စတုတ္ထအဆင့် စိတ်ဝိညာဉ်အမြစ်သို့ အဆင့်မြှင့်တင်ခြင်း၊ ပင်ကိုပါရမီ တိုးတက်မှု။
Vol. 28 Ch. 322
သို့ရာတွင်၊ ဤစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်ကို အောင်မြင်စွာ ကျင့်ကြံရန်မှာ မလွယ်ကူပေ။
၎င်းသည် အစွမ်းထက်သော စိတ်ဝိညာဉ်ပါရမီနှင့် ထူးကဲသောနားလည်နိုင်စွမ်းကို လိုအပ်သည်။
ကင်းမြီးကောက်နီသခင်သည် ဤစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်ကို လေ့လာရန် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ကုန်ခဲ့သော်လည်း၊ မည်သည့်အခါကမျှ တိုးတက်မှုမရှိခဲ့ပေ။
ဝမ်းနည်းစရာမှာ၊ သူသည် ယနေ့အထိတိုင် အခြေခံများကိုပင် နားမလည်နိုင်ခဲ့ချေ။
"အထင်ကြီးစရာပဲ… အရမ်းကို အထင်ကြီးစရာကောင်းတယ်…"
"လောကကြီးမှာ ဒီလို စိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်မျိုး ရှိနေတာပဲ.."
"ငါသာ ဒီစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်ရင်… ငါ့မှာ နောက်ထပ် ဝှက်ဖဲတစ်ချပ် ရှိလာမှာပဲ.."
ကျိုးစွေ့ စိတ်လှုပ်ရှားသွားသည်။
ဤစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်သည် သူ့အတွက် ပြီးပြည့်စုံစွာ ကိုက်ညီကြောင်း သူ ချက်ချင်းသိလိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ သူ၏ စိတ်ဝိညာဉ်ပါရမီသည် ထူးကဲစွာသန်မာပြီး၊ ဤလျှို့ဝှက်ပညာရပ်နှင့် အလွန်ပင် လိုက်ဖက်ညီနေသည်။
နားလည်နိုင်စွမ်းအတွက်မူ၊ 'စာအုပ်ကူ'၏ အကူအညီဖြင့် အထူးတလည် လိုအပ်ချက်မဟုတ်ချေ။
ထို့ကြောင့်၊ ဤစိတ်ဝိညာဉ် လျှိုဝှက်ပညာရပ်သည် သူ့အတွက် စိန်ခေါ်မှုမဟုတ်တော့ပေ။ အခြေခံများကို နားလည်သဘောပေါက်ခြင်းက ကလေးကစားစရာသာ ဖြစ်သည်။
ပြီးပြည့်စုံအောင် လုပ်ပြီးသည်နှင့်၊ ဤသေစေနိုင်သည့် စိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်ကို သူ ထိန်းချုပ်နိုင်ပေမည်။
ထိုအချိန်ကျလျှင်၊ မည်သည့်လှုပ်ရှားမှုမျှ လုပ်နေစရာမလိုဘဲ၊ အတွေးတစ်ချက်နှင့် ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူးကို သုံးကာ ရန်သူများကို သတ်ဖြတ်နိုင်ပေမည်။ ရန်သူများအနေဖြင့် မည်သို့သေဆုံးခဲ့ရသည်ကိုပင် သိလိုက်မည် မဟုတ်ချေ။
ဝှစ်...။
ဤအတွေးဖြင့်၊ ကျိုးစွေ့သည် အမွေအနှစ် ကျောက်စိမ်းမှတ်တမ်း၊ ထိပ်တန်းဝိညာဉ်ကျောက်တုံး အမြောက်အမြားနှင့် ရတနာအများအပြားကို ပြန်သယ်လာခဲ့ရန် ကိုယ်ပွားကို ညွှန်ကြားလိုက်သည်။
ထို့နောက်၊ သူသည် အမွေအနှစ် ကျောက်စိမ်းမှတ်တမ်းကို 'စာအုပ်ကူ'အား ဝါးမျိုခိုင်းလိုက်ရာ၊ စိတ်ဝိညာဉ်နည်းစနစ်နှင့် ပတ်သက်သော သတင်းအချက်အလက် အမြောက်အမြား သူ၏စိတ်ထဲသို့ စီးဝင်လာတော့သည်။
မကြာမီပင်၊ သူသည် ဤစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်ကို နက်ရှိုင်းစွာ နားလည်သဘောပေါက်သွားခဲ့သည်။
"ဆရာသခင်ကျိုး... ဘာဖြစ်လို့လဲ…"
ဤအခိုက်အတန့်တွင် ချူတျဲယီ နိုးလာပြီး၊ ကျိုးစွေ့၏ အမူအရာများကြောင့် မျက်လုံးများတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။
"ဘာမှမဖြစ်ပါဘူး.."
"အပြင်မှာ ယင်ကောင်တချို့ ရှိနေလို့ပါ.. ငါ ရှင်းပြီးပါပြီ…"
ကျိုးစွေ့ ညင်သာစွာ ပြုံးလိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ ရွှေအမြုတေ မိစ္ဆာကျင့်ကြံသူအနည်းငယ် ကျူးကျော်လာခြင်းသည် ကိစ္စအသေးအမွှားလေးသာ မဟုတ်လော။
ကိုယ်ပွားတစ်ယောက်တည်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်ဖြစ်ရာ၊ အထူးတလည် ကိစ္စမဟုတ်ချေ။
"ဆရာသခင်ကျိုး... ကျွန်မ လိုချင်သေးတယ်"
ချူတျဲယီ၏မျက်နှာ နီရဲနေပြီး၊ ကျိုးစွေ့ကို ဆွဲဆောင်မှုရှိသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဘာရယ်..."
သူမ၏ စကားများကို ကြားလိုက်ရသောအခါ၊ ကျိုးစွေ့ မနည်း ထိန်းချုပ်နေရသည်။
မကြာမီ၊ အိပ်ခန်းဆောင်သည် ထူးခြားသောအသံများဖြင့် တစ်ဖန်ပြန်လည်၍ ပြည့်နှက်သွားတော့သည်။
…
ငါးနှစ်ကြာပြီးနောက်...။
မျက်စိတစ်မှိတ်အတွင်း ငါးနှစ်တာ ကုန်လွန်သွားခဲ့သည်။
ဤငါးနှစ်အတွင်း၊ ကြယ်သုံးပွင့်ကျွန်းစုသည် ဘေးကင်းလုံခြုံစွာ ကျန်ရှိနေခဲ့သည်။
ဟေးရှားနန်းတော်မှ ရွှေအမြုတေကျင့်ကြံသူ ငါးဦးကို ကိုင်တွယ်ဖြေရှင်းပြီးနောက်၊ မည်သည့်ကျင့်ကြံသူမျှ အင်မော်တယ်ရှားမြို့တော်ကို ကျူးကျော်ရန် မဝံ့ရဲကြတော့ပေ။
ဤအရာသည် ထွက်ပြေးတိမ်းရှောင်နေရသော ကျင့်ကြံသူများကို ပိုမိုဆွဲဆောင်စေခဲ့ပြီး၊ မြို့တော်လူဦးရေကို မြင့်တက်စေကာ၊ ပိုမိုများပြားသော ကြွယ်ဝချမ်းသာမှုကို ယူဆောင်လာခဲ့သည်။
ဟေးရှားနန်းတော်၏ တပည့်များသည် မဆင်မခြင်လှုပ်ရှားရန် မဝံ့ရဲကြဘဲ၊ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေကြသည်။ ရွှေအမြုတေကျင့်ကြံသူ ငါးဦး ဆုံးရှုံးလိုက်ရခြင်းကို သူတို့ ထုတ်ဖော်ပြောဆို၍ မရနိုင်ပေ။
သမင်ကြီးကျွန်းအတွက်မူ၊ သူတို့သည် ပင်လယ်မျိုးနွယ်စုနှင့် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေတွင် ပိတ်မိနေပြီး၊ နှစ်ဖက်စလုံး အပြန်အလှန် တိုက်ခိုက်နေကြသည်။
ကာလတိုအတွင်း အနိုင်ရရှိသူ ထွက်ပေါ်လာနိုင်မည် မဟုတ်ဘဲ၊ ဟန်ချက်ညီမှုကိုသာ ထိန်းသိမ်းထားပေသည်။
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ ဝင်ရောက်စွက်ဖက်ခြင်း မရှိပါက၊ ဤရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသည် အချိန်များစွာ ကြာမြင့်နိုင်သည်။
ထို့ကြောင့်၊ ကျိုးစွေ့သည် အင်မော်တယ်ရှားတောင်ထွတ်တွင် ငါးနှစ်ကြာ ငြိမ်းချမ်းစွာ ကျင့်ကြံနေခဲ့သည်။
ဤအခိုက်အတန့်တွင်၊ တိတ်ဆိတ်သောအခန်းထဲ၌...။
ဝုန်း…။
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် ကျိုးစွေ့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး၊ ပြင်းထန်သော ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။
ဤသည်မှာ ‘ချစ်ခြင်းမေတ္တာကူ’၏ စွမ်းအားပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင်၊ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်အမြစ်သည် အဆက်မပြတ်သန့်စင်ပြီး အဆင့်မြှင့်တင်ခံနေရကာ၊ ၎င်း၏ကန့်သတ်ချက်သို့ ရောက်ရှိနေသည်။
ဝုန်း…။
တစ်ခဏချင်းမှာပင်၊ ကျိုးစွေ့၏တစ်ကိုယ်လုံး တုန်ခါသွားပြီး၊ စိတ်ဝိညာဉ်အမြစ်တွင် အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာကာ၊ အတားအဆီးကို ဖောက်ထွက်သွားသည်အား ချက်ချင်း အာရုံခံလိုက်မိသည်။
စတုတ္ထအဆင့် စိတ်ဝိညာဉ်အမြစ်။
ထိုအခိုက်အတန့်တွင်၊ သူ၏ စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီတွင် ကြီးမားသော အဆင့်မြှင့်တင်မှုကို ခံစားလိုက်ရသည်။ ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ်မှ စတုတ္ထအဆင့် စိတ်ဝိညာဉ်အမြစ်သို့ အခြေခံကျသော တိုးတက်ပြောင်းလဲမှု တစ်ခုပင် ဖြစ်သည်။
"နောက်ဆုံးတော့ စတုတ္ထအဆင့် စိတ်ဝိညာဉ်အမြစ်ကို အဆင့်မြှင့်တင်နိုင်ခဲ့ပြီ…"
ကျိုးစွေ့သည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး၊ မျက်နှာပေါ်တွင် အလိုလို အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ရိုးရိုးသားသားဆိုရလျှင်၊ သူ၏ စိတ်ဝိညာဉ်အမြစ်သည် ပဉ္စမအဆင့်တွက် ရပ်တန့်နေသည်မှာ ကြာပြီဖြစ်သည်။
လွန်ခဲ့သောငါးနှစ်ကပင်၊ သူသည် ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ်၏ ၉၉%ကို ရောက်ရှိထားပြီး ဖြစ်သော်လည်း၊ ဖောက်ထွက်မှုတစ်ခုကို ပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။
သို့သော် ယခု၊ ငါးနှစ်ကြာ အပြင်းအထန် ကြိုးစားအားထုတ်ပြီးနောက်၊ သူ၏စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီသည် နောက်ဆုံး၌ အသွင်ပြောင်းလဲခဲ့ချေပြီ။
ဤအခိုက်အတန့်တွင်၊ သဘာဝဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်စွမ်းသည် အနည်းဆုံး တစ်ဝက်ခန့် တိုးတက်လာကြောင်း သူ အာရုံခံလိုက်မိသည်။
တစ်ဝက်ခန့်သာ တိုးတက်လာခြင်း ဖြစ်သော်လည်း၊ ဤကွာခြားချက် သေးသေးလေးသည် နှစ်များတစ်လျှောက် စုပုံလာမည်ဖြစ်ပြီး၊ ဆယ်စုနှစ်တစ်ခု သို့မဟုတ် ထို့ထက်ပိုလာသည့်အခါ၌ စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ်ကြား ကွာဟချက်သည် အတော်လေး ကြီးမားလာပေမည်။
ထို့အပြင်၊ စတုတ္ထအဆင့် စိတ်ဝိညာဉ်အမြစ်နှင့်ဆိုလျှင်၊ ဝိညာဉ်သန္ဓေသားဂိုဏ်းတစ်ခု အတွင်း၌ပင် သူသည် အတွင်းစည်းတပည့်တစ်ဦး ဖြစ်လာနိုင်သည်။
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် အခွင့်အလမ်းများစွာ မရှိသော်လည်း၊ ရွှေအမြုတေ ကျင့်ကြံသူတစ်ဦး ဖြစ်လာရန်မှာမူ၊ ဖြစ်နိုင်ခြေများစွာ ရှိနေသေးသည်။
ရွှေအမြုတေ ဂိုဏ်းတစ်ခုတွင်၊ ထိုကဲ့သို့သောပါရမီသည် သူ့အား အတွင်းစည်းတပည့်များအကြား ဂိုဏ်းအကြီးအကဲတစ်ဦးပင် ဖြစ်လာစေနိုင်သည်။
"ဒါ စတုတ္ထအဆင့် စိတ်ဝိညာဉ်အမြစ်လား…"
"သဘာဝဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်စွမ်း တိုးတက်လာတာတင် မကဘူး…."
"ငါ့ရဲ့ နားလည်နိုင်စွမ်းတောင် တိုးတက်လာတယ်… စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီရဲ့ အရေးပါမှုကို ပြနေတာပဲ.."
ကျိုးစွေ့ အလွန် ဝမ်းသာသွားသည်။
သူ၏စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီသည် သူ၏ကျင့်ကြံမှုအတွက် အဟန့်အတားဖြစ်နေသည်ဟု ယခင်က သူ ခံစားခဲ့ရသည်။
အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ်သည် ပြိုင်ကားတစ်စီးကို အားနည်းသောအင်ဂျင်ဖြင့် မောင်းနှင်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်ရာ၊ အောင်မြင်ရန် အတော်လေး ခက်ခဲသည်။
မှန်ပေသည်၊ လုံးဝမဖြစ်နိုင်ဟု မဆိုလိုသော်လည်း၊ အလွန်တရာ နှေးကွေးလွန်းသည်။ ကျင့်ကြံမှု မြင့်မာလာလေလေ၊ နှေးကွေးမှုက ပိုမိုပြင်းထန်လာလေ ဖြစ်သည်။
စတုတ္ထအဆင့် စိတ်ဝိညာဉ်အမြစ်သို့ အဆင့်မြှင့်တင်ပြီးနောက်၊ သဘာဝဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်စွမ်းသည် ချက်ချင်း ပုံမှန်ဖြစ်သွားသည်ကို သူ တွေ့ရှိလိုက်ရသည်။
ယခုအခါ၊ အခြား ရွှေအမြုတေ ကျင့်ကြံသူများနှင့် အတူတူလောက် ဖြစ်သွားပြီ ဖြစ်သည်။
သူသာ လက်တွဲဖော်တစ်ဦးထံမှ အကူအညီရရှိပါက၊ သူ၏ ကျင့်ကြံခြင်းထိရောက်မှုသည် ပထမအဆင့် စိတ်ဝိညာဉ်အမြစ်နှင့် ကိုက်ညီပေလိမ့်မည်။
တစ်ချိန်တည်းမှာပင်၊ သူ၏ နားလည်နိုင်စွမ်းသည်လည်း တိုးတက်လာခဲ့သည်။
'စာအုပ်ကူ'၏ အကူအညီမပါဘဲလျက်၊ ကျင့်ကြံခြင်းဆိုင်ရာ အသိပညာအမျိုးမျိုးကို နားလည်ရန် ပိုမိုလွယ်ကူကြောင်း သူ တွေ့ရှိလိုက်ရသည်။
"ငါ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် လက်တွဲဖော်တစ်ယောက်ကို အားကိုးဖို့ လိုသေးတယ်…"
"ငါ့မှာ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် လက်တွဲဖော် အများကြီးသာ ရှိရင်… ငါ့ရဲ့ စိတ်ဝိညာဉ်အမြစ် တိုးတက်မှုနှုန်းက ပိုပြီးတောင် မြန်ဆန်လာဦးမှာ…"
ကျိုးစွေ့ မေးစေ့ကို ပွတ်သပ်လိုက်သည်။
ထင်ရှားသည်မှာ၊ ချူတျဲယီ သူ့ထံ ယူဆောင်လာပေးသော အကျိုးကျေးဇူးများသည် အလွန် အရေးပါသည်။
ပြီးခဲ့သည့်အကြိမ် သူတို့ အတူတကွ ကျင့်ကြံခဲ့စဉ်က၊ သူမသည် သူ၏ စိတ်ဝိညာဉ်အမြစ်အတွက် ကြီးမားသော အဆင့်မြှင့်တင်မှုကို ယူဆောင်လာပေးခဲ့သည်။
သူမ၏ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီသာ မရှိခဲ့လျှင်၊ စတုတ္ထအဆင့် စိတ်ဝိညာဉ်အမြစ်သို့ အဆင့်မြှင့်တင်ရန် သူနောက်ထပ် ဆယ်စုနှစ်များစွာ အချိန်ကုန်ရပေလိမ့်မည်။
သို့သော် ယခု၊ ချူတျဲယီ၏ အကူအညီဖြင့်၊ သူ စတုတ္ထအဆင့်သို့ မြန်မြန်ဆန်ဆန် တက်လှမ်းနိုင်ခဲ့ပြီး၊ ဆက်လက်၍လည်း တိုးတက်နေဆဲ ဖြစ်သည်။
သို့သော် လွန်ခဲ့သောငါးနှစ်အတွင်း၊ ချူတျဲယီနှင့် အတူတကွ ကျင့်ကြံရန် အခွင့်အရေး များများစားစား မရရှိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ၊ ချူတျဲယီသည် သူမ၏ တံခါးပိတ်ကျင့်ကြံခြင်းကို စတင်ခဲ့ပြီး၊ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းရန် စတင်ကြိုးပမ်းနေပြီ ဖြစ်၏။
သဘာဝအတိုင်း၊ ကျိုးစွေ့နှင့်အတူ ထိုသို့သောကိစ္စများ မလုပ်နိုင်တော့ပေ။
သို့သော်၊ ကျိုးစွေ့ များစွာဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ချူတျဲယီသာ ဝိညာဉ်သန္ဓေသားအဆင့်ကို တက်လှမ်းသွားနိုင်သည်နှင့်၊ သူ ရရှိနိုင်မည့် အကျိုးကျေးဇူးများက ပို၍ ကြီးမားလာမည် ဖြစ်သောကြောင့်ပင်။
ရေတိုအကျိုးအမြတ်အတွက် ရေရှည်အကျိုးစီးပွားကို သူ သေချာပေါက် စွန့်လွှတ်မည် မဟုတ်ချေ။
ချူတျဲယီအပြင်၊ လင်းယာကျူသည်လည်း ဝိညာဉ်သန္ဓေသား ဖွဲ့စည်းရန် ရည်ရွယ်လျက် တံခါးပိတ်ကျင့်ကြံနေသည်။
အခြေခံအားဖြင့်၊ အမျိုးသမီးနှစ်ဦးစလုံး တစ်ချိန်တည်း တံခါးပိတ်ကျင့်ကြံနေကြသည်။
သူမတို့နှစ်ဦးစလုံးသာ အောင်မြင်ခဲ့လျှင်၊ ရလာဒ်အနေဖြင့် သူသည် ဝိညာဉ်သန္ဓေသားအဆင့် လက်တွဲဖော်နှစ်ဦးကို ပိုင်ဆိုင်သွားမည်ဖြစ်သည်။ တွေးကြည့်ရုံဖြင့်ပင် သူ့ကို များစွာ စိတ်လှုပ်ရှားစေသည်။
ဝိညာဉ်သန္ဓေသား လက်တွဲဖော်များနှင့် တူနှစ်ကိုယ်ကျင့်ကြံခြင်းသည် ဝန်ကြီးတစ်ပါးက ဧကရီတစ်ပါးနှင့် ပေါင်းဖက်ရသကဲ့သို့ ခံစားရသည်။
ဧကရီတစ်ပါးကို အနိုင်ယူလိုက်ရသလို ခံစားချက်မျိုး သူ့အား ပေးစွမ်းသည်။ ဤအောင်မြင်မှုခံစားချက်သည် ဖော်ပြညွှန်းဆိုရန် မဖြစ်နိုင်သလောက်ပင်။