မိစ္ဆာကြီး ခင်ဗျားအရူးလုပ်ခံရပြီ
Vol. 1 Ch. 477
“အမ် ”
လင်းဂိုဏ်း၏ ဘိုးဘေးက တိုက်ခိုက်တော့မည့်အချိန်တွင် ပြဿနာတစ်ခုကို သူရုတ်တရက် သဘောပေါက်သွားသည်။ ကျန်းရီ၏ ပုံရိပ်အားလုံးက သူနှင့် ဆင်တူပေ၏။ သူ့တွင် အစွမ်းထက်သော ကောင်းကင်စိတ်အာရုံ ရှိနေခဲ့လျှင်တောင် ထိုပုံရိပ်များကို မခွဲခြားနိုင်ပေ။
ဝှစ်
ကျန်းရီ၏ ပုံရိပ်လေးခုက လေပြင်းသဖွယ် သိမ်းကြုံးတိုက်ခတ်လာ၏။ မီးနဂါး သောင်းချီကလည်း သူတို့နှင့်အတူ လိုက်ပါလာသည်။ လင်းဂိုဏ်း၏ ဘိုးဘေးက အနောက်သို့ဆုတ်ပြီး တိုက်ကွက် ပြီးဆုံးသွားသည်အထိ စောင့်ဆိုင်းရမှာဖြစ်သည်။
ဟူး
လင်းဂိုဏ်း၏ ဘိုးဘေး လှုပ်ရှားတာ မြန်ဆန်လွန်းပေ၏။ ကျန်းရီ၏ ယခင်တိုက်ကွက်များက အသုံးမဝင် ဖြစ်သွားပြီး ပြိုက်ဘက်၏အရှိန်ကို အမှီမလိုက်နိုင်ပေ။ ကျန်းရီက ရွေးချယ်စရာမရှိဘဲ နေရာရွှေ့ပြောင်းလိုက်ရ၏။ သို့သော် သူ၏ပုံရိပ်များကို သူနေရာရွှေ့ပြောင်းနေစဉ် ကောင်းကောင်း မထိန်းချုပ်နိုင်ပေ။ မကြာမီ၌ ပုံရိပ်အားလုံး လေထဲ လဲပြိုသွားတော့သည်။
“ဟ ” ကျန်းရီသည် နေရာရွှေ့ပြောင်းပြီးနောက် လေထဲပြန်ပေါ်လာသည့် အချိန်၌ မလှမ်းမကမ်းတွင် ရှိနေသော လင်းဂိုဏ်း၏ ဘိုးဘေးက လက်မြှောက်ပြီးနောက် ရွှေလက်ချောင်းအားကို ပစ်လွှတ်လိုက်သည်။ စွမ်းဆောင်နိုင်စွမ်းရှိသော ဘုရင့်ရောင်ဝါ ပါရှိ၏။ ဧကရာဇ်ဆန္ဒ ပေါ်ထွက်လာသည်နှင့် ကျန်းရီကို ရှုပ်ထွေးသွားစေ၏။ သူသည် ခုခံမှုကို တစ်ဆင့်လျှော့ချပြီး သေမှာကို စောင့်ဆိုင်းနေရ၏။
ဧကရာဇ်သည် သူ၏လက်အောက်ငယ်သားကို သေခိုင်းလျှင် လက်အောက်ငယ်သားက ရွေးချယ်စရာ မရှိဘဲ သေရမှာပဲဖြစ်သည်။ ယင်းက ဧကရာဇ်ဆန္ဒနှင့် ပတ်သတ်သည့် မဟာကိစ္စရပ်တစ်ခု ဖြစ်ပေသည်။ သာမာန်လူတစ်ဦးကို သတ်သေရန် အကြပ်ကိုင်ခဲ့လျှင် ပြန်တိုက်ခိုက်နိုင်မှာ မဟုတ်ပေ။ တော်ဝင်လက်ချောင်းအားက လက်အောက်ငယ်သား အားလုံးကို ဒူးညွှတ်စေပြီး သူတို့၏သစ္စာတော်ကို ရယူနိုင်သည့် အရည်အချင်း ရှိပေသည်။
“ဟမ့် ” ကံကောင်းသည်မှာ ကျန်းရီက အာခံရန် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ သူကပိုမို ဖိနှိပ်ခံရလေလေ သူ၏စိတ်တွင် မောက်မာထောင်လွှားမှုတို့က ပိုကန်လာလေဖြစ်၏။ သူသည် သစ္စာရှိသော ရုံးအရာရှိတစ်ဦး ဘယ်တော့မှဖြစ်မှာမဟုတ်ပေ။ သူက ရွှမ်ဝူတို်င်းပြည်ကို ထိုစဉ်က သစ္စာဖောက်ခဲ့ပြီး ဘုရင်နှင့် လက်အောက်ငယ်သားကြားရှိ စည်းမျဉ်းများအကြောင်း ဂရုမစိုက်ခဲ့ပေ။ ထို့ကြောင့် ဧကရာဇ်ဆန္ဒက သူ့အပေါ် များများစားစား သက်ရောက်မှုမရှိ။ သူက ခေါင်းမော့လိုက်ပြီးနောက် ဓားဖြင့် တော်ဝင်လက်စွမ်းအားကို ဖိထုတ်လိုက်၏။ ထိုနည်းဖြင့် သူ၏ခန္ဓာကိုယ်က အဖြူရောင်အလင်းဖြင့် တောက်ပလာပြီး သူပျောက်ကွယ်သွားတော့သည်။
ကျွတ် ကျွတ်
လင်းဂိုဏ်း ဘိုးဘေး၏ တော်ဝင်လက်ချောင်းအားက အစွမ်းထက်လွန်းရာ ကျန်းရီထုတ်လိုက်သည့် နဂါးသောင်းချီနှင့် တိုက်မိသွားသည့်အချိန်တွင် စစ်မှန်သော နဂါးတစ်ကောင်သည် ရွံ့ရုပ်နဂါးများနှင့် ဝင်တိုက်မိသလို ဖြစ်သွား၏။ သူတို့က အဆင့်တူတယ် မရှိကြပေ။
ဖုန်း
ရွှေလက်ချောင်းအားက ကျန်းရီ၏ နဂါးငယ်သောင်းချီကို ဖျက်ဆီးပြီးနောက် ခပ်ဝေးဝေးရှိ ဧရာမတောင် တစ်တောင်ဆီသို့ ပစ်ဝင်သွားသည်။ ဖုန်းခနဲ နားအူစေသည့် မြည်သံများနှင့်အတူ တောင်အလယ်မှ ပေါက်ကွဲသွားတော့သည်။ တောင်ထိပ်ကလည်း ဖုန်များအဖြစ် ပြောင်းလဲသွားပြီး ကျောက်စကျောက်နများကလည်း ပြိုလဲကျလာကာ မြေပြင်တစ်သိမ့်သိမ့်တုန်ပြီး ဖုန်များ တသောသော ထလာတော့၏။
ဧရိယာတစ်ဝိုက်ရှိ နတ်ဆိုးသားရဲများက ကြောက်လန့်သွားပြီး အရပ်မျက်နှာအနှံ့ ထွက်ပြေးကြတော့သည်။ ကမ္ဘာလောကကြီး၏ အဆုံးသတ်သဖွယ် အရပ်မျက်နှာအနှံ့ ထွက်ပြေးကြတော့၏။
ဘုရားရေ
ကျန်းရီက မလှမ်းမကမ်းရှိ တောင်ထွတ်လေးပေါ်တွင် ပေါ်လာသည်။ လဲပြိုကျသွားသောတောင်ကို ကြည့်မိချိန်၌ စိတ်ထဲ စိုးရိမ်ပူပန်သွား၏။ ဤလင်းဂိုဏ်းဘိုးဘေးကြီးသည် သူက ရှောင်လုံဝမ်ကို သေချာပေါက် ချက်ချင်းသတ်နိုင်ပေ၏။
သို့သော် လင်းဂိုဏ်း၏ ဘိုးဘေးသည် လွန်ခဲ့သည့် နှစ်တစ်ရာခန့်က ဗာဂျရာနယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးဖြစ်တာကို ကျန်းရီရုတ်တရက် တွေးမိသွားသည်။ သူက ထိုနှစ်တစ်ရာအတွင်း မည်သည့်တိုးတက်မှုမှ မရှိခဲ့လျှင်တောင် သူ၏စွမ်းအားက ရှိန်လောက်သေးဆဲ ဖြစ်သည်။ သူက ကောင်းကင်ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ရန် လမ်းတစ်ဝက်တွင်ရှိသည့် အကြွင်းမဲ့ ပညာရှင်တစ်ဦး ဖြစ်ပေ၏။
“ငါအခု ဘာလုပ်သင့်လဲ ”
ကျန်းရီ၏ မျက်ဝန်းများက ဖျတ်ခနဲ လှုပ်သွားသည်။ သူသည် အဆင်အခြင်မဲ့ နေရာမရွှေ့ပြောင်းရဲပေ။ တမလွန်လောက တစ္ဆေမီးလျှံများက လင်းဂိုဏ်း၏ ဘိုးဘေးကို သတ်ဖြတ်နိုင်သည်ဟု သူယုံကြည်ချက်ရှိသည်။ သို့သော် သူ့နားသို့ ကျန်းရီမည်ကဲ့သို့ ချဉ်းကပ်ရမည်နည်း။ နေရာရွှေ့ပြောင်းမှုကို အသုံးပြုသည့် အချိန်တိုင်းတွင် လေဟာနယ်က အတက်အကျ ဖြစ်လာ၏။ ရှောင်လုံဝမ်တောင် သူရှိသည့်နေရာကို အတိအကျရှာနိုင်ရာ လင်းဂိုဏ်း၏ ဘိုးဘေးဆိုလျှင် ပြောနေရန် မလိုတော့ချေ။
လင်းဂိုဏ်း၏ ဘိုးဘေး ရှိရာဆီသို့ နေရာရွှေ့ပြောင်းသွားသည်နှင့် လင်းဂိုဏ်း၏ ဘိုးဘေးဆီမှ တိုက်ခိုက်မှုက သူ့ခန္ဓာကိုယ်ဆီ ရောက်လာမှာဖြစ်သည်။ သူက တမလွန်လောက တစ္ဆေမီးလျှံကို ထုတ်ရန် အချိန်မရလိုက်ဘဲ နုတ်နုတ်စင်းခံရလောက်သည်။
သူက အနားသို့ မကပ်ခဲ့လျှင် သူ၏တိုက်ခိုက်မှုက လင်းဂိုဏ်း၏ ဘိုးဘေးကို ထိခိုက်ဒဏ်ရာ ရစေရာအကြောင်း မရှိပေ။ ဘုံကိုးပါး နဂါးမီးတောက်နှင့် တမလွန်လောက တစ္ဆေမီးလျှံက မကပ်ရသေးခင် လင်းဂိုဏ်း၏ ဘိုးဘေးက အဝေးသို့ ရှောင်ပြီးဖြစ်နေမှာပင်။ ကျန်သည့် တိုက်ကွက်များအတွက်မူ ဗာဂျရာနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးအတွက် ယင်းတို့က ပြက်လုံးတစ်ခုမျှသာ ဖြစ်နေမှာပင်။
“မျိုးမစစ်လေး သေပေတော့ ”
လင်းဂိုဏ်း၏ ဘိုးဘေးက ကျန်းရီ တောင်ပူဆာလေးအပေါ်တွင် ရပ်နေတာကို မြင်သောအခါ စိတ်မရှည်လက်မရှည် ဖြစ်သွား၏။ နတ်ဆိုးဧကရီက ကြယ်ကောင်းကင်မြို့ကို အမှန်တကယ် တိုက်ခိုက်ခဲ့လျှင် လင်းဂိုဏ်းက ဆက်ခံသူမရှိ ဖြစ်ပေတော့မည်။ ထို့ကြောင့်သူသည် ကျန်းရီကို မြန်နိုင်သမျှမြန်မြန် သတ်ရမည်။ သိုု့မဟုတ် ဖမ်းပြီး ရှရီမြို့ဆီသို့ ဦးတည်သွားကာ အချက်အလက်များ ပိုရှာဖွေရမှာပဲဖြစ်၏။
သူ့ကို အသက်ရှင်လျက် ဖမ်းရမှာလား။ လင်းဂိုဏ်း၏ ဘိုးဘေးက မက်မောသွားမိ၏။ ကျန်းရီကို အသက်ရှင်လျက် ဖမ်းနိုင်ခဲ့လျှင် နတ်ဆိုးဧကရီကို သူခြိမ်းခြောက်နိုင်လောက်ပေသည်။ အကြည့်လွှဲပြီးနောက် ဖြစ်နိုင်လျှင် ကျန်းရီကို အသက်ရှင်လျက်ဖမ်းရန် တိတ်တဆိတ် အစီအစဉ် ဆွဲနေပေတော့သည်။ လင်းဂိုဏ်း၏ ဘိုးဘေး လှုပ်ရှားတာ မြန်ဆန်လွန်းသည်။ သူသည်ကျန်းရီနှင့် ၃၃ ကီလိုမီတာအကွာတွင် ရှိနေသည့်တိုင် မျက်တောင်နှစ်ခတ်အတွင်း၌ သုံးဆယ်ကီလိုမီတာကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။ လက်မြောက်ပြီးနောက် လက်ချောင်းအားကိုပစ်ရန် ပြင်လိုက်သော်ငြား ကျန်းရီက ထိုစဉ်ရုတ်တရက် လှုပ်ရှားတော့သည်။ ကျန်းရီ၏လက်က မိုးပြာရောင်အလင်းဖြင့် လက်လာပြီးနောက် အချက်ပေါင်းများစွာဖြင့် ရုတ်တရက် ရိုက်နှက်လိုက်တော့သည်။ မိုးပြာရောင်မီးတောက်က ပေါ်ထွက်လာပြီးနောက် ကောင်းကင်၏ တစ်ဝက်နီးပါး ပြန့်ကားသွားတော့၏။
“အစွမ်းထက်လိုက်တဲ့ မီးတောက်၊ အဲ့ဒီမီးတောက်က မိန်းမဆိုးလင်းကို သေစေခဲ့ပြီး ရှားထျန်းဝေ့ကို ဒုက္ခိတဖြစ်စေခဲ့တဲ့ မီးတောက်လား ”
လင်းဂိုဏ်း၏ ဘိုးဘေးက အနည်းငယ် တွေးတောပြီးနောက် နောက်ဆုတ်လိုက်သည်။ သူ့အနားမကပ်ရဲပေ။ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာက သန်မာပြီး မီးတောက်များကသူ့ကို မသတ်နိုင်သည့်တို်င် မီးတောက်များဖြင့် ဖိသွားခဲ့လျှင် သေချာပေါက် လောင်ကျွမ်းသွားပေလိမ့်မည်။ ထို့ကြောင့်သူသည် နောက်သို့ဆုတ်နေစဉ် လက်ချောင်းစွမ်းအားကို ဆက်တိုက် ပစ်ထုတ်နေ၏။
ဟူး ဟူး
ဘုံကိုးဘုံး၏ နဂါးမီးတောက်များက ဝှီးကနဲ ပေါ်ထွက်လာပြီး လေကို ခွင်းလျက် လင်းထိန်သွားစေသည်။ ကံဆိုးသည်မှာ သူတို့က လင်းဂိုဏ်း၏ ဘိုးဘေးနှင့်ယှဉ်လျှင် နှေးကွေးလွန်းနေသောကြောင့် သူ့ကို ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ပေ။
ဖုန်း
လင်းဂိုဏ်း ဘိုးဘေး၏ တော်ဝင်လက်ချောင်းက မီးပင်လယ်ကို ထိုးဖောက်ပြီးနောက် ကျန်းရီရပ်နေသည့် တောင်ဆီသို့ ရောက်လာတော့သည်။ ချက်ချင်းပင် တောင်က မရေမတွက်နိုင်သည့် ကျောက်စကျောက်နများအဖြစ် ပေါက်ကွဲသွားပြီး ဖုန်လုံးများက ပေါ်ထွက်လာကာ ကောင်းကင်နယ်မြေကို လွှမ်းမိုးသွားတော့၏။
“အမျိုးယုတ်လေး မင်းအခု ဘယ်ထွက်ပြေးနိုင်မယ်လို့ ထင်လဲ ”
မင်းအခု ဘယ်ကိုပြေးမလဲ။
လင်းဂိုဏ်း၏ ဘိုးဘေးက မီးပင်လယ်တစ်ဝိုက်သို့ သွားလိုက်၏။ ကျန်းရီနေရာရွှေ့ပြောင်းပြီး ထွက်သွားတာကို မြင်သောအခါ သူ့နောက်မှ လိုက်သွားတော့သည်။ ကျန်းရီသည် ခေါင်းဆောင်ကို ဟန့်တားရန်အတွက် နောက်ထပ်မီးပင်လယ် ထုတ်လိုက်၏။ တစ်ချိန်တည်းတွင် ဆက်တိုက် နေရာရွှေ့ပြောင်းပြီး ထွက်ပြေးနေတော့သည်။
ဖုန်း ဖုန်း ဖုန်း
လင်းဂိုဏ်း၏ ဘိုးဘေးက တော်ဝင်လက်ချောင်းကို ဆက်တိုက် ထုတ်ဖော်နေရာ သူ့အနားရှိ တောင်များကို ကြေမွသွားစေသည်။ ကျန်းရီ၏ ဘုံကိုးဘုံနဂါးမီးတောက်က သူ့အောက်ရှိတောအုပ်ကို လောင်သွားပြီး တောမီးများ တဟုန်းဟုန်း ထစေ၏။ သူတို့ဝန်းကျင်တွင် တောင်တန်းများစွာ ရှိပေသည်။ သို့သော် ခဏအတွင်း လင်းဂိုဏ်း၏ ဘိုးဘေး ဖျက်ဆီးတာ ခံလိုက်ရ၏။
ဟူး ဟူး
ကျန်းရီသည် နောက်ထပ် တောင်ပူဆာ၏ တောင်ထွတ်ပေါ်တွင် ပေါ်လာတော့သည်။ လင်းဂိုဏ်း၏ ဘိုးဘေး သူ့ဆီသို့ လေရူးသဖွယ် ဝင်ရောက်လာတာကို မြင်လိုက်ရသည်။ ဤအခြေအနေတွေ ခုခံနေလျှင် လင်းဂိုဏ်း၏ ဘိုးဘေး အသက်တာ ခံရလောက်ပေ၏။
ဆိုရလျှင် သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်စွမ်းအားတို့က ကုန်ခမ်းနေပြီဖြစ်သည်။ အမှားတစ်ချက်ကပင် သူ့ကိုသေသွားစေနိုင်၏။ ထို့အပြင် လင်းဂိုဏ်း၏ ဘိုးဘေးက လက်ချောင်းစွမ်းအားကို သာမာန်တိုက်ကွက်ကဲ့သို့ ထုတ်ဖော်နေရာ အဆင့်မြင့်တိုက်ကွက် မထုတ်ရသေးပေ။ အဆင့်မြင့် တာအိုသိုင်းဖြင့် တိုက်ခိုက်လိုက်ပါက ကျန်းရီသည် သူမည်သည့်နည်းဖြင့် အသတ်ခံရမည်မှန်းတောင် သိလိုက်မှာ မဟုတ်ပေ။
ငါလုပ်ရမယ်။
လင်းဂိုဏ်း၏ ဘိုးဘေး အနားကပ်လာတာကို စောင့်ဆိုင်းပြီး နေရာရွှေ့ပြောင်းမှုကို ထပ်မံအသုံးမပြုခင် မီးပင်လယ်ကို လင်းထိန်သွားစေ၏။
ယခုအခေါက်တွင် သူနေရာရွှေ့ပြောင်းရန် ဆုံးဖြတ်လိုက်သည့်နေရာက အလွန်ရှင်းလင်းသည်။ ခေါင်းဆောင်သည် မီးပင်လယ်ကို ထပ်မံရှောင်ရှားမည်မှန်း သေချာပေါက် သိနေ၏။ ထို့ကြောင့် ပြန်ဆုတ်သည့် အချိန်နှင့် နေရာရွှေ့ပြောင်းသည့် အချိန်ကို သူတွက်ချက်ထားခဲ့သည်။
ယခုအချိန်တွင် လင်းဂိုဏ်း၏ ဘိုးဘေးအောက်ရှိ မြေပြင်ပေါ်၌ သူပေါ်လာ၏။ ခြေတစ်ဖက်က မြေပြင်ကို ထိသည်နှင့် မြေပြင်သည် တုန်သွားကာ သူ၏ခန္ဓာကိုယ်သည် နဂါးတစ်ကောင်သဖွယ် အပေါ်သို့ မြောက်တက်သွား၏။ ပြီးနောက် လေထဲတွင် ပုံရိပ်ယောင် လေးခုအဖြစ် ပြောင်းလဲသွားကာ လင်းဂိုဏ်း၏ ဘိုးဘေးဆီသို့ ချွန်ထက်သော ဓားလေးစင်းနှယ် တိုးဝင်သွားတော့သည်။
“ဟမ့် ဒီပုရွက်ဆိတ်က ကောင်းကင်ကို လှုပ်ခါဖို့ အိမ်မက်မက်နေတာပဲ ”
လင်းဂိုဏ်း၏ ဘိုးဘေးက သတိလုံးဝ မဝင်ပေ။ သူ့အဖို့ ကျန်းရီက ပုံရိပ်ယောင်တစ်ခု သို့မဟုတ် လေးခု။ မည်သည်ကမှ အရေးမကြီးပေ။ လက်ကိုမြောက်ပြီးနောက် လက်ချောင်းစွမ်းအား လေးရိပ်ကို ပစ်ထုတ်လိုက်သည်။ ပုံရိပ်လေးရိပ်ဆီသို့ ဦးတည်လိုက်၏။
“မျှော်စင်သခင် ဘာကြောင့် မတိုက်ခိုက်သေးတာလဲ ”
ကျန်းရီကထိုစဉ် စူးရှစွာအော်လိုက်ပြီးနောက် လေထဲမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ယခုအချိန်တွင် လင်းဂိုဏ်း၏ ဘိုးဘေးနှင့် တစ်ကီလိုမီတာအကွာ၌ ပြန်ပေါ်လာတော့သည်။
သူကအလောင်းအစား ပြုလိုက်တာပဲဖြစ်သည်။ ယခုအခေါက်တွင် မအောင်မြင်ခဲ့လျှင် လင်းဂိုဏ်း၏ ဘိုးဘေးကိုသတ်ဖြတ်ရန် အခွင့်အရေး ဘယ်တော့မှ ရမှာမဟုတ်ပေ။
“အမ် ” ထင်သည့်အတိုင်းပင် လင်းဂိုဏ်း၏ ဘိုးဘေးက လှည့်ကွက်ထဲ ကျရောက်သွား၏။ သူ၏မျက်ဝန်းထဲတွင် အေးစက်သည့်ရောင်ခြည်များ ဖြာထွက်လာပြီးနောက် ကောင်းကင်စိတ်အာရုံကို အရပ်မျက်နှာအနှံ့ ဖြန့်ကျက်လိုက်၏။ ရွှေယို့လန်နှင့် ကိုယ်တော်လေးတို့ ဤနေရာတွင် ခြုံခိုတိုက်ခိုက်ခဲ့လျှင် သူချက်ချင်း သတ်ဖြတ်ခံရလောက်သည်။
သိုင်းပညာရှင်တစ်ဦးက မည်မျှအစွမ်းထက်စေကာမူ လူသားတစ်ဦး ဖြစ်နေသေး၏။ လူသားများ၌ အလိုလိုသိစိတ် ရှိပေသည်။ ကျန်းရီအော်လိုက်သည်နှင့် လင်းဂိုဏ်း၏ ဘိုးဘေးက ချက်ချင်းပင် အလိုအလျောက် ရွှေယို့လန်နှင့် ကိုယ်တော်လေးတို့ကို ရှာမိတော့သည်။ သူသည် ကျန်းရီကို ရင်ဆိုင်နေရာတွင် ခုခံမှုကို အလိုလို လျှော့ချလိုက်မိ၏။ ထိုနည်းဖြင့် ကျန်းရီက သူ၏ခေါင်းအထက်သို့ နေရာရွှေ့ပြောင်းလာတော့သည်။
“ဟား ဟား ဟား မိစ္ဆာကြီး ခင်ဗျားအရူးလုပ် ခံရပြီ နတ်ဆိုးဧကရီ အခုတိုက်ခိုက်တော့ ”
ကျန်းရီသည် လင်းဂိုဏ်း၏ ဘိုးဘေး အထက်၌ ပေါ်ပေါက်လာပြီးနောက် လက်ဝါးတိုက်ကွက်များ ရုတ်တရက် ထုတ်ဖော်လိုက်သည်။ မီးဝိညာဉ်ပုလင်းက ဆက်တိုက် လင်းထိန်လာတော့၏။ တစ္ဆေမီးလုံးများကလည်း ပေါ်ထွက်လာပြီး ဘုံကိုးဘုံ နဂါးမီးတောက်၏ အထဲတွင်ပုန်းကွယ်နေကာ လင်းဂိုဏ်း၏ ဘိုးဘေးဆီသို့ ဝင်ရောက်သွားတော့သည်။
ကျန်းရီက လင်းဂိုဏ်း၏ ဘိုးဘေးနှင့် တစ်ကီလိုမီတာအကွာသို့ ရောက်နေပြီဖြစ်ရာ သူနှင့်မနီးပေ။ သို့သော် လင်းဂိုဏ်း ဘိုးဘေး၏ တုံ့ပြန်မှုက အရှိန်အနည်းငယ် လျော့သွားခဲ့လျှင် ထိုမီးတောက်များက သူ့ကိုထိနိုင်ပေ၏။
***