အလောင်းပြင်ဆင်သူ
Vol. 4 Ch. 39
ရုတ်တရက် ဝမ်ရှောက်ထျန်းသည် သူ့နောက်ဘက်မှ လေအေးတစ်ချက် တိုက်ခတ်လာသည်ကို ခံစား လိုက်ရသည်။ အခုမပြေးလျင် ဘယ်တော့ပြေးမလဲ။ သေလောက်အောင် ပင်ပန်းနေလျင်တောင်မှ ခြေထောက်များကျိုးသည်အထိ ပြေးရလျင်တောင် သူ တစ်လှမ်းခြင်း တွားသွားနိုင်နေသရွေ့တော့ လုံးဝ အရှုံးမပေးနိုင်ပါ။
"ဝမ်ရှောက်ထျန်း…. ဝမ်ရှောက်ထျန်း၊ အဲ့ဒီမှာ ရပ်လိုက်…။"
သူ့နောက်မှ အသံက ပို၍ အရေးတကြီးနှင့် ဒေါသတကြီး ဖြစ်လာလေသည်။ ဝမ်ရှောက်ထျန်း ဘယ်လို လုပ် ရပ်ရဲပါ့မလဲ။ ဒီမှောင်မည်းနေတဲ့နေရာမှာ ဘာတွေဝှက်ထားလဲ ဒါမှမဟုတ် ဘယ်လိုနတ်ဆိုးမျိုးက သူ့နောက်ကို လိုက်နေလဲဆိုသည်ကို ဘယ်သူသိနိုင်မည်လဲ။
ဆယ်မိနစ်နီးပါး ဝမ်ရှောက်ထျန်းသည် သူအသက်ထွက်လုမတတ် ပြေးနေခဲ့မိသည်။ သူ တကယ်ကို ပင်ပန်းနွမ်းနယ်နေပြီး အလွန်အံ့သြနေမိသည်။ ဤမီးသဂြိုလ်စက်က ဘာလို့ ဒီလောက်တောင် ကြီးနေ ရတာလဲ။ သူ ဒီလောက်ကြာကြာ ပြေးနေသည်အထိကိုပင် ဝင်ပေါက်တံခါးကို မတွေ့ရသေးပေ။
အတွေးတစ်ခုက ဝမ်ရှောက်ထျန်း ခေါင်းထဲ ရုတ်တရက် ဝင်လာသည်–
*ငါ သရဲတံတိုင်းနဲ့များ ကြုံနေရပြီလား…။*
ဝမ်ရှောက်ထျန်း ထိုသို့တွေးနေစဉ်မှာပင် အေးစက်စက် လက်သေးသေးလေးတစ်ဖက်က သူ့ပခုံးပေါ်ကို ရုတ်တရက် ပုတ်လိုက်သည်။ လူကြီးတွေက လူတစ်ယောက်၏ ပခုံးပေါ် မီးအိမ်သုံးလုံးရှိတယ်လို့ မကြာ ခဏ ပြောကြသည်။ ထိုမီးအိမ်များက ဝိညာဉ် လွင့်ပျံမသွားအောင် ကာကွယ်ပေးပြီး သရဲများ ဝင်ရောက် လာခြင်းကနေ တားဆီးပေးသည်။ ထိုမီးအိမ်များ ငြိမ်းသွားမည်ဆိုပါက အရာအားလုံး ပြီးဆုံးသွားပြီ ဟုပြောသည်ကို သူကြားဖူးလေသည်။
သူ့တွင် ဘယ်ကရောက်လာမှန်းမသိသော ရဲစွမ်းသတ္တိများ ပေါ်လာခဲ့သည်။ သူ့ပခုံးပေါ်တွင် ရှိနေသော လက်သေးသေးလေးကို ရုတ်တရက် ဆွဲကိုင်လိုက်ပြီး အလွန်လျင်မြန်သော လှုပ်ရှားမှုဖြင့် ထိုလက်ကို သူ့ကျောနောက်သို့ လိမ်ချိုးကာ ဒူးဖြင့် အားကုန် ဆောင့်ချလိုက်သည်။
"အား…။"
ချိုသာသော အာမေဋိတ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် မိန်းကလေးတစ်ယောက်၏ မကျေမနပ် အသံက ထွက်ပေါ်လာခဲ့သည်။
"ဝမ်ရှောက်ထျန်း….၊ ရှင်ကျွန်မကို ဘာလို့ ကိုင်ပေါက်တာလဲ….။"
ဝမ်ရှောက်ထျန်းသည် သူ၏လက်ဖဝါးထဲမှ လက်သေးသေးလေးမှာ ချောမွေ့ပြီး အေးစက်နေသည်ကို ခံစားလိုက်ရသော်လည်း ထိုလက်သေးသေးလေးမှာ သူ့လက်ဖဝါးထဲတွင် မကြာခင် နွေးထွေးလာသည်။
*လူလား….။ ဒါမှမဟုတ် သရဲလား…။*
ထိုအခါမှ ဝမ်ရှောက်ထျန်းသည် ထိုအမျိုးသမီးသည် သရဲမဟုတ်ကြောင်း ရုတ်တရက် သဘောပေါက် လိုက်သည်။
ရုတ်တရက် တောက်ပသော အလင်းတစ်ခု သူ့မျက်လုံးထဲသို့ တိုးဝင်လာခဲ့ပြီး ဝမ်ရှောက်ထျန်း ချက်ချင်း မျက်လုံးကို မှိတ်လိုက်သည်။ ထို့နောက် အန္တရာယ်အငွေ့အသက်က သူ့ကို ချက်ချင်း မျက်လုံး ပြန်ဖွင့်စေ ခဲ့သည်။ မျက်စိစူးလောက်အောင် ဖြူဖွေးသည့် အလင်းရောင်ကြောင့် မျက်ရည်များ ဝဲလာသော်လည်း ဝမ်ရှောက်ထျန်းသည် မျက်လုံးကို ထပ်မံ မှိတ်ပစ်ရန် ခေါင်းမာစွာ ငြင်းဆန်လိုက်သည်။
သူ့မျက်လုံးများက တောက်ပသောအလင်းရောင်နှင့် အသားကျသွားပြီးနောက် မြေပြင်ပေါ်တွင် သူဖိ ထားသော သူကို မြင်လိုက်ရသည်။ မိန်းကလေးသည် အသက်နှစ်ဆယ်အရွယ်ခန့် ရှိပုံရပြီး အနက်ရောင် tracksuit ကို ဝတ်ဆင်ထားကာ အသားအရေမှာ ဖြူဖွေးနူးညံ့ပြီး သူမ၏ ပါးပြင်များက ဒေါသကြောင့် နီရဲနေလေသည်။
"ကျွန်မကိုလွှတ်ပါ….။"
ဝမ်ရှောက်ထျန်းသည် သူမလက်ကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။
"မင်း ဘယ်သူလဲ။ ငါ့နာမည်ကို ဘယ်လိုသိတာလဲ…"
"ဒါက ကျွန်မ မှထားတဲ အပြင်စာပါ။ ပို့ဆောင်သူက 'ဝမ်ရှောက်ထျန်း' လို့ ရေးထားတယ်လေ…။ကျွန်မ အပေါ်ထပ်ကနေ ရှင်အပြင်စာထုပ်ကို ကိုင်ပြီးလာတာကို အဝေးကြီးတည်းက မြင်နေရတာ ၊ ဒါပေမဲ့ အကြာကြီးစောင့် နေတာတောင် ရှင့်ကို မတွေ့ရဘူး၊ ဒါကြောင့် ကျွန်မထွက်ရှာတာ….။"
မိန်းကလေး၏ မျက်နှာက မကျေမနပ် ဖြစ်နေသည်။
ဝမ်ရှောက်ထျန်း အံ့အားသင့်သွားသည်။
" အပြင်စာက မင်းမှာထားတာလား…..။"
"ကျွန်မမှာထားတာပေါ့….။ ကျွန်မ မမှာဘူးဆိုရင်တော့ ဒါ သရဲမှာတာပဲ ဖြစ်ရမယ်…။"
ဝမ်ရှောက်ထျန်း မျက်ခုံးပင့်လိုက်သည်။ သူ တကယ်ပဲ ဒါကို သရဲက မှာတာဟု ထင်နေသည်ပင်။ ဘာပဲ ဖြစ်ဖြစ် ဒီ ရှုပ်ထွေးနေတဲ့ အိမ်အရောက်ပို့ဆိုင်က လျှို့ဝှက်ဆန်းကြယ်မှုများ နဲ့ ပြည့်နေပြီး သူ အပြင်စာ ပို့စဉ်ကလည်း သရဲများစွာနဲ့ ကြုံခဲ့ဖူးသည်ပင်။
"ကျွန်မ မှာထားတဲ့အပြင်စာ ဘယ်မှာလဲ….။"
ဝမ်ရှောက်ထျန်း ဆိတ်ဆိတ်နေသည်ကို မြင်တော့ မိန်းကလေးက မကျေမနပ်ဖြင့် မေးလိုက်သည်။
ဝမ်ရှောက်ထျန်း ခေါင်းကို ကုတ်လိုက်သည်။
"ငါ ရင်ခွဲရုံထဲ ဝင်တုန်းက အပြင်စာ မတော်တဆ ဖိတ်စင်မိသွားတယ်။ ငါ တောင်းပန် ပါတယ် ။ ငါ မင်းအတွက် အသစ်တစ်ခု ထပ်ယူပေးရမလား….။"
"ဟာ…..၊ကျွန်မ တစ်နေလုံး တစ်ညလုံး အချိန်ပို ဆင်းပြီး အစာမစားရတာ အပြည့်အဝဆို နာရီနှစ်ဆယ် နီးပါးရှိနေပြီ။ ရှင်က ကျွန်မအပြင်စာကို သွန်ပစ်လိုက်တယ်ပေါ့လေ….။"
မိန်းကလေးက လက်ကို ခါးမှာထောက်ပြီး ဒေါသတကြီး ရန်တွေ့လိုက်သည်။
ဝမ်ရှောက်ထျန်း သူ၏ လည်ပင်းကို ပွတ်သပ်ရင်း တွေးနေခဲ့သည်။ သူမ အစာမစားရတာ နာရီနှစ်ဆယ် ရှိပြီဖြစ်သော်လည်း ဤမျှလောက် စွမ်းအင်တွေ ရှိနေသေးသည်။ ပြီးတော့ သူမရဲ့ ပြေးနှုန်းကလည်း သူ့ထက် မနှေးလှပေ။ ထို့အပြင် သူသည် အသက်ရှူသံပြင်းပြင်းဖြင့် မောဟိုက်နေပြီဖြစ်သော်လည်း၊ ဤကလေးမလေးကမူ သူ့အား အားအပြင်းအထန်ဖြင့် အော်ဟစ်နိုင်စွမ်း ရှိနေဆဲဖြစ်သည်။ သူမသည် တကယ်ကို ထူးချွန်သူပင်။
သို့သော်လည်း ဝမ်ရှောက်ထန်းသည် သူမ မှာထားသော အပြင်စာကို တကယ်ကို ဖျက်စီးပစ်မိခဲ့သည် ဖြစ်သဖြင့် သူသည် အပြစ်ရှိသူပင်။
"ဒါဆို ဘယ်လိုပြန်လုပ်ပေးရမယ်လို့ မင်း ထင်လဲ….။ ငါ မင်းရဲ့ အပြင်စာအတွက် ပိုက်ဆံ ပြန်အမ်းပေး မယ်၊ ပြီးရင် နောက်ထပ်တစ်ခု ထပ်ယူလာပေးမယ်ဆိုရင်ကော….။"
ဝမ်ရှောက်ထျန်း နည်းနည်း အပြစ်ရှိသလို ခံစားရသည်။ သူသာ အပြင်စာကို မဖျက်ဆီးမိခဲ့ဘူးဆိုလျင် ဤမိန်းကလေးက ဗိုက်အဆာမလွန်လောက်ပေ။
မိန်းကလေးက ဒေါသတကြီး ပြန်ပြောလိုက်သည်၊
"ရှင် ပြန်ယူလာပေးတဲ့အချိန်ဆို ကျွန် ဗိုက်ဆာလွန်းလို့ သေနေလောက်ပြီ….။"
ဝမ်ရှောက်ထျန်းသည် သူ့အိတ်ကပ်ထဲ၌ ပေါက်စီတစ်လုံး ကျန်နေသေးသည်ကို ရုတ်တရက် သတိရ လိုက်သည်။ သူ အိပ်ရာထ နောက်ကျပြီး ထမင်းစားဖို့ အချိန်မရခဲ့ပေ။ သူ အပြင်စာ စားချင်စိတ်မရှိခြင်း ကြောင့် လမ်းဘေးဆိုင်တဆိုင်မှ ပေါက်စီနှစ်လုံး ဝယ်ယူခဲ့ပြီး တစ်လုံး ကျန်နေသေးသည်။
သူ အိတ်ကပ်ကို အလျင်အမြန် မွှေနှောက်ပြီး ပေါက်စီတစ်လုံးကို ထုတ်လိုက်ရာ သူ ကိုက်လက်စ အရာ ကို တွေ့လိုက်ရပြီး မီးထိုးထားသည့် အလင်းအောက်တွင် သွားရာများက ရှင်းရှင်းလင်းလင်း မြင်နေရ သည်။ သူ ရှက်ရွံ့စွာနှင့် ပေါက်စီကို မြှောက်ပြလိုက်သည်။
"ဒီမှာ ငါ့မှာ ပေါက်စီတစ်လုံး ရှိတယ်။ မင်း စိတ်ထဲမထားဘူးဆိုရင်၊ ဒီအတိုင်း ယူစားလို့ရပါတယ်…။"
ဝမ်ရှောက်ထျန်း သူ ကိုက်ထားသော အပိုင်းကို အလျင်အမြန် ဖဲ့လိုက်ပြီး ဤသည်ကို မစားဘဲနှင့် သူ့ပါးစပ်ထဲ အတင်းထိုးထည့်လိုက်သည်။
သူ လုပ်နေသည်ကို မြင်သောအခါ မိန်းကလေးက သက်ပြင်းချလိုက်ပြီး ပေါက်စီကို ယူကာ အားရပါးရ ကိုက်လိုက်ရာ မျက်နှာက ရုတ်တရက် ဖြူဖျော့သွားသည်။
"မင်း ဘာဖြစ်တာလဲ….။ ဒီပေါက်စီမှာ အဆိပ်မရှိပါဘူး၊ အဆိပ် တကယ်မရှိတာပါ….။"
ဝမ်ရှောက်ထျန်း အရမ်းကြောက်လန့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ သူ စားနေစဉ်ကပင် ကောင်းမွန်စွာရှိနေပြီး ထိုမိန်းကလေး ပါးစပ်ထဲ ရောက်တော့ ဘာကြောင့် ဤကဲ့သို့ ဖြစ်သွားရသည်ကို မသိတော့ပေ။
"ရေ...။"
မိန်းကလေးမှာ စကားလုံးတစ်လုံးတည်းကိုသာ ပြောနိုင်ခဲ့သည်။
ထိုအခါမှ ဝမ်ရှောက်ထျန်းသည် သူမ အလောတကြီးစားမိသောကြောင့် အစာနင်သွားသည်ကို သဘောပေါက်လိုက်သည်။ သူ အလျင်အမြန်မေးလိုက်သည်၊
"ရေ ဘယ်နားမှာရှိလဲ…။"
မိန်းကလေးက တစ်နေရာကို လက်ညှိုးထိုးပြလိုက်ပြီး ဝမ်ရှောက်ထျန်းက သူမကို ထိုဦးတည်ရာဘက် သို့ အမြန် ဦးဆောင်ခေါ်သွားခဲ့သည်။ သို့သော်လည်း အချိန်အကြာကြီး လမ်းလျှောက်ပြီးသည်အထိ မည်သည့် အဆောက်အအုံကိုမျှ မတွေ့ရသေးပေ။
ချင်ရှီးရှီး အံ့အားသင့်သွားခဲ့သည်။ သူမ လည်ချောင်းထဲမှာ နင်နေသော ပေါက်စီကို အတင်းမျိုချလိုက် ပြီး သေမတတ်ပင် အသက်ရှူကျပ်သွားခဲ့သည်။ သူမကဲ့သို့ ချောမောလှပသော မိန်းကလေးငယ် တစ်ဦး က ဒီနေ့ ပေါက်စီတစ်လုံးကြောင် အသက်သေတော့မလို့ပါလားဟု တွေးလိုက်မိသည်။
ရင်ဘတ်ကို နှစ်ချက်လောက် ပုတ်ပြီးနောက် ချင်ရှီးရှီးက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
"ဒီလမ်းက မဟုတ်သေးဘူး"
"တစ်ခုခု မှားနေလို့လား….။"
ဝမ်ရှောက်ထျန်း လန့်သွားသည်။
ချင်ရှီးရှီး မျက်မှောင်ကြုတ်လိုက်ပြီး။
"ကျွန်မ ခုနကတည်းက တစ်ခုခု မှားနေတယ်လို့ ခံစားနေရတယ်။ ကျွန်မ ရှင့်ကို ဆယ်မိနစ်ကျော်နီးပါး လိုက်ဖမ်းခဲ့တာ၊ လမ်းဖြောင့်အတိုင်း တစ်ချိန်လုံး ပြေးနေတာလေ။ မီးသဂြိုလ်စက်က ဒီလောက် မကြီး ဘူး….။"
ဝမ်ရှောက်ထျန်းသည် သူ သရဲတံတိုင်းနှင့် ကြုံတွေ့နေရပြီဟု သံသယရှိခဲ့ပြီးသား ဖြစ်ရာ ထိုအတွေးက သူ့စိတ်ထဲ ပြန်ပေါ်လာလေသည်။ သူ ပြောလိုက်သည်၊
"ငါတို့ သရဲတံတိုင်းနဲ့များ ကြုံတွေ့နေရတာလား။ ငါ ရင်ခွဲရုံထဲမှာ သရဲနှစ်ကောင်နဲ့ ကြုံခဲ့ရတယ်….။"
"ရင်ခွဲရုံ…၊ဟုတ်လား….။ ရှင် ရေခဲတိုက်ထဲ ဝင်ခဲ့တာလား….။"
ချင်ရှီးရှီးက နားမလည်စွာ မေးလိုက်သည်။
ဝမ်ရှောက်ထျန်း ခေါင်းညိတ်ပြလိုက်သည်၊
"ဟုတ်တယ်၊ မင်းရဲ့ အပြင်စာက ရင်ခွဲရုံထဲမှာ ပြန့်ကျဲသွားတာ။ ရိုးရိုးသားသားဝန်ခံ ရရင် ငါ အပြင်စာကို ခေါင်းတလားပေါ် တင်ထားခဲ့လိုက်တာ၊ ပြီးတော့ ကြမ်းပြင်ပေါ် အကုန် ပြန့်ကျဲ သွားတယ်။ ပြီးတော့ ငါ အဘိုးကြီးသရဲ တစ်ကောင်နဲ့ ပြတင်းပေါက်မှာ တွဲလောင်းကျနေတဲ့ သရဲမ တစ်ကောင်ကိုလည်း တွေ့ခဲ့ရတယ်….။"
ချင်ရှီးရှီးသည် ဝမ်ရှောက်ထျန်းကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်၊
"ရှင် အမြင်မှားတာမဟုတ်ဘူးဆိုတာ သေချာလား…။"
"ငါ အမြင်မမှားဘူးဆိုတာ သေချာတယ်"
သူသာ ဖြတ်ထိုးဉာဏ်မရှိခဲ့ဘူးဆိုပါက ထိုသရဲနှစ်ကောင်ရဲ့ ဝါးမျိုခြင်းကို ခံနေရလောက်ပြီဖြစ်သည်။
ချင်ရှီးရှီး၏ အမူအရာ တင်းမာလာသည်။
"ကျွန်မ ခုနက ရင်ခွဲရုံထဲမှာ ရှိနေခဲ့တာ။ ရှင့်ကို မတွေ့ပါဘူး ဒါကြောင့် ကျွန်မ ဒီကိုလိုက် လာခဲ့တာပဲ….။"
သူမသည် မူလက အပေါ်ထပ် ရေချိုးခန်းထဲမှာ ရှိနေစဉ် ဝမ်ရှောက်ထျန်းက အပြင်စာထုပ်ကို ကိုင်ပြီး ရှေ့တံခါးနားတွင် တက္ကစီဒရိုင်ဘာနဲ့ စကားပြောနေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူမက သူမ ၏ ပစ္စည်းကိရိယာများကို ယူပြီး ရင်ခွဲရုံဆီ ပြန်သွားကာ ပူနွေးသည့် ညစာကိုစားရန်စောင့်နေရင်း ကွယ်လွန်သူ၏ ခန္ဓာကိုယ်ကို ပြင်ဆင်ရန် အချိန်ပို ဆင်းနေခဲ့သည်ပင်။
သို့သော်လည်း သူမ အချိန်အကြာကြီး စောင့်နေခဲ့သော်လည်း ဝမ်ရှောက်ထျန်းက အတော်ကြာသည် အထိ ရောက်လာခဲ့ခြင်းမရှိပေ။
"ဟာကွာ….၊ အဓိပ္ပါယ်မှရှိတာ….။"
ချင်ရှီးရှီးရဲ့ စကားကို ကြားလိုက်ရတော့ ဝမ်ရှောက်ထျန်းက မဆဲမိအောင် ထိန်းမထားနိုင်တော့ပေ။
ချင်ရှီးရှီးက ပြောလိုက်သည်။
"ရှင် ပြောတဲ့ အခမ်းအနားခန်းမကို အခု မသုံးတော့ကြာပြီ..။ အတွင်းရော အပြင်ရော အားလုံးက ကျွန်မ ရဲ့ အလုပ်နေရာတွေပဲ။ ကျွန်မ ရှင့်ကို ပြောဖို့ မေ့နေတာ၊ ကျွန်မအလုပ်က အလောင်းတွေကို မိတ်ကပ် ပြင်ပေးတာရပဲ ဒါမှ သူတို့ ဒီလောကထဲကနေ သပ်ရပ်တဲ့ ပုံစံနဲ့ ထွက်ခွာသွားနိုင်မှာမဟုတ်လား….။"