မီးတောက်အလံရွာ
Vol. 2 Ch. 19
ဤအကြောင်းကို စဉ်းစားပြီး ဝမ်ရှောက်ထျန်းသည် ခြေတစ်လှမ်းလှမ်းဖို့ကို ရပ်တန့်လိုက်သည်။
*ငါခဏစောင့်သင့်တယ်ထင်တယ်။ ‘သုံးမှတ်’ ဆိုတာ သုံးမိနစ်ကြာမှ ထွက်သွားခိုင်းတာလား၊ ဒါမှ မဟုတ် မိနစ်သုံးဆယ်ကြာမှ ထွက်သွားခိုင်းတာလား…။*
သူသည် အရာဝတ္ထုတို့၏ မတည်ရှိခြင်းထက် တည်ရှိခြင်းကိုသာ ယုံကြည်သူဖြစ်ပြီး ယခုအခါတွင်မူ ဤမျှ နက်နဲပြီး ဖုံးကွယ်ထားသော အရာများကိုပင် အထူးယုံကြည်နေပေသည်။
သုံးမိနစ်ခန့်ကြာပြီးနောက် ဝမ်ရှောက်ထျန်းသည် ဘယ်ညာ စိုးရိမ်တကြီး ကြည့်လိုက်သည်။ ထို့နောက် အောက်ကို ငုံ့ကြည့်လိုက်သောအခါ ဤအရာသည် ခေါင်မိုး လုံးဝမဟုတ်ဘဲ ချောက်ကမ်းပါးအစွန်း၌ သူ ရပ်နေခဲ့သည်ကို သဘောပေါက်သွားခဲ့သည်။ သူသာ ထိုတစ်လှမ်းကို လှမ်းလိုက်မည်ဆိုပါက အစိတ်စိတ် အမြွှာမြွှာ ကြေမွသွားနေလောက်ပေပြီ။
မန်ဟိုင်ယန်က သူ့ကို တောင်အများအပြား ကျော်ပြီး ခေါ်ဆောင်လာခဲ့ပုံကို သတိရရင်း အခု သူ တောင်ထိပ်မှာ ရပ်နေခြင်းဖြစ်မည်ဟု တွေးလိုက်ပြီး ဝမ်ရှောက်ထျန်းက ရင်ဘတ်ကို ပုတ်လိုက်ကာ သူ၏ ဉာဏ်ကောင်းမှုကို လက်မထောင်လိုက်သည်။
ဝမ်ရှောက်ထျန်း မြင်ခဲ့ရသော အရာအားလုံးသည် မန်ဟိုင်ယန် ဖန်တီးထားတဲ့ မျက်လှည့်တွေသာဖြစ် သည်။ မန်ဟိုင်ယန်သာ သူ့လက်ထဲတွင် ဆေးဝါးတစ်မျိုးကို ထားရှိခဲ့ပြီး ဝမ်ရှောက်ထျန်း၏ ပခုံးကို ဖိညှစ်နေချိန်၌ ထိုဆေးကို ဝမ်ရှောက်ထျန်း၏ ကျောရိုးမထဲကို ထိုးသွင်းခဲ့လိုက်ခြင်း ဖြစ်ပြီး သူ၏ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေခဲ့ခြင်းပင်။
ဝမ်ရှောက်ထျန်း ပျော်ရွှင်မှုထဲ၌ နစ်မြောနေချိန်မှာပင် တစ်စုံတစ်ယောက်က သူ့ခေါင်းကို လာထိသလို ခံစားလိုက်ရပြီး ထိုအရာက ဖြည်းဖြည်းချင်း သူ့လည်ပင်းဆီသို့ လက်လှမ်းလာခဲ့သည်။ ဝမ်ရှောက်ထျန်းသည် ဒါဟာ မနေ့ညက မက်ခဲ့တဲ့ အိပ်မက်တစ်ခုကို ပြန်အမှတ်ရခြင်း၊ အိပ်မက်ထဲမှာ ဖြစ်နေခြင်းဟု ထင်နေခဲ့သည်။
ရုတ်တရက် နာကျင်မှုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
“ဒီလောက် ထက်တဲ့ လက်သည်းတွေက သရဲပဲ ဖြစ်ရမယ်၊ လူတော့မဖြစ်နိုင်ဘူး…”
ဝမ်ရှောက်ထျန်းသည် ပြေးနေရင်းနှင့် သူ မသေခင် သူ့ကို သတ်တဲ့ သရဲက ဘယ်လိုပုံလဲဆိုသည်ကို မှတ်မိချင် သောကြောင့် ခဏခဏ နောက်လှည့်ကြည့်နေခဲ့ပါတယ်။ ထိုသရဲက အသက်ကြီးပြီး တာအိုဘုန်းကြီး ဝတ်စုံနဲ့ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့ အဘိုးကြီးတစ်ယောက်ပင်။
ဤဘိုးကြီးဟာ မသေခင်က တာအိုဘုန်းကြီး ဖြစ်ခဲ့ပုံရလေသည်။ ဝမ်ရှောက်ထျန်းသည် ကြည့်နေရင်း ဤတာအိုဘုန်းကြီးသည် သူ့အသက်ကိုတောင် မကယ်နိုင်လောက်အောင် အရည်အချင်း မရှိသည်ကို တွေးမိပြီး စိတ်ထဲကနေ ပြက်ရယ်ပြုမိလိုက်သေးသည်။
ဝမ်ရှောက်ထျန်းက ဤအဘိုးကြီး ဘယ်လိုသေခဲ့လဲဆိုတာ စိတ်မပူနိုင်သေးပေ။ သူက သူ့အသက်ကို ကယ်တင်နိုင်မလားဆိုတာ စဉ်းစားသင့်ပေသည်။
“အဘိုး၊ ကျွန်တော် အဘိုးကို မစော်ကားမိပါဘူး။ မနက်စာ စားတဲ့အခါ ပေါင်မုန့်ကို ခိုးပြီး အိတ်ကပ်ထဲ ထည့်တာကလွဲလို့ ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ဘာလို့ ကျွန်တော့်ကို သတ်ချင်နေတာလဲ…။”
ဝမ်ရှောက်ထျန်း၏ အသံသည် ရှိုက်သံနဲ့ ရောထွေးနေလေပြီ။ ဝမ်ရှောက်ထျန်းသည် တကယ့်ကိုပင် ကြောက်တတ်သူဖြစ်ကြောင်း ဝန်ခံရပါလိမ့်မည်။
ထိုအငြိုးကြီးသည့် သရဲဟာ ဝမ်ရှောက်ထျန်း၏ စကားတွေကို လုံးဝ ဂရုမစိုက်ဘဲ ပို၍ မြန်မြန်မျောပါလာပြီး သူ၏ လက်သည်းချွန်တွေကို ဝမ်ရှောက်ထျန်း၏ လည်ပင်းဆီ တိုက်ရိုက် လှမ်းလိုက်သည်။
“မင်းအသက်ကို ငါလိုချင်တယ်….ငါ မင်းအသက်ကို ယူလိုက်ရင် ငါ့သမီးကို သွားတွေ့လို့ရပြီ….။”
ဝမ်ရှောက်ထျန်းသည် တက္ကသိုလ်မှ ဘွဲ့ရပြီးကတည်းက လေ့ကျင့်ခန်း လုံးဝမလုပ်တော့ပေ။ သူသည် အကျပ်အတည်းကြုံချိန်၌ ကြီးမားသည့် စွမ်းရည်ကို ထုတ်ဖော်ခဲ့သော်လည်း ဤအငြိုးကြီးသော သရဲကိုတော့ ယှဉ်နိုင်ရန်အတွက် အခွင့်အလမ်း မရှိခဲ့ပေ။
သရဲ၏ လက်သည်းများသည် ဝမ်ရှောက်ထျန်း၏ လည်ပင်းကို အရေပြားကနေ ကြွက်သားတွေအထိ ဖြည်းဖြည်းချင်း ထိုးဖောက်ဝင်ရောက်နေလေသည်။ ဝမ်ရှောက်ထျန်းကို သရဲက ဆွဲကိုင်ထားပြီး သူ၏ ခြေထောက်တွေ မြေပြင်ကနေ ဖြည်းဖြည်းချင်း မြင့်တက်လာသလို ခံစားရသည်။
သေဆုံးခြင်းမတိုင်မီမှာတော့ လူတစ်ယောက်ဟာ အမြဲတမ်း ရုန်းကန်မှုကို ဖြတ်သန်းရလေ့ရှိပြီး သူ၏ ခြေထောက်တွေသည်လည်း တုန်ယင်နေခဲ့သည်။
ဝမ်ရှောက်ထျန်း စကားပြောဖို့ ကြိုးစားသော်လည်း အသံမထွက်နိုင်သည်ကို တွေ့လိုက်ရသည်။ သူ့အား ကယ်ဆယ်ဖို့ နတ်ဘုရားကြီး တစ်ပါးပါး ရောက်လာမလားလို့ တောင်းပန်ရုံ၊ ဆုတောင်းရုံသာ တတ်နိုင် လေတော့သည်။
“ကြောင်နက်လေး၊ အဘိုးကြောင်…၊ကျွန်တော့်ကို လာပြီး ကယ်ပါဦး…။”
သူ အသက်ရှူကျပ်နေပြီ ဖြစ်သော်လည်း သူ့လည်ပင်း အတွင်းပိုင်းမှာ သွေးလွှတ်ကြောတွေ စီးဆင်းနေသည်ကို ခံစားနေရဆဲပင်။ သရဲ၏ လက်သည်းတွေက သူ့သွေးလွှတ်ကြောကို ထိုးဖောက်လိုက်ရင် သူ လုံးဝ သေဆုံးသွားမှာပင်။
ဝမ်ရှောက်ထျန်းသည် သူ့ဘဝက ဤမျှလောက် တိုတောင်းလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူးပေ။ သူ၏ ခေါင်းက စတင်ပူလောင်လာပြီး ဆူညံလာကာ နားတွေ အူလာခဲ့သည်။ ထို့နောက်၌ သူ၏ မျက်စိရှေ့တွင် မီးရောင်တွေ လင်းလာသည်ကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး လက်ဝှေ့ယမ်းခြင်း၊ ခြေထောက်များတွန့်နေခြင်း အမူအရာများသည် ရပ်တန့်သွားလေသည်။
နောက်ဆုံးတော့ သူ၏ လက်များသည် ဘောင်းဘီအနားသတ်မှာ ငြိမ်သက်စွာ ရပ်တန့်သွားခဲ့သည်။
*ဟင်….၊ ငါ့အိတ်ကပ်တွေ ဘာလို့ ဖောင်းနေတာလဲ….။*
ဝမ်ရှောက်ထျန်းသည် စိတ်ငြိမ်အောင် အသည်းအသန် ကြိုးစားနေရင်း သူ့နှလုံးသားဟာ ဝမ်းသာမှုတွေနဲ့ ပြည့်နှက်သွားသည်။ သူ အရမ်းကြောက်လန့်နေသောကြောင့် ယခုလို အရေးကြီးသည့်အရာကို မေ့သွား ခဲ့ခြင်းဖြစ်သည်။
*ဪ…၊ ဟုတ်သားပဲ၊ လီရွှယ် ပေးခဲ့တဲ့ အဆောင်စာရွက်နှစ်ရွက်က ငါ့အိတ်ကပ်ထဲမှာရှိနေသေးတာပဲ…*
ယခုအခါတွင် မည်သူ့ကိုမှ အကူအညီ တောင်း၍မရတော့ဘဲ သူ့ကိုယ်သူပဲ အားကိုးရပေတော့မည်။ ဝမ်ရှောက်ထျန်းသည် ဘာရေးထားလဲဆိုသည်ကို မမြင်ရသောကြောင့် အားအကုန်သုံးပြီး စာရွက် တစ်ရွက်ကို ဆွဲထုတ်လိုက်သည်။ သူက ထိုသရဲ၏ ခေါင်းပေါ်ကို ကပ်ချင်သော်လည်း ခွန်အားမရှိ ခြင်းကြောင့် သူ၏ နဖူးပေါ်မှာပဲ ကပ်လိုက်တော့သည်။
ဝမ်ရှောက်ထျန်းသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပူလာသလို ခံစားလိုက်ရပြီး ရုတ်တရက် သူ့ခန္ဓာကိုယ်က နေ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ မကောင်းဆိုးဝါးကို ဝေးဝေးကို လွင့်စင်သွားစေခဲ့သည်။
ထိုအချိန်တွင် လူနှစ်ယောက် ရုတ်တရက် အခန်းထဲ ဝင်လာခဲ့သည်။ ဟုတ်ပေသည်၊ သူတို့က လူတွေဖြစ်ပြီး သရဲများ မဟုတ်ပေ။ တစ်ယောက်က ဝပြီး တစ်ယောက်က ပိန်သည်။ ဝမ်ရှောက်ထျန်း က အခန်းထဲမှာ တံခါးကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘဲ ထိုလူနှစ်ယောက် ဘယ်ကနေ ရောက်လာမှန်း မသိချေ။
မန်ဟိုင်ယန်သည် လူဝကြီး၏ နောက်ကနေ လိုက်လာခဲ့သည်။ လူဝကြီးက လူဖြစ်ပေမယ့် ခုနက မကောင်းဆိုးဝါးထက်တောင်မှပင် ပိုပြီး ကြောက်စရာကောင်းနေလေသည်။
ထိုလူဝကြီးသည် အရပ်အလွန်မြင့်သည်။ ဝမ်ရှောက်ထျန်းက သူ့ကို မျက်လုံးချင်းဆိုင် ကြည့်လိုက်သောအခါ သူ့လည်ပင်းပတ်လည်က အဆီကွင်းတွေကိုသာမြင်ရသည်။ ထိုလူဝကြီးသည် ဖိနပ်အပါးတစ်ရံကို စီးထားပြီး ဖိနပ်၏ ဖနောင့်တွေက စုတ်ပြဲနေသည်။
ဝမ်ရှောက်ထျန်း မော့ကြည့်လိုက်သောအခါ ရင်းနှီးသည့် မြေထဲပင်လယ်ပုံစံ ဆံပင်ပုံစံနှင့် ခေါင်းကို တွေ့လိုက်ရသည်။ ဤညက လမ်းဆုံမှာ သူ့အား ပြဿနာရှာခဲ့သော လူပင်ဖြစ်သည်။
ဤအရာအားလုံးဟာ စနစ်တကျ စီစဉ်ထားခြင်း ဖြစ်ကြောင်း ပေါ်လွင်နေပေသည်။ ဝမ်ရှောက်ထျန်း သည် အမြန်အစားအစာဆိုင်ကနေ လျှပ်စစ်စကူတာ စီးထွက်လာသည့် အချိန်ကတည်းက သူ့အား စောင့်ကြည့်နေခဲ့ကြခြင်းပင်။
မန်ဟိုင်ယန်သည် လူဝကြီး၏ နောက်ကနေ လိုက်လာပြီး လျော့ရဲနေသော အနက်ရောင် ဝါဂွမ်းအင်္ကျီ အကြီးကြီးကို ကိုင်ဆောင်ထားလေသည်။ ထိုအရာက လူဝကြီး၏ အင်္ကျီ ဖြစ်သည်မှာ ရှင်းပေသည်။
ထိုလူဝကြီးသည် ထူးဆန်းသော ဓာတ်ခွဲခန်း၏ ပိုင်ရှင်ဖြစ်ပြီး မန်ဟိုင်ယန် အရင်က ပြောခဲ့တဲ့ ယောက်ဖလည်း ဖြစ်ပုံရပေသည်။
ဝမ်ရှောက်ထျန်း တကယ် စိတ်ပျက်အားငယ်နေလေပြီ။ သူသည် ဘေးတစ်ခုကနေ လွတ်မြောက်လာပြီး ဝိညာဉ်ဆိုးတွေဆီကနေ သူ့အသက်ကို မနည်း ကယ်တင်ခဲ့ရသော်လည်း အခု နောက်ထပ်တစ်တွဲ ပေါ်လာပြန်ပါပြီ။ ဝမ်ရှောက်ထျန်း စိတ်ထဲကနေ တွေးလိုက်သည်။
*ငါ ဒီမှာ သေဖို့ ကံကြမ္မာ ပါလာတာလား….။*
ထိုလူနှစ်ယောက်သည် ဝမ်ရှောက်ထျန်း ဘက်ကိုတောင် လှည့်မကြည့်ဘဲ မကောင်းဆိုးဝါးဆီကို တန်းတန်းမတ်မတ် သွားကြသည်ကို ဘယ်သူကသိမည်လဲ။ လူဝကြီးက ရယ်မောလိုက်ပါတယ်။
“အဘိုးကြီးဟယ်၊ မင်း ဒါကို မမျှော်လင့်ခဲ့ဘူးမလား။ ငါ မင်းကို မတိုက်နိုင်ပေမယ့် တခြားတစ်ယောက်က တိုက်လိမ့်မယ်ဆိုတာကိုလေ….။”
*ထိုလူဝကြီးက ဒီအဘိုးကြီးကို မနိုင်ဘူးလို့ ပြောနေတာလား၊ ဒါပေမဲ့ ဒီအဘိုးကြီးကို ထိခိုက်အောင် လုပ်ခဲ့တာက ငါပါလား၊ ဘာတွေ ဖြစ်နေတာလဲ…*
ဟု ဝမ်ရှောက်ထျန်းက ကိုယ့်ဘာသာကိုယ် တွေးလိုက်သည်။
“ဟိုင်ယန်၊ လေဆာပြောင်းကိုယူခဲ့။ အဘိုးကြီးဟယ်ကို ငါ အရှင်လတ်လတ် ကင်ပစ်မယ်…”
“ဟုတ်ကဲ့၊ ယောက်ဖ…။”
မန်ဟိုင်ယန်က ချက်ချင်း ပြန်ဖြေပြီးတော့ သူယူလာသော စစ်တပ်စိမ်းရောင် အိတ်ကပ်ထဲကနေ ဇလုံ တစ်လုံးစာလောက်ရှိသော လေဆာပြောင်းကို ထုတ်လိုက်သည်။
ဝမ်ရှောက်ထျန်းသည် ဤမျှလောက်ကြီးသည့် လေဆာပြောင်းကို ဘယ်တုန်းကမှ မမြင်ဖူးချေ။ လူဝကြီးက ခလုတ်ကို ဖွင့်လိုက်သောအခါ လေဆာပြောင်းဆီကနေ အနီရောင် လေဆာရောင်ခြည်တစ်ခု ထွက်လာပြီး မကောင်းဆိုးဝါး၏ ခြေထောက်များကို လေဆာရောင်ခြည်ဖြင့်ထိုးလိုက်လေသည်။
မကောင်းဆိုးဝါးက နာကျင်စွာ အော်ဟစ်လိုက်သော်လည်း အရှုံးပေးဖို့ကိုတော့ ခိုင်မာစွာ ငြင်းဆန်ခဲ့သည်။
ထိုအဘိုးကြီးသည် အငြိုးကြီးတဲ့ သရဲ ဖြစ်သွားသော်လည်း သူ၏ ခိုင်မာတဲ့ ပုံစံကတော့ လေးစားမှုကို ဖြစ်ပေါ်စေခဲ့သည်။
လူဝကြီးက အသံကျယ်လောင်စွာ ရယ်မောလိုက်ပြီး
“အဘိုးကြီးဟယ်၊ မင်း ဒါကို မမျှော်လင့်ခဲ့ဘူးမလား…။ မင်းရဲ့စွမ်းအားက ဘယ်လောက်ပဲ နက်ရှိုင်းနေပါစေ အသုံးမဝင်ဘူး။ မင်းရဲ့သမီးက ငါ့လက်ထဲမှာ သေဆုံးခဲ့တယ်။မင်းက ငါ့လက်ထဲမှာ သေဆုံးခဲ့တယ်။ပြီးတော့ မင်းရဲ့ ဝိညာဉ်ကတောင် ငါ့လက်ထဲမှာ သေဆုံးခဲ့တယ်။ မဟုတ်သေးဘူး၊ မင်းရဲ့ ဝိညာဉ်က မင်းရဲ့လူတွေဖြစ်တဲ့ မီးတောက်အလံရွာက လူတွေလက်ထဲမှာ သေဆုံးခဲ့တာပဲ”
ဟု ပြောပြီး အဝလွန်သူက နောက်ထပ် ထိတ်လန့်စရာ ရယ်မောလိုက်သည်။
*ဒီအဘိုးကြီးရဲ့ နာမည်ကဟယ်လား…၊ ဟယ်ချန် ရဲ့ နာမည်ကလည်းဟယ်ပဲ..။ ဒီအဘိုးကြီးရဲ့ သမီးက ဟယ်ချန်များ ဖြစ်နေမလား…။*
* ဒါပေမဲ့ မီးတောက်အလံရွာဆိုတာ ဘာလဲ။ ဒီအဘိုးကြီးကို သူ ထိခိုက်အောင် လုပ်ခဲ့တာပါ။ သူက မီးတောက်အလံရွာက မဟုတ်ဘူးလေ….။*
မေးခွန်းများစွာသည် ဝမ်ရှောက်ထျန်း၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ပြေးလွှားသွားသည်။ သူသည် အဖြေများကို မသိပေမယ့် အရင်က မကောင်းဆိုးဝါးက လုံးဝမေကာင်းဆိုးဝါး မဟုတ်ခဲ့ပေ။ တကယ့်မေကာင်းဆိုးဝါးများက သူ့ရှေ့က လူနှစ်ယောက် ဖြစ်တယ်ဆိုခြင်းကို သူ နားလည်သွားသည်။
ဤသည်က ခန့်မှန်းချက်တစ်ခုသာ ဖြစ်သော်လည်း ဝမ်ရှောက်ထျန်းသည် ထိုင်ပြီး သေဖို့ကို စောင့်မနေသင့်ဘူးလို့ ခံစားရသည်။ ထိုအဘိုးကြီး ခြေထောက်များ ဆုံးရှုံးသွားသည်ကို မြင်သောအခါ
*ဪ ဟုတ်ပြီ၊ ငါ့အိတ်ကပ်ထဲမှာ အဆောင်စာရွက် တစ်ရွက် ကျန်သေးတယ်။ အလုပ်ဖြစ်မဖြစ်တော့ မသိဘူး၊ လူဝကြီးရဲ့နဖူးမှာ အရင် ကပ်လိုက်မယ်…။*
မည်သူမှ သူ့ကို အာရုံမစိုက်သည်ကို မြင်သောအခါ ဝမ်ရှောက်ထျန်းက အမြန်ဆုံး ထရပ်ပြီး လူဝကြီး၏ ခေါင်းနောက်ဘက်၌ အဆောင်စာရွက်ကို မြန်မြန် ကပ်လိုက်လေသည်။
ဝမ်ရှောင်ထျန်းက သူ အလွန်အမင်း အန္တရာယ်ကြီးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီဆိုတာ သိလိုက်သည်။ မန်ဟိုင်ယန် က သူ့အိတ်ကပ်ထဲမှ ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ဝမ်ရှောက်ထျန်းဆီကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။
ဝမ်ရှောက်ထျန်းလည်း အရာအားလုံး မည်းမှောင်သွားပြီး သတိလစ်သွားခဲ့သည်။ သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ ငှားထားသည့် အခန်းထဲက ကုတင်လေးပေါ်မှာ လဲလျောင်းနေခြင်းကို တွေ့လိုက်ရသည်။
လီရွှယ်သည် မှန်ကြည့်ပြီး သူမ၏ မိတ်ကပ်ကို သေချာဂရုစိုက် ပြင်ဆင်နေခဲ့သည်။ ဝမ်ရှောက်ထျန်းက ထပ်ခါတလဲလဲ စစ်ဆေးကြည့်ပြီး နောက်ဆုံး၌ သူ တကယ် မသေသေးဘူးဆိုသည်ကို အတည်ပြုလိုက် သည်။
ဝမ်ရှောက်ထျန်းသည် လီရွှယ်ဆီမှ သူတွေ့ခဲ့သော လူဝကြီးသည် ဆေးကျောင်း၏ ကျောင်းအုပ်ဟောင်း ဖြစ်ပြီး မန်ဟိုင်ယန်ကတော့ လူဝကြီးက ဝမ်ရှောက်ထျန်း၏ ကျောင်းထဲသို့ ထည့်သွင်းထားသူတစ်ဦးဖြစ်ကြောင်းကို သိလိုက်ရပေသည်။
သူတို့နှစ်ယောက်သည် သီးခြားစီ အလုပ်လုပ်ကြပြီး အဓိကအားဖြင့် ကျောင်းတွေက အမျိုးသမီး ကျောင်းသူ များကို ပစ်မှတ်ထားကာ မမျိုးဥထုတ်လုပ်မှုကို မြှင့်တင်ဖို့ အီစထရိုဂျင်ကို ထိုးသွင်းပြီး မျိုးရိုးဗီဇပြန်လည်ပေါင်းစပ်သည့် နည်းပညာကို အသုံးပြုကာ ခန္ဓာကိုယ်ပြင်ပ၌ မျိုးအောင်စေခဲ့ခြင်းပင်။
အစပိုင်း၌ သူတို့သည် ခေါင်းပေါင်းများစွာပါသော ကလေးအချို့ကိုသာ မွေးမြူခဲ့သော်လည်း နောက်ပိုင်းမှာတော့ ပါဝင်သော ကြီးမားသည့် အမြတ်အစွန်းများကို ရှာဖွေတွေ့ရှိပြီး ပိုပြီး ရက်စက်ကြမ်းကြုတ် လာကာ လူနှင့် တိရစ္ဆာန် မျိုးစပ်ဖို့ တိရစ္ဆာန်တွေဆီကနေ သုတ်ပိုးတွေကို ရယူခဲ့ကြလေသည်။
ဖမ်းဆီးခံရသော အမျိုးသမီး ကျောင်းသူများသည် မျိုးပွားသော ကိရိယာများ ဖြစ်လာကြပြီး ထို ထူးဆန်းသည့် သတ္တဝါများသည် သူတို့၏ ခန္ဓာကိုယ်အတွင်းမှာ ကြီးထွားလာပြီး ရင်ခွဲ ကုသမှုလိုမျိုး အကြမ်းတမ်းဆုံး နည်းလမ်းများကို အသုံးပြုပြီး ဖယ်ရှားခံခဲ့ရလေသည်။
ဟယ်ချန်ကလည်း သူတို့ထဲက တစ်ယောက်ပင်။ မန်ဟိုင်ယန်က အရင်ဆုံး သူမ၏ ခံစားချက်များကို လှည့်ဖြားပြီး သူ၏ အစီအစဉ်တွေထဲကို သွေးဆောင်ခဲ့ကာ နောက်ဆုံးတော့ ရက်ရက်စက်စက်ပင် သတ်ဖြတ်ခဲ့ကြလေသည်။
သို့ပေမဲ့ ဟယ်ချန်၏ ဖခင်သည် အလွန် ထက်မြက်သူဖြစ်သောကြောင့် သူ မန်ဟိုင်ယန်ကို ဘယ်လိုလုပ် လွှတ်ပေးနိုင်မည်နည်း။ လူဝကြီးက သူ့အလုပ်ကို လွန်စွာ စေ့စပ်သေချာပြီး သူဖမ်းဆီးထားသော မိန်းကလေးများ၏ မိသားစုနောက်ခံတွေကို စုံစမ်းပြီးသားဖြစ်သည်။ ဆင်းရဲသည့် မိသားစုက ကလေးများဆိုလျင် သူဂရုမစိုက်ပေ။
လီရွှယ် ပြောသည်များကို ကြားပြီးနောက်၌ ဝမ်ရှောက်ထျန်းသည် မန်ဟိုင်ယန်နှင့်လူဝကြီးကို အမုန်း တရားများနှင့် အံတကြိတ်ကြိတ်ဖြစ်နေခဲ့သည်။ ဝမ်ရှောက်ထျန်းသည် သူ သတိမေ့နေခဲ့သော အချိန်ကာလတစ်ခု ရှိခဲ့တာကို သတိရနေသည်။ သူက လီရွှယ်ကို မမေးခဲ့သော်လည်း လီရွှယ်သည် အချိန်မီ ရောက်လာပြီး မန်ဟိုင်ယန်၏ ဓားကနေ သူ့ကို ကယ်ခဲ့သည်ကို သူ ခန့်မှန်းနိုင်ပေသည်။
“ရှင် ဘယ်လိုသိတာလဲ….”
ဝမ်ရှောက်ထျန်းသည် လီရွှယ်၏ ပြင်းထန်သည့် တုံ့ပြန်မှုကြောင့် လန့်သွားသည်။ လွန်ခဲ့တဲ့ စက္ကန့်ပိုင်းကမှ သဘောကောင်းနေခဲ့သော လီရွှယ်က ဘာလို့ ရုတ်
“ဒီနေ့ကစပြီး ‘မီးတောက်အလံရွာ’ ဆိုတဲ့ စကားလုံးကို ရှင် ထပ်မပြောမိပါစေနဲ့….။”
ဟုပြင်းထန်စွာတားမြစ်လိုက်သည်။