← Chapters

ယောင်ယောင်နှင့် ဝူယောင်

Vol. 51 Ch. 709

ယောင်ယောင်နှင့် ဝူယောင်

Vol. 51 Ch. 709

ယောင်ယောင်နှင့် ဝူယောင်မှာ မျက်နှာချင်းဆိုင် အနေအထားတွင် ရှိနေကြပြီး ပြင်းထန်လှသော စွမ်းအင်ဖိအားများမှ ပတ်ဝန်းကျင်အား ကြီးစိုးထားလျက်ရှိကာ အထီးကျန်နေသော နန်းတော်ပန်းခြံကြီးသည်ပင် တောက်ပလင်းလက်လာသကဲ့သို့ ထင်မှတ်ရသည်။

"ယောင်ယောင်ရဲ့ စိတ်ဝိဉာဉ်စွမ်းအင်က အဆင့်တက်သွားပြန်ပြီလား။" ဇူယွမ်မှာ အနည်းငယ် စိတ်ဓာတ်ကျသွားရသည်။ နှစ်ပေါင်းများစွာအတွင်း သူမည်မျှပင် ကြိုးစားပါစေ ယောင်ယောက်အား မမှီနိုင်ပဲ ဖြစ်နေရသည်။

တခြားသူတစ်ဦးသည်သာ ကျင့်ကြံခြင်း၌ ထိုမျှမြန်ဆန်နေပါက ဇူယွမ်မှာ ယုံကြည်နိုင်လိမ့်မည် မဟုတ်ပါသော်လည်း ယောင်ယောင်ဖြစ်နေခြင်းကြောင့်သာ နားလည်နေနိုင်ခြင်း ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် အချို့သောသူများမှာ အမှန်တကယ်ပင် ကျင့်ကြံခြင်းလမ်းစဉ်ပေါ် မရောက်ခင်ကတည်းက ထူးခြားကြသူများ ဖြစ်နေသောကြောင့်ပင်။

တွေးကြည့်ရုံမျှဖြင့် ယောင်ယောင်ထက်သာနိုင်မည့်အရေးမှာ အဆပေါင်းများစွာ ဝေးကွာနေဆဲ ဖြစ်သည်။

ဝူယောင်မှာ ယောင်ယောင်အား ကြည့်ရှုနေရင်းဖြင့် နှုတ်ခမ်းအစုံကို ဖိကိုက်လိုက်မိသည်။ ယောင်ယောင့်ထံမှ ချီစွမ်းအင် အငွေ့အသက်မျှ မရရှိနေပါသော်လည်း စိတ်ဝိဉာဉ်စွမ်းအင် သက်သက်ဖြင့်ပင် ဝူယောင်အား အန္တရာယ် ကောင်းကောင်းပေနေနိုင်ပြီ ဖြစ်သည်။

ထိုမျှထူးချွန်ထက်မြတ်သောသူသည် ဟွမ်းယွမ်ကောင်းကင်ဒေသ၌ပင် ထိပ်ဆုံး၌ ရပ်တည်နိုင်လိမ့်မည် ဖြစ်သည်။ အဘယ့်ကြောင့် သူမလောက် ထက်မြတ်သောသူသည် ကန်ရွှမ်းကောင်းကင်ဒေသ၌ ရှိနေရပါသနည်း။

ထို့အပြင် သူမနှင့် ဇူယွမ်သည် မည်သို့ပက်သတ်နေပါသနည်း။

ဝူယောင်မှာ အနည်းငယ်မျှ တွေးတောပြီးနောက်တွင် စိတ်အားပြန်လည်ငြိမ်သက်စေလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူမနှင့် ယောင်ယောင်အကြားရှိ တိုက်ပွဲမှာ ရှောင်လွှဲရနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် အရေးမပါသော အကြောင်းကိစ္စများအား ရှည်ရှည်ဝေးဝေး တွေးတောနေရန် မလိုအပ်တော့ပါချေ။

ဝုန်း....

ဝူယောင်မှာ မိုးကြိုးပန်းများကို လက်ချောင်းထိပ်တွင် ပွင့်စေလိုက်ပြီးနောက် ပြင်းထန်လှသောအရှိန်ဖြင့် ယောင်ယောင့်ထံ ပစ်လွှတ်လိုက်သည်။

ယောင်ယောင်မှာ တောက်ပနေသော မျက်ဝန်းများဖြင့် မိုးကြိုးပန်းပွင့်များကို ကြည့်ရှုလိုက်ပြီးနောက် ထန်ထန်အား မြေပြင်ပေါ် ပစ်ချလိုက်သည်။ ထို့နောက် သူမ၏ မျက်ခုံးအကြားမှ ပြင်းထန်လှသော စိတ်ဝိဉာဉ်စွမ်းအင်များ ထွက်ပေါ်လာလေသည်။

ဝုန်း.....

မိုးကြိုးပန်းပွင့်များမှာ မမြင်နိုင်သော စွမ်းအင်တစ်ခုနှင့် ထိတွေ့သွားသည့်အလား ယောင်ယောင့်ထံမရောက်ခင် ပေအနည်းငယ်အကွာတွင် ပေါက်ကွဲပျက်စီးသွားရသည်။

ထိုသည်မှာ ယောင်ယောင်၏ စိတ်ဝိဉာဉ်စွမ်းအင်ပင် ဖြစ်သည်။

သို့သော် ပေါက်ကွဲသွားသော မိုးကြိုးပန်းပွင့်များကြားမှ အနီရောင်ပုံရိပ်တစ်ခုမှာ ယောင်ယောင့်ထံသို့ တိုးဝင်လာလေသည်။ ဝူယောင်သည် လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လျက် ယောင်ယောင်၏ ရင်ဘတ်အား ထိုးနှက်ရန် ကြံရွယ်နေခြင်း ဖြစ်သည်။

ထိုသေးငယ်နူးညံ့သော လက်သီးဆုပ်လေးမှာ ချစ်စဖွယ်ကောင်းသည်ဟု ထင်မှတ်ရပါသော်လည်း အနားတွင် ဝန်းရံနေသော အနက်ရောင်မိုးကြိုးသွားများမှာ သေမင်းတမန် မြွေနဂါးများပမာ ကြောက်စရာကောင်းလှသည်။

ယောင်ယောင်မှာ တည်ငြိမ်သောအမူအရာဖြင့် လက်ဖြောက်တစ်ချက်တီးကာ မူလမှော်စာလုံးတစ်ခုအား ဖန်တီးလိုက်သည်။ ထိုမူလမှော်စာလုံးသည် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို လျင်မြန်စွာ စုပ်ယူလိုက်ပြီးနောက် မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် ရေခဲနံရံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဒုန်း.....

ဝူယောင်၏လက်သီးမှာ ရေခဲနံရံနှင့် ရိုက်ခတ်မိသွားကာ နံရံပေါ်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာရသည်။

ခရက်....

ဤသို့ဖြင့် အက်ကွဲကြောင်းများ အဆက်မပြတ် ပေါ်ပေါက်လာပြီးနောက်တွင် ရေခဲနံရံလည်း ပြိုကျသွားရတော့သည်။

ရေခဲနံရံ ပြိုကျသွားပါသော်လည်း ဝူယောင်မှာ အန္တရာယ် အငွေ့အသက်အား ခံစားလိုက်ရသဖြင့် သတိထားကာ ကြည့်ရှုလိုက်သောအခါတွင် သူမ၏ရှေ့၌ သာမန်မျက်စိဖြင့် မမြင်နိုင်သော မီးတောက်တစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့ရှိလိုက်ရသည်။

ထိုမီးတောက်မှာ အေးမြသည်ဟု ထင်မှတ်ရပါသော်လည်း ဝူယောင်၏ အမူအရာမှာ ခက်ထန်သွားလေသည်။

"စိတ်ဝိဉာဉ်မီးတောက်...."

ဝှစ်....

စိတ်ဝိဉာဉ်မီးတောက်မှာ ဝူယောင်ထံသို့ တိုးဝင်လာသောကြောင့် သူမမှာ အနည်းငယ်မျှပင် အချိန်မဆွဲရဲပဲ လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လျက် ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုကို အကာအကွယ်ဒိုင်းတစ်ခုသဖွယ် ပြုလုပ်လိုက်သည်။

ခရက်....

စိတ်ဝိဉာဉ်မီးတောက်မှ ကွမ်းဟွမ်ရောင်လျှံဝန်းများကို လောင်ကျွမ်းအက်ကွဲစေသည့်အသံမှာ စူးရှစွာ ထွက်ပေါ်နေလျက် ရှိသည်။

ယောင်ယောင်မှာ စိတ်ဝိဉာဉ်မီးတောက်အား ကွမ်းဟွမ်ရောင်လျှံဝန်းဖြင့် တားဆီးနေသည်ကို မြင်တွေ့လိုက်ရသောကြောင့် မီးတောက်အား ပြန်လည်ဆင့်ခေါ်ပြီးနောက်တွင် စိတ်ဝိဉာဉ်မီးလျှံကြာပွတ်အဖြစ် ပြောင်းလဲလိုက်သည်။

ရွှတ်....

ယောင်ယောင်၏ လွှဲရိုက်ချက်နှင့်အတူ စိတ်ဝိဉာဉ်မီးလျှံကြာပွတ်မှာ ဝူယောင်ထံသို့ အညှာအတာကင်းမဲ့စွာ ဆင်းသက်သွားလေသည်။

"သူက စိတ်ဝိဉာဉ်မီးတောက်ကို တော်တော်ကို ထိန်းချုပ်နိုင်နေပြီပဲ။" ဝူယောင်မှာ အံ့အားသင့်သွားရပြီးနောက် ချက်ချင်းဆိုသလို ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုအား ကြီးမားသော အကာအကွယ်အဖြစ် ပြောင်းလဲလိုက်သည်။

ဘုန်း....ဘုန်း....

မရေမတွက်နိုင်သော ကြာပွတ်ရိုက်ချက်များမှာ ကွမ်းဟွမ်ရောင်လျှံဝန်းများအပေါ်ကျရောက်သွားလျက် အက်ကွဲကြောင်းများကို ဖြစ်ပေါ်စေသည်။

ဝူယောင်မှာ အက်ကွဲလာနေသော ကွမ်းဟွမ်ရောင်လျှံဝန်းများကိုကြည့်ကာ မျက်မှောင်ကျုံ့လိုက်ပြီးနောက် လုံးဝန်းနေသော မိုးကြိုးသွားကို ဖန်တီးလိုက်သည်။

ထိုမိုးကြိုးသလင်းကျောက်မှာ အရွယ်အစား လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်သော ဆန်းကြယ်သည့်လက်နက်တစ်မျိုးပင် ဖြစ်သည်။

ဝူယောင်မှာ ကွမ်းဟွမ်ရောင်လျှံဝန်းများကို ပြန်လည်ရုတ်သိမ်းလိုက်ပြီးနောက် မိုးကြိုးသလင်းကျောက်နှင့် စိတ်ဝိဉာဉ်မီးလျှံကြာပွတ်တို့ကို ထိတွေ့စေလိုက်တော့သည်။

ဘန်း....ဘန်း....

ကျယ်လောင်လှသော အသံများမှာ ကောင်းကင်ထက်တွင် ပြည့်နှက်နေလျက် ရှိသည်။ မည်သူကမှ အလျှော့ပေးလိုခြင်း မရှိကြသဖြင့် တိုက်ခိုက်မှုများမှာ အတော်ပင် ပြင်းထန်လွန်းလှသည်။

အသက်ရှူချိန် အနည်းငယ်မျှသော အချိန်အတွင်းမှာပင် ၎င်းတို့နှစ်ဦးမှာ အကြိမ်ပေါင်းရာနှင့်ချီ၍ တိုက်ခိုက်ပြီးကြပြီ ဖြစ်သည်။

ဇူယွမ်မှာ ပြင်းထန်လှသော တိုက်ပွဲအား ကြည့်ရှုနေရင်းဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေရသည်။ ဝူယောင်သည် အမှန်တကယ်ပင် ထူးခြားလှသူ ဖြစ်သည်။ ယောင်ယောင်နှင့် ထိုမျှယှဉ်ပြိုင်တိုက်ခိုက်နိုင်သောသူကို ဇူယွမ်အနေဖြင့် ယခုမှသာ တွေ့မြင်ဖူးခြင်းပင်။

ထို့အပြင် ဝူယောက်၏တိုက်ခိုက်မှုများမှာ ရဲတင်းပြတ်သားကာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်လွန်းသည်။ သူမ အသုံးပြုနေသော အနက်ရောင်မိုးကြိုးသွားမှာလည်း ကြမ်းတမ်းခက်ထန်လွန်းလှပြီး အသုံးပြုလိုက်ချိန်တိုင်းတွင် လေထုကိုပင် တုန်ခါသွားစေသည်။

ဝူယောင်မှာ အမှန်တကယ်ပင် သန်မာထက်မြတ်သူ ဖြစ်သည်။

"ငါက နတ်ဘုံခန်းဝါ အဆင့်ကိုတက်ပြီး ဝူဘုရင်ကို အနိုင်ယူနိုင်တာလောက်နဲ့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေခဲ့တာပဲ။"

"ငါက ကန်ရွှမ်းကောင်းကင်ဒေသရဲ့ လူငယ်မျိုးဆက်ထဲမှာ အထူးချွန်ဆုံး ဖြစ်နေပေမယ့် ထျန်းယွမ်ကမ္ဘာကြီး ဘယ်လောက်ကျယ်သလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့စိတ်က အမြဲတမ်း ပျက်စီးစေတဲ့လမ်းကိုပဲ ဦးတည်နေလိမ့်မယ်။"

ဇူယွမ်မှာ သက်ပြင်းချလိုက်မိသည်။ ယခုလတ်တလော အခြေအနေများအရ ဇူယွမ်မှာ မိမိကိုယ်ကို အထင်ကြီးနေမိခဲ့သဖြင့် ဝူယောင်နှင့် တိုက်ခိုက်သောအခါ အတော်ခံစားခဲ့ရသည်။ ထို့ကြောင့် ဇူယွမ်မှာ သင်ခန်းစာ ကောင်းစွာရသွားခဲ့ပြီ ဖြစ်သည်။

ဇူယွမ်မှာ ခံစားချက်များကို တည်ငြိမ်စေလိုက်ပြီးနောက် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ မိန်းမငယ်နှစ်ဦး၏တိုက်ပွဲသည် မည်သူကမှ အသာစီး မရနိုင်ပဲ ဖြစ်နေရပြီး အရှုံးအနိုင် မကွဲပြားနိုင် ဖြစ်နေရသည်။

ထိုအချိန်မှာပင် ဇူယွမ်မှာ နှလုံးသားအတွင်းမှ ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်အား ရရှိလိုက်လေသည်။

ထို့ကြောင့် ချက်ချင်းဆိုသလိုပင် ဇူယွမ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဉ်အား အသက်ဝင်စေလိုက်ပြီးနောက် ငွေအရိပ်ကိုပါ ဝတ်ဆင်လိုက်သည်။

ဇူယွမ်မှ ထိုအရာများကို ပြုလုပ်ပြီးသည့် အချိန်၌ မိုးကြိုးလျှပ်စီးများ ဝန်းရံထားသော လက်ဝါးတစ်ဖက် ပေါ်ထွက်လာကာ သူ၏နောက်ကျောအား ပြင်းထန်စွာ ရိုက်ချလိုက်သည်။

စကြာဝဠာ ရောင်လျှံဝန်းမှာ အန္တရာယ် အငွေ့အသက်အား ခံစားလိုက်ရသောကြောင့် ချက်ချင်းပင် ဇူယွမ်၏နောက်ကျောဖက်၌ ပေါက်ထွက်လာသည်။

ဘန်း.....

စကြာဝဠာ ရောင်လျှံဝန်းမှာ လက်ဝါးချက်နှင့် တွေ့ဆုံသွားရပြီးနောက် မိုးကြိုးလျှပ်စီးများ၏ ပြင်းထန်လှသောစွမ်းအင်ကို မခုခံနိုင်သဖြင့် ဖြာထွက်ပျောက်ကွယ်သွားရသည်။

လက်ဝါးချက်မှာ ဇူယွမ်ထံသို့ ဆက်လက်ရောက်ရှိလာလေသည်။

ကြောက်မက်ဖွယ်ကောင်းလှသော တိုက်ခိုက်မှုကြောင့် ဇူယွမ်မှာ မျက်မှောင်ကျုံ့သွားရသည်။ ထို့နောက် အသက်နှင့်တမျှ အရေးကြီးချိန် ဖြစ်သွားသဖြင့် သူ၏မျက်ဝန်းများမှာ ကြောက်မက်ဖွယ် အငွေ့အသက်များဖြင့် ပြည့်နှက်သွားလေသည်။

ဇူယွမ်မှာ ချက်ချင်းဆိုသလိုပင် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်သည်။

ဝုန်း....

ကောင်းကင်ဘုံယွမ်စုတ်တံမှာ အလျင်အမြန် ဇူယွမ်၏ နောက်ကျောဖက်သို့ ရောက်ရှိသွားသည်။

စုတ်တံထိပ်ရှိ ဖြူဖွေးနေသော အမွှေးများမှာလည်း ထက်ရှလှသော အနက်ရောင်အဖြစ် ပြောင်းလဲသွားသည်။

ချပ်....

စုတ်တံထိပ်ဖျားမှာ တစ်စုံတစ်ခုအား ခြစ်မိသွားဟန် ရှိသည်။

ဝုန်း.....

ဇူယွမ်၏ နောက်ကျောဖက်မှ မိုးကြိုးလျှပ်စီးများ ပေါက်ကွဲသွားလေသည်။

သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားရပြီးနောက် ငွေရောင်ချပ်ဝတ်မှာလည်း အက်ကွဲကုန်ရသည်။

ထို့နောက် ပေါက်ကွဲရာမှ ထွက်ပေါ်လာသော ကြမ်းတမ်းခက်ထန်လှသည့် စွမ်းအင်လှိုင်းဂယက်များကြောင့် ဇူယွမ်မှာ အဝေးသို့ လွင့်စင်သွားရကာ ကျောက်တုံးကျောက်ဆောင်များနှင့် ရိုက်ခတ်မိသွားသည်။

ဝုန်း....

ပြင်းထန်လှသော ရိုက်ခတ်အားကြောင့် ကျောက်တုံးကျောက်ဆောင်များပင် ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားရသည်။

"အား...."

ဇူယွမ်မှာ ပါးစပ်အပြည့် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။ သူ၏မျက်ဝန်းများမှာ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်သွားရပြီးနောက် ချက်ချင်းဆိုသလိုပင် နောက်သို့လှည့်ကြည့်လိုက်သည်။

ဆုတ်ပြဲနေသော လေဟာနယ်နှင့်အတူ ပုံရိပ်တစ်ခုအား တွေ့ရှိလိုက်ရသည်။

ဖြည်းညင်းစွာဖြင့် ပုံရိပ်မှာ ကြည်လင်ပြတ်သားလာသည်။

ထိုပုံရိပ်မှာ အနက်ရောင် အဝတ်အစားများ ဆင်မြန်းထားပြီး မရင်းနှီးသော လူငယ်တစ်ဦး ဖြစ်သည်။ ယင်းလူငယ်၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး ခန္ဓာကိုယ် တလျှောက်တွင်လည်း မိုးကြိုးလျှပ်စီးများ ရစ်ဝဲနေလျက် ရှိသည်။

ထိုလူငယ်လေးမှာ အံ့အားသင့်သွားဟန်ဖြင့် ဇူယွမ်အားကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။ "ဘယ်လိုတောင် သွားထက်တဲ့ ကြွက်စုတ်လဲ။ ငါ့ရဲ့လက်ဝါးချက်ကိုတောင် ရှောင်နိုင်တယ်ပေါ့။"

ထို့နောက် ၎င်းလူငယ်မှာ သူ၏အင်္ကျီလက်အား ငုံ့ကြည့်လိုက်သောအခါတွင် အဝတ်အစားများ ဆုတ်ပြဲနေပြီး သေးငယ်သော ခြစ်ရာတစ်ခုကို တွေ့လိုက်ရသောကြောင့် မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။

ထိုဒဏ်ရာအား မြင်တွေ့လိုက်ရပြီးနောက် လူငယ်၏အပြုံးများမှာ အေးစက်တောင့်တင်းသွားရသည်။

သူသည် ပထမ၌ နတ်ဘုံခန်းဝါ အခြေတည်အဆင့်သာရှိသော ဇူယွမ်အား လျှို့ဝှက်စွာ တိုက်ခိုက်ပါက တစ်ချက်တည်းဖြင့် သတ်နိုင်လိမ့်မည်ဟု ထင်မှတ်မိခဲ့သည်။ ယခုတွင်မူ ဇူယွမ်မှာ တိုက်ခိုက်မှုအား ရှောင်နိုင်ရုံမျှမက သူ့ကိုပင် ပြန်လည်ဒဏ်ရာ ရရှိစေခဲ့သည်။ ထိုအချက်သည် သူ့အားအလွန် ဒေါသဖြစ်စေသည်။

ကောင်းကင်ထက်တွင် ရှိနေကြသော မိန်းမငယ်နှစ်ဦးမှာလည်း ထိုအဖြစ်အပျက်အား ချက်ချင်းဆိုသလို သိရှိသွားကြသည်။

ယောင်ယောင်၏မျက်ဝန်းများမှာ အေးစက်ခက်ထန်သွားရပြီးနောက် နှလုံးခဲမတက် ကြောက်မက်ဖွယ် အငွေ့အသက်များ သူမထံမှ ထွက်ပေါ်လာလေသည်။

ဝူယောင်၏ မျက်ဝန်းများမှာလည်း အနည်းငယ် အေးစက်သွားရသည်။ ထို့နောက် ၎င်းအနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်အားကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။ "ကျောက်ယွင်ရှောင်း....ငါ့ရဲ့ကိစ္စတွေမှာ ဝင်ပါစရာ မလိုဘူးလို့ ပြောထားတယ်မလား။"

All Chapters