← Chapters

သမိုင်းတွင်လောက်စရာ အသုံးမဝင်လှသော အသင်းဖော်

Vol. 14 Ch. 195

သမိုင်းတွင်လောက်စရာ အသုံးမဝင်လှသော အသင်းဖော်

Vol. 14 Ch. 195

လျှိုချင်ဟွမ်သည် သူမ၏အမွေး ၆ ခု နှင်တံအား ဝှေ့ယမ်းကာဖြင့် အပြာရောင် တံခါးပေါက်ဆီသို့ လျှောက်လှမ်း သွားလေသည်။

အန်လင်းသည် မျှော်လင့်ချက်များ တောက်ပလျက်နှင့် သူမအား ကြည့်နေမိသည်။ သူမသည် ဝိညာည်ဖွဲ့စည်းခြင်း တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ သူမအနေဖြင့် ခြေလှမ်း ၆၀ ခန့် လှမ်းနိုင်ခဲ့မည်ဆိုလျှင် သူ့အနေဖြင့် ဟုန်သိုထက် အနည်းငယ်မျှ သာအောင် လျှောက်လှမ်းရုံမျှနှင့် ပထမနေရာအား ရယူနိုင်မည်ဖြစ်သည်။

လျှိုချင်ဟွမ်သည် ကြယ်စင်ဝင်္ကပါ အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် လှပသည့် ရှုမြင်ကွင်းအား မြင်တွေ့လိုက်ရသည်။

“ဘုရားရေ ... ဒီကြယ်တွေက အစစ်တွေလား”

သူမသည် ကောင်းကင်ယံသို့ Final Spark အား ပစ်လွှတ်လိုက်သည့် အခါတွင် သူမကိုယ်တိုင်ပင် အံ့ဩသွားရသည်။

အဖြူရောင် စွမ်းအင်တန်းသည် ကောင်းကင်အား ဓားထက်ထက် တစ်လက်ကဲ့သို့ ဆုတ်ဖြဲလိုက်လေသည်။

ဘုန်း

Final Spark မှ စွမ်းအင် ပေါက်ကွဲသွားသည့်အခါ ကောင်းကင်တွင် ရေပွက်ကလေးများ ပေါ်လာသည်။

ဒု-ကျောင်းအုပ် ယူဟွာမှု မျက်နှာရှုံ့မဲ့သွားပြီး ချက်ချင်းဆိုသလိုပင် သူမအား အသံဖြင့် ဆက်သွယ်လိုက်သည်။

“အများပိုင်ပစ္စည်းတွေကို ဖျက်ဆီးဖို့ ကြိုးစားနေတာကို ရပ်လိုက်ပြီး လေးလေးနက်နက် ယှဉ်ပြိုင်ပါ ကျောင်းသူ လျှို”

လျှိုချင်ဟွမ်သည် ယူဟွာ၏စကားသံကြောင့် ကြောင်အသွားမိသည်။ ထို့နောက်တွင် သူမ၏ ပန်းရောင်လျှာလေးအား ထုတ်ပြလိုက်သည်။

ခြေလှမ်းတစ်လှမ်းနှင့် တစ်လှမ်း ပိုမိုခက်ခဲလာလေသည်။ ပြိုင်ပွဲဝင်တိုင်းသည် အမူအရာကင်းမဲ့စွာဖြင့် လျှောက်လှမ်းကြသည် ဖြစ်သဖြင့် စိတ်ဝင်စားဖွယ် မကောင်းပေ။ ထိုကြောင့် ကြည့်ရှုနေကြသူများမှာ ပျင်းရိလာသည့်အတွက် အချင်းချင်း စကားစမြည် ပြောဆိုနေကြလေသည်။

“ဟေ့ ကြည့်ပါဦး အစ်မလျှိုက နှေးသွားသလိုပဲ”

“မရဘူးလေ ၈ အရမ်း လွယ်ကူနေသင့်တာ မဟုတ်ဘူးလား”

“သူလျှောက်သွားတာ ခြေလှမ်းနည်းနည်းပဲ ရှိနေသေးတယ် ငါးကောင်တွေရေ..”

“မဖြစ်ရဘူးးး ဟူးဟူး”

ကျောင်းသားအချို့သည် ဖန်သားပြင်သို့ ပြန်လည် အာရုံစိုက်လာကြသည်။

ကြယ်စင်ဝင်္ကပါ အတွင်းတွင် လျှိုချင်ဟွမ်မှာ ချွေးများဖြင့် စိုရွှဲလျက်ရှိနေပြီး သူမ၏မျက်နှာတွင် စိတ်ရှုပ်ထွေးနေဟန်ဖြင့် ရှိလေသည်။

“အားးး ဒီဂိမ်းက တကယ် ဆော့ကောင်းတာ၊ အားးးး ဒီဟာလည်း ဆော့ချင်သေးတယ်လို့ မဖျက်ပါနဲ့ အူးဝါးးးးးး”

လျှိုချင်ဟွမ်မှာ ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးကာဖြင့် ရှေ့သို့ လျှောက်လှမ်းနေလေသည်။

“ဘာ ... ဒီမှာ ဖုန်းတွေမရှိဘူး ဟုတ်လား”

သူမ၏ ညှို့ချက်ပြင်းသော ခရမ်းရောင် မျက်လုံးလေးများသည် လိုချင်တပ်မက်မှုတို့ ပျောက်ကွယ်သွားလေပြီ။ အလွန်များပြားသည့် အဖိုးတန် စားသောက် ဖွယ်ရာများသည် သူမအား ဝိုင်းရံထားသော်လည်း ပျော်ရွှင်ဖွယ် မကောင်းလှချေ။

သူမမှာ လွန်စွာကြောင်အ နေမိသည်။ မျက်ရည်များ စီးကျလာပြီးနောက် နေရာတွင်ပင် ကြက်သေသေလျက် ရပ်တံ့နေမိသည်။

***

ငါးမိနစ် ကြာပြီးသည့်နောက်တွင် လျှိုချင်ဟွမ် ပြန်လည်ရောက်ရှိလာပြီး လူထုမှာလည်း ထိတ်လန့်မှုကြောင့် တိတ်ဆိတ် နေကြလေသည်။

“အူးဝါးးးး အန်လင်းရေ ... အဲဒီ လျှို့ဝှက်နယ်မြေက အရမ်းကို ရက်စက်လွန်းတယ်။ ဘာမှ ရှိမနေဘူး။ အထီးကျန်ရတယ်၊ ပျင်းဖို့လည်းကောင်းတယ်။ ငါ့ကို နှစ်သိမ့်ပေးပါဦး”

သူမသည် နူးညံ့သွယ်လျသည့် လက်များဖြင့် မျက်ရည်များအား သုတ်ဖယ်လိုက် ပြီးနောက် ငိုရှိုက်နေလေသည်။

အန်လင်းမှာ လုံးဝ ကြောင်အနေမိသည်။ နှစ်သိမ့်ဖို့ရန် မည်သည့်စကားမျှပင် ပြောမထွက်နိုင်ချေ။

“လျှိုချင်ဟွမ် ၁၆ လှမ်း၊ ၁.၆ မှတ်”

ဒု-ကျောင်းအုပ် ယူဟွာမှာ လူသေကောင် တစ်ဦးကဲ့သို့ ဖြစ်နေပြီး လျှိုချင်ဟွမ်၏ ရမှတ်အား အားတင်းကာဖြင့် ကြေညာလိုက်ရသည်။ သောက်ရမ်းရှက်ဖို့ ကောင်းလိုက်တာ။

ကျောင်းတော်မှ အဆင့်မြင့် လူကြီးများသည်လည်း အကြည့်များ လွှဲဖယ်ကာဖြင့် အရှက်ရမှုအား ဖုံးကွယ်ရန် ကြိုးစားနေကြလေသည်။

သောင်းနှင့်ချီသော ပွဲကြည့် ပရိသတ်များသည်လည်း မယုံကြည်နိုင်ဘဲ ရှိနေကြလေသည်။

၁၅ လှမ်းတဲ့လား။ အံ့ဩဖို့ကောင်းလိုက်တာ။

ဝမ်ရွှမ်ကျန့်မှာ အသက်ရှူနိုင်ရန် အတင်းကြိုးစား နေရသည်။ သူ့မျက်နှာတ်စခုလုံး နီမြန်းလာလေသည်။ သူကြိုးစားခဲ့သမျှ အားလုံးတို့သည် ခွေးစားသွားလေပြီဟု ခံစားနေရသည်။

“ငါက အသုံးမကျတဲ့ အဖွဲ့ဝင်လို့ နင်တို့ တွေးနေကြတာ မဟုတ်လား”

လျှိုချင်ဟွမ်သည် ငိုရှိုက်ကာဖြင့် သူမအရှေ့ရှိ လူနှစ်ဦးအား ကြည့်နေလေသည်။

အသုံးမဝင်တဲ့ အဖွဲ့ဝင်တဲ့လား။

အန်လင်းမှာ ရုတ်တရက်ဆိုသလို သဘောပေါက်လိုက် မိသည်။ သူအမြဲတမ်း စိုးရိမ်ပူပန်ခဲ့ရသည်မှာ သူသည် ကျောင်းတော်အား အရှက်ရမျက်နှာ ပျက်စေမည့်သူ ဟူ၍ပင်။

သို့သော်လည်း လျှိုချင်ဟွမ်သည် သူ၏နေရာအား ယူဆောင်သွားလေပြီ။

သူမသည် မန္တန်ပြိုင်ပွဲတွင် အနည်းဆုံးအမှတ် ရရှိခဲ့သည်။ တာအိုပြိုင်ပွဲ၌လည်း နောက်ဆုံးတွင်သာ ဖြစ်သည်။

သူမသည် မျက်ရည်များ စီးကျလာသည့်အတွက် သူမ၏လက်များဖြင့် သုတ်ဖယ်ပစ် နေလေသည်။

သူမသည် အပြစ်ရှိခြင်းနှင့် အရှက်ရခြင်းတို့ ခံစားနေရသည်။ သူမသည် အင်အားကြီး လေးရပ်မှ ရောက်ရှိလာကြသော သောင်းနှင့်ချီသည့် ပရိသတ်များရှေ့တွင် ကဝေမငယ်ဟူသော ဂုဏ်ပုဒ်တစ်ခု တည်ဆောက်လိုသူ ဖြစ်သည်။

သို့သော်လည်း သူမ၏ အကောင်းဆုံးသော အားထုတ် ကြိုးပမ်းမှုတို့သည် ဆိုးဝါးလှသော ရလဒ်ကိုသာလျှင် ယူဆောင်လာနိုင်ခဲ့သည်။

“အစ်မလျှို မငိုပါနဲ့ဗျ။ ကျွန်တော်တို့ နိုင်နိုင်ပါသေးတယ်”

အန်လင်းသည် သူ၏အတွေးများအား မပြောတော့ပေ။ သူမသည် အသုံးမဝင်သည်မှာ မှန်ကန်သည့်အကြောင်း ထောက်ခံလိုက်သော်လည်း သူမအား နှစ်သိမ့်ရန်သာ ရွေးချယ်လိုက်လေသည်။

လျှိုချင်ဟွမ်သည် အန်လင်းအား ကြည့်လိုက်သည်။ သူမ၏ မျက်ရည်များလည်း စဲသွားလေပြီ။

သူမ ခေါင်းမော့လိုက်သည့် အခါတွင် အန်လင်းသည် အားပေးနှစ်သိမ့်သည့် အကြည့်တို့ဖြင့် သူမအား ငုံ့ကြည့်နေသည်ကို တွေ့မြင်လိုက်ရသည်။ ဒေါသထွက်ခြင်း စိတ်ဆိုးခြင်း အလျဉ်းမရှိချေ။ သူ၏ စကားများကြောင့် ခေတ္တမျှ စိတ်လှုပ်ရှား သွားရသည်။

“အန်လင်း ... နင် ငါ့ကို အပြစ်မတင်ဘူးလား”

အန်လင်းသည် သူမနဖူးအား အသာတောက်လိုက်သည်။

“အာ့ ... ဘာလုပ်တာလဲဟဲ့”

လျှိုချင်ဟွမ်သည် သူမနဖူးအား လက်ဖြင့်အုပ်ကာဖြင့် အော်ဟစ်လိုက် သော်လည်း သူမ မျက်နှာမှာ အနည်းငယ် နီမြန်းသွားလေသည်။

“အစ်မက အသင်းဖော်တွေကို လှည့်စားခဲ့ပြီး အပြစ်မတင်ဖို့ မျှော်လင့်နေသေးတယ် ဆိုတော့ အရမ်းဆိုးမနေဘူးလား”

အန်လင်းသည် အသာရယ်မော လိုက်သည်။

“ဒါပေမဲ့ ပြဿနာတော့ မရှိပါဘူး။ ကျွန်တော်က လုံးဝ အဆန်းကြီးတွေ လုပ်ပစ်လိုက်မှာပေါ့”

ထိုစကားဆုံးသည်နှင့် အပြာရောင်တံခါးဆီသို့ လျှောက်လှမ်း သွားလေသည်။

လျှိုချင်ဟွမ်သည် သူမ၏ ပန်းရောင် နှုတ်ခမ်းပါးများကို တင်းတင်းစေ့ကာဖြင့် အန်လင်းအား ကြည့်နေမိသည်။

ဝမ်ရွှမ်ကျန့်သည်လည်း အန်လင်းအား ခေါင်းမော့ကြည့် လိုက်သည်။ သူ့နှလုံးသားထဲတွင် မျှော်လင့်ချက်တို့ ပြန်လည် ရှင်သန်လာလေပြီ။

အန်လင်းသည် ထူးခြားဆန်းပြား သည်များကို ဖန်တီးနိုင်စွမ်း ရှိသူဖြစ်သည်။ သူသာဆိုလျှင် အခြေအနေများအား ပြောင်းလဲပစ်နိုင်မည် ဖြစ်ပြီး သူ၏ အားထုတ်မှုတို့ အချည်းနှီး မဖြစ်နိုင်တော့ပေ။

ပွဲကြည့်စင်မှ ကျောင်းသားများ သည်လည်း ထိုအရာကို သတိပြုမိကြသည်။ ထို့ကြောင့် အန်လင်းအား မျှော်လင့်တကြီး ကြည့်နေကြလေသည်။

အင်အားကြီးလေးရပ်မှ စွမ်းအားကြီး ပုဂ္ဂိုလ်များသည်ပင်လျှင် အာရုံစိုက်နေ ကြလေသည်။

အန်လင်းသည် သူ၏ စွမ်းအားကို သူကိုယ်တိုင်ပင် နားမလည်ဘဲ အသုံးပြုနေသည်ဟု သူတို့တွေးမိကြလေသည်။

သို့သော်လည်း စိတ်ဝိညာဉ် ပျိုးထောင်ခြင်းကနဦး အဆင့်သာလျှင် ရှိနေသေးသော အန်လင်း ထုတ်ဖော်ပြသခဲ့သည့် နျူလျှပ်လက်သီးကြောင့် သူ၏ အစွမ်းအစထက် ပိုမိုသည့်အရာများ ရှိနေသေးသည်ဟု မျှော်လင့်လာစေမိသည်။

အန်လင်းသည် အပြာရောင် တံခါးပေါက်ထဲသို့ ဝင်ရောက်သွားသည့်အခါ တလက်လက် တောက်ပနေသည့် ကြယ်စင်များအား မြင်လိုက်ရသည်။

ပတ်ဝန်းကျင်သည် တိတ်ဆိတ်မှုများ ကြီးစိုးလျက်ရှိပြီး အမှောင်ထုထဲတွင် ကောင်းကင်သည် ကြယ်စင်များနှင့် လင်းလက်နေပြီး အိပ်မက်ဆန်ဆန် တောက်ပနေလေသည်။

သူ၏အောက်ခြေတွင် ရှိနေသည့် ရေကန်မှာလည်း ကြယ်စင်များ ပြည့်နေသော ကောင်းကင်၏ ရောင်ပြန်ဟပ်မှုကြောင့် အဆုံးမဲ့ ကျယ်ပြောသည့် ကြယ်စင်ည ကောင်းကင်ကြီး ဝန်းရံထားသကဲ့သို့ပင်။

အန်လင်းသည် သူ၏အရှေ့တွင် ရှိနေသည့် မြင်ကွင်းကြောင့် ခေတ္တမျှ ကြောင်အလျက်ရှိပြီး အချိန်အတော်ကြာ ပြီးသည့်နောက်တွင်မှ အသိပြန်ဝင်လာလေသည်။

ရင်သပ်ရှုမောဖွယ်ရာ ရှုမြင်ကွင်း။

သိုလှောင်လက်စွပ် အတွင်းမှ ဖုန်းထုတ်ယူလိုက် ပြီးနောက် ကောင်းကင်အား ဓာတ်ပုံအချို့ ရိုက်ကူးလိုက်သည်။ ထို့နောက်တွင် ဆဲလ်ဖီပုံများလည်း ရိုက်ယူလိုက်သေးသည်။

20M pixel အထိ ရုပ်ထွက်အားကောင်းတဲ့ ကင်မရာနှစ်လုံးနဲ့ သင့်အလှအပကို ထွန်းတောက်စေလိုက်ပါ။ (ကြော်ငြာသည့် လေသံဖြင့်ဖတ်ပါ_)

ဝမ်ရွှမ်ကျန့် : “…”

ကြည့်ရှုနေကြသူများ : “…”

“အိုက်ယား”

လျှိုချင်ဟွမ်သည် သူမနဖူးအား လက်ဖြင့် ရိုက်လိုက်လေသည်။ ဓာတ်ပုံရိုက်ရန် မေ့ခဲ့သည် မဟုတ်ပါလား။

ပုံအချို့ ရိုက်ပြီးသည့်အခါတွင် အန်လင်းသည် ဖုန်းအား သိုလှောင် လက်စွပ်အတွင်း ပြန်ထည့်ထားလိုက်ပြီး ဆက်လျှောက် သွားလေသည်။

ပထမဆုံး ခြေလှမ်းများသည် လွယ်ကူနိုင်သည့်အတွက် သူ့အနေဖြင့် စိုးရိမ်ခြင်းမရှိချေ။

သို့သော်လည်း ကျောက်လမ်းပေါ်သို့ ခြေလှမ်းချလိုက်သည့် အခါတွင် ကောင်းကင်နှင့်မြေပြင် တုန်ခါလာလေသည်။ သူ၏အရှေ့ရှိ မြင်ကွင်းသည် စတင်ပြောင်းလဲလာသည်။

အဆုံးမဲ့သည့် ကြောက်ရွံ့မှုများသည် သူ့အား လွှမ်းခြုံလာသည်။

အန်လင်းမှာ ချက်ချင်းဆိုသလို ကြောက်ရွံ့ထိတ်လန့် လာလေသည်။ ဤပုံရိပ်ယောင်မှာ မည်သည့်အကြောင်း ဖြစ်သည်ကို နားမလည်နိုင်ပေ။

ပထမဆုံး ခြေလှမ်းသာလျှင် ရှိနေသေးသော်လည်း လွန်စွာ ခက်လှသည်။ သူ့အနေဖြင့် မည်သို့ ဆက်သွားရပါမည်နည်း။

ရုတ်တရက်ဆိုသလို သူ၏ခန္ဓာကိုယ် အတွင်းမှ အဆုံးမဲ့သည့် နာကျင်မှုများ လှိုင်းထလာလေသည်။ ခန္ဓာကိုယ်အား ဆုတ်ဖြဲနေသလိုပင်။

ဖော်ပြ၍ပင် မရနိုင်သော နာကျင်မှုမျိုး ဖြစ်သည်။ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် စိတ်ဝိညာဉ်ကိုပါ နာကျင်နေစေသည်။

အားးးးး မခံမရပ်နိုင်ဖြစ်စွာ အော်ဟစ်ပစ်လိုက် ချင်သည်။ သို့သော်လည်း အသံပင် မထွက်နိုင်ချေ။

သူ့စိတ်ထဲ၌ အသံတစ်သံ ထွက်ပေါ်လာသည်။

“မျိုးနွယ်စုတစ်ခုလုံးရဲ့ စွမ်းအားနဲ့ ကောင်းကင်နဲ့ မြေပြင်ရဲ့စွမ်းအား....”

အန်လင်း၏ခန္ဓာကိုယ် စုတ်ပြဲသွားလေသည်။ ပို၍တိတိကျကျ ဆိုရမည်ဆိုလျှင် သူ၏ တည်ရှိမှုအားလုံး ဆုတ်ဖြဲခံလိုက်ရသည်။

ကောင်းကင်ပြာ ရင်ပြင်ရှိ လူအားလုံးသည် အန်လင်းအား မယုံကြည်နိုင်မှုဖြင့် ကြည့်နေကြလေသည်။

“စီနီယာ အန်လင်းက ဘာလို့မလှုပ်တာလဲ”

“ကျောက်ရုပ် ဖြစ်သွားတာလား”

“မဖြစ်နိုင်ဘူးးးးး အခုမှ ပထမဆုံး ခြေလှမ်းပဲ ရှိနေသေးတာ။ ဘယ်သူကမှ ဒီအဆင့်မှာတင် ရပ်တံ့မနေနိုင်ဘူး။ နတ်ဘုရား အန်သာ ဒီနေရာမှာ ရပ်သွားမယ်ဆိုရင် -ျီးစားပြမယ်ကွာ”

“ဘာလို့ အဲဒီမှာ ရပ်နေတာလဲ”

“…”

ထိုမေးခွန်း၏ အဖြေအား မည်သူမျှ မသိကြပေ။ သူတို့သည် စိတ်ရှုပ်ထွေးစွာဖြင့်သာ ဖန်သားပြင်တွင် ပေါ်နေသည့် ပုဂ္ဂိုလ်အား တိတ်တဆိတ် ကြည့်နေကြလေသည်။

ငါးမိနစ် ကြာပြီးနောက်။

အန်လင်း စင်ပေါ်သို့ ပြန်ရောက်လာလေသည်။

လျှို့ဝှက်နယ်မြေ အတွင်းမှ ထွက်ခွာလာပြီးသည့် နောက်တွင် အန်လင်းသည် ချက်ချင်းဆိုသလို မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ အသက်ပြင်းစွာ ရှူရှိုက်နေရပြီး သူ၏ ဦးနှောက်တစ်ခုလုံး သံရိုက်ထားခံရသလို နာကျင်နေလေသည်။ သူကြုံတွေ့ခဲ့ရသည့် အရာမှ ပြန်လည် ကောင်းမွန်လာခြင်း မရှိသေးချေ။

တိတ်ဆိတ်မှုများ ဆီးကြိုနှုတ်ဆက် နေလေသည်။

သောင်းနှင့်ချီသည့် ပရိသတ်သည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ် နေသည်ကြောင့် အပ်ကျသံပင်လျှင် ကြားနိုင်ပေသည်။

ဟုတ်သည်။ သူတို့အားလုံး ဆွံ့အနေမိကြခြင်း ဖြစ်သည်။

ကျောင်းသားများ သာလျှင်မက ပျက်ပြယ်ခြင်းအဆင့်သို့ ရောက်ရှိနေကြသည့် ပုဂ္ဂိုလ်ကြီးများ သည်ပင်လျှင် စင်ပေါ်တွင် အသက်ပြင်းစွာ ရှူနေသည့်သူအား ကြောင်အကာ ကြည့်နေကြလေသည်။

အားလုံး : “…”

လျှိုချင်ဟွမ် : “…”

အန်လင်း၏ ယုံကြည်မှုရှိရှိ ပြောသွားခဲ့သော “အဆန်းကြီးတွေ လုပ်ပြမယ်” ဟူသည့် စကားများ သူမစိတ်ထဲ ပဲ့တင်ထပ်နေလေသည်။

ယခုမူ သူမနားလည်သွားပြီ ဖြစ်သည်။

သူမသည် ဗွီဒီယိုဂိမ်းများ ထဲတွင်သာ သူမ၏ အသင်းဖော်များကို လှည့်ဖျားတတ်သူ ဖြစ်လျှင် အန်လင်းသည် ပေါ်လာလာချင်း သေဆုံးသွားသည့် ယင်ကောင်လေး ဖြစ်ပေသည်။

“အန်လင်း ခြေ ၁ လှမ်း၊ ၀.၁ မှတ်”

ကောင်းကင်အင်မော်တယ် ယူဟွာ၏အသံ ထွက်ပေါ်လာသည်။ သူ့အနေဖြင့် သေဆုံးသွားချင် မိတော့သည်။ အရှက်ရရုံတင်သာမက သူ၏မျက်နှာကို မစင်ဖြင့် သုတ်လိုက်ခြင်း ဖြစ်လေသည်။

ဝမ်ရွှမ်ကျန့်မှာ ကြေညာသံကို ကြားပြီးသည့်နောက်တွင် သတိလစ်မတတ်ပင် ဖြစ်လေတော့သည်။

သူ၏ ကြိုးစားအားထုတ်မှုတို့ ဘယ်ရောက်သွားသနည်း။

သူ၏ အသင်းဖော်များအပေါ် ဖိအားပေးနိုင်ခဲ့မည်ဟု မျှော်လင့်ခဲ့သော်လည်း သက်ရောက်မှု မရှိပုံရသည်။

ရလဒ်က ဘာတဲ့လဲ။ သူ့အနေဖြင့် အမြင့်ဆုံးရမှတ်ကို ရရှိထားသော်လည်း ကျန်ရှိနေသည့် အသင်းသား နှစ်ဦးမှာမူ တစ်ဦးသည် ၁.၆ မှတ် ရရှိပြီး တစ်ဦးမှာမူ ၀.၁ မှတ် ရရှိထားလေသည်။

ဝမ်ရွှမ်ကျန့်မှာ မျက်ရည်များ ဝေ့သီလာပြီး နှုတ်ခမ်းများ တဆတ်ဆတ် တုန်နေလေသည်။

“အ ... အသုံးမကျတဲ့ အသင်းဖော်တွေ”

***

All Chapters