← Chapters

ပရော်ဖက်ရှင်နယ်ဆန်ခြင်း

Vol. 4 Ch. 44

ပရော်ဖက်ရှင်နယ်ဆန်ခြင်း

Vol. 4 Ch. 44

ဝမ်ရှောက်ထျန်းက တွေးလိုက်မိသည်၊

*ဒီ အတွင်းအင်္ဂါတွေ ခိုးတဲ့သူတွေဟာ တကယ်ကို ကြောက်စရာကောင်းလောက်အောင် ကျွမ်းကျင်သူ တွေပဲ…။*

ရုတ်တရက် ဝမ်ရှောက်ထျန်းသည် တစုံတယောက်က သူ့အား စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရ သည်။ ကျောထဲသို့ ဆူးတစ်ချောင်း ထိုးသွင်းလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ကျင်တက်သွားသည်။ သူ တည်ငြိမ်ဟန်ဆောင်ပြီး ကြည့်လိုက်ရာ အဝါရောင်ဝတ်စုံနှင့် အဘွားကြီးတစ်ယောက်က တံခါးဝတွင် ရပ်နေခဲ့ပြီး သူ့အား စူးစူးစိုက်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

*ဟာကွာ… ဒါ ငါ့ကို အစောပိုင်းက စကားပြောခဲ့တဲ့ အဘွားကြီး မဟုတ်ဘူးလား….။*

ဝမ်ရှောက်ထျန်းသည် ကြောက်ရွံ့မှု လျော့သွားအောင် ကြိုးစားနေပါသော်လည်း စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုတို့ကြောင့် သူ၏ နှလုံးခုန်သံမှာ ပြင်းထန်စွာ ခုန်နေသည်ကို ရှင်းရှင်းလင်းလင်း ကြားနေ ရသည်။

သူ၏လက်သည် အလိုလိုပင် လည်ပင်းရှိ ဧကရာဇ်ငါးပါးဒင်္ဂါးများဆီရောက်သွားပြီး ထိုအရာက သူ့ကို ခွန်အားများပေးနေသည်။ သူ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး မိမိကိုယ်ကို မကြောက်ရန် သတိ ပေးနေမိသည်။

သို့သော် သူသည် သတ္တိရှိသူ တစ်ဦးမဟုတ်ခဲ့ပေ။ အထူးသဖြင့် ဤ ထိတ်လန့်စရာကောင်းသော ရေခဲ တိုက်ထဲတွင် သရဲအဘွားကြီး၏ စိုက်ကြည့်ခြင်းကို ခံရသောအခါ မကြောက်ဘဲ မနေနိုင်တော့ပေ။ ဝမ်ရှောက်ထျန်းသည် ယခု လုံးဝတောင့်တင်းနေပြီး ထိုသရဲအဘွားကြီး ရုတ်တရက် တိုက်ခိုက်လာမည် ကို ထိတ်လန့်နေမိသည်။ ရိုးရိုးသားသား ပြောရလျှင် ဤအခြေအနေသည် အလွန်ပင် စိတ်လှုပ်ရှား စရာကောင်းနေသည်ပင်။

"ဟေ့…"

ဝမ်ရှောက်ထျန်းသည် ချင်ရှီးရှီးကို တံတောင်နှင့်တွန်းလိုက်သည်။

သို့သော် ချင်ရှီးရှီးသည် သန့်ရှင်းသပ်ရပ်သော ဒဏ်ရာများ မည်သည့်အရာကြောင့် ဖြစ်ပေါ်လာသည်ကို ခွဲခြမ်းစိတ်ဖြာရင်း အလောင်းကို စူးစိုက် စစ်ဆေးနေခဲ့သည်။ သူမ၏ ကျွမ်းကျင်မှုအရ ဤဒဏ်ရာများ သည် သရဲတစ်ကောင်၏ လက်ချက် မဟုတ်ဘဲ ဝမ်းဗိုက်ကို ခွဲစိတ်ဖြတ်တောက်ထားသည့် ခွဲစိတ်မှု ကြောင့် ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိလိုက်သည်။

ချင်ရှီးရှီးသည် ဤထင်မြင်ချက်ကို ဝမ်ရှောက်ထျန်းအား ပြောပြရန် ပြင်ဆင်နေစဉ် သူ၏ လက်များ တုန်ယင်နေသည်ကို သတိပြုမိလိုက်သည်။ မော့ကြည့်လိုက်သောအခါ သူသည် ချွေးစေးများဖြင့် ရွှဲနေပြီး မျက်လုံးများက ကြောက်ရွံ့မှုကြောင့် ပြူးကျယ်ကာ တံခါးဝဘက်သို့ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူမ၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု လျင်မြန်စွာ ပေါ်လာပြီး ချင်ရှီးရှီးသည် ဂရုတစိုက် ထိုဦးတည်ရာ သို့ လှည့်ကြည့်လိုက်သည်။ ပိတ်ထားသော တံခါးသည် ယခုမူ ပွင့်နေ၏။ အပြင်ဘက်တွင် မည်းမှောင် နေပြီး အလင်းရောင် နည်းနည်းမျှပင် မရှိပေ။

"ရှင် ဘာကို ကြည့်နေတာလဲ….။

"ချင်ရှီးရှီး နားမလည်စွာ မေးလိုက်သည်။ အပြင်ဘက်တွင် လုံးဝ မှောင်မည်းနေသော်လည်း တံခါးဝတွင် ဘာမှ မရှိပေ။ ဝမ်ရှောက်ထျန်းက ဘာကြောင့် ဒီလောက် ထိတ်လန့်နေရတာလဲ။

ချင်ရှီးရှီး၏ စကားကို ကြားသောအခါ ဝမ်ရှောက်ထျန်း ခေတ္တရပ်သွားပြီးနောက် အသံကို လျှော့ကာ

“မင်း... မင်း ဘာမှ မမြင်ရဘူးလား….။”

ဟု သူမအား ပြောလိုက်သည်။

ဝမ်ရှောက်ထျန်း၏ တုန်ရီနေသော ပုံစံကို မြင်ရသောအခါ ချင်ရှီးရှီးသည် သူမ မမြင်နိုင်သော အရာ တစ်ခုခုက တံခါးဝတွင် ရှိနေသည်ကို သိလိုက်ပြီး သတိထားကာ သူ့အနားသို့ အလိုလို ကပ်သွားသည်။

"ကျွန်မ ဘာမှ မမြင်ဘူး..."

ထွက်ပြေးလိုစိတ်ကို ထိန်းချုပ်ရင်း ချင်ရှီးရှီးက တိုးတိုးလေး မေးလိုက်သည်

"ကျွန်မတို့ ဘာလုပ်သင့်လဲ….။"

ဝမ်ရှောက်ထျန်းသည် မျက်ရည်ကျလုနီးနီး ဖြစ်သွားသည်။ သူတစ်ယောက်တည်း ဘာလို့ မြင်နေရ သည်လဲ။ သူ အသက်ဝအောင် ရှူလိုက်ပြီး ပြောလိုက်သည်။

"တံခါးဝမှာ တစ်ခုခု ရှိတယ်။ အစောပိုင်းက ငါ မင်းကို ပြောပြဖူးတဲ့ အဝါရောင်ဝတ်စုံနဲ့ အဘွားကြီး ပဲ…။"

စကားပြောပြီးသည်နှင့် ဝမ်ရှောက်ထျန်းသည် သူ့ကိုယ်ပေါ်သို့ အေးစက်သော လှိုင်းလုံးတစ်ခု ဖြတ်သန်း သွားသည်ကို ခံစားလိုက်ရသည်။ သူသည် ဤ လောကီကိစ္စရပ်များကို မလေ့လာခဲ့ဖူးသော်လည်း ထို အချင်းအရာမှာ ယင်နတ်ဆိုး စွမ်းအင်ဖြစ်ကြောင်း ဝမ်ရှောက်ထျန်း ခံစားမိလိုက်သည်။

ချက်ချင်း ဆုံးဖြတ်ချက်ချကာ ဝမ်ရှောက်ထျန်းသည် ချင်ရှီးရှီးကို ဆွဲပြီး လှည့်ကာ ထွက်ပြေးလိုက် သည်။ အသက်ဘေးမှ ထွက်ပြေးနေစဉ်တွင်ပင် ဤ ထူးဆန်းပြီး ထွက်ပြေးလာသည့် အိမ်အရောက်ပို့ ဆိုင်သို့ စရောက်ကတည်းက သူ၏ပြေးနှုန်း သိသိသာသာ မြန်ဆန်လာသည်ကို စိတ်ထဲမှ မကျေမနပ် ဖြစ်ကာ ညည်းညူမိသည်။

သူသာ ဤအိမ်အရောက်ပို့ဆိုင်မှ ထွက်ခွာနိုင်ခဲ့ပါက အပြေးပြိုင်ပွဲပင် ဝင်ပြိုင်၍ ရနိုင်လောက်မည်။

သူ၏ အတွေးများ လွင့်မျောနေစဉ်တွင် နောက်ကျောမှ လေအေးတစ်ချက် တိုက်ခတ်လာကာ ကြက်သီး မွေးညင်းများ ထသွားသည်။ ရေခဲတိုက်သည် သိပ်မကျယ်ဝန်းဘဲ သရဲအဘွားကြီး တံခါးမှာ ရပ်နေသည်။ သူတို့ ဘယ်ကို ထွက်ပြေးနိုင်မည်နည်း။ ဝမ်ရှောက်ထျန်းသည် သူတို့ အသက်ရှင်ဖို့ တစ်ခုတည်းသော အခွင့်အရေးမှာ အတွင်းခန်းထဲသို့ ပြေးဝင်ရန်သာဖြစ်ကြောင်း ဝမ်းနည်းစွာ နားလည်လိုက်သည်။

သူ ရွေ့သွားပြီ….၊ အဘွားကြီး ရွေ့သွားပြီ….

အဝါရောင် တန်ဝတ်စုံနှင့် အဘွားကြီးသည် ပို၍ နီးကပ်လာသည်။ သူမသည် လမ်းလျှောက်လာခြင်းမျိုး မဟုတ်ပဲ သူတို့နှစ်ဦးကြား အကွာအဝေးသည် ကျဉ်းမြောင်းလာပြီး အလွန်လျင်မြန်စွာ ရွေ့လျားနေသည် ။ ဝမ်ရှောက်ထျန်းသည် တွေးတောရန် အချိန်မရှိတော့ဘဲ ချင်ရှီးရှီး၏ လက်ကို ဆွဲကာ အတွင်းခန်းထဲသို့ ပြေးဝင်ရုံသာ ရှိတော့သည်။

"ဒုန်း…"

သူတို့နှစ်ဦးသည် အတွင်းခန်းထဲသို့ ပြေးဝင်ပြီး တံခါးကို လျင်မြန်စွာ ပိတ်လိုက်သည်။ ဝမ်ရှောက်ထျန်း သည် နံရံကို မှီကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။

"မင်း ပြန်လာပြီပဲ….။"

ဝမ်ရှောက်ထျန်း သက်ပြင်းချ၍ မပြီးသေးခင်မှာပင် ကြည်လင်ပြတ်သားသော အသံတစ်ခုကို ကြား လိုက်ရသည်။ သူ၏ နဘေးနားတွင် အဘိုးကြီးအသံတစ်ခုက နီးကပ်စွာ ကြားလိုက်ရသည်။ ကြက်သီး မွေးညင်းများ မပျောက်သေးခင်ပင် နောက်တစ်ကြိမ် ထပ်၍ ထသွားခဲ့သည်။

ဟာကွာ…. အဘိုးကြီးသရဲ….

အစောပိုင်းက သူ့အား ပြတင်းပေါက်မှ ထွက်ပြေးခိုင်းခဲ့သည့် အဘိုးကြီးသရဲ ဖြစ်နေ သည်။ သူသည် တကယ်ပင် ပုဆိန်ရိုးနှင့် ကြက်ပေါင်စေး ညှပ်နေပြီဖြစ်သည်။ ကျော့ကွင်းတစ်ခုကနေ လွတ်မြောက် ခဲ့ပြီးမှ နောက်ထပ်တစ်ခုထဲကို ကျရောက်သွားခဲ့ရသည်။ ဤသည်က သူ၏ ကံကြမ္မာ အဆုံးသတ်ပဲ လား။ ကံကြမ္မာက သူ့အား ဤမျှပင် ရက်စက်ရပါသလား။

ယခု သူ့တွင် ရွေးချယ်စရာ နှစ်ခုသာ ရှိတော့သည်။ ပထမတစ်ခုက တံခါးဖွင့်ပြီး ထွက်သွားကာ ထို အဘွားကြီးသရဲကို ရင်ဆိုင်ခြင်း။ သို့ပေမဲ့ လီရွှယ်က သူ့အား သေဆုံးသူတွေမှာ အရောင်မရှိဘူး အရောင်အနည်းငယ်ပါတဲ့ ဘယ်အရာမဆို အန္တရာယ်ရှိတဲ့ သတ္တဝါဖြစ်တယ်ဟု ပြောပြခဲ့ဖူးသည်။ ထို အဘွားကြီးသရဲသည် တောက်ပသော အဝါရောင် တန်ဝတ်စုံကို ဝတ်ဆင်ထားသည်။

ဒုတိယ တစ်ခုမှာ ဤအဘိုးကြီးသရဲနှင့် တိုက်ခိုက်ခြင်း။ သူသည် အဘိုးကြီးသရဲကို လှည့်စားပြီး ပြတင်းပေါက်မှ ထွက်ပြေးခဲ့ပုံအရ ဤအဘိုးကြီးသည် အလွန် ထက်မြက်သူ မဟုတ်သော်လည်း အတော်အတန် လိမ္မာပါးနပ်သူဖြစ်ပြီး သူ့အတွက် ပိုကောင်းသော အခွင့်အရေး ရှိသည်။

ဟုတ်ပေသည်၊ နောက်ထပ် ရွေးချယ်စရာတစ်ခု ရှိနေသေည်။ သူ၏ လည်ပင်းကို ဆေးကြောပြီး သေဆုံးဖို့ စောင့်ဆိုင်းနေခြင်းပင်။

ထို့ကြောင့် ရွေးချယ်မှုသည် ရှင်းလင်းလျှက် ရှိသည် မသေချင်လျှင် အသက်ရှင်ဖို့ လိုသည်။ သရဲများ သည် အမြဲတမ်း အားနည်းသူများကိုသာ အမဲလိုက်တတ်ကြပြီး၊ ဤအဘိုးကြီးသရဲသည် အဘွားကြီး သရဲထက် ပို၍ ဉာဏ်နည်းကြောင်း ရှင်းနေ၏။

ဝမ်ရှောက်ထျန်း၏ စိတ်ထဲတွင် လျင်မြန်စွာ တွေးတောပြီး အဖြေကို ချက်ချင်း ရှာတွေ့လိုက်သည်။ အမျိုးသားတစ်ဦးအနေဖြင့် အမျိုးသမီးတစ်ဦးကို ကာကွယ်ရန်မှာ သူ၏ တာဝန်ဖြစ်သည်။ ထို့ကြောင့် ဝမ်ရှောက်ထျန်းသည် သူ၏ လည်ပင်းမှ ဧကရာဇ်ငါးပါးဒင်္ဂါးကို ဆွဲဖြုတ်လိုက်ပြီး ချင်ရှီးရှီးကို အော်ပြောလိုက်၏။

"ပြတင်းပေါက်ကနေ ပြေး…။"

ထို့နောက် သူသည် ဧကရာဇ်ငါးပါးဒင်္ဂါးကို လက်ထဲတွင် ကိုင်ဆောင်ကာ အဘိုးကြီးသရဲဆီသို့ ပြေးဝင် သွားသည်။ သူ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူသည် ငယ်ရွယ်ပြီး ခွန်အားကြီးသည်။ အဘိုးကြီး သရဲကို မဖြစ်နိုင်ဘူးဆိုလျင်တောင် တိုက်ရမည်ပင်။

ဝမ်ရှောက်ထျန်း၏ စကားကို ကြားသောအခါ အဘိုးကြီးသရဲသည် လွင့်မျောလာပြီး အေးစက်သော အရိပ်အယောင်တစ်ခု သူ့အပေါ်သို့ ကျရောက်လာသည်။ အခန်းသည် မှောင်မည်းနေသော်လည်း ထိုအခိုက်အတန့်တွင် ဝမ်ရှောက်ထျန်းသည် အဘိုးကြီး၏ မျက်နှာကို မြင်နိုင်သည်။ ဖျော့တော့သော သရဲမျက်နှာနှင့် မျက်ဖြူသားမရှိသော၊ နက်မှောင်၍ ဟောက်ပက်ကြီးဖြစ်နေသည့် မျက်လုံးများ။

"မင်း ဘာလို့ ပြေးနေတာလဲ…။"

ဟု အဘိုးကြီးက အေးစက်စွာ ပြောလိုက်သည်။

"မင်းရဲ့ ကိုယ်လုံးသေးသေးလေးနဲ့ ပြေးလို့မလွတ်ပါဘူး….။"

"ပြေးစရာ အကြောင်းမရှိဘူး….။ ငါ ဒီနေ့ မင်းကို သေတဲ့အထိတိုက်မယ်….။"

ဝမ်ရှောက်ထျန်း၏ စိတ်ထဲတွင် ဒေါသများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ ဒီသရဲတွေဟာ လူတွေကို ကြောက်အောင်ပဲ လုပ်နိုင်တာ ဘယ်လိုလုပ် လူကို ထိခိုက်အောင် လုပ်နိုင်မှာလဲ။

သူ မပိန်ချင်ပေ။ သို့သော်လည်း သူ့တွင် အစားအသောက် ဝယ်ရန် ပိုက်ဆံမရှိပေ။ ပေါင်မုန့်ကိုသာ နေ့တိုင်း စားနေရမည်ဆိုပါက မည်သူက ခွန်အားကြီးလာနိုင်မည်နည်း။

ဝမ်ရှောက်ထျန်းသည် ဒေါသထွက်နေသည်။ ထို့ကြောင့် သူသည် သိပ်မကြောက်တော့ပေ။ သူသည် ဧကရာဇ်ငါးပါးဒင်္ဂါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး အဘိုးကြီး၏ နဖူးကို ဖိကပ်လိုက်သော်လည်း အဘိုးကြီးက အံ့အားသင့်စွာ ရှောင်လိုက်သဖြင့် သူ လွဲချော်သွားသည်။

"အရမ်း နှေးတယ်"

ဟု အဘိုးကြီးက အေးစက်စွာ ပြောလိုက်သည်။

မျက်လုံးထဲတွင် မျက်ဖြူသား တစ်စက်မျှ မရှိသော်လည်း အဘိုးကြီး၏ အကြည့်ထဲမှ မထီမဲ့မြင်ပြုမှုကို ဝမ်ရှောက်ထျန်း မြင်နိုင်သည်။ ရိုးရိုးသားသား ပြောရလျှင် ဤအချိန်တွင် ဝမ်ရှောက်ထျန်းသည် အနည်း ငယ် ရှက်မိသော်လည်း ဖြစ်ပြီးသွားပြီဖြစ်၍ နောက်ဆုတ်ရန် မရှိတော့ပေ။

ထိုအခိုက်အတန့်တွင် လွန်စွာ တောက်ပသော အလင်းရောင်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ဝမ်ရှောက်ထျန်း မျက်လုံးများမှိတ်ထားလိုက်ရသည်။ သူ အော်သံတစ်ခုကို ကြားလိုက်သည်။

"အား…. သရဲ….."

စူးရှသော အမျိုးသမီးတစ်ဦး၏ အော်သံသည် အခန်းတစ်ခန်းလုံးတွင် ပဲ့တင်ထပ်သွားပြီး အတော်ကြာ အောင် ပဲ့တင်ထပ်နေသည်။

ဝမ်ရှောက်ထျန်းသည် အလန့်တကြား ထခုန်လိုက်သည်။ ချင်ရှီးရှီးက မပြေးသေးဘူးလား။

"ဟာကွာ၊ မင်း ဘာတွေ စဉ်းစားနေတာလဲ…..ပြေးတော့….။"

ငါ ဒီ အဘိုးကြီးသရဲကို အချိန်ဆွဲထားရတာ လွယ်တယ်များ ထင်နေလား။ မင်းအခု မပြေးရင် ဘယ်တော့ ပြေးမှာလဲ။ မိန်းမတွေက တကယ် ဒုက္ခပဲ……။

All Chapters