လူသတ်မှု ကျူးလွန်ခဲ့သည့် နေရာ
Vol. 2 Ch. 20
ဝမ်ရှောက်ထျန်းက အိမ်အရောက်ပို့ စားသောက်ဆိုင်၏ ဆိုင်ဖွင့်ချိန်များကြောင့် နေ့ညပြောင်းပြန် ဖြစ် နေခဲ့သည်။ သူနိုးလာချိန်၌ နေ့လည်ခင်းတောင် ကျော်နေပြီဖြစ်သည်။ အလုပ်သွားဖို့ ပြင်ဆင်ရတော့မည်။ မကြာသေးခင်က ကြုံတွေ့ခဲ့ရသည့် ရင်တထိတ်ထိတ် အတွေ့အကြုံကို ပြန်တွေးမိရင်း လမ်းပေါ်က စည်ကားနေသော လူအုပ်ကြီးကို ကြည့်လိုက်တော့ သူသည် အခြားကမ္ဘာတစ်ခုတွင် ရောက်နေသလို ခံစားလိုက်ရသည်။
အစ်ကိုလုံက အချိန်တိကျပြီး ခြောက်နာရီထိုးသည်နှင့် စတင်ရောင်းချတော့သည်။ ဝမ်ရှောက်ထျန်းက ခုံပေါ်မှာထိုင်ပြီး မိနစ်အနည်းငယ် စောင့်နေတုန်းမှာပင် အစ်ကိုလုံ ပြင်ဆင်ပြီးသွားသည့် ပထမဆုံး အစားအသောက်ကို စားပွဲပေါ် တင်ပေးလာခဲ့သည်။ ဝမ်ရှောက်ထျန်းကတော့ ဖုန်းကိုသာ ငုံ့ကြည့်နေဆဲပင်။
အစားအသောက်မှာယူသူများသည် မကောင်းဆိုးဝါးများ ဒါမှမဟုတ် သရဲတစ္ဆေများ ဖြစ်နေသော်လည်း စည်းကမ်းတွေကတော့ အခြားအိမ်အရောက်ပို့ဆိုင်တွေနှင့် သိပ်မကွာလှပေ။
အပြင်ထွက်သည့်အခါတိုင်း အော်ဒါ များစွာကို တစ်ခါတည်း ပို့ပေးလေသည်။ ထို့ကြောင့် ဝမ်ရှောက်ထျန်းက အစ်ကိုလုံ နောက်ထပ် နှစ်ခုလောက် ထပ်ပြင်ဆင်ပြီးမှ အတူတူပို့ဖို့ စောင့်နေခြင်းပင်ဖြစ်သည်။
အစ်ကိုလုံက စားပွဲနားမှာ မတ်တပ်ရပ်ပြီး အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ်လုပ်ကာ ခဏလောက် ရပ်နေလိုက်သည်။ ဝမ်ရှောက်ထျန်းက ထမည့် လက္ခဏာ မပြတာကို မြင်တော့မှ ပြောလိုက်သည်။
“သွားပို့လိုက်တော့။ ပို့ရမဲ့လိပ်စာကို ငါ မင်းဆီ ပို့ပြီးပြီ…။”
ဝမ်ရှောက်ထျန်းက အနက်ရောင် ပလတ်စတစ်အိတ်ကို ကောက်ယူပြီး အထဲ၌ အစားအသောက် တကယ်ပါမပါ သိချင်သဖြင့် လက်ထဲတွင် အလေးချိန်ကို ချိန်ဆကြည့်လိုက်သည်။
အစ်ကိုလုံက မကျေမနပ်ဖြစ်ကာ ဝမ်ရှောက်ထျန်းကို တွန်းထုတ်ရင်း ပြောလိုက်သည်။
“သွားတော့၊ ဘာတွေ စဉ်းစားနေတာလဲ….။ ဒီလို လူငယ်အရွယ်မှာ အပျင်းထူဖို့ကိုပဲ အမြဲတွေးမနေစမ်းနဲ့…။”
ဝမ်ရှောက်ထျန်းက ရိုးရိုးလေး ရှက်ပြုံး ပြုံးလိုက်သည်။ ယခုလို အရေးတကြီး အော်ဒါမျိုး သူ တစ်ခါမှ မရဖူးသေးပေ။ သူ့မှာ မေးစရာ မေးခွန်းတွေ အပြည့်ရှိနေသော်လည်း အခုချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းနဲ့ မမေးသင့်တဲ့ မေးခွန်းတွေကို မမေးရဘူးဆိုတဲ့ နိယာမကို သူ နားလည်သွားခဲ့လေပြီ။ ထို့ကြောင့် မြန်မြန်ဆန်ဆန်ပင် သူ၏ လျှပ်စစ်စကူတာကို စီးပြီး ထွက်ခွာလာခဲ့သည်။
အိမ်အရောက်ပို့လုပ်ငန်းက သူ့အသက်ကို အန္တရာယ်ဖြစ်စေပေမဲ့ ဤအရာက သူ၏ တစ်ခုတည်းသော ဝင်ငွေရင်းမြစ်ဆိုတာ ငြင်း၍မရနိုင်ပေ။ တစ်ညတာ ပို့ဆောင်မှု အရေအတွက်ပေါ် မူတည်ပြီး သူ၏ မနက်စာဖြစ်သော တရုတ်ခေါက်ဆွဲကြော်မှာ ကြက်ဥတစ်လုံး အပိုထည့်စားနိုင်၊ မစားနိုင် ဆုံးဖြတ်နိုင်သည်။
ထို့ကြောင့် ဝမ်ရှောက်ထျန်းက အရှိန်မြှင့်ရန် လီဗာကို အဆုံးထိ ဆွဲလိုက်သည်။ သူ ဘာသံမှ မကြားရတော့ဘဲ လေတိုးသံကသာ သူ့နားနားက တဝှီးဝှီး ဖြတ်သန်းသွာသည်ကို ခံစားရသည်။ ဝမ်ရှောက်ထျန်းက သူ့မျက်လုံးတွေကို ရှေ့တည့်တည့် လမ်းပေါ်မှာသာ အာရုံ စိုက်ထားသည်။ စကူတာ စီးနေစဉ်မှာ အာရုံမပျံ့လွင့်ရဘူးဆိုသော အရင်အတွေ့အကြုံကနေ သူ သင်ခန်းစာယူခဲ့ပြီးသားပင်။
ဝမ်ရှောက်ထျန်း စီးနင်းလာရင်း ရှေ့မှ လမ်းက စိုစွတ်နေတာကို သတိထားမိလိုက်သည်။ မှောင်နေပြီဖြစ် ပြီး အဝေးက လမ်းမီးတိုင်အောက်၌ မခြောက်သေးသော ကတ္တရာစေးကဲ့သို့ ထင်ရသည်။
ဝမ်ရှောက်ထျန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ဒဏ်ရာရသူ တစ်ယောက်မှ မတွေ့ရပေ။ သူတို့ အားလုံးက အလုပ်ဆင်းပြီး အိမ်ကို အလျင်စလို ပြန်နေကြတဲ့ ရုံးသမားတွေချည်းသာဖြစ်သည်။ တချို့လူတွေကတော့ သွေးစွန်းတာကို မြင်တော့ စူးစမ်းတဲ့ အကြည့်နဲ့ ကြည့်ပြီး ပြဿနာရှာမှာ ကြောက်သဖြင့် အလျင်စလို ထွက်သွားကြလေသည်။
ကားမတော်တဆမှုဖြစ်ခဲ့ရင်တောင် ယခုလို အဆုံးသတ်မျိုး မဖြစ်သင့်ချေ၊ ထို့ကြောင့် ဝမ်ရှောက်ထျန်းက သွေးလမ်းကြောင်းအတိုင်း လိုက်သွားလိုက်ပြီး ထိုလမ်းကြောင်းက လမ်းကြားထဲထိ ရှည်လျားစွာဝင် ရောက်သွားသည်။
ဝမ်ရှောက်ထျန်းသည် မိန်းကလေးတစ်ယောက် ရှိုက်ကြီးတငင် ငိုနေသော အသံကို သဲ့သဲ့လေး ကြား လိုက်ရသည်။ အသံက အရမ်းကို သဲ့သဲ့လေးမို့ သေချာနားထောင်မှသာ ကြားနိုင်ပေသည်။
ဤသို့ဖြင့် လမ်းကြား၏ အဆုံးထိ ဆက်သွားလိုက်တော့ မြေပြင်ပေါ်၌ လဲလျောင်းနေပြီး သွေးများ ဖုံးလွှမ်းနေသော မိန်းကလေးတစ်ယောက်ကို သူ တွေ့လိုက်ရသည်။ မိန်းကလေးက မငိုတော့ပေ။ ဝမ်ရှောက်ထျန်းက သူ၏စကူတာပေါ်ကနေ အမြန်ဆင်းပြီး အနီးနားသို့ သွားကြည့်လိုက်သည်။ မိန်းကလေးက သေလုနီးပါး ဖြစ်နေလေပြီ။
မိန်းကလေး၏ အဝတ်အစားတွေက သွေးများဖြင့် စိုရွှဲနေသည်။ သူမက တစ်စုံတစ်ယောက် လာနေသည်ကို ခံစားမိပုံရပြီး မျက်လုံးများကို ဖွင့်ဖို့ ကြိုးစားသော်လည်း တတ်နိုင်သည့်ပုံမရပေ။ သူမက
“ရဲ ခေါ်ပါ…၊ ရဲ ခေါ်ပါ….” ဟုသာ တတွတ်တွတ် ရေရွတ်နေခဲ့သည်။
မိန်းကလေးရဲ့ အသက်ရှူသံက ပိုပြီး အားနည်းလာသည်ကိုမြင်တော့ ဝမ်ရှောက်ထျန်းက ထိတ်လန့်သွားသည်။ သူ၏ ဖုန်းကို အလောတကြီး ထုတ်ပြီး ဖုန်းခေါ်ဆိုမှုတွေ စတင်လုပ်ရင်း
“ရဲကိုခေါ်မယ်…၊ ရဲကိုခေါ်မယ်….။ မင်းကို ဆေးရုံပို့ဖို့ လူနာတင်ယာဉ် ခေါ်ပေးမယ်၊ ခဏလေးပဲ သည်းခံထားနော်….” ဟု အော်ပြောလိုက်သည်။
မိန်းကလေးက ဝမ်ရှောက်ထျန်းရဲ့ ဘောင်းဘီအောက်ပိုင်းကို ဆွဲကိုင်ပြီး ၊
“ကျေးဇူးပြုပြီး…၊ ကျေးဇူးပြုပြီး…၊ ရဲကို မြန်မြန် ခေါ်ပေးပါ၊ လူနာတင်ယာဉ် မခေါ်ပါနဲ့” ဟုတောင်းပန်လိုက်သည်။
ဝမ်ရှောက်ထျန်းက အလွန် စိုးရိမ်နေခဲ့သည်။ မိန်းကလေးက ကြောက်လန့်နေတာ ဖြစ်နိုင်လေသည်၊ သူမ၏ လက်တွေက ဖုန်းကို အဆက်မပြတ် နှိပ်နေခဲ့သည်။ သူက နှစ်သိမ့်ဖို့ ကြိုးစားလိုက်သည်။
“မကြောက်ပါနဲ့၊ ရဲတွေ ခဏနေ ရောက်လာတော့မယ်။ မင်း သွေးတွေ အများကြီး ထွက်ထားတာ၊ ဆေးရုံ သွားမှရမယ်…။”
ဝမ်ရှောက်ထျန်းက ဆေးကျောင်းသား မဟုတ်သော်လည်း သွေးအများကြီး ဆုံးရှုံးတာက အသက်အန္တရာယ် ရှိနိုင်တယ်ဆိုခြင်းကို သူသိပေသည်။
ထိုအချိန်၌ မိန်းကလေးက မျက်လုံးဖွင့်လာပြီး ပြောလိုက်သည်။
“လူနာတင်ယာဉ် မလိုပါဘူး၊ ဒီသွေးတွေက ကျွန်မသွေးတွေ မဟုတ်ဘူး…။”
ဝမ်ရှောက်ထျန်း၏ မျက်လုံးများ ပြူးကျယ်သွားလုနီးပါး ဖြစ်သွားသည်။ သူ ဖုန်းမီးကို သုံးပြီး ဒဏ်ရာကို သေချာ စစ်ဆေးကြည့်လိုက်ပေမဲ့ တကယ်ပဲ ဒဏ်ရာများကို မတွေ့ရပေ။
လမ်းပေါ်နဲ့ မိန်းကလေးပေါ်က သွေးစွန်းရာတွေက လေထဲကနေ ရုတ်တရက် ပေါ်လာတာ မဖြစ်နိုင်ဘူး။ မိန်းကလေးငယ်က မှင်သက်နေပုံရပြီး ဝမ်ရှောက်ထျန်း၏ လျှပ်စစ်စကူတာပေါ်က အိမ်အရောက်ပို့ အစားအသောက်များကို စိုက်ကြည့်နေသည်။ ဝမ်ရှောက်ထျန်းက မကောင်းတဲ့ ခံစားချက်တစ်ခု ရလိုက် ပြီး စမ်းသပ်တဲ့ သဘောနဲ့ မေးလိုက်သည်။
“မင်းက ဒီအိမ်အရောက်ပို့ အစားအသောက်ကို မှာထားတာလား….။”
ဝမ်ရှောက်ထျန်း မျှော်လင့်ထားသည့်အတိုင်းပင် မိန်းကလေးငယ်က ခေါင်းညိတ်ပြသည်။
ဝမ်ရှောက်ထျန်းက ချက်ချင်း သူ့ဖုန်းကို ထုတ်လိုက်တယ်။ အိမ်အရောက်ပို့ လိပ်စာသည် ဤအဆောက် အအုံဖြစ်နေသည်။ သူ၏ ဖုန်းထဲက တံခါးနံပါတ်အတိုင်း အပေါ်ထပ်ကို အလျင်စလို ပြေးတက်သွားလိုက်သည်။ လှေကားထစ်များက အရမ်း မှောင်မိုက်နေပြီး ဝမ်ရှောက်ထျန်း၏ ခြေထောက်တွေမှာ နည်းနည်း တုန်ယင်နေခဲ့သည်။ သူ အပေါ်ရောက်တော့ တံခါးက ပွင့်နေသည်ကို တွေ့လိုက်ရသည်။
အခန်းထဲ ဝင်ဝင်ချင်းမှာပင် သွေးနံ့ ပြင်းပြင်းကို သူ ရှူမိလိုက်တယ်။ တစ်ခုခု မှားနေပြီဆိုသည်ကို သိလိုက်သည်နှင့် သူ အထဲကို အလျင်စလို ပြေးဝင်လိုက်သည်။ ဧည့်ခန်းထဲတွင် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လဲလျောင်းနေသည်ကို သူ တွေ့လိုက်ရသည်။ သူတို့က ခုနက မိန်းကလေးငယ်နှင့် ပုံသဏ္ဍာန်ဆင်တူပြီး သွေးတွေလည်း ဖုံးလွှမ်းနေသည်။
ဝမ်ရှောက်ထျန်းက တစ်ချက်ကြည့်လိုက်ရုံနဲ့ တုန်လှုပ်သွားသည်။ သေဆုံးနေသော လူနှစ်ဦး၏ မျက်လုံးများက ထုတ်ထားခြင်း ခံရပြီး သွေးစွန်းသော မျက်တွင်းပေါက်များသည် တံခါးဝကို စူးစိုက်ကြည့်နေ သည်။ သူတို့ကို ဓားဖြင့် အကြိမ်ပေါင်းများစွာ ထိုးနှက်ထားပြီး ဒဏ်ရာတစ်ဝိုက်က သွေးများက ခြောက်သွေ့ နေလေပြီ။ ဝမ်ရှောက်ထျန်းက တုန်ယင်နေသောလက်နှင့် သူတို့၏ နှာခေါင်းပေါ်ကို လှမ်းစမ်းလိုက်တော့ အသက်ရှူခြင်း မရှိတော့ပေ။
အဆောက်အအုံဟောင်းဖြစ်သောကြောင့် လှေကားထစ်တွေက မှောင်မိုက်နေပြီး မိလ္လာနံ့တွေ နံနေခဲ့သည်။ ဝမ်ရှောက်ထျန်းက ထွက်သွားလို့ မရသော်လည်း တစ်ယောက်တည်းလည်း မနေရဲပေ။ ဤသို့ ဖြင့် အိမ်နီးချင်း၏ တံခါးကို အားရပါးရ ခေါက်လိုက်ပေမဲ့ ဘယ်သူမှ ပြန်ထူးခဲ့ခြင်းမရှိပေ။
ဝမ်ရှောက်ထျန်း အာရုံကို ပြန်စုစည်းလိုက်သည်။ တံခါးဖွင့်လိုက်သောသူက ဆံပင်ဖြူဖွေးနေသော အဘိုးအိုတစ်ယောက်ဖြစ်သည်။ ထိုအခါမှ ဝမ်ရှောင်းထျန်က ထိုအထပ်တွင် အိမ်ထောင်စု သုံးခုရှိသည်ကို သတိထားမိလိုက်ပြီး ထိုအဖိုးအိုမှာ အနောက်ဘက်အခြမ်းရှိအိမ်မှ ဆင်းလာခြင်း ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။
သူ စကားပြောနေရင်းနှင့် အဘိုးအိုက သူ၏ လက်ကို ဆန့်တန်းပြီး တံခါးဝကို တုန်ယင်စွာ ညွှန်ပြရင်း
ထိုအချိန်တွင် ရဲကား ရောက်လာပြီး ရဲအရာရှိ လေးယောက် ကားထဲက ထွက်လာခဲ့သည်။ သူတို့ထဲတွင် အမျိုးသမီးရဲအရာရှိတစ်ဦး ပါဝင်လေသည်။
အမျိုးသမီး ရဲအရာရှိ၏ အသံက ပြင်းထန်ပြီး ထက်မြက်သည်။ ဝမ်ရှောက်ထျန်း ဘာအမှားမှမလုပ်ခဲ့ပေမဲ့ သူ ကြောက်လန့်တုန်လှုပ်သွားမိသည်။
အမျိုးသမီးရဲအရာရှိက မျက်မှောင်ကြုတ်လိုက်သည်။
“ကျွန်မတို့နဲ့အတူ စခန်းကို လိုက်ခဲ့ပါ…။”
လူနှစ်ဦးကို သူတို့၏ နေအိမ်မှာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံရခြင်းပင်။ လူသတ်သမား၏ လုပ်နည်း လုပ်ဟန်က အလွန်ပင် ရက်စက်ကြမ်းကြုတ်လှပေသည်။ အမှုအား သတင်းပို့သူဖြစ်သည့် ဝမ်ရှောက်ထျန်းကို ရဲကားထဲမှာ ထိန်းသိမ်းထားပြီး ရဲစခန်းကို တိုက်ရိုက် ခေါ်သွားလေသည်။
ဟု အမျိုးသမီး ရဲအရာရှိက အော်ပြောလိုက်သည်။
သံသယရှိသူအဖြစ် ဆက်ဆံခံရခြင်းက ကြောက်စရာကောင်းသော ခံစားချက်ပင်။ သို့ပေမဲ့ ဝမ်ရှောက်ထျန်းက အပြစ်ကင်းပြီး ပတ်ဝန်းကျင်က စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေက ဒါကို သက်သေပြဖို့ လုံလောက်ပေသည်။ တစ်ညလုံး ပင်ပန်းဆင်းရဲပြီးနောက်မှာတော့ ဝမ်ရှောက်ထျန်းကို နောက်ဆုံး၌ လွှတ်ပေးလိုက်သည်။
ဝမ်ရှောက်ထျန်းက အကြာကြီး ထိုင်နေရသဖြင့် ထုံကျင်နေသော သူ့ခြေထောက်တွေကို ဆန့်ထုတ်လိုက် ပြီး အစ်ကိုကြီးလုံကို ရှင်းပြဖို့ ဖုန်းကို ထုတ်လိုက်သောအခါ ဖုန်းက ဘက်ထရီကုန်နေသည်ကို တွေ့လိုက် ရသည်။
ဝမ်ရှောက်ထျန်း ရဲစခန်းကနေ ခြေလှမ်းအပြင် ထွက်လိုက်သည်နှင့် ရင်းနှီးတဲ့ ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ မနေ့ညက မိန်းကလေးငယ်ကို တွေ့လိုက်ရတယ်။ သူမ သွေးတွေ ဖုံးနေခဲ့ပေမဲ့ ပန်းရောင် ဆံပင်ညှပ်ကလစ်လေး တပ်ထားတာကို ဝမ်ရှောက်ထျန်း ကောင်းကောင်း မှတ်မိနေခဲ့သည်။
ဝမ်ရှောက်ထျန်းက ပြဿနာကို ရှောင်တာ အကောင်းဆုံးပဲဆိုသည့် စိတ်နဲ့ သူမကို သတိထားပြီး ရှောင်ကွင်းသွားဖို့ ပြင်လိုက်တုန်းမှာပဲ မိန်းကလေးငယ်က သူ့နောက်ကို လိုက်လာနေပြီဆိုတာကို သိလိုက်ရတယ်။
ဝမ်ရှောက်ထျန်း ဘယ်လိုပဲ ချော့မော့ပြောဆိုပါစေ အရာမထင်ပေ။ လင်လင်ဟု အမည်ရသော မိန်းက လေးငယ်သည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသော ကလေးတစ်ယောက်ကဲ့သို့ မျက်နှာက ခံစားချက်မဲ့နေသည်။ မနေ့တုန်းကဆို သူမက အသိစိတ်ရှိနေခဲ့သည်။ ဝမ်ရှောက်ထျန်းသည် သူမက စိတ်ဒဏ်ရာ ရသွားခြင်းဖြစ်နိုင်သည်ဟု ယူဆပြီး လင်လင်၏ ဒုက္ခရောက်နေသည့် အခြေအနေအတွက် အလွန်ကိုပင် စိတ်မကောင်း ဖြစ်နေမိသည်။
သို့မဲ့လင်လင်က ဝမ်ရှောက်ထျန်းကို မျက်လုံးအစုံနဲ့ ကြည့်နေပြီး သူမ၏ မှိုင်းညို့နေတဲ့ အသွင်အပြင်က ဝမ်ရှောက်ထျန်းကို ကျောချမ်းသွားစေခဲ့သည်။ သူက သူမအား ရဲစခန်းထဲကို အမြန် ပြန်ထည့်ပြီး ပြေးထွက်လာခဲ့တော့သည်။
ဒုတိယထပ်မှာ ရပ်နေတဲ့ အမျိုးသမီး ရဲအရာ
ရှိက ဝမ်ရှောက်ထျန်း ခုနက လုပ်ခဲ့သော အရာအားလုံးကို မြင်လိုက်သည်။ သူမက ဝမ်ရှောက်ထျန်း ထွက်သွားတဲ့ အရပ်ကို စဉ်းစားဟန်နဲ့ ကြည့်လိုက်ပြီးနောက် အေးစက်စွာပြုံးလိုက်သည်။