← Chapters

သူငယ်ချင်းဟောင်း

Vol. 2 Ch. 18

သူငယ်ချင်းဟောင်း

Vol. 2 Ch. 18

ဝမ်ရှောက်ထျန်းသည် စိတ်ပျံ့လွင့်နေခြင်းကြောင့် လျှပ်စစ်စကူတာက ကျွီခနဲ မြည်သံပေးပြီး တစ်ခုခုကို တိုက်မိကာ ရုတ်တရက် ရပ်သွားသည်။ အရှိန်ကြောင့် ဝမ်ရှောက်ထျန်းသည် စကူတာပေါ်ကနေ လွင့်စင် ထွက်သွားပြီး ပါးစပ်အပြည့် မြေကြီးများ စားမိလေတော့သည်။

ဘယ်ဘက်လက်မောင်းမှာ ကျိုးသွားသည့် နာကျင်မှုမျိုးလို စူးရှပြင်းထန်သော ဝေဒနာကို သူခံစားလိုက်ရလေသည်။ သူက မြေပြင်ပေါ်ကို လက်ထောက်ပြီး ထဖို့ကြိုးစားသော်လည်း မြေပြင်ပေါ်မှ တစ်စုံတစ်ခုက လက်ကို စူးသွားခဲ့သည်။

သူ မမြင်ရသဖြင့် လက်ဖြင့်လှမ်းပြီး စမ်းကြည့်လိုက်သည်။ ပါးလွှာပြီး ရှည်လျားကာ မျက်နှာပြင်က ကြမ်းတမ်း နေတယ်လို့ ခံစားရသည်။ သို့ပေမဲ့ လုံးဝ မမာဘဲ ဘေးဘက်ကနေ ခွစို့တွေ အများကြီး ထွက်နေတာကို စမ်းမိလိုက်သည်။

ဘယ်ဘက်လက်မောင်းက နာကျင်မှုကို ခနမေ့ထားပြီး ဝမ်ရှောက်ထျန်းသည် ဘာလဲဆိုတာကို သိချင်၍ မီးဖွင့်ကြည့်ဖို့ အိတ်ကပ်ထဲက ဖုန်းကို ထုတ်ယူလိုက်ပါသည်။ ထိုအရာသည် သစ်မြစ်တစ်ခု ဖြစ်နေသည်ကို သူတွေ့လိုက်ရလေသည်။

ဝမ်ရှောက်ထျန်းက သူ့ရှေ့က တစ္ဆေပုံသဏ္ဌာန်ကို မော့ကြည့်လိုက်သောအခါ သာမန် အင်ကြင်းပင်ကြီး တစ်ပင်သာ ဖြစ်နေခဲ့သည်။ သူသည် သူ၏ ကိုယ်တိုင်ကြောက်ရွံ့စိတ်ကြောင့် ရှုံးနိမ့်သွားခဲ့သည်။ သူရုန်းကန်ပြီး ထရပ်လိုက်ကာ မြေပြင်ပေါ်လဲကျနေတဲ့ လျှပ်စစ်စကူတာကို ကောက်ထူလိုက်သည်။ ကံကောင်းစွာနဲ့ပင် အစ်ကိုကြီးလုံ က အထုပ်ကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသဖြင့် အမြန်စား အစားအစာတွေ ဖိတ်စင်ခြင်းမရှိခဲ့ပေ။

ဝမ်ရှောက်ထျန်းက လမ်းညွှန်ပြထားသော နေရာမှာ စောင့်နေသော်လည်း ကြောက်ရွံ့နေစဲပင်။ သူက ပတ်ဝန်းကျင်ကို သတိကြီးစွာနဲ့ ကြည့်နေပြီး ရာသီဥတုက မအေးပေမယ့် သူ့ကိုယ်သူ တုန်ယင်နေတယ်ဟု ခံစားနေရသည်။

ဝမ်ရှောက်ထျန်းက သူ့ဆီကို လျှောက်လာသူဟာ လူတစ်ယောက်ဖြစ်ကြောင်း သေချာနေပေသည်။ အဘယ့်ကြောင့်ဆိုသော ထိုလူသည် ဓာတ်မီးကို ကိုင်ထားသောကြောင့်ပင်။ သေချာကြည့်လိုက်တော့ အဲဒီလူရဲ့ လမ်းလျှောက်ပုံက အနည်းငယ် ထူးခြားနေပေသည်။

မှောင်မိုက်တဲ့ ညမှာတောင်မှ အဲဒီလူက ခေါင်းမော့ပြီး ခြေလှမ်းခပ်စိပ်စိပ်ဖြင့် ကောင်းကင်ကို မော့ကြည့်ရင်း လမ်းလျှောက်နေတာကို မြင်နိုင်ပေသည်။ ဝမ်ရှောက်ထျန်းက ဤပုံသဏ္ဌာန်ဟာ သူ့အတွက် အရမ်းရင်းနှီးနေတယ်လို့ ခံစားနေရသည်။ ထိုလူက ပိုပြီး နီးကပ်လာသောအခါမှာတော့ ဝမ်ရှောက်ထျန်းဟာ သူနဲ့မျက်နှာချင်းဆိုင် အိပ်ခဲ့ရတဲ့ ကောလိပ်ကျောင်းမှ အခန်းဖော်ဟောင်း မန်ဟိုင်ယန် ဖြစ်ကြောင်း နောက်ဆုံးမှာ သိလိုက်ရပါတယ်။ သူသည် နေ့တိုင်းပင် မန်ဟိုင်ယန်၏ ခြေထောက်မှ အနံ့ဆိုးကို နမ်းရှိုက်ခဲ့ရသူဖြစ်သဖြင့် သဘာဝအတိုင်းပင် သူ့ကို အလွန်ရင်းနှီးနေခဲ့လေသည်။

မန်ဟိုင်ယန်သည် ဝမ်ရှောက်ထျန်းကို ဟယ်ချန်၏ ကျောင်းဓာတ်ခွဲခန်းဆီ အတင်းဆွဲခေါ်သွားခဲ့သော သူပင်ဖြစ်သည်။ အဆောင်၌ ဝမ်ရှောက်ထျန်း၏ အချစ်ဆုံးသူငယ်ချင်းက မန်ဟိုင်ယန် ဖြစ်ပေမယ့် ဆေးကျောင်းက ဟယ်ချန်နဲ့ တွေ့ဆုံပြီးနောက်မှာတော့ မန်ဟိုင်ယန်က ဟယ်ချန် ကို စိတ်ဝင်စားနေသည်ဟု ဝမ်ရှောက်ထျန်း ခံစားခဲ့ရသည်။

မန်ဟိုင်ယန်သည် ဆေးကျောင်းကို မကြာခဏ သွားရောက်လေ့ရှိပြီး ဝမ်ရှောက်ထျန်းကို အမြဲတမ်း ခေါ်သွားတတ်လေသည်။ ကျေးလက်က လာသော ဝမ်ရှောက်ထျန်းသည် ဟယ်ချန် ရှေ့မှာ အလိုလို နိမ့်ကျတယ်လို့ ခံစားနေရသည်။ ထို့အပြင် ညီအစ်ကိုနှစ်ယောက် မိန်းမတစ်ယောက်အတွက် ရန်ဖြစ်ကြ သည်ဆိုသော သတင်းပျံ့သွားလျင် မကောင်းလှပေ။

တက္ကသိုလ်မှ ဘွဲ့ရပြီးနောက်၌ ဝမ်ရှောက်ထျန်းသည် သူ၏သူငယ်ချင်းဟောင်းများနှင့် အဆက်အသွယ် မလုပ်ဖြစ်တော့ပေ။ အမြန်အစားအစာ ပို့ဆောင်သူအဖြစ်ဖြင့် သူငယ်ချင်းဟောင်းများနှင့် ဆုံရမည်ဆို သောအသိက သူ့အား နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

ဝမ်ရှောက်ထျန်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ လိပ်စာမှာ “ပြတိုက်” ဟု ရှင်းရှင်းလင်းလင်း ရေးထားသော်လည်း လမ်းညွှန်က သူ့အားဤနေရာကို ခေါ်လာခဲ့သည်။ ဒီနေရာမှာ ပြတိုက် မရှိပါဘူး။ နောက်မှ မန်ဟိုင်ယန်ကို မေးကြည့်ရမယ်။

မန်ဟိုင်ယန်သည် သူ့ဆီကို လျှောက်လာခဲ့ပြီး အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်ကာ သူ၏အသံက မှုန်မှိုင်းနေသည်။

“မင်းက အစားအသောက် ပို့တဲ့သူလား။ ငါမှာထားတဲ့ အစားအသောက်က ဘယ်မှာလဲ…။”

ဝမ်ရှောက်ထျန်းသည် သူ၏ မျက်နှာချင်းဆိုင်ရှိ လူကို မျက်လုံးအဝိုင်းသားနှင့် စိုက်ကြည့်လိုက်သည်။ အရင်အတိုင်းပင် ချွန်ထွက်နေသော နှာခေါင်း၊ ထင်ရှားတဲ့ မျက်နှာသွင်ပြင်နဲ့ ထူထဲတဲ့ နှုတ်ခမ်းတွေပင်။

ဟုတ်ပေသည်။ ဤသည်က မန်ဟိုင်ယန်သာပင်။ မန်ဟိုင်ယန်၏ မျက်နှာရှိ အထူးခြားဆုံးအင်္ဂါရပ်က သူ၏ ပါးစပ်ဖြစ်သည်။ သူ၏ နှုတ်ခမ်းများက အရမ်းထူသောကြောင့် အခန်းဖော်များ၏ လှောင်ပြောင်မှုကို ခနခန ခံခဲ့ရသည်။

ရုပ်ရှင်ထဲတွင် ဝက်အူချောင်းနှုတ်ခမ်းပါသော ဇာတ်ကောင်ကို သရုပ်ဆောင်ပြီးကတည်းက လူတွေက သူ့အား မန်ရဲ့ဝက်အူချောင်းလို့ နာမည်ပြောင် ပေးခဲ့ကြလေသည်။

မန်ဟိုင်ယန်သည် အရင်က ချောတယ်ဟု မပြောနိုင်ပေမယ့် ဖြောင့်မတ်ပြီး သန်မာကာ ယုံကြည်မှုရှိ သော လမ်းလျှောက်ဟန်နဲ့ တက်ကြွမှုတွေ ကထင်ရှားနေခဲ့သည်။ အခုတော့ သူသည် အရင်ကကဲ့သို့ တက်ကြွသောလူတစ်ယောက် မဟုတ်တော့ပေ။ ပွယောင်းခြောက်သွေ့နေသော ဆံပင်များက မသပ်မရပ်ဖြင့် အနံ့အသက်တစ်ခုကို ထုတ်လွှတ်နေပြီး သူအချိန်အတော်ကြာအောင် ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဖြစ်ခဲ့ပုံရလေသည်။

သူ၏ နက်မှောင်ပြီး ချိုင့်ဝင်နေသော မျက်ခွံတွေသည် စိတ်ပျက်အားငယ်မှုနှင့် နက်ရှိုင်းသော ချောက်ကမ်းပါးနဲ့ တူနေပြီး သူ၏ ထုံထိုင်းပြီး လစ်ဟာနေသော မျက်လုံးအိမ်၏ အနက်ရှိုင်းဆုံးကနေ အေးစက်တဲ့ ခံစားချက်တစ်ခု ထွက်ပေါ်နေသည်။ တစ်ချိန်က ထက်မြက်တောက်ပခဲ့တဲ့ သူ့မျက်နှာဟာ အခုတော့ မှုန်မှိုင်းပြီး အသက်မဲ့နေခဲ့သည်။ မန်ဟိုင်ယန်သည် ဝမ်ရှောက်ထျန်းကို ကြောက်ရွံ့စေခဲ့ပါ သည်။

သို့ပေမဲ့ မန်ဟိုင်ယန် က ဘာမှ တုံ့ပြန်မှု မပြခဲ့ပေ။

“ဪ ဝမ်ရှောက်ထျန်း ငါ့အတွက် စားစရာယူလာလား…။”

ဝမ်ရှောက်ထျန်း ခဏတာ ကြောင်သွားသည်။

“စားစရာက စကူတာပေါ်မှာပါ။ အစ်ကိုဟိုင် အစ်ကိုရေးထားတဲ့ ပို့ဆောင်ရမယ့် လိပ်စာက ပြတိုက်ဆိုတာ သေချာလား။ ဒီနားမှာ ပြတိုက်ကို မတွေ့မိဘူး…။”

“ပြတိုက်” ဆိုသည့် စကားလုံးကို ကြားလိုက်သောအခါ မီးခလုတ်ဖွင့်လိုက်သလိုမျိုး မန်ဟိုင်ယန်၏ မျက်လုံးများက တောက်ပလာခဲ့သည်။ သူဟာ ဒီခေါင်းစဉ်ကို အထူးစိတ်ဝင်စားပုံရပြီး သူ၏ဖြူဖျော့ပြီး သွေးမရှိသော မျက်နှာ၌ မသတီစရာကောင်းသော အပြုံးတစ်ခု ပေါ်လာသည်။

မန်ဟိုင်ယန်သည် အရင်က အေးစက်စက် အမူအရာကို စွန့်လွှတ်ပြီး စိတ်အားထက်သန်စွာနှင့် စကား ပြောစပြုလာသည်။

“ရှောက်ထျန်း၊ မင်းပြောတဲ့ ပြတိုက်ကို ငါ့ယောက်ဖက ဆောက်နေတာလေ။ ဒီည သူ့အတွက် ငါစောင့် ပေးနေတာ။ ပြတိုက်က မပြီးသေးဘူး၊ နောက်ဘက်မှာ တစ်ထပ်ပဲ ဆောက်ထားတာ တွေ့ရလိမ့်မယ်။ သုံးထပ်ဆောက်ဖို့ စီစဉ်ထားတာ…။”

ဝမ်ရှောက်ထျန်းသည် နှစ်ပေါင်းများစွာ မတွေ့ရသည့် သူ့သူငယ်ချင်းဟောင်းသည် ထူးဆန်းတယ်ဟု ထင်နေသော်လည်း သူ၏ စိတ်အားထက်သန်သည့် ဖိတ်ခေါ်မှုကို မြင်တော့ ငြင်းပယ်ဖို့ ခက်သောကြောင့် လက်ခံလိုက်သည်။

ဝမ်ရှောက်ထျန်းက မန်ဟိုင်ယန်၏ အရိုးစုလို မျက်နှာပေါ်က ထူးဆန်းတဲ့ အပြုံးကို မျက်လုံးထောင့်ကနေ မြင်လိုက်ရသည်။ သူသည် သူငယ်ချင်းဟောင်းနှင့် တွေ့ဆုံရသော ပျော်ရွှင်မှုကနေ နိုးထလာခဲ့သည်။ ဤနေရာ၏ ထူးဆန်းသော အခြေအနေနှင့် သူ၏ အခြေအနေကို သိသောကြောင့် သူ၏နောက်ကို လိုက်မသွားရဲဘဲ ထွက်ပြေးဖို့ အကြောင်းပြချက် ရှာချင်နေခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ရှောက်ထျန်းသည် မန်ဟိုင်ယန်ကို သတိထားနေသည့်စိတ်က လျော့ကျသွားလေသည်။ အမြန်အစားအစာက သူ့အတွက် မဟုတ်ဘဲ အလုပ်လုပ်နေသော ဝန်ထမ်းတွေအတွက် ဖြစ်နေတာကို သိလိုက်ရသည်။ သူက သူ့အား ပြန်လိုက်ပို့ပေးမည့်ပုံ ပေါ်ပေသည်။

မန်ဟိုင်ယန်က လက်လှမ်းပြီး ဝမ်ရှောက်ထျန်း၏ ပခုံးပေါ် တင်လိုက်သည်။ ဝမ်ရှောက်ထျန်း လန့်သွားခဲ့ သည်။ မန်ဟိုင်ယန်၏လက်က အရိုးလို၊ သစ်ကိုင်းခြောက်လို ဖြစ်နေသည်။ မန်ဟိုင်ယန်၏ လက်က ထိမိတဲ့ နေရာတိုင်းသည် ဝမ်ရှောက်ထျန်းသည် အရိုးထဲအထိ စိမ့်ဝင်သွားသော အအေးဓာတ်ကို ခံစား နေရသည်။

ဝမ်ရှောက်ထျန်းသည် သူ့နောက်က လျှပ်စစ်စကူတာကို လှည့်ကြည့်ရန် ခေါင်းကို လှည့်လိုက်ပေမယ့် မန်ဟိုင်ယန် က “မလှုပ်နဲ့” ဟု အော်လိုက်သည်။ ရုတ်တရက် လန့်သွားသော ဝမ်ရှောက်ထျန်းသည် ခေါင်းကို အမြန်ပြန်လှည့် လိုက်သည်။ သူ လုံးဝ မလှုပ်နိုင်ခဲ့ပေ။ ဤသည်မှာ ဖိတ်ခေါ်ခြင်း မဟုတ်ဘဲ အတင်းအကျပ် ခိုင်းစေခြင်းဆိုသည်မှာ ရှင်းနေပေသည်။

နာမည်ကြီး ကနေဒါ စိတ်ပညာရှင်ဆီရီက စိတ်ဖိစီးမှုကို အဆင့်သုံးဆင့် ခွဲခြားခဲ့ဖူးလေသည်။ အဲဒါတွေကတော့ သတိပြုတုံ့ပြန်မှုအဆင့်၊ ခုခံမှုအဆင့်နဲ့ ပင်ပန်းနွမ်းနယ်မှုအဆင့်တို့ဖြစ်သည်။ ဝမ်ရှောက်ထျန်း ကတော့ အပြင်းထန်ဆုံး ပင်ပန်းနွမ်းနယ်မှု အဆင့်ထဲကို ရောက်သွားပြီဟု ခံစားရပြီး ကြောက်လန့်တကြား ဖြစ်နေခဲ့လေသည်။

ဝမ်ရှောက်ထျန်းက မန်ဟိုင်ယန်ကို ခိုးကြည့်လိုက်သည်။ ဤမျှ နီးကပ်နေခြင်းကြောင့် မန်ဟိုင်ယန်၏ လျော့ရဲနေသော အရေပြားအောက်မှ သွေးပြန်ကြောများကိုတောင် မြင်နိုင်လုနီးပါးပင်။ မန်ဟိုင်ယန်သည် ဤမျှလောက် ပိန်နေသည်ကိုတောင် အလေးချိန် ပေါင် (၁၂၀) ဒါမှမဟုတ် (၁၃၀) လောက်ရှိသော ဝမ်ရှောက်ထျန်းကို ကိုင်မြှောက်နိုင်လောက်သည့် အင်အား ရှိနေသလိုပင်။

မန်ဟိုင်ယန်က ပျောက်ကွယ်သွားလေပြီ။ အခန်းထဲ၌ မီးများလင်းနေပြီး ပုံသဏ္ဌာန်ပျက်နေသော သတ္တဝါများနှင့် ပြည့်နေသည်။ ဤဓာတ်ခွဲခန်းသည် လွန်ခဲ့သည့် နှစ်အနည်းငယ်က ဓာတ်ခွဲခန်းထက် အများကြီး ပိုပြီး ခမ်းနားနေသည်။ ပုံသဏ္ဌာန်ပျက်နေသော သတ္တဝါအမျိုးမျိုး ရှိရုံသာမက လူနှင့်တိရစ္ဆာန် စပ်ထား သောမျိုးစိတ်များလည်းရှိနေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းသည် လူခေါင်းနှင့် အောက်ပိုင်းသည် လူဝံနှင့် လူစပ်မျိုး လိုမျိုး အမွေးတွေ ပါနေပေသည်။

အခန်းက အရမ်းကြီးမားပြီး ဝမ်ရှောက်ထျန်း ဆက်ပြီး မနေနိုင်တော့ပေ။ သူအဲဒီကနေ လွတ်မြောက်ဖို့ ထွက်ပေါက်တစ်ခုကို ရအောင်ရှာရင်း မတ်တပ်မရပ်နိုင်ဘဲ တွားသွားရင်း ရုန်းကန်နေခဲ့သည်။ သူ နောက်ထပ် အခန်းတစ်ခုကို ပြေးဝင်သွားလိုက်သည်။ အဲဒီအခန်းထဲမှာတော့ ဘီလူးတွေ မရှိပေမယ့် အမျိုးသမီးအလောင်းတွေနဲ့ ပြည့်နေခဲ့သည်။ သူတို့ တစ်ယောက်စီတိုင်း၏ အူများကို အပြင်ဘက်ကို ထုတ်ထားပြီး ရက်စက်စွာ အူထုတ်ခံရသဖြင့် သေဆုံးရခြင်းပင်။

အခန်းထဲ၌ ပုပ်ဆွေးနေသည့် အလောင်းနံ့တွေ နံနေပြီး မျက်စိတစ်ဆုံး ကျယ်ပြန့်သည်။ ဝမ်ရှောက်ထျန်း မြေပြင်ကို ငုံ့မကြည့်ရဲဘဲ အမြန်ဆုံး ပြေးသွားလိုက်သည်။ ရုတ်တရက် သူတစ်ခုခုကို တိုက်မိပြီး ချော်လဲ သွားခဲ့သည်။

“ သောက်ကျိုးနည်း ဒီစေးကပ်နေတာကြီးက ဘာလဲ…။”

ဝမ်ရှောက်ထျန်းက စိတ်ပျက်အားငယ်စွာနဲ့ ကျိန်ဆဲလိုက်သည်။

သူငုံ့ကြည့်လိုက်တော့ သူ့လက်က အမျိုးသမီး အလောင်းတစ်လောင်း၏ ပွင့်ထွက်နေသော အူတွေကို ဖိထားမိနေသည်ကို တွေ့လိုက်ရသည်။ အဝါရောင် စေးကပ်တဲ့ အရည်တွေက အူတွေထဲကနေ စီးထွက်နေဆဲပင်။ သူ မခန့်မှန်းဘဲနဲ့ ဘာလဲဆိုသည်ကို သိလိုက်သည်။ ဝမ်ရှောက်ထျန်း နောက်ဆုံး၌ ထိန်းမထား နိုင်တော့ဘဲ အဲဒီနေ့ မွန်းလွဲပိုင်းက စားထားသော ခေါက်ဆွဲတွေ အကုန်လုံး အန်ချလိုက်မိသည်။

အန်ဖတ်များသည် အမျိုးသမီး အလောင်းတစ်လောင်း၏ မျက်နှာပေါ်ကို ကျရောက်သွားလေသည်။ ထို အလောင်းသည် ထူးထူးခြားခြား ပုံမပျက်သေးဘဲ ပတ်ဝန်းကျင်ကို သန့်ရှင်းရေး လုပ်ထားလေသည်။ အလောင်း၏ ဝမ်းဗိုက်ကိုသာ ခွဲစိတ်ထားလေသည်။

နှစ်ပေါင်းများစွာ မတွေ့ရပေမယ့် ဝမ်ရှောက်ထျန်းသည် သူမ၏ မျက်နှာကို ဘယ်တော့မှ မှားမည် မဟုတ်ပေ။

ဟယ်ချန်သည် ဝမ်ရှောက်ထျန်း၏ ယခုအချိန်အထိ တစ်ဦးတည်းသော မိန်းကလေးသူငယ်ချင်းဖြစ်ပြီး သူ့ဘဝမှာ တစ်ဦးတည်းသော ချစ်သူလည်း ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှောက်ထျန်း၏ လက်ရှိ ငွေကြေးအခြေအနေအရဆိုပါက ဘယ်မိန်းကလေးကမှ သူ့နဲ့အတူ နေချင်မည် မဟုတ်ပေ။

ဟယ်ချန်သေဆုံးခြင်းကို ဝမ်ရှောက်ထျန်း အံ့အားသင့်သွားပေမယ့် သူ့အသက်က အခု အရေးအကြီးဆုံးပင်။ သူရှေ့ကို ဆက်ပြေးနေပေမယ့် အဆုံးကို ဘယ်တော့မှ မရောက်နိုင်ခဲ့ကေ။ နောက်ဆုံးမှာတော့ သူ ခေါင်မိုးတစ်ခုကို တွေ့လိုက်ရသည်။ ခေါင်မိုးကို ဖြတ်ကျော်လိုက်ရင် ထွက်ပေါက်ကို တွေ့ပြီဟု ထင်မိလိုက်သည်။

သူ ခြေလှမ်းမချခင်မှာပဲ ညက မက်ခဲ့သော အိပ်မက်တစ်ခုကို ရုတ်တရက် သတိရမိလိုက်သည်။ ထိုအိပ်မက်ထဲတွင် မုတ်ဆိတ်မွှေးများဖြူဖွေးနေသော အဘိုးကြီးတစ်ယောက်က[မလောနဲ့၊ မလောနဲ့၊ သုံးမှတ် ရပြီဆို ရပ်တော့…]

ဝမ်ရှောက်ထျန်း အရက်မူးပြီးနောက်မှာ မုတ်ဆိတ်ဖြူနှင့် အဘိုးကြီးက ထိုစကားကိုသာ ဆက်ပြောနေခြင်းကြောင့် ဝမ်ရှောက်ထျန်း စိတ်အနှောင့်အယှက် ဖြစ်ပြီး ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။

အခု ထိုစကားများကို ပြန်အမှတ်ရလိုက်တော့ ဝမ်ရှောက်ထျန်း တစ်ခုခုကို နားလည်သွားသလိုပင်။

*မုတ်ဆိတ်ဖြူ အဘိုးကြီး၏ စကားက သတိပေးချက်များလာ

*ဒီအချိန်အတွက်များလား…။*

*အပြင်ကို မပြေးထွက်ဖို့ သူ့ကို သတိပေးနေတာလား….။*

*ပြီးတော့ “သုံးမှတ်” ဆိုတာ ဘာကို ဆိုလိုတာလဲ…။*

All Chapters