသည် သူ၏ ခါးပတ်ကို ဖြေလျော့ကာ ခေါင်းဆောင်ဖြစ်သူ၏ လက်များကို ချည်နှောင်ပြီး ထို့နောက် ကျူးကွမ်ယောင်အား သူ၏ခေါင်းဆောင်ကို ထိန်းထားစေပြီး ရူးသွပ်ကာ ပြုတ်မကျစေရန် ကာကွယ်ခိုင်းခဲ့ရသည်။

ရူးသွပ်နေသောသူ‌ကို ဦးဆောင်နေသည့်အတွက် လမ်းခရီးက ပို၍ပင် ခက်ခဲလာခဲ့သည်။ ဝမ်ရှောက်ထျန်းသည် သတိထား၍ ရှေ့မှ ဦးဆောင်သွားခဲ့သော်လည်း ကျူးကွမ်ယောင်က သူ့ခေါင်းဆောင်ကို စူးစိုက်ကြည့်လိုက်ပြီး သူ၏ မျက်လုံးတွင် အရောင်တစ်ချက် လင်းလက်သွားသည်ကို သူမမြင်ခဲ့လိုက်ရပေ။ ထိုသို့ ကြည့်လိုက်သည်နှင့် ရူးသွပ်နေသော ခေါင်းဆောင်က ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။

အမှောင်ထုဖုံးလွှမ်းနေသော ဆောက်လုပ်ဆဲ အဆောက်အအုံအတွင်း၌ ၎င်းတို့၏ ဓာတ်မီးရောင်သည် ထင်ရှားစွာ ထိုးထွက်နေပြီး မရေမတွက်နိုင်သော မျက်လုံးများက ဝမ်ရှောက်ထျန်းနှင့် အဖွဲ့ကို အမှောင်ထဲတွင် စောင့်ကြည့်နေခဲ့ကြသည်။

ဝမ်ရှောက်ထျန်းသည် အာရုံပျံ့လွင့်ရန် မဝံ့ရဲခဲ့ပေ။ သူသည် ရှေ့မှ အရာများကိုသာ အာရုံစိုက်နေပြီး လမ်းမှားဦးဆောင်၍ သူ့ကိုယ်သူရော အခြားသူများကိုပါ အန္တရာယ်ဖြစ်စေမည်ကို ကြောက်ရွံ့နေခဲ့ သည်။ ယခု သူသည် လူသုံးဦး၏ အသက်ကို သူ၏ ပခုံးပေါ် ထမ်းထားရသည်မဟုတ်ပါလား။

စူးရှသော ကြောင်အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဆောက်လက်စ အဆောက်အအုံထဲတွင် အချိန်အတော်ကြာ ပဲ့တင်ထပ်သွားသည်။ ကျူးကွမ်ယောင်က ရုတ်တရက် ရိုင်းစိုင်းစွာဖြင့် ပြောလိုက်သည်။

ကျူးကွမ်ယောင်၏ မျက်နှာသွင်ပြင်သည် ခဏတာ ပုံပျက်သွားသော်လည်း ပတ်ဝန်းကျင်အလင်းရောင် ခပ်မှိန်မှိန်ဖြစ်နေသောကြောင့် ဝမ်ရှောက်ထျန်း မမြင်လိုက်ရပေ။

“ဟုတ်ရဲ့လား...”

ကျူးကွမ်ယောင်သည် စဉ်းစားဟန်ဖြင့် ပြောပြီးနောက် ပြန်လည်တိတ်ဆိတ်သွားသည်။

ဤအချိန်တွင် ခေါင်းဆောင်ဖြစ်သူက ထူးဆန်းစွာ ရယ်မောရင်း ရုန်းကန်နေသည်။ သူ၏ ရယ်သံတွင် ကြောက်မက်ဖွယ်ကောင်းပြီး မကောင်းဆိုးဝါးဆန်သည့် အငွေ့အသက်များ ပါဝင်နေပြီး လူတိုင်း၏ ကျောရိုးကို အေးစိမ့်သွားစေခဲ့သည်။

ကျူးကွမ်ယောင်သည် သူ့ကို တင်းတင်းဖက်ထားပြီး မသက်မသာ ပြုံးကာ ပြောသည်။

“ခေါင်းဆောင်ကတော့ နာနာဘာဝ ပူးကပ်ခံထားရတာထင်တယ်။ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”

သူ၏စကားများက ဝမ်ရှောက်ထျန်းကို စိတ်လှုပ်ရှားစေသည်။ သူ ဘာလုပ်ရမှန်းမသိ။ လျိုဆန်း သေဆုံး ခြင်းနှင့် ခေါင်းဆောင်တို့ ရူးသွပ်သွားခြင်းတို့သည် သူတို့အပေါ် ဖြစ်ပျက်ခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့သည် တစ္ဆေနှင့် တွေ့ဆုံခဲ့ရသည်မှာ ထင်ရှားနေပေသည်။

ထိုစဉ် ကျူးကွမ်ယောင်က ရုတ်တရက် ဝမ်ရှောက်ထျန်းကို ဆွဲယူလိုက်ပြီး သူ့ကို အပေါ်အောက် သေချာသတိထားကာ ကြည့်ရှုလိုက်သဖြင့် ဝမ်ရှောက်ထျန်းက စိတ်မသက်မသာ ဖြစ်သွားသည်။

ဝမ်ရှောက်ထျန်းသည် သွားများကို ကိုက်ပြီး အဝတ်အစားအတွင်းသို့ လက်လှမ်းကာ အဖြူရောင်ကျောက်ကို ထုပ်ပိုးထားသည့် ပိုးပဝါနက်ကလေးကို ဆွဲယူလိုက်သည်။

ဝမ်ရှောက်ထျန်းတွင် အတွေးတစ်ခုသာ ရှိသည်။

ဤအချိန်တွင် ဆောက်လုပ်ဆဲ အဆောက်အအုံရှေ့ လမ်းဆုံတွင် အနီရောင်ပြိုင်ကားတစ်စီးက ဝင့်ကြွားစွာ ရပ်ထားလေသည်။ ယာဉ်မောင်းထိုင်ခုံရှိ အေးစက်လှပသော အမျိုးသမီးသည် သူမ၏ လက်ထဲရှိ တုတ်ရှည်ကို ပွတ်သပ်လိုက်ပြီး ရုတ်တရက် သူမ၏ နှုတ်ခမ်းများကို ကွေးညွတ်ကာ မကောင်းဆိုးဝါးဆန်သော အပြုံးဖြင့် ပြောလိုက်သည်။

မာနကြီးသော အမျိုးသမီးက နူးညံ့သိမ်မွေ့သော မျက်ခုံးကို ပင့်တင်ကာ ဆိုသည်။

“ဘာလို့ အလျင်လိုနေတာလဲ။ မင်း မသေနိုင်ပါဘူး….”

“နောက်ထပ် နည်းနည်းလေး စောင့်ပါဦး...”

ဝမ်ရှောက်ထျန်းသည် သူ၏ ပခုံးပေါ်တွင် အလေးချိန်တစ်ခု ခံစားရသည်။ သူ ခေါင်းလှည့်လိုက်ရာ မနေ့က သူ့ကို ကယ်တင်ခဲ့သော ကြောင်နက်ဖြစ်သည်ကို တွေ့လိုက်ရသည်။ ထိုကြောင်နက်သည် မနေ့က သူ့နှင့်အတူ အိမ်ပြန်လာခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

ကျူးကွမ်ယောင်သည် ဝမ်ရှောက်ထျန်း၏ တားဆီးရန် ကြိုးပမ်းမှုကို သတိမပြုမိဘဲ စကားပြန်ပြောလိုက်သည်။ ဝမ်ရှောက်ထျန်း၏ နှလုံးခုန်နှုန်း မြန်သွားသည်။ တစ္ဆေတစ်ကောင်သည် သင်နှင့် စကားပြောရန် ကြိုးစားပါက မည်သည့်အခါမျှ သဘောမတူသင့်ပေ။

ကြောက်မက်ဖွယ်ကောင်းသော ပုံပန်းသဏ္ဌာန်ရှိသော စတုတ္ထအစ်ကိုကို ကြည့်ကာ ဝမ်ရှောက်ထျန်းက သတ္တိကို မွေးပြီး

ဝမ်ရှောက်ထျန်းသည် စတုတ္ထအစ်ကိုကို ပွေ့ဖက်ရန် ကြိုးစားနေသော ကျူးကွမ်ယောင်ကို ဆွဲယူပြီး တိုးတိုးလေး ပြောလိုက်သည်၊

ဝမ်ရှောက်ထျန်းသည် သူ၏ ရင်ဘတ်ကို ပုတ်ပြပြီး

“မြောင်…..”

ဝမ်ရှောက်ထျန်းသည် ကြောင်နက်အပေါ်တွင် ထူးခြားသော ယုံကြည်မှုရှိပေသည်။ ၎င်းမှာ ရွှံ့နွံထဲသို့ ကျသွားပြီး အန္တရာယ်နှင့် ရင်ဆိုင်နေရသူတစ်ဦးကို ကမ်းစပ်မှ တစ်စုံတစ်ယောက်က အကူအညီပေး သည့် လက်ကို ကမ်းလှမ်းသကဲ့သို့ ဖြစ်နေသောကြောင့် သူသည် အလွန်ကျေးဇူးတင်ခဲ့သည်။

“ဘာဖြစ်တာလဲ”

ကျူးကွမ်ယောင်က ရှုပ်ထွေးသော အမူအရာဖြင့် မေးလိုက်သည်။

All Chapters