← Chapters

နတ်ဘုံခန်းဝါဆေး

Vol. 52 Ch. 713

နတ်ဘုံခန်းဝါဆေး

Vol. 52 Ch. 713

ဝူအင်ပါယာ၏မြို့တော်၌

ဝူနန်းတော်၏ တဝက်ခန့်သော ပမာဏမှာ ဝူယောင် မီးလောင်ပြာချခဲ့သောကြောင့် ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။ ကျန်ရှိနေသော အဆောက်အဦးများအား ကြီးမြတ်သောဇူအင်ပါယာမှ ယာယီအသုံးပြုနေလျက် ရှိသည်။ ချင်ယု၊ ဇူယွမ်နှင့် ယောင်ယောင်တို့မှာလည်း အဆောက်အဦးတစ်ခုအတွင်း အတူနေထိုင်နေကြသည်။

တိတ်ဆိတ်ငြိမ်သက်နေသော ခြံဝန်းတစ်ခုအတွင်း၌

ဇူယွမ်မှာ ကျောက်ဆောင်တစ်ခုပေါ်တွင် ခြေချိတ်ထိုင်နေလျက် ရှိသည်။ သူသည် မျက်ဝန်းများကို တင်းကြပ်စွာ ပိတ်ထားကာ စကြာဝဠာရောင်လျှံဝန်းမှာ လည်ပတ်နေပြီး ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို စုပ်ယူနေလေသည်။

ဇူယွမ်မှာ အချိန်တစ်ခုကြာအောင် ကျင့်ကြံနေပြီးနောက် မျက်ဝန်းများအား ပြန်လည်ဖွင့်ဟလိုက်သည်။

"နတ်ဘုံခန်းဝါအဆင့်ကို ရောက်သွားထဲက ချီစွမ်းအင်ကို ပိုပြီးတုံ့ပြန်လာနိုင်တာပဲ။" ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။ နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းနိုက်ခဲ့ပြီးနောက်တွင် သူ၏ချီစွမ်းအင် စုပ်ယူမှုမှာ မူလစဦးအဆင့်ကထက် ဆယ်ဆမက တိုးပွားလာခဲ့သည်။

သို့သော် ရက်အနည်းငယ်မျှ ကြာမြင့်ပြီးနောက်တွင် ဇူယွမ်မှာ နတ်ဘုံခန်းဝါအဆင့်၌ ကျင့်ကြံအားထုတ်ရသည်မှာ ပိုမိုခက်ခဲကြောင်း သိရှိလာရသည်။

နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းပြီးနောက်တွင် ထိုသူ၏ ကျင့်ကြံရေး အ​ခြေအနေများမှာ နတ်ဘုံခန်းဝါပင်လယ်နှင့် သက်ဆိုင်သွားသည်။ နတ်ဘုံခန်းဝါပင်လယ်သည် အသစ်ဖြစ်တည်လာသော အရာတစ်ခုဖြစ်သောကြောင့် ပြီးပြည့်စုံခြင်း မရှိပေ။ ၎င်းအား ချီစွမ်းအင်များဖြင့် ဖြည်းညင်းစွာ ပြုပြင်သွားရန် လိုအပ်ပေသည်။

ဇူယွမ်၏ လက်ရှိ နတ်ဘုံခန်းဝါပင်လယ်မှာ နိဗ္ဗာန်ကိုးခုရှိပြီး ခြားနားနေသော နယ်မြေကိုးခု ဖြစ်တည်နေသကဲ့သို့ ရှိသည်။

နိဗ္ဗာန်ကိုးခုမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေခြင်းမရှိပဲ မမြင်နိုင်သော အကာအရံ အတားအဆီးများ ခြားနားနေသည့်အလား ဖြစ်နေပေသည်။ နိဗ္ဗာန်ကိုးခု ထိစပ်သွားသည့် အခါမှသာ နတ်ဘုံခန်းဝါပင်လယ်မှာ ပေါင်းစပ်သွားမည်ဖြစ်ပြီး ကောင်းကင်ဘုံနေမင်းအဆင့်သို့တက်ရန် ပြင်ဆင်၍ရမည် ဖြစ်သည်။

နိဗ္ဗာန်တစ်ခုနှင့်တစ်ခုအား ထိစပ်နိုင်လိုက်သည့် အချိန်တိုင်းတွင် ၎င်းတို့အတွင်းရှိ ချီစွမ်းအင်များလည်း ပေါင်းစည်းသွားမည်ဖြစ်ကာ ဇူယွမ်၏အစွမ်းအား များစွာတိုးမြှင့်ပေးနိုင်လိမ့်မည်။

သို့သော် နတ်ဘုံခန်းဝါအဆင့်တွင် အခက်ခဲဆုံးအရာမှာ နိဗ္ဗာန်တစ်ခုချင်းစီအား အရည်အသွေး မြှင့်တင်ကာ တစ်ခုနှင့်တစ်ခု ပေါင်းစပ်စေရန် လုပ်ဆောင်ရခြင်းပင် ဖြစ်သည်။

"အရမ်းခက်လွန်းတယ်။"

ဇူယွမ်မှာ သက်ပြင်းချလိုက်မိသည်။ သူသည် ကျင့်ကြံခြင်းများကို အဆက်မပြတ် လုပ်ဆောင်နေပါသော်လည်း ယခုအချိန်ထိ ပထမနိဗ္ဗာန်နှင့် ဒုတိယနိဗ္ဗာန်အကြားရှိ အကာအရံမှာ အနည်းငယ်မျှပင် ပြောင်းလဲလာခြင်း မရှိသေးပေ။

"နတ်ဘုံခန်းဝါအဆင့်က မူလအရင်းအမြစ်ရဲ့ အထောက်အပံ့ကို အများကြီး လိုအပ်တယ်။ ပုံမှန်အတိုင်းပဲ ကျင့်ကြံနေမယ်ဆိုရင် အလကားပဲ။" ဇူယွမ်မှာ ခေါင်းကိုက်သလို ခံစားနေရချိန်တွင် ကြည်လင်ချိုသာသည့်အသံလေးအား ကြားလိုက်ရသည်။

ဇူယွမ်မှ လှည့်ကြည့်လိုက်သောအခါတွင် ထန်ထန်အား ပွေ့ဖက်ထားလျက်ရှိသော ယောင်ယောင့်ကို တွေ့ရှိလိုက်ရသည်။

"နတ်ဘုံခန်းဝါအဆင့်မှာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခု ရှိတယ်။"

"နင်လည်း စာတွေလေ့လာထားတာပဲ။ အဲ့ဒါဘာလဲဆိုတာ နင်သိတယ်မလား။" ယောင်ယောင်မှ ပြုံးကာပြောလိုက်သည်။

ဇူယွမ်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် ပြန်လည်ဖြေကြားလိုက်သည်။ "နတ်ဘုံခန်းဝါဆေး..."

နတ်ဘုံခန်းဝါ နိဗ္ဗာန်များအား အရည်အသွေး မြှင့်တင်ရန်မှာ အလွန်ခက်ခဲလှသည်။ သို့သော် အချို့သော မူလရတနာများသည် သဘာဝအရ နတ်ဘုံခန်းဝါ နိဗ္ဗာန်များအား အရည်အသွေး မြှင့်တင်ပေးနိုင်စွမ်း ရှိကြသည်။ ထိုသို့သော ရတနာများအား နတ်ဘုံခန်းဝါဆေးဟူ၍ ခေါ်ဆိုကြလေသည်။

ထိုဆေးများသည် နတ်ဘုံခန်းဝါအဆင့်မှလွဲ၍ အခြားသော ကျင့်ကြံရေးအဆင့်များအတွက် အနည်းငယ်မျှပင် အကျိုးသက်ရောက်မှု မရှိပါသော်လည်း နတ်ဘုံခန်းဝါအဆင့်များအတွက်မူ အဖိုးမဖြတ်နိုင်သော ရတနာပင် ဖြစ်သည်။

သို့သော် နတ်ဘုံခန်းဝါဆေးများမှာ အလွန်ပင် တန်ဖိုးကြီးလှသည်။ နတ်ဘုံခန်းဝါအဆင့်ရှိသူ တစ်ဦးအနေဖြင့် သူ၏နတ်ဘုံခန်းဝါ နိဗ္ဗာန်များအား အရည်အသွေး မြှင့်တင်လိုပါက ငွေကြေးကုန်ကျ လွန်စွာများပြားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် နတ်ဘုံခန်းဝါအဆင့်ရှိသူ အများစုမှာ လွတ်လပ်မှုအား စွန့်ပယ်လျက် ကလန်များထံ ဝင်ရောက်ကာ နတ်ဘုံခန်းဝါဆေးအား လဲလှယ်ရယူနိုင်ရန် ကြိုးစားကြသည်။

ကန်ရွှမ်းကလန်တွင်လည်း နတ်ဘုံခန်းဝါဆေးအား လဲလှယ်ရယူနိုင်ပေသည်။

ဇူယွမ်မှာ ကန်ရွှမ်းကလန်မှ ထွက်ခွာလာခဲ့စဉ်က နတ်ဘုံခန်းဝါအဆင့်သို့ မရောက်ရှိသေးချေ။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်၏ ထူးချွန်ပြောင်မြောက်သော လုပ်ဆောင်ချက်များအရ နတ်ဘုံခန်းဝါဆေးများကို လဲလှယ်ရယူမည်ဆိုလျှင် အဆင့်နိမ့် နတ်ဘုံခန်းဝါဆေးများအား ဒါဇင်နှင့်ချီ၍ ရရှိနိုင်လောက်သည်။

ယောင်ယောင်မှာ ခါးတွင်ချိတ်ထားသော သိုလှောင်အိတ်အတွင်းမှ တလက်လက် လင်းလက်တောက်ပနေသော ကျောက်စိမ်းပုလင်းငယ်များအား ထုတ်ယူကာ ဇူယွမ့်ထံ ပေးအပ်လိုက်သည်။

ထိုကျောက်စိမ်းပုလင်းငယ်များမှာ လေထုထဲတွင် အလိုအလျောက် ပွင့်ဟလာပြီးနောက် ဆန်းကြယ်သော ရောင်စဉ်များ လင်းလက်နေသော ပန်းပွင့်များ၊ အသီးအနှံများ ထွက်ပေါ်လာလေသည်။ ထိုအသီးအနှံများနှင့် ပန်းမံများ၏ အသွင်သဏ္ဍာန်မှာ အနည်းငယ်မျှ ထူးခြားနေပါသော်လည်း ၎င်းတို့အားလုံးတွင် အလွန်သန့်စင်သော ချီစွမ်းအင်များ စီးဆင်းပါဝင်နေလျက် ရှိသည်။

"နတ်ဘုံခန်းဝါဆေးတွေလား..." ဇူယွမ်မှာ စိတ်လှုပ်ရှားသွားရသည်။

"ဒါတွေကို ဝူနန်းတော်ရဲ့ ရတနာတိုက်ထဲက ရလာတာ။ နင့်ရဲ့ခမည်းတော်က နင့်အတွက် လိုအပ်မယ်မှန်းသိလို့ ငါ့ကိုယူလာခိုင်းတာ။" ယောင်ယောင်မှ စကားဆိုလိုက်သည်။

ယောင်ယောင်မှ ခေါင်းကိုခါယမ်းကာ ဆက်လက်ပြောလိုက်သည်။ "ကံမကောင်းချင်တော့ ရတနာတိုက်ထဲမှာ အဆင့်နိမ့် နတ်ဘုံခန်းဝါဆေးတွေပဲ ရှိတယ်။ ကျန်တာတွေကို ဝူဘုရင်က နတ်ဘုံခန်းဝါ မဟာအဆင့်ကိုတက်ဖို့ သုံးခဲ့ပုံရတယ်။"

ဇူယွမ်မှ ပျော်ရွှင်ကျေနပ်စွာ ပြောလိုက်သည်။ "ဒီလောက်လည်း မဆိုးပါဘူး။ ဒါတွေနဲ့ဆို ကျွန်တော့်ရဲ့ ကျင့်ကြံရေးက အများကြီး တိုးတက်လာမှာပဲ။"

သူသည် လျင်မြန်စွာဖြင့် နတ်ဘုံခန်းဝါဆေးများအားလုံးကို သိုလှောင်အိတ်အတွင်းသို့ သိမ်းဆည်းလိုက်သည်။

ယောင်ယောင်မှ မျက်တောင်ခတ်ကာ စကားဆိုလိုက်သည်။ "ဝူဟောင့်ဆီက နဂါးကောင်းချီးတွေကို နင်အပြည့်အဝ ယူနိုင်ခဲ့ပြီဆိုတော့ ဘိုးဘေးနဂါးပုရပိုက်ကို အဆင့်တက်ဖို့ ပြင်ဆင်သင့်ပြီ။"

"ဘိုးဘေးနဂါးပုရပိုက်ရဲ့ ဒုတိယအဆင့်ကို တက်နိုင်ပြီဆိုတာနဲ့ နင့်ရဲ့စပါးအုံးဘုရင်ချီက ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါးချီ ဖြစ်သွားလိမ့်မယ်။"

ဇူယွမ်မှာ ယောင်ယောင်အား အချိန်ကြာမြင့်စွာ ငေးမောကြည့်ရှုလိုက်မိသည်။

သူသည် ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါးချီအဆင့်သို့ရောက်ရန် နှစ်ပေါင်းများစွာ စိတ်ကူးယဥ်နေခဲ့ရခြင်း ဖြစ်သည်။ ဝူဟောင့်ထံမှ နဂါးကောင်းချီးအား ရရှိခဲ့ပြီးနောက် ထိုစိတ်ကူးမှာ စတင်၍ လက်တွေ့အကောင်အထည် ပေါ်လာခဲ့သည်။

အစပထမ၌ ဇူယွမ် ကျင့်ကြံနေသော ချီစွမ်းအင်မှာ အဆင့်ငါးရှိသည့် စပါးအုံးဘုရင်ချီ ဖြစ်ပါသော်လည်း ဝူဟောင့်ထံမှ နဂါးကောင်းချီး တဝက်ရရှိခဲ့ပြီးနောက် အဆင့်ခြောက်အဖြစ် တိုးတက်သွားခဲ့သည်။

ဘိုးဘေးနဂါးပုရပိုက်၏ ထူးခြားဆန်းကြယ်မှုကြောင့် အဆင့်ခြောက် စပါးအုံးဘုရင်ချီသည်ပင် အခြားသော အဆင့်ခုနစ်ရှိသည့် ချီစွမ်းအင်များထက် မလျော့ပါးခဲ့ပေ။

သို့သော် ဇူယွမ်မှာ ပိုမိုအားကောင်းသော ရန်သူများနှင့် ရင်ဆိုင်လာရသည်နှင့်အမျှ အဆင့်ခြောက် စပါးအုံးဘုရင်ချီဖြင့် အခြားသူများ၏ ချီစွမ်းအင်များအား ဖိနှိပ်နိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် အဆင့်ခုနစ် ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါးချီအား ရရှိမှသာ ဇူယွမ်၏ တိုက်ပွဲစွမ်းရည်မှာ ပိုမိုကောင်းမွန်လာမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အဆင့်ခြောက် စပါးအုံးဘုရင်ချီသည် အခြားသော အဆင့်ခုနစ် ချီစွမ်းအင်များနှင့် နှိုင်းယှဉ်နိုင်ခဲ့သည်။ ထို့ကြောင့် အဆင့်ခုနစ် ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါးချီသည်လည်း အဆင့်ရှစ်ရှိသည့် အခြားချီစွမ်းအင်များနှင့် ယှဉ်ပြိုင်နိုင်လိမ့်မည် ဖြစ်သည်။

အဆင့်ရှစ်ရှိသော ချီကျင့်စဉ်မျိုးသည် ကန်ရွှမ်းကောင်းကင်ဒေသတွင်ပင် အင်အားကြီးကလန်ကြီးများ၌သာရှိသော ရှားပါးရတနာအဆင့်ဖြစ်ပြီး ပြင်ပအား ပေါက်ကြားစေခြင်းမရှိသော လျှို့ဝှက်ကျင့်စဉ် ဖြစ်သည်။

သို့သော် ဇူယွမ်၏ စပါးအုံးဘုရင်ချီအား ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါးချီအဖြစ် ပြောင်းလဲရန်မှာ ရိုးရှင်းလွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေ။ ထိုအကြောင်းအရာသည် ရှုပ်ထွေးလွန်းလှသောကြောင့် ဇူယွမ်သည်ပင် ယောင်ယောင်၏ လမ်းညွှန်ပြသမှုအား လိုအပ်ပေသည်။

ယောင်ယောင်မှပြုံးကာ ပြောလိုက်သည်။ "ဘိုးဘေးနဂါးပုရပိုက်ကို အဆင့်တက်ဖို့က သိပ်မခက်ခဲပါဘူး။ နင့်ကို ကူညီပေးနိုင်မယ့် အချို့ပစ္စည်းလေးတွေ ရှာယုံပါပဲ။"

ဇူယွမ်မှာ ကူကယ်ရာမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

ယောင်ယောင်မှာ လက်ဖြောက်တစ်ချက်တီးကာ ကျောက်စိမ်းစာလိပ်တစ်ခုအား ဇူယွမ့်ထံ ပေးအပ်လိုက်သည်။

ဇူယွမ်မှာ ကျောက်စိမ်းစာလိပ်အား ဖမ်းယူလိုက်ပြီးနောက် စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် စာလိပ်အတွင်း မှတ်သားထားသော ရာနှင့်ချီသည့် ပါဝင်ပစ္စည်းများကို လေ့လာစစ်ဆေးလိုက်သည်။ ထိုပါဝင်ပစ္စည်းများထဲမှ အချို့ကို ကန်ရွှမ်းကလန်အတွင်း မြင်တွေ့ဖူးပါသော်လည်း ၎င်းတို့အားလုံးမှာ အလွန်တန်ဖိုးကြီးမားကြသော ရတနာများ ဖြစ်သည်။

အချို့ပါဝင်ပစ္စည်းများဆိုလျှင် ဇူယွမ်အနေဖြင့် ကြားပင်မကြားခဲ့ဖူးချေ။

ဘိုးဘေးနဂါးပုရပိုက်၏ ပထမအဆင့်ထက် အဆပေါင်းများစွာ ရှုပ်ထွေးခက်ခဲလှသည်။

"ဒီပစ္စည်းတွေ အကုန်လုံးရတာနဲ့ စာလိပ်ထဲမှာ ပါတဲ့အတိုင်း သန့်စင်ပြီးတော့ နင့်ရဲ့ချီစွမ်းအင်နဲ့ ပေါင်းစည်းလိုက်ရုံပဲ။ အဲ့အခါကြရင် နင့်ရဲ့စပါးအုံးဘုရင်ချီက ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါးချီအဆင့်ကို တက်သွားလိမ့်မယ်။"

ဇူယွမ်၏မျက်နှာမှာ အနည်းငယ် မည်းမှောင်သွားရသည်။ "ဒီပစ္စည်းတွေ စုဖို့ဆိုရင် အချိန်တော်တော်ကြာဦးမှာပဲ။"

ကြည့်ရသည်မှာ ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါးချီအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် အချိန်အတော်ကြာမြင့်ဦးမည့်ဟန် ရှိသည်။

ယောင်ယောင်မှာ ဇူယွမ်အား မျက်စောင်းထိုးလျက် သိုလှောင်အိတ်အတွင်းမှ ပစ္စည်းအချို့ ထပ်မံထုတ်ယူလိုက်သည်။

"ကန်ရွှမ်းကလန်မှာ ရှိနေတုန်းက ပစ္စည်းတော်တော်များများကို ငါနင့်အတွက် စုပေးထားတယ်။"

"ဒါပေမယ့် ပစ္စည်းတချို့တော့ လိုနေတုန်းပဲ။ အဲ့ဒါတွေကိုတော့ နင့်ဘာသာ ရှာလိုက်တော့။"

ဇူယွမ်မှာ ပစ္စည်းများအား ကြည့်ရှုနေရင်းဖြင့် နှလုံးသားများ နွေးထွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ယောင်ယောင်သည် သူ့အားအသိမပေးပဲ နှစ်ပေါင်းများစွာ လျှို့ဝှက်ကူညီပေးနေခဲ့ခြင်း ဖြစ်သည်။

ဇူယွမ်မှာ ပစ္စည်းများအား သိုလှောင်အိတ်အတွင်းသို့ ဂရုတစိုက်ဖြင့် သိမ်းဆည်းလိုက်သည်။

"ကျေးဇူးပဲ။"

ယောင်ယောင်မှ ရုတ်တရက် စကားဆိုလိုက်သည်။ "နင့်ရဲ့ခမည်းတော် ပြောတဲ့စကားအရဆိုရင် အခုတလော ကန်းမင်တိုက်ကြီးထဲမှာ ရှန်ဇူတိုက်ကြီးကလာတဲ့ အဆင့်မြင့်ကျင့်ကြံသူတချို့ ရောက်နေတယ်တဲ့။"

ဇူယွမ်မှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "သူတို့က ဘာလာလုပ်ကြတာလဲ။"

ရှန်ဇူတိုက်ကြီးမှ ကျင့်ကြံသူများ၏အမြင်တွင် ကန်းမင်တိုက်ကြီးမှာ လာရောက်လည်ပတ်ရန်ပင် မထိုက်တန်သော ဝေးလံခေါင်ဖျားသည့်အရပ်မှ သေးငယ်သော အရပ်ဒေသတစ်ခုသာ ဖြစ်သည်။

ယောင်ယောင်မှ ခေါင်းကိုခါယမ်းကာ စကားဆိုလိုက်သည်။ "ငါလည်းမပြောတက်ဘူး။ ကန်းမင်တိုက်ကြီးထဲက တခြားအင်ပါယာတွေကလည်း အဲ့လူတွေ ရောက်နေတာနဲ့ပက်သတ်ပြီး စိတ်အနှောင့်အယှက် ဖြစ်ကြပေမယ့် ဘယ်သူကမှ သူတို့ကို မေးခွန်းမထုတ်ရဲကြဘူးလေ။"

ဇူယွမ်မှ ခေါင်းညိတ်ထောက်ခံလိုက်သည်။ ရှန်ဇူတိုက်ကြီးနှင့် ကန်းမင်တိုက်ကြီးတို့၏ အခြေအနေမှာ များစွာကွာခြားလှသည်။ ကန်းမင်တိုက်ကြီး၌ နတ်ဘုံခန်းဝါအဆင့်မှာ ထိပ်သီးအဆင့် ဖြစ်ပါသော်လည်း ရှန်ဇူတိုက်ကြီးအတွင်းတွင်မူ ကလန်တစ်ခု၏ ထိပ်သီးတပည့်အဆင့်မျှသာ ဖြစ်နိုင်ပေသည်။

ထို့ကြောင့် ကန်းမင်တိုက်ကြီးအတွင်းမှ အင်ပါယာများမှာ ရှန်ဇူတိုက်ကြီးမှ ရောက်ရှိလာသူများအပေါ် မေးခွန်းမထုတ်ရဲကြခြင်း ဖြစ်သည်။

"ကိစ္စမရှိပါဘူး။ သူတို့ဘာလုပ်လုပ် ကျွန်တော်နဲ့မှ မဆိုင်တာ။ ကြီးမြတ်သောဇူအင်ပါယာကို လာမထိရင် ပြီးတာပဲ။" ဇူယွမ်မှ လက်ကိုခါယမ်းကာစကားဆိုလိုက်သည်။

ဇူယွမ်မှာ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံခေါင်းဆောင်ဖြစ်သောကြောင့် နောက်ခံအင်ပါး မရှိသူတစ်ယောက် မဟုတ်ပေ။

ဝူ.....

ထိုအချိန်မှာပင် မြို့တော်၏ အလယ်ဗဟိုနေရာမှ ခရုသင်းမှုတ်သံအား ကြားလိုက်ရသည်။

မြို့တော်တစ်ခုလုံးမှာ ကသောင်းကနင်း ဖြစ်သွားကြရသည်။

မြို့တော်၏ ကောင်းကင်ထက်တွင် စွမ်းရည်ပြည့်ဝသော ပုံရိပ်အချို့ ရှိနေလေသည်။ ထိုပုံရိပ်များထံမှ ကြောက်မက်ဖွယ်ရာ စွမ်းအင်ဖိအားများ ထွက်ပေါ်နေလျက်ရှိပြီး ၎င်းတို့၏နောက်တွင် ကွမ်းဟွမ်ရောင်လျှံဝန်းများလည်း ရှိနေကြသည်။

ကျယ်လောင်လှသော စကားသံတစ်ခုမှာ မြို့တော်အတွင်း ပဲ့တင်ထပ်သွားလေသည်။ "ဒီအင်ပါယာရဲ့ အရှင်သခင်က ဘယ်သူလဲဟေ့။ မင်းတို့အသက်အန္တရာယ် လုံခြုံချင်တယ်ဆိုရင် ရတနာတိုက်ထဲမှာရှိတဲ့ နတ်ဘုံခန်းဝါဆေးတွေကို ငါတို့ဆီ အမြန်လာဆက်သစမ်း။"

ထိုစကားသံမှာ အမှန်တကယ်ပင် မောက်မာလွန်းလှသည်။

ဇူယွမ်၏အမူအရာမှာ လေးနက်ခက်ထန်သွားရသည်။

မည်သူကများ သူ၏တိုင်းပြည်ကို လာနှောင့်ယှက်ရဲပါသနည်း....

All Chapters