တစ်ကိုယ်ကောင်ဆန်စွာအသက်ရှင်ရသည်ထက် မိတ်ဆွေကောင်းအတွက် သေရခြင်းကပိုကောင်း၏
Vol. 3 Ch. 28
အကျိုးသက်ရောက်မှုက အံ့မခန်းပင်။ ဝမ်ရှောက်ထျန်း သတိထားမိလိုက်သည်မှာ အလွန်အေးစက် သော အငွေ့အသက်များ အနည်းငယ် ပျောက်ကွယ်သွားခြင်းပင်။ သူသည် တိတ်တဆိတ် ဝမ်းသာနေမိ သည်။ လီရွှယ်သည် ထိုရတနာသိုက်ပေါ်သို့ တကယ်ပင် နင်းမိလိုက်ခြင်း ဖြစ်သည်။ ကံကောင်းသည်မှာ သူသည် မတော်တဆ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက သူ အပြီးသတ် သွားရှာပေတော့မည်။
အကျိုးသက်ရောက်မှုက ကောင်းမွန်သော်လည်း ဝမ်ရှောက်ထျန်းမှာ ပိုမိုဆိုးရွားသော ဒုက္ခနှင့် ရင်ဆိုင် နေရသည်။ လီရွှယ် လျှပ်စီးဖြင့် ချုပ်နှောင်ထားသော ယက္ခမိစ္ဆာမှာ လျှပ်စီး၏ ချုပ်တည်းမှုမှ လုံးဝ လွတ်မြောက်သွားပြီး ဒေါသများဖြင့် မြေကြီးကို ထုနှက်ကာ သူတို့နှစ်ဦးထံသို့ ပြေးဝင်လာတော့သည်။
ဝမ်ရှောက်ထျန်းသည် လီရွှယ့်ကို နှိုးရန်ပင် အားမထုတ်တော့ဘဲ သူ၏ အနေအထားကို ပြောင်းကာ လီရွှယ့်ကို ကျောပေါ်သို့ ထမ်းပိုးပြီး ခြေထောက်နှစ်ဖက်တွင် ဘီးတပ်ထားသကဲ့သို့ အမြန်ဆုံး ပြေးလေ တော့သည်။
“ရှင်က အစားအသောက် ပို့ခိုင်းဖို့ပဲ သင့်တော်တာ အံ့ဩစရာ မရှိဘူး…။”
လေခပ်ဖျော့ဖျော့နှင့် မိန်းမသံတစ်သံက နောက်ဘက်မှ ထွက်ပေါ်လာသည်။
ဝမ်ရှောက်ထျန်းသည် အစပိုင်းတွင် သတိထားခဲ့သော်လည်း လီရွှယ့်ကို လှမ်းကြည့်လိုက်သောအခါ သူမ ၏ မာနကြီးသော်လည်း အဓိပ္ပာယ်ရှိသော မျက်လုံးများကို မြင်လိုက်ရသောအခါ လီရွှယ်သည် ခုနကလို နာနာဘာဝ ပူးကပ်ခံရခြင်း မဟုတ်ကြောင်း သေချာသွားသည်။
“အစ်မလေးရယ်၊ မင်းကို နာနာဘာဝ ပူးကပ်ခံရတာ သိရဲ့လား။ ကျွန်တော်သာ အသက်စွန့်ပြီး မင်းကို မကယ်တင်ခဲ့ရင်၊ မင်းကို အဲ့သရဲတွေက စားပြီးကြလောက်ပြီ…။”
လီရွှယ်သည် သူမ၏မျက်လုံးများရှိ မှောင်မိုက်မှုကို ဖုံးကွယ်ရင်း အောက်သို့ ငုံ့ကြည့်ပြီး အသံဩဩဖြင့် ပြောသည်။
“အနီရောင်ဝတ်ထားတဲ့ သရဲက ဘယ်သူလဲ။ သာမန်သရဲတွေမှာ အရောင်မရှိဘူး။ လူ့သွေးစွန်းပေတာ ဒါမှမဟုတ် ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ရင် အနီရောင် ဖြစ်လာတာ။ ဒီလောက်သရဲ အများကြီး ကို ကျွန်မတစ်ယောက်တည်း တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ယက္ခမိစ္ဆာ တွေက အစကတည်းက ကို ကြောက်စရာကောင်းတာ။ ပုန်းနေတဲ့ အနီရောင်ဝတ် သရဲတစ်ကောင် ရှိနေမှန်း ကျွန်မ ဘယ်လို သိမလဲ…။”
သူမသည် ယက္ခမိစ္ဆာမှာ နှင့် တစ်ယောက်တည်း ရင်ဆိုင်နေရသည်၌ပင် အားထုတ်နေရပြီး စိတ်အား ထက်သန်နေသော သရဲများကိုလည်း အာရုံစိုက်နေရသည်။ ထိုသာမန်သရဲများ နောက်ကွယ်တွင် အစွမ်း ထက်သောအရာများ ပုန်းအောင်းနေမှန်း သူမ မသိခဲ့ပေ။ ထို့ကြောင့်လည်း ထိုအရာများ၏ လှည့်ဖြား ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
"မင်းက အတော်ဆုံးဆိုတာ ငါ နားလည်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် အရေးအကြီးဆုံး ကတော့ နည်းလမ်းတစ်ခုခု ရှာဖွေဖို့ပဲ။ ဟို ဝတ်စုံနက်နဲ့လူက ဘယ်ရောက်သွားတာလဲ…။”
"ငါတို့နှစ်ယောက်လုံး ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ မျှော်လင့်ချက်လေးတောင်ရှိ သေးရဲ့လား…။"
ဝမ်ရှောက်ထျန်း၏ မျက်နှာသည် ပင်ပန်းနွမ်းနယ်နေပုံရသည်။ သူ၏ ကံကြမ္မာက အမှန်တကယ် ဆိုးရွား နေပြီဟု သူ ခံစားနေရသည်။ အစားအသောက် ပို့ရင်း မတော်တဆ သရဲရွာထဲသို့ ရောက်လာခဲ့ခြင်း ဖြစ် သည်။ သူသည် အသက်ငယ်သေးပြီး အိမ်ထောင်မပြုရသေး။ဤကဲ့သို့ ရှင်းပြလို့မရသော နည်းလမ်းဖြင့် သေရမည်ကို သူ မလိုလားပေ…။
လီရွှယ် မျက်မှောင်ကြုတ်လိုက်သည်။
“တိတ်စမ်း…၊ ရှင်က အရမ်း နားညီးတာပဲ....။ ကျွန်မ ပြောတာ နားထောင်ရင် ရှင် အသက်ရှင်လျက် ပြန် ရောက်မယ်လို့ ကျွန်မ ကတိပေးတယ်…။”
*ငါ့ကို အထင်သေးတယ်ပေါ့။ ဒီငတုံးကို ငါ့ အစွမ်းတွေကို ပြလိုက်အုန်းမယ်…*
ဝမ်ရှောက်ထျန်းသည် ပြန်ပြောရန် မဝံ့မရဲ ဖြစ်နေသော်လည်း လီရွှယ့်ကို မယုံကြည်ပေ။ လီရွှယ်သည် အတော်လေး အစွမ်းထက်ပုံရသော်လည်း သူသည် သူမ၏ ဆိုးရွားသောအခြေအနေကို မြင်ခဲ့ရသည်။ သူ၏ အကူအညီ မပါပါက လီရွှယ်သည် အရိုးစုသာ ဖြစ်နေလောက်ပြီ။
“ကောင်းပြီ၊ ကောင်းပြီ၊ ရှင် ပြောတာကို နားထောင်ပါ့မယ်…။”
သူ စကားပြောပြီးသည်နှင့် ဝမ်ရှောက်ထျန်းသည် နောက်ဘက်မှ တဒုန်းဒုန်းအသံကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ ယက္ခမိစ္ဆာမှာ သည် သူတို့နောက်သို့ လိုက်လာနေသည်ကို မြင်လိုက်ရ သည်။ ကြီးမားသော ယက္ခမိစ္ဆာမှာ ခြေတစ်လှမ်းလှမ်းတိုင်း ဖုန်မှုန့်များ ထွက်ပေါ်လာလေသည်။
“သေစမ်း…။ သူက ဘယ်လိုလုပ် ဒီလောက်ကြီးလာတာလဲ…။”
ဝမ်ရှောက်ထျန်း အံ့အားသင့်သွားသည်။ နှစ်မီတာ (၇ ပေခန့်) ရှိသော ယက္ခမိစ္ဆာသည်ပင် ရင်ဆိုင်ရန် အလွန်ခက်ခဲလေပြီ၊ ယခုမူ၎င်းသည် အရွယ်အစား နှစ်ဆ ဖြစ်နေပြီဆိုတော့ သူတို့ အသက်ရှင်ဖို့ အခွင့် အရေး ရှိပါအုန်းမည်လား။
လီရွှယ်လည်း လန့်သွားသည်။ သူမက တိုးတိုးလေး ပြောလိုက်သည်။
“ပြေး…၊ ဘယ်ဘက်ကို ပြေး..။”
ဝမ်ရှောက်ထျန်းလည်း ချက်ချင်း လှည့်ကာ ပြေးလိုက်သည်။ ယက္ခမိစ္ဆာသည် လမ်းမပေါ်ရှိ ဘေးနှစ် ဖက်မှ နဂါးများကို ကြီးမားသော လက်များဖြင့် ကောက်ယူကာ ပါးစပ်ထဲသို့ ထိုးသွင်းပြီး ဝါးစားကာ မျိုချနေသည်ကို သူ မျက်စိထောင့်ဘက်မှ မြင်လိုက်ရသည်။ အပိုင်းအစများ မြေပေါ်သို့ ကျသောအခါ အနက်ရောင် အရည်အဖြစ်သို့ ပြောင်းသွားသည်။
“ရှေ့မှာ လမ်းမရှိတော့ဘူး…။”
ဝမ်ရှောက်ထျန်းသည် ပေနှစ်ဆယ်ခန့် အကွာ၌ရှိနေသော နံရံတစ်ခုကို ကြည့်ကာ စိတ်ပျက်အားငယ်စွာ ပြောလိုက်သည်။ မီးခိုးရောင် နံရံက သူတို့၏ လမ်းကို ပိတ်ဆို့ထားပြီး ထွက်ပြေးရန် လမ်းမရှိတော့ပေ။
ဤသည်က သူတို့ကို သေတွင်းထဲ အမှန်တကယ် တွန်းပို့နေခြင်း မဟုတ်ပါလား။
ဒေါသတကြီး ဖြစ်နေချိန်တွင် ဝမ်ရှောက်ထျန်းသည် သူ၏မျက်လုံးများက နံရံနှင့် ပေနှစ်ဆယ် အကွာ အဝေးမှ ထူထပ်သော မြူခိုးများကြားမှ အရာဝတ္ထုများကို မြင်နိုင်ကြောင်း သတိမထားမိခဲ့ပေ။
ယခုအချိန်တွင် ဝမ်ရှောက်ထျန်း၌ အတွေးတစ်ခုတည်းသာ ရှိသည်။ ထွက်ပြေးရန်သာ။
မိစ္ဆာသည် ၎င်း၏ အစွယ်များကို များကိုထုတ်ပြီး ချွန်ထက်သော လက်သည်းများရှိသော လက်ကြီး များက တောင်တစ်ခုကဲ့သို့ ဖိချလာသည်။ ၎င်းသည် သူတို့အား အကူအညီမဲ့သွားစေသော ခံစားချက်ကို ရရှိစေ သည်။
ဝမ်ရှောက်ထျန်းသည် သူ၏ကျောပေါ်တွင် ရှိနေသော လီရွှယ့်ကို သူ၏ ရင်ဘတ်ဆီသို့ လျင်မြန်စွာ ရွှေ့လိုက်ပြီး ယက္ခမိစ္ဆာမှာ ၏ တိုက်ခိုက်မှုကို သူ၏ ကျောဖြင့် ကာလိုက်သည်။
သူ၏ကျောဘက်မှ နှလုံးသားဆီသို့ ထိုးဖောက်ဝင်ရောက်လာသည့် နာကျင်မှုတစ်ခုက စီးဆင်းလာ ခဲ့သည်။ မကြည့်ဘဲနှင့်ပင် ဝမ်ရှောက်ထျန်း သိလိုက်သည်။ သူ၏ကျောတွင် ယက္ခမိစ္ဆာက ကြီးမားသော ပြတ်ရှ ဒဏ်ရာတစ်ခုကို ပေးလိုက်ခြင်း ဖြစ်သည်။ ကြီးမားသော အားကြောင့် သူ့ကိုရှေ့သို့ခြေ လှမ်း နှစ်လှမ်းခန့်ရွေ့သွားပြီးမှ သူသည် ဟန်ချက်ပြန်ထိန်းနိုင်ခဲ့သည်။
လီရွှယ်၏ မျက်လုံးများ လင်းလက်သွားသည်။ ဝမ်ရှောက်ထျန်း ဤသို့ ပြုလုပ်လိမ့်မည်ဟု သူမ မမျှော် လင့်ခဲ့မိပေ။ ဝမ်ရှောက်ထျန်းသည် သူမကို ကျောပေါ်တွင် ထမ်းပိုးထားခြင်းမှာ အရေးပေါ် အခြေအနေ တွင် သူမကို တိုက်ခိုက်မှုများမှ ကာကွယ်ရန် အကာအဖြစ် အသုံးပြုနိုင်ရန် ဖြစ်သည်ဟု လီရွှယ် အမြဲ ထင်ခဲ့မိသည်။
“အဟွတ်…။”
ဝမ်ရှောက်ထျန်း ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ပါးစပ်မှ သွေးတစ်ပွက် အန်ထုတ် လိုက် ပြီး မျက်နှာသည် သေလောက်အောင် ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
လီရွှယ် အသက်ရှူမှားသွားသည်။ ယက္ခ၏ လက်သည်းများမှာ ချွန်ထက်သော လက်နက်များဖြစ် သည် သာမက ကောက်ကျစ်သော အရာများလည်း ဖြစ်သည်။ ယက္ခမိစ္ဆာ တိုင်းသည် ဆိုးယုတ်သည်။ ၎င်းတို့သည် အသက်ရှင်စဉ်က လူများကို သတ်ဖြတ်၊ လုယက်ခဲ့ပြီး မိစ္ဆာဖြစ်ပြီး နောက်ပိုင်းတွင်လည်း အခြားသရဲများကို စားသုံးကြသည်။ ထိုလက်သည်းများသည် နဂါးများ မရေမတွက်နိုင်အောင် ဆုတ်ဖြဲ စားသုံးခဲ့ပြီး ဖြစ်သည်။
“ပါးစပ်ကိုဟလိုက်…။”
လီရွှယ် အသံနိမ့်ဖြင့် အော်ဟစ်လိုက်ပြီးနောက် သူမ၏ နီရဲသော နှုတ်ခမ်းများကို ဝမ်ရှောက်ထျန်း၏ နှုတ်ခမ်းများဆီသို့ ဖိကပ်လိုက်သည်။
ဝမ်ရှောက်ထျန်း ရင်ခုန်သွားသည်။ ပျိုနီပန်းအောက်မှာ သေရတာက သရဲဖြစ်ရင်တောင် အချစ်ဇာတ် လမ်းဟု ဆိုကြသော်လည်း ဤအချိန်က အရေးကြီးသော အချိန်ဖြစ်ပြီး ချစ်စကားများ ပြောရမည့် အချိန် မဟုတ်သေးချေ။
ဝမ်ရှောက်ထျန်း အနမ်းကို အရသာမခံရသေးခင်မှာပင် လက်သည်းအရွယ် ပုလဲလုံးတစ်လုံးသည် သွက်လက်သော လျှာလေးဖြင့် သူ၏ ပါးစပ်ထဲသို့ တွန်းပို့ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ ၎င်း သည် သူ့ပါးစပ်ထဲတွင် ချက်ချင်း အရည်ပျော်သွားပြီး သူ တုံ့ပြန်ရန် အချိန်မရှိလိုက်ပေ။
ချောမွေ့သော ပုလဲလုံးသည် နွေးထွေးသော စီးကြောင်းအဖြစ် ပြောင်းလဲသွားကာ သူ၏ လည်ချောင်းမှ တစ်ဆင့် အဆုတ်ထဲသို့ စီးဝင်သွားသည်။ ဝမ်ရှောက်ထျန်း ချက်ချင်း ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးလာ ပြီး မကုန်ခန်းနိုင်သော ခွန်အားများ ရရှိလာသည်ကို ခံစားလိုက်ရသည်။
ဝမ်ရှောက်ထျန်းသည် မိုက်မဲသူ မဟုတ်ပေ။ ဘာဖြစ်နေသည်ကို သူ နားလည်သည်။ လီရွှယ်သည် သူ့ကို စားရန်သင့်သောအရာတစ်ခု ပေးလိုက်ခြင်း ဖြစ်မည်။
ကျေးဇူးတင်စကား ပြောရန် အချိန်မဟုတ်သေးပေ။ ပြန်လည်ရရှိလာသော ခွန်အားဖြင့် ဝမ်ရှောက်ထျန်း သည် အရူးတစ်ယောက်လို ပြေးတော့သည်။ သူ ထွက်ပြေးရန် စိတ်ပိုင်းဖြတ်ထားသည်။ ရှေ့တွင်လမ်း က ပိတ်ဆို့နေသဖြင့် သူ အခြားလမ်းကို ရွေးချယ်ရမည်။
ဆဋ္ဌမအာရုံကြောင့်ဖြစ်စေ၊ ကံကြမ္မာကြောင့်ဖြစ်စေ၊ ဝမ်ရှောက်ထျန်းသည် ဘယ်ဘက် သို့မဟုတ် ညာဘက်ကို မရွေးချယ်ခဲ့ပေ။ ထိုအစား သူသည် ယက္ခမိစ္ဆာ သတိမပြုမိခင် အခွင့်ကောင်းယူကာ ရုတ်တရက် နောက်ပြန်လှည့်ပြီး သူလာခဲ့သည့် လမ်းအတိုင်း ပြန်သွားခဲ့သည်။
“အား…အား…အား…”
ခေါင်းပေါ်မှ ကျီးကန်းအော်သံများ ထွက်ပေါ်လာသည်။
ဝမ်ရှောက်ထျန်း ချက်ချင်း မော့ကြည့်လိုက်သောအခါ အနက်ရောင် ကျီးကန်းများ ခေါင်းပေါ်၌ ဝဲပျံနေ သည်ကို မြင်လိုက်ရသည်။ ဝမ်းသာအားရဖြင့် အော်လိုက်သည်။
“အဘိုး ကျီးကန်း…၊ ကယ်ပါဦး…။”
သို့သော်လည်း သူတစ်ပါးကို အားကိုးခြင်းထက် မိမိကိုယ်ကို အားကိုးခြင်းက ပိုကောင်းကြောင်း ထွက် ပေါ်လာသည်။ အနက်ရောင် ကျီးကန်းသည် သိသိသာသာ ဒဏ်ရာအပြင်းအထန် ရထားလေသည်။ တစ်ချိန်က တောက်ပခဲ့သော အမွေးအတောင်များမှာ ယခုအခါ ခွေးကိုက်ထားသကဲ့သို့ ပြန့်ကျဲ၍ မညီ မညာ ဖြစ်နေသည်။
မကြာသေးခင်ကပင် မာနကြီးပြီး ထောင်လွှားခဲ့သော အနက်ရောင် ကျီးကန်းသည် ယခုအခါ ယခင်ကဲ့သို့ မောက်မာမှု မရှိတော့ပေ။ အသံဩဩဖြင့် ပြောလိုက်သည်။
"မင်း ပေါက်ကရကောင်၊ ငါ့ကိုယ်ငါတောင် မနည်းထိန်းနေရတာ။ မင်းကတော့ ကံစီမံရာပေါ့ကွာ…။”
ထိုသို့ ပြောပြီးနောက် အနက်ရောင် ကျီးကန်းသည် ၎င်း၏ အတောင်ပံများကို ခတ်၍ ဝမ်ရှောက်ထျန်း နှင့် ဆန့်ကျင်ဘက်သို့ ထွက်ပြေးသွားသည်။
ထိုဘက်တွင် နံရံတစ်ခု ရှိသည်။ ဝမ်ရှောက်ထျန်း အလိုလို သိသည်။ သူ ဖြတ်၍ မရနိုင်လောက်ပေ။ အနက်ရောင် ကျီးကန်းကို သတိပေးလိုသော်လည်း အနက်ရောင် ကျီးကန်းသည် အလွန်လျင်မြန်ပြီး နံရံကို ဝုန်းခနဲ ဝင်တိုက်ကာ ခေါင်းမူးသွားပြီး မြေပေါ်သို့ ကျသွားခဲ့သည်။
ယက္ခမိစ္ဆာသည် အနက်ရောင် ကျီးကန်းကို စိတ်ဝင်စားပုံရသည်။ ၎င်း၏ ဧရာမခေါင်းကြီးကို လှုပ်ယမ်း ကာ ဝမ်ရှောက်ထျန်းနှင့် အနက်ရောင် ကျီးကန်းကြားတွင် တုံ့ဆိုင်းနေသည်။ နောက်ဆုံးတွင်၊ တစ်ခုခုကို စဉ်းစားမိသည့်နှယ်၊ ၎င်းသည် အနက်ရောင် ကျီးကန်းဘက်သို့ တစ်လှမ်း လှမ်းလိုက်သည်။
ဝမ်ရှောက်ထျန်း၏ ပါးစပ် အဟောင်းသားဖြစ်သွားသည်။ သနားစရာ မြင်ကွင်းတစ်ခုက အမှန်ပင်။ သို့ သော်လည်း သူငယ်ချင်းကို သေခွင့်ပြုသည်ထက် မိမိအသက်ကို ကယ်တင်ရန် သူ ဆုံးဖြတ်လိုက် သည်။
“အာ့..အာ့...၊ လူငယ်လေး၊ ငါ့ကို မင်းနဲ့အတူ ခေါ်သွားပေးပါ…”
ဟူ၍ အနက်ရောင် ကျီးကန်းက ခက်ခက်ခဲခဲဖြင့် အတောင်ပံများ ခတ်ရင်း ဝမ်းနည်းစွာ ငိုကြွေးလိုက် သည်။