← Chapters

အရက်မူးခြင်း

Vol. 2 Ch. 16

အရက်မူးခြင်း

Vol. 2 Ch. 16

ဝမ်ရှောက်ထျန်းမှာ အလွန်အံ့သြနေမိသည်။ ဤအပြင်စာဆိုင်သည် ကြော်ငြာလက်ကမ်းစာစောင် တစ်စောင်မျှပင် ဖြန့်ဝေခြင်း မရှိခဲ့ပါဘဲနှင့် ဤလူများသည် ဆိုင်အကြောင်းကို မည်သို့ သိရှိကြသနည်း။ သူတို့၏ ကွယ်လွန်သွားသော ဆွေမျိုးများက အိပ်မက်ထဲတွင် ပေါ်လာပြီး ဤအပြင်စာဆိုင်က အရသာရှိကြောင်း ပြောပြခဲ့ခြင်းများ ဖြစ်နေပါသလား…။

ဝမ်ရှောက်ထျန်းသည် သရဲများနှင့် အတူတူ အသင့်စားအစာ မှာယူရဲသော သရဲတစ္ဆေပူးကပ်ခြင်းကို မကြောက်သော ထိုသူများကို ချီးကျူးမိသည်။ သို့သော် စဉ်းစားကြည့်သောအခါ နားလည်သွားသည်။ ဖုန်းဖြင့် အစားအစာ မှာယူသည့်အခါ ဖုန်း၏ တစ်ဖက်စွန်းတွင် မည်သည့်နေရာမျိုး ရှိနေသည်ကို မည်သူ ကသိနိုင်မည်နည်း။ ဤအကြောင်းကို တွေးမိသောအခါ ဝမ်ရှောက်ထျန်းက သူ ကောလိပ်တက်စဉ်က စားခဲ့မိသော အပြင်စာများအတွက် သူ့ကိုယ်သူ ကြောက်ရွံ့စိတ် ဖြစ်နေမိသည်။

ဝမ်ရှောက်ထျန်းသည် အမြဲတမ်း သတင်းကောင်းကိုသာ ပြောဆိုပြီး သတင်းဆိုးကို မပြောတတ်ပေ။ သူ့ဒုက္ခကို တစ်ယောက်တည်းသာ ခံစားခဲ့ရသည်။ သူသည် တစ်ယောက်တည်း ရပ်တည်နေရသူဖြစ်ပြီး အကူအညီမဲ့နေသည်။ ဝမ်ရှောင်းထျန်မှာ မတရားခံရသည်ဟု ခံစားရမှုက တစ်စထက်တစ်စ များပြား လာသည်။။ သူသည် အစ်မလီကို တောင်းပန်ပြီးနောက် အစ်ကိုလုံ ပေးခဲ့သော ငွေဖြင့် နှစ်လစာ အိမ်ငှားခကို နောက်ဆုံးတွင် ပေးချေ လိုက်သည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကြောင့် ဝမ်ရှောက်ထျန်းသည် စိတ်မငြိမ မသက် ဖြစ်ကာ အိပ်မပျော်နိုင်ခဲ့ပေ။ သူသည် အရက်ဖြင့် သူ့ကိုယ်သူ မေ့ပစ်ချင်သော်လည်း အရက်ဆိုင်သို့ သွားပြီး စိတ်ဖြေဖို့ရာကို မတတ်နိုင်ခဲ့ပေ။

နောက်ဆုံးတွင် သူသည် ဘေးနားရှိ ဆိုင်ငယ်လေးသို့ ပြေးသွားကာ ဈေးအသက်သာဆုံး အရက်နှစ်ပုလင်းကို ဝယ်ယူပြီး အချဉ်ထုပ်တစ်ထုပ်နှင့်အတူ တစ်ယောက်တည်း သောက်နေလိုက်သည်။

ဝမ်ရှောက်ထျန်းသည် အရက်နှစ်ပုလင်းကို တစ်ကြိမ်တည်း ကုန်အောင် သောက်လိုက်သည်။ သောက်၍ ပြီးသောအခါ သူသည် အခန်းထဲရှိ တစ်ခုတည်းသော ပရိဘောဂဖြစ်သည့် ခြေထောက်ချည့်နဲ့နေသော စားပွဲပျက်ကို ဖက်ကာ တစ်ညလုံး ငိုကြွေးခဲ့လေသည်။ သူသည် အိပ်ပျော်သွားသည်အထိ ငိုနေခဲ့၏။

ထိုအရက်နှစ်ပုလင်းသည် စက်မှုလုပ်ငန်းသုံး အရက်ဖြင့် ပြုလုပ်ထားသော အရက်အတုများ ဖြစ်သည်ဟု သံသယရှိသည်။ နောက်တစ်နေ့ နံနက်တွင် ဝမ်ရှောက်ထျန်းသည် ခေါင်းမူးနေပြီး ခြေလှမ်းမခိုင်ချင်ဖြစ်နေသည်။ အထူးသဖြင့် သူသည် ပျို့အန်ချင်သလို ခံစားရပြီး နံနက်ခင်းတစ်ခုလုံးကို အိမ်သာထဲတွင် ကုန်ဆုံးခဲ့ရသည်။

နေ့လယ်ရောက်မှ သူ သက်သာလာခဲ့သည်။ ဝမ်ရှောက်ထျန်းသည် ညက အစ်ကိုလုံ၏ နေရာသို့ မသွားခဲ့ရသော်လည်း ယနေ့ညတွင် သူ မည်မျှပင် နေမကောင်းသော်လည်း သွားရပေတော့မည်။ ဤ အလုပ်ကို သူ မကြိုက်သော်လည်း ၎င်းသည် သူ၏ တစ်ခုတည်းသော ဝင်ငွေအရင်းအမြစ်ဖြစ်သည်။

ဤအချက်ကို တွေးမိသောအခါ ဝမ်ရှောက်ထျန်းက အလျင်အမြန် ထလိုက်ကာ အဝတ်အစားလဲ မျက်နှာသစ်ပြီးမှ ထွက်သွားခဲ့သည်။ အပြင်စာဆိုင်ကို မဖယ်ရှားနိုင်လျှင် အကောင်းဘက်ကနေ ရင်ဆိုင်ရုံသာ ရှိတော့သည်ဟု သူ တွေးလိုက်သည်။

အပြင်စာဆိုင်သည် ခြောက်နာရီတွင် ဖွင့်ပြီး ဝမ်ရှောက်ထျန်းသည် ငါးနာရီခန့်တွင် ရောက်ရှိလာသည်။ အစ်ကိုလုံက ရောက်နှင့်နေသည်ကို တွေ့ရသဖြင့် သူ အံ့အားသင့်သွားသည်။ အစ်ကိုလုံက ခြောက်နာရီတွင် ဖွင့်မည်ဟု ပြောထားသဖြင့် ထူးဆန်းသည်။ ဝမ်ရှောက်ထျန်းသည် ဝင်ရောက်လာချိန်၌ ရှင်းပြရန် ပြင်ဆင်နေစဉ် အစ်ကိုလုံက မကျေနပ်မှုတစ်စုံတစ်ရာ မပြဘဲ ပြုံးပြုံးရွှင်ရွှင်ဖြင့် နှုတ်ဆက်လိုက်သည်။

“နေလို့ ကောင်းသွားပြီလား…။ နောက်ဆို အရက်သိပ်မသောက်ပါနဲ့တော့။ သက်သာပြီဆိုရင် စားပွဲပေါ် က အစားအစာတွေကို သွားပို့လိုက်ပါ။ ပို့ဆောင်ရမယ့် လိပ်စာကို မင်းဖုန်းထဲကို ငါ ပို့ထားပြီးပြီ။ ပြီးတာနဲ့ အမြန်ပြန်လာခဲ့။ ဒီညအော်ဒါတွေအများကြီးရှိတယ်….။”

ဝမ်ရှောက်ထျန်းသည် မည်သည့်မေးခွန်းမှ ထပ်မမေးဝံ့တော့ပေ။

*အစ်ကိုလုံက တကယ့်ကို အံ့သြစရာပဲ။ ငါ့အကြောင်း အားလုံးကို သိနေတာ*

သူ၏ ဘဝအရည်အသွေးသည် ယခုအချိန်တွင် အလွန်ဆိုးရွားနေသော်လည်း သူသည် သူ၏ အသက်ကို မြတ်နိုးနေဆဲပင်ဖြစ်သည်။ ဝမ်ရှောက်ထျန်းသည် အတွေးများထဲ နစ်မြောနေခဲ့ပြီး သူ့ရှေ့မှ မီးပွိုင့်အား သတိမထားမိလိုက်ပေ။

ဟု ကျယ်လောင်စွာ ဆဲဆိုသံ ထွက်ပေါ်လာသည်။

ဝမ်ရှောက်ထျန်းသည် စာတိုပေးပို့ထားသည့် လိပ်စာများအတိုင်း ပို့ဆောင်စရာရှိသည့် အစားအစာများကို ပို့ဆောင်ခဲ့သည်။ ပို့ဆောင်ရမည့် လိပ်စာများသည် စည်ကားသော မြို့လယ်ခေါင်တွင်ရှိနေပြီး လုံးဝ မှောင်မိုက်ခြင်း မရှိသေးသဖြင့် သရဲများ ထွက်လာသေးမည် မဟုတ်ဟု ယူဆ၍ သူ မကြောက်တော့ပေ။

ဤအချက်ကို တွေးမိသောအခါ ဝမ်ရှောက်ထျန်းသည် ပို့ဆောင်မှုကို အမြန်ဆုံး ပြီးမြောက်စေလိုသဖြင့် အရှိန်မြှင့်လိုက်သည်။ ဝမ်ရှောက်ထျန်းသည် လျှပ်စစ်စကူတာ၏ လီဗာကို အမြင့်ဆုံးလှည့်ထားသော်လည်း အပြင်စာဆိုင်သို့ ရောက်သည့်အခါတွင်မူ လုံးဝမှောင်သွားပြီဖြစ်သည်။ ဝမ်ရှောက်ထျန်းက

အစ်ကိုလုံသည် သူ၏ ကားပေါ်မှ သစ်သားပျဉ်ပြားတစ်ခုကို ယူဆောင်လာပြီး အလျင်အမြန်တပ် ဆင်လိုက်သည်။ အရွယ်အစားသည် အတိအကျဖြစ်နေပြီး ဤညအတွက် ပို့ဆောင်ရမည့် ပမာဏကို သူ ကြိုတင်သိထားပြီး ကြိုတင်ပြင်ဆင်ထားသည့်အလား ဖြစ်နေလေသည်။

အချိန်မှာ ညနက်နေပြီဖြစ်၍ ပြတိုက်ကို လွန်ခဲ့သည့် အချိန်ကတည်းက ပိတ်ထားသည်။ ထို့အပြင် ယနေ့သည် တနင်္လာနေ့ဖြစ်ပြီး တနင်္လာနေ့များတွင် ပြတိုက်များ ပိတ်လေ့ရှိသည်။

သူသည် ထိုမျှဖြင့် မရပ်ခဲ့ဘဲ မြို့နေလူထုများကို ဆေးကျောင်း၏ ဓာတ်ခွဲခန်းသို့ လာရောက်လည်ပတ်ရန် စီစဉ်ခဲ့သည်။ လူများသည် သဘာဝအတိုင်း သိချင်စိတ် ပြင်းပြကြလေသည်။ ဖော်မယ်လ်ဒီဟိုက်ရည်ဖြင့် စိမ်ထားသော ထိုခေါင်းသုံးလုံး၊ လက်ခြောက်ချောင်းပါသည့် ကလေးငယ်များကိုမြင်သောအခါ ဦးရေပြား ယားယံလာပြီး အရေပြား တဆစ်ဆစ်ဖြစ်လာသည်ကို ခံစားရသော်လည်း သူတို့၏ သိချင်စိတ်ကို မချိုးနှိမ်နိုင်ခဲ့ကြပေ။

ဟုတ်ပေသည်။ လာရောက်လည်ပတ်ခြင်းသည် အခမဲ့ မဟုတ်ခဲ့ပေ။ လက်မှတ်ခများသည် အလွန် စျေးကြီးပြီး လက်တွေ့အားဖြင့် မယုံနိုင်လောက်အောင်ပင် ဖြစ်သည်။ ထိုသို့ဖြစ်လင့်ကစား နိုင်ငံအနှံ့အပြားမှ လူအုပ်ကြီး လာရောက်ကြခြင်းကို မရပ်တန့်နိုင်ခဲ့ပေ။

မြို့နေလူထုများသာမကဘဲ လူပေါင်း များစွာသည် ဤဆေးကျောင်းသို့ လာ

ရောက်လည်ပတ်ရန် လေယာဉ်လက်မှတ်ခအတွက် ဒေါ်လာ ထောင်ပေါင်းများစွာ အကုန်အကျခံခဲ့ကြလေသည်။

All Chapters