အံ့သြဖွယ်အောင်ပွဲ
Vol. 1 Ch. 473
“အား အား ”
ဝေါင်း ဝေါင်း
ပန်းပွင့်အဘွားအိုက စူးရှစွာအော်လိုက်စဉ် ယာ့ဖီသားရဲ၏ ပေါက်ကွဲထွက်လာသော ဟိန်းသံက ချက်ချင်းပင် ပဲ့တင်သံထွက်သွား၏။ သို့သော် ထိုဟိန်းသံများက အင်မတန်စွမ်းအင် ပြည့်ဝလွန်းသည်။ ကျန်းရီပြန်ရောက်လာမှုက ၎င်းတို့ကို အလွန်အမင်း ယုံကြည်ချက် ရစေသည့်ပုံပဲ ဖြစ်နေ၏။
ရှောင်လုံဝမ်နှင့် ကျောင်းအုပ်ယွီက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ သူတို့သည် တစ်ယောက်မျက်ဝန်းထဲက တစ်ယောက်က စိုးရိမ်ပူပန်မှုနှင့် သွေးရူးသွေးတန်း အမူအရာ အရိပ်အယောင်ကို မြင်နိုင်ပေ၏။ ပထမဆုံး တိုက်ကွက်ဖလှယ်မှုမျှဖြင့် စစ်သေနာပတိကြီးက သေဆုံးသွားပြီး ပန်းပွင့်အဘွားအိုက ဒုက္ခိတဖြစ်သွားသည်။ သူတို့နှစ်ယောက်သည် ကျန်းရီကို ဆက်လက် သတ်နိုင်မှာမည်လား။
“သတ် ” စစ်ပွဲက စတင်ပြီဖြစ်သည်။ သူတို့အဖို့ နောက်ဆုတ်ရန် မဖြစ်နိုင်တော့ချေ။
ရှောင်လုံဝမ်က ကျန်းရီထံမှ မီးတောက်များသည် သူ့ကိုသတ်နိုင်မှာ မဟုတ်ဟု ယုံကြည်ချက်ရှိသည်။ သူသည် မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာတိုင်အောင် သိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်ခဲ့သောကြောင့် သူ၏ကိုယ်ပိုင်ခွန်အားကို အတော်လေး ယုံကြည်ချက်ရှိသည်။ အကြည့်တစ်ချက်ဖြင့် ကျောင်းအုပ်ယွီကို အချက်ပြပြီး သူနှင့်ပူးပေါင်း တိုက်ခိုက်ရန် အရိပ်အမြက် ပေးလိုက်၏။ သူ၏ခန္ဓာကိုယ်က ပုံရိပ်ယောင်များစွာအဖြစ် ပြောင်းလဲသွားပြီးနောက် အရှေ့ဘက် ကောင်းကင်ဘက်ဆီ ပြန်ပေါ်လာသည့် ကျန်းရီ၏ပုံရိပ်ဆီ တဟုန်ထိုး ဝင်သွားတော့သည်။
ကျန်းရီက နေရာရွှေ့ပြောင်းမှုကို သုံးခဲ့သည်။ သို့သော် ယင်းက အချိန်လိုအပ်၏။ ရှောင်လုံဝမ်၏အရှိန်က သူ့ထက်များစွာ ပိုမြန်သောကြောင့် သူသည် ကျန်းရီကို အမီလိုက်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ သူက အားကုန်ထုတ်သုံးခဲ့လျှင် မလွယ်ကူသည့်တိုင် ကျန်းရီကို သေသည်အထိ ဖိအားပေးနိုင်လောက်ပေ၏။ ထို့အပြင် သူ့နောက်တွင် ပံ့ပိုးပေးနေသည့် ကျောင်းအုပ်ယွီလည်း ရှိနေသည်။
ဝှစ်
ကျောင်းအုပ်ယွီ၏ ပုံရိပ်က ဖျတ်ခနဲ ပျောက်သွားပြီးနောက် အစွမ်းထက်သည့် ဦးချိုတစ်ခုအသွင် ပြောင်းလဲသွားပြီး ကျန်းရီကို ရှောင်လုံဝမ်နှင့်အတူ တိုက်ခိုက်တော့၏။ သူသည် မလှမ်းမကမ်းကနေ သူ၏ယပ်တောင်ကို ဖျတ်ခနဲ ခတ်လိုက်ပြီး တိုက်ခိုက်မှုအလွှာ များစွာကို ပစ်ထုတ်လိုက်၏။ သူတို့အားလုံးသည် ထောင်ချီ ပင်လယ်လှိုင်းများအဖြစ် ပြောင်းလဲသွားပြီး ကျန်းရီဆီသို့ ဝင်သွားကာ အဆုံးမရှိ စီးကြောင်းများ ဝန်းရံသွားစေသည်။ သူသည် ကျန်းရီကို တိုက်ခိုက်ရန် မရည်ရွယ်ထားဘဲ သူ၏လှုပ်ရှားမှုများကို လွှမ်းမိုးရန်သာဖြစ်သည်။ ကျန်းရီကို တိုက်ခိုက်ရန် အာရုံစိုက်ထားသည့်သူက ရှောင်လုံဝမ် ဖြစ်နေသေး၏။
ရှောင်လုံဝမ်က မလှုပ်ရှားဘဲ ကျန်းရီကို ပိတ်ဆို့ရန် သူ၏အရှိန်အဝါ ဆန္ဒကိုသာ အသုံးပြုခဲ့သည်။ သူ၏ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ ကျန်းရီသည်သူ၏ နေရာရွှေ့ပြောင်းမှုကို အသုံးပြုလိုက်သည်နှင့် ရှောင်လုံဝမ်သည် ကျန်းရီသွားမည့် နေရာကို လေဟာနယ် ကြိမ်နှုန်းများအရ ဆုံးဖြတ်နိိုုင်မှာပဲဖြစ်သည်။ ပြီးနောက်သူသည် အမြန်ဆုံးအရှိန်ဖြင့် တိုက်ခိုက်နိုင်ပေသည်။
ကျန်းရီသည် မလွတ်မြောက်သွားခဲ့။ သို့သော် တဖြည်းဖြည်းချင်း သန့်စင်လာ၏။ သူ့အကြည့်က ကြမ်းတမ်းသည့် နဂါးများကဲ့သို့ ဖြစ်နေသည်။ ရှောင်လုံဝမ်နှင့် ကျောင်းအုပ်ယွီဆီ ရောက်လာပြီး သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးကို တိတ်တဆိတ် တွက်ချက်နေတော့သည်။
မီတာသုံးထောင်
မီတာနှစ်ထောင်
မီတာတစ်ထောင်
မီတာရှစ်ရာ
ရှောင်လုံဝမ်က သူ့ကိုယ်သူ ထိန်းမထားနိုင်တော့ပေ။ သူ့ရှေ့တွင် ကျန်းရီက ရှိနေ၏။ သူမည်ကဲ့သို့ မတိုက်ခိုက်သနည်း။ သူသည် ကျန်းယွီနေရာ ရွှေ့ပြောင်းမှုသုံးမှာကို စောင့်ဆိုင်းနေတာပဲ ဖြစ်သည်။ သို့မှသာ ကျန်းရီပေါ်လာမည့် နေရာကိုဆုံးဖြတ်ပြီး သေစေနိုင်သည့် ထိုးနှက်ချက်ဖြင့် တိုက်ခိုက်နိုင်မှာ ဖြစ်သည်။ သို့သော် ကျန်းရီက သူထင်တာ တွေးထားသကဲ့သို့ မတိုက်ခိုက်လာပေ။ ထို့ကြောင့်သူသာ ဦးစွာတိုက်ခိုက်ရုံသာရှိသည်။
“သေပေတော့ ” သူက တင်းမာစွာ အော်လိုက်၏။ သူ၏လက်ထဲရှိ လှံရှည်က မရေမတွက်နိုင်သည့် ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားပြီးနောက် လေဟာနယ်ကို အတက်အကျ ဖြစ်သွားစေပြီး ကျန်းရီဆီသို့ ကြမ်းတမ်းစွာ ဝင်ရောက်သွားတော့သည်။ လှံရှည်ပေါ်ရှိ ရွှေရောင်အလင်းက ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတို့ဖြင့် တည်ရှိနေ၏။ ယင်းတွင် သတ္တုတာအိုသဏ္ဌာန် တိုက်ခိုက်မှုများ ပါဝင်နေတာ ရှင်းနေ၏။ သတ္တုဓာတ်က မဖြိုခွဲနိုင်သည့် ခွန်အားကို ကိုယ်စားပြုသည်။ ယင်းက တာအိုသဏ္ဌာန်များ ကြားထဲတွင် အသန်မာဆုံး ဒြပ်စင်ဖြစ်၏။ ယင်းက ကျန်သည့် တာအိုဒြပ်စင်များ ကြားထဲတွင် အသန်မာဆုံး ဒြပ်စင်ဖြစ်၏။
ဘီး
လှံရှည်က ကျန်းရီနှင့် မီတာတစ်ရာ ဝန်းကျင်အကွာသို့ ရောက်သည့်အချိန်၌ ကျန်းရီ၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင် ရောင်ခြည်တစ်ခုက တောက်ပလာပြီးနောက် သူရပ်နေသည့် နေရာမှ ပျောက်ကွယ်သွားသည်။ ရှောင်လုံဝမ်က ကောက်ကျစ်သည့်အပြုံး ပြုံးလိုက်ပြီးနောက် သူ၏လှံရှည်ကို ရုပ်လျက် ကောင်းကင်စိတ်အာရုံတို့ကို လျှပ်ပျက်သည့်အရှိန်ဖြင့် ဖြန့်ကျက်လိုက်သည်။
“မင်းနောက်ဆုံးတော့ မင်းကိုယ်မင်း မထိန်းထားနိုင်ဘဲ နေရာရွှေ့ပြောင်းခြင်းကို သုံးနေရပြီမလား ဟမ် ”
ရှောင်လုံဝမ်ထံမှ တိုက်ကွက်သည် ငါးစာမျှသာဖြစ်သည်။ ကျန်းရီက မလွတ်မြောက်ခဲ့လျှင် ငါးစာက တိုက်ကွက်အစစ်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ကျန်းရီ နေရာရွှေ့ပြောင်းခြင်းကို သေချာပေါက် အသုံးပြုမည်ဟု သူတွက်ချက်ထားခဲ့သည်။ ထို့ကြောင့် ကျန်းရီနေရာ ရွှေ့ပြောင်းမှုကို အသုံးပြုပြီးနောက် ကျန်းရီကို ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရအောင် သူမည်သို့ ဆောင်ရွက်ရမည်ဆိုတာ ပြင်းပြင်းထန်ထန် စဉ်းစားနေခဲ့၏။
နေရာရွှေ့ပြောင်းခြင်းသည် အချိန်လိုအပ်သည်။ သာမာန်လူများအဖို့ နေရာရွှေ့ပြောင်းခြင်းက မြန်ကောင်းမြန်နိုင်လွန်းသည်။ သူတို့ကို သေအောင်ချောင်ပိတ်ထားရန် မဖြစ်နိုင်ပေ။ သို့သော် ရှောင်လုံဝမ်က မည်မျှသန်မာသနည်း။ သူ၏ကောင်းကင် စိတ်အာရုံများကို ဖြန့်ကျက်လျက် သူ၏စိတ်အာရုံများသည် ရှိန်လောက်ဖွယ်အဆင့်အထိ ရောက်နေပြီးသားဖြစ်သည်။ သူသည် လေထဲတွင် ဖြစ်ပေါ်နေသည့် အတက်အကျများကို ဆုံးဖြတ်နိုင်သ၍ တိုက်ကွက်ကို ထုတ်နိုင်မှာဖြစ်ပြီး သူ၏တိုက်ခိုက်မှု အရှိန်ကလည်း မြန်ဆန်လွန်း၏။ ကျန်းရီနေရာ ရွှေ့ပြောင်းပြီး ပြန်ပေါ်လာသည်နှင့် ရှောင်လုံဝမ်၏ တိုက်ကွက်က ကျန်းရီဆီ ရောက်ပြီးသားပဲ ဖြစ်သည်။
ကျွတ် ကျွတ်
ကျောင်းအုပ်ယွီက ရှောင်လုံဝမ်၏ အစီအစဉ်ကို အစောထဲက သိပြီးသားဖြစ်သည်။ ယခုအချိန်တွင် သူ၏ယပ်တောင်ပေါ်ရှိ အနှစ်သာရဖိအားက ဖြာထွက်လာပြီးနောက် သူ၏ကောင်းကင် စိတ်အာရုံကိုသုံးကာ ဧရိယာတစ်ခုလုံး စစ်ဆေးလိုက်တော့သည်။ ကျန်းရီ၏ နေရာရွှေ့ပြောင်းသည့် နေရာကို အတည်ပြုပြီးသွားသည်နှင့် သူသည် ရှောင်လုံဝမ်၏တိုက်ကွက်နှင့် ချက်ချင်းပူးပေါင်း တိုက်ခိုက်မှာပဲဖြစ်သည်။
“အမ် ” သို့သော် ရှောင်လုံဝမ်နဲ့ ကျောင်းအုပ်ယွီကို မှင်သက်သွားစေသည်က ပတ်ဝန်းကျင်နားတွင် အတက်အကျ လက္ခဏာ မရှိတာဘဲဖြစ်သည်။ ကျန်းရီက မိုင်ထောင်ချီ အကွာကိုများ နေရာရွှေ့ပြောင်း သွားနိုင်တာလား။ သူရဲ့နေရာက သူ၏ကောင်းကင် စိတ်အာရုံ ဖြန့်ကျက်နိုင်တဲ့နေရာကို ကျော်လွန်နေတာ ကြောင့်များလား။
“မဟုတ်ဘူး မဟုတ်သေးဘူး ”
ရှောင်လုံဝမ်က တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။ သူ၏အကြည့်က ကျန်းရီ ပျောက်ကွယ်သွားသည့် နေရာဆီသို့ ရုတ်တရက် ပြန်ရောက်သွား၏။ လုံလောက်သွားပြီပင်။ ပုံရိပ်တစ်ရိပ်က ထိုနေရာ၌ စတင်ပြန်ပေါ်လာ၏။ ကျန်းရီသည် မူလနေရာတွင် ပြန်ပေါ်လာစေရန်အတွက် နေရာရွှေ့ပြောင်းခြင်းကို အမှန်တကယ် သုံးခဲ့၏။
ကျွတ် ကျွတ်
ကျန်းရီပေါ်ပေါက်လာသည့် အချိန်တွင် သူ၏လက်ထဲ၌ အစိမ်းရင့်ရင့် ရောင်ချည်များ လင်းနေပြီး လက်ဝါးရိုက်ချက် တစ်ဒါဇင်ခန့် ပေါ်လာတော့၏။ မီးတောက်များက ပြင်းထန်သည့် မီးတောက်ပင်လယ်အဖြစ် ပြောင်းလဲသွားပြီးနောက် ရှောင်လုံဝမ်နှင့် ကျောင်းအုပ်ယွီဆီသို့ ဝါးမြိုရန် သွားတော့သည်။
“ငါတို့ လှည့်စားခံရပြီ ”
ရှောင်လုံဝမ်သည် ကျန်းရီနှင့် မီတာတစ်ရာအကွာတွင် ရှိနေပြီး ကျောင်းအုပ်ယွီသည်လည်း အကွာအဝေး တူပေ၏။ ကျန်းရီနေရာ ရွှေ့ပြောင်းပြီးနောက် ထိုမူလနေရာ၌ ပြန်ပေါ်လာလိမ့်မည်ဟု သူတို့တစ်ခါမှ မတွေးခဲ့မိချေ။
သို့သော် ယင်းက သူတို့ကို အပြစ်မတင်နိုင်ပေ။ နေရာရွှေ့ပြောင်းမှုကို အသုံးပြုနိုင်သည့် မည်သူမဆို လေထဲတွင် ဖျတ်ခနဲ ပြောင်းနေမှာပဲဖြစ်သည်။ နေရာရွှေ့ပြောင်းမှုကို အသုံးပြုပြီးနောက် မူလနေရာတွင် မည်သူက ပြန်ပေါ်လာမည်နည်း။ ပြန်ပေါ်လာလျှင်တောင် နေရာရွှေ့ပြောင်းတာက ကွာဟချက် ရှိနေသေးလား။ ထို့အပြင် ရှောင်လုံဝမ်က ကျန်းရီ၏ မူလနေရာဆီသို့ တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ ရှောင်လုံဝမ်က တိုက်ကွက်ကိုသာ မရုတ်သိမ်းခဲ့လျှင် မူလနေရာတွင် ပြန်ပေါ်လာသည့် ကျန်းရီက အပိုင်းပိုင်းအစစ ဖြစ်သွားမှာ သေချာ၏။
အံ့သြဖွယ်ကောင်းသည့် အောင်ပွဲ...။
ယင်းကို ပိုမထင်ထားလေလေ အာနိသင်က ပိုပြင်းလေဖြစ်သည်။ ကျန်းရီက လောင်းကြေးထပ်ခဲ့၏။ ရှောင်လုံဝမ်ထံမှ ယခင်တိုက်ကွက်သည် ငါးစာမျှသာဖြစ်မှန်း သူတွေးထင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ပြိုက်ဘက်များကို စိတ်ရှုပ်ထွေးသွားအောင် လုပ်ပြီး ဇဝေဇဝါ ဖြစ်စေခဲ့၏။
မည်သို့ပင်ဆိုစေ စိတ်ရှုပ်ထွေးနေခဲ့သောကြောင့် ဖြစ်ခဲ့ရပေ၏။ ရှောင်လုံဝမ်သည် ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အား ပိုင်ဆိုင်ထားနေဆဲဖြစ်သည်။ ကျောင်းအုပ်ယွီ၏ ရေဓာတ်တာအိုက ကျန်းရီ၏ ဘုံကိုးဘုံ နဂါးမီးတောက်ထံမှ ပြေးမလွတ်နိုင်ပေ။ ထို့ကြောင့် နှစ်ဦးလုံးသည် မသေချာ မရေရာသည့် ကပ်ဘေးကို ရင်ဆိုင်တွေ့ခဲ့လျှင်တောင် သူတို့တုံ့ပြန်မှုက အလွန်မြန်သေးသည်။
ရှောင်လုံဝမ်က မြန်မြန်ဆန်ဆန် ဆုတ်လိုက်ပြီးနောက် သူ၏ရှေးနတ် ကောင်းကင်လက်စွပ်ထဲမှ အနက်ရောင် အကာအရံတစ်ခုကို ထုတ်လိုက်၏။ အနက်ရောင် အကာအရံက သူတော်စင်လက်နက်ဖြစ်၏။ ယင်းလက်နက် ပေါ်လာသည်နှင့် အလင်းတန်းက မီတာရာချီအထိ ကြီးထွားလာခဲ့ပြီးနောက် မီးပင်လယ်ဆီသို့ အနက်ရောင် တိမ်တိုက်တစ်ခုသဖွယ် သွားနေတော့သည်။
“ပင်လယ်ရေလှိုင်း ကောင်းကင်ပြောင်းပြန်လှန် ”
ရှောင်လုံဝမ်နောက်တွင် ကျောင်းအုပ်ယွီ ရှိနေ၏။ သူတို့နှစ်ယောက် ကြားထဲတွင် မီတာရာချီ အကွာအဝေးရှိသည်။ ဤအကာအဝေးက သူ့ကိုမသေစေနိုင်ပေ။ ထို့ကြောင့် သူနောက်ဆုတ်နေစဉ်တွင် အစောပိုင်းက မိုးထိအောင် မြင့်မားသည့်လှိုင်းကို ထုတ်ဖော်လိုက်တာပဲ ဖြစ်သည်။ လှိုင်းသည် ခုနကထက် ပိုကြီးနေ၏။
ဗီး
မီးပင်လယ်က အနက်ရောင် အကာအရံနှင့် ထိမိသွားသည့်အချိန်တွင် အနက်ရောင် အကာအရံက မရေမတွက်နိုင်သည့် အနက်ရောင်အလင်းများ ထုတ်လွင့်တော့၏။ ကြောက်မက်ဖွယ် ဘုံကိုးပါး နဂါးမီးတောက်များက ထိုအနက်ရောင် အကာအရံကို မလောင်ကျွမ်းဖြစ်နိုင် ဖြစ်နေ၏။ ထိုခမ်းနားပြီး ကြမ်းတမ်းသော မီးပင်လယ်သည် အနက်ရောင် အကာအရံကြောင့် နှောက်ယှက်ခံလိုက်ရသည်။
ဖောင်း ဖောင်း ဖောင်း
နောက်ထပ် မြင့်မားသည့်လှိုင်းများက မီးပင််လယ်ဆီ ဝင်ရောက် တိုက်ခိုက်လာပြီးနောက် မီးပင်လယ်ကို တဖြည်းဖြည်းချင်း လွင့်ပျယ်စေတော့၏။ ကျန်းရီထုတ်ဖော်ခဲ့သည့် ကြောက်မက်ဖွယ် မီးတောက်များက ဖြည်းဖြည်းချင်း လွင့်ပြယ်သွားတော့သည်။
“အဟမ့် အဟမ့် ”
ကျောင်းအုပ်ယွီက ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။ ကျန်းရီထံမှ ကြေက်မက်ဖွယ် အကောင်းဆုံးတိုက်ကွက်က ထိုမီးတောက်ဖြစ်၏။ အခုအချိန်တွင် သူ၏ရေဓာတ်တာအိုနှင့် အနက်ရောင် အရံအတားကသာ တားမြစ်နိုင်ပေမည်။ ဆိုလိုတာက သူတို့နှစ်ယောက်လုံးက ကျန်းရီရှေ့မှာဆို ပြိုင်ဘက်ကင်းပြီမလား။ ဒီလိုဆိုရင် သူ့ဆီက ခြုံခိုမတိုက်ခိိုက် ခံရဖို့ပဲ ဂရုစိုက်ဖို့ လိုတာပေါ့။
“အဘိုးကြီးယွီ ဂရုစိုက် ”
ရှောင်လုံဝမ်က စိတ်အေးလက်အေးနေရန် ရည်ရွယ်ချက်မရှိဘဲ ကောင်းကင်စိတ်အာရုံများကို ဖြန့်ကျက်ထားကာ အော်လိုက်၏။ ကျန်းရီသည် မူလနေရာမှ ပျောက်ကွယ်သွားပြီဖြစ်သည်။ ပြီးနောက် ကျောင်းအုပ်ယွီဘေး၌ ပေါ်လာတော့သည်။ သူသည် မီးပင်လယ်များဖြင့် ဆက်လက်တိုက်ခိုက်တော့၏။
“ဟမ့် ” ကျောင်းအုပ်ယွီက ထိတ်လန့်သွားသော်ငြား မကြောက်သွားပေ။ သူသည် ချက်ချင်းပင် ရေဓာတ်တာအိုကို ထုတ်ဖော်လျှက် မီးများကို ခုခံလိုက်၏။ တစ်ချိန်ထဲတွင် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ထားပြီး ကျန်းရီပေါ်လာမည့် နေရာကို ရှာဖွေနေ၏။
ကျွတ် ကျွတ်
ယခုနောက်တစ်ကြိမ် ကျန်းရီပေါ်ပေါက်လာသည်က ရှောင်လုံဝမ်၏ အပေါ်တွင်ဖြစ်သည်။ သူသည် အနည်းငယ် တိုက်ခိုက်ပြီးနောက် ချက်ချင်းပင် နေရာရွှေ့ပြောင်းမှုကို သုံးသွား၏။ ထို့အပြင် မီးတောက်များက စတင်လောင်ကျွမ်းနေပြီဖြစ်သည်။ မီးတောက်များကို ခုခံရန်အတွက် အနက်ရောင် အရံအတားကို ထိန်းချုပ်နေရတော့သည်။
ဝှစ် ဝှစ် ဝှစ်
ကျန်းရီက ဆက်လက် နေရာရွှေ့ပြောင်းနေ၏။ အကြိမ်တိုင်းတွင် သူတို့နှစ်ယောက်နား၌ သူပေါ်လာသည်။ သူတို့ကို အနည်းငယ် တိုက်ခိုက်ပြီးနောက် သူသည်ချက်ချင်း နေရာရွှေ့ပြောင်းသွား၏။ ယင်းက ရှောင်လုံဝမ်နှင့် ကျောင်းအုပ်ယွီကို သူ့အားလိုက်ပြီး တိုက်ခိုက်မရ ဖြစ်စေ၏။ သူတို့သည် သူတို့ဆီ ရောက်လာသည့် မီးပင်လယ်ကိုသာ ဆက်လက် ဖြေရှင်းနေရတော့၏။
“အဘိုးကြီးယွီ စိတ်ရှည်လိုက် ဒီတိုက်ကွက်နဲ့ သူဘယ်လောက်ကြာကြာ ဆက်တိုက်ခိုက်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့၊ ငါတို့ တည်တည်ငြိမ်ငြိမ်နေပြီး သူ့ဆီက ချောင်းမြောင်း မတိုက်ခိုက်ခံရရင် သူသေချာပေါက် သေမှာပဲ ”
ရှောင်လုံဝမ်က ကောက်ကျစ်သည့် အပြုံးထုတ်ဖော်လိုက်ကာ အဆင်အခြင်မဲ့ မတိုက်ခိုက်ဘဲ လေထဲကို လှည့်ပတ်နေတော့၏။ သူ၏အနက်ရောင် အရံအတားက ဘုံကိုးဘုံ၏ နဂါးမီးတောက်များကို ခံနိုင်ရည်ရှိကာ ကောင်းကင်စိတ်အာရုံက ကောင်းကင်ကိုဆက်လက် ခံနေ၏။ ကျန်းရီ အမှားနည်းနည်းလေး ပေါ်လာသည်နှင့် သူကျန်းရီကို ချက်ချင်း သတ်ဖြတ်နိုင်မှာပဲ ဖြစ်သည်။
“အချိန်ကျပြီမလား ငါမိုးပြာနဂါး ကျောင်းတော်ရဲ့ ကျောင်းအုပ်ကို အရင်သတ်သင့်ပြီ ”
ကျန်းရီသည် နေရာရွှေ့ပြောင်းပြီး ပြန်ပေါ်လာပြီးနောက် ကျောင်းအုပ်ယွီကို နီရဲသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကာ လေထဲမှ ခပ်ဖျော့ဖျော့ အပြုံးနှင့်အတူ ပျောက်ကွယ်သွား၏။
***