) ဧကရာဇ်ငါးပါးဒင်္ဂါးများ
Vol. 4 Ch. 33
"အား...အာ..."
ယာဉ်မောင်းသည် နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်သည်။ သေမင်းတမန် ရန်သူနှင့် တွေ့ဆုံရသကဲ့သို့ အလွန်ခံစားနေရပြီး၊ ကြောက်လန့်တုန်ရီနေသဖြင့် တံခါးဖွင့်၊ပိတ် ခလုတ်ကို ကိုင်ထားသော သူ၏လက် သည်လည်း မသိစိတ်ဖြင့် နှိပ်မိသွားသည်။
ဘတ်စ်ကားတံခါးများ ပြန်ပွင့်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ရှောက်ထျန်းသည် လျင်မြန်ဖျတ်လတ်စွာ ကားပေါ်မှ ခုန်ဆင်းလိုက်သည်။
တံခါးပြန်ပိတ်သွားသောအခါ ဝမ်ရှောက်ထျန်းသည် ယာဉ်မောင်းက နာကျင်စွာ လူးလှိမ့်နေသည်ကို မြင်လိုက်ရသည်။ ထိုအဘွားကြီးကမူ ဒေါသတကြီး ခြေဆောင့်ပြီး တောင်ဝှေးဖြင့် ပြတင်းပေါက်ကို ထုရိုက်နေသည်။ တစ်ခုခု ပြောနေဟန်ပေါ်သော်လည်း ထိုဘတ်စ်ကားအိုကြီးသည် အသံလုံလွန်းသော ကြောင့် မည်သည့်အသံမျှ အပြင်သို့ ထွက်မလာခြင်းမှရှိပေ။
အဘွားကြီးက သူ့ကို တစ်ခုခု ပြောချင်နေသည်ဟု ဝမ်ရှောက်ထျန်း ခံစားမိသဖြင့် နားစိုက်ထောင်နေပါ သော်လည်း၍ မကြားရပေ။
နောက်ဆုံးတွင် အဘွားကြီးသည်လည်း အခြေအနေကို သဘောပေါက်သွားသည့်ပုံရသည်။ သူမသည် ဝမ်ရှောက်ထျန်း အား လက်အမူရာဖြင့် ပြပြီး သူ့ဘေးရှိ ဟောင်ထျန်းထျန်းကို လက်ညှိုးထိုးပြသည်။ သို့သော် ပြတင်းပေါက်သည် မည်းနက်သော မြူခိုးများ ဖုံးအုပ်လာသဖြင့် ဖြည်းဖြည်းချင်း အတွင်းထဲရှိ ဘာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။
လုံးဝ မမြင်ရတော့မီလေးတွင် အဘွားကြီး၏ အမူအရာမှ တစ်စုံတစ်ရာကို ဝမ်ရှောက်ထျန်း နားလည် လိုက်ပုံရသည်။ သူသည် အိတ်ကပ်ထဲသို့ လက်ထည့်လိုက်ရာ ထိလိုက်သည်နှင့် နွေးနေသော အရာ တစ်ခုသည် အနွေးဓာတ်တချို့ ထုတ်လွှတ်နေသည်။ ပုံသဏ္ဍာန်ကို ကြည့်၍တော့ ဘာဖြစ်မည်ကို ခန့်မှန်း၍ မရနိုင်ပါ။
"ရှောက်ထျန်းအစ်ကို"
ဟု ဟောင်ထျန်းထျန်းသည် ခေါင်းလေးစောင်းကာ ဝမ်ရှောက်ထျန်းကို ကြည့်လိုက်သည်။
ဝမ်ရှောက်ထျန်းသည် သတိပြန်ဝင်လာခဲ့သည်။ ထို စုတ်ပြတ်သတ်နေသော အပြင်စာဆိုင်ကြောင့်သူ သည် သရဲများနှင့် ထိတွေ့လွယ်နေပြီဖြစ်သည်။ သရဲရွာထဲသို့ မတော်တဆ ဝင်ရောက်ပြီးနောက် သူ၏ ယန်စွမ်းအင်သည် များစွာ လျော့နည်းသွားခဲ့သည်ဟု သူ ယူဆမိသည်။ ထို့ကြောင့်လည်း သရဲဘတ်စ် ကားနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ယခု ညဉ့်သန်းခေါင်ကျော်နေပြီဖြစ်ရာ နောက်ထပ် အချိန်ဆွဲနေ၍ မဖြစ်တော့။
ကောင်းကင်ပေါ်ရှိ လကို ကြည့်ပါက ညဉ့်သန်းခေါင်ကျော်နေပြီ ဖြစ်သည်။ နောက်ထပ် အချိန်ဆွဲနေပါ က ည၏ဒုတိယတစ်ဝက်တွင် မည်သည့်အရာများ ထပ်တွေ့ရမည်ကို မည်သူမှ မသိနိုင်ပေ။
"သွားကြစို့….၊ မြန်မြန် ထွက်သွားကြစို့….။ ငါတို့ လမ်းမှားသွားပြီ။ အဲဒီဘတ်စ်ကားက အဲဒီလမ်းကို မသွားဘူး ….။"
ဟု ဝမ်ရှောက်ထျန်းက ဟောင်ထျန်းထျန်း ကြောက်လန့်သွားမည်ကို စိုးရိမ်သဖြင့် သူ ကြုံတွေ့ခဲ့ရသော ထိတ်လန့်စရာ အဖြစ်အပျက်ကို သူမအား မပြောပြခဲ့ပေ။
ဟောင်ထျန်းထျန်းသည် ချိုသာစွာ ပြုံးလျက် ပြောလိုက်သည်။
"ဒါဆို မြန်မြန်သွားကြမယ်လေ…။"
သို့သော် ခဏအကြာ လမ်းလျှောက်ပြီးနောက် ဟောင်ထျန်းထျန်းက အော်ပြောလိုက်သည်။
"အစ်ကိုရှောက်ထျန်း၊ ကျွန်မ အရမ်းပင်ပန်းနေပြီ၊ လမ်းမလျှောက်နိုင်တော့ဘူး။ ခဏလောက် နားကြ ရအောင်လား…။"
ဝမ်ရှောက်ထျန်းသည် ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်လက် အနားယူ၍ မဖြစ်တော့ ကြောင်း သိသည်။
"လာပါ၊ ငါ မင်းကို ကျောပိုးသွားမယ်။"
ဟောင်ထျန်းထျန်းသည် တုံ့ဆိုင်းနေပြီးနောက် ခေါင်းခါကာ
"မရဘူး၊ ရှောက်ထျန်းအစ်ကို့ကို ကျွန်မ ကျောပိုးခိုင်းလို့ မဖြစ်ဘူး။ ကျွန်မက အရမ်းလေးတယ်။ ရှောက်ထျန်းအစ်ကို ပင်ပန်းသွားလိမ့်မယ်"
ဟု လိမ္မာပါးနပ်စွာ ငြင်းဆိုလိုက်သည်။
ဝမ်ရှောက်ထျန်းလည်း ပင်ပန်းနေသော်လည်း ယောက်ျားတစ်ဦးအနေဖြင့် မငြင်းသင့်ပေ။ ထို့ကြောင့် သူသည် ဟောင်ထျန်းထျန်းရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"တက်လိုက်ပါ၊ ဘယ်လောက်များ လေးနေမှာမို့လို့လဲ…။"
ဟောင်ထျန်းထျန်းသည် ရှက်ရွံ့စွာ ဝမ်ရှောက်ထျန်း၏ ကျောပေါ်သို့ တွယ်ကပ်လိုက်ပြီး စိုးရိမ်တကြီး ဖြင့် မေးလိုက်သည်။
"ရှောက်ထျန်းအစ်ကို၊ ကျွန်မက အရမ်းလေးနေလား…။"
ဝမ်ရှောက်ထျန်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူသည် (၁.၅ )မီတာကျော် အရပ်ရှိပြီး ပိန်သွယ်သော ဟောင်ထျန်းထျန်းသည် ပေါင် (၆၀) သို့မဟုတ် (၇၀) ခန့်သာ လေးမည်ဟု ထင်ထား သော်လည်း သူမကို ကျောပိုးလိုက်သည့်အခါ မတ်တပ်ရပ်ရန်ပင် မတတ်နိုင်လုနီးပါး ဖြစ်သွားသည်။
"မလေးပါဘူး….။"
ဟု ဝမ်ရှောက်ထျန်းသည် အံကိုကြိတ်ရင်းမှ မနည်း ပြောလိုက်သည်။
ဟောင်ထျန်းထျန်းသည် ပြုံးရယ်ကာ ကလေးသီချင်းတစ်ပုဒ်ကို ဆိုလိုက်သည်။ သူမ၏ ကြည်လင်သော အသံသည် လူရှင်းသောလမ်းပေါ်တွင် ထွက်ပေါ်လာရာ ကြောက်မက်ဖွယ်ကောင်းသော ခံစားမှု ဖြစ်စေ သည်။ ဝမ်ရှောက်ထျန်းသည် သရဲများကြောင့် စိတ်ကယောင်ချောက်ချား ဖြစ်နေပြီး သူမ၏ သီချင်းသံ ကို ကြားသောအခါ တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွားသည်။
"အဲဟမ်း…၊ ထျန်းထျန်းလေး၊ စွမ်းအင် ချွေတာရအောင်၊ သီချင်းမဆိုဘဲ နေမလား…။"
ဟောင်ထျန်းထျန်းသည် အလိုမကျသော မျက်နှာလေးဖြင့် ပြောလိုက်သည်။
"အစ်ကိုရှောက်ထျန်းက ထျန်းထျန်းဆိုတဲ့ သီချင်းကို မကြိုက်ဘူးလား။ ထျန်းထျန်း အရမ်းဝမ်းနည်း တာပဲ…။"
ဝမ်ရှောက်ထျန်းသည် မဟုတ်ကြောင်း ပြောရန် ပြင်ဆင်နေစဉ် သူ၏ ပခုံးပေါ်တွင် ရေခဲတုံးတင်ထား သကဲ့သို့ အေးမြသော ခံစားချက်ကို ရလိုက်သည်။ သို့သော် ထိုအရာသည် ဟောင်ထျန်းထျန်း၏ လက် ဖြစ်သည်။
ရုတ်တရက် ဝမ်ရှောက်ထျန်းသည် ဘတ်စ်ကားပေါ်မှ ကြင်နာသော အဘွားကြီး၏ စကားကို သတိရ လိုက်သည်-
*သူမ ဆင်းလို့မရဘူး...။*
ဝမ်ရှောက်ထျန်း၏ နှလုံးသား ဒိန်းခနဲဖြစ်သွားသည်။ ထိုကြင်နာတတ်သော အဘွားကြီးသည် သူ့ကို အန္တရာယ်ပြုချင်ပါက ကားပေါ်မှ ဆင်းရန် သတိပေးမည် မဟုတ်ပေ။ အကယ်၍ အဘွားကြီးက ဟောင်ထျန်းထျန်းကို ရန်လိုနေသည်က ဟောင်ထျန်းထျန်းသည် တစ်ခုခု မှားနေ၍လား...။
ဤမေးခွန်းကြောင့် ဝမ်ရှောက်ထျန်းသည် ဖြည်းဖြည်းချင်း ခေါင်းကိုလှည့်ကြည့်လိုက်သည်။ မျက်နှာကို လှည့်လိုက်သောအခါ မှောင်မည်းနေသော မျက်လုံးတစ်စုံနှင့် ဆုံမိသည်။
"အစ်ကိုရှောက်ထျန်း၊ ဘာကြည့်နေတာလဲ…။"
ထိုမိန်းကလေး၏ ချိုသာသောအသံ၏နောက်တွင် ကြောက်မက်ဖွယ်၊ ဆိုးဝါးသော လေသံ ပါဝင်နေ သည်။
နောက်တစ်ခဏတွင် မိန်းကလေး၏ လှပပြီး အသက်ဝင်သော မျက်နှာပေါ်တွင် မည်းနက်သော အရာ တစ်ခု ပေါ်လာသည်။ ထို့နောက် သူမ၏ အရေပြားသည် ကွဲအက်လာပြီး အသားစကြီးများသည် မျက်နှာ မှ ကွာကျကာ ချက်ချင်းဆိုသလို သွေးချင်းချင်းရဲ သွားသည်။
ဟောင်ထျန်းထျန်းသည် သူမ၏ ဟန်ဆောင်မှု ပျက်သွားသည်ကို မသိဟန်ပြုကာ ပြုံးရယ်လျက်မေး လိုက်သည်။
"အစ်ကိုရှောက်ထျန်း၊ ကျွန်မကို ဆက်ကြည့်နေမလို့လား…။"
သွေးစွန်းနေသော၊ ကြောက်မက်ဖွယ်ကောင်းသည့် မျက်နှာသည် ဝမ်ရှောက်ထျန်း၏ နှာခေါင်းနှင့် လက်သီး တစ်လုံးစာ အကွာအဝေးတွင်သာ ရှိနေသည်။ သွေးညှီနံ့နှင့် ပုပ်သိုးနေသော အနံ့ဆိုးများက သူ၏ အာရုံကို ထိခိုက်စေသဖြင့် ဝမ်ရှောက်ထျန်း ဖြူဖျော့သွားကာ အန်ချင်စိတ်ကို မနည်း ထိန်းချုပ် ထားရသည်။
သို့သော် ဤကဲ့သို့ နီးကပ်စွာ ထိတွေ့မှုကြောင့် ဝမ်ရှောက်ထျန်းသည် အကြီးအကျယ် ကြောက်လန့် တုန်ရီသွားသည်။ သူသည် ဆက်လက် ဟန်ဆောင်၍ မရတော့ဘဲ ဟောင်ထျန်းထျန်းကို ကျောမှ အလျင် အမြန် တွန်းချလိုက်သည်။
သို့သော် ဟောင်ထျန်းထျန်းသည် ဝမ်ရှောက်ထျန်းက သူမ၏ ဟန်ဆောင်မှုကို မြင်သွားပြီဟု သဘော ပေါက်သောအခါ သူမသည် သရဲလက်သည်းများကို ချက်ချင်း ဆန့်ထုတ်ပြီး ဝမ်ရှောက်ထျန်း၏ လည်ပင်းကို တင်းကျပ်စွာ ပတ်ထားလိုက်သည်။ မြေပြင်ကို ထိမိခဲ့သော သူမ၏ ခြေထောက်များသည် လည်း ပြန်လည် တက်လာသည်။
ဝမ်ရှောက်ထျန်းသည် ထိုသရဲမ၏ စိတ်အားထက်သန်မှုကို ဂရုမစိုက်တော့။ သူသည် ယခုအခါ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ခဏလေးအတွင်းမှာပင် ချစ်စရာ မိန်းကလေးငယ်လေးမှ ပုပ်သိုးသောအသားနှင့် သွေးညှီနံ့ နံနေသည့် သရဲမ ဖြစ်သွားသည်။ ဝမ်ရှောက်ထျန်းသည် စက်ဆုပ်ရွံရှာပြီး အန်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ ကံကောင်းစွာဖြင့် ဗိုက်ထဲတွင် ဘာမှမရှိသောကြောင့် အချဉ်စူးသော အရည်အနည်းငယ်သာ အန်လိုက် ရသည်။
"အစ်ကိုရှောက်ထျန်း၊ ကျွန်မကို အိမ်လိုက်ပို့ပေးပါ၊ အတူတူ အိမ်ပြန်ကြစို့လေ…။"
သရဲမသည် ဝမ်ရှောက်ထျန်း၏ နားအနီးတွင် စူးရှစွာ အော်ဟစ်လိုက်ရာ ထိုအသံသည် သူ့ဝိညာဉ်ကို ပင်လွင့်စင်သွားစေနိုင်သည်။
"သွားစမ်း…..၊ ငါ့ပေါ်က အခု ဆင်း…။"
ဟု အော်လိုက်ပြီး ဝမ်ရှောက်ထျန်းသည် ထိတ်လန့်သွားသည်။ မိန်းမသရဲ၏ လက်မောင်းများသည် သူ့လည်ပင်းကို ပတ်ထားသဖြင့် အသက်ရှူရ ခက်ခဲလာခဲ့သည်။ သူသည် သရဲမ၏ လက်များကို ဖြုတ်ချရန် ကြိုးစားသော်လည်း သူမသည် အင်မတန် သန်မာလွန်းနေသည်။
ဝမ်ရှောက်ထျန်းသည် အံကိုတင်းတင်း ကြိတ်လိုက်သည်။ သေခြင်းမှ နှစ်ကြိမ် လွတ်မြောက်လာပြီးမှ ဤမျှ အလွယ်တကူ အရှုံးပေး၍ မဖြစ်နိုင်ဟု တွေးလိုက်သည်။ ထို့ကြောင့် သူ ဒေါသတကြီးဖြင့် သရဲမ ၏ ဝမ်းဗိုက်ကို တံတောင်ဆစ်ဖြင့် ဆောင့်ထိုးလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် သူမ၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
"လာစမ်းပါ၊ ဘယ်သူ ပိုတော်လဲ ကြည့်ကြစို့….။"
ဝမ်ရှောက်ထျန်းသည် စိတ်တင်းကာ သူ၏ လက်ချောင်းများဖြင့် သရဲမ၏ လည်ချောင်းများကို တင်းကျပ်စွာ ဖိညှစ်လိုက်သည်။ ထိုသရဲမတွင် အရေပြားမရှိဘဲ သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ဝမ်ရှောက်ထျန်း၏ လက်ချောင်းများသည် သူမ၏ လည်ပင်းထဲသို့ အလွယ်တကူ ထိုးဖောက်ဝင်ရောက် သွားခဲ့သည်။
သရဲမသည် ဘာကိုမျှ မခံစားရသောကြောင့် ဝမ်ရှောက်ထျန်းသည် အခြားနည်းလမ်းကို စမ်းလိုက်သည်။ သူသည် ရုတ်တရက် အကြံရကာ သူ၏ လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး သရဲမ၏ မျက်လုံးများထဲသို့ ပြင်းပြင်းထန်ထန် ထိုးသွင်းလိုက်ပြီး နှစ်ကြိမ်ခန့်ပင် လှည့်လိုက်သေးသည်။
“အား…။”
သရဲမသည် စူးရှစွာ အော်ဟစ်လိုက်သည်။ ဝမ်ရှောက်ထျန်းသည် အခွင့်အရေးရပြီဟု ခံစားရကာ သရဲမ ကို သူ့ကျောပေါ်မှ ပစ်ချလိုက်သည်။
"ဝမ်ရှောက်ထျန်း၊ ငါ့ကို အိမ်လိုက်ပို့ပေး...။"
ထိုသရဲမသည် လက်နှစ်ဖက်၊ ခြေနှစ်ဖက်ဖြင့် လေးဘက်ထောက်ပြီး မြေပြင်ပေါ် တွားသွားကာ သူမ၏ လမ်းကြောင်း နောက်တွင် သွေးလမ်းကြောင်းကြီးကို ချန်ရစ်ခဲ့သည်။
ထိုအခိုက်အတန့်တွင် ဝမ်ရှောက်ထျန်းသည် သူ၏ အိတ်ကပ်ထဲတွင် ရှိနေသောအရာကို ရုတ်တရက် သတိရလိုက်သည်။ ဘတ်စ်ကား မောင်းထွက်သွားချိန်တွင် အဘွားကြီးက သူ့အိတ်ကပ်ကို လက်ဟန် ခြေဟန်ဖြင့် ပြနေခဲ့သည်။ ထို့ကြောင့် ၎င်းသည် သူမ၏ ကျေးဇူးတင်လွှာလက်ဆောင် ဖြစ်မည်မှာ သေချာသည်။
ဝမ်ရှောက်ထျန်းသည် သူ့အိတ်ကပ်ထဲမှ တစ်ခုခုကို ဆွဲထုတ်လိုက်ပြီး ချက်ချင်းပင် အသက်ရှူမှားသွား သည်။
၎င်းသည် ဧကရာဇ်ငါးပါးဒင်္ဂါး တစ်တွဲဖြစ်သည်။
[ဧကရာဇ်ငါးပါးဒင်္ဂါးများကို ဧကရာဇ်ငါးပါးဒင်္ဂါး အကြီးစား နှင့် ဧကရာဇ်ငါးပါးဒင်္ဂါး အသေးစား ဟူ၍ ခွဲခြားထားသည်။]
သူ၏လက်ထဲတွင် ရှိနေသည်မှာ တန်ဖိုးမဖြတ်နိုင်သော ဧကရာဇ်ငါးပါးဒင်္ဂါး အကြီးစား ဖြစ်ပြီး၊ ၎င်း သည် ထိုအထဲမှ အဖိုးထိုက်တန်ဆုံး ဖြစ်သည့် ချင်မင်းဆက် ဗန်လျန်ဒင်္ဂါး ဖြစ်သည်။