← Chapters

လင်းဂိုဏ်းဘိုးဘေး

Vol. 1 Ch. 476

လင်းဂိုဏ်းဘိုးဘေး

Vol. 1 Ch. 476

ဝှစ် ဝှစ် ဝှစ်

ကျန်းရီက ဆက်တိုက် နေရာရွှေ့ပြောင်းမှုကို အသုံးပြုနေသည်။ သူသည် ကောင်းကင်ထဲတွင် တစ္ဆေတစ်ကောင်နှယ် ဖျတ်ခနဲ လှုပ်ရှားသွားလာပြီး တောင်ဘက်အရပ်ဆီသို့ ဦးတည်သွားနေ၏။ ကျန်းရှောင်နူ မည်သည့်နေရာသို့ ဦးတည်သွားနေမှန်းနှင့် သူမ ယခုအချိန်တွင် မည်သည့်နေရာတွင် ရှိနေမှန်း သူ မသိပေ။ သူသည် ရွေးချယ်စရာမရှိဘဲ တောင်ပိုင်းဆီသို့ ဦးတည်ပြီးပြေးနေရ၏။ ကျန်းရှောင်နူသည် ပင်လယ်ဆီသို့ ပျံသန်းသွားလောက်သည်ဟုသာ သူခန့်မှန်းနိုင်ပေသည်။ သူမသည် သေခြင်းတရားမှ လွတ်မြောက်နိုင်ရန်အတွက် ကျွန်းတစ်ကျွန်းထဲတွင် ပုန်းနေမှသာ လွတ်မြောက်နိုင်လောက်တာ ဖြစ်သည်။ အဓိက မဟာမိတ် တပ်ဖွဲ့ငါးဖွဲ့က သူတို့၏အင်အားများ စုပေါင်းပြီး မဟာရှတိုင်းပြည်ကို တိုက်ခိုက်သည့် အချိန်တွင် ကုန်းပြင်မြင့်တစ်ခုလုံး မလုံခြုံတော့ချေ။

ကျန်းရီသည် ရက်အလီလီ ခရီးဆက်ခဲ့ပြီး အင်မတန် မောပန်းနွမ်းနယ်နေကာ ရှားယွီမြို့ထဲတွင် တိုက်ပွဲများ ဆင်နွှဲခဲ့ရ၏။ သို့သော် ယခုအချိန်တွင်သူက အပတ်တကုပ် ကြိုးစားလိုက်နေရ၏။ သူ မနှောင့်နှေးခဲ့ချေ။ ကျန်းရှောင်နူနှင့် အဖွဲ့က အန္တရာယ်များနေ၏။ သူရပ်တန့်လိုက်သည်ထက် သေတာက ပိုအဆင်ပြေသွားပေမည်။

“ဒီနေရာမှာ မြို့တစ်မြို့ရှိတယ် ”

အချိန်အတိုင်းအတာ တစ်ခုအထိ နေရာရွှေ့ပြောင်းပြီးနောက် ကျန်းရီသည် မလှမ်းမကမ်း၌ မြို့ကြီးတစ်မြို့ကို မြင်လိုက်ရသည်။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးပြီးနောက် ရှထျန်းမြို့၏ ဂိတ်ဝတွင် ရှထျန်းမြို့ဟူသော စကားလုံးကို တွေ့လိုက်ရ၏။ ချက်ချင်းပင် မြေပြင်ပေါ် သက်ဆင်းပြီး မြို့ဆီသို့ ဦးတည်သွားလိုက်သည်။

ရှထျန်းမြို့က မဟာရှအင်ပါယာထဲရှိ တောင်ပိုင်းတွင်ရှိသော အဓိကမြို့တစ်မြို့ဖြစ်ပြီး တပ်သားတစ်သိန်းကျော် တည်ရှိပေ၏။ အနီအနားရှိ မြို့ငယ်လေးများဆီ ကင်းထောက်များစွာလည်း လွတ်နိုင်သည်။ ကျန်းရှောင်နူအကြောင်း သူတို့ကို မေးနိုင်ခဲ့လျှင် တစ်စုံတစ်ခု အသုံးဝင်နိုင်ပေလိမ့်မည်။

“အဲ့ဒီမှာဘယ်သူလဲ ရှထျန်းမြို့က ဂိတ်ပိတ်ထားတယ်၊ မြန်မြန်ထွက်သွား၊ မဟုတ်ရင်ငါတို့ သက်ညှာမှုမရှိ သတ်ရလိမ့်မယ် ”

မြို့ထဲရှိ စစ်သားများသည် ဤနေရာသို့ အရိပ်တစ်ခုသဖွယ် ရောက်လာသည့် ကျန်းရီကို မြင်သောအခါ စိတ်ပူပန်သွားကြသည်။ မဟာရှတိုင်းပြည်၏ မြောက်ပိုင်းက တိုက်ပွဲအလယ်တွင် ကျရောက်နေတာ ဖြစ်သည်။ သိုင်းပညာရှင်တစ်ဦး ရုတ်တရက် ပေါ်ပေါက်လာရာ သူတို့က မည်ကဲ့သို့ မစိုးရိမ် မပူပန်ဘဲ နေမည်နည်း။

“အတင့်ရဲလိုက်တာ အဲဒါက ကိုယ်စားအုပ်ချုပ်သူပဲ၊ ကိုယ်စားအုပ်ချုပ်သူကို နှုတ်ဆက်ကြ ”

စစ်သူကြီးများထဲမှ တစ်ယောက်၏ အမြင်အာရုံက ပိုကောင်းပေသည်။ သူသည် ကျန်းရီကို မှတ်မိသွားပြီးနောက် အစောပိုင်းက ပြောလိုက်သည့် တပ်မှူးကို ဖြတ်ရိုက်လိုက်တော့သည်။ ပြီးနာက် မြို့ဂိတ်ဝဆီ ကမန်းကတန်းသွားပြီး ဒူးတစ်ဖက်ထောက်ကာ အော်လိုက်၏။

ဝှစ် ဝှစ်

မြို့နံရံပေါ်ရှိ စစ်သူကြီးများကလည်း အမြန်ခုန်ဆင်းလာကြတော့သည်။ ပြီးနောက် တစ်ညီတစ်ညွတ်တည်း အော်လိုက်၏။

“ကိုယ်စားအုပ်ချုပ်သူကို နှုတ်ဆက်ပါတယ် ”

“ထကြ ”

ကျန်းရီက သူတို့ကို ကွေ့ဝိုက်ပြောနေရန် အချိန်မရှိပေ။ ထို့ကြောင့် တည်တင်းသော လေသံဖြင့် အော်ပြောလိုက်၏။

“မင်းတို့တွေ အစိမ်းရောင်တောင်ပံ တစ်စုံနဲ့ အစိမ်းရောင်ဆံပင်နဲ့ မိန်းကလေးတစ်ယောက်ကို တွေ့မိလား ဒါမှမဟုတ် ဒီဘက်ကိုပျံသန်းသွားတဲ့ လင်းဂိုဏ်းဘိုးဘေးကို တွေ့မိသေးလား ”

“ဟမ် တွေ့မိပါတယ် ”

ထိုစစ်သူကြီးက သူ့ကိုစိုက်ကြည့်နေပြီး တည်ကြည်လေးနက်သည့် အသံဖြင့် ပြောလိုက်၏။

“လွန်ခဲ့တဲ့ ၁၅မိနစ်လောက်တုန်းက တောင်ပံတစ်စုံနဲ့ အစိမ်းရောင်ဆန်တဲ့ မိန်းကလေးတစ်ယောက် အနားကနေ တကယ်ပဲ ဖြတ်ပျံသွားပါတယ်၊ သူမှာ အင်မတန်သန်မာတဲ့ ရောင်ဝါရှိပြီး အရမ်းမြန်တဲ့ စိတ်ဝိညာဉ်မျောလွင့် ခရီးသွားအဆင့် ကျင့်ကြံသူတွေကလွဲရင် အခြားသူတွေ မမြင်မိမှာ စိုးရိမ်မိပါရဲ့ အမ်း... လွန်ခဲ့တဲ့ ၅မိနစ်လောက်က နောက်ထပ်ပိုအစွမ်းထက်တဲ့ သိုင်းပညာရှင်တစ်ဦး ဖြတ်သွားပါတယ် သူက အဲဒီ အမျိုးသမီးနဲ့ အရှိန်တူတူလောက်ပဲ သူက ကိုယ်စားအုပ်ချုပ်သူပြောတဲ့ လင်းဂိုဏ်းဘိုးဘေး ဟုတ်မဟုတ်တော့ ကျွန်တော်မသိပါဘူး ”

“လွန်ခဲ့တဲ့ ၁၅မိနစ်ကလား ”

ကျန်းရီက စိတ်လေးသွားသည်။ ကျန်းရှောင်နူ၏ အသွင်ပြောင်းလဲမှုက အနည်းငယ် တိုးတက်လာသည့်တိုင် သူမသည် ယခုလောက်ဆို အကန့်အသတ် ရောက်နေလောက်ပြီ ဖြစ်သည်။ လင်းဂိုဏ်းဘိုးဘေးက သူမနောက် ချက်ချင်းလိုက်ခဲ့ရာ အလွယ်တကူ ရှာတွေ့သွားနိုင်ပေ၏။ နောက်ဆက်တွဲက ပြင်းထန်ပေလိမ့်မည်။

“မြို့ကို စောင့်ကြပ်ဖို့ လူတွေထားထားလိုက် ပြီးရင် ငါ့အမိန့်ကိုစောင့်နေ ”

ကျန်းရီကအော်ပြီး ပျောက်ကွယ်သွားကာ တောင်ပိုင်းဆီသို့ နေရာရွှေ့ပြောင်းသွားတော့၏။ ယခုအခေါက်တွင် သူကပိုတောင် မြန်ဆန်သည်။ မျက်တောင်နှစ်ခတ်အတွင်း သူကအနက်ရောင် အစက်လေး တစ်စက်အဖြစ် ပြောင်းလဲသွားပြီးနောက် တောင်ပိုင်းအရပ်တွင် ပျောက်ကွယ်သွားတော့သည်။

ဝှစ် ဝှစ်

နေရာရွှေ့ပြောင်းပြီး ငါးမိနစ်အကြာ ကီလိုမီတာငါးသောင်းကို ခရီးနှင်ပြီးနောက် ကျန်းရီက ရုတ်တရက် ရပ်တန့်လိုက်သည်။ သူသည်အင်မတန်မြန်ဆန်သည့် ပျံသန်းနေသော အရှိန်ကို ကြားလိုက်ရ၏။ အရှေ့ဘက်တွင် အစွမ်းထက်သော အရှိန်အဝါကို ခပ်ဖျော့ဖျော့လည်း ခံစားမိနေသည်။

ဗာဂျရာနယ်ပယ် သိုင်းပညာရှင်

ထိုမျှအကွာအဝေးတွင် ဗာဂျရာနယ်ပယ် သိုင်းပညာရှင် တစ်ဦးသာလျှင် ဤကဲ့သို့ သန်မာသည့် ရောင်ဝါများ ထုတ်ဖော်နိုင်စွမ်းရှိတာ ဖြစ်သည်။ ကုန်းပြင်မြင့်ပေါ်ရှိ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များအားလုံး ပေါ်ထွက်လာပြီးနောက် သူ့ရှေ့ရှိလူ မည်သူမည်ဝါဆိုတာ ရှင်းနေပြီဖြစ်သည်။

ဝှစ်

ခဏတာ ရပ်တန့်နေပြီးနောက် ကျန်းရီသည် ရှေ့သို့နေရာ ရွှေ့ပြောင်းလိုက်ပြီးနောက် တစ်ပြိုက်နက်ထဲသူ၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်တော့သည်။ အရှေ့ရှိ သိုင်းပညာရှင်၏ ကောင်းကင်စိတ်အာရုံကလည်း ဖြန့်ကျက်လာ၏။ နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် ရှာတွေ့သွားပြီးနောက် ချက်ချင်းပင် အကန့်အသတ်မဲ့ သတ်ဖြတ်လိုသည့် ဆန္ဒများ ပေါ်ထွက်လာတော့သည်။ ထင်သည့်အတိုင်းပင် တစ်ဖက်လူက လင်းဂိုဏ်းဘိုးဘေး ဖြစ်နေ၏။

ယခုအချိန်တွင် ကျန်းရီ၏မျက်လုံးက တောက်ပလာတော့သည်။ အစောပိုင်းက လင်းဂိုဏ်းဘိုးဘေး ပေါ်ပေါက်လာတာကို သတိပြုမိလိုက်၏။ သူကဤဧရိယာတစ်ဝိုက်တွင် တစ်စုံတစ်ခုကို ရှာနေတာဖြစ်နိုင်၏။ လင်းဂိုဏ်းဘိုးဘေးသည် ကျန်းရှောင်နူနောက် လိုက်နေခဲ့တာ ဖြစ်သည်။ သူသည် အဘယ့်ကြောင့် ရပ်တန့်ပြီး အနီးအနားကို လှည့်ပတ်ရှာနေရသနည်း။

လင်းဂိုဏ်းဘိုးဘေးသည် ရှားယွီမြို့မှ ထွက်ခွာသွားသည့် အချိန်တွင် တိုက်ပွဲက အကြပ်အတည်း အခြေအနေသို့ ရောက်နေတာဖြစ်သည်။ သူက ကျန်းရှောင်နူကို သတ်နိုင်ခဲ့လျှင် ဤနေရာတွင် ကင်းလှည့်နေသည်ထက် ရှားယွီမြို့ဆီ ချက်ချင်းပြန်လာမှာပဲ ဖြစ်သည်။ တစ်ခုတည်းသော ဖြေရှင်းချက်က သူသည် ကျန်းရှောင်နူကို ရှာနေသေးဆဲဖြစ်၏။ တစ်နည်းဆိုရလျှင် ကျန်းရှောင်နူက မသေသေးပေ။

ထိုသို့ ကောက်ချက်ချပြီးနောက် ကျန်းရီက ပျော်ရွှင်သွားတော့သည်။ လင်းဂိုဏ်းဘိုးဘေး၏ ရှာဖွေမှုမှ ကျန်းရှောင်နူ မည်သို့ လွတ်မြောက်သွားမှန်း သူပုံမဖော်နိုင်သော်ငြား သူတို့အဆင်ပြေနေသ၍ သူစိတ်သက်သာရာ ရနေသည်။

“ကျန်းရီ ”

လင်းဂိုဏ်းဘိုးဘေး၏ မျက်လုံးက စိန်းစိန်းဝါးဝါး အလင်းတန်းတို့ဖြင့် တလက်လက်တောက်နေ၏။ သူသည် အမှန်တကယ်ပင် ကျန်းရှောင်နူကို ရှာနေခဲ့တာဖြစ်သည်။ လမ်းတစ်လျှောက်တွင် ကျန်းရှောင်နူ၏ ရောင်ဝါကို ခြေရာခံ ရှာတွေ့ခဲ့သည်။ သို့သော် တောင်တန်းများနားတွင် သူမကို မျက်ခြေပျက်သွားခဲ့၏။ ကီလိုမီတာ ငါးထောင်အထိ ရှေ့သို့ ဆက်သွားခဲ့သော်ငြား သူမ၏ အငွေ့အသက်ကို ခြေရာမခံနိုင်ခဲ့ချေ။ ထို့ကြောင့်သူ နောက်သို့ ပြန်လာသည်။ လှည့်ပတ်ရှာဖွေသော်ငြား ဘာကိုမှ ရှာမတွေ့ခဲ့ပေ။

သို့သော် မည်သည့်နည်းနှင့်မဆို ကျန်းရီက ပေါ်လာပေမည်။ သူကျန်းရီကို သတ်နိုင်ခဲ့လျှင် ပြဿနာ မရှိတော့ချေ။ မြောက်ပိုင်းကနေ ကျန်းရီရောက်လာတာကို သူတွေ့လိုက်သည်။ ထို့ကြောင့် မြောက်ပိုင်းဆီသို့ သူ၏ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်လိုက်၏။ နောက်ကွယ်တွင် ကျန်းရီကို ရှာတွေ့သွားသော အချိန်တွင် ရုတ်တရက် ပြောလိုက်၏။

“ကျန်းရီ မင်းဘယ်ကနေ လာတာလဲ ”

“ငါဘယ်ကနေ လာတာလဲ ”

ကျန်းရီ၏မျက်ဝန်းထဲတွင် အေးစက်စက် အရိပ်အယောင်များ ပေါ်လာသည်။ လင်းဂိုဏ်းဘိုးဘေး၏ စိုးရိမ်ပူပန်မှုကို သူသတိပြုမိ၏။ အကြည့်လှည့်လိုက်ပြီးနောက် သူက အားရပါးရပြုံးကာ ခပ်ရေးရေး ပြောလိုက်တော့သည်။

“ကျုပ်က ရှားယွီမြို့ကနေ လာတာပေါ့ လင်းဂိုဏ်းဘိုးဘေး ခင်ဗျားကို သတင်းဆိုးတစ်ချို့တော့ ပြောစရာရှိသား ရှောင်လုံဝမ်၊ ရှတိ၊ ကျောင်းအုပ်ဝမ်၊ ပန်းပွင့်မိန်းမပျို၊ စစ်သေနာပတိချုပ်ကြီးနဲ့ ရှထျန်းဝေ့တို့အားလုံး အသတ်ခံလိုက်ရပြီ ခင်ဗျားရဲ့ မဟာမိတ် တပ်ဖွဲ့တွေ အားလုံးပေါ့လေ၊ နတ်ဆိုးဧကရီနဲ့ ရွှေယွဲ့လျန်မျှော်စင်သခင်တို့ ဒီကိုရောက်လာကြမှာ၊ သူတို့တွေက မြို့အသီးသီးကို တိုက်ခိုက်နေပြီး နတ်ဆိုးဧကရီက ကောင်းကင်ကြယ်တာရာမြို့ကို သိမ်းပိုက်ပြီးပြီ မကြာခင်မှာ မိုးပြာနဂါး အင်ပါယာထဲမှာ ခင်ဗျားတစ်ယောက်ပဲ ကျန်တော့မှာ ဟား ဟား ဟား ”

“ဘာ ”

လင်းဂိုဏ်းဘိုးဘေး၏ အမူအရာက ပြောင်းလဲသွား၏။ သို့သော် ချက်ချင်းပင် အားရပါးရ ရယ်မောလိုက်ပေသည်။

“ဟိတ်ကောင် မင်းင့ါကို လိမ်နေတာပဲ နတ်ဆိုးဧကရီ ထွက်သွားတာ သိသာနေတာကို၊ ရွှေရို့လန်နဲ့ ဘုန်းတော်ကြီးကရော ဘယ်မှာလဲ၊ သူတို့ကိုဘာကြောင့် ထွက်မလာခိုင်းတာလဲ ”

“ဟား ဟား ခင်ဗျားက အခေါင်းမတွေ့မချင်း မျက်ရည်ကျမှာ မဟုတ်ဘူးပဲ ”

ကျန်းရီက စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်များကို မည်သို့ ကစားရမည်မှန်း သိသည်။ သူ့လက်ထဲတွင် စကြဝဠာနန်းတော်ကို ပြသလိုက်သည်။ အဖြူရောင်အလင်းတန်း ဖျတ်ခနဲ ပေါ်လာပြီး ယာ့ဇီသားရဲနှင့် ငွေပန်းပွင့်အဘွားအိုတို့က လေထဲတွင် ပေါ်လာတော့သည်။ နှစ်ယောက်ကို ထုတ်ပေးပြီးနောက် သူတို့ကို ပြောလိုက်၏။ ပြီးနောက် သူက ညင်သာစွာ ပြောလိုက်သည်။

“ခင်ဗျာအဆင့်က လူတွေကို သူတို့ကို ဖြေရှင်းခိုင်းဖို့ မလိုဘူး၊ ကျူပ်တစ်ယောက်တည်းက လုံလောက်ပြီ မျိုးမစစ်ကြီး သေပေတော့ ”

“အမ် ” ယာ့ဇီသားရဲနှင့် ငွေပန်းပွင့်အဘွားအိုတို့ကို မြင်တွေ့ပြီးနောက် လင်းဂိုဏ်းဘိုးဘေးသည် စိတ်ထဲ ထိတ်လန့်အံ့အားသင့်သွားပြီး အနည်းငယ် တွေဝေလာတော့သည်။ ယာ့ဇီသားရဲနှင့် ငွေပန်းပွင့် အဘွားအိုတို့သည် သူထွက်လာသည့် အချိန်၌ သေခါနီးမှန်း ရှင်းရှင်းလင်းလင်း တွေ့လိုက်ရ သည်။ သို့သော် ယခုအချိန်တွင် ထိုနှစ်ယောက်က မည်ကဲ့သို့ အသက်ရှင်သေးသနည်း။ သူတို့ကိုကျန်းရီက ဤနေရာသို့ ခေါ်လာ၏။ ယင်းက ဘာကို ဆိုလိုသနည်း။ ရှားယွီမြို့တွင်းရှိ စစ်ပွဲပြီးဆုံးသွားပြီဟု ဆိုလိုခြင်းဖြစ်သည်။

ရှားယွီမြို့ထဲတွင် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်ငါးဦး ရှိနေသေးသည်။ ကျန်းရီက အချိန်တိုအတွင်းတွင် ထိုလူအားလုံးကို မည်ကဲ့သို့ သတ်နိုင်မည်နည်း။ နတ်ဆိုးဧကရီသည် အမှန်တကယ်တွင် တစ်ခါမှ ထွက်မသွားခဲ့သည်လား။ ရွေရိုလန်နှင့် ကိုယ်တော်လေးတို့က လာရောက်ကူညီသည်လား။ ယင်းက သိုင်းခန်းမ၏ လှည့်ကွက်တစ်ခုပေလော။

လင်းဂိုဏ်းဘိုးဘေးသည် မသေချာ မရေရာမှုများ ပြည့်နေသည်။ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ကျန်းရီကအမှန်တိုင်း ပြောနေခြင်း ဖြစ်ခဲ့လျှင် မိုးပြာနဂါး အင်ပါယာသည်လည်း သေချာပေါက် ပြိုလဲပြီး သူကသေလူတစ်ဦး ဖြစ်နေပြီးသား ဖြစ်နေပြီပဲ။

ဝှစ်

ကျန်းရီက နေရာရွှေ့ပြောင်းမှုကို သုံးလိုက်သည်။ မီးနဂါးဓားက သူ့လက်ထဲ၌ ပေါ်ပေါက်လာပြီးနောက် မီးနဂါးငယ် သောင်းချီကို ပစ်လွှတ်လိုက်တော့သည်။ သူ၏ခန္ဓာကိုယ်က အဖြူရောင် အလင်းတန်းဖြင့် တောက်ပသွားပြီးနောက် ပုံရိပ်ယောင် လေးခုအဖြစ် ပြောင်းလဲသွားကာ လင်းဂိုဏ်းဘိုးဘေးဆီသို့ ယပ်တောင် အခင်းအကျင်းဖြင့် ဝင်ရောက်သွားတော့၏။

“သတ် ” မီးနဂါးငယ် သောင်းချီထံမှ စွမ်းအင်ကို ခံစားမိပြီး လင်းဂိုဏ်းဘိုးဘေးက ရုန်းကန်လိုက်ရသည်။ သူ၏မျက်နှာထက်တွင် ကရုဏာမဲ့သော အကြည့် ပေါ်ပေါက်လာ၏။ မည်သည့်နည်းနှင့်မဆို သူကျန်းရီကို ဦးစွာသတ်သင့်ပေသည်။

***

All Chapters