← Chapters

သခင်မမက်မွန်ပွင့်၏ ဒေါသ၊ ငါ့ကို အလိုရှိတိုင်းအသုံးပြုနိုင်တဲ့ မိန်းမလို့ ထင်နေတာလား(၃)။

Vol. 28 Ch. 321

သခင်မမက်မွန်ပွင့်၏ ဒေါသ၊ ငါ့ကို အလိုရှိတိုင်းအသုံးပြုနိုင်တဲ့ မိန်းမလို့ ထင်နေတာလား(၃)။

Vol. 28 Ch. 321

အခြားတစ်နေရာ၊ ဟေးရှားနန်းတော်၏ ဌာနချုပ်တွင်...။

အသက်တံဆိပ်ပြားများ ကွဲအက်သွား၍ ကင်းမြီးကောက်နီသခင်တို့၏ သေဆုံးမှုသတင်းကို ရရှိပြီးနောက် ကျင့်ကြံသူအများအပြား တုန်လှုပ်သွားကြသည်။

ဝိညာဉ်သန္ဓေသားဂိုဏ်းများအတွင်း၌ပင်၊ ရွှေအမြုတေဆရာသခင်များသည် အတော်လေး ရာထူးမြင့်ကြသည်။

ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးများ ရှားပါးမှုကြောင့်၊ ပင်လယ်နယ်မြေ၏ ကြီးမားသော အစိတ်အပိုင်းများကို ရွှေအမြုတေဆရာသခင် အရေအတွက်အများအပြားဖြင့် စီမံခန့်ခွဲရန် လိုအပ်သည်။

ရွှေအမြုတေဆရာသခင်တိုင်းသည် သူတို့၏ ကိုယ်စားအုပ်ချုပ်သူများ ဖြစ်ကြသည်။

ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးများက ဘုရင်များဆိုလျှင်၊ ရွှေအမြုတေဆရာသခင်များက သူတို့၏ မှူးမတ်များ ဖြစ်ကြသည်။

မှူးမတ်ငါးဦး သေဆုံးမှုသည် သေချာပေါက် ဆူညံပွက်လောရိုက်မှုကို ဖြစ်ပေါ်စေလိမ့်မည်။

"အတိအကျ ဘာဖြစ်ခဲ့တာလဲ… ကင်းမြီးကောက်နီသခင်နဲ့ တခြားသူတွေကို ဘယ်သူ သတ်လိုက်တာလဲ…"

ဟေးရှားနန်းတော်မှ ရွှေအမြုတေ ကြိးကြပ်ရေးမှုးတစ်ဦး၏ မျက်နှာထား မကောင်းပေ။

ကင်းမြီးကောက်နီသခင်နှင့် အခြားသူများ၏ အင်အားကို သူ ရှင်းလင်းစွာ နားလည်သည်။ သာမန် ရွှေအမြုတေ ကျင့်ကြံသူများသည် သူတို့ကို သတ်ဖြတ်ရန် ခဲယဉ်းသည်။

ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါး ပါဝင်ပတ်သက်မလာသရွေ့၊ သူတို့ မနိုင်လျှင်ပင်၊ ထွက်ပြေးနိုင်ကြသည်။

"ဒီကာလအတွင်း… ကင်းမြီးကောက်နီသခင်နဲ့ တခြားသူတွေက ဝူကျိမဟာမိတ်အဖွဲ့ရဲ့ ပင်လယ် နယ်မြေထဲမှာ လှုပ်ရှားနေခဲ့ကြတယ်…"

"သတင်းတွေအရ… သူတို့က နယ်မြေထဲက ပရမ်းပတာဖြစ်ရပ်တွေကို အခွင့်ကောင်းယူပြီး ကြွယ်ဝချမ်းသာမှုနဲ့ အရင်းအမြစ်တချို့ကို လုယက်ဖို့ စီစဉ်ထားကြတယ်.."

"မကြာသေးမီက… သူတို့ ကြယ်သုံးပွင့်ကျွန်းစုလို့ လူသိများတဲ့ အသစ်ထွန်းကားလာတဲ့ ကျွန်းစုတစ်ခုကို မျက်စိကျနေပုံရတယ်…"

"ဒီကျွန်းစုက လွန်ခဲ့တဲ့ ၁၀နှစ်ကနေ နှစ်၂၀အတွင်း အလျင်အမြန် ထွန်းကားလာခဲ့တာ.. လူဦးရေ သန်းဆယ်ချီ ရှိပြီး.. ကြွယ်ဝချမ်းသာမှုတွေ နေ့စဉ် စီးဝင်နေတယ်…"

"ဒါကြောင့် သူတို့ သွားပြီး စီးနင်းချင်ခဲ့ကြတာပဲ…"

"သူတို့ ကြယ်သုံးပွင့်ကျွန်းစုမှာ အဆုံးသတ်သွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ…"

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူတစ်ဦးက ချက်ချင်း သတင်းပို့လိုက်သည်။ ဟေးရှားနန်းတော်အတွက် ထောက်လှမ်းရေးကို စီမံခန့်ခွဲသော ရွှေအမြုတေဆရာသခင် တစ်ဦးအနေဖြင့်၊ ဟေးရှားနန်းတော်၏ ရွှေအမြုတေဆရာသခင်များ၏ တည်နေရာကို သူ သေချာစွာ သိရှိထားသည်။

"ကြယ်သုံးပွင့်ကျွန်းစု ဟုတ်လား… အဲ့ဒါ ဘာများ ထူးခြားလို့လဲ…"

"ငါတို့ ဟေးရှားနန်းတော်က ရွှေအမြုတေကျင့်ကြံသူ ငါးယောက် သေဆုံးတဲ့အထိ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…"

"ဒါ ဝူကျိမဟာမိတ်အဖွဲ့ရဲ့ ဖုံးကွယ်ထားတဲ့ အင်အားစုတွေထဲက တစ်ခု ဖြစ်နိုင်မလား…"

ဤအချိန်တွင် ဟေးရှားနန်းတော်၏ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးသည် သတင်းကို ကြားသိပြီးနောက်၊ လေးနက်သော မျက်နှာထားဖြင့် အပြေးအလွှား ရောက်ရှိလာသည်။

သူ၏နာမည်မှာ ဘိုးဘေးလီဟန် ဖြစ်ပြီး၊ ဟေးရှားနန်းတော်၏ အဆင့်မြင့်အဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်ကာ ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။

ကင်းမြီးကောက်နီသခင်နှင့် အခြားလေးဦးသည် သူ၏ တိုက်ရိုက် လက်အောက်ငယ်သားများ ဖြစ်ကြသည်။

သူ၏ သစ္စာရှိလက်အောက်ငယ်သားများ အသတ်ခံလိုက်ရသဖြင့်၊ သဘာဝအတိုင်း ဒေါသထွက်ပြီး အကြောင်းရင်းကို သိရှိလိုနေသည်။

"ဘိုးဘေးလီဟန်... အမှန်အတိုင်း ပြောရရင်.. ကျွန်တော်တို့လည်း ကြယ်သုံးပွင့်ကျွန်းစုအကြောင်း သေချာမရှင်းလင်းဘူး…"

"ဘာလို့လဲဆိုတော့ ဒီကျွန်းက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်းမှာမှ စတင်ထွန်းကားလာခဲ့တာမို့.. အရင်က ကျွန်တော် မကြားဖူးခဲ့ပါဘူး…"

"သူတို့က ဝေးလံခေါင်သီတဲ့ ပင်လယ်ပြင်ဧရိယာက ရွှေအမြုတေအင်အားစုတစ်ခု ဖြစ်ပြီး… မကြာသေးမီကမှ ဝူကျိမဟာမိတ်အဖွဲ့ကို ဝင်ရောက်ခဲ့တယ်လို့ ဆိုကြတယ်…"

"သူတို့ရဲ့ အစစ်အမှန်အင်အားက ဘာလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး…"

"အရင်တုန်းက ဝူကျိမဟာမိတ်အဖွဲ့ကို လွှမ်းမိုးခဲ့တဲ့ ဝူမျိုးနွယ် သိမ်းငှက်သုံးကောင်နဲ့ သွေးစွန်းမိစ္ဆာလိုမျိုး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပုဂ္ဂိုလ်တချို့ သူတို့ လက်ချက်နဲ့ သေဆုံးခဲ့တယ် ဆိုတာလောက်ပဲ သိရပါတယ်…"

"အခု… ကျွန်တော်တို့ ဟေးရှားနန်းတော်က ရွှေအမြုတေဆရာသခင် ငါးယောက်လည်း အဲ့ဒီမှာ ကျဆုံးခဲ့ပါတယ်…"

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူက သူ သိထားသော သတင်းအချက်အလက်များကို ချက်ချင်း မျှဝေလိုက်သည်။

"သောက်ကျိုးနည်း အင်မော်တယ်ရှားမြို့တော်... သူတို့က ငါ့ ဟေးရှားနန်းတော်ရဲ့ ကျင့်ကြံသူတွေကို သတ်ရဲတယ်ပေါ့…."

"လက်စားချေဖို့ ငါ ကျိန်ဆိုတယ်…"

"ငါတို့ အင်မော်တယ်ရှားမြို့တော်ကို စစ်တပ်တွေ ချက်ချင်း စေလွှတ်… ဒီချီးထုပ်အင်အားစုကို အမြစ်ဖြတ်ပြီး…ငါတို့ရဲ့ လက်စားချေမှုကို ရှာဖွေဖို့ အကြံပြုပါတယ်…"

ရွှေအမြုတေ ကြီးကြပ်ရေးမှုးတစ်ဦးက သူ၏ဒေါသကို ထုတ်ဖော်ပြသလိုက်သည်။

"တော်ပြီ… ဒါ ငါတို့ ဝူကျိမဟာမိတ်အဖွဲ့ကို ရင်ဆိုင်ဖို့ အရေးကြီးတဲ့အချိန်ပဲ… ဘာအမှားမှ ရှိလို့ မဖြစ်ဘူး…"

"ငါတို့ ဝူကျိမဟာမိတ်အဖွဲ့ရဲ့ နယ်မြေထဲမှာ မဆင်မခြင် ထွက်ပေါ်လာရင်… တစ်ခုခု မှားနေတယ် ဆိုတာ သူတို့ သေချာပေါက် သံသယ ဝင်ကြလိမ့်မယ်…"

"ကင်းမြီးကောက်နီသခင်နဲ့ တခြားသူတွေ သေဆုံးသွားတာ ဝမ်းနည်းစရာကောင်းပေမယ့်… ဒီကိစ္စအတွက် ငါတို့ အလုံးစုံမဟာဗျူဟာကို ထိခိုက်စေလို့ မဖြစ်ဘူး.."

ဘိုးဘေးလီဟန် ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။

လက်စားချေလိုစိတ်ဖြင့် ပြည့်နှက်နေပြီး၊ ချက်ချင်း လက်တုံ့ပြန်ရန် အင်မော်တယ်ရှားမြို့တော်သို့ သတ်ဖြတ် ဝင်ရောက်လိုသော်လည်း၊ သူ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အစီအစဉ်သည် အရေးကြီးသော အချိုးအကွေ့တွင် ရှိနေပြီး၊ အမှားအယွင်း ရှိ၍ မရနိုင်ပေ။

သူ၏ ခဏတာ စိတ်လိုက်မာန်ပါဖြစ်မှုကြောင့် ဟေးရှားနန်းတော်၏ နှစ်ပေါင်းများစွာ စီမံကိန်းကို ဖျက်ဆီးခွင့် ပြုလိုက်ပါက၊ သူသည် နန်းတော်အတွက် အပြစ်သား ဖြစ်လာပေလိမ့်မည်။

"ငါတို့ အခု အင်မော်တယ်ရှားမြို့တော်ကို ဆန့်ကျင်လှုပ်ရှားလို့ မရပေမယ့်… မင်း သွားပြီး သူတို့အကြောင်း သတင်းအချက်အလက်တွေ စုဆောင်းရမယ်…."

"ငါ့ ဟေးရှားနန်းတော်က အဖွဲ့ဝင်တွေကို သတ်ရဲတဲ့ ဒီအင်မော်တယ်ရှားမြို့တော်မှာ ဘယ်လို စွမ်းရည်တွေ ရှိလဲဆိုတာ ငါ သိချင်တယ်…"

"ဝူကျိမဟာမိတ်အဖွဲ့နဲ့ စစ်ပွဲ ပြီးတာနဲ့… ဒါ အင်မော်တယ်ရှားမြို့တော်အတွက် အဆုံးသတ် ဖြစ်လိမ့်မယ်…"

သတ်ဖြတ်လိုသော အရှိန်အဝါသည် ဘိုးဘေးလီဟန်ထံမှ စိမ့်ထွက်လာတော့သည်။

ယာယီ သည်းခံထားသော်လည်း၊ ဤရန်ငြိုးကို မေ့ပျောက်သွားသည်ဟု မဆိုလိုပေ။ သူ လက်စားချေမှုကို နှောင့်နှေးထားရုံသာ ဖြစ်သည်။

"ဟုတ်ကဲ့ပါ… ဘိုးဘေး"

ဟေးရှားနန်းတော်မှ ကျင့်ကြံသူအများအပြား ခေါင်းညိတ်လိုက်ကြသည်။

…….

ထိုအခိုက်အတန့်တွင်၊ သစ်သားကြယ်ကျွန်းပေါ်ရှိ တောင်တစ်လုံးပေါ်၌...။

ကျိုးစွေ့၏ ကိုယ်ပွားတစ်ခုသည် ကင်းမြီးကောက်နီသခင်နှင့် အခြား ရွှေအမြုတေ မိစ္ဆာကျင့်ကြံသူငါးဦး၏ သိုလှောင်အိတ်များကို ယူဆောင်ပြီး၊ ဝေးလံခေါင်သီသော တောင်ထွတ်တစ်ခုသို့ သွားရောက်ကာ၊ အင်မော်တယ်ရှားတောင်ထွတ်သို့ ပြန်မလာခဲ့ပေ။

မည်သို့ပင်ဖြစ်စေ၊ ဤရွှေအမြုတေ မိစ္ဆာကျင့်ကြံသူများသည် ကောက်ကျစ်သော အကြံအစည်များနှင့် ပြည့်နှက်နေသည်ဖြစ်ရာ၊ သိုလှောင်အိတ်များပေါ်တွင် မည်သို့သော လျှို့ဝှက်နည်းစနစ်များ ဖုံးကွယ်ထားမည်အား မည်သူမျှ မသိနိုင်ပေ။

သိပင်မသိလိုက်ရဘဲ၊ လှည့်စားခံရနိုင်ခြေ များလေသည်။

မှားယွင်းမှု တစ်စုံတစ်ရာကို ရှောင်ရှားရန်၊ ရွှေအမြုတေ မိစ္ဆာကျင့်ကြံသူများ၏ သိုလှောင်အိတ်များကို ရှာဖွေသည့်တာဝန်ကို သူ၏ ကိုယ်ပွားထံ လွှဲအပ်လိုက်သည်။

မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပွားခဲ့လျှင်ပင်၊ ကိုယ်ပွားကိုသာ ထိခိုက်စေမည် ဖြစ်ပြီး သူ၏ ပင်မခန္ဓာကိုယ်သည် ထိခိုက်မှုမရှိ ကျန်ရှိနေမည် ဖြစ်သည်။

သို့သော် ကိုယ်ပွား၏ သေချာစိစစ်မှုပြီးနောက်၊ ရွှေအမြုတေ မိစ္ဆာကျင့်ကြံသူငါးဦးသည် မည်သည့် အထူးနည်းလမ်းများကိုမျှ ချန်ထားရစ်ခဲ့ခြင်း မရှိကြောင်း တွေ့ရှိလိုက်ရသဖြင့်၊ နောက်ဆုံးတွင် စိတ်သက်သာရာရသွားပြီး သိုလှောင်အိတ်များထဲတွင် ကျန်ရစ်ခဲ့သော ရတနာများကို သေချာစွာ စစ်ဆေးမှု စတင်လိုက်သည်။

"ဝါး... ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်ပြီး ရွှေအမြုတေမိသားစု အများအပြားကို လုယက်ပြီးတဲ့နောက်…"

"သူတို့ တကယ်ပဲ ဒီလောက်များတဲ့ ထိပ်တန်းဝိညာဉ်ကျောက်တုံးတွေကို ရယူနိုင်ခဲ့တာပဲ.. အနည်းဆုံး ထိပ်တန်းဝိညာဉ်ကျောက်တုံး သုံးသိန်းလောက် ရှိမယ်.."

ကျိုးစွေ့ အံ့ဩတကြီး ဖြစ်နေမိသည်။

ကင်းမြီးကောက်နီသခင်နှင့် အခြားသူများထံတွင် ဤမျှများပြားသော ထိပ်တန်းဝိညာဉ်ကျောက်တုံးများ ရှိနေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ရိုးရှင်းစွာပင် လွန်ကဲလွန်းလှ၏။

ယခင်တစ်ခေါက် ရွှမ်ယင်ဂိုဏ်း၏ တပည့်ရင်းကို သတ်ဖြတ်ခဲ့စဉ်ကပင်၊ သူ ဤမျှများပြားသော ထိပ်တန်းဝိညာဉ်ကျောက်တုံးများ မရခဲ့ချေ။

ဤပစ္စည်းများသည် ကင်းမြီးကောက်နီသခင်နှင့် အခြားသူများ၊ အခြားကျင့်ကြံသူများထံမှ လုယက်ထားသော တရားမဝင်ပိုင်ဆိုင်မှုများ ဖြစ်ကြောင်း ထင်ရှားပေသည်။

ယခုတွင်မူ၊ သူ၏လက်ထဲသို့ ရောက်လာရချေပြီ။

ထိပ်တန်းဝိညာဉ်ကျောက်တုံးများ အပြင်၊ သိုလှောင်အိတ်များတွင် တတိယအဆင့် ဆေးလုံးများ၊ တတိယအဆင့် စိတ်ဝိညာဉ်ပစ္စည်းများ၊ တတိယအဆင့် စိတ်ဝိညာဉ်ဆေးဝါးများ စသည်ဖြင့် အမြောက်အမြားလည်း သိုလှောင်ထားသည်။

၎င်းသည် ပြည့်ကျပ်နေပြီး၊ ပေါင်းလိုက်သောအခါ၊ အနည်းဆုံး ထိပ်တန်းဝိညာဉ်ကျောက်တုံးတစ်သိန်းကျော် တန်ဖိုး ရှိသည်။

ဆိုလိုသည်မှာ၊ သိုလှောင်အိတ်ငါးခု၏ စုစုပေါင်းတန်ဖိုးသည် ထိပ်တန်းဝိညာဉ်ကျောက်တုံး လေးသိန်းကျော်လွန်သည်။

ရိုးရှင်းစွာပင်၊ ညတွင်းချင်း သူဌေးဖြစ်သွားသကဲ့သို့ပင်။

ဝမ်းနည်းစရာကောင်းသည်မှာ၊ သူ သိုလှောင်အိတ်များထဲတွင် မည်သည့် ဝိညာဉ်သန္ဓေသား စိတ်ဝိညာဉ်ပစ္စည်းများကိုမျှ မတွေ့ရှိခဲ့ပေ။

သို့သော် သေချာစဉ်းစားပြီးနောက်၊ ၎င်းသည် အတော်လေး ပုံမှန် ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ ရွှေအမြုတေဆရာသခင်တိုင်းတွင် ဝိညာဉ်သန္ဓေသား စိတ်ဝိညာဉ်ပစ္စည်းများ ရှိမည် မဟုတ်ပေ။

ဝိညာဉ်သန္ဓေသား စိတ်ဝိညာဉ်ပစ္စည်းများ ရယူခြင်းသည် လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။

"ဟမ်... ဒါ ဘာလဲ.."

ထိုအခိုက်အတန့်တွင်၊ ကျိုးစွေ့ သည် အမွေအနှစ် ကျောက်စိမ်းမှတ်တမ်းတစ်ခုကို တွေ့လိုက်သည်။ သူ၏ နတ်ဘုရားအာရုံကို အသက်သွင်းလိုက်ပြီး၊ ချက်ချင်းစစ်ဆေးလိုက်သည်။

ဝုန်း…။

ရုတ်တရက်၊ သတင်းအချက်အလက် အမြောက်အမြားသည် သူ၏ သိစိတ်ပင်လယ် အနက်ပိုင်းထဲသို့ စီးဝင်လာသည်။ ဤအမွေအနှစ် ကျောက်စိမ်းမှတ်တမ်းအကြောင်း သူ ချက်ချင်း သိလိုက်ရသည်။

ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး…။

ယင်းတွင် သတ်ဖြတ်ခြင်းအတွက် စိတ်ဝိညာဉ် လျှို့ဝှက်နည်းစနစ်များ မရေမတွက်နိုင်အောင် ပါဝင်သည်။

၎င်းသည် ကင်းမြီးကောက်နီသခင် လိုဏ်ဂူတစ်ခုမှ ရရှိခဲ့သော လျှို့ဝှက်နည်းစနစ် အမွေအနှစ်တစ်ခု ဖြစ်ပုံရသည်။

ဤ စိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်ကို အောင်မြင်စွာ ကျင့်ကြံပြီးသည်နှင့်၊ ၎င်းသည် နတ်ဘုရားအာရုံ၏ စွမ်းအားကို သာမန်မှော်ရတနာများ၏ အကာအကွယ်ကို လျစ်လျူရှုပြီး ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်မည့် မမြင်ရသော အဆိပ်ဆူးများအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။

ရန်သူ၏ ဝိညာဉ်စွမ်းအား မလုံလောက်လျှင်၊ သို့မဟုတ် သူတို့တွင် ဝိညာဉ်ကာကွယ်ရေး မှော်ရတနာများ မရှိလျှင်၊ သူတို့သည် ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး၏ ထိမှန်ခြင်းကို ခံရပေလိမ့်မည်။

ထို့နောက်၊ သူတို့၏ ဝိညာဉ်များ ချက်ချင်း ပြိုကွဲသွားမည် ဖြစ်ပြီး သေလမ်းသို့ မြန်းရပေလိမ့်မည်။

၎င်းကို အဆုံးမဲ့ နက်နဲဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသော ကြောက်မက်ဖွယ် ဝိညာဉ်လျှို့ဝှက်ပညာရပ် တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

All Chapters