အခန်း (၁၃၀၃-၁၃၀၅)
Vol. 87 Ch. 1303-1305
အခန်း( ၁၃၀၃ )
ရန်သူထံ ဘက်ပြောင်းခိုလှုံသွားသော ဧကရာဇ်
ယဲ့ရှင်းတန်၏ စကားများကို ကြားလျှင် ကျိမော်ရှန်းက
“ဥက္ကဋ္ဌယဲ့က နှိမ့်ချနေပါပြီ။ ခင်ဗျားရဲ့ ချန်ဟုန် ကုန်သည်အသင်းက ယဲ့မိသားစုအတွက် ကြီးမားတဲ့ ကြွယ်ဝချမ်းသာမှုကို စုဆောင်းပေးနေတာပဲ။ ခင်ဗျားက မိသားစုခေါင်းဆောင်နေရာအတွက် လျာထားခံထားရတယ်ဆိုတာ ဘယ်သူ မသိဘဲနေမှာလဲ။”
ယဲ့ရှင်းတန်က ပြုံးရုံသာပြုံးပြီး ထိုအကြောင်းအရာကို ဆက်မပြောတော့ပဲ
“အဲ့ဒီအကြောင်း တော်ပါပြီဗျာ။ ချီယွဲ့နိုင်ငံမှာ အခုလို အပြောင်းအလဲကြီး ဖြစ်နေမှတော့ ကျွန်တော်လည်း ယဲ့မိသားစုဆီ အမြန်ပြန်သွားကြည့်ရဦးမယ်။”
ထိုအချိန်တွင် ကျိမော်ရှန်းက
“ဒါနဲ့ ဥက္ကဋ္ဌယဲ့... စိတ်ဝိညာဉ်စွမ်းအား အသုံးပြုစရာမလိုတဲ့ အဲဒီနတ်လှေတွေကို ဘယ်ကရတာလဲ။”
ဤမေးခွန်းကို ခုနကကတည်းက သူ မေးခဲ့သော်လည်း ယဲ့ရှင်းတန်က မဖြေခဲ့ပေ။ ဤထူးဆန်းသော နတ်လှေများ၏ ဇစ်မြစ်ကို သူက အလွန်သိချင်နေဆဲဖြစ်သည်။
ယဲ့ရှင်းတန်က
“တခြားနိုင်ငံတွေဆီကနေ ဝယ်လာတာပါ”
ယဲ့ရှင်းတန်၏ အဖြေက ရေရာမှု မရှိပေ။ မည်သည့်နိုင်ငံမှ ဝယ်ယူခဲ့ကြောင်း ယဲ့ရှင်းတန်က တိုက်ရိုက်မထုတ်ဖော်သည်ကို မြင်လျှင် ချန်ဟုန် ကုန်သည်အဖွဲ့၏ ငွေဝင်လမ်းကြောင်းများကို အပြင်လူများ သိသွားမှာ ယဲ့ရှင်းတန် မလိုလားကြောင်း ကျိမော်ရှန်းက ချက်ချင်း နားလည်လိုက်သဖြင့် ပါးနပ်စွာပင် ဆက်မမေးတော့ပေ။
အပြန်အလှန် နှုတ်ဆက်စကား အနည်းငယ် ပြောကြပြီးနောက် ယဲ့ရှင်းတန်လည်း သူ၏ ကုန်သည်အဖွဲ့ထံသို့ ပြန်သွားခဲ့သည်။ သို့သော် ရိက္ခာများ ဖြည့်တင်းရန်အတွက် ချန်ဟုန် ကုန်သည်အဖွဲ့ကို လေပင်လယ်ကမ္ဘာ၌ ရက်အနည်းငယ်ကြာ ဆက်လက်နေထိုင်စေခဲ့သည်။
လုံလောက်စွာ အနားယူပြီးနောက် ချန်ဟုန် ကုန်သည်အဖွဲ့သည် နေပြည်တော်သို့ ခရီးဆက်ခဲ့ကြသည်။
……….
ချီယွဲ့ကမ္ဘာ။
ချီယွဲ့နိုင်ငံ။
နန်းတော်။
နန်းတွင်းစာကြည့်ခန်းအတွင်းရှိ စားပွဲပေါ်မှ အစီရင်ခံစာ အထပ်ကြီးကို ပေဝမ်ဖု ကြည့်လိုက်ပြီး ဖော်ပြ၍ မရနိုင်လောက်အောင် ဒေါသထွက်နေ၏။
ရုတ်တရက် သူသည် ဒေါသတကြီး မတ်တတ်ရပ်လိုက်ပြီး စားပွဲကို လှန်ပစ်လိုက်ရာ စားပွဲပေါ်မှ အစီရင်ခံစာများက ကြမ်းပြင်ပေါ်သို့ ချက်ချင်း ပြန့်ကျဲသွားသည်။
“သူတို့ ပုန်ကန်ကုန်ကြပြီ။ ပုန်ကန်ကုန်ကြပြီ”
“သူတို့အားလုံး ပုန်ကန်ကုန်ကြပြီ။”
“ငါက သူတို့ကို မသတ်ရဲဘူးလို့ သူတို့ တကယ်ထင်နေကြတာလား။”
ယခင်က ပေရှုဟွာ၏ အုပ်စုမှ အရာရှိများသည် သိုသိပ်သော လှုပ်ရှားမှု အသေးစားများကိုသာ ပြုလုပ်ခဲ့ကြပြီး အနည်းဆုံးတော့ သူ့ကို ဧကရာဇ်တစ်ပါးအဖြစ် အပေါ်ယံ လေးစားမှု ပြသခဲ့ကြသည်။
သို့သော် တောင်ဝင်အကြီးအကဲချုပ် နတ်ရွာစံတော့မည့် သတင်းပျံ့နှံ့သွားကတည်းက ပေရှုဟွာအုပ်စုမှ အရာရှိများ အလွန် အတင့်ရဲလာကြသည်။ ဧကရာဇ်ကို နန်းချမည့် အစီအစဉ်ကို လူသိရှင်ကြား ထုတ်ဖော်ရဲလာကြ၏။ ချီယွဲ့နိုင်ငံကို မထိခိုက်စေရန်အတွက် ပို၍အရည်အချင်းရှိသူ တစ်ဦးဦးအား ထီးနန်းလွှဲအပ်သင့်ကြောင်း အရိပ်အမြွက်ပြောထားသည့် အစီရင်ခံစာများပင် သု့ထံသို့ ရေးသားပေးပို့လာကြသည်။
ထီးနန်းစွန့်ရန် လက်အောက်ငယ်သားများက အစီရင်ခံစာများမှတစ်ဆင့် အကြံပြုလာခြင်းကို ဧကရာဇ်တစ်ပါးအနေနှင့် မည်သို့ သည်းခံနိုင်မည်နည်း။
အဓိကပြဿနာမှာ အစီရင်ခံစာ ရေးသားသူက တစ်ဦးတည်းမဟုတ်ပဲ အုပ်စုလိုက် ဖြစ်နေခြင်းဖြစ်သည်။ ယခု နန်းတွင်းမှ ဝန်ကြီး ထက်ဝက်ကျော်က ပေရှုဟွာဘက်၌ ပါဝင်နေကြပြီဖြစ်သည်။
ထိုဝန်ကြီးများသာမက ချီယွဲ့နိုင်ငံ၏ နယ်ပယ်သခင်များနှင့် တော်ဝင်မိသားစုဝင်များကလည်း ဧကရာဇ်ကို နန်းချမည့် အကြံဥာဏ်ကို လက်ခံစဉ်းစားနေကြသည်။
ဤအချိန်တွင် ပေရှုဟွာကို သတ်ပစ်ရန်သာ ပေဝမ်ဖု ဆန္ဒရှိနေသော်လည်း ဝမ်းနည်းစရာကောင်းသည်က သူ့တွင် အာဏာမရှိသလို သူမကို သတ်ဖြတ်နိုင်စွမ်းရှိသူကိုလည်း ရှာမတွေ့နိုင်ပေ။
ထိုစဉ် နူးညံ့ပြီး မိန်းမဆန်သော အသံတစ်ခု နန်းတွင်းစာကြည့်ခန်းထဲ ထွက်ပေါ်လာ၏။
“အို... ဘယ်သူကများ လဧကရာဇ်မင်းမြတ်ကို ဒီလောက်အထိ စိတ်ဆိုးအောင် လုပ်လိုက်တာလဲ။”
ထိုအသံသည် အမျိုးသားတစ်ဦး၏ အသံဖြစ်သည်မှာ ထင်ရှားသော်လည်း ထိုသူသည် အမျိုးသမီးတစ်ဦးကဲ့သို့ ချောမောကာ မိန်းမဆန်နေပြီး မိန်းမလျာပုံစံ ပေါက်နေသည်။
အသံဆုံးသည်နှင့် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ယပ်တောင်တစ်ချောင်း ကိုင်ထားသော အမျိုးသားတစ်ဦး နန်းတွင်းစာကြည့်ခန်းထဲတွင် ပေါ်လာသည်။ ထိုအမျိုးသားထံမှ ပြင်းထန်သော ယင်စွမ်းအင် အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
ထိုအမျိုးသား ရောက်ရှိလာခြင်းကို ပေဝမ်ဖု သိပ်အံ့သြပုံမရပေ။ ထို့နောက် သူ၏ ဒေါသများသိသိသာသာ လျော့ကျသွားပုံရပြီး ခရမ်းရောင်ဝတ် အမျိုးသားကို အေးစက်စွာဖြင့်
“ဘာလာလုပ်တာလဲ”
ဖန်ထန်းဖေးက သူ၏ မျက်နှာတစ်ခြမ်းကို ယပ်တောင်ဖြင့် ကွယ်ကာ မိန်းမဆန်ဆန် ပြောလိုက်သည်။
“လဧကရာဇ်မင်းမြတ် ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ကူညီပေးမလို့ပေါ့။”
“လဧကရာဇ်သာ အချိန်ဖြုန်းနေမယ်ဆိုရင် မကြာခင်မှာ ချီယွဲ့နိုင်ငံမှာ နောက်ထပ် ဧကရီတစ်ပါး ပေါ်လာလိမ့်မယ်။”
ဖန်ထန်းဖေး၏ စကားကို ကြားသောအခါ ပေဝမ်ဖု တိတ်ဆိတ်သွား၏။
ထိုအချိန်တွင် ဖန်ထန်းဖေးက ယပ်တောင်ကို ပိတ်လိုက်ပြီး ပေဝမ်ဖုထံသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ နားနားကပ်၍ လေသံတိုးတိုးဖြင့်
“ခင်ဗျားတို့ရဲ့ တောင်ဝင်အကြီးအကဲချုပ်က သက်တမ်းကုန်တော့မယ်။ ချီယွဲ့နိုင်ငံကို ကယ်တင်ဖို့ တစ်ခုတည်းသော ဖြစ်နိုင်ခြေက ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ပဲ။ ချီယွဲ့နိုင်ငံမှာ အုပ်ချုပ်သူ ပြောင်းသွားရင်တောင် ကြာကြာခံမှာ မဟုတ်ဘူး။”
“နောက်ပြီး ကျွန်တော်တို့ရဲ့ အချက်အလက်တွေကို သဘောတူမယ်ဆိုရင် ချီယွဲ့နိုင်ငံကို ထိန်းသိမ်းထားနိုင်မယ့်အပြင် ခင်ဗျားအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်တဲ့ ပေရှုဟွာကိုပါ ရှင်းနိုင်လိမ့်မယ်။ ဒါက ကျောက်ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်တဲ့ သဘောပဲ။ ဒီလို သဘောတူညီမှုကို ဘာလို့ ခင်ဗျား ငြင်းမှာလဲ။”
ဖန်ထန်းဖေး၏ ဆွဲဆောင်မှုရှိသော ကမ်းလှမ်းချက်ကို ကြားလျှင် ပေဝမ်ဖု သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ ထောင်ချောက်များ ရှိနိုင်ကြောင်းကို သူသိသော်လည်း ချီယွဲ့နိုင်ငံ၏ လက်ရှိအခြေအနေသည် အခြားအင်ပါယာများအတွက် စင်းနှီးတုံးပေါ်မှ ငါးကဲ့သို့ ဖြစ်နေပြီး တစ်နိုင်ငံစီက အပိုင်းတစ်ပိုင်းစီ လိုချင်နေကြသည်။
သို့သော် သူ့တွင် ရွေးချယ်စရာ မရှိပေ။ ထီးနန်းကို ဆက်လက်ထိန်းသိမ်းလိုပါက တစ်ခုတည်းသော နည်းလမ်းမှာ အခြားအင်ပါယာများနှင့် ပူးပေါင်းရန်သာ ရှိတော့သည်။
ကြာမြင့်စွာ စဉ်းစားပြီးနောက် ပေဝမ်ဖု နောက်ဆုံးတွင် ရွေးချယ်မှု ပြုလိုက်တော့သည်။
“ကောင်းပြီ။ ကျုပ်ရဲ့ ထီးနန်းကို ထိန်းသိမ်းပေးမယ်လို့ သဘောတူသရွေ့ ကျုပ်ခေါင်းငုံ့ပြီး ချင်းယွမ်နိုင်ငံရဲ့ လက်အောက်ခံအဖြစ် နေပေးမယ်။”
ပေဝမ်ဖုက နောက်ဆုံးတွင် သဘောတူလိုက်သည်ကို မြင်သောအခါ ဖန်ထန်းဖေးက
တခစ်ခစ်ရယ်ကာ
“လဧကရာဇ်က နောက်ဆုံးတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့ပြီပဲ။”
ပေဝမ်ဖုက ဆက်လက်၍
“ဒါပေမဲ့ ပေရှုဟွာက ဧကရာဇ်လောင်း အင်အားကို ပိုင်ဆိုင်ထားပြီးပြီ။ ကျုပ်ရဲ့ လက်ရှိစွမ်းရည်နဲ့ဆိုရင် သူ့ကို ချင်းယွမ်နိုင်ငံဆီ ပို့ပေးနိုင်မှာ မဟုတ်ဘူး။”
ချင်းယွမ်နိုင်ငံက အချက်နှစ်ချက်ကို တောင်းဆိုထားသည်။ တစ်ချက်မှာ ချီယွဲ့နိုင်ငံက ခေါင်းငုံ့ပြီး ချင်းယွမ်နိုင်ငံ၏ လက်အောက်ခံနိုင်ငံ ဖြစ်လာရန်နှင့် အခြားတစ်ချက်မှာ မင်းသမီးကြီး ပေရှုဟွာ ချင်းယွမ်နိုင်ငံ၏ လက်ရှိဧကရာဇ်နှင့် လက်ထပ်ရန်ဖြစ်သည်။
ဤအချက်နှစ်ချက်စလုံးက ပေရှုဟွာနှင့် ခွဲခြား၍မရပေ။ ပေရှုဟွာ ချီယွဲ့နိုင်ငံတွင် ရှိနေသရွေ့ ချီယွဲ့နိုင်ငံသည် ချင်းယွမ်နိုင်ငံအား အညံ့ခံရန် မဖြစ်နိုင်ပေ။
ထို့ပြင် ပေရှုဟွာသည် ဧကရာဇ်ဖြစ်သူ ပေဝမ်ဖု၏ အမိန့်ကို နာခံမည်လည်း မဟုတ်ပေ။ ချင်းယွမ်နိုင်ငံ၏ ဧကရာဇ်နှင့် သူမကို လက်ထပ်ခိုင်းရန် အမိန့်ထုတ်ပြန်လိုက်သည်နှင့် သူကိုယ်တိုင် နန်းချခံရမည်ဖြစ်သည်။
ဤအချက်နှစ်ချက် ပြည့်စုံရန်အတွက် အဓိက သော့ချက်သည် ပေရှုဟွာကို ချင်းယွမ်နိုင်ငံသို့ မည်သို့ ပို့ဆောင်ရမည်နည်း ဆိုသည့်အချက်တွင် တည်ရှိသည်။
ပေဝမ်ဖု၏ စကားများကို ကြားလျှင် ဖန်ထန်းဖေးက ခပ်အေးအေး ပြောလိုက်သည်။
“လဧကရာဇ် စိတ်ပူစရာ မလိုပါဘူး။ အဲ့ဒီလူ သေဆုံးတာနဲ့ ခင်ဗျား အမိန့် ထုတ်နိုင်ပြီ။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ ချင်းယွမ်နိုင်ငံက ဧကရာဇ်အဆင့်တစ်ပါး စေလွှတ်ပြီး ချီယွဲ့နိုင်ငံကို ဖိအားပေးလိုက်မယ်။”
ပေဝမ်ဖု မျက်မှောင်ကြုတ်သွားကာ
“အဲဒါလည်း အလုပ်ဖြစ်မှာမဟုတ်ဘူး”
ဖန်ထန်းဖေးက
“ဘာလို့လဲ။ ဧကရာဇ်လောင်းအဆင့် ပေရှုဟွာက ကျွန်တော်တို့ ချင်းယွမ်နိုင်ငံရဲ့ ဧကရာဇ် သုံးပါးရဲ့ ဖိအားကို တွန်းလှန်နိုင်မယ်လို့ လဧကရာဇ်က ထင်နေတာလား။”
ဖန်ထန်းဖေး၏ အမြင်တွင် ချီယွဲ့နိုင်ငံ၏ တောင်ဝင်အကြီးအကဲချုပ် သေဆုံးသည်နှင့် ချီယွဲ့နိုင်ငံတွင် ဧကရာဇ်တစ်ပါးမှ ကျန်ရှိတော့မည် မဟုတ်ပေ။ ထိုအခါ ဧကရာဇ် သုံးပါး၏ ဖိအားကို ရင်ဆိုင်ရလျှင် ချီယွဲ့နိုင်ငံအနေနှင့် ငြင်းဆန်ရန် သတ္တိရှိမည်မဟုတ်သလို စွမ်းရည်လည်း ရှိမည်မဟုတ်ပေ။
ပေဝမ်ဖုက
“ဟို အဘိုးကြီးက သူ့ကို အထူးကျင့်စဉ်တစ်ခု သင်ပေးခဲ့တယ်။ သူက အခုအချိန်မရွေး ဧကရာဇ် ဖြစ်လာနိုင်တယ်။”
ထိုအရာကို ကြားလျှင် ဖန်ထန်းဖေး အံ့အားသင့်သွားသည်။ ထိုအခြေအနေမျိုးကို သူ မျှော်လင့်မထားခဲ့ပေ။
လက်ရှိတွင် ပေဝမ်ဖုနှင့် ပေရှုဟွာတို့သာ ဤအကြောင်းကို သိရှိထားကြသဖြင့် ဖန်ထန်းဖေး မသိသေးတာက မထူဆန်းပေ။
ထိုစဉ် ဖန်ထန်းဖေး၏ မျက်နှာပေါ်မှ အပြုံး ပျောက်ကွယ်သွားပြီဖြစ်သည်။ ချီယွဲ့နိုင်ငံသည် လမ်းဆုံးရောက်နေသော နိုင်ငံဖြစ်ပြီး အလွယ်တကူ ကိုင်တွယ်နိုင်မည်ဟု အစက သူထင်မှတ်ထားခဲ့၏။ ချီယွဲ့နိုင်ငံ၌ ဝှက်ဖဲတစ်ခု ရှိနေသေးကြောင်း သူတို့ သတိမပြုမိခဲ့ပေ။
သို့သော် ထိုသို့ ဝှက်ဖဲများ ရှိမရှိ ချီယွဲ့နိုင်ငံကို စမ်းသပ်စစ်ဆေးရန်အတွက်လည်း သူလာရောက်ရခြင်းဖြစ်သည်။
ယခု ဤလျှို့ဝှက်ချက်ကို သူသိသွားပြီဖြစ်ရာ သတင်းပြန်ပို့လိုက်သည်နှင့် ချင်းယွမ်နိုင်ငံမှ ဧကရာဇ်သုံးပါးက တန်ပြန်ရန် နည်းလမ်းရှာဖွေနိုင်မည်ဖြစ်သည်။
ပေရှုဟွာ ဧကရာဇ်အဖြစ်သို့ တကယ်ရောက်ရှိသွားလျှင်ပင် အသစ်စက်စက် တက်လှမ်းလာသော ဧကရာဇ်က ဝါရင့်ဧကရာဇ်များကို ယှဉ်နိုင်မည်မဟုတ်ပေ။ ချင်းယွမ်နိုင်ငံက ချီယွဲ့နိုင်ငံကို လက်အောက်ခံဖြစ်လာစေရန် ဖိအားပေးနိုင်ဆဲဖြစ်သည်။
ထိုအတွေးနှင့်အတူ ဖန်ထန်းဖေး၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တက်သွားသည်။ ထို့နောက် သူက
“ချီယွဲ့နိုင်ငံမှာ ဒီလိုဝှက်ဖဲမျိုး ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။”
“ဒါပေမဲ့လည်း ဧကရာဇ်လောင်းတစ်ယောက်ကို ဧကရာဇ်အဖြစ် ပြောင်းလဲဖို့ အဲဒီလောက် လွယ်ကူနေရင် ချီယွဲ့နိုင်ငံမှာ အခုဆို ဧကရာဇ် ဒါဇင်ပေါင်းများစွာ ရှိနေလောက်ပြီပေါ့။”
……………
အခန်း( ၁၃၀၄)
အစီအစဉ်ကို စတင်နိုင်ပြီ
ပေဝမ်ဖု၏ စကားများနှင့် ပတ်သက်၍ ဖန်ထန်းဖေးက စိတ်ထဲတွင် သံသယအချို့ ရှိနေဆဲဖြစ်သည်။
ပေဝမ်ဖုက သူ့ကို လှည့်စားနေသည်ဟုတော့ သူ သံသယရှိနေခြင်း မဟုတ်ပေ။ သို့သော် ဧကရာဇ်လောင်းတစ်ယောက်ကို ဧကရာဇ်အဆင့်သို့ အလွယ်တကူ တက်ရောက်စေနိုင်သည့် နည်းလမ်းမျိုး ချီယွဲ့နိုင်ငံတွင် တကယ်ရှိမရှိကိုသာ သူ မေးခွန်းထုတ်နေခြင်း ဖြစ်သည်။
ဖန်ထန်းဖေး၏ လေသံထဲမှ သံသယကို ပေဝမ်ဖု ရိပ်စားမိလိုက်သည်။
ထို့ကြောင့် သူက ဆက်လက်၍
“အဲဒီအဘိုးကြီးကိုယ်တိုင် ဒီစကားကို ပြောခဲ့တာ။ ဒီလိုအချိန်မျိုးမှာ သူက ကျုပ်တို့ကို လိမ်ပြောလိမ့်မယ်လို့ မထင်ဘူး။”
ပေဝမ်ဖု ထိုသို့ပြောသည်ကို ကြားလျှင် ဖန်ထန်းဖေး၏ နှုတ်ခမ်းထောင့်မှ အပြုံး တဖန် ပြယ်လွင့်သွားပြီး အတွေးနက်သွား၏။
ဧကရာဇ်လောင်းတစ်ယောက်ကို ဧကရာဇ်အဖြစ် အမြန်ဆုံး တက်ရောက်စေနိုင်မည့် နည်းလမ်း ချီယွဲ့နိုင်ငံတွင် တကယ်ပဲ ရှိနေတာလား။
တကယ်လို့သာ အဲ့ဒီလိုနည်းလမ်းမျိုး ရှိခဲ့ရင် ချီယွဲ့နိုင်ငံက ဘယ်လိုလုပ်ပြီး ဒီနေ့လို အကျပ်အတည်းထဲ ကျရောက်နိုင်မှာလဲ။
အတန်ကြာ တွေးတောပြီးနောက်တွင်လည်း ဧကရာဇ်လောင်းတစ်ယောက်ကို ဧကရာဇ်အဖြစ် အမြန်ဆုံး ဖြစ်လာစေနိုင်သည့် နည်းလမ်းမျိုးကို ဖန်ထန်းဖေး စဉ်းစား၍ မရနိုင်ပေ။ ထို့ကြောင့် ပေဝမ်ဖုအား
“ဒီကိစ္စကို ကျွန်တော်တို့ ဧကရာဇ်ဆီ အသိပေးလိုက်ပါမယ်။”
“ဧကရာဇ်လောင်းတစ်ယောက် ဧကရာဇ်အဆင့်ကို ချက်ချင်းတက်စေမယ့် နည်းလမ်း တကယ်ရှိမရှိ ကျွန်တော် မသေချာပေမဲ့ ရှိခဲ့ရင်တောင် တန်ကြေးကြီးကြီး ပေးရမှာ သေချာတယ်။ နောက်ပြီး ဧကရာဇ်ဖြစ်လာရင်တောင် သူတို့ရဲ့ အင်အားက သိသိသာသာ လျော့နည်းနေပြီး ဧကရာဇ်တစ်ပါးရဲ့ အစွမ်းပို မှီမှာမဟုတ်ဘူးလို့ ကျွန်တော် ခန့်မှန်းမိတယ်။ ဒါကြောင့် ခင်ဗျား စိတ်ပူစရာ မလိုပါဘူး။”
“ကောင်းပြီ။ ဒီနေ့တော့ ကျွန်တော် ပြန်လိုက်ပါဦးမယ်။”
ဖန်ထန်းဖေး စကားဆုံးသည်နှင့် သူ့ခန္ဓာကိုယ်က ခရမ်းရောင် မီးခိုးငွေ့အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
ဖန်ထန်းဖေး ထွက်ခွာသွားပြီးနောက် ပေရှုဟွာ၏ အိပ်ဆောင်ရှိရာဘက်သို့ ပြင်းထန်သော အကြည့်များဖြင့် ပေဝမ်ဖု လှည့်ကြည့်လိုက်ပြီး လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။
“ဒါတွေအားလုံးက မင်းအပြစ်ပဲ။ မင်းသာ မရှိရင် ငါ ဒီလိုရွေးချယ်မှုမျိုး လုပ်ခဲ့မှာ မဟုတ်ဘူး။”
ပေရှုဟွာ၏ အင်အားသာ ကြီးမားမနေခဲ့လျှင် သူ့ထီးနန်း ခြိမ်းခြောက်ခံရမည် မဟုတ်သလို ချီယွဲ့နိုင်ငံကိုလည်း သူ သစ္စာဖောက်မည် မဟုတ်ကြောင်း ပေဝမ်ဖုက ယူဆထားသည်။ ပြဿနာအားလုံးက ပေရှုဟွာထံမှ မြစ်ဖျားခံသည်။
သူမသည် မိန်းမသားဖြစ်လျက်နှင့် အာဏာကို မက်မောပြီး ချီယွဲ့နိုင်ငံ၏ ဧကရာဇ်ဖြစ်ရန်ပင် ဆန္ဒရှိနေသည်။ သူမ၏ စံအိမ်အတွင်း၌သာ အေးအေးဆေးဆေး ကျင့်ကြံပြီး ဘယ်တော့မှ ထွက်မလာခဲ့လျှင် ယခုကဲ့သို့ အကျပ်အတည်း အခြေအနေမျိုးသို့ သူ ရောက်နေမည် မဟုတ်ပေ။
ပေဝမ်ဖုက တွေးမိလေလေ ဤအခြေအနေကို မုန်းတီးလေလေ ဖြစ်သည်။ သို့သော် မကြာမီ သူ့လက်သီးများကို ဖြေလျှော့လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ပေါ်လာခဲ့သည်။
ချင်းယွမ်နိုင်ငံ၏ အကူအညီဖြင့် ပေရှုဟွာ၏ ခြိမ်းခြောက်မှုကို မကြာမီ ဖယ်ရှားနိုင်တော့မည်ဖြစ်သည်။ ချင်းယွမ်နိုင်ငံတွင် ဧကရာဇ် သုံးပါး အတိအလင်းရှိနေပြီး အခြားဝှက်ဖဲ ဧကရာဇ်များပင် ရှိနေနိုင်သည်။ ပေရှုဟွာ၏ အင်အား မည်မျှပင် ကြီးမားပါစေ ချင်းယွမ်နိုင်ငံကို ယှဉ်နိုင်မည် မဟုတ်ပေ။
ပေရှုဟွာကို ချင်းယွမ်နိုင်ငံသို့ ပို့ဆောင်ပြီး ချင်းယွမ်ဧကရာဇ်နှင့် လက်ထပ်ပေးနိုင်ပါက ထိုနိုင်ငံ၏ ကာကွယ်မှုအောက်တွင် သူ့ရာဇပလ္လင်ကို မည်သူမှ လှုပ်ခါနိုင်တော့မည် မဟုတ်ပေ။
………..
လအနည်းငယ် ကြာပြီးနောက်။
ချီယွဲ့နိုင်ငံ။
ပေရှုဟွာ၏ အိပ်ဆောင်။
ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ပေရှုဟွာသည် ကုတင်ပေါ်တွင် ထိုင်၍ တရားမှတ်နေစဉ် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။
နောက်တစ်ခဏတွင် လူရိပ်နှစ်ခု ခန်းမကြီးထဲ၌ ပေါ်လာပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။
“မင်းသမီးကြီးကို ဂါရဝပြုပါတယ်”
ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် ပေရှုဟွာက
“ထကြပါ”
အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် ပေရှုဟွာ၏ အကြည့်က လူတစ်ယောက်အပေါ် ကျရောက်သွားပြီး နားမလည်ဟန်ဖြင့် မေးလိုက်သည်။
“ယဲ့မိသားစုဘက်မှာ ဘာဖြစ်လို့လဲ”
သူလျှိုက
“မင်းသမီး။ ယဲ့မိသားစုရဲ့ ချန်ဟုန် ကုန်သွယ်ရေးအဖွဲ့ ပြန်ရောက်လာပါပြီ။”
ထိုအရာကို ကြားသောအခါ ပေရှုဟွာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ ဤအရာက သူမအတွက် အရေးကြီးသော ထောက်လှမ်းရေးသတင်း ဟုတ်ပုံမရပေ။
ယဲ့မိသားစုသည် ကုန်သွယ်ရေးကို အဓိကလုပ်ကိုင်ပြီး စီးပွားရေးအသင်းအဖွဲ့များစွာ ပိုင်ဆိုင်ထားသည်။
ယဲ့မိသားစုသည် ရောင့်ရဲတင်းတိမ်တတ်သော မိသားစုမျိုး မဟုတ်သည့်အတွက် ချန်ဟုန် ကုန်သည်ကြီးများအသင်းထဲတွင် ပေရှုဟွာက သူလျှိုများ ထည့်ထားခဲ့သည်။ ယဲ့မိသားစုတွင် ဧကရာဇ် မရှိသော်လည်း ဧကရာဇ်လောင်း အဆင့်ရှိသူများစွာ ရှိသည်။ ထို့ပြင် ၎င်းတို့၏ စီးပွားရေးက အင်ပါယာအများအပြားတွင် ဖြန့်ကြက်ထားပြီး အခြားနိုင်ငံများနှင့် ရင်းနှီးသည့်အတွက် ချီယွဲ့နိုင်ငံကို သစ္စာဖောက်နိုင်ခြေ အမြဲရှိနေသည်။ ထို့ကြောင့် သူမ စောင့်ကြည့်နေခြင်း ဖြစ်သည်။
သို့သော် ယဲ့မိသားစု၏ ကုန်သွယ်ရေးယာဉ်တန်းများ ခရီးထွက်ခြင်းက ထူးဆန်းသည့်ကိစ္စ မဟုတ်ပေ။ ထိုကဲ့သို့သော အဖြစ်အပျက်များကို သူလျှိုများ လာရောက်သတင်းပို့ရန် မလိုပေ။
ယဲ့မိသားစု သူလျှိုက
“မင်းသမီး။ ဒီတစ်ခါ ချန်ဟုန် ကုန်သွယ်ရေးအဖွဲ့က အရမ်းထူးခြားတဲ့ နတ်လှေအချို့ကို ပြန်သယ်လာပြီး ရှနိုင်ငံတော်က လူတွေကိုလည်း ခေါ်လာပါတယ်။”
ပေရှုဟွာက အံ့ဩဟန်ဖြင့်
“ရှနိုင်ငံတော် ဟုတ်လား။ အဲဒီနိုင်ငံအကြောင်း ကျွန်မ အရင်က မကြားဖူးပါလား။”
သူလျှိုက
“အဲ့ဒီနိုင်ငံက တည်ထောင်တာ မကြာသေးဘူးလို့ ပြောပါတယ်။”
ပေရှုဟွာက ထပ်မေးလိုက်သည်။
“အဲဒီနိုင်ငံအကြောင်း အသေးစိတ် သတင်းအချက်အလက် ရှိလား။”
“ရှိပါတယ်”
ထိုသို့ပြောရင်း သူလျှိုက လက်စွပ်ထဲမှ စာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။
ပေရှုဟွာ လက်ကို ဝှေ့ယမ်းလိုက်ရာ စာလိပ်က သူမလက်ထဲသို့ ရောက်ရှိလာသည်။ ထို့နောက် စာလိပ်ကို ချက်ချင်း ဖွင့်လိုက်ပြီး အတွင်း၌ မှတ်တမ်းတင်ထားသော ရှနိုင်ငံတော်အကြောင်း အချက်အလက်များကို သူမ ဖတ်ရှုလိုက်သည်။
သူမ၏ သူလျှိုများဟည် ချန်ဟုန် ကုန်သွယ်ရေးအဖွဲ့နှင့်အတူ ရှနိုင်ငံတော်အထိ လိုက်ပါသွားခဲ့ကြသဖြင့် ရှနိုင်ငံတော်၏ အခြေအနေကို အခြေခံအားဖြင့် သေချာစွာ သိထားကြသည်။ စာလိပ်ပေါ်တွင် မှတ်တမ်းတင်ထားသော အကြောင်းအရာများကို မြင်သောအခါ ပေရှုဟွာ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
ရှနိုင်ငံတော်နှင့် ချီယွဲ့နိုင်ငံက ဤမျှ နီးကပ်နေမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် ရှနိုင်ငံသည် အလွန်ထူးဆန်းသော နိုင်ငံတစ်ခု ဖြစ်နေသည်။
ရှနိုင်ငံတွင် ထူးဆန်းသော အရာများစွာ ပိုင်ဆိုင်ထားကြောင်း သတင်းအချက်အလက်များက ဆိုသည်။ ၎င်းတို့အထဲတွင် ယခုတစ်ကြိမ် ချန်ဟုန် ကုန်သွယ်ရေးအဖွဲ့ ပြန်သယ်လာသော စိတ်ဝိညာဉ် စွမ်းအား အသုံးပြုရန် မလိုသည့် နတ်လှေများလည်း ပါဝင်သည်။
အဓိကအချက်မှာ ချန်ဟုန် ကုန်သွယ်ရေးအဖွဲ့က ရှနိုင်ငံမှ လူများကို ချီယွဲ့နိုင်ငံသို့ ခေါ်လာခြင်း ဖြစ်သည်။
ချီယွဲ့နိုင်ငံအတွက် အရေးကြီးသော အချိန်မျိုးတွင် အခြားနိုင်ငံမှ လူများကို ခေါ်သွင်းလာခြင်းက အိမ်ထဲသို့ ဝံပုလွေ ခေါ်သွင်းသကဲ့သို့ ဖြစ်မနေဘူးလား။
ယဲ့မိသားစုမှာ ပုန်ကန်လိုသော ဆန္ဒတွေ ရှိနေနိုင်ပြီဖြစ်သည်။
ယခုအချိန်အထိ ယဲ့မိသားစုက နန်းတွင်းရှိ မည်သည့်ဘက်တွင်မှ မပါဝင်ခြင်းက မထူးဆန်းတော့ပေ။
ချီယွဲ့နိုင်ငံ အတွင်းရှိ အဖွဲ့အစည်း အများစုသည် သူမဘက်သို့ ဖြစ်စေ၊ ပေဝမ်ဖုဘက်သို့ ဖြစ်စေ ဘက်ရွေးပြီး ကြပြီဖြစ်သည်။
ယဲ့မိသားစုသာလျှင် နှုတ်ဆိတ်နေပြီး အဖွဲ့နှစ်ခုကြား တိုက်ပွဲကို စိတ်မဝင်စားသကဲ့သို့ ရှိနေသည်။ ယခုကြည့်ရသည်မှာ သူတို့က ယဲ့မိသားစုကို ချီယွဲ့နိုင်ငံ၏ သခင်အသစ် ဖြစ်စေချင်ကြပုံရသည်။
ဒေါသဖြင့် ပေရှုဟွာသည် အပြာရောင် စိတ်ဝိညာဉ်မီးတောက်ကို ထုတ်လွှတ်လိုက်ပြီး လက်ထဲရှိ စာလိပ်ကို ပြာကျသည်အထိ လောင်ကျွမ်းစေလိုက်သည်။
ထို့နောက် ပေရှုဟွာ၏ အကြည့်က အခြားသူလျှိုတစ်ဦးထံသို့ ရောက်သွားရာ ထိုသူက စာလိပ်နောက်တစ်ခုကို အလျင်အမြန် ထုတ်ယူပြီး လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။
“မင်းသမီး။ ချင်းယွမ်နိုင်ငံက လူတွေ မကြာသေးခင်က မင်းကြီးနဲ့ မကြာခဏ အဆက်အသွယ် လုပ်နေကြပါတယ်။”
ပေရှုဟွာ၏ မျက်နှာမည်းမှောင်သွားပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ သူလျှိုလက်ထဲမှ စာလိပ် သူမလက်ထဲသို့ ရောက်ရှိလာသည်။ ထို့နောက် စာလိပ်ကို ဖြန့်ပြီး သူမ ကြည့်လိုက်သည်။
နောက်တစ်ခဏတွင် သူမ၏ မျက်နှာပိုမိုအေးစက်လာပြီး မျက်ဝန်းများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
ပေဝမ်ဖု၏ လှုပ်ရှားမှုလေးများကို သူမ သတိထားမိခဲ့တာ ကြာပြီဖြစ်သော်လည်း ဂရုမစိုက်ခဲ့ပေ။ တစ်နေ့တွင် ပေဝမ်ဖု အသိတရား ရလာလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့သည်။ မည်သို့ပင်ဆိုစေ ပေဝမ်ဖုသည် ချီယွဲ့နိုင်ငံ၏ ဧကရာဇ်ဖြစ်သည်။
ပေဝမ်ဖုကို အချိန်ပေးချင်သောကြောင့် ဧကရာဇ် ပေဝမ်ဖုကို နန်းချရန် အဘိုးကို သူမ မတောင်းဆိုခဲ့ပေ။
သူမ မမျှော်လင့်ထားသည်က ပေဝမ်ဖုနှင့် ချင်းယွမ်နိုင်ငံမှ လူများ ပို၍ အဆက်အသွယ်လုပ်လာခြင်း ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ အရှင်သခင် ဖြစ်လျက်နှင့် အခြားနိုင်ငံ၏ ခွေးတစ်ကောင် ဖြစ်ချင်နေတာကတော့ ပေရှုဟွာ သည်းမခံနိုင်သော ကိစ္စဖြစ်သည်။
ပေဝမ်ဖုသာ ချီယွဲ့နိုင်ငံကို သစ္စာဖောက်ရန် ဆက်လက်ကြိုးပမ်းနေလျှင်တော့ သူမကို အပြစ်တင်၍ မရတော့ပေ။
ထိုသို့ တွေးလိုက်ပြီးနောက် ပေရှုဟွာသည် လက်ထဲရှိ ထောက်လှမ်းရေး စာလိပ်ကို ဖျက်ဆီးလိုက်ပြီး ခန်းမကြီးထဲတွင် ဒူးထောက်နေသော သူလျှိုနှစ်ဦးကို
“အမိန့်ပေးလိုက်ပါ။ ကျွန်မတို့ အစီအစဉ်ကို အခု စတင်နိုင်ပြီ။”
“ဟုတ်ကဲ့ပါ မင်းသမီး”
…….
နှစ်အနည်းငယ်ဟူသော အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ အချိန်ကြာလာသည်နှင့်အမျှ ရှနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုက ပိုမိုမြန်ဆန်လာသည်။ ကျင့်စဉ်နှင့် နည်းပညာ ပေါင်းစပ်မှု မြင့်မားခြင်းကြောင့် ပတ်ဝန်းကျင်ရှိ အင်အားစုများစွာလည်း ထူးခြားသော ရှနိုင်ငံကို သတိထားမိလာကြသည်။
ရှနိုင်ငံကို ဆက်လက်ဖုံးကွယ်ထား၍ မရတော့ကြောင်း လုချန်းလည်း သိ၏။ ထို့ကြောင့် ဖုံးကွယ်ရန် မကြိုးစားတော့ပဲ ဩဇာအာဏာကို တက်ကြွစွာ ချဲ့ထွင်လာခဲ့ခြင်းဖြစ်သည်။ ရှနိုင်ငံမှ လုပ်ငန်းများလည်း ရှနိုင်ငံတော် ပြင်ပသို့ ထွက်ကာ ရုံးခွဲများ ဖွင့်လှစ်လာကြသည်။
……..
ရှနိုင်ငံတော်။
နန်းတွင်းစာကြည့်ခန်း။
ဤကာလများအတွင်း ရှနန်းတွင်းမှ အုပ်ချုပ်ရေး အစီရင်ခံစာများကို လုချန်း စစ်ဆေးနေခဲ့သည်။
ထိုအချိန်တွင် ပိုင်ချင်းချင်း စာကြည့်ခန်းထဲသို့ ဝင်လာသည်။
“မင်းကြီး။ ချီယွဲ့နိုင်ငံက ထောက်လှမ်းရေးသတင်း ရောက်လာပါပြီ။”
ထိုအရာကို ကြားလျှင် လုချန်း အနည်းငယ် အံ့ဩသွားသော်လည်း ချက်ချင်းတည်ငြိမ်သွားကာ
“ပေးပါ”
နှစ်ပေါင်းများစွာ သူ စောင့်ဆိုင်းခဲ့ရပြီးနောက် နောက်ဆုံးတွင် ချီယွဲ့နိုင်ငံအကြောင်း အသေးစိတ် ထောက်လှမ်းရေးသတင်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
…………..
အခန်း (၁၃၀၅ )
လုချန်း၏ စိုးရိမ်ပူပန်မှုများ
ချီယွဲ့နိုင်ငံသည် ရှနိုင်ငံတော်နှင့် အနီးဆုံး အင်ပါယာ ဖြစ်သည်။ ထို့ကြောင့် ချီယွဲ့နိုင်ငံ၏ အခြေအနေကို လုချန်းက အထူးအလေးထား၏။
သူတစ်ပါးကို အမြဲသတိထားရမည် ဖြစ်သည်။ ရှနိုင်ငံတော်အပေါ် ချီယွဲ့နိုင်ငံက မည်သို့သော သဘောထားရှိမှန်း မည်သူမှ မသိနိုင်ပေ။ ထိုစိုးရိမ်မှုများသည် ချီယွဲ့နိုင်ငံအကြောင်း သူ နားမလည်သော အချိန်တွင် ပို၍ဖြစ်နိုင်၏။
ထိုအချိန်တွင် ပိုင်ချင်းချင်းက ထောက်လှမ်းရေးသတင်း လာပို့သော အထူးကိုယ်ရံတော်ကို နန်းတွင်းစာကြည့်ခန်းထဲသို့ ဝင်ခွင့်ပြုလိုက်သည်။ နန်းတွင်းစာကြည့်ခန်းထဲသို့ အထူးကိုယ်ရံတော် ဝင်လာပြီးနောက် စာလိပ်တစ်လိပ်ကို ချက်ချင်း ဆက်သလိုက်၏။
“မင်းကြီး... ဒါက အထူးကိုယ်ရံတော်တွေ နှစ်တွေအကြာကြီး စုဆောင်းထားတဲ့ ချီယွဲ့နိုင်ငံအကြောင်း အသေးစိတ် ထောက်လှမ်းရေးသတင်းပါ။”
လက်ကို မြှောက်လိုက်ရာ လုချန်း၏လက်ထဲသို့ စာလိပ်ရောက်ရှိလာ၏။ ထို့နောက် စာလိပ်ကို ဖွင့်ပြီးနောက် အသေအချာ ဖတ်ရှုလိုက်သည်။
စာထဲမှ သတင်းကို ဖတ်ပြီးနောက် လုချန်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု အလိုလို ပေါ်လာသည်။ ရှနိုင်ငံတော်၏ လက်ရှိအင်အားသည် အခြားအင်ပါယာတစ်ခု၏ ကျူးကျော်မှုကို ခုခံရန် မလုံလောက်မည့်အပြင် ချီယွဲ့နိုင်ငံ၏ ကျူးကျော်မှုက ရှနိုင်ငံတော်ကို အကြီးအကျယ် ထိခိုက်စေနိုင်မည်ဟု အစက သူ စိုးရိမ်ခဲ့၏။
သို့သော် ချီယွဲ့နိုင်ငံ၏ တောင်ဝင်အကြီးအကဲချုပ်သည် သေဆုံးခါနီးဖြစ်နေပြီး နိုင်ငံတစ်ခုလုံးတွင် အုပ်စုနှစ်စုကွဲကာ ပြင်းထန်သော ပြည်တွင်း ပဋိပက္ခ ဖြစ်ပွားနေကြောင်း သူလျှိုထံမှ သတင်းရရှိလိုက်သည်။
ထိုအခြေအနေအောက်တွင် ရှနိုင်ငံတော်ကို ဒုက္ခပေးရန် ချီယွဲ့နိုင်ငံ အနေနှင့် မည်သို့ အချိန်ရနိုင်မည်နည်း။ ထိုအရာက ရှနိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ရန် အချိန်ပိုရစေ၏။
လက်ရှိ ရှနိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု နှုန်းအရ နောက်ထပ်နှစ်အနည်းအတွင်း နိုင်ငံ၏ အင်အားကို ကြီးမားစွာ တိုးတက်လာစေမည် ဖြစ်သည်။
လုချန်းကို ဥပမာအနေနှင့် ကြည့်လျှင် သူသည် သူတော်စင်အဆင့် ခြောက်သို့ ရောက်ရှိနေပြီ ဖြစ်၏။ လုချန်း၏ ကျင့်စဉ်အဆင့် လျင်မြန်စွာ တိုးတက်နေရုံသာမက ထျန်းဟုန်ဧကရီ၏ ကျင့်စဉ်အဆင့်သည်လည်း လျင်မြန်စွာ တိုးတက်နေသည်။ ယခုအခါ သူတော်စင်အဆင့် ကိုးသို့ပင် ထျန်းဟုန်ဧကရီ ရောက်ရှိနေပြီ ဖြစ်သည်။
ထျန်းဟုန်ဧကရီ၏ ကျင့်စဉ်တိုးတက်နှုန်းအရ ရှနိုင်ငံတော်တွင် ဧကရာဇ်တစ်ပါး ပေါ်ထွက်လာရန် နှစ်အနည်းငယ်သာ လိုတော့၏။ ဧကရာဇ်တစ်ပါး ရှိနေလျှင် လုချန်းက ပို၍ ယုံကြည်မှု ရှိလာပေမည်။
ထိုအရာကို တွေးမိပြီးနောက် လုချန်း စိတ်သက်သာရာရသွားကာ သတင်းလာပို့သော အထူးကိုယ်ရံတော်အား
“သတင်းတွေ ဆက်စုဆောင်းထားပါ။ ထူးခြားမှုရှိရင် ကျုပ်ကို ချက်ချင်း လာတင်ပြပါ။”
“အမိန့်အတိုင်းပါ မင်းကြီး”
လုချန်းက လက်ကာပြကာ
“ကောင်းပြီ... ခင်ဗျား သွားလို့ရပြီ”
“ခွင့်ပြုပါ”
အထူးကိုယ်ရံတော် ထွက်သွားသည်နှင့် လုချန်းပြုံး၍ တစ်ယောက်တည်း ရေရွတ်လိုက်သည်။
“ငါ့ရဲ့ကံတရား ဒီလောက်ကောင်းမယ်လို့ မထင်ထားဘူး။”
ယခုအချိန်တွင် ချီယွဲ့နိုင်ငံ၏ အာရုံက ရှနိုင်ငံတော်အပေါ် မရောက်နေရုံသာမက ရှန်ယွဲ့နိုင်ငံကလည်း သူ့ကို အာရုံမစိုက်နိုင်ပေ။
သူတော်စင်အဆင့်ကို ဦးဆုံးရောက်ရှိသူက အိမ်ရှေ့မင်းသား ဖြစ်မည်ဟု ရှန်ဝူဧကရာဇ် အဆိုပြုကတည်းက ရှန်ယွဲ့နိုင်ငံ၏ မင်းသားများ အသည်းအသန် ကျင့်ကြံနေကြ၏။ လုချန်းသေဆုံးရန် အမြဲဆုတောင်းနေသော လုယန်ဟွာပင်လျှင် ကျင့်စဉ်ဘက်သို့ အာရုံပြောင်းသွားခဲ့သည်။
လုချန်းအတွက် တစ်ခုတည်းသော စိုးရိမ်စရာမှာ ရှန်ဝူဧကရာဇ် ဖြစ်သည်။ သူနှင့် ရှန်ဝူဧကရာဇ်ကြားတွင် သွေးမျိုးဆက် ဆက်နွယ်မှုရှိပြီး သူတော်စင်အဆင့်သို့ သူရောက်ရှိသွားသည်ကို သွေးမျိုးဆက်မှတစ်ဆင့် ရှန်ဝူဧကရာဇ် အာရုံခံနိုင်ခြင်း ရှိ မရှိ လုချန်းလည်း မသေချာပေ။
သူ၏ ကျင့်စဉ်အဆင့်ကို ရှန်ဝူဧကရာဇ် သိသွားပါက ကူးပြောင်းဝင်စားရန်အတွက် သူ၏ခန္ဓာကိုယ်ကို ရှန်ဝူဧကရာဇ် ချက်ချင်း ရွေးချယ်ကောင်း ရွေးချယ်လာနိုင်ပေသည်။
ခဏခန့် ရယ်မောပြီးနောက် အလင်းအရိပ်ဖြင့် ချူးယုချင်၏ အခန်းသို့ လုချန်း ရောက်ရှိသွား၏။
ထိုအချိန်တွင် ချူးယုချင်သည် ကုတင်ပေါ်၌ တင်ပျဉ်ခွေထိုင်ကာ ကျင့်စဉ်အခြေအနေထဲ ဝင်ရောက်နေ၏။
ယနေ့တွင် ချူးယုချင်သည် အစိမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထား၏။ ပိုးသားကဲ့သို့ ကြည်လင်နေသော ဝတ်စုံ ရှည်က သူမ၏ ကျော့ရှင်းသော ခန္ဓာကိုယ်ကို ရစ်ပတ်ထားပြီး ကျက်သရေရှိခြင်း၊ မြင့်မြတ်ခြင်းနှင့် ဆွဲဆောင်မှုရှိခြင်းတို့ ပေါင်းစပ်နေသည့် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
လုချန်း ရောက်လာသည်ကို အာရုံခံမိသည်နှင့် ချူးယုချင် သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ လုချန်း၏ ရုတ်တရက် လာသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု တစ်ချက် ဖြတ်ပြေးသွားသော်လည်း ထိုထိတ်လန့်မှုက ချက်ချင်းဆိုသလို အစအနမကျန် ပျောက်ကွယ်သွားသည်။
“ချန်း... ချန်းလေး... ဘာကိစ္စရှိလို့ ရောက်လာတာလဲ။ လိုချင်တာ တစ်ခုခု ရှိလို့လား။”
ခန္ဓာကိုယ်ကို လျင်မြန်စွာ ရွှေ့လိုက်ကာ ချူးယုချင်၏ ဘေးနားသို့ လုချန်းက ရောက်ရှိသွား၏။ ထို့နောက် သူမ၏ ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်ရင်း ပြောင်စပ်စပ် ကြည့်ကာ
“ဒေါ်လေး ဘယ်လိုထင်လဲ”
စကားပြောနေရင်းပင် ချူးယုချင်၏ အစိမ်းရောင် ဝတ်စုံကို လုချန်း၏လက်က ထိတွေ့လာသည်။
စကားများများမပြောပဲ ချူးယုချင် လုချန်းကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်၏။ သူတို့ လင်မယားဖြစ်နေကြတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ရာ တစ်ဖက်လူ ဘာလုပ်ချင်သည်ကို နားလည်ရန် များစွာတွေးတောဖို့ မလိုအပ်ပေ။
လုချန်းလည်း ထိုနည်းတူပင် ဖြစ်၏။ ချူးယုချင်၏ အခန်းထဲသို့ သူ ဝင်လိုက်သည်နှင့် သူမထံမှ ပုံမှန်မဟုတ်သော တစ်စုံတစ်ခုကို သူ အာရုံခံမိပြီးဖြစ်သည်။
နှစ်များစွာကြာသည့်တိုင် ချူးယုချင်၏ လျှို့ဝှက်ချက်ကို မည်သည့်အခါကမှ သူ ထုတ်မပြောခဲ့ပေ။ ချူးယုချင်နှင့် ချူးယွမ်ကျိတို့၏ လက်ရှိဆက်ဆံရေးကို သူသိထားတာ ကြာလှပြီဖြစ်သည်။ ချူးယုချင်၏ ခန္ဓာကိုယ်ကို ချူးယွမ်ကျိက ထိန်းချုပ်ထားခြင်း မဟုတ်ပဲ သူတို့၏ စိတ်အာရုံများ ဆက်နွယ်နေခြင်းသာ ဖြစ်ကြောင်းလည်း သူသိထားသည်။
စိတ်အာရုံ ဆက်နွယ်မှုသက်သက်သာ ဖြစ်သော်လည်း ချူးယွမ်ကျိ၏ စိတ်အာရုံ လွှမ်းမိုးမှုကြောင့် ချူးယုချင်၏ ခန္ဓာကိုယ်သည် ရံဖန်ရံခါတွင် မသိစိတ်မှနေ၍ ပုံမှန်မဟုတ်သော တုံ့ပြန်မှုအချို့ ပြသလေ့ရှိပေသည်။
ယခုလေးတင် လုချန်း ပေါ်လာချိန်တွင် ချူးယုချင် လန့်သွားသကဲ့သို့ ဖြစ်သည်။
လုချန်း ရှိနေခြင်းကို ချူးယုချင်အစစ်က ယဉ်ပါးနေခဲ့ပြီ ဖြစ်၏။ သူတို့သည် ငယ်လင်ငယ်မယားများ ဖြစ်ကြပြီး သူမအခန်းသို့ လုချန်း ဘယ်အချိန်လာလာ ထိတ်လန့်မည် မဟုတ်ပေ။ ယခုလေးတင် ဖြစ်ပေါ်ခဲ့သော မသိစိတ်၏ တုံ့ပြန်မှုက ချူးယွမ်ကျိ၏ စိတ်အာရုံနှင့် ဆက်နွယ်နေသောကြောင့် ဖြစ်သည်။
ချူးယုချင်၏ ခန္ဓာကိုယ်ပေါ်တွင် လက်က လှုပ်ရှားနေရင်း လုချန်းက
“ချီယွဲ့နိုင်ငံရဲ့ အခြေအနေက အခုဆိုရင် တော်တော်လေး ရှင်းသွားပြီ။”
ထိုအရာကို ကြားသောအခါ ခန္ဓာကိုယ်ထဲမှ တိုးပွားလာသော မငြိမ်မသက်ဖြစ်မှုများကို သည်းခံရင်း ချူးယုချင်က စူးစမ်းလိုစိတ်ဖြင့်
“ဒါဆို ရှနိုင်ငံတော်အပေါ် ချီယွဲ့နိုင်ငံရဲ့ သဘောထားက ဘယ်လိုရှိလဲ။”
ချူးယုချင်၏ စကားဆုံးသည်နှင့် သူ၏ လက်ချောင်းဖြင့် တောက်လိုက်ရာ လက်ပေါ်ရှိ အဝတ်အစားများ အားလုံး ပျောက်ကွယ်သွား၏။ ထို့နောက် ကုတင်ပေါ်တွင် ချူးယုချင်ကို ဖြည်းညှင်းစွာ လှဲသိပ်လိုက်သည်။
ချူးယုချင်ကို ဆက်လက် စနောက်နေရင်း လုချန်းက လေးနက်သည့် လေသံဖြင့်
“သူတို့ရဲ့ တစ်ဦးတည်းသော ဧကရာဇ်က သေခါနီးဖြစ်နေပြီ။ အခုဆိုရင် ချီယွဲ့နိုင်ငံတစ်ခုလုံး အုပ်စုနှစ်စုကွဲပြီး ပြည်တွင်း ပြဿနာတွေ ဖြစ်နေကြလို့ ကျွန်တော်တို့ကို ဒုက္ခပေးဖို့ အချိန်မရှိကြဘူး။”
လုချန်း စကားဆုံးသည်နှင့် ချူးယုချင်၏ နှုတ်ခမ်းများဆီမှ ညည်းသံတိုးတိုး ထွက်ပေါ်လာသည်။
အသက်ကို ဝအောင်ရှူလိုက်ပြီး ချူးယုချင်က
“ဟင်း... ဒါဆိုရင် သတင်းကောင်းပဲ။ မင်း ဧကရာဇ်အဆင့် ဝင်ရောက်ဖို့ ဘာအတားအဆီးမှ မရှိတော့ဘူးပေါ့။”
လက်ဖြင့် အစိမ်းရောင် ဝတ်စုံတစ်ဝက်ကို လုချန်း ဆွဲဖြဲလိုက်ပြီး
“ဟုတ်ကောင်း ဟုတ်နိုင်ပေမယ့် ကျွန်တော့်မှာ စိုးရိမ်စရာတချို့ ရှိနေသေးတယ်။”
ထိုသို့ ပြောလိုက်ရင်း လုချန်း၏ ခန္ဓာကိုယ်က ပို၍ တိုးကပ်လာ၏။
ချူးယုချင်က
“အင်း... ဘာကို စိုးရိမ်နေတာလဲ”
လုချန်း ဘာကိုစိုးရိမ်နေမှန်း ချူးယုချင် ခန့်မှန်းမိပြီးဖြစ်၏။ သူ့အတွက် ချီယွဲ့နိုင်ငံက အသေးအဖွဲ ပြဿနာ တစ်ခုသာဖြစ်၏။ တကယ့် ပြဿနာက ရှန်ယွဲ့နိုင်ငံ ဖြစ်သည်။
ချူးယုချင်၏ မေးခွန်းကို ချက်ချင်း လုချန်းက မဖြေပဲ ပို၍ အလုပ်ရှုပ်လာ၏။
ထို့နောက် သူမ၏ လက်မောင်းကို မြှောက်၍ လုချန်းကို ဖက်လိုက်ပြီး ချူးယုချင်ဘက်က စတင် နမ်းရှိုက်လိုက်သည်။
အချိန်မည်မျှကြာသွားသည်မသိ... လုချန်း၏ ဟိန်းဟောက်သံ ထွက်ပေါ်လာပြီးနောက် ချူးယုချင်၏ မျက်လုံးများကို ကြည့်ကာ
“... ကိုယ့်ဖခင် ရှန်ဝူဧကရာဇ်က သွေးမျိုးဆက် ဆက်နွယ်မှုကနေတစ်ဆင့် ကိုယ် သူတော်စင်အဆင့် ရောက်နေတာကို အာရုံခံမိသွားမှာ စိုးရိမ်တယ်။”
စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက်အတွက် သွေးမျိုးဆက် ဆက်နွယ်မှုမှတစ်ဆင့် သားသမီးများ၏ အခြေအနေကို အာရုံခံရန် အလွန်လွယ်ကူပေသည်။ လုချန်းပင်လျှင် သွေးမျိုးဆက်မှတစ်ဆင့် သားသမီးများ၏ ကျင့်စဉ်အဆင့်ကို အာရုံခံနိုင်၏။ ရှန်ဝူဧကရာဇ်ကလည်း သူ၏အဆင့်ကို အာရုံခံမိနေလောက်ပြီဟု သံသယရှိသည်။
အသက်လုရှူရင်း ချူးယုချင်က
“သူ အာရုံမခံမိလောက်ပါဘူး...”
“ဘာလို့ အာရုံမခံမိရမှာလဲ။ သူက ဧကရာဇ်တစ်ပါးပဲလေ။ ဧကရာဇ်တစ်ပါးရဲ့ အာရုံခံနိုင်စွမ်းနဲ့ဆိုရင် သွေးသားတော်စပ်တဲ့ သားသမီးတွေရဲ့ ကျင့်စဉ်အဆင့်ကို သိနိုင်သင့်တယ် မဟုတ်လား။”
“မင်း သူတော်စင်အဆင့် ရောက်သွားတာကို သူသာသိခဲ့ရင် သူမင်းကို ပြန်ခေါ်သွားလောက်ပြီပေါ့။”