← Chapters

ကောင်းကင်လဲပြိုကျနေပြီ

Vol. 1 Ch. 475

ကောင်းကင်လဲပြိုကျနေပြီ

Vol. 1 Ch. 475

ဝေါင်း ဝေါင်း

ထိုနတ်ဆိုးဘုရင်သည် မျက်လုံးဖြူ ခေါင်းနှစ်လုံး ကျားတစ်ကောင်ဖြစ်သည်။ ယာ့ဇီသားရဲထက် အရွယ်အစားအနည်းငယ် ပိုသေးပြီး အဆင့်နိမ့် နတ်ဆိုးဘုရင်ဆိုတာ သိသာနေ၏။ ထိုသို့တိုင် မီတာနှစ်ဆယ်ကျော်ရှည်ပြီး ခုနှစ်မီတာခန့် မြင့်ပေ၏။ ရှောင်လုံဝမ်ရိုက်တာ ခံလိုက်ရသောအခါ တစ္ဆေမီးလျှံများဆီ သူ့လွင့်ထွက်သွားတော့သည်။

အခြေအနေကို နားမလည်တာပဲ ဖြစ်သည်။ သို့သော် ပူလောင်သည့် ခံစားချက်များ လွှမ်းမိုးခံလိုက်ရပြီးနောက် ၎င်း၏တစ်ကိုယ်လုံး မီးစွဲသွားတော့သည်။ နာကျင်စွာ အော်လိုက်ပြီးနောက် ထွက်ပြေးနေသည့် ရှောင်လုံဝမ်ကို ကြည့်လိုက်၏။ ၎င်း၏ ခေါင်းလောင်း အရွယ်အစားခန့်ရှိသော မျက်လုံး၌ မယုံနိုင်မှုများနှင့် မကျေမချမ်းမှုများ ရှိနေသည်။

တစ်ဖက်တွင်မူ ဝိညာဉ်သားရဲများသည် သေရေးရှင်ရေး အခြေအနေ၌ သူတို့၏သခင်အတွက် သူတို့ကိုယ်သူတို့ စတေးရမှာပဲဖြစ်သည်။ သို့သော် ပုံမှန်ဆို ဝိညာဉ်သားရဲများသည် သူတို့၏အသက်ကို လိုလိုလားလား စွန့်လွှတ်ကြတာဖြစ်၏။ ယခု ရှောင်လုံဝမ်က ဝိညာဉ်သားရဲကို သူ့လက်ဖြင့် သေတွင်းထဲ တွန်းပို့ခဲ့ပြီး ရက်ရက်စက်စက် မညှာမတာတောင် ရိုက်နှက်ခဲ့သေးသည်။ နတ်ဆိုးဘုရင် မည်ကဲ့သို့ ခံစားရမည်နည်း။

ကျွတ် ကျွတ်

တစ္ဆေမီးလျှံများ ချဉ်းကပ်မလာသေးခင် နတ်ဆိုးဘုရင်၏ ဧရာမခန္ဓာကိုယ်က မီးများက စွဲသွားတော့သည်။ ခေါင်းနှစ်လုံးက ရှုံ့တွလာပြီး နတ်ဆိုးဘုရင်သည် ဝါး ဝါး အော်လိုက်၏။ မြို့တစ်မြို့လုံးသည် ရက်စက်သော အရှိန်အဝါများဖြင့် ဝန်းရံခံလိုက်ရသည်။ ကြောက်တတ်သည့်လူများက ကြောက်လန့်မှုကြောင့် တုန်ယင်နေကြပြီး အရှင်လတ်လတ် မီးလောင်ကျွမ်းလျက် သေသွားသည့် နတ်ဆိုးဘုရင်၏ ကြေကွဲဖွယ် သေခြင်းတရားကို မြင်လိုက်ရသည်။

တစ္ဆေမီးလျှံက အလွန်အစွမ်းပြင်း၏။ မကြာမီ၌ မီးတောက်များသည် နတ်ဆိုးဘုရင်နား ကပ်လာပြီး ၎င်း၏တစ်ကိုယ်လုံးကို လောင်ကျွမ်းသွားစေကာ အနက်ရောင်ပြာများ ဖြစ်သွားစေတော့၏။ စေးကပ်သည့် ညော်နံ့သာ ကျန်ခဲ့ပြီး အပူလှိုင်းများက မြို့သူမြို့သားများကို ချွေးများပျံသွားစေ၏။

ဝှစ်

ခေါင်းနှစ်လုံးကျားသည် တစ္ဆေမီးလျှံများကို ပိတ်ဆို့ထားသည့် အချိန်တွင် ၎င်း၏ဧရာမခန္ဓာကိုယ်က အင်မတန် မြင့်မားသည့် အပူချိန်ကို ပိတ်ဆို့ထားခဲ့၏။ ရှောင်လုံဝမ်က ထိုအခွင့်အရေးကို အမိယူပြီး ထွက်ပြေးသွားတာဖြစ်သည်။ သူသည် ကြာကြာမနေရဲဘဲ မြောက်ဘက်ဆီသို့ စီးဆင်းနေသည့် အလင်းတန်းသဖွယ် ပြေးထွက်သွား၏။ အချိန်တိုအတွင်းတွင် သူကအနက်ရောင် အစက်လေးတစ်စက်အဖြစ် ပြောင်းလဲသွားကာ ဝေးကွာသည့် ကောင်းကင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။

“ဟိုက်ရှားပါး ”

ရှောင်လုံဝမ် လွတ်မြောက်သွားသည်နှင့် စိတ်ဝိညာဉ်မျောလွင့်ခရီးသည် သိုင်းပညာရှင်များသည် ဖရိုဖရဲ ဖြစ်သွားကြ၏။ စိတ်ဓာတ်ခွန်အားများလည်း နိမ့်သွားပြီဖြစ်သည်။ သူတို့သည် မဟာရှတိုင်းပြည်၏ သာမာန်စစ်သားများဆီမှ ဆက်တိုက် နောက်ဆုတ်နေ၏။ ယခုအချိန်တွင် သူတို့က တိုက်ခိုက်လိုစိတ်မရှိဘဲ သူတို့အသက်အတွက် အရပ်မျက်နှာအနှံ့ ထွက်ပြေးကြတော့သည်။

ရှချင်းဝေ သေဆုံးသွားပြီး ကျင်းရှန်တိုင်းပြည်၏ စစ်သေနာပတိက ပြာဖြစ်သွားကာ ပန်းပွင့်မိန်းမပျိုသည် မြေပြင်ပေါ်တွင် သေဆုံးခါနီး ဖြစ်နေသည်။ ကျောင်းအုပ်ယွီက အသတ်ခံလိုက်ရသည်။ မြောက်ပိုင်းလျံတိုင်းပြည်၏ ရှားယွီက အသက်ရှင်နေသေးဆဲ ဖြစ်သည့်တိုင် သူကျန်းရီကို အနိုင်ယူနိုင်လိမ့်မည်ဟု မည်သူကမှ မထင်ပေ။ ရှချင်းဝေက ရှားယွီထက် ပိုပြီးသန်မာပေ၏။

“စုန်းနတ်ဘုရားက လူရွေးမမှားခဲ့ဘူးပဲ ”

ငွေပန်းပွင့် အဘွားအိုက မြို့နံရံပေါ်တွင် ထိုင်နေပြီး ပြန်လည်ကုသနေ၏။ သူမက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး ပန်းပွင့်မိန်းမပျိုထက် အခြေအနေ မသာပေ။ သွေးများလွှမ်းနေသည့် မျက်နှာက အလွန်ကျေနပ် နှစ်သက်နေ၏။ အစတွင် သူမက ဤနေရာသို့ မလာချင်ခဲ့ပေ။ သို့သော် ထျန်းကျင်းက တိုက်တွန်းခဲ့၏။ သူမသည် အဆုံးတွင်မူ စုန်းနတ်ဘုရား၏ အမြင်ကို ယုံကြည်ရန် ရွေးချယ်ခဲ့သည်။

သူမအလောင်းအစား ပြုခဲ့တာပဲဖြစ်သည်။ ကျန်းရီနှင့် ကျန်သည့်တပ်ဖွဲ့များက လျန်ဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်ကို သတ်ဖြတ်ခဲ့ပြီး သူသည် လောကထဲတွင် ပြိုင်ဘက်ကင်း ဖြစ်လာတော့မည်။ လျန်ဂိုဏ်းက ဤမျက်နှာသာ ပေးမှုကြောင့် အကျိုးအမြတ် ရလိမ့်မည်။ ကျန်းရီကိုလည်း သူတို့ကောင်းကောင်းမွန်မွန် သိကြ၏။ သူကအမြဲတမ်း အကြွေးဆပ်တတ်သည်။

ဝှစ်

ကျန်းရီက ရှောင်လုံဝမ်နောက် ပြေးမလိုက်သွား။ ထိုလူကို လိုက်ဖမ်းဖို့ရာ သူကနှေးလွန်းနေသည်။ ချက်ချင်းပင် ကောင်းကင်ထဲသို့ ပျံတက်သွား၏။ ယာ့ဇီသားရဲက ဒဏ်ရာများ ရနေသည်။ သူသည် ယခုအချိန်တွင် မတက်သွားလျှင် ရှားယွီသတ်တာ ခံရမှာပဲဖြစ်သည်။

ဝေါင်း ဝေါင်း

သူသည် ၃၃ကီလိုမီတာသို့ တက်လှမ်းနေစဉ် ဝေ့ဝိုက်ကြည့်လိုက်၏။ ယာ့ဇီသားရဲနောက်ကို လိုက်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူသည် ရူးသွပ်စွာ ထွက်ပြေးနေတာပဲဖြစ်၏။ အဝေးသို့ ရူးသွပ်စွာ ထွက်ပြေးနေသည့် လူတစ်ယောက်နောက်သို့ ယာ့ဇီသားရဲ လိုက်နေတာကို သူတွေ့လိုက်ရသည်။ ထိုလူက သူ့ကြောင့်လန့်သွားပြီး ဆက်လက်တိုက်ခိုက်ရန် သတ္တိမရှိတော့တာ သိသာနေပေ၏။

“နတ်ဆိုးဘုရင် ပြန်လာခဲ့တော့ ”

ရှားယွီက ရှောင်လုံဝမ်ထက် ပိုအားနည်းပေသည်။ ကျန်းရီက ခွန်အားကုန်သုံးပြီး လိုက်ခဲ့လျှင် ရှားယွီကို ၂နာရီအတွင်း လိုက်မှီပြီး သူ့ကိုသတ်နိုင်မှာဖြစ်သည်။ သို့သော် စုလောရွှယ်နှင့် ကျန်သည့်သူများက ကျန်းရီ၏ ရှေ့တွင် ရှိမနေဘဲ ငွေပန်းပွင့်အဘွားအိုက ဒဏ်ရာပြင်းပြင်းထန်ထန် ရနေသည်။ ရှားယွီမြို့က သွေးအိုင်ထဲ နစ်နေ၏။ လူအများအပြား ထိခိုက်ဒဏ်ရာ ရနေပြီး အများစုက သေခါနီးပြီဖြစ်သည်။ ထိုလူများကို စွန့်ပစ်ပြီး သူတို့နောက်သို့ သူမည်ကဲ့သို့ လိုက်နိုင်မည်နည်း။

ဝေါင်း ဝေါင်း

ယာ့ဇီသားရဲက ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ့အထွတ်အထိပ် အခြေအနေတွင်သာဆိုလျှင် ရှားယွီကို ဖမ်းရန်ဖြစ်နိုင်သည်။ သို့သော် ယခုအချိန်၌မူ မကျေမနပ်ဖြင့်သာ ပြန်လာရတော့၏။

ကျန်းရီက ယာ့ဇီသားရဲကို ကြည့်လိုက်သည်။ သူသေလောက်မှာ မဟုတ်ဟု ခံစားမိသောကြောင့် တစ်ကိုယ်တည်း ထရပ်လိုက်၏။ ယာ့ဇီသားရဲ၏ ကိုယ်တိုင် ပြန်လည် ကုသနိုင်စွမ်းက မယုံနိုင်စရာ ကောင်းပေသည်။ အောက်သို့ဆင်းသက်လာစဉ် သူက သွဲ့ဝေမိန်းမပျို အပေါ်သို့တက်လာပြီး ထွက်ပြေးရန် ကြိုးစားတာကို တွေ့လိုက်ရ၏။ ချက်ချင်းပင် ကျန်းရီ၏ မျက်ဝန်းများက အေးစက်သွားသည်။ သူသည်သူမကို ထွက်ပြေးရန် အခွင့်အရေး မည်ကဲ့သို့ ပေးမည်နည်း။

ဘီး

မီးနဂါးဓား ပေါ်လာပြီးနောက် အနီရောင် ရောင်ချည်ဖြင့် တောက်ပလာတော့သည်။ ကျန်းရီက ပန်းပွင့်မိန်းမပျိုကို ကြည့်လိုက်ပြီးနောက် တိုက်ခိုက်လိုက်တော့သည်။

“ကျန်းရီ သက်ညှာပေးပါ ”

ပန်းပွင့်မိန်းမပျိုသည် သေစေနိုင်သည့် အန္တရာယ်ကို အာရုံခံမိပြီး အော်ပြောလိုက်၏။ သူမ၏ နှုတ်ခမ်းများကိုလှုပ်ကာ ရေရွတ်ပြောလိုက်၏။

“ကျန်းရီ နင်ငါ့ကို အသက်ချမ်းသာပေးရင် နောင်ကျ နင့်ကို ဘယ်တော့မှ မဆန့်ကျင်တော့ဘူး။ နင့်ဆီလည်း အသက်အကြွေး တင်သွားပြီ အချိန်မရွေး ဘာမဆို ခိုင်းလို့ရတယ် ”

“ကျုပ် မလိုအပ်ဘူး ”

ကျန်းရီက နှာခေါင်းတစ်ချက်ရှုံ့ကာ သူ့လက်ထဲရှိဓားကို လွဲယမ်းလိုက်တော့၏။ မီးနဂါးတောင်ချည်က ပေါ်ထွက်လာပြီး ပန်းပွင့်မိန်းမပျိုဆီသို့ တိုးဝင်သွားကြသည်။ ကံဆိုးမိုးမှောင်ကျသည့် ရောင်ဝါတို့ဖြင့် လွှမ်းမိုးလျှက် ပန်းပွင့်မိန်းမပျို၏ ရုပ်ဆိုးသော မျက်နှာက ပိုတောင်ဆိုးသွားပြီး ပိုကြောက်လန့်လာပုံပေါ်၏။

ဖောင်း ဖောင်း ဖောင်း

“အား ” ဝမ်းနည်းစွာ ဆွဲဆွဲငင်ငင် ငိုကြွေးမြည်တမ်းလျှက် ပန်းပွင့်မိန်းမပျိုသည် အသားစများအဖြစ် လွင့်ထွက်သွားပြီးနောက် မရေမတွက်နိုင်သည့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ကျွမ်းကျင်သူများအားလုံးကို တုန်လှုပ်သွားစေ၏။

နောက်ထပ် အကြွင်းမဲ့ ပညာရှင်တစ်ဦး သေဆုံးခဲ့ပြီဖြစ်သည်။

ကုန်းပြေမြင့်ပေါ်တွင် ဗာဂျရာနယ်ပယ် ပညာရှင်ဆယ်ယောက် ရှိပေ၏။ တစ်နေ့တည်း၌ ရှားယွီမြို့တွင် လေးယောက်က အသက်ဆုံးရှုံးသွားသည်။ ကျန်းရီ၏ပုံစံကို အကဲဖြတ်ကြည့်ရလျှင် သေဆုံးသည့်သူ ပိုများရုံသာ ရှိပေမည်။ ကောင်းကင်က ပြိုလဲကျနေပြီဖြစ်၏။

စိတ်ဝိညာဉ်မျောလွင့် ခရီးသည်များသည်လည်း သက်ပြင်းချပြီး အရှိန်တင်လိုက်၏။ သူတို့ယခု မထွက်ပြေးလျှင် ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်ပေ။

သူတို့မှန်ကန်ပေ၏။ ပန်းပွင့်မိန်းမပျိုကို သတ်ဖြတ်ပြီးနောက် ကျန်းရီက သူ၏အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်လိုက်ပြီးနောက် ရှားယွီတစ်မျိုးလုံးကို စိမ့်ဝင်ပျံနှံ့သွားစေ၏။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် ပညာရှင်တစ်ထောင်နီးပါးက မလှုပ်နိုင်တော့ပေ။

“သေပေတော့ ” ကျန်းရီ၏ ခန္ဓာကိုယ်က တောက်ပလာပြီးနောက် သတ်ဖြတ်မှုကို စတင်တော့သည်။ ဗာဂျရာအဆင့် သိုင်းပညာရှင်သုံးဦးကို သတ်ဖြတ်ခြင်းက သူ့အမျက်ဒေါသကို ပြေလျော့စေရန် မလုံလောက်ပေ။ မဟာမိတ် တပ်ဖွဲ့ထဲရှိ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်များကို သတ်ဖြတ်ပြီးနောက် သူအနည်းငယ် ပျော်ရွှင်လာတော့သည်။

လွှဲခုတ်ခြင်း လွှဲယမ်းခြင်း

ရှားယွီမြို့ထဲတွင် သူ၏ခန္ဓာကိုယ်က တစ္ဆေတစ်ကောင်နှယ် ဖျတ်ခနဲ လှုပ်ရှားသွားလာနေ၏။ သူ ဖျတ်ခနဲ ပေါ်လာချိန်တွင် တစ်ယောက်၊ သို့မဟုတ် လူများစွာ သေဆုံးသွားခဲ့သည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်များကို သတ်ဖြတ်ရသည်မှာ ကြက်များ သို့မဟုတ် နွားများကို သတ်ရသကဲ့သို့ လွယ်ကူနေ၏။

နှစ်မိနစ်မပြည့်မီ၌ မဟာမြို့ထဲတွင် ကျန်ရှိနေသော မဟာမိတ်တပ်ဖွဲ့လူအားလုံး အသတ်ခံရမှာဖြစ်သည်။ ယခုအခေါက်တွင် မဟာမိတ် တပ်ဖွဲ့ထဲ၌ အယောက်တစ်သောင်းရှိ၏။ တစ်ထောင်ကျော်က မဟာရှတိုင်းပြည်၏ အနောက်မြောက်ပိုင်းရှိ မြို့များထဲ စောင့်ကြပ်နေတာဖြစ်သည်။ ကျန်ရှိသည့် ရှစ်ထောင်တွင် အစောပိုင်းက ထွက်ပြေးလွတ်မြောက်ခဲ့သည့် နှစ်ထောင်မှအပ ကျန်သည့်သူအားလုံး ရှားယွီမြို့တွင် သေဆုံးသွားခဲ့ပြီဖြစ်သည်။

“ကိုယ်စားအုပ်ချုပ်သူကို နှုတ်ဆက်ပါတယ် ”

နောက်ဆုံးလူကို သတ်ဖြတ်ပြီးနောက် ကျန်းရီသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ဆန္ဒကို ရုတ်သိမ်းလိုက်၏။ စစ်သူကြီးလုက သူ၏ဒဏ်ရာကို အမူမထားဘဲ ကျန်းရီဆီသို့ သူ၏စစ်သားများနှင့်အတူ ရောက်လာပြီး အရိုအသေ ပေးတော့၏။ သူတို့က ကျန်းရီဘက်သို့ လှည့်လျက် တစ်ညီတစ်ညွတ်ထဲ အသံတိုးတိုးဖြင့် အော်လိုက်သည်။

“စစ်သူကြီးလုနဲ့ ဒီလူပဲ နေခဲ့၊ ကျန်တဲ့လူတွေက ဒဏ်ရာချက်ချင်းကုကြ၊ ငါ့မှာကုသဖို့ ဆေးတချို့ပါလာတယ် မင်းအရင်သုံးလိုက် ”

လက်တစ်ချက် ဝှေ့ယမ်းပြီးနောက် ကျန်းရီက လူအိုကြီးကို ထခိုင်းလိုက်သည်။ ပြီးနောက် ဆေးပုလင်း ရာချီကိုထုတ်ပြီး စစ်သူကြီးများအား ခွဲပေးလိုက်၏။ စစ်သူကြီးက မြန်မြန်ဆန်ဆန်ဖြင့် ဒဏ်ရာများကို ကုသကြတော့၏။

“ဘုရင်မ ဘယ်မှာလဲ ”

ကျန်းရီ၏ မျက်ဝန်းများက ဆောင်းဦးလေသဖွယ် အေးစက်နေ၏။ သူကဒဏ်ရာ ဆိုးဆိုးဝါးဝါး မရထားသည့် စစ်သူကြီးလုဘေးရှိ စစ်သူကြီးကို ကြည့်လိုက်သည်။ စစ်သူကြီးလုက ယခုအချိန်တွင် စကားပြောရန် ခက်ခဲနေလောက်ပေ၏။

သူ့မျက်နှာပေါ်ရှိ သွေးများကို သုတ်ပြီးနောက် စစ်သူကြီးက လက်သီးဆုပ်လျှက် အကြောင်းပြန်လိုက်သည်။

“ကိုယ်စားအုပ်ချုပ်သူ ကိုယ်စားအုပ်ချုပ်သူနဲ့ ပါလာတဲ့ သခင်မကျန်းက ရုတ်တရက်အသွင် ပြောင်းသွားတယ်၊ သူမရဲ့ခွန်အားက အဆမတန် တိုးလာပြီးတော့ ရှားထင်ဝေ့ကို ချက်ချင်းသတ်လိုက်တယ်၊ ပြီးတော့ လင်းဂိုဏ်းရဲ့ ဘိုးဘေးကြီး ရောက်လာချိန် သခင်မကျန်းက သူ့ကို အနိုင်မယူနိုင်မှန်း သိလိုက်တာကြောင့် ဘုရင်မကို မြစိမ်းကြည်လင် ပန်းအိုးထဲ ထည့်လိုက်ပါတယ်၊ သူတို့တွေ တောင်ပိုင်းကို ပြေးသွားတာ လင်းဂိုဏ်းရဲ့ ဘိုးဘေးကြီးကလည်း သူတို့နောက်ချက်ချင်း လိုက်သွားပါတယ် ”

“အံ့သြစရာ မရှိဘူးပဲ ”

လင်းဂိုဏ်း၏ ဘိုးဘေးကို မတွေ့ရသည့် အကြောင်းအရင်းကို သူရုတ်တရက် သဘောပေါက်သွားသည်။ သူသည် လူအုပ်ကြီးထဲမှ ထွက်ပြေးသွားသည့် ရှောင်နူကို လိုက်ဖမ်းနေတာပဲ ဖြစ်၏။

သူသည် အောက်သို့ ဆင်းသက်လာသည့် ယာ့ဇီသားရဲကို ကြည့်လိုက်သည်။ အချက်အလက်ကို အတည်ပြုပြီးနောက် အမိန့်ပေးလိုက်၏။

“မင်းဒဏ်ရာ ကုပြီးသွားရင် အခုချက်ချင်း နောက်ဆုတ် တမလွန်တောအုပ်ကိုသွား ငါရဲ့အမိန့်ကို စောင့်နေ ငါဘုရင်မနဲ့ ကျန်တဲ့သူတွေကို သွားကယ်မယ် ”

သူပြောပြီးနောက် ကျန်းရီသည် မြို့ပြင်သို့ နေရာရွေ့ပြောင်းသွား၏။ ငွေပန်းပွင့် အဘွားအိုနှင့် ယာ့ဇီသားရဲတို့ကို စကြဝဠာ နန်းတော်ထဲ ခေါ်လိုက်သည်။ သူတို့နှစ်ယောက်က ဒဏ်ရာပြင်းပြင်းထန်ထန် ရနေရာ ထပ်မံမတိုက်ခိုက်နိုင်တော့ပေ။ သူတို့ကိုအရင် ကုသခိုင်းရမှာပဲ ဖြစ်သည်။

ဝှစ်

ထိုသို့ပြုလုပ်ပြီးနောက် သူသည်တောင်ပိုင်းကို မြန်နိုင်သမျှမြန်မြန် ပျံသန်းသွားတော့သည်။

သူက တည်ငြိမ်ပုံပေါ်နေသော်ငြား စိတ်ထဲတွင်မူ သေလုနီးပါး စိုးရိမ်ပူပန်နေ၏။ ကျန်းရှောင်လုသည် အသွင်ပြောင်းသည့်အချိန်တွင် အင်မတန် အစွမ်းထက်သည်။ သို့သော် အချိန်အကန့်အသတ် ကျော်လွန်းသွားသည့်အချိန်၌ အလွန်အားနည်းသွားမှာဖြစ်သည်။ မည်သည့်လူမဆို သူမကို အလွယ်တကူ သတ်ဖြတ်နိုင်မည်ဖြစ်ရာ လင်းဂိုဏ်း၏ ဘိုးဘေးရှေ့တွင် သူမက သူမ မည်ကဲ့သို့ အသက်ရှင်နိုင်မည်နည်း။

***

All Chapters