မရှံးနိမ့်ခြင်း
Vol. 1 Ch. 474
ကျန်းယွီသည် နေရာရွှေ့ပြောင်းမှုကို အသုံးပြုပြီးနောက် ကျောင်းအုပ်ယွီအထက်၌ ပြန်ပေါ်လာပြန်သည်။ ယခုအခေါက်တွင် သူသည် အမှားတစ်ခုကို ပြုလုပ်ခဲ့သည့်ပုံဖြင့် သူပြန်ပေါ်လာသည့်နေရာက ကျောင်းအုပ်ယွီနှင့် အတော်လေးနီးနေရာ သူတို့ကြားထဲတွင် မီတာသုံးရာခန့်သာ ဝေးကွာပေ၏။ ကျောင်းအုပ်ယွီသည် ယခင်က ကြိုတင်ပြင်ဆင်ထားခဲ့လျှင် သူက မျက်တောင်တစ်ခတ်အတွင်း ကျန်းရီကို သေစေနိုင်သည့် ထိုးနှက်ချက်ဖြင့် တိုက်ခိုက်နိုင် လောက်ပေ၏။
ကံကောင်းသည်မှာ ကျောင်းအုပ်ယွီက ကျန်းရီထုတ်ထားသည့် မီးတောက်များကို ဖြေရှင်းရန် ကြိုးစားနေသေးဆဲ ဖြစ်သည်။ ထိို့အပြင် ကျန်းရီနေရာ ရွှေ့ပြောင်းခဲ့သည့်နေရာက သူနှင့်အနည်းငယ် ပိုနီးကပ်နေပေသည်။ ထို့ကြောင့် သူ အာရုံသိပ်မစိုက်ခဲ့ပေ။ ကျန်းရီသည် နောက်ထပ် လက်ဝါးရိုက်ချက်များနှင့် မီးတောက်လှိုင်းများ ထုတ်တာကို မြင်လိုက်ရသည့်အချိန်တွင် ကျောင်းအုပ်ယွီက လှောင်ပြောင်သည့် အမူအရာ ပေါ်လာတော့သည်။ ယခုအခေါက်တွင် မီးတောက်ပင်လယ်က အတော်လေး အားပိုလျော့သွားသည်။ ဆက်တိုက် တိုက်ခိုက်မှုက ကျန်းရီ၏ အသက်ဓာတ်ကို အတော်လေး ကုန်ဆုံးစေပုံပေါ်၏။ ကျန်းရီ ကြာရှည်မခံတော့ဟု သူ တွက်ချက်ခဲ့သည်။
“ဟ”
သူ၏ယပ်တောင်ကို သာမာန် လွှဲယမ်းလိုက်ပြီးနောက် သူပင်လယ်လှိုင်းများကို ဆက်တိုက်ထုတ်လိုက်သည်။ ပြီးနောက် ကောင်းကင်စိတ်အာရုံကို ကျန်းရီဆီ အာရုံစိုက်ထားလျက် နေရာရွှေ့ပြောင်းသည့် အချိန်တွင် မည်သည့်နေရာကို သွားမည်ဆိုတာ မြင်ချင်နေ၏။ ရှောင်လုံဝမ်သည် သူ့ကို ယခင်က ကတိပေးခဲ့ဖူးသည်။ နှစ်ယောက်လုံးက ဂရုတစိုက် ဆောင်ရွက်ပြီး ကျန်းရီကို ခြုံခို တိုက်ခိုက်ခွင့် မပေးသ၍ နှစ်ယောက်လုံးသည် သူ့ကို သေအောင် အလွယ်တကူ သတ်နိုင်မှာပဲ ဖြစ်သည်။
“အမ် ”
ချက်ချင်းပင်သူက တော်တော်လေး သတိဝင်သွားသည်။ သေစေနိုင်သည့် ကပ်ဘေးတစ်ခုက အသံတိတ် ချဉ်းကပ်လာပြီး သူ့အမူအရာသည်လည်း အရုပ်ဆိုးလာပေတော့သည်။ ထိုအန္တရာယ် အငွေ့အသက် မည်သည့်နေရာမှ အဖျားခတ်မှန်း သူမသိခဲ့ပေ။ အကြောင်းမှာ သူ၏ကောင်းကင် စိတ်အာရုံက ရှောင်လုံဝမ်ဆီသို့ နေရာရွှေ့ပြောင်းသွားသော ကျန်းရီကို စောင့်ကြည့်နေသောကြောင့် ဖြစ်သည်။
“အဘိုးကြီးယွီ ဂရုစိုက် အဖြူရောင်မီးတောက်တွေမှာ ပြဿနာတစ်ခုခု ရှိနေတယ် ”
ရှောင်လုံဝမ်ကလည်း ၎င်းကိုအာရုံခံမိပြီး သူ၏ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်လိုက်၏။ သူ၏တုန့်ပြန်သည့် အရှိန်က ကျောင်းအုပ်ယွီထက် အတော်လေး ပိုမြန်ဆန်သောကြောင့် ပြဿနာကို ချက်ချင်းသိသွားသည်။
“အဖြူရောင် မီးတောက်တွေလား ”
ကျောင်းအုပ်ယွီကလည်း သတိဝင်သွားပြီးနောက် သူ့ဆီသို့ ဝှီးခနဲ ရောက်လာသည့် မီးတောက်များကို စိုက်ကြည့်လိုက်သည်။ ခဏအကြာတွင်သူက ရေဓာတ်တာအို တိုက်ကွက်ကို ထုတ်ဖော်လိုက်ရ၏။ ယခင်တိုက်ကွက် အတွေ့အကြုံများအရ သူ၏ရေဓာတ် တာအိုတိုက်ကွက်သည် ဘုံကိုးဘုံ၏ နဂါးမီးတောက်ကို အလွယ်တကူ ဖယ်ရှားနိုင်သင့်ပေ၏။ သူ့အကြည့် လွှဲလိုက်သည့်အချိန်နှင့် ကြောက်စရာကောင်းလောက်အောင် တောင့်တင်းသွားမိ၏။
သူတိုက်ခိုက်ခဲ့သော ရေဓာတ်တာအို တိုက်ကွက်သည် အပြည့်အဝ ပျောက်ကွယ်သွားတော့၏။ ဘုံကိုးဘုံ၏ နဂါးမီးတောက် အပိုင်းအစတစ်ချို့က ကျန်ရှိနေသေးဆဲ ဖြစ်သည်။ ထို့အပြင် အဖြူရောင်မီးတောက်များက ဘုံကိုးဘုံ၏ နဂါးမီးတောက်အလယ်တွင် ပေါ်လာနေ၏။ ထိုမီးတောက်များက အင်မတန် သေးကွေးကာ ဦးနှောက် အရွယ်အစားခန့်သာရှိပြီး အထဲတွင် ပြည့်တင်းသည့် မျက်နှာတစ်ခု ရှိနေသည်။ အဖြူရောင်မီးတောက်က ဘုံကိုးဘုံ နဂါးမီးတောက်ထဲတွင် ဖုံးကွယ်နေရာ ကျောင်းအုပ်ယွီက အစထဲက ၎င်းတို့ကို အမိမဖမ်းနိုင်ခဲ့ပေ။
“ပူကျစ်တောက်နေတာပဲ အဖြူရောင် မီးတောက်တွေမှာ ပြဿနာတစ်ခုရှိတယ်၊ ငါလုပ်ရမယ် ရေနဂါး ကောင်းကင်လေ ”
ကျောင်းအုပ်ယွီက ယပ်တောင်ကို လွှဲယမ်းလိုက်ပြီးနောက် ရေနဂါးကို ဖော်ဆောင်လိုက်သည်။ ထိုရေနဂါးက အင်မတန် သေးကွေးပြီး လူခန္ဓာကိုယ် အရွယ်အစားခန့်သာ တုတ်ပေ၏။ သို့သော် ရေနဂါး၏ အရောင်အဝါက မြင့်မားသည့် ပင်လယ်လှိုင်းများထက် အတော်လေး ပိုသန်မာပေသည်။ ယင်းက ကျောင်းအုပ်ယွီ၏ အသန်မာဆုံး တိုက်ကွက်ဆိုတာ သိသာနေသည်။
ခဏအကြာတွင် အစောပိုင်းက ကျန်းရီသူနှင့် မီတာသုံးရာ အကွာသို့ရောက်သည့် အချိန်တွင် ကျောင်းအုပ်ယွီက ငရဲတစ္ဆေမီးလျှံကို သတိမပြုခဲ့မိပေ။ သူသတိပြုမိသည့် အချိန်တွင် တစ္ဆေမီးလျှံကသူနှင့် မီတာသုံးဆယ်အကွာတွင် ရောက်နေပြီဖြစ်၏။ သူက မရှောင်နိုင်တော့ချေ။ သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာက အသန်မာဆုံး ရေဓာတ်တိုက်ကွက်က ထိုငရဲတစ္ဆေ မီးတောက်ကို သတ်ဖြတ်နိုင်မလားဆိုတာပဲ ကြည့်ရမှာပဲဖြစ်သည်။ မသတ်နိုင်ခဲ့လျှင် သူသေမည်သာ ဖြစ်သည်။
ရေနဂါးက တမလွန်လောက တစ္ဆေမီးလျှံကို ဖယ်ရှားနိုင်မလား။
သာမာန်တစ္ဆေ မီးတောက်များဆိုလျှင် ဖြစ်နိုင်သေးသည်။ သို့သော် ဤတစ္ဆေမီးလျှံသည် ဘုံကိုးဘုံ၏ စွမ်းအားများဖြင့် အားဖြည့်ပေးခြင်း ခံထားရသည်။ ဘုံကိုးဘုံ၏ နဂါးမီးတောက်ထက် အနည်းဆုံး ဆယ်ဆခန့် ပိုသန်မာလောက်ပေ၏။ ကျောင်းအုပ်ယွီ၏ ရေဓာတ်တာအို သိုင်းကွက်က ဘုံကိုးဘုံ၏ နဂါးမီးတောက်နှင့်သာ ဆင်တူနေသည်။ တစ္ဆေမီးလျှံကို မည်ကဲ့သို့ ဖြေရှင်းနိုင်မည်နည်း။
ကျွတ် ကျွတ်
ရေနဂါးက ငွေ့ရည်ဖွဲ့သွားပြီးနောက် မီးခိုအဖြစ် ပြောင်းလဲသွား၏။ ယင်းက ငရဲတစ္ဆေမီးလျှံနှင့် ထိမိသွားကာ လူကောင်အရွယ်အစားခန့်ရှိသော အဖြူရောင်မီးတောက်သည် မရပ်တန့်သွားဘဲ ဝှီးခနဲ ဆက်လက်တိုးသွား၏။ ကျောင်းအုပ်ယွီက လှည့်ထွက်ပြီး ထွက်ပြေးတော့မည့် အချိန်တွင် သူ၏ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ကောင်းအောင် ပူလောင်ပြင်းပြသော မီးတောက်ဖြင့် မီးရှို့ခံလိုက်ရသည်။ သူသည် ထိုအကွာအဝေးတွင် ထွက်ပြေးနိုင်ခဲ့လျှင် ယင်းက အံ့သြဖွယ်သရဲ ဖြစ်နေမှာပင်။
“အား အား ”
ကျောင်းအုပ်ယွီသည် မြေကမ္ဘာတုန်လှုပ်ဖွယ် ဟိန်းသံမျိုး ထုတ်လွင့်လိုက်ရာ ရှားရီမြို့တစ်မြို့လုံး ပဲ့တင်သံ ထွက်သွား၏။ သူ၏ဒေါသများ မလိုလားမှုများ နောင်တများနှင့် ပြည့်နေတော့သည်။
“မိုးပြာကျောင်းတော်ရဲ့ ကျောင်းအုပ်ယွီက ပျောက်သွားပြီ၊ ကိုယ်စားအုပ်ချုပ်သူက ပြိုက်ဘက်ကင်းတာပဲ၊ ညီနောင်တို့ သတ်ကြ အဲဒီကောင်တွေကို ထွက်ပြေးခွင့် မပေးနဲ့ ”
စစ်သူကြီးလူက ကျောင်းအုပ်ယွီ အရှင်လတ်လတ် မီးရှို့ခံလိုက်ရသည်ကို မြင်သောအခါ သူ၏မျက်နှာက ရဲလာတော့သည်။ ပြီးနောက်သူ၏ အနှစ်သာရ ဓာတ်အားလုံးကို သွန်ထည့်ပြီးနောက် ချက်ချင်းပင် ဟိန်းဟောက်လိုက်၏။ ထိုဟိန်းသံက မဟာရှတိုင်းပြည်၏ စစ်သားများကို စိတ်ဓာတ်ခွန်အား တိုးမြင့်သွားစေတော့သည်။
ဘယ်လောက်ကြာသွားပြီလဲ။ နောက်ထပ် သိုင်းပညာရှင်တစ်ယောက် ကြွေလွင့်သွားပြီလား။
ကျန်းရီက ကောင်းကင်ဧကရာဇ်အဆင့်ကို ချိုးဖြတ်တက်သွားပြီလား။ သူက ဗာဂျရာနယ်ပယ် ကျွမ်းကျင်သူတွေကို ဟင်းရွက်ကန်စွန်းကို ခုတ်ပိုင်းနေသလိုမျိုး အလွယ်တကူ ဘယ်လိုလုပ် သတ်နိုင်ရတာလဲ။
“ကိုယ်စားအုပ်ချုပ်သူက ပြိုင်ဘက်ကင်းတယ်၊ သတ်ကြ ”
မြို့ထဲရှိ ကျန်ရှိသောတပ်ဖွဲ့က တစ်ချိန်တည်းနီးပါး ဟစ်ကြွေးလိုက်သည်။ သူတို့အသံများက နားအူမတက် ဆူညံနေပြီး စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် ကျွမ်းကျင်သူအချို့ကို ထိတ်လန့်သွားစေခဲ့သည်။ လူများစွာက ဆက်လက်တိုက်ခိုက်ရန်အတွက် မတွက်ကြတော့ပေ။ ရှောင်လုံဝမ် ကောင်းကင်ထဲတွင် ပျံဝဲနေသေးဆဲရှိတာကို မမြင်ထားလျှင် သူတို့ကိုယ်သူတို့ ငှက်များသဖွယ် အသွင်ပြောင်းပြီး ပြေးထွက်လောက်၏။
အမှန်တကယ်တွင် ယခုအချိန်၌ ရှောင်လုံဝမ်ကလည်း ထွက်ပြေးချင်နေသည်။ သူသည် ထိုတိတ်ဆိတ်နေသော ငရဲတစ္ဆေမီးလျှံဆီမှ သေစေနိုင်သော အငွေ့အသက် အန္တရာယ်ကို အာရုံခံမိနေသည်။ ထိုတစ္ဆေမီးလျှံ သူနှင့်မီတာ သုံးဆယ်အကွာသို့ ရောက်လျှင် သူထွက်ပြေး လွတ်မြောက်မှာမဟုတ်မှန်း သိနေ၏။ ကျန်းရီက နေရာရွှေ့ပြောင်းမှုကို အသုံပြုပြီး သူ့ဘေးသို့ ရောက်လာကာ တစ္ဆေမီးလျှံကို ထုတ်လွှတ်ခဲ့လျှင် သူကျန်းရီကို သတ်နိုင်ခဲ့လျှင်တောင် သူလည်းသေမှာပဲဖြစ်၏။
ပိုအရေးကြီးသည်က ပြဿနာတစ်ရပ်ကို သူရှာဖွေ တွေ့ရှိသွားတာပဲဖြစ်သည်။
ကျန်းရီက အဆင်အခြင်မဲ့ တိုက်ခိုက်နေသည်ဟု ထင်ရသည်။ သို့သော် သူတို့နှစ်ယောက်တွင် တစ်ယောက်ကို အချိန်တိုအတွင်း ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် တိုက်ခိုက်နိုင်ခဲ့သည်။ အစတွင် ကျန်းရီကို ကံကောင်းရုံမျှသာဟု သူခံစားမိခဲ့တာဖြစ်သည်။ ယခုတွင် မတော်တဆများက ဆက်တိုက်ဖြစ်လာ၏။ ယင်းက ကံကောင်းမှုမဟုတ်။ ကျန်းရီ၏ ပရိယာယ်သာဖြစ်ပေသည်။
ဥပမာအနေဖြင့် အစကနေ ကျန်းရီသည် နေရာရွှေ့ပြောင်းမှုကို အသုံးပြုပြီး ပြီးပြည့်စုံသည့် အချိန်ကိုက်တွင် ပေါ်ထွက်လာအောင် လုပ်ထား၏။ ထို့ကြောင့် အဆီအနှစ်ဓာတ်များက တစ်ဖက်လူ၏ အဆီအနှစ်ဓာတ်များနှင့် တိုက်မိသွားသည့်အချိန်တွင် စစ်သူကြီး၏ သေဆုံးမှုကို ဖြစ်သွားစေတော့သည်။ ကံကောင်းမှုကြောင့် ရခဲ့တာမဟုတ်လျှင် ကျန်းရီက လူတိုင်း၏ ပျံသန်းသောအရှိန်လားရာနှင့် နေရာရွှေ့ပြောင်းရမည့် အချိန်တို့ကို တွက်ချက်ပြီးမှ ပြုလုပ်ခဲ့တာ ဖြစ်နိုင်သည်။
ဒုတိယအချက်အနေဖြင့် သူသည် ပန်းပွင့်မိန်းမပျိုကို စတင်တိုက်ခိုက်စဉ်က ဘုံကိုးဘုံ၏ နဂါးမီးတောက်ကို အသုံးပြုပြီး မီးနဂါးထောင်ချီကို အဘယ့်ကြောင့် အသုံးမပြုခဲ့ရသနည်း။ သူက ပန်းပွင့်မိန်းမပျိုကို သတိမထားမိစေချင်ဘဲ သူ၏တိုက်ခိုက်မှုစွမ်းအား အကန့်အသတ်ရှိသည်ဟုသာ သိစေချင်တာဖြစ်သည်။
ခုနတုန်းကသူသည် ကျောင်းအုပ်ယွီနှင့် မီတာသုံးရာအကွာတွင် အဘယ့်ကြောင့် ပေါ်လာရသနည်း။ ယင်းကမနီးလွန်း မဝေးလွန်း သူကဝေးလွန်းနေလျှင် ကျောင်းအုပ်ယွီက သေချာပေါက် ထွက်ပြေးသွားနိုင်၏။ နီးလွန်းနေလျှင် ကျောင်းအုပ်ယွီက သတိဝိရီယရှိနေပြီး သူ့ကိုအချိန်ကိုက် ထွက်ပြေးခွင့် ပေးလောက်ပေ၏။
“ဟုတ်တယ် အားလုံးကို အဲဒီကောင် စီစဉ်ထားတာပဲ၊ ဒီကောင်ရဲ့ဉာဏ်က ကြောက်ဖို့ကောင်းလွန်းတယ် အရာအားလုံးက သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ ”
ရှောင်လုံဝမ်က ကြက်သီးများထလာပြီး ထွက်ပြေးလုနီးပါး ဖြစ်လာခဲ့သည်။ သို့သော် သူ၏ ဂုဏ်သိက္ခာနှင့် ဂုဏ်သတင်းကြောင့် ထွက်မပြေးခဲ့ပေ။ သူတို့ကို ကြည့်နေသည့်လူက များစွာရှိပေ၏။ သူထွက်ပြေးသွားလျှင် သူနှစ်ပေါင်းများစွာ တည်ဆောက်သည့် ဂုဏ်သတင်း ပျက်စီးသွားမှာဖြစ်သည်။ သူက အံ့ကြိတ်ပြီး ကောင်းကင်စိတ်အာရုံကိုသုံးကာ ကျန်းရီကို ထောက်ပံ့ပြီး သူ့ကိုသတ်ဖြတ်ရန် အခွင့်အရေး ရှာနေရုံသာ တက်နိုင်၏။
ကျန်းရီက နေရာရွှေ့ပြောင်းမှုကို အသုံးပြုပြီး ဘုံကိုးဘုံ၏ နဂါးမီးတောက်များကို ဆက်တိုက် ထုတ်ဖော်နေ၏။ ဘုံကိုးဘုံ၏ နဂါးမီးတောက်ထဲတွင် တစ္ဆေမီးလျှံ ပါဝင်ခြင်းမရှိတော့ပေ။ ယင်းက ကျန်းရီ၏ တစ်ခုတည်းသော တစ္ဆေမီးလျှံ ဖြစ်နေသလိုပင်။ သို့သော် ရှောင်လုံဝမ်က သတိအပြည့် ဆက်ထားပြီးနောက် သတိအနည်းငယ်လေးတောင် မလစ်ဟင်းရဲပဲ ကောင်းကင်စိတ်အာရုံကို ကျန်းရီအား ခြေရာခံရန် အသုံးပြု၏။
“အမ် ” ရုတ်တရက်တွင် ကျန်းရီနေရာရွှေ့ပြောင်းမှုကို အသုံးပြုသည့်အချိန် သူ၏ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ နေရာရွှေ့ပြောင်းမှုသည် သူ၏အသက်ဓာတ် သက်လုံအား ဝိညာဉ်စွမ်းအားတို့ အလွန်အကျွံ သုံးစွဲမှုကြောင့် နေရာရွှေ့ပြောင်းမှု ကျရှုံးသွားသည့်ပုံမျိုး ဖြစ်နေသည်။ ထိုစဉ် ရှောင်လုံဝမ်၏မျက်လုံးက ကြယ်တစ်ပွင့်ကဲ့သို့ လက်ခနဲ ဖြစ်သွားတော့၏။ သူကလှည့်ကြည့်ပြီးနောက် ကျန်းရီကို သတ်နိုင်မည်လားဆိုတာ မြင်ရန် ရှားပါးသော အခွင့်အရေးကို ဖမ်းဆုပ်ဖို့ရာ ဆုံးဖြတ်ထားခဲ့၏။
သူ၏ခန္ဓာကိုယ်က ကောင်းကင်ကို ဖြတ်သန်းလျက် ဘုံကိုးဘုံ၏ နဂါးမီးတောက်နား၌ ပေါ်လာတော့သည်။ ပြီးနောက် ကျန်းရီဆီ လျှပ်ပြက်သည့်အရှိန်ဖြင့် တိုးဝင်လာ၏။ သူ၏ ပုဆိန်သွား တပ်လှံရှည်ဖြင့် နေရာရွှေ့ပြောင်းမှုကို အသုံးပြုရန် ပြင်ဆင်နေသည့် ကျန်းရီဆီ တိုက်ခိုက်လိုက်တော့၏။
“ဟား ဟား ”
ကျန်းရီက နေရာရွှေ့ပြောင်းမှုကို အသုံးမပြုတော့ဘဲ နေရာတွင်ပင် မလှုပ်ရှားဘဲ နေရစ်သည်။ သူက လှည့်ကြည့်ပြီးနောက် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ ရှောင်လုံဝမ်က ထိုအပြုံးကို မြင်တွေ့သောအခါ အရူးလုပ်ခံရပြီမှန်း ချက်ချင်းသဘောပေါက်သွားသည်။ ယင်းက ကျန်းရီ၏နောက်ထပ် ပရိယာယ်တစ်ခု ဖြစ်ပေသည်။
ထင်တဲ့အတိုင်းပဲ။
ကျန်းရီ၏ လက်ချောင်းပေါ်ရှိ လက်စွပ်က လင်းထိန်လာပြီး အဖြူရောင် တစ္ဆေမီးလျှံများစွာ သွန်ထည့်ကာ ချက်ချင်းပင် ရှောင်လုံဝမ်ကို လွှမ်းခြုံသွားတော့၏။ ကျန်းရီသည် တစ္ဆေမီးလျှံကို ထောက်ရန် လက်ဝါးရိုက်ချက်အချို့ ဆက်တိုက်ထုတ်ဖော်လိုက်၏။ မူမမှန်ဘဲ မြင့်တက်လာသော အပူချိန်က ရှောင်လုံဝမ်၏ တစ်ကိုယ်လုံးနီးပါးကို ဝါးမျိုပြီး မီးတောက်များဖြင့် လောင်ကျွမ်းစေတော့သည်။
“ပြေး ”
ရှောင်လုံဝမ်က တွေဝေမနေတော့ချေ။ အသက်နှင့်ယှဉ်လျှင် ဂုဏ်သတင်းက အရေးမကြီး။
ဒီကောင်က သိပ်ကိုကြောက်ဖို့ ကောင်းလွန်းတယ်။ ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် သူကျန်းရီကြောင့် သေမှာသေချာတယ်။
ဝိညာဉ်သားရဲအဆောင်က သူ့လက်ထဲတွင် လင်းထိန်လာပြီးနောက် များစွာသော ဝိညာဉ်သားရဲများ ချက်ချင်းပေါ်လာပေသည်။ လက်ချောင်းတိုက်ကွက်ကို အသုံးပြုပြီးနောက် မီးထဲသို့ ဝိညာဉ်သားရဲ ထည့်လိုက်၏။ ယင်းက နတ်ဆိုးဘုရင် အမျိုးအစား၏ ဝိညာဉ်သားရဲတစ်ကောင် ဖြစ်ပေသည်။
ရှောင်လုံဝမ်က အဆင်အခြင် မဲ့လွန်းတယ်။ အခုလို သေရေးရှင်ရေး အခြေအနေမှာတောင် လျှို့ဝှက်ကတ်ကို အသုံးပြုဖို့ တွေဝေမနေဘဲ ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေး ရဖို့အတွက် နတ်ဆိုးဘုရင်ကိုတောင် စတေးခဲ့သေးတယ်။
***