← Chapters

ဝိညာဉ်သန္ဓေသားဖြစ်စဉ်၊ တာအိုလက်တွဲဖော်များ၏ ဝိညာဉ်သန္ဓေသားဖွဲ့စည်းခြင်း(၃)။

Vol. 28 Ch. 325

ဝိညာဉ်သန္ဓေသားဖြစ်စဉ်၊ တာအိုလက်တွဲဖော်များ၏ ဝိညာဉ်သန္ဓေသားဖွဲ့စည်းခြင်း(၃)။

Vol. 28 Ch. 325

နောက်ရက်များတွင်...။

ကျိုးစွေ့နှင့် သူ၏ တာအိုလက်တွဲဖော်ငါးဦးသည် စေ့စပ်သေချာသော ကျင့်ကြံမှုတွင် နစ်မြုပ်နေကြသည်။

အထူးသဖြင့်၊ သူတို့သည် နှလုံးသားနှင့် စိတ်ဝိညာဉ်ကြား တစ်သားတည်းဖြစ်တည်မှု အခြေအနေသို့ ရောက်ရှိသောအခါ၊ နှစ်ဖက်စလုံး၏ ကျင့်ကြံမှုသည် လျင်မြန်စွာ တိုးတက်လာပြီး၊ သူတို့အားလုံးထံ ကြီးမားသော အကျိုးကျေးဇူးများ ယူဆောင်လာပေးသည်။

ဝုန်း…။

ထိုအချိန်တွင်၊ မြေနဂါးတစ်ကောင် လူးလှိမ့်နေသကဲ့သို တုန်ခါမှုကြီးတစ်ခုက ရေကြယ်ကျွန်းတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

အင်မော်တယ်ရှားမြို့တော်တွင် နေထိုင်သူများ အပါအဝင်၊ အင်မော်တယ်ရှားဂိုဏ်း၏ ကျင့်ကြံသူအားလုံးသည် ဤပြင်းထန်သော တုန်ခါမှုကို အာရုံခံလိုက်မိကြသည်။

"ဘာဖြစ်နေတာလဲ… ရေကြယ်ကျွန်းမှာ ငလျင်လှုပ်နေတာလား…"

"ဒါပေမဲ့ ရေကြယ်ကျွန်းမှာ မီးတောင်တွေ ရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူးလေ.."

"ငါတို့ သေချာမသိနိုင်ဘူးလေကွာ.. လူတွေ ရေကြယ်ကျွန်းမှာ နေလာတာ ဆယ်စုနှစ်အနည်းငယ်ပဲ ရှိသေးတာကို.."

"ရေကြယ်ကျွန်းအတွင်းထဲမှာ တကယ်တမ်း ဘာရှိလဲဆိုတာ ဘယ်သူ သိမှာလဲ.. ဖုံးကွယ်ထားတဲ့ မီးတောင်တွေ ရှိနိုင်တယ်…"

ကျင့်ကြံသူများသည် ရေကြယ်ကျွန်းပေါ်တွင် ဘာဖြစ်နေသည်ကို စူးစမ်းလိုစိတ်ဖြင့် အချင်းချင်း ဆွေးနွေးနေကြသည်။

မကြာမီ၊ သူတို့သည် အင်မော်တယ်ရှားတောင်ထွတ်ရှိရာ ဘက်သို့ ကြည့်လိုက်ကြပြီး၊ အံ့ဩမှုကြောင့် မျက်လုံးများ ပြူးကျယ်သွားကြကာ၊ မယုံကြည်နိုင်သော အမူအရာကို ပြသနေကြသည်။

"မဖြစ်နိုင်ဘူး… အဲ့ဒါ ဘာကြီးလဲ.."

လူအများ မှင်တက်နေကြသည်။

အင်မော်တယ်ရှားတောင်ထွတ်၏ ကောင်းကင်ယံအထက်တွင်၊ ကြီးမားသော ဝိညာဉ်စွမ်းအင်ဝဲဂယက်နှစ်ခု ရုတ်တရက် ပေါ်လာသည်ကို သူတို့ မြင်လိုက်ရသည်။

ဝိညာဉ်စွမ်းအင်ဝဲဂယက်တစ်ခုသည် အပြာရောင်ဖြစ်ပြီး၊ သဘာဝဝိညာဉ်စွမ်းအင်များ အဆုံးမရှိ စုပုံနေသည်။ တောက်ပသော အစိမ်းရောင်အလင်းတန်းများ ဝန်းရံထားသည့် မိုးမျှော်သစ်ပင်ကြီးတစ်ပင် ထွက်ပေါ်လာသကဲ့သို့ ထင်ရပြီး၊ ခမ်းနားထည်ဝါနေသည်။ ၎င်းသည် ကြွယ်ဝသော အသက်စွမ်းအားဖြင့် ပြည့်နှက်နေသည်။

အခြားတစ်ခုမှာ အနက်ရောင် ဝိညာဉ်စွမ်းအင်ဝဲဂယက် ဖြစ်ပြီး၊ အဆုံးမရှိသော မိစ္ဆာချီများ စုဝေးနေသကဲ့သို့ ဖြစ်နေသည်။

မိုးတိမ်မည်းကြီးများ ဖုံးလွှမ်းနေပြီး၊ ကောင်းကင်မိစ္ဆာများ၏ ခြိမ်းခြောက်နေသော ပုံရိပ်များ ထွက်ပေါ်ဟိန်းဟောက်နေကြရာ၊ သေခြင်းတရားအငွေ့အသက်များ ပြည့်နှက်နေပြီး အဆုံးစွန်သော အေးစက်မှုကို ဖြစ်ပေါ်စေသည်။

ဝူး…ဟူး…။

ဝိညာဉ်စွမ်းအင်ဝဲဂယက်နှစ်ခု၏ ပတ်လည် မိုင်တစ်ထောင်အတွင်းရှိ သဘာဝဝိညာဉ်စွမ်းအင်များသည် ခြောက်သွေ့အောင် စုပ်ယူခံလိုက်ရပြီး၊ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ကြောက်မက်ဖွယ် အသက်ရှူကျပ်မှုကို ဖြစ်စေသည်။

သူတို့သည် သဘာဝဝိညာဉ်စွမ်းအင် အနည်းငယ်မျှပင် မစုပ်ယူနိုင်တော့သကဲ့သို့ ထင်ရပြီး၊ စွမ်းအင်ရှားပါးသောမြေ၌ ရောက်ရှိနေသကဲ့သို့ ခံစားနေရသည်။

ကြောက်မက်ဖွယ် ဖိအားနှစ်ခု ပျံ့နှံ့သွားပြီး၊ မိုင်တစ်ထောင်ဧရိယာကို လွှမ်းခြုံကာ၊ အင်မော်တယ်ရှားဂိုဏ်း၏ ကျင့်ကြံသူအားလုံးကို ဖုံးလွှမ်းသွားသည်။

ပြိုင်ဘက်ကင်း သားရဲနှစ်ကောင် နိုးထလာသကဲ့သို့ပင်။

"ဒီ ဝိညာဉ်ဖိအားက ဘာကြီးလဲ… တစ်ယောက်ယောက်က သူတို့ရဲ့ အမြုတေကို ဖွဲ့စည်းနေတာ ဖြစ်နိုင်မလား…"

"မဖြစ်နိုင်ဘူး… အမြုတေဖွဲ့စည်းခြင်းအတွင်း ကောင်းကင်ဖြစ်စဉ်က ဒီလောက်ကြောက်စရာ ကောင်းနိုင်လို့လား…"

"ပြိုင်ဘက်ကင်း ပါရမီရှင်တချို့.. သူတို့ရဲ့ ရွှေအမြုတေ ဖွဲ့စည်းတဲ့အခါ မိုင်ရာပေါင်းများစွာကို ထိခိုက်စေတဲ့ ကောင်းကင်ဖြစ်စဉ်ကို ဖြစ်ပေါ်စေတယ်ဆိုတဲ့ ကောလာဟလတွေ ရှိတယ်လေ…"

"ကောလာဟလတွေအရ.. အင်မော်တယ်ရှားဂိုဏ်းအတွင်းမှာ ပြီးပြည့်စုံမှုအဆင့်ကို ရောက်ရှိနေတဲ့ အခြေတည်အဆင့် ကျင့်ကြံသူတချို့ တကယ် ရှိနေတယ်… ဒီအချိန်မှာ သူတို့ ရွှေအမြုတေဖွဲ့စည်းဖို့ ကြိုးစားတာက မဖြစ်နိုင်တာ မဟုတ်ဘူး… အောင်မြင်ရင်.. အင်မော်တယ်ရှားမြို့တော်မှာ နောက်ထပ် ရွှေအမြုတေကျင့်ကြံသူ နှစ်ယောက် ရှိလာနိုင်တယ်…"

"ဒါပေမဲ့.. ဒီလောက်ကြောက်စရာကောင်းတဲ့ ကောင်းကင်ဖြစ်စဉ်က… အမြုတေဖွဲ့စည်းခြင်း ရောက်ရှိနေတဲ့ သူတစ်ယောက်ကြောင့် တကယ်ဖြစ်နိုင်လို့လား… ဝိညာဉ်သန္ဓေသားအဆင့် ရောက်ရှိနေတဲ့ သူတစ်ယောက် ဖြစ်နိုင်မလား…"

"အဓိပ္ပာယ်မရှိတာ မပြောစမ်းပါနဲ့.. အမြုတေဖွဲ့စည်းခြင်းနဲ့ ဝိညာဉ်သန္ဓေသားက အဆင့်တူလို့လား… ရေကြယ်ကျွန်းမှာ တစ်ယောက်ယောက် ဝိညာဉ်သန္ဓေသားအဆင့်ကို ရောက်ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး.."

"အတိအကျပဲ… ရေကြယ်ကျွန်းမှာ တတိယအဆင့် ဝိညာဉ်ကြောပဲ ရှိတာ.. တစ်ယောက်ယောက်က ဒီမှာ ဝိညာဉ်သန္ဓေသားကို ကြိုးပမ်းရင်… အောင်မြင်မှုနှုန်းက ထိုးကျသွားမှာပေါ့.."

"တကယ်ပဲ… ရွှေအမြုတေရှိတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်တောင်မှ တတိယအဆင့် ဝိညာဉ်ကြောရှိတဲ့ နေရာကို ရွေးချယ်မယ့်အစား… ဝိညာဉ်သန္ဓေသားအတွက် စတုတ္ထအဆင့် ဝိညာဉ်ကြောရှိတဲ့ လိုဏ်ဂူတစ်ခုကို ငှားရမ်းလိမ့်မယ်…"

"အမြုတေဖွဲ့စည်းခြင်းဖြစ်စဉ်က ထူးထူးခြားခြား ကြီးမားပုံပေါက်နေပေမယ့်… မဖြစ်နိုင်တာတော့ မဟုတ်ဘူး…"

ကျင့်ကြံသူများစွာ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။

အင်မော်တယ်ရှားဂိုဏ်းမှ တစ်စုံတစ်ဦးသည် အမြုတေဖွဲ့စည်းခြင်းကို ကြုံတွေ့နေရပြီး၊ ထိုကဲ့သို့သော ကြောက်မက်ဖွယ် ကောင်းကင်ဖြစ်စဉ်ကို ဖြစ်ပေါ်စေသည်ဟု သူတို့အားလုံး ယုံကြည်နေကြသည်။

ဝိညာဉ်သန္ဓေသားအဆင့်အတွက်မူ၊ သူတို့သည် ၎င်းကို ဖြစ်နိုင်ချေ တစ်ခုအနေဖြင့် လုံးဝ မမြင်ကြပေ။

ဘန်း…။

နောက်တစ်စက္ကန့်တွင်၊ မမြင်နိုင်သော အတားအဆီးတစ်ခုသည် အင်မော်တယ်ရှားဂိုဏ်းတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။

မမြင်နိုင်သော စွမ်းအင်စက်ကွင်းတစ်ခုသည် ထိုဧရိယာကို ဝန်းရံထားသကဲ့သို့ ပုံပေါက်နေသည်။

အပြင်ဘက်မှ လူများသည် အတားအဆီးအတွင်း၌ ဘာဖြစ်နေသည်ကို မမြင်နိုင်ကြပေ။

ကောင်းကင်ဖြစ်စဉ်သည် ရုတ်တရက် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။

ကျိုးစွေ့ လှုပ်ရှားလိုက်ခြင်း ဖြစ်ပြီး၊ စတုတ္ထအဆင့် မဟာအစီအရင် ရွှမ်ယင်လေးလံရေအစီအရင်ကို အသက်သွင်းကာ၊ အင်မော်တယ်ရှားဂိုဏ်းတစ်ခုလုံးနှင့် အင်မော်တယ်ရှားတောင်ထွတ်ကို လွှမ်းခြုံထားသည့် နှစ်ထပ်အတားအဆီးတစ်ခုကို ထုတ်ဖော်လိုက်သည်။

မည်သို့ပင်ဖြစ်စေ၊ တာအိုလက်တွဲဖော်များ၏ ဝိညာဉ်သန္ဓေသားလုပ်ငန်းစဉ်ကို ပြင်ပလောကကြီးအား တွေ့မြင်ခွင့် မပေးလိုချေ။

အခြားကျင့်ကြံသူများ ဝိညာဉ်သန္ဓေသားဖြစ်စဉ်ကို အာရုံခံမိပြီး၊ အတွေးအမျိုးမျိုး ဖြစ်ပေါ်လာခြင်းကို တားဆီးရန်လည်း ဖြစ်လေ၏။

"ဘာဖြစ်တာလဲ… အမြုတေဖွဲ့စည်းခြင်းဖြစ်စဉ်က ဘာလို့ ရုတ်တရက် ပျောက်သွားတာလဲ…"

တစ်စုံတစ်ယောက်က စူးစမ်းစွာ မေးလိုက်သည်။ သူတို့သည် မျက်မှောက်ကြည့်ရှုရန် မျှော်လင့်နေခဲ့ကြသည်။

"သိသာနေတာပဲ မဟုတ်ဘူးလား.. အင်မော်တယ်ရှားမြို့တော်ရဲ့ တတိယအဆင့် အစီအရင်ပညာရှင် လှုပ်ရှားလိုက်တာပဲကို.. တတိယအဆင့်အစီအရင်ကို အသက်သွင်းလို့ ကောင်းကင်နဲ့မြေကြီးကို ဖုံးကွယ်ထားတဲ့ တတိယအဆင့်အတားအဆီးနဲ့ အမြုတေဖွဲ့စည်းခြင်းဖြစ်စဉ်ကို ပိတ်ဆို့လိုက်တာလေ…"

"ကျွတ် ကျွတ်... အင်မော်တယ်ရှားမြို့တော်ရဲ့ ဒီတတိယအဆင့် အစီအရင်ပညာရှင်က တကယ့်ကို အစွမ်းထက်တာပဲ… သူက ကောင်းကင်ဖြစ်စဉ်ကို အလွယ်တကူပိတ်ဆို့ဖို့ တတိယအဆင့်အစီအရင်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်တယ်.."

"ပြီးခဲ့တဲ့တစ်ခေါက် သွေးစွန်းမိစ္ဆာနဲ့ အခြားသူတွေ တိုက်ခိုက်တုန်းဆို… ဒီတတိယအဆင့် အစီအရင်ပညာရှင်ကိုယ်တိုင် လှုပ်ရှားခဲ့ပြီး… အဲ့တာက သူတို့ကို ထိန်းချုပ်နိုင်ခဲ့တဲ့ အကြောင်းရင်း ဖြစ်တယ်လို့ ကြားတယ်… အစီအရင်ပညာရှင်ရဲ့ စွမ်းဆောင်ရည်တွေက အနည်းဆုံး တတိယအဆင့် အထွတ်အထိပ်နယ်ပယ်မှာ ရှိရမယ်…"

"မှန်တယ်… ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူ သုံးယောက် အင်မော်တယ်ရှားမြို့တော်ကနေ ထွက်ခွာသွားတာနဲ့… ဒီတတိယအဆင့် အစီအရင်ပညာရှင်ကပဲ မြို့တော်ရဲ့ စနစ်ကျနမှုကို နှစ်အတော်ကြာ ထိန်းသိမ်းထားပြီး… ဘာကသောင်းကနင်းမှ မဖြစ်အောင် တားဆီးပေးနေတာပဲ…"

"ဒီတတိယအဆင့် အစီအရင်ပညာရှင်သာ မရှိရင်… ကြယ်သုံးပွင့်ကျွန်းစုက မရေမတွက်နိုင်တဲ့ ကျင့်ကြံသူဓားပြတွေရဲ့ လွှမ်းမိုးမှုကို ခံနေရလောက်ပြီ…"

များပြားလှသော ကျင့်ကြံသူများသည် မအံ့ဩဘဲ မနေနိုင်ကြပေ။

ဤတတိယအဆင့်အစီအရင်၏ စွမ်းဆောင်ရည်များသည် သူတို့၏ စိတ်ကူးယဉ်မှုထက် ကျော်လွန်နေသည်။

အင်မော်တယ်ရှားမြို့တော်တွင် ပုန်းအောင်းနေသော ကျင့်ကြံသူအချို့သည် စိုးရိမ်သော အမူအရာများပင် ဖြစ်ပေါ်လာကြသည်။

ကံကောင်းစွာဖြင့်၊ သူတို့သည် အင်မော်တယ်ရှားမြို့တော်တွင် မဆင်မခြင် ပြုမူလိုသော သွေးဆောင်မှုကို တွန်းလှန်နိုင်ခဲ့ကြသည်။

သူတို့သာ ပြဿနာရှာခဲ့လျှင်၊ တတိယအဆင့်အစီအရင်သည် လွယ်ကူစွာ ဖမ်းဆီးထားနိုင်ပြီး၊ တစ်ယောက်ကိုမျှ လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ။

အင်မော်တယ်ရှားမြို့တော်၏ လျှို့ဝှက်ဆန်းကြယ်သော အစီအရင်ပညာရှင်သည် ဤပင်လယ်နယ်မြေတွင် အတော်လေး ဂုဏ်သတင်း ကျော်ကြားလာခဲ့သည်။

…….

ဤအခိုက်အတန့်တွင်၊ အင်မော်တယ်ရှားတောင်ထွတ်ပေါ်၌ လူခြောက်ဦးသာ ကျန်ရစ်တော့သည်။

သူတို့သည် ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်၊ လန်ယွဲ့ရှီ၊ ရှန်ပိချန်နှင့် ကျိုးစွေ့တို့ ဖြစ်ကြသည်။

ထိုအချိန်တွင်၊ ကျန်ရှိသော အင်မော်တယ်ရှားဂိုဏ်းကျင့်ကြံသူများသည် အခြား တောင်ထွတ်များပေါ်တွင် သီးခြား ခွဲထုတ်ထားခံရပြီး၊ ချဉ်းကပ်ခွင့် မပြုပေ။

ဤအချိန်တွင်၊ အင်မော်တယ်ရှားတောင်ထွတ်တစ်ခုလုံးရှိ သဘာဝဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် အရူးအမူး မြင့်တက်လာသည်။

ဝိညာဉ်စွမ်းအင် ပမာဏအများအပြားသည် မြေကြီးအောက် နက်ရှိုင်းသောသွေးကြောများမှ လှိမ့်ဝင်လာသည်။

ဤဝိညာဉ်စွမ်းအင်သည် တောင်ထွတ်အထက်တွင် အဆက်မပြတ် လှည့်ပတ်နေသော ဝိညာဉ်စွမ်းအင်နဂါးများအဖြစ်သို့ ထွက်ပေါ်လာချေသည်။

ဤနေရာ၏ ဝိညာဉ်ကြောသည် တတိယအဆင့် ထိပ်တန်းမှ စတုတ္ထအဆင့် အောက်ခြေအဆင့်၊ အလယ်အလတ်အဆင့်နှင့် ထိပ်တန်းအဆင့်ထိတိုင် မြင့်တက်လာလေသည်။

သဘာဝဝိညာဉ်စွမ်းအင် ပမာဏအများအပြားသည် အင်မော်တယ်ရှားတောင်ထွတ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

သဘာဝဝိညာဉ်စွမ်းအင် လွှမ်းမိုးထားသော ပြင်းအားကြောင့်၊ တောင်တစ်ခုလုံးသည် ဝိညာဉ်စွမ်းအင်မြူခိုးများအတွင်း ဖုံးလွှမ်းနေသည်။

ဝိညာဉ်အရည်ပင်လျှင် စတင် ဖွဲ့စည်းလာတော့သည်။

ဝိညာဉ်စွမ်းအင်အလွှာများ ပုံသဏ္ဍာန်ရှိသော တိမ်တိုက်များသည် အထက်ကောင်းကင်ယံတွင် ဖွဲ့စည်းလာသည်။

နူးညံ့သိမ်မွေ့သော ဝိညာဉ်မိုးရေစက်များ ရံဖန်ရံခါ ကျဆင်းလာပြီး၊ မြေကြီးပေါ်ရှိ စိတ်ဝိညာဉ်ဆေးဝါးမျိုးစုံသည် ဝိညာဉ်မိုးရေကို စုပ်ယူပြီးနောက် သန်စွမ်းစွာ ကြီးထွားလာကြတော့သည်။

"ယုံနိုင်စရာတောင်မရှိဘူး… ဒါက စတုတ္ထအဆင့် ဝိညာဉ်ကြောလား…"

"ဘာလို့ ဝိညာဉ်စွမ်းအင်က ဒီလောက် သိပ်သည်းနေရတာလဲ…"

ကျိပင်းယွီသည် အသက်အနည်းငယ် ရှူလိုက်ရုံဖြင့်၊ သူမ၏ ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်စွမ်းအင်များ လျှံကျလာသည်ကို အာရုံခံလိုက်မိသဖြင့် အံ့အားသင့်သွားသည်။

သူမ ပေါက်ကွဲလုနီးပါး ပြည့်ကျပ်နေသည်ဟု ခံစားရသည်။

ဤအခိုက်အတန့်တွင်၊ လွှမ်းမိုးထားသော ဝိညာဉ်စွမ်းအင်က သူမကို ပေါက်ကွဲကာ သေဆုံးသွားစေမည်ကို ကြောက်ရွံ့သဖြင့် သူမ၏ ကျင့်ကြံခြင်းနည်းစနစ်ကို မလည်ပတ်ရဲပေ။

တစ်ခါတစ်ရံတွင်၊ ဝိညာဉ်စွမ်းအင် သိပ်သည်းလွန်းပြီး လူတစ်ယောက်၏ကျင့်ကြံမှု နိမ့်ပါးနေပါက၊ ဝိညာဉ်စွမ်းအင်မူးယစ်ခြင်း သို့မဟုတ် သွေးကြောများနှင့် ဒန်တျန်ပေါက်ကွဲခြင်းကိုပင် ဖြစ်ပေါ်စေနိုင်သည်။

ယခုအခါ၊ သူမ ထိုအတိုင်း ခံစားနေရသည်။

All Chapters