← Chapters

ယက္ခမိစ္ဆာ

Vol. 3 Ch. 25

ယက္ခမိစ္ဆာ

Vol. 3 Ch. 25

လီရွှယ်သည် ရုတ်တရက် လန့်ဖျန့်သွားပြီး ဝမ်ရှောက်ထျန်း လက်ညှိုးထိုးပြသည့်ဘက်သို့ ကြည့်လိုက် သည်။ အရိပ်နှစ်ခုသည် မြေပြင်ပေါ်တွင် မှိန်ဖျော့ဖျော့ ထင်ဟပ်နေသော်လည်း အရိပ်နှစ်ခု၏အစား နောက်ထပ် အရိပ်တစ်ခု ပိုရှိနေလေသည်။

ထိုသို့ မြင်လိုက်ရသောအခါ လီရွှယ်က အမြန်ပြောလိုက်သည်။

"နောက်ကို လှည့်မကြည့်နဲ့….။"

လီရွှယ် သတိမပေးလျှင်ပင် ဝမ်ရှောက်ထျန်းက လှည့်ကြည့်ရဲမည် မဟုတ်ပေ။ သူ့မျက်နှာသည် သေလု မျောပါး ဖြူဖျော့ကာ သစ်ရွက်ကဲ့သို့ တုန်ရီနေခဲ့သည်။

ထိုသို့ပြောပြီးနောက် လီရွှယ်သည် ဝမ်ရှောက်ထျန်းအား ဖိနပ်ချွတ်ရန် ပြောလိုက်သည်။ လီရွှယ် မည်သို့ လုပ်မည်ကို ဝမ်ရှောက်ထျန်း မသိသော်လည်း ဖိနပ်ကိုတော့ ချွတ်ပေးလိုက်သည်။

ဤမျှလောက်အထိ လျှောက်လာရပြီး ဖိနပ်များကလည်း အရည်အသွေးမကောင်းသောကြောင့် ချွေးနံ့ သည်လည်း အလွန်ပြင်းထန်နေသည်။ လီရွှယ်သည် ရွံရှာသွားသည်။ ဖိနပ်ကို လက်နှစ်ချောင်းဖြင့်ညှပ်၍ လေထဲသို့ အမြန်ပစ်တင်လိုက်ပြီးနောက် နှစ်လှမ်းခုန်ကာ ရှေ့သို့တိုးလိုက်ပြီး လှည့်၍ အော်လိုက်သည်။

"ထွက်သွားစမ်း…။"

ထိုအရိပ်သည် ချက်ချင်း ပျောက်ကွယ်သွားသည်။ လီရွှယ်က ပြောပြသည်။

"ဒါ သာမန် လမ်းဘေးမှာ လျှောက်သွားနေတဲ့ သရဲတစ်ကောင်ပါပဲ။ ကျွန်မတို့က သူ့ကို လိုက်ရှာတာ မဟုတ်ဘူး ဆိုတာ သိလို့ ကြောက်အောင် ခြောက်ပြီးထွက်ပြေးသွားတာ….။"

သို့သော် ခဏအကြာတွင် သူတို့၏နောက်မှ ခြေသံများ ကို ကြားရပြီးနောက် ခွေးဟောင်သံများ လည်း ထွက်ပေါ်လာသည်။ ဝမ်ရှောက်ထျန်းက

"လမ်းဘေးက ခွေးလေခွေးလွင့်တွေများ ဒီထဲ ရောက်လာတာလား….။"

ဟု ကြောက်လန့်တကြားမေးလိုက်သည်။

လီရွှယ်က ရှင်းပြသည်။

"ဘယ်ဖြစ်နိုင်ပါ့မလဲ။ တိရစ္ဆာန်တွေက အာရုံခံစားမှု အရမ်းကောင်းတယ်။ သူတို့ ဒီနေရာကို ဝင်လာမှာ မဟုတ်ဘူး။ ရှင် ကြားနေရတဲ့ အသံတွေက ရှင့်ကို ကြောက်အောင်လုပ်ဖို့ ကြိုးစားနေတဲ့ သရဲတွေရဲ့ အသံ တွေပဲ။ ရှင် ကြောက်သွား ရင် သူတို့က အခွင့်အရေးယူပြီး ဝင်ပူးမှာ….။"

ဝမ်ရှောက်ထျန်းသည် ထိတ်လန့်ပြီး မျက်နှာဖြူဖျော့ကာ လီရွှယ်ကို တင်းတင်းဖက်ထားလိုက်သည်။

"ဘာလို့ ဒီလောက်တောင် သရဲတွေ ပေါနေရတာလဲ…..၊ကျွန်တော်တို့ လက်စားချေမယ့် ဝိညာဉ်တွေရဲ့ တွင်းထဲကိုများ ဝင်မိသွားတာလား….။"

"ဘာတွေကြောက်နေတာလဲ….၊ ဒီလောက် အရွယ်ရောက်ပြီးတဲ့ ယောက်ျားတစ်ယောက်ဖြစ်နေပြီကို…။"

လီရွှယ်က ခနဲ့သလိုပြောလိုက်သည်။

"ဒီသရဲတွေက အင်အားသိပ်မကြီးပါဘူး။ ရှင့်ကို ကြောက်အောင်ပဲ ခြောက်နိုင်တာ…။"

လီရွှယ်သည် သူမ၏အိတ်ထဲမှ အနီရောင်ချည်မျှင်သုံးချောင်း ကို ယူကာ တစ်ဖက်ကို ဝမ်ရှောက်ထျန်း၏ လက်ကောက်ဝတ်တွင် ချည်ပေးပြီး ကျန်တစ်ဖက်ကို သူ့အား ပေးလာခဲ့သည်။

ဝမ်ရှောက်ထျန်းသည် နားမလည်စွာဖြင့် လီရွှယ် ပြောသည့်အတိုင်း ပိန်သွယ်ပြီး ဖြူဖွေးသော သူမ၏ လက်ကောက်ဝတ်ပေါ်တွင် တောက်ပသည့် အနီရောင်ချည်ကြိုးပါးလေးကို လက်တုန်တုန်ယင်ယင်ဖြင့် ချည်ပေးလိုက်သည်။ သူမ၏ နူးညံ့ဖြူစင်သော လက်ကောက်ဝတ်ရှိ သွေးပြန်ကြောများသည် ထင်ရှား စွာ မြင်နေရပြီး အနီရောင်ချည်မျှင်နှင့် ပေါင်းစပ်လိုက်သောအခါ မည်သူမှ ငြင်းမရသော ဆွဲဆောင်မှုရှိ သည့် အလှကထင်းနေခဲ့သည်။

နှစ်ဦးလုံး၏ လက်ကောက်ဝတ်တွင် အနီရောင်ချည်မျှင်များ ဝတ်ဆင်ထားသောကြောင့် ဝမ်ရှောက်ထျန်း သည် အလွန်လုံခြုံသွားသည်ဟု ခံစားလိုက်ရသည်။

သို့သော် ရုတ်တရက် အနက်ရောင်ဝတ်ထားသော လူတစ်ယောက် သည် အရိပ်များထဲမှ ထွက်ပေါ်လာ သည်။ အနက်ရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားသော ထိုသူသည် အရပ်ရှည်ပြီး ခန့်ညားကာ မျက်လုံး များက စူးရှနေသည်။ ဝမ်ရှောက်ထျန်းသည် စကားလုံးတစ်စုကို မတွေးဘဲ မနေနိုင်ပေ-

[လေအေးသည် ဓားကဲ့သို့၊ မြေကြီးကို စားပွဲကဲ့သို့ သုံးကာ၊ သက်ရှိအားလုံးကို ငါးနှင့်အသားကဲ့သို့ သဘောထား၏။ မိုင်တစ်သောင်းအထိ ပျံသန်းနေသော ဆီးနှင်းများက၊ ကောင်းကင်ကို ဖိုကဲ့သို့ သုံး၍ အရာအားလုံးကို ငွေရောင်အဖြစ်သို့ အရည်ပျော်စေ၏….။]

သူ၏ အစွမ်းအစ အမှန်တကယ် မည်မျှကြီးသည်ဖြစ်စေ၊ ဤလူ၏ ဟန်ပန်သည် မည်သူနှင့်မျှ မယှဉ်နိုင် ပေ။ ဝတ်စားထားပုံအရပင် သူသည် ထိပ်တန်း ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း ထင်ရှားသည်။ ဝမ်ရှောက်ထျန်း သည် အားကျစိတ်များ ပြည့်နှက်နေသည်။ သူဝင်ရောက်လာပုံက သပ်ရပ်မှန်ကန် လှသည်၊ သူ့ကိုယ်သူနှင့် နှိုင်းယှဉ်လျှင်တော့ သူသည် တောသားတစ်ယောက်သာဖြစ်သည်။

လီရွှယ်က ထိုအနက်ရောင်ဝတ်စုံနှင့်လူကို သိဟန်ရသော်လည်း ဝမ်ရှောက်ထျန်း သတိထားမိသည်မှာ လီရွှယ်သည် လက်သီးကို ဆုပ်ထားပြီး ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကာ သူ့ကို အလွန်သတိထား နေခြင်း ဖြစ်သည်။

"ဒီနေ့ ငါ ကြိုတင်ပြင်ဆင်မှု မရှိဘဲ ရောက်လာတာ။ ဒီနေရာက တော်တော်လေး ထူးဆန်းတယ်။ ဘာတွေဖြစ် နေလဲဆိုတာ ရှင်သိလား…။"

အနက်ရောင်ဝတ်စုံနှင့်လူသည် မျက်နှာတွင် အမူအရာမရှိ၊ လှပသော လီရွှယ်က အားနည်းကြောင်း ပြသသည့်တိုင် လုံးဝ မတုန်လှုပ်ပေ။ သူသည် ရှေ့သို့ လက်ညှိုးထိုးပြကာ နာမည်တစ်ခုတည်းကိုသာ ပြောလာခဲ့သည်။

"ငရဲပြည်သို့သွားရာလမ်း…"။

လီရွှယ်က ထိတ်လန့်သွားသည်။

"ဘာ….၊ ရှင် သေချာလား…။"

အနက်ရောင်ဝတ်စုံနှင့်လူသည် စကားနည်းဟန်ရှိသည့်အတွက် မျက်ခုံးအနည်းငယ် တွန့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။

"သေချာတယ်…။"

လီရွှယ်သည် အလွန်ဝမ်းမြောက်သွားသည်။

"ပင်လယ်ထဲက အပ်ကို ရှာတွေ့သလိုပဲ…။"

ထိုစဉ် ကျီးကန်းအော်သံ သည် ရုတ်တရက် ထွက်ပေါ်လာသည်၊

"အား..အား..။"

ကျီးကန်း၏ အော်သံသည် ပိုမိုနီးကပ်လာပြီး လက်ဖဝါးအရွယ်မျှသာရှိသော ကျီးနက်လေးတစ်ကောင် သည် အနက်ရောင်ဝတ်ထားသူ၏ ပခုံးပေါ်သို့ ဆင်းသက်လာသည်။ ၎င်း၏ သေးငယ်သော မျက်လုံးများ က လီရွှယ်ကို စိုက်ကြည့်ကာ လူစကားဖြင့် အမှန်တကယ် ပြောဆိုလိုက်သည်၊

"ကလေးမ၊ ငါ့ရဲ့ အစွမ်းတွေကို ခိုးယူဖို့ ဒီကို လာတာလား…။"

ဝမ်ရှောက်ထျန်းသည် အော်ဟစ်လိုက်သည်။ သူ့လက်တွင် ချည်ထားသော အနီရောင်ကြိုးသာမရှိလျှင် ချက်ချင်း ထွက်ပြေးမိလောက်ပေမည်။

*သူ ဘာကိုမြင်လိုက်ရတာလဲ။ လူစကားပြောတတ်တဲ့ ကျီးကန်းလား…။*

လီရွှယ်သည် ရှက်ရွံ့ပြီး စိတ်ဆိုးကာ ဝမ်ရှောက်ထျန်းကို ဆွဲလိုက်သဖြင့် သူသည် လန့်ဖြန့်သွားပြီး သတိမေ့လုနီးပါး ဖြစ်သွားသည်။ ထို့နောက် ထို့နောက် သူမ ဟုတ်မဟုတ် သေချာစေရန် လီရွှယ်ကို သံသယဖြင့် ဆိတ်လိုက်ပြီးမှ သက်ပြင်းချကာ စိတ်သက်သာရာ ရသွားသည်။

ဤမြင်ကွင်းကို ထိုနေရာရှိ လူနှစ်ဦးနှင့် ငှက်လေးတို့ တွေ့မြင်လိုက်ရသည်။ လီရွှယ်က လက်ဖြင့် မျက်နှာကို ဖုံးထားရင်း ပြောလိုက်သည်။

"ကျွန်မ မတော်တဆ သူ့နောက်ကို လိုက်လာမိတာ၊ ဒီလို ငရဲပြည်ကို ရှာတွေ့မယ်လို့ မထင်ထားခဲ့ဘူး…။"

"အား..အား…၊ ငါ့အစွမ်းကို မခိုးရင်ပြီးတာပါပဲ….။"

ကျီးနက်ကလေးက စိတ်လျော့လိုက်သည်။

အနက်ရောင်ဝတ်စုံနှင့်လူသည် ဝမ်ရှောက်ထျန်းကို ခဏကြာအောင် စိုက်ကြည့်နေပြီး ရုတ်တရက် လျှောက်လာကာ ဝမ်ရှောက်ထျန်း၏ ပခုံးကို ပုတ်လိုက်ပြီး ပြောလာခဲ့သည်။

"မင်းမှာ အရည်အချင်းကောင်းတွေ ရှိတာပဲ…။"

ရွယ်တူတစ်ယောက်က ကယ်တင်ရှင်လို ချီးမွမ်းခြင်းခံရတော့ ဝမ်ရှောက်ထျန်းသည် ထူးဆန်းသည်ဟု ခံစားရသည်။ သို့သော် သူ့အား ဘာကြောင့် ချီးမွမ်းသည်လဲဆိုသည်ကို သူတကယ် မသိပေ။

သူ သဘောမပေါက်ခင်မှာပင် ဝမ်ရှောက်ထျန်းသည် ရုတ်တရက် အေးစက်သော အငွေ့အသက်ကို ခံစားလိုက်ရပြီး တုန်ရီသွားသည်။ ပေါ်လာမည့်သူသည် အလွန်ကြောက်စရာကောင်းသော ပြိုင်ဘက် ဖြစ်ကြောင်း ဝမ်ရှောက်ထျန်း သိလိုက်သည်။

"လာပြီ…။"

၎င်းသည် အလွန်ကြီးမားသော မကျေနပ်ချက်များရှိသည့် သရဲတစ်ကောင်ဖြစ်သောကြောင့် ရိုးရှင်း သော နည်းလမ်းများဖြင့် အလုပ်ဖြစ်မည်မဟုတ်ပေ။ အနက်ရောင်ဝတ်စုံနှင့်လူသည် အဆောင်သုံးခုကို ထုတ်ယူလိုက်ရာ မီးမပါသည့် အဝါရောင် အဆောင်စာရွက်များသည် သူ့အလိုလို မီးလောင်ကျွမ်း သွားပြီး ချက်ချင်းပင် ရွှေရောင်အလင်းအဖြစ် ပြောင်းလဲသွားကာ လူသုံးဦးလုံးကို ဝန်းရံသွားသည်။

အနက်ရောင်ဝတ်စုံနှင့်လူသည် ချက်ချင်း အဆောင်တစ်ခုကို ဆွဲထုတ်လိုက်သည်။ ဝမ်ရှောက်ထျန်း သည် အေးစက်သော စွမ်းအင်တစ်ခုက သူ့ကို ဖိအားပေးနေသည်ဟု ခံစားလိုက်ရသည်။ ထိုလူသည် ဝမ်ရှောက်ထျန်းနှင့် လီရွှယ်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ကျောမှ ဓားကို ဆွဲထုတ်ကာ သူ၏ ခေါင်းပေါ် တွင် ဓားခုတ်ချက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုဓား၏ အစွမ်းကြောင့် ဝမ်ရှောက်ထျန်း၏ ခေါင်းပေါ်မှ သရဲသည် ဘေးတိုက် ပျံဝဲသွားပြီး ရှေ့နံရံပေါ်သို့ ကျသွားသည်။

ဝမ်ရှောက်ထျန်းသည် အနက်ရောင်ဝတ်ထားသူကို အလွန် အထင်ကြီးသွားသည်။ သူသည် သရဲကို ပိုမိုနီးကပ်စွာ ကြည့်ရှုလိုက်သည်။ ၎င်း၏ အဝတ်အစားများက စုတ်ပြဲနေသည်၊ လက်နှင့်ခြေထောက် များက ပုပ်သိုးနေပြီ ဖြစ်ပြီး မျက်နှာက ကြောက်မက်ဖွယ်ကောင်းပြီး ရုပ်ဆိုးလှသည်။

အနက်ရောင်ဝတ်စုံနှင့်လူသည် အစွမ်းထက်သော ပြိုင်ဘက်ဖြစ်ကြောင်း သိသော်လည်း ထိုသရဲသည် ကြောက်ရွံ့ခြင်း လုံးဝ မပြပေ။ တောင်သည် အန္တရာယ်ရှိမှန်း သိသော်လည်း ကျား၏ လှိုဏ်ဂူ ထဲသို့ ဝင်လာသည် အမှန်တကယ်ပင် ခိုင်မာသော စိတ်ဓာတ်ရှိသော သရဲတစ်ကောင်ဖြစ်သည်။ ၎င်း သည် အနက်ရောင်ဝတ်စုံနှင့်လူထံသို့ ခုန်အုပ်လိုက်ရာ သူနှင့် အနက်ရောင်ဝတ်စုံနှင့်လူတို့ တိုက်ခိုက် ကြတော့သည်။

မမျှော်လင့်ဘဲ ဤသရဲသည် အမှန်တကယ်ပင် အစွမ်းထက်သည်။ အကြိမ်ပေါင်းများစွာ တိုက်ခိုက် ပြီးနောက်တွင် အားသာချက်မရှိသည့် လက္ခဏာကို မပြပေ။ ဤသို့မြင်သောအခါ လီရွှယ်သည် ချက်ချင်းပင် အကူအညီပေးရန် ပြေးသွားသော်လည်း သူမ ပစ်လိုက်သည့် အဆောင်နှစ်ခုလုံးကို သရဲက လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။

အနက်ရောင်ဝတ်ထားသူသည် ထိုမိစ္ဆာအား လွှတ်ပေးမည်မဟုတ်ပေ။ သူသည် အင်းကွက်တစ်ခု ကို ထုတ်ယူပြီး အင်းကွက်၏ လမ်းညွှန်ချက်များအတိုင်း မန္တန်များ ရွတ်ဆိုကာ သူတို့ နှစ်ဦးစလုံးသည် တစ်ယောက် ကိုတစ်ယောက် ကျော်ဖြတ်သွားသည့် အချိန်လေးတွင် "ပိတ်ဆို့ခြင်း" စာလုံးပါသော အဆောင်တစ်ခုကို သရဲ၏ နောက်ကျောတွင် ကပ်လိုက်ပြီး ၎င်းအား အပြီးသတ်ရန် မန္တန်ကို ဆက် ရွတ်နေသည်။

ထိုသရဲသည် ချက်ချင်း ရပ်တန့်သွားပြီး ခေါင်းမှ အဖြူရောင် မီးခိုးများ ထွက်လာသည်။ ထို့နောက် အနက်ရောင်ဝတ်စုံနှင့်လူသည် ဘူးသီးခွက်တစ်လုံးကို ထုတ်ယူကာ လက်အမူအရာ ပြုလုပ်ပြီး မန္တန်ရွတ်ကာ

"ဖမ်း…"

ဟု အော်လိုက်ရာ မိစ္ဆာသရဲသည် ဘူးသီးခွက်ထဲသို့ ချက်ချင်း စုပ်ယူခံလိုက်ရသည်။

ဘူးသီးခွက်မှ ခရမ်းရောင်အလင်း ထွက်လာသည်ကို မြင်သောအခါ ဝမ်ရှောက်ထျန်းသည် "အနောက် ဘက်သို့ ခရီးသွားခြင်း" ဝတ္ထုမှ လျိုဆီး၏ ခရမ်းရောင်ရွှေဘူးသီးခွက်ကို သတိရသွားသည်။ ၎င်းသည် အဖိုးတန်သော ရတနာတစ်ခုဖြစ်သည်မှာ သေချာသည်။

"အရိပ်တွေထဲမှာ တခြားတစ်ခုခု ပုန်းနေသေးတယ်…။"

အနက်ရောင်ဝတ်စုံနှင့်လူသည် ပြင်းထန်သော တိုက်ပွဲကို ဖြတ်သန်းခဲ့ရသော်လည်း သူ၏ အသက်ရှူ နှုန်း သည် ပုံမှန်ရှိနေပြီး မောပန်းနွမ်းနယ်သည့် လက္ခဏာ မပြပေ။ ဝမ်ရှောက်ထျန်းကမူ ဘာမှ အကူ အညီ မပေးရပါပဲ ရုပ်ရှင်ကြည့်သလို ကြည့်နေရုံမျှဖြင့် သူ၏ မျက်နှာသည် နီရဲနေပြီး ချွေးများ တလုံး လုံး ကျနေသည်။ ဝမ်ရှောက်ထျန်း၏ မျက်လုံးများတွင် ကြယ်များ မြင်နေရသည်။ ထိုလူကို ဒူးထောက် ကာ သူ့အားတပည့်အဖြစ်လက်ခံရန် အလွန် တောင်းဆိုချင်နေမိသည်။

ဝမ်ရှောက်ထျန်းသည် လီရွှယ်ကို ကြည့်လိုက်သည်။ သူမသည် ထိုလူကို သိသည်။ သူသည် အတွေး တစ်ခု ဝင်လာသည်။

"အစ်မလေး၊ ကျွန်တော့ကိုကြည့်လေ၊ ကျွန်တော်က သန်စွမ်းကျန်းမာတယ်၊ ဒါပေမဲ့ နတ်ဆိုးတွေကို ဘယ်လိုမှ မတိုက်နိုင်ဘူး။ အစ်မလေး အဲ့ဒီခန့်ညားတဲ့လူကို နည်းနည်းပါးပါး သင်ပေးဖို့ တောင်းဆို ပေးလို့ မရဘူးလား…။ ကျွန်တော် သင်ယူပြီးရင် မင်းတို့ကို ကူညီနိုင်မယ်လေ….။"

"ရှင်က ကျွန်မကို ဒုက္ခမပေးရင်ပဲ ကံကောင်းနေပြီ…."

ဟူ၍လီရွှယ်က ဟု လှောင်ပြောင်ပြောဆိုသည်။

လီရွှယ် စိတ်အနှောင့်အယှက် ဖြစ်နေသော်လည်း သူမသည် ကျောပိုးအိတ်ထဲမှ စာအုပ်တစ်အုပ်ကို ဂရုတစိုက် ထုတ်ယူပြီး ဝမ်ရှောက်ထျန်းကို ပေးလိုက်သည်။

"ရှင် ဒီစာအုပ်ကို နားလည်အောင် ဖတ်နိုင်ရင် ဒါနဲ့တင် လုံလောက်ပြီ..။"

ဝမ်ရှောက်ထျန်း အလွန်ပျော်ရွှင်သွားပြီး စာအုပ်ကို ဂရုတစိုက် ပွတ်သပ်လိုက်သည်။ ဤသည်မှာ သူ့ကို ဘဝ၏ ထိပ်ဆုံးသို့ ရောက်စေမည့် ရတနာပင်…။

သို့သော် ဝမ်ရှောက်ထျန်းသည် ကျောပိုးအိတ်ဆောင်တတ်သည့် အကျင့်မရှိပေ။ အမှောင်ထုထဲတွင် ပျောက်ဆုံးသွားမည်ကို စိုးရိမ်သောကြောင့် သူသည် တီရှပ်ကို ဘောင်းဘီထဲ ထိုးထည့်ကာ ခါးပတ်ကို တင်းကျပ်လိုက်ပြီး စာအုပ်ကို သူ့တီရှပ်ထဲတွင် ဂရုတစိုက် ထည့်ထားလိုက်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူနှင့် စာအုပ် နှစ်ခုလုံး ဘေးကင်းမည်ဖြစ်သည်။

အနက်ရောင်ဝတ်စုံနှင့်လူသည် တားဆီး၍မရသော အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးလာပြီး လမ်းပေါ်ရှိ သရဲငယ်တစ်ကောင်ကို ဖမ်းဆုပ်ကာ စစ်မေးလိုက်သည်။ ထိုအခါမှသာ လီရွှယ်သည် ဤနေရာကို အချိန်အတော်ကြာ ရှာဖွေနေခဲ့ကြောင်း ဝမ်ရှောက်ထျန်း သိလိုက်ရသည်။

"သုံးနှစ်လောက်တုန်းက လူတစ်ယောက်က သရဲရွာထဲကို မတော်တဆ ရောက်သွားဖူးတယ်။ အဲဒီမှာ နတ်ဆိုးတွေ၊ သရဲတွေ အပြည့်ရှိတယ်။ သူတို့ ကိုယ့်ကိုယ်ကို မြေပေါ်က ငရဲပြည်လို့ ခေါ်ပြီး မရေ မတွက်နိုင်တဲ့ မကောင်းမှုတွေ လုပ်ခဲ့ကြတယ်။ ငါတို့ အကြာကြီး ရှာခဲ့တာ၊ ဒီနေ့ မတော်တဆ ရှာတွေ့ မယ်လို့ မမျှော်လင့်ခဲ့ဘူး။ ဝမ်ရှောက်ထျန်း၊ မင်းရဲ့ကံက ကောင်းတယ်လို့ ပြောရမလား၊ ဆိုးတယ်လို့ ပြောရမလား မသိဘူး…။"

ဝမ်ရှောက်ထျန်းသည် သူ့ကိုယ်သူ ကံဆိုးသည်ဟု ယူဆသော်လည်း အစွမ်းထက်သော ပုဂ္ဂိုလ်နှစ်ဦး သူ့ဘေးတွင် ရှိနေခြင်းက သူလုံးဝ ကံဆိုးသည် တော့မဟုတ်ပေ။

"ဟားဟားဟား၊ ယမမင်းက မင်းတို့ကို ဖျက်ဆီးလိမ့်မယ်!"

သုံးယောက်သား စကားပြောနေစဉ် အနက်ရောင်ဝတ်ထားသူ ကိုင်ထားခဲ့သော သရဲသည် ရုတ်တရက် အနက်ရောင်မီးခိုးငွေ့ အဖြစ်သို့ ပြောင်းလဲပြီး ကြမ်းကြုတ်စွာ ခြိမ်းခြောက်ပြောဆိုရင်း ထွက်ပြေး သွားသည်။

အနက်ရောင်ဝတ်စုံနှင့်လူသည် ချက်ချင်း ဒေါသထွက်သွားသည်။ သူသည် နောက်ကျောမှ ဓားကို ထုတ်ပြီး လေထဲသို့ ခုတ်ချလိုက်ရာ လမ်းပေါ်တွင် နက်ရှိုင်းသော မြောင်း တစ်ခု ဖြစ်ပေါ်သွားသည်။ လီရွှယ်၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ လင်းလက်သွားပြီး သူမသည် ပကတိအသိစိတ်ဖြင့် နှစ်လှမ်းမျှ နောက်ဆုတ်သွားသည်။ ဝမ်ရှောက်ထျန်းမှာမူ အားကျစိတ်များ ပြည့်နှက်နေသည်။

သူတို့နောက်တွင် တစ်ခုခု ပုန်းအောင်းနေသည်ကို အနက်ရောင်ဝတ်စုံနှင့်လူ သတိထားမိဟန်တူသည်။ အဘယ်ကြောင့်ဆိုသော် ချက်ချင်းပင် မြူခိုးထူထပ်စွာ ဒေသတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး မြင်ကွင်း သည်လုံးဝ ကွယ်ပျောက်သွားသည်။

သို့သော် အနက်ရောင်ဝတ်စုံနှင့်လူက ၎င်းကို သတိပြုမိပြီး ဝမ်ရှောက်ထျန်းနှင့် လီရွှယ်ကို လိုက်လာရန် လက်ဟန်ပြလိုက်သည်။

လီရွှယ်သည် အမျိုးသမီးဖြစ်ပြီး ဒေါက်ဖိနပ်စီးထားသော်လည်း အလွန်လျင်မြန်စွာ ပြေးသည်။ ဝမ်ရှောက်ထျန်းသည် မောပန်းစွာဖြင့် နောက်မှ လိုက်လာသည်။ ထိုသုံးယောက်သည် ပျက်စီးနေသော အိမ်တစ်လုံးသို့ ရောက်လာခဲ့သည်။ အိမ်တစ်ဝိုက်တွင် အနက်ရောင် မြူခိုးများ ဝန်းရံနေပြီး အခြား ဘာမျှ မမြင်ရခြင်းမရှိပေ။

အနက်ရောင်ဝတ်စုံနှင့်လူသည် တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်သည်။ ဝမ်ရှောက်ထျန်းသည် စူးစမ်းလိုစိတ်ဖြင့် အတွင်းသို့ ချောင်းကြည့်လိုက်ရာ လေပြင်းတစ်ချက်က သူ၏ ဦးခေါင်းနောက်ဘက် သို့ တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။

ကံကောင်းစွာဖြင့် ဝမ်ရှောက်ထျန်းသည် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး လေပြင်းကို ရှောင်ရှားရန် လှိမ့် လိုက်သည်။ မဟုတ်ပါက သူ၏ နောက်စေ့မှ ဆံပင်များ ပွယောင်းသွားလိမ့်မည်။

လူကို ထိခိုက်အောင် ပြုရဲသော ထိုမိစ္ဆာဝိညာဉ်ကို မြင်သောအခါ အနက်ရောင်ဝတ်စုံနှင့်လူသည် သူ၏ ချီကို စုစည်းလိုက်ပြီး လေနတ်ဆိုး တိုက်ခတ်လာသည့်ဘက်သို့ ခုန်ဝင်လိုက်သည်။ သူ၏ လှုပ်ရှားမှုများ သည် အလွန်လျင်မြန်ပြီး ရှေ့ရှိ မိစ္ဆာဝိညာဉ်ကို ဓားဖြင့် ထိုးသွင်းလိုက်သည်။ ဝမ်ရှောက်ထျန်း သတိ ပြန်ဝင်လာပြီး ထိုသရဲကို မြင်လိုက်သောအခါ သူ အမှန်တကယ် ထိတ်လန့်သွားသည်။

ဤမိစ္ဆာသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်း၏ ကိုယ်ခန္ဓာသည် ပုံပျက်နေသည်၊ ဦးခေါင်း တစ်ခြမ်း ပျောက်နေပြီး ခြေထောက်တစ်ချောင်း ကျိုးနေသည်။ လီရွှယ်သည် ထိတ်လန့်သွားပြီး တီးတိုး ရေရွတ်လိုက်သည်။

"ယက္ခပဲ…။”

ဝမ်ရှောက်ထျန်း၏ စူးစမ်းလိုစိတ်ကို မြင်သောအခါ လီရွှယ်သည် စိတ်ကို ငြိမ်သက်အောင် ထားပြီး ရှင်းပြလိုက်သည်။

"ယက္ခဆိုတာ ဆိုးယုတ်တဲ့လူတစ်ယောက် ဆိုးဆိုးရွားရွား သေဆုံးသွားတာကနေ ပြောင်းလဲသွားတာ၊ သူတို့က ရက်စက်ပြီး လူသတ်တာကို ကြိုက်တယ်…။"

အနက်ရောင်ဝတ်စုံနှင့်လူသည် သူ၏ ဓားကို မယုံနိုင်လောက်အောင် လျင်မြန်စွာ ကိုင်တွယ်လိုက်သည်။ ဝမ်ရှောက်ထျန်းသည် နောက်ဆက်တွဲ ပုံရိပ်များကိုသာ မြင်နိုင်ပြီး ထက်မြက်သော ဓားသည် တားဆီး မရသော အင်အားဖြင့် လှုပ်ရှားနေသည်။ သို့သော် ယက္ခမိစ္ဆာက ဓားကို ချက်ချင်း ဆုပ်ကိုင်လိုက် သည်။

"ဒီအယုတ်တမာကောင်…။"

အနက်ရောင်ဝတ်စုံနှင့်လူ အနိုင်ရပါ့မလားဟု ဝမ်ရှောက်ထျန်း အနည်းငယ် စိုးရိမ်မိသည်။

ဤယက္ခမိစ္ဆာသည် အလွန်လျင်မြန်ပြီး ကြီးမားသော အစွမ်းသတ္တိ ရှိသည်။ ၎င်းသည် နတ်ဆိုးနှိမ်နင်း သူ၏ ဓားကို အံ့မခန်း မြန်နှုန်းဖြင့် အလွယ်တကူ လက်နက်မဲ့အောင်လုပ်လိုက်သည်။

အနက်ရောင်ဝတ်စုံနှင့်လူ အားနည်းနေသည်ကို မြင်သောအခါ လီရွှယ်သည် အဆောင်တစ်ခုကို ထုတ် ယူပြီး ၎င်းဆီသို့ ပျံသန်းသွားသည်။ ယက္ခမိစ္ဆာသည် လုံးဝ အလေးမထားဘဲ လှိမ့်လိုက်ရုံဖြင့် လီရွှယ် ၏ အဆောင်သည် ၎င်းကို မထိခဲ့တော့ပေ။

လီရွှယ်သည်လည်း လျင်မြန်ပြီး လှုပ်ရှားမှု သွက်လက်သည်။ မိစ္ဆာရှေ့သို့ လျှပ်စီးကဲ့သို့ မြန်နှုန်းဖြင့် ရောက်လာသည်။ လီရွှယ်သည် သူမ၏ လက်ညှိုးတွင် "ဖျက်ဆီးခြင်း" စာလုံးပါသော အဆောင်ကို ကပ်ထားနှင့်ပြီးသား ဖြစ်သည်။

အနက်ရောင်ဝတ်စုံနှင့်လူသည် အဆောင်ကို အလျင်အမြန် အသက်သွင်းလိုက်ရာ ယက္ခမိစ္ဆာ၏ ကြီးမား သော လက်ကြီးသည် လီရွှယ်၏ ခန္ဓာကိုယ်ကို ဖိလိုက်ပြီး ရုတ်တရက် အသံတိုးတိုးဖြင့် ညည်းညူ လိုက်သည်။ ၎င်း၏ လက်သည် စတင်၍ မီးလောင်ကျွမ်းနေပြီ ဖြစ်သည်။

All Chapters