← Chapters

လမ်းပျောက်နေသော မိန်းကလေး

Vol. 3 Ch. 30

လမ်းပျောက်နေသော မိန်းကလေး

Vol. 3 Ch. 30

ဝမ်ရှောက်ထျန်းက အမုန်းတရားများစွာကို ဆွဲဆောင်နေခဲ့သည်။ ယက္ခမိစ္ဆာကြီးသည် မည်သူ့ကိုမျှ မမြင်တော့ဘဲ အကောင်းဆုံးအစားအစာကိုပင် စက်ဆုပ်ရွံရှာပြီး ၎င်း၏လက်သည်းများကို ပျက်စီးစေ ခဲ့သော ဝမ်ရှောက်ထျန်းကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်ချင်နေခဲ့သည်။

ဝမ်ရှောက်ထျန်းသည် ယခင်ကနှင့်မတူတော့ပေ။ အသက်ရှူတိုင်း မြူမှုန်များသည် သူ၏ခန္ဓာကိုယ်ထဲ သို့ တိုးဝင်လာပြီး၊ သည်းမခံနိုင်လောက်အောင် နာကျင်စေကာ သူ၏စိတ်ကို ပို၍ပင် ခက်ထန်စေသည်။ သူသည် သူ၏ဒေါသကို ယက္ခမိစ္ဆာကြီးအပေါ်သာ ပုံချနေတော့သည်။

ရှုပ်ထွေးနေသည့် အခြေအနေကို အခွင့်ကောင်းယူကာ ကျီးနက်သည် ၎င်း၏အတောင်ပံများကို ခတ်၍ လီရွှယ်ဘေးသို့ ပျံသန်းလာပြီး ထိတ်လန့်ဖွယ်အသံဖြင့် ပြောလိုက်သည်၊

"အား..အား…၊ အဆိပ်အပြင်းဆုံးနှလုံးသားက မိန်းမတွေရဲ့ နှလုံးသားပဲ။ သူက မင်းအသက်ကို ကယ်ခဲ့ တာတောင်မှ မင်းက အခုလို လမ်းမှားကို ပို့လိုက်ရက်တယ်…။"

"ပါးစပ်ပိတ်ထားလိုက်….။ ဒါတွေအားလုံးက နင့်ကို ကယ်ဖို့အတွက်ပဲ….။"

လီရွှယ်၏ မျက်လုံးများက ခက်ထန်နေသည်။ သူမ တကယ် ဒီလိုလုပ်ချင်ခဲ့သည်လား။ သူမ အတင်း အကြပ်လုပ်ခဲ့ရခြင်းပင်..။

ဒီမိစ္ဆာက အရမ်း အစွမ်းထက်လှပေသည်။ သူမ အကောင်းဆုံး အခြေအနေမှာ ရှိနေလျင်တောင်မှ လက်ရှိအင်အားနှင့် အနိုင်ယူနိုင်မည် မဟုတ်ပေ။ ဒီနေရာမှာ မသေချင်ဘူးဆိုပါက တခြားနည်းလမ်း ရှာရပေမည်။

"အား...အား...၊ ဒါကတော့ ရက်စက်လွန်းတယ်….။"

ကျီးနက်က လုံးဝ သနားညှာတာခြင်း မရှိပေ။

လီရွှယ် မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ရှောက်ထျန်း၏ ပင်ပန်းနွမ်းနယ်ခြင်းမရှိသည့်ပုံစံကို မြင် လိုက်သောအခါ သူမ၏ မျက်ဆံများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ ဤ ဝမ်ရှောက်ထျန်းသည် တကယ်ပင် ထူးခြားသူ ဖြစ်သည်။

ယင်စုဆောင်းခြင်း အဆောင်ကို အသုံးပြုသော သာမန်လူများသည် လူလည်းမဟုတ် နာနာဘာဝလည်း မဟုတ်သည့် မိစ္ဆာများအဖြစ်သို့ မကြာခင်ကတည်းက ပြောင်းလဲသွားသင့်သည်။ သို့သော်လည်း ယခုမူ ဝမ်ရှောက်ထျန်း သည် ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည်ကိုရရှိနေခဲ့ပြီး ယင်စွမ်းအင်၏ လွှမ်းမိုးမှု အောက်တွင် မည်သည့်ပြောင်းလဲမှုမှ မဖြစ်ပေါ်ခဲ့ပေ။

ဝမ်ရှောက်ထျန်းတွင် လှည့်ကွက်များ မရှိပါ။ သူသည် ရူးမိုက်စွာ ပြုမူတတ်သည့် နည်းလမ်းကိုသာ သိ သည်။ သူ၏ ရက်စက်ကြမ်းကြုတ်မှုကို အားကိုး၍ ယက္ခမိစ္ဆာကြီးကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

အကယ်၍ ဝမ်ရှောက်ထျန်းသည် ဤအချိန်တွင် သတိရှိနေပါက သူ၏ အံ့သြဖွယ်အစွမ်းအကြောင်းကို သိရှိ၍ ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေမည် ဖြစ်သည်။ သို့သော် အခုချိန်မှာတော့ သူ၏မျက်လုံးများက နီရဲနေပြီး ရှေ့သို့ ဆက်တိုက် တိုးဝင်တိုက်ခိုက်ဖို့ကိုသာ သိနေသည်။

"ဆိုးလိုက်တာ၊ ယင်စုဆောင်းခြင်း အဆောင်က အရာအားလုံးကို ပိုပြီးတော့တောင် ဆွဲဆောင်နေပြီ။"

လီရွှယ်၏ မျက်နှာက ဖြူဖတ်သွားပြီး သူမ စိတ်ထဲတွင် တွေးလိုက်သည်။

*ဒါ မကောင်းတော့ဘူး။*

ခြေသံတချို့ အလောတကြီး ချဉ်းကပ်လာသဖြင့် လီရွှယ်၏ မျက်နှာထား တင်းမာသွားပြီး အန္တရာယ် တစ်စုံတစ်ရာ ပေါ်လာပါက ဦးစွာ တိုက်ခိုက်ရန် လက်များကို အသင့်နေထားပြင်ဆင်လိုက်သည်။

သူမ နှင့် ကျီးနက် နှစ်ယောက် စလုံးသည် ထူထဲသော မြူခိုးများကို သတိကြီးစွာ စောင့်ကြည့်နေကြပြီး ၎င်း၏နောက်ကွယ်မှ တစ်စုံတစ်ရာ ထွက်ပေါ်လာမည်ကို စိုးရိမ်နေကြသည်။

မည်သူတစ်ဦးတစ်ယောက်ကိုမျှ မမြင်ရသေးမီကပင် ခြိမ်းခြောက်သည့် အရှိန်အဝါက ခံစားနေရပြီး လီရွှယ်ကို ပို၍ပင် စိုးရိမ်စေသည်။

ရုတ်တရက်၊ ကျီးနက်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်၊

"ရေခဲတုံး၊ ငါ့ကို ကူညီပါဦး! ငါ့အတောင်ပံ ကျိုးသွားပြီ!"

ထူထဲသော မြူခိုးများထဲမှ မိန်ပေါ်ထောင်းက ဦးစွာ ထွက်ပေါ်လာသည်။ သူ၏ အနက်ရောင် အဝတ်အ စားများတွင် ဒဏ်ရာ အများအပြား ရှိနေပြီး ရင်ဘတ်ပေါ်ရှိ နက်ရှိုင်းသော ဒဏ်ရာတစ်ခုက အရိုးကို ပင်မြင်နေရကာ သွေးများ တစိမ့်စိမ့်စီးကျနေသည်။ သူသည်ဒဏ်ရာ ဗရပွ ရရှိထားသော်လည်း သူ၏ လက်ထဲရှိ ဓားရှည်သည် တိုက်ခိုက်လိုစိတ် ပြင်းပြစွာဖြင့် တိုးတိုးလေး အသံမြည်နေသည်။

"ရေခဲ ၊ ငါ့ကို ဒီနေရာကနေ ထုတ်ပေး…။"

ကျီးနက်သည် ၎င်း၏အတောင်ပံများကို ခတ်၍ မိန်ပေါ်ထောင်း၏ ပခုံးပေါ်သို့ ခုန်တက်လိုက်သည်။

သူ၏ ခန့်ညားသောမျက်နှာပေါ်တွင် သွေးများစွန်းထင်းနေပြီး ပြတ်သားပြင်းထန်သော အကြည့်ဖြင့် မိန်ပေါ်ထောင်းသည် ဝမ်ရှောက်ထျန်းက ယာက္ခနတ်ဆိုးကြီးနှင့် တိုက်ခိုက်နေသည်ကို မြင်လိုက်သည်။ သူ၏ မျက်နှာထား ချက်ချင်း အေးစက်သွားပြီး လီရွှယ်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။

လီရွှယ်သည် မိန်ပေါ်ထောင်း၏ အကြည့်ကို ရင်မဆိုင်လိုသဖြင့် အပြစ်ရှိသလိုခံစားရသောကြောင့် မျက်လွှာကို ချလိုက်သည်၊ အဘယ်ကြောင့်ဆိုသော် သူမသည် အမှန်တကယ် မှားယွင်းခဲ့မိသောကြောင့် ဖြစ်သည်။

ယင်စုဆောင်းခြင်း အဆောင်သည် တားမြစ်ထားသော အဆောင် ဖြစ်သည်။

"သူ့ကို အရင် ထုတ်သွား…။"

မိန်ပေါ်ထောင်းက အော်ဟစ်လိုက်ပြီး ကျီးနက်ကို ပခုံးပေါ်မှ ဆွဲချ၍ လီရွှယ်၏ လက်ထဲသို့ ပစ်ထည့် လိုက်ကာ သူ၏ ဓားဖြင့် ရှေ့သို့ တိုးဝင်တိုက်ခိုက်တော့သည်။

ကျီးနက်သည် ဒေါသတကြီး ၎င်း၏အတောင်ပံများကို ခတ်ပြီး ၎င်း၏ချွန်ထက်သော လက်သည်းများ ဖြင့် လီရွှယ်၏ ပုခုံးပေါ်တွင် လှည့်ပတ်နေသည်။ လီရွှယ်သည် ၎င်း၏ ကျိုးနေသော အတောင်ပံကို ဆွဲကိုင်၍ ဖမ်းလိုက်ရာ ကျီးနက်သည် နာကျင်စွာ အော်ဟစ်လိုက်သည်။

ဝမ်ရှောက်ထျန်းသည် လီရွှယ်နှင့် ကျီးနက်တို့ ထင်ထားသကဲ့သို့ လုံးဝ သတိလွတ်မနေပါ။ အမှန်တော့ သူသည် အရက်အလွန်အကျွံ သောက်ထားသူနှင့် ဆင်တူသည့် အခြေအနေတွင် ရှိနေပြီး သူ၏ အကြမ်း ဖက်လိုသော စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်ခြင်း မရှိသော်လည်း သတ်ဖြတ်လိုခြင်းတွင် လုံးဝ နစ်မြုပ် နေခြင်းတော့ မဟုတ်ပေ။

သို့သော်လည်း ဝမ်ရှောက်ထျန်းသည် သူ့ကိုယ်သူ သေလုနီးပါး ကြောက်လန့်နေခဲ့သည်။

သူသည် သေခြင်းတရားကို တောင်းဆိုနေသကဲ့သို့ ခံစားနေရသည်။ ယက္ခမိစ္ဆာကြီး၏ ဆန်းကြယ်သော ဦးခေါင်းနှင့် ချွန်ထက်သော လက်သည်းများကို ဘေးဖယ်ထားလိုက်လျှင်ပင် သူ၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာသည့် စွမ်းအားက သူ့ကို ထိတ်လန့်စေခဲ့သည်။

"ဖူး….။"

နတ်ဆိုးကြီးသည် ပါးစပ်မှ အနံ့ဆိုးထွက်သော အရည်တစ်ခုကို ပန်းထုတ်လိုက်သည်။ ဝမ်ရှောက်ထျန်း က လျင်မြန်စွာ ရှောင်တိမ်းလိုက်သော်လည်း အရည်အချို့က သူ၏ ခြေသလုံးကို စင်သွားခဲ့သည်။ ထိုအရည်သည် အလွန်ပြင်းသော ဆာလ်ဖျူရစ်အက်ဆစ်ကဲ့သို့ ဖြစ်နေပြီး ဂျင်းဘောင်းဘီအစကိုပင် ချက်ချင်း လောင်ကျွမ်းစေပြီးနောက် အသားကို လောင်သွားသည်။

ဝမ်ရှောက်ထျန်းသည် နာကျင်လွန်းသဖြင့် မျက်ရည်များ စီးကျလာသည်။ ယောက်ျားများသည် မျက်ရည် မလွယ်ဟု ပြောကြသော်လည်း တကယ်တမ်းမှာတော့ နှလုံးကြေကွဲသည်အထိ နာကျင်မှု ကိုမခံစားဘူးသေးသောကြောင့်ဖြစ်နိုင်သည်။

ဝမ်ရှောက်ထျန်းသည် ခြေတစ်ဖက်ကို အသုံးမပြုနိုင်တော့သောကြောင့် မြေပေါ် လဲကျသွားသည်။ ယက္ခမိစ္ဆာကြီးသည် သိပ်ဉာဏ်မရှိသော်လည်း တိုက်ခိုက်လိုစိတ် အလွန်ပြင်းထန်ပြီး ၎င်း၏ ချွန်ထက် သော မိစ္ဆာလက်သည်းများကို ဝှေ့ယမ်းကာ ပြေးဝင်လာသည်။

"သတ္တဝါယုတ်၊ ဘယ်လိုလုပ်အဲ့လောက်ရဲတင်းရတာလဲ…."

ဒေါသတကြီး အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာသည်။

အသံကို ကြားလိုက်ရသည့်အခါ နတ်ဆိုးကြီး၏ မျက်နှာ တင်းမာသွားပြီး ၎င်း၏ ဆုပ်ထားသော လက်သီးများနှင့် မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာကာ အနည်းငယ် စိုးရိမ်ပူပန်သွားပုံရသည်။

ထိုအခြေအနေကို မြင်လိုက်ရအသောအခါ ဝမ်ရှောက်ထျန်း ပျော်ရွှင်သွားသည်။ သူသည် ဘေးကင်းရာ နေရာသို့ လျင်မြန်စွာ တွားသွားပြီး အသံလာရာသို့ ကြည့်လိုက်သောအခါ ဒဏ်ရာများ ပြည့်နှက်နေ သည့် မိန်ပေါ်ထောင်းကို တွေ့လိုက်ရသည်။

"သေပြီ..."

ဝမ်ရှောက်ထျန်း၏ ရင်ထဲ ပျော်ရွှင်မှုက နစ်မြုပ်သွားသည်။ မိန်ပေါ်ထောင်းသည် ဤမျှ ဆိုးရွားသည့် အခြေအနေတွင် ရှိနေပြီဖြစ်ရာ ဤ ကံဆိုးမိုးမှောင်ကျနေသည့် နေရာမှ သူသည် အဘယ်သို့ လွတ်မြောက်နိုင်ပါ့မည်လဲ။

"ဖုတ်…။"

ဖုတ်ခနဲ အသံနှင့်အတူ ပုလင်းတစ်လုံး ဝမ်ရှောက်ထျန်း၏ ဘေးနားသို့ ကျလာသည်။ မိန်ပေါ်ထောင်း က

"သောက်လိုက်၊ ပြီးရင် ပြေးတော့….။"

ဟု အော်ပြောလိုက်သည်။

ဝမ်ရှောက်ထျန်းသည် တွားသွားကာ ပုလင်းဖုံးကို ဖွင့်ပြီး မကြည့်တော့ဘဲ ပါးစပ်ထဲ အကုန် လောင်း ထည့်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စိမ့်ဝင်နေသည့် ထူထဲသော မြူခိုး များ ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်၊ ၎င်းသည် သူ့ပတ်လည်တွင် မမြင်နိုင်သော အကာအကွယ် အလွှာတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ပင်။

ထူထဲသော မြူခိုးများသည် ဝမ်ရှောက်ထျန်း ပတ်လည်တွင် ထူထဲစွာ လည်ပတ်နေသည်။

မိန်ပေါ်ထောင်းက တစ်စုံတစ်ခုကို တီးတိုးရွတ်ဆိုလိုက်ပြီးနောက် ချွန်ထက်သော ဓားရှည်သည် လျှပ်စီး ကြောင်းများ တဖျတ်ဖျတ်နှင့် မီးပွားများ ထွက်ပေါ်လာသည်။

"အား….၊ အား….။"

ကျီးနက်က သတိပေးသည့်အသံဖြင့် အော်ဟစ်လိုက်သည်။

ဝမ်ရှောက်ထျန်းသည် ယက္ခမိစ္ဆာကြီး၏ နောက်ကွယ်မှ လမ်းကို တစ်ချက်ကြည့်လိုက်ပြီး ၎င်းသည် ထူထဲသော မြူခိုးများထဲမှ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူသည် ချက်ချင်း မျှော်လင့်ချက် ရလာသည်။

"ကျွန်မ သုံးအထိ ရေတွက်မယ်၊ အဲဒီအခါကျရင် ပြေးမယ်…။"

လီရွှယ်သည် မတ်တပ်ထရပ်ရန် ရုန်းကန်လိုက်ပြီး ဝမ်ရှောက်ထျန်းကို အေးစက်စွာ စိုက်ကြည့် လိုက်သည်။

ဝမ်ရှောက်ထျန်းသည် အလိုလို တုန်ယင်သွားပြီးနောက် စကားနားထောင်ပြီး ခေါင်းညိတ်ပြကာ ယဉ်ကျေးသိမ်မွေ့သော အမူအရာဖြင့် ပြောလိုက်သည်။

"မင်းတို့ အရင်ပြေးကြ၊ ကျွန်တော် နောက်ကနေ ကာပေးထားမယ်…။"

ဝမ်ရှောက်ထျန်းသည် ရိုးသားပြီး ကြင်နာတတ်သူ ဖြစ်သော်လည်း သူသည် မအပေ။ လီရွှယ်က သူ၏ အပေါ် ရန်လိုနေသည်ကို မမြင်နိုင်လျှင် သူသည် သူ၏မျက်လုံးများကို ထိုးဖောက်ထုတ်ပြီး အသုံးဝင် သူတစ်ဦးကို လှူဒါန်းသင့်သည်။

ဒါကြောင့် သူ ရှေ့ကနေ ပြေးရန် မလိုလားပေ၊ အဘယ့်ကြောင့်ဆိုသော် လီရွှယ်က နောက်ကနေ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နိုင်မလားဆိုသည်ကို ဘယ်သူသိမှာတဲ့လဲ။

လီရွှယ်၏ မျက်လုံးများက မှောင်မိုက်နေပြီး သူမ၏ ပါးစပ်ထောင့်တွင် အေးစက်သော အပြုံးတစ်ခု ကွေးညွှတ်နေသော်လည်း ဤအရေးပါသည့်အချိန်တွင် လူတိုင်းသည် နာနာဘာဝရွာမှ လွတ်မြောက်ရန် လိုချင်ကြသောကြောင့် သူမ ဘာကိုမှတော့ ထပ်မပြောတော့ပေ။

ကျီးနက်သည် ၎င်း၏အတောင်ပံများကို ခတ်၍ အသက်လု ထွက်ပြေးပြီး လီရွှယ်က နောက်ကနေ လိုက်သည်။ ဝမ်ရှောက်ထျန်းသည် ယက္ခနတ်ဆိုးနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသော မိန်ပေါ်ထောင်း ကို ကြည့်လိုက်ပြီး အံကိုတင်တင်းကြိတ်ကာ အော်ဟစ်လိုက်သည်။

"ရဲစွမ်းသတ္တိရှိတဲ့ သူရဲကောင်း၊ ပြေး….။”

ထိုသို့ပြောပြီးနောက် ဝမ်ရှောက်ထျန်းသည် နောက်ကြောင်း မလှည့်ဘဲ ထွက်ပြေးသွားသည်။

ပြင်းပြင်းထန်ထန် ပြေးနေသောကြောင့် ဝမ်ရှောက်ထျန်းသည် သူ၏ အဆုတ်ထဲတွင် ချွန်ထက်သော အပ်များဖြင့် ထိုးနေသကဲ့သို့သော နာကျင်မှုကို ခံစားရပြီး ကောင်းစွာ အသက်မရှူနိုင်တော့ပေ။ သူ၏ ခြေထောက်များ အားကုန်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

"ဟေး အစ်ကို၊ ဘာဖြစ်တာလဲ…။"

သူ၏ နားထဲတွင် နူးညံ့ပြီး ချိုမြိန်သော မိန်းကလေးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

ဝမ်ရှောက်ထျန်း တုန်ယင်သွားပြီး လျင်မြန်စွာ မော့ကြည့်လိုက်သည်။ ပုံမှန် မြင်းမြီးဆံပင်နှင့် အသက် တစ်ဆယ့်ရှစ်၊ တစ်ဆယ့်ကိုးနှစ်ခန့် ရှိသော မိန်းကလေးတစ်ဦးက သူ့အား စိုးရိမ်တကြီး ကြည့်နေသည် ကို သူ မြင်လိုက်ရသည်။ သူမ၏ ပန်းရောင်သန်းနေသော မျက်နှာသည် နာနာဘာဝနှင့် မတူပေ။

"ကျွန်မကို လက်ကမ်းလိုက်….။"

ထိုကလေးမလေးက ဝမ်ရှောက်ထျန်းကို ကြင်နာစွာ ကူညီထူမပေးလိုက်သော်လည်း သူမ၏ ရေခဲကဲ့သို့ အေးနေသော လက်သေးသေးလေးက ဝမ်ရှောက်ထျန်း၏ ရင်ခုန်နှုန်းကို မြန်စေခဲ့သည်။ သူ ထိတ်လန့် တကြား အော်လိုက်သည်၊

"မင်းက လူလား၊ ဒါမှမဟုတ် နာနာဘာဝလား…။"

"ဘယ်လိုပြောလိုက်တာလဲ….၊ ကျွန်မက လူပဲပေါ့၊ ကျွန်မ လမ်းပျောက်နေတာပါ။ ရှင် ကျွန်မကို အိမ်ကို ပြန်လိုက်ပို့ပေးလို့ ရမလား…။"

All Chapters