ဝိညာဉ်သန္ဓေသားဖြစ်စဉ်၊ တာအိုလက်တွဲဖော်များ၏ ဝိညာဉ်သန္ဓေသားဖွဲ့စည်းခြင်း(၂)။
Vol. 28 Ch. 324
ကျင့်ကြံမှု အခြေခံအုတ်မြစ်ကို ခိုင်မာစေရန် အနည်းငယ်ကျင့်ကြံပြီးနောက်၊ ကျိုးစွေ့သည် တိတ်ဆိတ်သောအခန်းမှ ထွက်ခွာလာခဲ့သည်။
ဤအခိုက်အတန့်တွင် ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်၊ လန်ယွဲ့ရှီနှင့် ရှန်ပိချန်တို့သည်လည်း ဧည့်ခန်းဆောင်ထဲတွင် ရှိနေကြသည်။
သူတို့ တစ်ဦးစီတိုင်းသည် ထွင်းဖောက်လုနီးပါး ပါးလွှာပြီး အလွန်ပြီးပြည့်စုံသော ကောက်ကြောင်းများကို ပုံဖော်ထားသည့် အနက်ရောင်ဇာဂါဝန်များကို ဝတ်ဆင်ထားကြကာ၊ သူတို့၏ ကိုယ်ဟန်အမူအရာများဖြင့် ဆွဲဆောင်မှုရှိသော အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။
ထင်ရှားသည်မှာ၊ နှစ်ပေါင်းများစွာ တူနှစ်ကိုယ်ကျင့်ကြံပြီးနောက်၊ ‘ချစ်ခြင်းမေတ္တာကူ’စွမ်းအား၏ တိတ်တဆိတ် ပြုပြင်မွမ်းမံမှုများနှင့် ပေါင်းစပ်လိုက်သောအခါ၊ သူတို့၏ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်များသည် မယုံနိုင်လောက်အောင် ပြောင်းလဲသွားခဲ့သည်။
တစ်ဦးစီတိုင်းသည် အမတလောကမှ ဆင်းသက်လာသော နတ်သမီးများကဲ့သို့ ဖြစ်နေပြီး၊ မြင့်မြတ်ထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
မည်သို့ပင်ဖြစ်စေ၊ ‘ချစ်ခြင်းမေတ္တာကူ’၏ အကျိုးသက်ရောက်မှုများသည် ကျိုးစွေ့အတွက်သာ မကဘဲ၊ သူ၏တာအိုလက်တွဲဖော် တစ်ဦးစီတိုင်းအပေါ်တွင်လည်း အံ့ဩဖွယ်ရာ သက်ရောက်မှု ရှိလေသည်။
ရုပ်ပျိုဆေး မသောက်ဘဲနှင့်ပင်၊ သူတို့သည် ထာဝရနုပျိုနေနိုင်ပြီး အိုမင်းခြင်း မရှိကြပေ။
ဤသည်မှာ၊ ကျိုးစွေ့အတွက် နှစ်ပေါင်းများစွာ တာအိုလက်တွဲဖော်များ ဖြစ်ခဲ့သည့်တိုင်၊ သူတို့ကို မငြီးငွေ့နိုင်သည့် အကြောင်းအရင်းပင် ဖြစ်သည်။
ယင်းခံစားချက်သည် အမြဲတစေ လတ်ဆက်နေသော အချစ်ဦးခံစားချက်မျိုးနှင့် တူပေသည်။
"ဟမ်... မင်းတို့ ကျင့်ကြံမှု အဆင့်တက်သွားကြပြီလား.."
ဤအခိုက်အတန့်တွင် ကျိုးစွေ့၌ အတွေးတစ်ချက်ပေါ်လာပြီး ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့၏ အရှိန်အဝါသည် ယခင်ကနှင့် လုံးဝကွာခြားသွားကြောင်း၊ များစွာ တိုးတက်လာကြောင်းကို ချက်ချင်း အာရုံခံလိုက်မိသည်။
သူတို့၏ ကျင့်ကြံမှုသည် အခြေတည် အလယ်အလတ်အဆင့်မှ နှောင်းပိုင်းအဆင့်သို့ အံ့ဩဖွယ်ရာ တက်လှမ်းသွားခဲ့သည်။
သူတို့၏ မှော်စွမ်းအားသည်လည်း နှစ်ဆကျော် တိုးလာခဲ့၏။
"ကျွန်မတို့ခင်ပွန်းက တကယ်ကို အမြင်စူးရှတာပဲ…"
"ကျွန်မတို့ရဲ့ ကျင့်ကြံမှုမှာ ချိုးဖြတ်မှု အသေးစားလေးတစ်ခု တကယ်ရှိခဲ့ပါတယ်.."
"ကျွန်မတို့ အခု အခြေတည်အဆင့်နှောင်းပိုင်းကို ရောက်နေပြီ.."
ကျိပင်းယွီတစ်ယောက် တခစ်ခစ် ရယ်မောလိုက်ပြီး၊ အလွန် ပျော်ရွှင်နေလေသည်။
သူမ၏ ကျင့်ကြံမှုအရှိန်အဟုန်သည် မွန်းစတားဖြစ်သူခင်ပွန်းနှင့် မယှဉ်နိုင်သော်လည်း၊ အတော်လေး အံ့ဩစရာကောင်းနေဆဲ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ သူမသည် လက်ရှိတွင် အသက်(၇၀)ကျော်သာ ရှိသေးသည်။
အသက်(၁၂၀)ဝန်းကျင်တွင် နှောင်းပိုင်းအဆင့်သို့ တက်လှမ်းနိုင်သော သာမန်အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသည် ယေဘုယျအားဖြင့် အမြုတေဖွဲ့စည်းရန် အခွင့်အလမ်း ရှိတတ်သည်။
သို့သော် ယခု၊ သူမသည် အသက်(၇၀)ကျော်အရွယ်တွင် အခြေတည်အဆင့် နှောင်းပိုင်းသို့ တက်လှမ်းနိုင်ခဲ့ချေပြီ။
ထို့ကြောင့်၊ သူမ အသက်တစ်ရာမပြည့်မီ၊ အခြေတည်အဆင့် ပြီးပြည့်စုံမှုသို့ သေချာပေါက် ရောက်ရှိပေလိမ့်မည်။
ထိုအချိန်ကျလျှင်၊ သူမသည် အမြုတေဖွဲ့စည်းခြင်းကို စတင်ကြိုးစားလို့ ရပေမည်။
အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအတွက်၊ အသက်(၁၀၀)အရွယ်တွင် အထွတ်အထိပ်သို့ ရောက်ရှိခြင်းသည် ငယ်ရွယ်ပြီး အလားအလာရှိသည်ဟု သတ်မှတ်နိုင်သည်။
အမြုတေ ဖွဲ့စည်းနိုင်ခြေသည် များစွာ တိုးတက်လာပေလိမ့်မည်။
ဝိညာဉ်သန္ဓေသားဂိုဏ်း၏ အတွင်းစည်းတပည့်များပင်လျှင်၊ သူတို့၏ ကျင့်ကြံမှုအရှိန်အဟုန်ဖြင့် သူမကို မကျော်လွန်နိုင်ကြပေ။
"ရိုးရိုးသားသား ပြောရရင်.. ကျွန်မတို့ရဲ့ စိတ်ဝိညာဉ်အမြစ်တွေက သာမန်ပါပဲ…"
"ပုံမှန်အားဖြင့်ဆိုရင်.. အမြုတေဖွဲ့စည်းခြင်းအတွက် မျှော်လင့်ချက် နည်းပါတယ်…"
"ယောက်ျားရဲ့အကူအညီသာ မပါရင်.. ကျွန်မတို့ ဘယ်လိုလုပ် အခြေတည်အဆင့်နှောင်းပိုင်းကို ဒီလောက်မြန်မြန် တက်လှမ်းနိုင်မှာလဲ…"
ရှားကျင်းယန်က ခံစားချက် နက်ရှိုင်းစွာဖြင့် ပြောလိုက်သည်။
လွန်ခဲ့သော ဆယ်စုနှစ်များစွာ၊ ကျိုးစွေ့နှင့် ပထမဆုံး တွေ့ဆုံခဲ့သည့်အချိန်ကို သူမ ပြန်လည် အမှတ်ရမိလိုက်သည်။
ယင်းသည် သူတို့၏ ပထမဆုံးသော တွေ့ဆုံမှုဖြစ်သော်လည်း၊ ဘဝ(၃)ခုစာ ကံပါလာခဲ့ပြီးသား ဖြစ်ခဲ့သည်။
ထိုအချိန်က ဆုံးဖြတ်ချက်သည် ရုတ်တရက်ဆန်လွန်းပုံ ရပြီး၊ မြင်မြင်ချင်း ချစ်မိသွားသကဲ့သို့ ဖြစ်ခဲ့သည်။
သို့သော်၊ ရလဒ်ကို ကြည့်လျှင်မူ၊ ယင်သည်း သံသယဖြစ်ဖွယ်မလို သူတို့၏ အကြီးမားဆုံးသော ကံကောင်းခြင်းပင်။
ခင်ပွန်း၏ တာအိုလက်တွဲဖော် ဖြစ်လာခဲ့သောကြောင့်သာ၊ ယနေ့ သူတို့ ရရှိထားသောအရာများကို အောင်မြင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ထိုအခွင့်အရေးကို လွဲချော်ခဲ့ပါက၊ သူတို့၏ စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီနှင့် တစ်ကိုယ်တော်ကျင့်ကြံသူနောက်ခံတို့ကြောင့်၊ အမြုတေဖွဲ့စည်းရန် မျှော်လင့်ချက်ကို အသာထား၊ အခြေတည်အဆင့် အောင်မြင်မှုသည်ပင် မသေချာနိုင်ပေ။
သို့သော် ယခု၊ သူတို့တွင် အမြုတွေ ဖွဲ့စည်းရန် မျှော်လင့်ချက်ရှိရုံတင်သာမက၊ အနာဂတ်တွင် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းဖို့ရန်ပင် ယင်းသည် မဖြစ်နိုင်သော ကိစ္စမဟုတ်တော့ချေ။
ကျင့်ကြံမှု တိုးတက်လာသည်နှင့်အမျှ၊ သူတို့၏ ရည်မှန်းချက်သည်လည်း ပိုမို ကြီးမားလာသည်။
"အင်း.. နေ့ရောညပါ ကျင့်ကြံဖို့ လိုအပ်တယ်…"
"နှစ်တွေတစ်လျှောက် ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေ အရာထင်လာပုံပဲ.."
ကျိုးစွေ့ မေးစေ့ကို ပွတ်သပ်လိုက်သည်။ ကျင့်ကြံခြင်းသည် အမှန်တကယ်ပင် နေ့ရောညပါ ကြိုးစားအားထုတ်မှု ဖြစ်သင့်သည်။
နေ့ဘက်တွင် ကျင့်ကြံသလို ညဘက်တွင်လည်း ဆက်လက်လုပ်ဆောင်ပါက၊ တခြားကျင့်ကြံသူများနှင့်ယှဉ်လျှင် ကျင့်ကြံချိန်နှစ်ဆဟု ဆိုလိုသည် မဟုတ်ပါလော။
ဤနည်းလမ်းဖြင့်၊ တခြားကျင့်ကြံသူများ မည်ကဲ့သို့ သူ့အား မီနိုင်ပါမည်နည်း။
"ဟွန့်... နှာဘူးကြီး.."
ထိုစကားကို ကြားသောအခါ၊ မုဇီယန်၏မျက်နှာ နီရဲသွားပြီး၊ ခြေထောက်များပင် အနည်းငယ် တုန်ရီသွားသည်။
သူမရှေ့မှ ယောက်ျားသည် နေ့ရောညပါ မည်သို့ အပင်ပန်းအဆင်းရဲခံနိုင်သည်ကို သူမ ကောင်းစွာသိသည်။ ဤအရာသည် သေမျိုးတိုင်းပြည်တစ်ခုတွင် ဆိုပါက၊ သူသည် သေချာပေါက် အကျင့်ပျက် ဧကရာဇ်တစ်ပါး ဖြစ်ပေလိမ့်မည်။ အထူးသဖြင့် ကာမဂုဏ်လွန်ကျူးသော အမျိုးအစား ဖြစ်ပေမည်။
သို့သော်၊ သူမ ဤခံစားချက်ကို မမုန်းတီးပေ၊ ပို၍ပင် ကျင့်သားရနေပြီ ဖြစ်သည်။
အမှန်စင်စစ်အားဖြင့်၊ ထိုသို့သော အပြင်းအထန်ကျင့်ကြံမှုသည် လူတစ်ဦး၏ကျင့်ကြံမှုကိုပင် ကြီးမားသော အတိုင်းအတာအထိ တိုးမြှင့်ပေးခဲ့သည်။ ပြင်းထန်သော တစ်ညတာကျင့်ကြံမှုသည် ရက်ပေါင်းများစွာကျင့်ကြံခြင်းထက် ပိုမြန်သေးသည်။
ကျင့်ကြံခြင်းလောကတွင် ‘တာအိုလက်တွဲဖော် ရွေးချယ်ခြင်းသည် ဘဝသစ်တစ်ခုရွေးချယ်ခြင်းနှင့် အတူတူပင် ဖြစ်သည်' ဟု ဆိုရိုးစကား ရှိခြင်းမှာ အံ့ဩစရာမဟုတ်တော့ချေ။
ယင်းသည် ကံကြမ္မာကို ပြောင်းလဲပေးနိုင်သော ရွေးချယ်မှုတစ်ခုဆိုသည်မှာ အမှန်ပင် ဖြစ်၏။
"နှမြောစရာကတော့.. ကျွန်မရဲ့ ကျင့်ကြံမှုက ရွှေအမြုတေ အလယ်အလတ်အဆင့်မှာပဲ ရှိသေးတယ်…"
"ရွှေအမြုတေ နှောင်းပိုင်းအဆင့်က အဝေးကြီးလိုသေးတယ်.."
“ကျွန်မယောက်ျားက တကယ်ကို နတ်သက်ကြွေလာတဲ့ အင်မော်တယ်တစ်ပါးဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါပေတယ်.. ကျွန်မကို ဒီလောက်မြန်မြန်တောင် အမီလိုက်နိုင်ခဲ့တာပဲ..”
လန်ယွဲ့ရှီ အတော်လေး စိတ်လှုပ်ရှားနေသည်။
သူတို့ ပထမဆုံး တွေ့ဆုံစဉ်က၊ သူသည် ချီသန့်စင်ခြင်းအဆင့်တွင်သာ ရှိသေးကြောင်း သူမ မှတ်မိသည်။
သို့သော် ယခု၊ သူသည် ရွှေအမြုတေ အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေချေပြီ။ သူမ၏ကျင့်ကြံမှုနှင့် များစွာမကွာခြားတော့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ကျင့်ကြံမှုအဆင့်အား မီလုနီးပါး ဖြစ်နေချေပြီ။ ဤသို့သော ကျင့်ကြံမှုအရှိန်အဟုန်သည် ရိုးရှင်းစွာပင် အံ့ဩစရာ ကောင်းလွန်းလှသည်။
ဤသတင်းသာ ပျံ့နှံ့သွားပါက၊ ချန်လန်ပင်လယ်တစ်ခုလုံး သေချာပေါက် တုန်လှုပ်သွားစေပေလိမ့်မည်။
“ဟုတ်ပါ့.. ကျွန်မလည်း အခုထိ ရွှေအမြုတေ နှောင်းပိုင်းအဆင့်မှာပဲ ရှိသေးတယ်..”
“ယောက်ျား… ကျွန်မ ရွှေအမြုတေ နှောင်းပိုင်းအဆင့်ပဲ ရှိသေးတဲ့အချိန်မှာ ရှင် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းတော့မှာတော့ မဟုတ်ပါဘူးနော်..”
ရှန်ပိချန်က အနည်းငယ် မကျေမနပ်ဖြင့် ပြောလိုက်သည်။
ယခင်က သူမ ဤယောက်ျားကို အနိုင်ကျင့်လို့ ရခဲ့သော်လည်း၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ယောက်ျားဖြစ်သူ၏ ကျင့်ကြံမှုသည် သူမနှင့် တန်းတူနီးပါး ဖြစ်နေချေပြီ။
ယခုအချိန်ထိ၊ သူမသည် ရွှေအမြုတေ ပြီးပြည့်စုံမှုအဆင့်နှင့် အလှမ်းဝေးနေသေးသည်။
ခင်ပွန်းဖြစ်သူ၏ ကျင့်ကြံမှုအရှိန်အဟုန်ကို ထည့်သွင်းစဉ်းစားပါက၊ မကြာမီအတွင်း သူမကို ကျော်လွန်သွားနိုင်သည်ဟု သူမ ခံစားရသည်။
ထိုသို့သော အရှိန်အဟုန်မျိုးနှင့်ဆိုလျှင်၊ ခင်ပွန်းဖြစ်သူ၏ ကျင့်ကြံမှုတွင် အတားအဆီး လုံးဝမရှိသကဲ့သို့ပင်။ ဆိုရလျှင်၊ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် ဖြစ်သည်။
“အေးပါ.. အေးပါ… ကျင့်ကြံခြင်းဆိုတာ အဆုံးမရှိတဲ့ မာရသွန်ပြေးပွဲတစ်ခုလိုပါပဲ..”
“ဘယ်သူ အမြန်ဆုံးပြေးနိုင်လဲဆိုတာ အရေးမပါဘူး..”
"ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့… ကိုယ့်ကိုယ်ကိုယ်နဲ့ပဲ နှိုင်းယှဉ်ပါ.."
"မင်းတို့ နေ့တိုင်း တိုးတက်မှုရှိနေသရွေ့.. မင်းတို့ နောက်ဆုံးမှာ ဝိညာဉ်သန္ဓေသားကျင့်ကြံသူ၊ ဒါမှမဟုတ် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးတောင် ဖြစ်လာလိမ့်မယ်…"
ကျိုးစွေ့သည် ဤ အားပေးစကားများဖြင့်၊ သူ၏ တာအိုလက်တွဲဖော်များကို ချက်ချင်း နှစ်သိမ့်ပေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ မိမိကိုယ်ကို သံသယဝင်လာပါက၊ နှလုံးသားမိစ္ဆာ မွေးဖွားလာနိုင်ပေသည်။ ထို့အပြင်၊ ယင်းသည် အနာဂတ်ကျင့်ကြံမှုအတွက် အန္တရာယ်ရှိပေသည်။ ထိုကြောင့် သူ၏တာအိုလက်တွဲဖော်များအား အားပေးအကြံပြုရမည် မဟုတ်ပါလော။
"ကျွန်မတို့ခင်ပွန်း ပြောတာ မှန်တယ်…"
"လူတိုင်းက တူတာမဟုတ်ဘူး.."
"အထူးသဖြင့် ကျွန်မတို့ခင်ပွန်းလို မွန်းစတားတစ်ကောင်… နတ်သက်ကြွေလာတဲ့ အင်မော်တယ်တစ်ပါးနဲ့.. ကျွန်မတို့လိုသေမျိုးတွေက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ…"
"ကိုယ့်ကိုယ်ကိုယ်နဲ့ပဲ နှိုင်းယှဉ်ပါ…"
"စဉ်ဆက်မပြတ် တိုးတက်မှုရှိနေသရွေ့.. ကြိုးစားအားထုတ်မှုတိုင်းက တန်ဖိုးရှိပါတယ်.."
ဤသည်ကို ကြားလိုက်ရသောအခါ၊ ရှန်ပိချန်နှင့် အခြားသူများ၏ မျက်လုံးများ လင်းလက်သွားကြသည်။
ဤစကားများသည် နက်ရှိုင်းသော ဉာဏ်ပညာဖြင့် ပေါင်းစပ်ထားသကဲ့သို့ မယုံကြည်နိုင်လောက်အောင် ဉာဏ်အလင်းပွင့်စေသည်ဟု သူတို့ တွေ့ရှိလိုက်ရသည်။
သူတို့အားလုံး ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ဖြစ်နေကြသည်။ သူတို့၏ တာအိုနှလုံးသားများ ပိုမို ကြည်လင်လာသကဲ့သို့ ထင်ရသည်။
ဘာရယ်…။
မျက်တောင်တစ်ခတ် အတွင်းမှာပင်၊ ကျိုးစွေ့သည် သူ၏နှစ်သိမ့်စကားများက မမျှော်လင့်ဘဲ တာအိုလက်တွဲဖော်များကို ကြီးမားစွာ ကူညီပေးခဲ့ကြောင်း သဘောပေါက်လိုက်သည်။ သူတို့အားလုံး စိတ်အားထက်သန်နေကြပုံ ရလေသည်။
"ယောက်ျား... ကျွန်မတို့ တကယ်ပဲ အသေးစိတ်နှိုက်နှိုက်ချွတ်ချွတ် ကျင့်ကြံဖို့ လိုအပ်တယ်လို့ ကျွန်မ ထင်တယ်…"
"အသေးစိတ်နှိုက်နှိုက်ချွတ်ချွတ် ကျင့်ကြံခြင်းရဲ့ အကျိုးကျေးဇူးတွေက သိသာထင်ရှားပါတယ်.. အဲ့ဒါက ဆေးလုံးတွေ သောက်တာထက် ပိုကောင်းပြီး အဆိပ်အတောက်လည်းကင်းတယ်.. ဟင်းဟင်း.."
ဤအခိုက်အတန့်တွင် ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်၊ လန်ယွဲ့ရှီနှင့် ရှန်ပိချန်တို့သည် ကျိုးစွေ့ကို ပရောပရည်လုပ်သော အကြည့်များဖြင့် ကြည့်နေကြတော့သည်။
သူတို့၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်များကို ချစ်စဖွယ် ယိမ်းနွဲ့နေကြလေသည်။
မကြာမီတွင်…။
အိပ်ခန်းဆောင်အတွင်း၌၊ ကျိုးစွေ့သည် သူတို့၏ ကျင့်ကြံမှုကို မြှင့်တင်ရန် တာအိုလက်တွဲဖော်များနှင့်အတူ စေ့စပ်သေချာစွာ စတင်ကျင့်ကြံလေတော့သည်။
…