ခန္ဓာကိုယ်ထဲသို့ ချီဓာတ်သွင်းခြင်း
Vol. 3 Ch. 29
ကျီးကန်းနက်မှာ အခြေအနေဆိုးရွားနေသည်။ ၎င်း၏အတောင်ပံများ ကျိုးသွားဟန်ရှိပြီး လုံးဝပျံသန်း နိုင်ခြင်းမရှိဘဲ မြေပြင်ပေါ်တွင်သာ တဖျတ်ဖျတ်ရုန်းကန်နေရသည်။
“သူ့ကို ကယ်လိုက်ပါ…” ဟု လီရွှယ်က ကြိုးစားပြီးပြောလိုက်သည်။
နွေးထွေးသော လေငွေ့သည် သူ့နားရွက်ကို တိုက်ခတ်သွားပြီး အမျိုးသမီးတစ်ဦး၏ ထူးခြားသော ရနံ့ ပါလာသည်။ ပုံမှန်အခြေအနေတွင်၊ တစ်သက်လုံး လူပျိုစင်စစ်ဘဝဖြင့် နေလာခဲ့သော ဝမ်ရှောက်ထျန်း သည် သွေးသားဆန္ဒများ နိုးကြွကာ ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းလဲသွားလောက်ပေလိမ့်မည်။
သို့သော် ယခုအချိန်တွင်မူ ဝမ်ရှောက်ထျန်း၏ စိတ်ထဲ၌ ထုတ်ပြောချင်သည့် အတွေးတစ်ထောင်သာ လွှမ်းမိုးနေသည်။ လီရွှယ်က သူ့ကို အရေးပါသူတစ်ဦးအဖြစ် အမှန်တကယ် သတ်မှတ်နေခြင်းလား။
သူသည် မတရားစွပ်စွဲခံရသော အပြစ်ကင်း၍ သနားစရာကောင်းသူ တစ်ယောက်သာ ဖြစ်သည်။ ကြမ်းတမ်းသော သရဲတစ္ဆေများကို ရင်ဆိုင်ရာတွင် သူ့ကိုယ်သူပင် ကာကွယ်နိုင်စွမ်း မရှိချေ။ နှစ်ထပ် တိုက်ခန့် ကြီးမားသည့် ယက္ခမိစ္ဆာ ကို မပြောနှင့်၊ မည်သည့်သရဲတစ္ဆေကိုမဆို ကျပန်းရွေးထုတ်လိုက် လျှင်ပင် သူသည် ဘာမှမတတ်နိုင်သူသာ ဖြစ်နေမည်။
"ဟေ့ အစ်မကြီး..၊ ယက္ခမိစ္ဆာက မင်းကို ကိုင်ပေါက်လိုက်တုန်းက မင်းခေါင်းကိုထိသွားတာလား။ ဒါဆို မင်းဦးနှောက်ကို လုံးဝ ထိခိုက်သွားတာ ဖြစ်ရမယ်….။"
အကယ်၍ လီရွှယ်က သူ့အား လျှို့ဝှက်ကျမ်းစာကို အစောပိုင်းက မပေးခဲ့လျှင် ဝမ်ရှောက်ထျန်းသည် ယခုလို ပါးနပ်လိမ္မာစွာ ပြုမူနေလိမ့်မည် မဟုတ်ပေ။
ဝမ်ရှောက်ထျန်း၏ စကားများ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားသောကြောင့် လီရွှယ်၏ မျက်နှာသည် ဖြူဖျော့သွားပြီးနောက် နီရဲလာသည်။ သူက သူမကို မေးခွန်းထုတ်နေပြီး သူမ ခေါင်းထိ ကာ ရူးသွားသည် ဟု ထင်နေကြောင်း နားလည်လိုက်သည်။
"ပါးစပ်ပိတ်…၊ ရှင့်ကို ကယ်ခိုင်းနေတယ်ဆို ကယ်လိုက်၊ စကားမများနဲ့တော့…။"
သူမသည် အမျိုးသားများ၏ မြတ်နိုးခြင်းကို ခံရသူသာ ဖြစ်ပြီး မည်သည့်အမျိုးသားမျှ သူမကို အရူး ဟန်ဆောင်နေသည် ဟု ပြောဝံ့ခြင်း မရှိခဲ့ချေ…။
ဝမ်ရှောက်ထျန်းမှာ မျက်ရည်ကျလုနီးပါး ဖြစ်နေသည်။
"ငါ ဘယ်လိုကယ်ရမှာလဲ၊ ငါက ရုပ်ချောပြီး ကြင်နာတတ်တယ်ဆိုပြီး ယက္ခမိစ္ဆာက ငါ့ကို လွှတ်ပေး မှာတဲ့လားဗျာ…။"
သူသည် ကိုယ့်ကိုယ်ကိုယ် မည်သည့်အရာတွင်မှ မတော်မှန်းလည်း သိသည်။ ဝမ်ရှောက်ထျန်းသည် သူ၏ ကန့်သတ်ချက်များကို ကောင်းစွာသိသောကြောင့် ပြေးသွားပြီး သူ့ကိုယ်သူ အရောက်ခံလိုက်လျှင် ယက္ခမိစ္ဆာ၏ အစာထဲသို့ ထပ်တိုးလိုက်ရုံသာ ဖြစ်သည်။ လီရွှယ်ဆိုသည့် ထိုအမျိုးသမီးသည် ချောမော ပြီး လိမ္မာသော်လည်း ထိုသို့သော ကျားရဲတကောင်၏ ဒေါသကို အဘယ်ကြောင့် ခံနိုင်ရည်ရှိ နေရပါ သနည်း။
ဝမ်ရှောက်ထျန်း၏ မထီမဲ့မြင်ပြုခြင်းနှင့် တုံ့ဆိုင်းနေခြင်းကို လီရွှယ် မြင်လိုက်ရသည်။ သူမက အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်၊
"မပြေးနဲ့။ ဒီနေရာမှာ ဖွဲ့စည်းထားတဲ့ အစီအမံ ရှိတယ်။ ရှင် လုံးဝထွက်ပြေးလို့မရဘူး။ အဲဒီကျီးကန်း က ကျီးနက်တစ်ကောင်ပဲ။ လမ်းရှာနိုင်စွမ်းနဲ့ အစီအမံတွေကို ဖျက်နိုင်စွမ်း က သူ့ရဲ့ အထူးအားသာချက်ပဲ။"
သူမသည် သေချာပေါက် သူတော်စင် မဟုတ်ပေ။ ကျီးကန်းနက်ကို ကယ်ဆယ်ရန် ဝမ်ရှောက်ထျန်းကို တောင်းဆိုခြင်းသည် အကြောင်းရင်းရှိသည်။ မဟုတ်လျှင် တစ်စုံတစ်ရာကို အကျိုးမရှိပဲ ကယ်ဆယ် ရန် မည်သူက အသက်ကို စွန့်စားမည်နည်း။
ဝမ်ရှောက်ထျန်းသည် ချက်ချင်းရပ်တန့်သွားပြီး ဒေါသတကြီး ပြောလိုက်သည်၊
"ဘာလို့ အစောကြီးကတည်းက မပြောတာလဲ၊ ဒီလို ငြင်းခုံနေတာ အချိန်ကုန်တာပဲ…။"
လီရွှယ်၏ မနှစ်မြို့သော အမူအရာ ကို မြင်သောအခါ ဝမ်ရှောက်ထျန်းသည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သည်။ သူ ရူးသွပ်နေခြင်း ဖြစ်ရမည်။ သူ၏ ခွန်အားကို သူ လွန်စွာ အထင်ကြီးနေမိသည်။ ယခု အချိန်တွင် လီရွှယ်က သူ့ကို ပွေ့ချီထားရန် လိုအပ်သော်လည်း သူမသည် အားနည်းပြီး အကူအညီမဲ့နေ သော မိန်းမငယ်လေး မဟုတ်ပေ။
"အစ်မလီ၊ ကျွန်တော်စကားပြောမှားသွားတာပဲဆိုပြီး သဘောထားလိုက်ပါ။ ကျွန်တော့ကိုကြည့်ပါဦး၊ ကျွန်တော်က ရိုးရိုးလူသားတစ်ယောက်ပါ။ အစ်မကို ကယ်ချင်ရင်တောင် မကယ်နိုင်ပါဘူး….။"
ဝမ်ရှောက်ထျန်းက အမှန်အတိုင်း ပြောလိုက်သည်။
လီရွှယ်သည် စိတ်မဆိုးသော်လည်း ဝမ်ရှောက်ထျန်း၏ ရင်ခွင်ထဲတွင် ပွေ့ချီခံထားရသောကြောင့် ရှက်ရွံ့ နေသည်။ သူမ၏ မျက်နှာသည် နီရဲနေပြီး အိတ်ကပ်ထဲတွင် ခဏကြာအောင် မွှေနှောက်ပြီး နောက်ဆုံး တွင် အနီရောင် တာလီစမန် တစ်ခုကို ထုတ်လိုက်သည်။
"ဒါကို မြန်မြန်မျိုချလိုက်၊ ရှင့်အတွက် ယင်စွမ်းအင်ကို အသုံးပြုနိုင်လိမ့်မယ်။"
လီရွှယ်သည် အနီရောင် တာလီစမန်ကို ဝမ်ရှောက်ထျန်း၏ လက်ဖဝါးပေါ်သို့ ညင်သာစွာ တင်ပေးပြီး
"အခု ကျွန်မတို့ ရှင့်ကိုပဲ အားကိုးရတော့မယ်" ဟု မှာကြားလိုက်သည်။
တောက်ပသော အနီရောင် တာလီစမန် ကို ကြည့်ရင်း ဝမ်ရှောက်ထျန်းသည် ပြင်းထန်သော ဆန့်ကျင်မှု ခံစားချက်ကိုရလိုက်သည်။ ပတ်ဝန်းကျင်ရှိ ပုပ်သိုးသောအနံ့ သည်ပင် ထိုအဆောင်မှ ထွက်ပေါ်လာ သော သွေးညှီကဲ့သို့သော ညှီစို့စို့အနံ့ ကို ဖုံးကွယ်နိုင်ခြင်း မရှိပေ။
"ဟေး အစ်မလေး၊ ဒီပစ္စည်းက ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေး ခွင့်ပြုချက် ရှိလား။ မိစ္ဆာက မသတ် ခင်အဆိပ်မိပြီးသေနေအုန်းမယ်…။"
ဝမ်ရှောက်ထျန်းသည် အတော်လေး လက်မခံချင်ဖြစ်နေခဲ့သည်။
သူသည် ဘာကြောင့်မှန်းမသိ၊ သို့သော် သူ၏ အလိုလိုသိစိတ် က ဤတောက်ပသော အနီရောင် အဆောင်သည် မကောင်းကြောင်း ပြောပြနေသည်။ သူ လုံးဝ ပါးစပ်ထဲ မထည့်ချင်။ အဆိပ်သင့်၍ သေလျှင် ပြီးသွားမည်။ သို့သော် အဆိပ်သင့်၍ အရူးတစ်ယောက် ဖြစ်သွားလျှင် သူ၏ဘဝ ပြီးဆုံးပေ လိမ့်မည်။
သို့သော် ဝမ်ရှောက်ထျန်းသည် သတိထားနေသော်လည်း လီရွှယ်က ထိုသို့သော ပရိယာယ်ကြမ်းသည့် နည်းလမ်း များကို အသုံးပြုလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူမသည် တောက်ပသောအနီရောင် အဆောင်ကို ဝမ်ရှောက်ထျန်း၏ ပါးစပ်ထဲသို့ ရုတ်တရက် ထိုးထည့်လိုက်သည်။ အနီရောင် အဆောင် သည် ဝမ်ရှောက်ထျန်း၏ ပါးစပ်ထဲတွင် ချက်ချင်း အရည်ပျော်သွားပြီး၊ အနီရောင်အလင်းတစ်ခုသည် ဝမ်ရှောက်ထျန်း၏ အစာအိမ်ထဲသို့ ဝင်ရောက်သွားသကဲ့သို့ပင်။
"သောက်ဂွပဲ…။"
ဝမ်ရှောက်ထျန်းသည် အလွန်ထိတ်လန့်သွားပြီး လီရွှယ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"မင်း...မင်း ကျေးဇူးကို ခုလိုဆပ်တယ်ပေါလေ….။"
ဝမ်ရှောက်ထျန်းသည် ဒေါသထွက်နေသည်။ သူသည် သရဲများကြားထဲသို့ အသက်ကိုစွန့်ပြီး ပြေးဝင်ကာ လီရွှယ်ကို ကယ်တင်ခဲ့ရသော်လည်း ထို လီရွှယ်ဆိုသည့် မိန်းမ က လုံးဝ စာနာမှုမရှိဘဲ သူ့ကို ဘာမှန်း ပင်မသိသော အစားအစာ များကျွေးခဲ့သည်။
လီရွှယ်က ဒေါသတကြီး ပြောလိုက်သည်၊
"ပါးစပ်ပိတ်၊ ဒါ ကောင်းတဲ့အရာ။ ပတ်ဝန်းကျင်က ယင်စွမ်းအင်ကို ခံစားကြည့်လိုက်…။"
လီရွှယ်၏ စကားကို ကြားသောအခါ ဝမ်ရှောက်ထျန်းသည် ကျေးဇူးတင်စိတ် မခံစားရဘဲ မကျေမချမ်း စိတ်များသာ ပြည့်နှက်နေသည်။ အကယ်၍ ၎င်းသည် အမှန်တကယ် ကောင်းသောအရာဆိုလျှင် လီရွှယ် ကိုယ်တိုင် ဘာကြောင့် မစားရသနည်း။ ၎င်းသည် ကောင်းသောအရာ မဟုတ်ဘဲ သူ့အား အန္တရာယ်ဖြစ် စေရန် ရည်ရွယ်ထားသည်မှာ ထင်ရှားသည်။
ဝမ်ရှောက်ထျန်း စတင်ဆဲဆိုခြင်းပင် မပြုရသေးမီ၊ သူ့တစ်ကိုယ်လုံး အေးစက်သွားသလို ရုတ်တရက် ခံစားလိုက်ရပြီး တုန်ယင်သွားသည်။ ထို့နောက် ဆယ်ပေါင်တူ ရာနှင့်ချီ၍ ရိုက်ချိုးခံရသကဲ့သို့ ပြင်းထန် သော နာကျင်မှု ပေါ်ပေါက်လာသည်။
ဝမ်ရှောက်ထျန်း အော်ဟစ်လိုက်သော်လည်း ကျီးကန်းနက်၏ အော်သံသည် ပို၍ပင် ဝမ်းနည်းကြေကွဲ ဖွယ် ကောင်းနေသည်။
အတောင်ပံများ ကျိုးပဲ့၍ မပျံသန်းနိုင်တော့ဟု ထင်သောကြောင့် ကျီးကန်းနက်သည် ၎င်း၏ သေးငယ် သော ခြေသည်းများ ဖြင့် မြေပြင်ပေါ်တွင် အရူးအမူး ထွက်ပြေး နေရသည်။ သို့သော် နှစ်ထပ်တိုက် အရွယ်ရှိသော ယက္ခမိစ္ဆာ အတွက် ကျီးကန်းနက်သည် မြေပြင်ပေါ်ရှိ ပုရွက်ဆိတ် တစ်ကောင်နှင့်ပင် တူနေသည်။
လီရွှယ်သည် ထိတ်လန့်သွားပြီး ဝမ်ရှောက်ထျန်း၏ ကျောကုန်းကို အားနှင့် တွန်းထုတ်လိုက်သည်။ ဝမ်ရှောက်ထျန်း သည် ယိုင်လဲသွားပြီး ၎င်း၏ ခြေထောက်များ အားပျော့ကာ ခန္ဓာကိုယ်ထဲမှ နာကျင်မှု ကြောင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။
"အား…။"
ဝမ်ရှောက်ထျန်း အော်ဟစ်လိုက်ပြီး၊ သူ၏ အသံသည် မီးခိုးရောင်နယ်မြေ တစ်လျှောက် ပဲ့တင်ထပ်သွား သည်။
ဤအချိန်တွင် ဝမ်ရှောက်ထျန်း၏ မျက်လုံးများ သွေးရောင်ပြောင်း နေပြီး ပတ်ဝန်းကျင်ကို လုံးဝ မသိ တော့သည့်ပုံရသည်။ အကယ်၍ ဝမ်ရှောက်ထျန်း သတိရှိနေပါက ထူထပ်သော မြူခိုးများ သည် သူ၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်နေသည်ကို မြင်ရမည်ဖြစ်သည်။
ဤအရာကို မြင်သောအခါ လီရွှယ်၏ လှပသော မျက်လုံးများတွင် မှောင်မည်းသောအလင်း တစ်ချက် လက်သွားသည်။ သူမသည် ဝမ်ရှောက်ထျန်းကို ပေးခဲ့သည့် အဆောင်ကို ယင်စုစည်းမှု အဆောင် ဟု ခေါ်သည်။ နာမည်အတိုင်းပင် ၎င်းသည် ယင်စွမ်းအင်ကို စုစည်းရန် အသုံးပြုပြီး လူတစ်ဦးအား ယာယီ ထူးခြားသော စွမ်းအင်များ ကို ပေးနိုင်သည်။
လူသားတို့၏ လုပ်နိုင်စွမ်း သည် အကြောက်မက်ဆုံးအရာ ဖြစ်သည်။ ကားမတော်တဆမှုတစ်ခုတွင် သားသမီးကို ကယ်ဆယ်ရန် မိခင်ငယ်တစ်ဦးက ကားကို လက်ဗလာဖြင့် လှန်ပစ်လိုက်ခြင်း ကဲ့သို့သော အံ့ဩဖွယ်ရာများစွာ ရှိသော်လည်း ၎င်းတို့အနက်မှ အနည်းငယ်သာ အမှန်တကယ် ဖော်ထုတ်ခံရသည်။
သို့သော် လူတို့ပြုလုပ်သော အံ့ဩဖွယ်ရာများ မှာ အလွန်မတည်ငြိမ်ဘဲ အံ့ဩဖွယ်ရာတစ်ခု ဖြစ်ပွား ပြီးနောက် မကြာခဏဆိုသလို ဇီဝစွမ်းအင် အားလုံး ကုန်ဆုံးသွားသည်။
ထို့ကြောင့် လီရွှယ်သည် စိတ်ရှုပ်ထွေးနေသည်။ သူမ၏ အဆောင်သည် စွမ်းအားကို ဆောင်ကျဉ်းပေး လိမ့်မည်ကို သူမ သိသော်လည်း ၎င်း၏ ဘေးထွက်ဆိုးကျိုးသည် လည်း အလွန်ထင်ရှားသည်။
ဝမ်ရှောက်ထျန်းသည် လီရွှယ်၏ အတွင်းစိတ်ကို မသိပေ။ သူသည် လက်ရှိတွင် အလွန် စိတ်လှုပ်ရှား နေပြီး ရေတွက်မရနိုင်သော အသံများသည် သူ့အား စကားပြောနေသကဲ့သို့ ဖြစ်နေကာ ရှုပ်ထွေးသော အသံများ ကြောင့် သူ၏ ဦးခေါင်းမှာ အလွန်ကိုက်ခဲနေသည်။
ထို ရူးသွပ်မှု ကြောင့်ပင် ဝမ်ရှောက်ထျန်းသည် ယက္ခမိစ္ဆာပေါ်သို့ ပြင်းပြင်းထန်ထန် ခုန်အုပ်လိုက် သည်။
ဧရာမ ယက္ခမိစ္ဆာ သည် တစ်စုံတစ်ယောက်က ၎င်း၏ အစားအစာကို လက်ဖျားနဲ့ တို့ဝံ့သည်ကို ဒေါသ ထွက်နေသည်။ ၎င်း၏ လက်ကြီး ဖြင့် ဝမ်ရှောက်ထျန်း၏ ခါးကို ဖမ်းဆုပ်ပြီး တင်းတင်း ကျပ်ကျပ် ညှစ် ကာ လွှဲလိုက်သောကြောင့် ဝမ်ရှောက်ထျန်း မူးသွားပြီး အန်ထွက် သွားသည်။
အရင်ကဆိုလျှင် ကြောက်လန့်ပြီး သူ၏ ဘောင်းဘီပင် စိုရွှဲသွားလောက်မည် ဖြစ်သော်လည်း ယခုမူ သူသည် ယက္ခမိစ္ဆာ၏ လက်သည်းများကို သူ၏ လက်ဖြင့် ချိုးဖျက်ရန် ကြိုးစားနေသည်။
ယက္ခမိစ္ဆာ၏ လက်သည်းများသည် ၎င်း၏ လက်နက် များ ဖြစ်သည်။ ၎င်း၏ ကိုယ်ပိုင်လက်နက်များ ပျက်စီးသွားသောအခါ ယက္ခမိစ္ဆာမှာ သည် ရူးသွပ်သွားပြီး၊ ကျီးကန်းနက်ကို လျစ်လျူရှုလိုက်ပြီး ဝမ်ရှောက်ထျန်း အားအရူးအမူး တိုက်ခိုက် လေတော့သည်။