← Chapters

ဝူယောင် ၂

Vol. 51 Ch. 706

ဝူယောင် ၂

Vol. 51 Ch. 706

ဝုန်း.....

မိုးကြိုးတိမ်တိုက်များမှာ ဝူအင်ပါယာအား စိုးမိုးခြယ်လှယ်ထားလျက် ရှိသည်။လေထုဖိအားမှာ အဆမတန် များပြားနေသကဲ့သို့ ဖြစ်နေသည်။

ဝူဘုရင်မှာ နန်းတော်စင်္ကြံတလျှောက် ဖြည်းညင်းစွာ လျှောက်လှမ်းနေပြီး ဝူဟောင်မှာလည်း အနောက်မှ လိုက်ပါလာသည်။ ဝူဟောင်မှ ဝူဘုရင်အားကြည့်ကာ မေးလိုက်သည်။ "သားတော်တို့ ဘယ်ကိုသွားနေကြတာလဲဟင်။"

ဝူဘုရင်မှာ အတော်ကြာမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ဝူဟောင်...မင်းကမြင့်မြတ်တဲ့နဂါးကောင်းချီးနဲ့ ဘုရင်ဖြစ်ဖို့ မွေးလာတဲ့သူပဲ။ တစ်ချိန်ကြရင် လောကကိုးခုလုံးက မင်းကိုရိုသေလေးစားကြရလိမ့်မယ်။"

ဝူဟောင်မှ ပြုံးကာပြန်၍ပြောလိုက်သည်။ "သားတော် ဒါတွေကို သိပြီးသားပါ။"

သူ၏အသံမှာ ယုံကြည်ချက်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။

သူသည် ငယ်စဉ်ကတည်းက လူအများ အမြဲတစေ အံ့အားသင့်စရာကောင်းလောက်အောင် ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်ခဲ့သည်။

ထို့ကြောင့်ပင် ဝူဟောင်ကိုယ်တိုင်သည်လည်း မိမိကိုယ်ကို သာမန်ထက် ထူးခြားသူဟု ခံယူထားခဲ့သည်။

ဝူဘုရင်မှာ ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် စကားဆိုလိုက်သည်။ "ဒါပေမယ့် မင်းဆီမှာ မြင့်မြတ်သောနဂါးကောင်းချီးက တဝက်ပဲရှိတာလေ။ ကျန်တဲ့တဝက်က ဝူယောင်ဆီမှာမလား။ အခုငါက ဝူယောင့်ဆီက နဂါးကောင်းချီးကို မင်းကိုလွှဲပေးမလို့။"

ဝူဟောင်မှာ အနည်းငယ်မျှ တွေဝေသွားဟန်ဖြင့် ပြောလိုက်သည်။ "ခမည်းတော်....ဝူယောင့်ဆီကနေ နဂါးကောင်းချီးကိုထုတ်ရင် သူမ နာမှာလားဟင်။"

ဝူဟောင်မှာ ငယ်ရွယ်သော ကလေးတစ်ယောက် ဖြစ်ပါသော်လည်း အတော်အတန် ရင့်ကျက်နေနှင့်ပြီ ဖြစ်သည်။

ဝူဘုရင်မှ တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။ "နည်းနည်းပါးပါးလောက်ပဲ နာမှာပါ။ သူမ အသက်အန္တရာယ် ထိခိုက်မှာမဟုတ်ဘူး။"

ဝူဟောင်မှာ တွေဝေနေလျက် ရှိသည်။

ဝူဘုရင်မှာ ဝူဟောင်အားကြည့်ကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ဝူဟောင်....အနာဂတ်မှာ ဝူယောင်လက်ထပ်မယ်ဆိုရင် မင်းခွင့်ပြုမှာလား။"

ဝူဟောင်မှာ ချက်ချင်းဆိုသလို ပြန်လည်တုံ့ပြန်လိုက်သည်။ "ဒီလောကကြီးမှာ ဝူယောင်နဲ့ ထိုက်တန်တဲ့သူ ရှိလို့လား။"

ဝူယောင်မှာ ဝူဟောင်၏ အမွှာဖြစ်ပြီး အသန့်စင်ဆုံးသောသွေးကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ ထို့အပြင် နှစ်ဦးစလုံးမှာ နဂါးကောင်းချီးအား ခွဲဝေလက်ခံထားကြသောကြောင့် ဝူဟောင်အနေဖြင့် ဝူယောင့်အပေါ်တွင် အတော်ပင် တခြားသူများထက် နီးစပ်သည်ဟု ခံစားခဲ့ရသည်။

ထိုနီးစပ်သည်ဟု ခံစားရသောစိတ်ကြောင့်ပင် ဝူဟောင်မှာ တဖြည်းဖြည်းနှင့် ဝူယောင့်အပေါ် စိုးမိုးခြယ်လှယ်ချင်လာသည်။ ထို့ကြောင့် ဝူယောင်မှ အရေးမကြီးသော တစ်စုံတစ်ခုအပေါ် ဂရုစိုက်နေသည်ကို မြင်တွေ့ရလျှင် ထိန်းချုပ်မရအောင် ဒေါသထွက်မိသည်အထိ ဖြစ်သည်။

ဝူဟောင်၏ အမြင်တွင်မူ ဒီကမ္ဘာလောက တစ်ခွင်လုံးတွင် ဝူယောင်နှင့် ထိုက်တန်သောသူမှာ သူတစ်ဦးတည်းသာ ရှိလေသည်။

အနာဂတ်တွင် ဝူယောင် လက်ထပ်ထိမ်းမြားမည့်ကိစ္စကိုလည်း ဝူဟောင့်အနေဖြင့် မည်သို့မျှ လက်မခံနိုင်ပေ။

ဝူဘုရင်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ဝူယောင့်မှာသာ နဂါးကောင်းချီး မရှိတော့ရင် သူမဘယ်တော့မှ ကျင့်ကြံလို့ရတော့မှာ မဟုတ်ဘူး။ အဲ့အခါကြရင် သူမမှာ ရွေးချယ်စရာမရှိပဲ တသက်လုံး နန်းတော်ထဲမှာ နေရလိမ့်မယ်။ မင်းလည်းသူမကို စိတ်ကြိုက်ကာကွယ်ထားလို့ ရတယ်။ သူမကလည်း မင်းစကားကို နားထောင်လာလိမ့်မယ်။"

ဝူဟောင်မှာ အချိန်အတော်ကြာမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဝူဘုရင်၏စကားအား ခေါင်းညိတ်လက်ခံလိုက်သည်။

ဝူဘုရင်မှ ဝူဟောင်၏ခေါင်းအားပုတ်ကာ ပြောလိုက်သည်။

"လိမ္မာတယ်..."

အနက်ရောင်တိမ်ထုများမှာ ကောင်းကင်အား ကြီးစိုးထားသကဲ့သို့ မိုးချုန်းသံများလည်း ထွက်ပေါ်နေလျက် ရှိသည်။ စင်္ကြံတလျှောက် လျှောက်လှမ်းလာနေသော ဝူဘုရင်မှာ နန်းတော်၏အတွင်းပိုင်းတစ်နေရာသို့အရောက်တွင် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

ထိုနေရာတွင် ကျောက်ဖျာတချပ်ရှိနေပြီး ဝူယောင်မှာ သတိမရှိသော အနေအထားဖြင့် ကျောက်ဖျာပေါ်တွင် လှဲလျောင်းရက်သား ရှိနေသည်။

ကျောက်ဖျာချပ်၏အောက်ခြေတွင် ထူးခြားသော မူလမှော်စာလုံးများစွာ ရေးထွင်းထားလေသည်။

"အဲ့မှာသွားလှဲနေ..." ဝူဘုရင်မှာ ဝူယောင်၏ဘေးတွင်ရှိနေသော နောက်ထပ်ကျောက်ဖျာချပ်တစ်ခုအား ညွှန်ပြလိုက်သည်။

ဝူဟောင်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျောက်ဖျာချပ်ထားရာ စင်မြင့်ပေါ်သို့ တက်လှမ်းသွားသည်။ သူသည် သတိမရှိသည့် ဝူယောင်အား အချိန်အတန်ကြာအောင် ငေးမော​ကြည့်ရှုနေပြီးနောက် ကျောက်ဖျာချပ်ပေါ် လှဲအိပ်ကာ သူမ၏အေးစက်နေသော လက်အား ဆုပ်ကိုင်ထားလိုက်သည်။

ဝူဟောင်မှ နူးညံ့ညင်သာစွာ ပြောလိုက်သည်။ "ဝူယောင်...ဒီလောကကြီးထဲမှာ နင်နဲ့ငါပဲ အတူရှိဖို့ ထိုက်တန်တယ်။"

ဝူဘုရင်မှာ လက်နှစ်ဖက်အားမြှောက်လျက် စင်မြင်ပေါ်ရှိ မူလမှော်စာလုံးများအား စတင်ထိန်းချုပ်လိုက်သည်။

မှော်စာလုံးများမှာ အသက်ဝင်လာပြီးနောက် ဝူယောင်နှင့် ဝူဟောင်တို့၏ ခန္ဓာကိုယ်ပေါ်သို့ တွယ်တက်လာကြတော့သည်။

မှော်စာလုံးတစ်ခုမှာ ဝူယောင်၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။ သတိမရှိသော အနေအထား၌ပင် ဝူယောင်၏ မျက်နှာလေးမှာ အလွန်နာကျင်နေဟန် ရှိလေသည်။ ထို့နောက် ဝူယောင့်ထံမှ သွေးအဆီအနှစ်များ စိမ့်ထွက်လာကာ တွဲထားသောလက်များမှတဆင့် ဝူဟောင့်ထံ စီးဝင်သွားသည်။

နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသဲ့သဲ့မှာ ဝူနန်းတော်အတွင်း ပဲ့တင်ထပ်နေလျက် ရှိသည်။

ဝူဘုရင်မှာ လေးနက်သောအမူအရာဖြင့် မှော်စာလုံးများကို ဆက်လက်ထိန်းချုပ်နေလျက် ရှိသည်။ သူ၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှု အငွေ့အသက်များဖြင့် လင်းလက်တောက်ပနေလေသည်။ ယနေ့ နဂါးကောင်းချီး လွှဲပြောင်းခြင်းသာ ကောင်းမွန်စွာ အောင်မြင်သွားပါက အနာဂတ်တွင် ဝူဟောင်မှာ အတိုင်းအဆမရှိ အောင်မြင်နိုင်တော့မည် ဖြစ်သည်။

ထိုသို့ဖြစ်လာပါက ဝူအင်ပါယာကြီးမှာလည်း အမြဲတစေ တည်တံ့သွားနိုင်မည်ပင် ဖြစ်သည်။

"အရှင်မင်းကြီး....ဘာလုပ်နေတာလဲ။"

ကျယ်လောင်လှသော အော်ဟစ်သံတစ်ခု ရုတ်ချည်းဆိုသလို ထွက်ပေါ်လာသည်။

ဝူဘုရင်မှ လှည့်ကြည့်လိုက်သောအခါတွင် ဖြူရော်နေသော မျက်နှာဖြင့် ပြေးလာနေသော ဧကရီဖြစ်သူအား တွေ့လိုက်ရသည်။

ဝူဘုရင်မှ တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။ "ဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်ဘူး။ သွားပြီးအနားယူနေလိုက်။"

ဧကရီမှာ ဝူဟောင်နှင့်ဝူယောင်အားကြည့်ကာ အော်ဟစ်လိုက်သည်။ "အရှင်မင်းကြီး....ဝူယောင်အပေါ် နည်းနည်းလေးတောင် မစဉ်းစားပေးဘူးလား။ အရှင်မင်းကြီး နှလုံးသားမဲ့လှချည်လား။"

ဝူဘုရင်မှ အလေးပင်မထားဟန်ဖြင့် ပြောလိုက်သည်။ "ငါက ဝူယောင်ဆီက နဂါးကောင်းချီးကို ဝူဟောင့်ဆီ လွှဲပေးရုံပါပဲ။ အနာဂတ်မှာ သူမ ကျင့်ကြံလို့မရတော့မှာကလွဲရင် အသက်အန္တရာယ် ရှိမှာလည်း မဟုတ်ပဲနဲ့။"

ဧကရီမှ ကျယ်လောင်စွာ လှောင်ပြောင်ရယ်မောလိုက်သည်။ "ဟားဟားဟား.....အရာအားလုံးက ရှင့်မျက်စိထဲမှာ သက်မဲ့ဝတ္ထုတွေပဲလား။"

"အရင်တုန်းကလည်း ရှင့်ရဲ့အကြံအစည်တွေ အောင်မြင်ဖို့အတွက် ကျွန်မရဲ့ကိုယ်ဝန်ကို သုံးနှစ်မကြာကြာအောင် လုပ်ခဲ့တယ်။ ကျွန်မ ဘယ်လောက်ထိ နာကျင်ရမလဲဆိုတာတောင် ရှင်မတွေးပေးခဲ့ဖူးဘူးမလား။ အခုကျွန်မ အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူးဆိုတာရော ရှင်သိရဲ့လား။"

"ဒါတောင်မှ ကျွန်မ ရှင့်ကို အပြစ်မမြင်ရက်ခဲ့ဘူး။ ဝူဟောင်နဲ့ ဝူယောင်ကို ကျွန်မ လိုလိုလားလား မွေးဖွားပေးခဲ့တယ်။"

"ဒါပေမယ့်....ရှင်ကဘာလို့ ယောင်အာလေးအပေါ် အရမ်းရက်စက်နေရတာလဲ။"

ဧကရီမှာ ဝူဘုရင်အား ရုတ်ချည်းဆိုသလို ပါးချလိုက်ကာ မျက်ရည်အဝဲသားဖြင့် ပြောလိုက်သည်။ "ယွမ်အာလေးကို လွှတ်ပေးလိုက်ပါ။ ကျွန်မ ရှင့်ကို တောင်းပန်ပါတယ်။"

သူမသည် ဝူဘုရင်၏လက်မောင်းများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက် ရှိသည်။

ဝူဘုရင်မှာ မှော်စာလုံးများပေါ်တွင်သာ အာရုံစိုက်နေပြီး ဧကရီအား အနည်းငယ်မျှပင် အလေးမထားဟန်ဖြင့် အော်ဟစ်လိုက်သည်။ "ဟာ....ဖယ်စမ်းပါ။ ဒီမိန်းမကတော့..."

ဝုန်း.....

ဝူဘုရင်၏ ခန္ဓာကိုယ်မှ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။

ဧကရီမှာ ကျင့်ကြံထားခြင်း မရှိသည့်အပြင် သူမ၏ခန္ဓာကိုယ်မှာလည်း လွန်စွာအားနည်းနေသောကြောင့် ယင်းချီစွမ်းအင်လှိုင်းများကို ခံနိုင်ရည်မရှိပဲ အဝေးသို့လွင့်စင်သွားရသည်။ ထို့နောက် ကျောက်ဆောင်တစ်ခုနှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားပြီးနောက် သွေးများအလွန်အကျွံ ထွက်လာရတော့သည်။

"ဧကရီ...." ဝူဘုရင်မှာ ထိုအချိန်၌  သတိဝင်လာပါသော်လည်း နဂါးကောင်းချီး လွှဲပြောင်းခြင်းပေါ်တွင်သာ အာရုံစိုက်ရမည် ဖြစ်သောကြောင့် မည်သို့မျှ မတက်နိုင်ပဲ ဧကရီဖြစ်သူထံမှ အကြင်နာတရားကင်းမဲ့စွာ အကြည့်လွှဲလိုက်ရသည်။

ဧကရီဖြစ်သူမှာ နဖူးထက်မှသွေးများ မျက်နှာတလျှောက် စီးဆင်းနေသောကြောင့် အကြည့်များ ဝေဝါးလာရသည်။

သူမသည် အားအင်ချိနဲ့စွာဖြင့် စင်မြင့်ထက်မှ ဝူယောင်၏ သေးငယ်သော ခန္ဓာကိုယ်လေးအား ဆွဲချနိုင်ရန် ကြိုးစားလိုက်ပါသော်လည်း သူမ၏လက်မှာ မြေပြင်ပေါ်သို့သာ ကျသွားရသည်။

သူမ၏အမြင်အာရုံများအားလုံးမှာ မှောင်မိုက်သွားခဲ့ပြီ ဖြစ်သည်။

ယောင်အာ.....မယ်တော် မကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်.....

အတိတ်ကာလ၌ ဝူဘုရင်၏ တောင်းဆိုချက်အား သူမ မလိုက်လျောခဲ့သင့်ပေ။ သူမ၏ ပဋိသန္ဓေကိုသာ သုံးနှစ်ကြာသည်အထိ မစောင့်ခဲ့ပါက ယခုကိစ္စများ တစ်ခုမှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

ကြီးမြတ်သောဇူအင်ပါယာအား ပုန်ကန်ထကြွသည့်ကိစ္စ မဖြစ်လာခဲ့လျှင် မြင့်မြတ်သောနဂါးကောင်းချီးကြောင့် ဖြစ်ပေါ်နေရသော ယခုပြဿနာများ ရှိလာမည် မဟုတ်ပါချေ....

ဝုန်း....

ကျယ်လောင်လှသောအသံနှင့်အတူ ကြီးမားလှသော နဂါးတစ်ကောင်နှင့်တူသည့် မိုးကြိုးလှိုင်းကြီးမှာ ကောင်းကင်တစ်ခွင် လျှပ်ပြေးသွားသာည်။

ထိုအချိန်မှာပင် ကျောက်ဖျာချပ်ပေါ် ရှိနေသော ဝူယောင်၏မျက်လုံးများမှာ ရုတ်တရက် ပွင့်ဟလာလေသည်။ ထို့နောက် ဝူယောင်မှာ အလျင်စလိုဖြင့် ကျောက်ဖျာပေါ်မှဆင်းကာ စင်မြင့်၏အောက်နေရာအား ငုံ့ကြည့်လိုက်သည်။

သူမ၏သွေးများ အိုင်ထွန်းနေသော ကျောက်ချာချပ်၏ စင်မြင့်အောက်တွင် မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်မှာ စတင်အေးစက်နေပြီ ဖြစ်သည်။

ဝူယောင် ရုတ်တရက် နိုးထလာလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် ဝူဘုရင်မှာ အံ့အားသင့်နေရသည်။

"မယ်....မယ်တော်...." ဝူယောင်မှာ တုန်ရီစွာဖြင့် စင်မြင့်ထက်မှ ဆင်းလာခဲ့သည်။

"ဝူယောင်..." ဝူဟောင်မှာလည်း ကျောက်ဖျာပေါ်မှ ထလိုက်ပြီးနောက် ဝူယောင်၏လက်အား တင်းကြပ်စွာ ဆွဲထားလိုက်သည်။

ဝုန်း....

သို့သော် ဝူယောင်ထံမှ ပြင်းထန်လွန်းလှသော ချီစွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် သူမသည် ဝူဟောင်အား ကြမ်းတမ်းစွာ ထိုးနှက်လိုက်သည်။

"အား...."

ထိုးနှက်ချက်မှာ ပြင်းထန်လှသဖြင့် ဝူဟောင်မှာ အဝေးသို့ လွင့်စင်သွားရုံမျှမက ပါးစပ်အပြည့် သွေးများကိုပါ အန်ထုတ်လိုက်ရသည်။

ဝူဟောင်မှာ အံ့အားသင့်စွာဖြင့် ဝူယောင်အား ငေးမောကြည့်ရှုနေမိသည်။ ဝူယောင်ထံမှ ထွက်ပေါ်နေသော ချီစွမ်းအင်လှိုင်းများမှာ သူ့ထက်ပင် အဆပေါင်းများစွာ ပိုမိုသန်မာနေလေသည်။

"ထွက်သွားစမ်း..." ဝူယောင်မှာ တိုးညင်းစွာ ရေရွတ်လိုက်ပြီးနောက် စင်မြင့်ပေါ်မှ ဆင်းလိုက်သည်။

ဝူယောင်အား အံ့အားသင့်စွာ ကြည့်ရှုနေသော ဝူဘုရင်မှာ ပျော်ရွှင်ခြင်းများ ပြည့်နှက်လာရတော့သည်။

"စွမ်းအင်ဝင်ပေါက် ကိုးခုလုံး ပွင့်သွားပြီပဲ။"

"ဝူယောင်က နဂါးကောင်းချီးကို လှုပ်နှိုးလိုက်နိုင်ပြီပေါ့။"

ဝူယောင်မှာ ဝူဘုရင်အား အလေးပင်မထားဟန်ဖြင့် ဧကရီ၏ ရုပ်အလောင်းကိုသာ တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။

ဝုန်း...ဂျိမ်း

လျှပ်စီးများမှာ ညဉ့်ကောင်းကင်အား ခြယ်လှယ်၍ တန်ဆာဆင်ထားသည့်အလား ပြိုးပြိုးပြက်ပြက် လင်းလက်လှပေသည်။

ကောင်းကင်ယံမှ မိုးတိမ်လွှာကန့်လန့်ကာ ဖွင့်ချလိုက်သကဲ့သို့ သန်းထန်လှသော မိုးစက်မိုးပေါက်များ ကမ္ဘာမြေပေါ် ခုန်ပေါက်သက်ဆင်း၍သာ ရွာလေတော့သည်။

"မယ်တော်..."

"မယ်တော်....ထပါဦး...."

"သမီးယောင်အာလေ...မယ်တော်ရဲ့...ထလာပါဦး..."

"အနာဂတ်မှာ ကိုယ့်ကိုယ်ကို စောင့်ရှောက်ပါ့မယ်ဆိုတဲ့ကတိကို တည်ပေးပါ့မယ်။ ယောင်အာ့ဆီ ပြန်လာပါဦး မယ်တော်ရဲ့...."

ယောင်အာမှာ အလွန်ပင် ဝမ်းနည်းနေသောကြောင့် သူမ၏နောက်တွင် ဇာမဏီငှက်တစ်​ကောင် နိုးထလာကာ မီးလျှံများနှ​င့် ပေါင်းစပ်သွားသည်ကို သတိမထားမိခဲ့ချေ။

..........

ဝူအင်ပါယာမှာ ဧကရီဖြစ်သူ၏ လွမ်းဆွတ်တမ်းတပွဲကို ကျင်းပနေလျက် ရှိသည်။

ဝူယောင်မှာ ကြီးမားသော ခေါင်းတလားကြီး၏ရှေ့တွင် အဖြူရောင် အဝတ်အစားများ ဆင်မြန်းထားလျက် တိတ်ဆိတ်စွာ ဒူးထောက်ထိုင်နေလေသည်။ တစ်ချိန်က ခံစားချက်မျိုးစုံ အရောင်စုံခဲ့ဖူးသော သူမ၏မျက်နှာလေးမှာ မည်သည့်ခံစားချက်မှ မပြတက်သည့် အရုပ်တစ်ရုပ်အလား ဖြစ်နေသည်။ သူမသည် ခံစားချက်ကင်းမဲ့စွာဖြင့် မီးပုံထဲသို့ ငွေစက္ကူများ ပစ်ထည့်နေလျက် ရှိသည်။ ဝူယောင်မှာ လက်များလောင်ကျွမ်းနေသည့်တိုင်အောင် မည်သည့်စကားမှ မပြောပဲ တိတ်ဆိတ်စွာဖြင့်သာ ဆက်လက်ထိုင်နေခဲ့လေသည်။

အမျိုးသမီးအချို့မှာလည်း ဝူယောင်၏နောက်တွင် ဒူးထောက်ထိုင်နေကြလျက် ရှိသည်။

၎င်းတို့မှာ မည်မျှကြာအောင် ဒူးထောက်ထိုင်နေရမည်ကို မသိကြချေ။ ဝူယောင်၏ မျက်ဝန်းများမှာလည်း အေးစက်ခက်ထန်နေချက်သာ ရှိသောကြောင့် မည်သူကမှ သူမအား မေး​မြန်းခြင်း မပြုရဲကြပေ။ အတိတ်တစ်ချိန်က အမြဲလိုလို ပြုံးရွှင်နေတက်သော ဝူယောင်၏ ဖြူစင်သော အပြုံးများသည်လည်း သည်းထန်စွာ ရွာသွန်းခဲ့သော မိုးရေများနှင့်အတူ မျှောပါသွားခဲ့လေပြီ။

ဝူယောင်၏ အနီးတွင် ရှိနေသော အစေခံများမှာ ယခင်ကနှင့်မတူပဲ ပြောင်းလဲသွားသော မင်းသမီးလေးကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြရသည်။

ဝူယောင်မှာ ခေါင်းအားမော့လိုက်ပြီးနောက် နန်းတော်အား ကြည့်ရှုလိုက်သည်။

ဧကရီ၏ ဇာပနအချိန် ဖြစ်နေပါသော်လည်း နန်းတော်အတွင်း၌ ပျော်ပွဲရွှင်ပွဲများ ကျင်းပနေသည်ကို ဝူယောင် သိရှိနေလေသည်။ ဝူနန်းတော်အတွင်း၌ သူမ၏ နဂါးကောင်းချီး နိုးထလာမှုအပေါ် အောင်ပွဲခံနေကြခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယခုဆိုလျှင် သူမ၏ နဂါးကောင်းချီး နိုးထလာပြီဖြစ်သောကြောင့် ဝူအင်ပါယာကြီးမှာ ပိုမိုတောင့်တင်းလာတော့မည်ဖြစ်သောကြောင့် ဖြစ်သည်။

"ဘယ်လောက်တောင် ရယ်ရလိုက်သလဲ...အဟက်။"

ဝူယောင်မှာ တိုးညင်းစွာ ရေရွတ်လိုက်ပြီးနောက် လောင်ကျွမ်းနေသော ငွေစက္ကူစအား အနည်းငယ် မြှောက်တင်လိုက်သည်။

ငွေစက္ကူစအား မီးစများမှ လောင်ကျွမ်းသုံးဆောင်နေလေသည်။

မုန်းစရာကောင်းတဲ့ နန်းတော်...ရွံစရာကောင်းတဲ့မြို့တော်နဲ့ စက်ဆုပ်ဖို့ကောင်းတဲ့လူတွေ....ပြီးတော့....မသတီစရာအကောင်းဆုံး နဂါးကောင်းချီး.....

မယ်တော်ပြောတာမှန်တယ်....ဒီလောကကြီးမှာ လုံလောက်တဲ့ စွမ်းအင်ရှိမှပဲ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှာ.....

အဲ့ဒါကြောင့် သမီးတော်က တစ်လောကလုံးမှာ အသန်မာဆုံးလူ ဖြစ်လာစေရမယ်.....

ပြီးတော့ အမေ ဒီနန်းတော်ကြီးကို ဘယ်တုန်းကမှ သဘောမကျမှန်း သမီးသိပါတယ်....အမေက ဝူအင်ပါယာကိုတောင် တစ်ခါမှ မနှစ်သက်ခဲ့ဖူးဘူးမလား.....

အဲ့ဒါကြောင့်.....

တစ်ချိန်ကြရင် မယ်တော့်အတွက် ဒီနန်းတော်ကြီး တစ်ခုလုံးကို မီးလောင်ပြာချပစ်မယ်....

ဝူယောင်မှာ တွေးတောလိုက်ပြီးနောက် မျက်ဝန်းများကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။

ထို့နောက် မျက်ဝန်းများ ပြန်လည်ပွင့်ဟလာချိန်တွင် တစ်ချိန်ကလွန်စွာ နူးညံ့ကြင်နာခဲ့ဖူးသော အငွေ့အသက်များမှာ အေးစက်ခက်ထန်မှုများဖြင့်သာ ပြည့်နှက်သွားရသည်။

ဒီနေ့ကစပြီး.....

ငါကအရင်က ဝူယောင်မဟုတ်တော့ဘူး....

တစ်ချိန်ကြရင် ဒီလောကကြီးရဲ့ နံပါတ်တစ်ဖြစ်လာမယ့် ဝူယောင်ပဲ....

All Chapters