← Chapters

ကျရှုံးခြင်း

Vol. 2 Ch. 14

ကျရှုံးခြင်း

Vol. 2 Ch. 14

ဇီလင် ၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်တို့ တရိပ်ရိပ် တက်လာပြီး သူမ၏ မျက်နှာထားမှာလည်း ပို၍ပင် အေးစက်ခက်ထန်လာတော့သည်။

“ ဒီမုန့်ဝမ်ဆိုတဲ့ မိန်းကလေးက ဘယ်လိုလူမျိုးလဲ ”

“ သူမက ရွှမ်ယင်ဂိုဏ်း ကို ရောက်တာ တစ်လကျော်ပဲ ရှိသေးပေမဲ့ လှုပ်လှုပ်ရှားရှား တွေ တော်တော်ဖြစ်အောင်လုပ်ခဲ့တာပါ။ သူမရဲ့ ခွန်အားကို အားကိုးပြီး တခြားတပည့်တွေကို အနိုင်ကျင့် ငွေညှစ်တာတွေ လုပ်ရင်းနဲ့ လက်နက်သွန်းလုပ်ရေးရုံမှာ နေရာတစ်နေရာကို အမြန်ဆုံး ရယူနိုင်ခဲ့တာပါ... ”

ဘေးနားရှိ တပည့်ဖြစ်သူ၏ ပြောပြချက်များကို နားထောင်ပြီးနောက် ဇီလင်၏ မျက်မှောင်များမှာ ပို၍ပင် ကြုတ်သွားတော့သည်။

သူမက ပုံရိပ်ယောင်ပညာရပ်ကို သုံးနိုင်သည်၊ တိုက်ခိုက်ရေးတွင် ကျွမ်းကျင်ပြန်ပေသည်၊ ထို့ပြင် အဆင့် ၉ ကျင့်ကြံသူ တစ်ဦးကိုပင် ချက်ချင်း ဇီဝိန်ချုပ်စေနိုင်သော အဖိုးတန် ဝှက်ဖဲတစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်။

သူမသည် အဆင့် ၇ ကျင့်ကြံသူ သာ ရှိသေးသော်လည်း ဤမျှ အစွမ်းထက်နေပြီ ဖြစ်သည်။ အကယ်၍ သူမသာ အဆင့် ၉ သို့ ရောက်သွားခဲ့လျှင် မည်မျှအထိ ကြောက်စရာကောင်းလာမည်ကို ခန့်မှန်းရခက်လှပေသည်။

အချိန်ကြာလာသည်နှင့်အမျှ သူမသာ ရင့်ကျက်လာခဲ့လျှင် 'အခြေခံတည်ဆောက်ခြင်း ဆေးလုံး' အတွက် ပြိုင်ဆိုင်ရာ၌ ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လာမည်မှာ အသေအချာပင်။

မဟုတ်ဘူး... ဒီမိန်းကလေးကို အသက်ရှင်ခွင့် မပေးနိုင်ဘူး။ သူမကို ဖြစ်နိုင်သမျှ မြန်မြန် အပြတ်ရှင်းရမယ်။

ဇီလင် အသက်ကို ပြင်းပြင်းရှူလိုက်ကာ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။

“ သွားကြစို့။ စီနီယာ ရောက်လာတော့မယ်။ ဒီနေ့အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေနဲ့ ဝိညာဉ်ပစ္စည်းတွေကို နောက်တစ်ခေါက် ထပ်ပြီး စစ်ဆေးကြရအောင် ”

“ ဟုတ်ကဲ့ပါ ”

ဇီလင် ကုန်ကြမ်းများကို စစ်ဆေးနေစဉ်မှာပင် မုန့်ဝမ်သည် ရွှယ်လျန်ကျိ ၏ မျက်နှာသာပေးမှုကို ဒုတိယမြောက် ရရှိထားသော စီနီယာအစ်မ စုရှင်းနှင့် တွေ့ဆုံခဲ့သည်။

“ နင်က မုန့်ဝမ်လား ”

စုရှင်းသည် မုန့်ဝမ်ကို နူးညံ့စွာ ကြည့်လိုက်ပြီး - “ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ နင့်ရဲ့ ကျော်ကြားလှတဲ့ သတင်းတွေကို တခြားသူတွေဆီက ကြားခဲ့ရတာ။ ဒီနေ့မှပဲ လူချင်း တွေ့ရတော့တယ် ”

ဇီလင်၏ ခက်ထန်သော အမူအရာနှင့် ယှဉ်လျှင် စုရှင်းမှာ ပို၍ ပေါင်းသင်းရလွယ်ပုံပေါ်သည်။

မုန့်ဝမ်က ဦးညွှတ်လိုက်ကာ - “ စီနီယာအစ်မ စုရှင်းကို ဂါရဝပြုပါတယ်။ ”

စုရှင်းက ပြုံး၍ ခေါင်းညိတ်လိုက်ပြီး - “ ဝိညာဉ်လက်နက် အလုပ်ရုံ ကို ဝင်ခွင့်ရတယ်ဆိုကတည်းက နင့်ရဲ့ အရည်အချင်းက သက်သေပြပြီးသားပါ။ အဲဒီလောက်ကြီး ရိုသေနေဖို့ မလိုပါဘူး။ နောင်ဆိုရင် ငါတို့က ညီအစ်မတွေလိုပဲလေ။ နင် တစ်ခုခု နားမလည်တာရှိရင် ငါ့ကို အချိန်မရွေးလာမေးလို့ ရတယ် ”

“ ကျေးဇူးတင်ပါတယ် စီနီယာအစ်မ ”

ဤစုရှင်းမှာ အတော်ပင် ဖော်ရွေပုံရသည်။ သို့သော် ရွှမ်ယင်ဂိုဏ်းကဲ့သို့ နေရာမျိုးတွင် ဤမျှ ဖော်ရွေသော ကျင့်ကြံသူ တကယ်ရှိနိုင်ပါ့မလား?

မုန့်ဝမ်သည် သူမ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး မီးဖိုခန်း အတွင်းရှိ မီးဖိုကြီးထံသို့သာ အာရုံစိုက်လိုက်တော့သည်။

ဤမီးဖိုကြီးမှာ ကိုးပေခန့် မြင့်မားပြီး ဝမ်းဗိုက်ကျယ်သော ခေါင်းလောင်းပုံစံ ရှိသည်။ ၎င်းကို နီရဲနေသော အမည်မသိသတ္တုရိုင်းဖြင့် ထွင်းထုထားပြီး မျက်နှာပြင်ပေါ်တွင် မှိန်ဖျော့သော အနီရောင်အလင်းတန်းများ စီးဆင်းနေ၏။

မီးဖို၏ အတွင်းပိုင်းမှာ ကျယ်ဝန်းနက်ရှိုင်းလှပြီး လက်နက်သွန်းလုပ်ရာတွင်သုံးမည့် အမျိုးမျိုးသော ကုန်ကြမ်းများကို ထည့်သွင်းနိုင်သည်။ နံရံလေးဖက်တွင်မူ မီးအပူချိန်ကို တည်ငြိမ်စေရန်နှင့် အပူချိန်မြင့်မားစေရန်အတွက် မီးစွမ်းအင်စုဆောင်းခြင်း အင်းကွက် များကို ထွင်းထုထားသည်။

မီးမွှေးရန်အသုံးပြုသည့် မီးဖိုတစ်ခုပင်လျှင် ထူးခြားကောင်းမွန်လှသော အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခု ဖြစ်နေချေပြီ။

ဝိညာဉ်လက်နက် အလုပ်ရုံတွင် ဤကဲ့သို့သော မီးဖိုပေါင်း ခြောက်လုံး ရှိသည်။ မုန့်ဝမ်သည် မုန့်မိသားစု၏ လက်နက်သွန်းလုပ်ရေး အလုပ်ရုံသို့ ရောက်ဖူးသော်လည်း ဤနေရာနှင့် ယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။

ရွှယ်လျန်ကျိ၏ အဆင့်အတန်းမှာ ရွှမ်ယင်ဂိုဏ်းတွင် မနိမ့်လှသည်မှာ ထင်ရှားလှသည်။ သူမ၏ ကျင့်ကြံမှုမှာ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် သို့ ရောက်ရှိနေနိုင်ခြေ များလှသည်။

“ စီနီယာ ရွှယ်လျန်ကျိကို ဂါရဝပြုပါတယ်! ”

ထိုစဉ်မှာပင် ကျယ်လောင်သော ဟစ်အော်သံတစ်ခု ထွက်ပေါ်လာပြီး အလုပ်ရုံအတွင်းရှိ ကျင့်ကြံသူအားလုံးသည် တစ်ပြိုင်နက် ဦးညွှတ်လိုက်ကြသည်။ ရွှယ်လျန်ကျိ ရောက်ရှိလာပြီ ဖြစ်သည်။

“ ထကြတော့။ အမွှေးတိုင်တစ်တိုင်စာ ကြာပြီးရင် ငါ 'ကောင်းကင်သံစဉ် စောင်း' ကို သွန်းလုပ်တော့မယ် ”

ရွှယ်လျန်ကျိ၏ နောက်တွင် အရပ်ရှည်ရှည်နှင့် အမျိုးသမီးတစ်ဦး လိုက်ပါလာသည်။ သူမ၏ အမည်မှာ ရှန်ယု ဖြစ်ပြီး ကျန်းလင်း ပြောပြခဲ့သော နောက်ဆုံးတစ်ယောက်ဖြစ်ကာ ရွှယ်လျန်ကျိ၏ အလေးထားမှုကို အခံရဆုံးသူလည်း ဖြစ်သည်။

မုန့်ဝမ်သည် မတ်တပ်ရပ်လျက် ဝိညာဉ်ထင်းများကို ထည့်သွင်းရင်း မျက်လုံးထောင့်မှနေ၍ ရှန်ယုကို လေ့လာလိုက်သည်။ ဤမိန်းကလေးသည် ရွှယ်လျန်ကျိ၏ ဘေးနားတွင် အနီးကပ် လိုက်ပါနိုင်သည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ အဆင့်အတန်းမှာ မသေးလှကြောင်း သိသာပေသည်။

သူမသည် လက်ရှိတွင် အဆင့် ၇ ကျင့်ကြံသူသာ ရှိသေးသဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန် အလှမ်းဝေးနေသေးသည်။ ဤစီနီယာအစ်မများအနေဖြင့် သူမ၏ ကျင့်ကြံမှုအဆင့်ကို ထောက်ထားပြီး ပြဿနာ မရှာကြပါစေနှင့်ဟုသာ သူမ မျှော်လင့်မိတော့သည်။

အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးပြီးနောက် ရွှယ်လျန်ကျိသည် တရားထိုင်ရာမှ နိုးထလာကာ မျက်လုံးများကို ဖွင့်လိုက်၏။

“ ဒီနေ့ သွန်းလုပ်မယ့် 'ကောင်းကင်သံစဉ် စောင်း' ဟာ ထိပ်တန်းစား ဝိညာဉ်လက်နက်တစ်ခုပဲ။ ဒီစောင်းကို သွန်းလုပ်ပြီးလို့ အထူးနည်းစနစ်နဲ့ တီးခတ်မယ်ဆိုရင် ကောင်းကင်နဲ့ မြေကြီးကြားက ဝိညာဉ်စွမ်းအင်တွေကို တုံ့ပြန်စေပြီး အံ့သြစရာကောင်းတဲ့ အစွမ်းသတ္တိတွေကို ထုတ်ဖော်နိုင်တယ် ”

ကောင်းကင်သံစဉ် စောင်း၏ စွမ်းဆောင်ရည်ကို အကျဉ်းချုပ် ရှင်းပြပြီးနောက် ရွှယ်လျန်ကျိသည် အဓိကနေရာမှာရှိသည့် သွန်းလုပ်ရေးစင်မြင့်ထံသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။

ရှန်ယုသည် စောင်းသွန်းလုပ်ရာတွင် လိုအပ်သော အဖိုးတန် ကုန်ကြမ်းများ ထည့်ထားသည့် သစ်သားသေတ္တာကိုကိုင်ဆောင်ကာ နောက်မှ အနီးကပ် လိုက်ပါသွား၏။

ရွှယ်လျန်ကျိသည် ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူမ၏ အကြည့်မှာ ရှိနေသော ကျင့်ကြံသူတိုင်းပေါ်သို့ ဖြတ်သန်းသွားသည်။

“ ထိပ်တန်းစား ဝိညာဉ်လက်နက်တွေကို သွန်းလုပ်ဖို့ဆိုတာ အရမ်းကိုခက်ခဲတယ်။ ငါ့မှာတောင် အောင်မြင်ဖို့ ရာခိုင်နှုန်း ငါးဆယ်ပဲ ရှိတယ်။ မင်းတို့အားလုံး မှတ်ထားရမှာက 'ကောင်းကင်သံစဉ် စောင်း' သွန်းလုပ်မှုကို ထိခိုက်စေမယ့် ဘယ်လိုအမှားမျိုးကိုမှ မလုပ်မိစေနဲ့၊ နားလည်လား? ”

“ နားလည်ပါပြီ ”

တပည့်များအားလုံး၏ ရင်ထဲတွင် တင်းကျပ်သွားကြသည်။ သူတို့မှာ အရန်အလုပ်များကိုသာ တာဝန်ယူရခြင်း ဖြစ်သော်လည်း သူတို့၏ အမှားတစ်ခုကြောင့် စောင်းသွန်းလုပ်မှုကို ထိခိုက်စေနိုင်သည်။

အကယ်၍ စောင်းသွန်းလုပ်မှု ကျရှုံးသွားပြီး ပြဿနာမှာ သူတို့ဆီက စတင်ခဲ့ခြင်းဖြစ်ပါက မည်သို့သော အကျိုးဆက်နှင့် ရင်ဆိုင်ရမည်ကို တွေးကြည့်ရုံနှင့်ပင် သိသာပေသည်။

ကျန်းလင်းကလည်း မုန့်ဝမ်ကို နောက်ဆုံးအကြိမ် ထပ်မံသတိပေးလိုက်၏။

“ စီနီယာအစ်မ... ကျွန်တော် အခုလေးတင် ပြောပြထားတာတွေကို အကုန်မှတ်မိရဲ့လား? အကယ်၍ ဝိညာဉ်ထင်းတွေ ထောက်ပံ့မှု အားနည်းလို့ စောင်းမှာ ပြဿနာဖြစ်သွားရင် ကျွန်တော်တို့ နှစ်ယောက်လုံး သေလူတွေပဲ! ”

“ စိတ်မပူပါနဲ့၊ ငါ အကုန်လုံး မှတ်မိပါတယ် ”

မီးဖိုသုံးလုံးမှာ ထင်းထည့်ရုံတင်မကဘဲ ဤမျှ ရိုးရှင်းသော အလုပ်ကို သူမ မျက်လုံးမှိတ်ပြီး လုပ်လျှင်တောင် ရပေသည်။

သူမသည် ထင်းထည့်နေသယောင် ဆောင်ထားသော်လည်း တကယ်တမ်းတွင်မူ သူမ၏ အာရုံအများစုကို အဝေးက ရွှယ်လျန်ကျိထံသို့သာ အာရုံစိုက်ထား၏။

အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦး ထိပ်တန်းစား ဝိညာဉ်လက်နက် သွန်းလုပ်သည်ကို ကိုယ်တိုင် မြင်တွေ့ခွင့်ရခြင်းမှာ ဤနေရာရှိ ကျင့်ကြံသူအားလုံးအတွက် ရှားပါးလှသော အခွင့်အရေးပင်။

ရွှယ်လျန်ကျိသည် ကုန်ကြမ်းများကို အမျိုးအစားခွဲခြားလိုက်ပြီးနောက် သတ္တုရိုင်းအချို့ကို မီးဖိုများအတွင်းသို့ ထည့်လိုက်သည်။ သူမ၏ နည်းစနစ်များမှာ ကျွမ်းကျင်ပြီး တိကျလှ၏။ ကုန်ကြမ်းတစ်ခုချင်းစီကို ထည့်သွင်းပုံမှာ အလွန်ပင် ကြည့်ကောင်းလှသည်။

သို့သော် ထိပ်တန်းဝိညာဉ်လက်နက်တစ်ခုကို သွန်းလုပ်ရန်မှာ တစ်ရက်တည်းနှင့် မပြီးမြောက်နိုင်ပေ။ သတ္တုရိုင်းများကို အရည်ဖျော်သည့် အဆင့်တစ်ခုတည်းမှာတင် ခုနစ်ရက်နှင့် ခုနစ်ညတိတိ ကြာမြင့်ခဲ့ ပေသည်။

ဤအချိန်တွင်မှ မုန့်ဝမ်သည် ထင်းထည့်သည့် အလုပ်အတွက် အဘယ်ကြောင့် သီးသန့်ထားရသည်ကို သဘောပေါက်သွားတော့သည်။

သတ္တုရိုင်းများ အရည်ပျော်သွားပြီးနောက်တွင်မူ စောင်းကြိုးများကို ပြုလုပ်ရမည့် အချိန်ရောက်လာပြီ ဖြစ်သည်။

ရွှယ်လျန်ကျိသည် ကြောက်မက်ဖွယ်ကောင်းသော အပူချိန်ကို ဂရုမစိုက်ဘဲ အရည်ပျော်နေသော သတ္တုရည်များကို ဝိညာဉ်စွမ်းအင်ဖြင့် လွှမ်းခြုံကာ ပျော့ပျောင်းသော စောင်းကြိုးများအဖြစ် သွန်းလုပ်လိုက်၏။

“ ဖြောက်! ”

သို့သော် စောင်းကြိုးများ ပုံပေါ်လာပြီးနောက်တွင်မူ ထူးခြားသော အသံတစ်ခု ထွက်ပေါ်လာသည်။ သွန်းလုပ်ထားသော စောင်းကြိုးများထဲမှ တစ်ချောင်းမှာ ဘာအချက်ပေးမှုမှ မရှိဘဲ ရုတ်တရက် အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်!

ရွှယ်လျန်ကျိ၏ မျက်နှာထား ပြောင်းလဲသွားပြီး ကျန်ရှိသော စောင်းကြိုးများကို သူမ၏ စိတ်အာရုံဖြင့် အမြန်လွှမ်းခြုံကာ အခြေအနေကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

သို့သော် သူမဘာမှမလုပ်နိုင်ခင်မှာပင် ကျန်ရှိသော စောင်းကြိုးများမှာလည်း အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားကြတော့သည်!

ရွှယ်လျန်ကျိ၏ မျက်နှာမှာ လုံးဝပင် မည်းမှောင်သွားတော့၏။

ဤမြင်ကွင်းကို မြင်လိုက်ရသော တပည့်များမှာ တစ်ခုခု မှားယွင်းသွားပြီမှန်း သိလိုက်ပြီး စိုးရိမ်တကြီးဖြင့် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ကြသည်။

သွားပြီ... စောင်းကြိုးတွေ သွန်းလုပ်တဲ့ အဆင့်မှာတင် ကျရှုံးသွားခဲ့ပြီ။ စီနီယာကတော့ သူမရဲ့ ဒေါသတွေကို သူတို့အပေါ်မှာ ပုံချတော့မှာ အသေအချာပင်။

သို့သော် ယခုတစ်ခေါက်တွင် မည်သူက ကံဆိုးမည့်သူ ဖြစ်လာမည်ကို သူတို့ မသိကြပေ။ ရွှယ်လျန်ကျိသည် ပြတ်တောက်နေသော စောင်းကြိုးများကို မည်းမှောင်သော မျက်နှာထားဖြင့် ခဏမျှ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် မေးလိုက်သည်။

“ ငါ့ကို ပြောစမ်း... စောင်းကြိုးတွေ သွန်းလုပ်တာ ဘာဖြစ်လို့ ကျရှုံးသွားတာလဲ ”

အကုန်လုံး တိတ်ဆိတ်သွား၏။ မည်သူမှ ဤအချိန်တွင် ရွှယ်လျန်ကျိကို ထိပ်တိုက်မရင်ဆိုင်ရဲကြပေ။ သူမ၏ အလေးထားမှုကို အခံရဆုံးဖြစ်သော ရှန်ယုနှင့် အခြားသူများပင်လျှင် နှုတ်ဆိတ်နေကြသည်။

“ ဘယ်သူမှ စကားမပြောကြဘူးပေါ့ ဟုတ်လား? ”

ရွှယ်လျန်ကျိက လှောင်ပြုံးပြုံးလိုက်ပြီး အမည်တစ်ခုကို စတင်ခေါ်လိုက်တော့သည်။

“ ချန်ချွမ်း နင် ပြောကြည့်စမ်း ”

“ ဟုတ်... ဟုတ်ကဲ့ပါ ”

ချန်ချွမ်းဟု အမည်ရသော အမျိုးသားတပည့်မှာ ဖြူဖျော့သော မျက်နှာဖြင့် ရှေ့သို့ တိုးလာကာ အားတင်း၍ ပြောလိုက်ရသည်။

“ စီနီယာ ရွှယ်လျန်ကျိခင်ဗျာ... ကျွန်တော့်ရဲ့ အမြင်အရဆိုရင် စောင်းကြိုးတွေ သွန်းလုပ်ရတာ ကျရှုံးသွားရတဲ့ အကြောင်းရင်းက ဝိညာဉ်စွမ်းအင်နဲ့ လွှမ်းခြုံမှု မညီမျှလို့ပါ ”

ရွှယ်လျန်ကျိက သူ့ကို မတားမြစ်သည်ကို တွေ့သောအခါ သူက ဆက်ပြောလိုက်၏။

“ သတ္တုရည်တွေကို အရည်ဖျော်နေချိန်မှာ ဝိညာဉ်စွမ်းအင်က သတ္တုရည်ကို ညီညီညာညာ လွှမ်းခြုံမထားနိုင်ဘူးဆိုရင် အချို့နေရာတွေမှာ အအေးနှုန်း မတူညီတာတွေ ဖြစ်ပေါ်စေနိုင်ပြီး ဖိအားတွေ စုပုံလာတာကြောင့် အခုလိုပြတ်တောက်သွားရတာ ဖြစ်နိုင်ပါတယ် ”

“ ဘုန်း! ”

သို့သော် ချန်ချွမ်း စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်မှာ သွေးစက်များအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။

All Chapters