← Chapters

အရည်အချင်းစစ် အောင်မြင်ခြင်း

Vol. 2 Ch. 17

အရည်အချင်းစစ် အောင်မြင်ခြင်း

Vol. 2 Ch. 17

ဖုန်းပေါင်ခန်း သည် တံတွေးတစ်ချက် မျိုချလိုက်မိသော်လည်း မုန့်ဝမ်၏ ခါးတွင် ချိတ်ဆွဲထားသော သစ်သားအချက်ပေးပြားနှင့် သူမ၏ ခြေထောက်မှ 'အဆင့်မြင့် ဝိညာဉ်လက်နက်' ဖြစ်သော ဖိနပ်ကိုမူ မျက်တောင်မခတ်ဘဲ ကြည့်နေမိသည်။

'ကျင့်ကြံမှု အဆင့် ၇ ပဲ ရှိသေးတယ်၊ ဒါပေမဲ့ အဆင့်မြင့် ဝိညာဉ်လက်နက်ကို ပိုင်ဆိုင်ထားတယ်ပေါ့... ဒီကောင်မလေး နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတာ သေချာတယ်'

ဖုန်းပေါင်ခန်းသည် သူ၏ သက်တမ်းတစ်လျှောက် ကျင့်ကြံလာခဲ့သော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ၂ သာ ရှိသေးသည်။ သူသည် ရွှမ်ယင်ဂိုဏ်းတွင် ဘာမှမဟုတ်သည့် လူတစ်ယောက်ဖြစ်ပြီး မည်သည့် အကျိုးအမြတ်မှ မရှိသော ဤအထွေထွေကိစ္စရပ်များ ခန်းမကို စောင့်ကြပ်ရင်း နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ရသူ ဖြစ်သည်။ သူသည် နောက်ခံမရှိဘဲ ဂိုဏ်းက အလေးမထားသော အဆင့်နိမ့်တပည့်များကိုသာ အနိုင်ကျင့်လေ့ရှိပြီး မည်သူ့ကို ရန်စသင့်သည်၊ မည်သူ့ကို ရှောင်သင့်သည်ကို ကောင်းစွာ နားလည်ထားသူ ဖြစ်သည်။

“ နင့်နာမည်က ဘယ်သူလဲ၊ ဘယ်သူ့ရဲ့ လက်အောက်ငယ်သားလဲ? ”

“ စီနီယာ့ကို ပြန်ပြောရရင်... ကျွန်မနာမည်က မုန့်ဝမ်ပါ၊ စီနီယာ ရွှယ်လျန်ကျိ ရဲ့ လက်အောက်မှာ အလုပ်လုပ်နေတာပါ ”

'ရွှယ်လျန်ကျိ ဟုတ်လား?'

ဖုန်းပေါင်ခန်း၏ မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွားသည်။ ရွှယ်လျန်ကျိသည် အခြေခံတည်ဆောက်ခြင်းအဆင့်နှောင်းပိုင်း ကျင့်ကြံသူဖြစ်ရုံတင်မကဘဲ လက်နက်သွန်းလုပ်ခြင်းတွင် ကျွမ်းကျင်သူဖြစ်ရာ ဂိုဏ်းအတွင်း၌ သူမ၏ အဆင့်အတန်းမှာ သူ့လိုခန်းမစောင့်အဘိုးကြီးနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။ ထို့ပြင် ရွှယ်လျန်ကျိသည် သူမ၏ လူများကို အတော်အတန် အကာအကွယ်ပေးတတ်သူ ဖြစ်သည်။ အကယ်၍ သူမ၏ လက်အောက်ငယ်သားကိုသာ တစ်ခုခုလုပ်မိပါက သူ ဒုက္ခရောက်မည်မှာ အသေအချာပင်။

ဖုန်းပေါင်ခန်းသည် မုန့်ဝမ်၏ အခြေအနေကို သိသည်နှင့် သူ၏ ရမ္မက်ကြီးသော မျက်နှာထားကို ဖျောက်ဖျက်လိုက်ပြီး လေသံကို ပျော့ပျောင်းလိုက်ကာ -

“ ဪ... စီနီယာအစ်မ ရွှယ်လျန်ကျိရဲ့ အချစ်တော် တပည့်လေးကိုး။ အခု အထွေထွေကိစ္စရပ်များ ခန်းမကို ဘာကိစ္စရှိလို့ လာတာလဲ? ”

မုန့်ဝမ်သည် ဖုန်းပေါင်ခန်း၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိမထားမိသယောင် ဆောင်ကာ ရိုသေသော အမူအရာကို ဆက်လက် ထိန်းသိမ်းထားသည်။

“ ဂိုဏ်းကြီးငါးခု ဖလှယ်ပွဲအကြောင်း ကြားမိလို့ပါ စီနီယာ။ ကျွန်မတို့ ရွှမ်ယင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့အတွက် ဒီပွဲမှာ ပါဝင်ဆင်နွှဲဖို့ စာရင်းလာပေးတာပါ ”

ဖုန်းပေါင်ခန်းက နားလည်သလို ခေါင်းညိတ်ပြရင်း -

“ ဒါပေမဲ့ နင့်ရဲ့ ကျင့်ကြံမှု အဆင့် ၇ ဆိုတာက... နည်းနည်းတော့ နိမ့်မနေဘူးလား? ”

“ ဖလှယ်ပွဲဆိုတာ ခွန်အားကို အဓိကထားတာပါ၊ အဆင့်ကို မဟုတ်ပါဘူး။ ကျွန်မကို အခွင့်အရေးတစ်ခု ပေးပါ စီနီယာ ”

မုန့်ဝမ်၏ ဇွဲကို မြင်သောအခါ ဖုန်းပေါင်ခန်းက ဆက်လက် မတားဆီးတော့ဘဲ အခြေခံတည်ဆောက်ခြင်းအဆင့် ၁ ရှိသော မိစ္ဆာသားရဲ တစ်ကောင်ကို ထုတ်လွှတ်လိုက်သည်။

“ ဂိုဏ်းရဲ့ စည်းကမ်းအရ... ဒီ 'ခရမ်းရောင်အစင်းပျား' ရဲ့ လိုက်လံတိုက်ခိုက်မှုကို အမွှေးတိုင်တစ်တိုင် ကုန်တဲ့အထိ ခံနိုင်ရည်ရှိမယ်ဆိုရင် ဖလှယ်ပွဲမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မီပြီလို့ သတ်မှတ်ပေးမယ် ”

ဤပျားမှာ အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲဖြစ်သော်လည်း အုပ်စုလိုက်နေတတ်သော သားရဲမျိုး ဖြစ်သဖြင့် တစ်ကောင်တည်းဆိုလျှင် အားအနည်းဆုံး ဖြစ်သည်။ သို့သော် အဆင့်နိမ့်တပည့်များအတွက်မူ မတရားသဖြင့် အစွမ်းကြီးလှသဖြင့် ဂိုဏ်းက ထိုသားရဲ၏ အစွမ်းကို ၁၀ ရာခိုင်နှုန်းသာ ရှိစေရန် ချိပ်ပိတ် ထားသည်။ သို့သော်လည်း ၁၀ ရာခိုင်နှုန်းသော အစွမ်းမှာ သာမန်တပည့်များအတွက် မလွယ်လှပေ။

မုန့်ဝမ်သည် ပျားကြီး ပျံသန်းလာသည်နှင့် သူမ၏ 'လေပြေ ဖိနပ်' ကို အသက်သွင်းကာ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ အဆင့်မြင့် ဝိညာဉ်လက်နက်၏ အစွမ်းမှာ တကယ်ကို ထိရောက်လှသည်။ အစွမ်းလျှော့ထားသော ပျားကြီးမှာ လေပြေဖိနပ်စီးထားသည့် မုန့်ဝမ်ကို မမှီနိုင်ပေ။

ဤမြင်ကွင်းကို ကြည့်ရင်း ဖုန်းပေါင်ခန်းမှာ ငြူးစူမိသလို မနာလိုမှုများလည်း ဖြစ်ပေါ်လာသည်။ သူကိုယ်တိုင်ပင် အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခုသာ ရှိသော်လည်း အဆင့် ၇ တပည့်မလေးကမူ ထိုကဲ့သို့ တန်ဖိုးကြီးပစ္စည်းကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။ သူက ထိုဖိနပ်ကို လုယူချင်သော်လည်း 'ရွှယ်လျန်ကျိ' ဟူသော နာမည်ကြောင့်ပင် စိတ်ကို ထိန်းလိုက်ရသည်။

အမွှေးတိုင် ကုန်သွားသောအခါ ဖုန်းပေါင်ခန်းက ပျားကြီးကို ပြန်ခေါ်လိုက်ပြီး မုန့်ဝမ်၏ အမည်ကို စာရင်းထဲတွင် ရေးသွင်းပေးလိုက်၏။

“ အရည်အချင်းစစ် အောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါက နင့်အတွက် ဆုလာဘ်ပဲ။ အကယ်၍ ဂိုဏ်းအတွက် ဆုတစ်ခုခု ရယူပေးနိုင်ရင် နောက်ထပ် ဆုတွေ အများကြီး စောင့်နေဦးမှာပါ ”

မုန့်ဝမ်သည် ဆုလာဘ်အိတ်ကို ယူကာ အိမ်ပြန်ရောက်မှ ဖွင့်ကြည့်လိုက်ရာ အလတ်စား ပျံသန်းရေးဓားတစ်လက်၊ စွမ်းအားစုစည်းဆေး တစ်ပုလင်းနှင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၅၀၀ ကို တွေ့ရသည်။ ဆေးလုံးကို စစ်ဆေးကြည့်ရာ အရည်အသွေးမြင့် ဆေးလုံးဖြစ်ကြောင်း တွေ့ရသဖြင့် သူမက တစ်လုံးကို သောက်ကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။

'သွေးမိစ္ဆာ ကောင်းကင်အရှင် ကျင့်စဉ်' ကို လည်ပတ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များမှာ မုန့်ဝမ်ထံသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာတော့သည်။ သွေးနီရောင် မိစ္ဆာစွမ်းအားများမှာ သူမ၏ ကြောရိုးများတစ်လျှောက် စီးဆင်းသွားပြီး စူးရှသော နာကျင်မှုကို ပေးသော်လည်း မုန့်ဝမ်ကတော့ ကျင့်သားရနေပြီ ဖြစ်သည်။

မုန့်ဝမ်သည် နားချိန်မရှိဘဲ တစ်လလုံးလုံး လက်နက်သွန်းလုပ်ခြင်းနှင့် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေခဲ့သည်။ အိပ်စက်ခြင်းကိုပင် ဇိမ်ခံမှုတစ်ခုအဖြစ် သတ်မှတ်ကာ သူမ၏ အံ့သြဖွယ် ဇွဲလုံ့လဖြင့် ကြိုးစားခဲ့သည်။ သူမ၏ စိတ်ထဲတွင် တစ်ခုတည်းသော အမှန်တရားမှာ 'ခွန်အား' သာ ဖြစ်သည်။ သူမသာ ရွှေအမြုတေအဆင့်သို့ ရောက်ခဲ့ပါက စည်းကမ်းအားလုံးကို သူမကိုယ်တိုင် ပြန်လည် သတ်မှတ်မည်ဟု ကြုံးဝါးထား၏။

မုန့်ဝမ်သည် ပြုံးလျက် သွန်းလုပ်ရေး အလုပ်ရုံသို့ ဝင်သွားလိုက်သည်။ သူမ လက်နက်သွန်းလုပ်မည့် အခန်းထဲသို့ ဝင်သည်နှင့် ကျန်းလင်းက ဝိညာဉ်စမ်းရေဖြင့် ဖျော်ထားသော လက်ဖက်ရည်ကို ကိုင်ဆောင်ကာ မြှောက်ပင့်သော အမူအရာဖြင့် နောက်မှ လိုက်ဝင်လာတော့သည်။

“ စီနီယာအစ်မ မုန့် ရောက်လာပြီလား? လမ်းလျှောက်လာရတာ ပင်ပန်းနေမှာပေါ့... လာပါ၊ လည်ချောင်းရှင်းသွားအောင် လက်ဖက်ရည်လေး သောက်ပါဦး ခင်ဗျာ ”

All Chapters