ကုသိုလ်ရမှတ်
Vol. 9 Ch. 89
ဖန်းဟန် မျက်တောင်ခတ်လိုက်ပြီးကြောင်အမ်းအမ်းဖြင့် မလှုပ်မယှက် ရပ်နေမိပေသည်။
"..."
နတ်ဆိုးမြင်းတစ်ကောင်ကို ဒု-စစ်သူကြီးဟုန်က ဦးဆောင်ခေါ်လာပေသည်။
သူ့ရှေ့တွင် ချင်းဖုန်းတောင်မှ ပြန်လာကြသော ရွှေလင်းယုန်တပ်ဖွဲ့ဝင် အယောက် ၂၀ ကျော်သည် လူငယ်၏ဘေးတစ်ဖက်တစ်ချက်တွင် ခန့်ညားစွာ ရပ်နေကြပေ၏။
ယနေ့တွင် အတွင်းစခန်းမှ မိန်းကလေးနှစ်ဦးသည် ပြင်ပရေးရာခန်းမကို တာဝန်ယူထားကြသည်။
သူတို့သည် ပစ္စည်းများကို တစ်ခုပြီးတစ်ခု ဂရုတစိုက် ထုတ်ယူပြီး လုပ်ဖော်ကိုင်ဖက်များထံ ရိုသေစွာ ဆက်သလိုက်ကြပေသည်။
ပထမဆုံးအနေဖြင့် သပ်ရပ်စွာ ခေါက်ထားသော ဝတ်ရုံတစ်ထည် ဖြစ်သည်။
လက်အင်္ကျီအနားကွပ်များ ကျယ်ဝန်းပြီး အောက်နားစ ရှည်လျားကာ ချောမွေ့သော အထည်သားပေါ်တွင် လကို ဝါးမျိုနေသော ဝံပုလွေပုံစံ သင်္ကေတ ပါရှိပေသည်။
၎င်းသည် အပြင်စခန်း၏အထိမ်းအမှတ်တံဆိပ်ဖြစ်ပြီး သိုင်းပညာရှင် အငွေ့အသက်ကို ပိုမို ထင်ရှားစေပေသည်။
ထို့နောက် ကျောက်စိမ်းခါးပတ် တစ်ခုနှင့် ရွှေချထားသော ဝံပုလွေပုံစံဆံထိုးသရဖူ တစ်ခုကို ချထားလိုက်ရာ ခန့်ညားခြင်းနှင့် အာဏာရှိပုံ ပေါက်နေပေသည်။
"ဟမ် သူ ဒု-စစ်သူကြီးအဆင့်ကို ရာထူးတိုးသွားပြီပဲ"
စိတ်လှုပ်ရှားမှုကို လာရောက်ကြည့်ရှုကြသော တပ်မှူးအများအပြားသည် မူလက နတ်ဆိုးနှိမ်နင်းရေးဌာနသို့ နတ်ဆိုးမြင်းတစ်ကောင် ဝင်ရောက်လာရသည့် အရေးကြီးကိစ္စကို သိချင်နေကြသော်လည်း မမျှော်လင့်ဘဲ လုပ်ဖော်ကိုင်ဖက်တစ်ဦး ရာထူးတိုးသည်ကို မြင်တွေ့လိုက်ရပေသည်။
တစ်ခဏမျှ သူတို့ မနာလို ဝန်တိုမိမတတ် ဖြစ်သွားကြရသည်။
ချင်းဖုန်းတောင်သည် သာမန်လူများကို ဆင့်ခေါ်ခံရမည် စိုးသဖြင့် အိပ်မပျော်နိုင်အောင် ဒုက္ခပေးသော နေရာဖြစ်သော်လည်း အမှန်တကယ် အရည်အချင်းရှိသော ကျွမ်းကျင်သူများအတွက်မူ ရှားပါးသော အခွင့်အရေး တစ်ရပ် ဖြစ်လာခဲ့ပေသည်။
သူတို့၏ရာထူးတိုးနှုန်းသည် မယုံနိုင်လောက်အောင် မြန်ဆန်လှပေသည်။
ထိုအချိန်တွင် ဒုတိယမြောက် အတွင်းစခန်းမှ မိန်းကလေးသည် အသစ်စက်စက် မင်ရောင်ဝတ်ရုံ တစ်ထည်ကို ထပ်မံ ထုတ်ယူလိုက်ပြန်ပေသည်။
တပ်မှူးများသည် တစ်ချက်ကြည့်ပြီး အကြည့်လွှဲတော့မည့်ဆဲဆဲ သူတို့၏ခန္ဓာကိုယ်များ ရုတ်တရက် တောင့်တင်းသွားပြီး မယုံကြည်နိုင်စွာ ပြန်လှည့်ကြည့်လိုက်ကြပေသည်။
ဝတ်ရုံ၏လက်အနားကွပ်များတွင် တိမ်တိုက်ပုံစံများ မပါရှိဘဲ ကော်လာပေါ်တွင် သေသပ်စွာ ထိုးထားသော ယင်ယန်ငါးပုံစံ တစ်ခု ပါရှိနေပေသည်။
ယင်ယန်ချမ်ခွင်း
ဤအရာက နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး ၁၂ ဦးထဲမှ စစ်သူကြီးအို ချန်ချမ်ခွင်း၏သီးသန့် အမှတ်အသား ဖြစ်ပေသည်။
"..."
လူအုပ်ကြီးသည် အာခေါင်များ ခြောက်ကပ်သွားသဖြင့် တံတွေးကို အလိုအလျောက် မျိုချလိုက်မိကြပြီး တိတ်ဆိတ်သွားကြပေသည်။
အံ့သြသော မျက်နှာထားများ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ဘေးလူများနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြရာ ပူးပြင်းနေသောအရိပ်အယောင်များပေါ်ထွက်လာပေသည်။
အနီးကပ်တွဲဖက် ဒု-စစ်သူကြီး တစ်ဦး ကိုယ်စားပြုသော အဓိပ္ပာယ်ကို စကားလုံးလေးလုံးဖြင့် အကျဉ်းချုပ်နိုင်ပေသည်။
သူ အောင်မြင်သွားပြီ။
ကြီးမားသော ကုသိုလ်ရမှတ်နှင့် မယုံနိုင်ဖွယ်ကောင်းသောခွန်အားတို့ကြောင့် သူသည် မိမိကိုယ်ကို သက်သေပြရန် မလိုအပ်တော့ပေ။
အနာဂတ်တွင် သူသည် တောင်များကို ကျော်ဖြတ်ပြီး မြစ်များကိုဖြတ်ကူးကာ အသက်ကို ရင်းပြီး ခရီးသွားရန် မလိုအပ်တော့ပေ။
သူသည် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး၏ဘေးတွင် နေရုံသာ လိုအပ်ပြီး စခန်းချကာ ချင်းကျိုး ၁၂ ခရိုင် အပြင်ဘက်ရှိ နတ်ဆိုးများကို စောင့်ကြည့်ရုံသာ ဖြစ်သည်။
သူတို့သည် အချင်းချင်း အပြန်အလှန် ဟန့်တားထားကြပြီး ရှင်းလင်းသောခွဲခြားမှုကို ထိန်းသိမ်းထားကြမည် ဖြစ်သည်။
ထိုကဲ့သို့သော လူကြီးမင်း၏လက်အောက်မှ တပ်မှူးတစ်ဦးအနေဖြင့် နေရသည်မှာ မယုံနိုင်လောက်အောင် သက်တောင့်သက်သာ ရှိလှပေသည်။
သူသည် နေ့စဉ် ကင်းစောင့်နေရမည် ဖြစ်ပြီး နှစ်ပေါင်းများစွာကြာအောင် အမှန်တကယ် တိုက်ခိုက်ရန်ပင် လိုချင်မှ လိုအပ်ပေမည်။
အချိန်အတန်ကြာပြီးနောက် စောင့်ကြပ်ခြင်းမှ ရရှိသော ကုသိုလ်ရမှတ်များသည်လည်း မနည်းမနော ရှိနေမည် ဖြစ်သည်။
အကယ်၍ ဤအနီးကပ်တွဲဖက် လူကြီးမင်းသာ သူ ထွက်ခွာမသွားမီ လူအနည်းငယ်ကို ခေါ်ဆောင်သွားလိုပါက... တစ်ခဏချင်းပင် အပြင်ဘက်စခန်းမှ တပ်မှူးများအားလုံး စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ တိုးဝှေ့လာကြပေသည်။
ပိုင်ကျစ်မင် မျက်ခုံးအနည်းငယ် ပင့်လိုက်မိပြီး အံ့သြသွားပေ၏။
ဖန်းဟန် တစ်ယောက်သာ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပေသည်။
ဝတ်ရုံကို မြင်လိုက်ရစဉ်က ပျော်ရွှင်ခဲ့သော အကြည့်များသည် ယင်ယန်ငါးပုံစံကို သတိထားမိလိုက်ပြီးနောက် ရုတ်တရက် မနှစ်မြို့စရာ ဖြစ်သွားပြီး စိတ်ပျက်မှု အရိပ်အယောင်များ သန်းလာပေသည်။
"ကျွန်တော်တို့... သခင်ရှန်း အောင်ပွဲခံပြီး ပြန်လာတာကို ဂုဏ်ပြုပါတယ်၊ရာထူး သုံးဆင့် တိုးသွားတာကိုလည်း ဂုဏ်ပြုပါတယ်"
အဖိုးတန် ဝတ်ရုံများကို ကိုင်ထားသူများမှလွဲ၍ ကျန်ရှိသော ရွှေလင်းယုန်တပ်ဖွဲ့ဝင်များသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီးနောက် ဦးညွှတ်ကာ လက်အုပ်ချီလိုက်ကြပေသည်။
သူတို့၏အသံများမှာ ခေါင်းလောင်းထိုးသံကဲ့သို့ ဟိန်းထွက်နေပေ၏။
သူတို့၏ဦးဆောင်မှုအောက်တွင် အတွင်းစခန်းနှင့် အပြင်စခန်းမှ တပ်မှူး ရာပေါင်းများစွာသည်လည်း ထပ်တူညီသော အပြုအမူကို လုပ်ဆောင်လိုက်ကြပေသည်။
အဝေးမှ ဟုန်လေ့ပင်လျှင် ယခင်က စနောက်နေသော မျက်နှာထား ပျောက်ကွယ်သွားပြီး ဇက်ကြိုးကို လွှတ်ကာ လေးလေးနက်နက် လက်သီးဆုပ် ဂါရဝပြုလိုက်ပေသည်။
"ဂုဏ်ယူပါတယ် သခင်ရှန်း"
"မင်း ငါ့ကို ဘာလို့ ကြည့်နေတာလဲ။ မင်းမှာ လက်မပါဘူးလား"
ပိုင်ကျစ်မင် သူ့ဘေးက ဖန်းဟန်ကို လှမ်းကြည့်လိုက်ပေသည်။
"..."
ဖန်းဟန် လက်များကို တွဲလောင်းချထားရာမှ လှုပ်ရှားဖို့ ကြိုးစားလိုက်ပေသည်။
ပိုင်ကျစ်မင် ကူကယ်ရာမဲ့စွာဖြင့် လက်နှစ်ဖက် မြှောက်လိုက်မိပေသည်။
ယနေ့ အပြင်မထွက်ခဲ့သင့်ဘူးဟု တွေးလိုက်မိပေသည်။
စစ်သူကြီးတစ်ဦး၏တပည့်သည် အများဆုံး ဒု-စစ်သူကြီးအဆင့်သာ ဖြစ်လာနိုင်ပေသည်။
အခြားသူ၏အနီးကပ်တွဲဖက်အဖြစ် တာဝန်ထမ်းဆောင်ခြင်းမျိုး မရှိဖူးပေ။
စီနီယာအစ်မကျန်းပင် ယွီရှန်းစီရင်စု နတ်ဆိုးနှိမ်နင်းရေးစစ်သူကြီး သေဆုံးသွားပြီးနောက် ယွီရှန်းမြို့ကို သွေးချောင်းစီးသောနည်းလမ်းများဖြင့် နှိမ်နင်းပြီးမှ စစ်သူကြီးရာထူးသို့ တိုက်ရိုက် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်... ပိုင်ကျစ်မင်၏ရာထူးသည် ရှန်းယီ၏ လက်ရှိရာထူးထက် အနည်းငယ် နိမ့်နေသည်မှာ အမှန်ပင်။
သူ သက်ပြင်းချလိုက်မိသည်။
တပ်မှူးအဆင့်မှ အနီးကပ်တွဲဖက် ဒု-စစ်သူကြီးအဆင့်သို့ တိုက်ရိုက် ရာထူးတိုးရန်အတွက် ချင်းဖုန်းတောင်တွင် အမြုတေစုစည်းခြင်းအဆင့် ကျောင်းနတ်ဆိုး ရှိနေလျှင်ပင် ခေါင်းဖြတ်သတ်နိုင်သော အောင်မြင်မှုများ ရှိမှသာ လုံလောက်မည် ဖြစ်သည်။
'ဘာလဲ... နတ်ဆိုးနှိမ်နင်းရေးစစ်သူကြီးက ချင်းဖုန်းတောင်ကို လမ်းလျှောက်ထွက်သွားတာလား။
ကုသိုလ်အမှတ် တစ်ခုမှ မယူခဲ့ဘူးလား။
"စစ်သူကြီးအို ချန်က မှုန်ဝါးဝါး ဖြစ်နေပြီလား။ ဒီကောင်လေးက နတ်ဆိုးနှိမ်နင်းရေးဌာနကို ရောက်တာ တစ်လတောင် မပြည့်သေးဘူး။ သူက တကယ်ကြီး ဘာမဆို ပေးရဲတာပဲ"
တစ်စုံတစ်ယောက်က ချန်ချမ်ခွင်းကို အပြစ်တင်နေသည်ကို ကြားလိုက်ရသဖြင့် ဟုန်လေ့ ရုတ်တရက် လှမ်းကြည့်လိုက်ပြီး စာကြောင်း၏ နောက်တစ်ဝက်ကို ကြားလိုက်ရပေချိန်တော့ သူ့မျက်နှာ ချက်ချင်း အံ့သြသွားရပေသည်။
"ဟေ"
တစ်လလား... အိုး မဟုတ်သေးပါဘူး
ဟုန်လေ့ ရင်များတဒိန်းဒိန်း ခုန်လာပေသည်။
ဘယ် ဒု-စစ်သူကြီး ငမိုက်သားကများ ဒီလို သောက်ကျိုးနဲ လုပ်လိုက်တာလဲ။
'သူ သေတော့မှာမို့လို့ အိပ်ရာထဲ လဲနေတာလား။ ပျင်းလိုက်တဲ့ ဖြစ်ခြင်း။ ဒီလိုလူမျိုးကို စကားလေးဘာလေးတောင် မပြောဘဲ ခေါ်ယူလိုက်ရတယ်လို့။'
စစ်သူကြီးအို သိမသိ ဆိုတာ ပြောရခက်ပေမယ့် ဒီဒု-စစ်သူကြီးတွေ တစ်ယောက်မှတော့ ဒီဖြစ်နိုင်ချေကို ထည့်မတွက်ခဲ့ကြပါဘူး။
အလွန် အရေးကြီးသော အကြောင်းရင်း တစ်ခု ရှိနေပေသည်။ သူ ဒီကို ရောက်တာ တစ်လတောင် မပြည့်သေးဘူး၊ လစာတောင် မရသေးဘူး၊ ဘာကိစ္စ သူ့အသက်ကို စွန့်စားရမှာလဲ။
"..."
ရှန်းယီ တိတ်ဆိတ်စွာ ဝေ့ဝဲကြည့်လိုက်ပြီး အနည်းငယ် နေသားမကျသလို ခံစားနေရပေသည်။
ခဏတာ တွေဝေနေပြီးမှ သူ မေးလိုက်ပေသည်။
"သိုင်းပညာနဲ့ ဆေးဖက်ဝင် အပင်တွေကရော"
တပ်မှူးအများအပြား လန့်သွားကြပြီး ထူးဆန်းသော မျက်နှာထားများ ဖြစ်သွားကြပေသည်။
အတွင်းစခန်းမှ မိန်းကလေးသည် သူမ၏ပါးစပ်ကို ညင်သာစွာ အုပ်လိုက်ပြီး လုပ်ဖော်ကိုင်ဖက် အနည်းငယ်ကို ဘေးဖယ်ကာ ရှန်းယီကို ပြင်ပရေးရာခန်းမထဲသို့ ဖိတ်ခေါ်လိုက်ပေသည်။
သူမသည် ကောင်တာကြီး နောက်သို့ ဝင်သွားပြီး စာရွက်တစ်ရွက် ထုတ်လိုက်ပေ၏။
"သခင်ရှန်း ဘာများ လိုချင်ပါသလဲ။ ကျွန်မ စာရင်းလုပ်ပေးပါမယ်။ လူတိုင်း ပြန်ရောက်လာပြီး ကုသိုလ်အမှတ် အားလုံး စာရင်းချုပ်ပြီးတာနဲ့ ချက်ချင်း ပို့ပေးပါ့မယ်"
"ကြိုက်တာ ယူလို့ရတာလား"
ရှန်းယီ အံ့သြစွာ မေးလိုက်ပေသည်။
တကယ်တော့ သူ့မျှော်လင့်ချက် သိပ်မကြီးပါဘူး။ ဟုန်လေ့က အစတုန်းက အဆင့်နိမ့် ကျောက်စိမ်းအဆင့် သိုင်းပညာ တစ်ခုလောက်ပဲ ကတိပေးခဲ့၏။
သူက သိုက်ပင်းနှင့် သူစီနီယာအကို ကို ဖမ်းဆီးခဲ့သည်၊ကျောင်းနတ်ဆိုးကို သတ်ဖြတ်ခဲ့တယ်၊ထို့အတူ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးအတွက် ကျောင်းခေါင်းကိုလည်း သိမ်းဆည်းပေးခဲ့၏။
အနည်းဆုံးတော့ သုံးအုပ်၊ ငါးအုပ်လောက်တော့ ရသင့်တယ် မဟုတ်ပါလား။
"ရှင်..."
မိန်းကလေး ခဏတာ ကြောင်သွားပြီး ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်ပေသည်။
"အလယ်အလတ်အဆင့် ကျောက်စိမ်းအဆင့် သိုင်းပညာဆိုရင်တော့ ဒီမှာ တချို့ ရှိပါတယ်။ ဒါပေမဲ့ လူကြီးမင်းနဲ့ကိုက်ညီတာ သိပ်များများစားစား ရှိချင်မှ ရှိမှာပါ။ အဆင့်မြင့်အဆင့် ဆိုရင်တော့ ပြင်ပရေးရာ ခန်းမမှာ တစ်ခုတည်း ရှိပါတယ်..."
"ကျွန်တော် မဆုံးဖြတ်ရသေးဘူး၊ ခင်ဗျား..."
ရှန်းယီ သူ့အကြည့်ကို ဂရုမစိုက်သလို ပြန်ရုပ်သိမ်းလိုက်ပြီး လည်ချောင်းရှင်းကာ ပြောလိုက်ပေသည်။
"အကုန်လုံး ထုတ်ပြလိုက်ပါ၊ ကျွန်တော် သေချာ ရွေးချယ်ချင်လို့"
သူ ထိုသို့ပြောလိုက်သည်နှင့် အတွင်းစခန်းမှ တပ်မှူးအချို့ ချက်ချင်း ဒုက္ခရောက်သွားပုံရပြီး စကားလုံး ရွေးချယ်ဖို့ ကြိုးစားလိုက်ကြပေသည်။
"သခင်ရှန်း... နတ်ဆိုးနှိမ်နင်းရေးဌာနမှာ အရင်တုန်းက စာတစ်ကြောင်း ဖတ်လိုက်တာနဲ့ အကုန်မှတ်မိတဲ့ ပါရမီရှင်တွေ ကြုံဖူးပါတယ်။ သူတို့က အပြင်ကနေ သိုင်းပညာ လာခိုးဖို့ သီးသန့် လေ့ကျင့်ပေးထားတဲ့ သူတွေလေ... ဒါကြောင့် နောက်ပိုင်းမှာ စည်းကမ်းတစ်ခု သတ်မှတ်လိုက်ရတာပါ... သခင်ရှန်းကို သံသယရှိလို့ မဟုတ်ပါဘူး၊ သခင်ရှန်းကတော့ အဲဒီလို ရည်ရွယ်ချက်မျိုးရှိမှာ မဟုတ်ပေမဲ့ စည်းကမ်းက စည်းကမ်းပဲမို့ပါ"
နတ်ဆိုးနှိမ်နင်းရေးဌာနက ရက်ရောတယ် ဆိုတာ မှန်ပေမဲ့ ဘယ်လို ပစ္စည်းမျိုးလဲ ဆိုတာပေါ်လည်း မူတည်သေးသည်မလော။
မည်သို့ပင်ပြောပါစေ ဤနေရာက သိုင်းပညာများနှင့် ဆေးပင်များက အဓိကအားဖြင့် သိမ်းယူရရှိထားသည်များမလား။
အထက်တန်းစားမိသားစုများထက် ဤနေရာတွင် ဆယ်ဆရာဆလောက် ရှိသော်လည်း သူတို့ထံ၌မရှိသောအရာကိုတော့ ရုံးတော်ကလည်း လေထဲမှမထုတ်ယူပေးနိုင်ပေ။
ဥပမာအားဖြင့် ကျောက်စိမ်းအဆင့် သိုင်းပညာဆိုလျှင် သိုင်းလောကသားများ၏မျက်လုံးထဲတွင် အဆင့်ဆိုသော သဘောတရားတောင် မရှိကြပေ။
အလယ်အလတ်အဆင့်ဆိုသည်မှာ အထက်တန်းစားမိသားစုများနှင့်ဂိုဏ်းများက သာမန်သိုင်းပညာများ၏အင်အားဟာ တိုးတက်ရာလိုအပ်နေသေးကြောင်းခံစားရပြီး သူတို့၏ကြီးမားသော အရင်းအမြစ်၊ရှည်လျားသော သက်တမ်းများဖြင့်သုတေသနလုပ်ထားကြခြင်းပင်။
ထိုသိုင်းပညာများ၏အကျိုးသက်ရောက်မှုက တူညီသောအဆင့်ရှိ သိုင်းပညာများထက်ပင် များစွာကြီး သာလွန်သည်။
သူတို့ကို အလယ်အလတ်အဆင့်ဟု ခေါ်ရသော အကြောင်းရင်းမှာ သူတို့အထက်တွင် စစ်သူကြီး၏ အထွတ်အထိပ် နည်းပညာ ၅ ခုကဲ့သို့ နားလည်ရန် ခက်ခဲသော အရာများ ရှိနေလို့ပင်။
ဥပမာအားဖြင့် ဆယ်စုနှစ်များစွာ စုဆောင်းထားသည့်အခြေခံအုတ်မြစ်ကို အချိန်တိုအတွင်း ကုန်ဆုံးစေနိုင်သော လေးပါးညီမျှခြင်းမူလစွမ်းအင် ဆိုပါစို့။ ထိုအရာမျိုးကို သာမန်လူများက ရလျှင်ပင် လှည့်ကြည့်မည်မဟုတ်ပေ။
ခက်ခက်ခဲခဲစုဆောင်းထားရသော ကျောက်စိမ်းအရည်ကို ခွန်အားနှင့် အမြန်နှုန်းတိုးမြှင့်ရန်အတွက်၊ ရုပ်ခန္ဓာနှင့်လက်ထဲမှ ဓားသွားကိုသာ စွမ်းအားဖြည့်ဖို့သုံးကြလေ၏။
အများဆုံး ဓားချီ သို့မဟုတ် ဆေဘာချီ ထုတ်လွတ်နိုင်ရုံလောက်သာဖြစ်သည်။
ယခုလို စွမ်းအင်ကို နည်းလမ်းပေါင်းစုံနှင့် အသုံးပြုနိုင်ကာ လွှမ်းမိုးနိုင်စွမ်းရှိသည့် မူလစွမ်းအင် နည်းပညာမျိုးက နားလည်ရန်ခက်ခဲရုံသာမက သုံးနိုင်သည့်သူမှာလည်း ရှားပါးပေသည်။
မည်သို့ပင်ဖြစ်စေ ကျောက်စိမ်းအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်သည်နှင့် သက်တမ်းအနှစ်တစ်ရာ ပိုရှည်လာမည်ပင်။
ဆေးပင်များအကူအညီရှိလျှင်ပင် အခြေခံအုတ်မြစ်အား ပြန်လည်စုဆောင်းရန် အချိန်အတော်ကြာယူရသည်။
မည်သူက ကိုယ့်အသက်နှင့်ရင်းပြီး အသုံးပြုချင်မည်နည်း။
ချင်ကျိုးနတ်ဆိုးနှိမ်နင်းရေးဌာန တစ်ခုလုံး၏ အင်အားကိုစုစည်းပြီးမှ အရေးအကြီးဆုံး စွမ်းအင် ကျင့်စဉ်များကို အရင်အာရုံစိုက်နိုင်ခဲ့ကြလေ၏။
နောက်ဆုံးမှာတော့ စီရင်စု ၁၂ ခုလုံးကို တုန်လှုပ်စေခဲ့သော လေပြင်းလျှပ်စီးနေမင်းရတနာ ကျမ်း ကို ဖော်ထုတ်နိုင်ခဲ့ကြသည်မလား။
"ကောင်းပြီလေ"
သူ့၏အစီအစဉ်လေး ပျက်သွားခဲ့ရလေပြီ။
ရှန်းယီ အနည်းငယ် စိတ်ပျက်သွားသော်လည်း ထုတ်မပြလိုက်ပေ။
"ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်တွေ၊ကိုယ်ဖော့ ခြေလှမ်းသိုင်းတွေ ပြပေးပါ"
ပထမ စကားလုံးသုံးလုံးကို ကြားလိုက်ရသည်နှင့် အတွင်းစခန်းမှ မိန်းကလေးနှစ်ဦး ရုတ်တရက် တောင့်တင်းသွားကြပေသည်။
တိုက်ဆိုင်လွန်းနေတာများလား။သူများ ဟို အဆင့်မြင့် သိုင်းပညာကို လိုချင်တာများလား။
"သခင်ရှန်း... ဗာဂျာရာဂိုဏ်းအကြောင်း ကြားဖူးပါသလား"
"အဲဒါက ဂိုဏ်းကြီးတစ်ခုတော့ မဟုတ်ပါဘူး၊ ဒုတိယတန်းစားအဆင့်တောင် မမှီတမှီရှိတဲ့ အင်အားစု တစ်ခုပါ"