အခန်း (၇၆၇-၇၆၈)
Vol. 47 Ch. 767-768
၇၆၇) ကြေညာချက် (၁)
ဟန်ရှောင်း၏ ကိုယ်ပိုင်စက်ရုံတွင် ဒါဇင်နှင့်ချီသော စစ်တပ်သေတ္တာများကို အတန်းလိုက် စီထားပြီး ရာနှင့်ချီသော မတူညီသည့် ယန္တရားစစ်သည်များသည် သပ်ရပ်စွာ တန်းစီနေကြသည်။ ၎င်းတို့ကို ပြပွဲတစ်ခုသဖွယ် မြင့်ရာမှ နိမ့်ရာသို့၊ အလေးချိန်ပေါ့ပါးရာမှ လေးလံရာသို့ စီထားသည်။
"စစ်သားတွေရဲ့ ၇၀ဆယ်ရာခိုင်နှုန်းကို မပြောင်းလဲထားဘူး၊ ဆာဒင်းရဲ့ စုဆောင်းမှုကနေ ရလာတဲ့ ဒီဇိုင်းပုံစံအသစ်တွေက အများစု ဧရာမစစ်သည်တွေပဲ။ နောက်ထပ် ဒီဇိုင်းပုံစံ တစ်စိတ်တစ်ပိုင်းက အသစ်ပေါင်းစပ်ထားတဲ့ ဒီဇိုင်းပုံစံတွေ ဖြစ်တယ်။ ငါ့ရဲ့ အသိပညာ ဗဟုသုတမှာ အဆင့်မြှင့်တင်မှု မရှိသေးပေမဲ့ အဆင့် အေ အထက်ဆင့် ဖြစ်လာပြီးနောက် ဒီဇိုင်းပုံစံအသစ်တွေကို ငါဖွင့်နိုင်ခဲ့တယ်၊ ပြီးတော့ လောင်းကစားတာကနေ ဒီဇိုင်းပုံစံအသစ် အတော်များများ ရထားတယ်..."
ဟန်ရှောင်းသည် လက်ကို နောက်ပစ်ထားပြီး မတူညီသော ပုံစံများကို လေ့လာကြည့်လိုက်သည်။
စစ်တပ်အသစ်တစ်ခုကို များသောအားဖြင့် အဆင့် အေ အထက်ဆင့် ရောက်ရှိပြီးနောက် သူရရှိလာသော ကျွမ်းကျင်မှုအသစ်များကို အသုံးပြုပြီး ပိုမိုကောင်းမွန်သော ပင်ကိုယ်အရည်အသွေးများရှိသည့် ပိုမိုအစွမ်းထက်သော စက်ယန္တရားများကို ဖန်တီးခြင်းဖြင့် တည်ဆောက်လေ့ရှိသည်။ ပုံစံအသစ်များကို မိတ်ဆက်ခြင်းသည် သိပ်အရေးမကြီးလှပေ။
အချိန်မလုံလောက်မှုကြောင့် ဟန်ရှောင်းသည် အသိပညာအသစ်များကို သင်ယူခွင့် မရရှိခဲ့ဘဲ သူ၏ ယန္တရားစစ်သည် အများစုမှာ ပုံစံဟောင်းများ ဖြစ်နေဆဲဖြစ်သည်။ သို့သော် သူတို့၏ ပင်ကိုယ်အရည်အသွေးများသည် သူ၏ ယခင်စစ်တပ်ထက် များစွာ သာလွန်သည်။ သူ၏ ဉာဏ်ရည်အမှတ် တိုးလာခြင်း၊ အမြင့်ဆုံးသော ဂုဏ်သတင်း နှင့် ယန္တရားပါရမီရှင်ထံမှ အပိုဆုကြေးများသည် သူ၏ ယန္တရားစစ်တပ်၏ ပင်ကိုယ်အရည်အသွေးများကို များစွာ တိုးမြှင့်ပေးခဲ့သည်။
သို့သော် ပုံစံဟောင်းများ ဖြစ်နေလျှင်ပင် ဤယန္တရားစစ်သည်များသည် မျိုးဆက်ပေါင်းများစွာ ပြုပြင်မွမ်းမံမှုများကို ဖြတ်သန်းခဲ့ရသော လက်ရွေးစင် ထုတ်ကုန်များ ဖြစ်ကြသည်။ သာမန်စစ်သည်များ အားလုံးကို ပြန်လည်တည်ဆောက်ထားပြီး သစ္စာစောင့်သိသူများ နှင့် တစ္ဆေများကဲ့သို့သော သူ၏ လက်ရွေးစင် တပ်ဖွဲ့များ အားလုံးကိုလည်း ပြန်လည်တည်ဆောက်ထားသည်။ တစ်ချိန်တည်းမှာပင် ဧရာမစစ်သည်များ၊ ဂြိုဟ်ဖျက်အဖွဲ့၊ အနက်ရောင် သူရဲကောင်းများနှင့် အခြားအရာများ ကဲ့သို့သော အသစ်ဖြည့်စွက်မှုများ များစွာ ရှိနေသည်။
ပစ်ခတ်အား ကြီးမားသော လက်နက်များအတွက်မူ ဟန်ရှောင်းသည် ဂြိုဟ်တုအမြောက် အမျိုးမျိုးကို ပြုပြင်မွမ်းမံခဲ့သည်။ သက်ဆိုင်ရာ ဗဟုသုတများကို မသင်ယူရသေးသဖြင့် စစ်မှန်သော ဂြိုဟ်ဖျက်အမြောက် ကို သူ မတည်ဆောက်နိုင်ခဲ့ပေ။ သို့သော် သူပြုပြင်မွမ်းမံထားသော ဂြိုဟ်တုအမြောက်များသည် ရေခဲခေတ် ကြယ်ထိန်းချုပ်အမြောက်နှင့် ယှဉ်နိုင်သော အင်အား ရှိသည်။ ထို့အပြင် ၎င်း၏ ထိုးဖောက်နိုင်စွမ်းနှင့် ပေါက်ကွဲနိုင်စွမ်းများသည် ပို၍ပင် အားကောင်းသည်။ ယခုအချိန်တွင် ဂြိုဟ်တစ်လုံးကို ဖျက်ဆီးရန် မဖြစ်နိုင်သေးသော်လည်း တိုက်ကြီးတစ်တိုက်ကို ဖျက်ဆီးရန်မှာ ပြဿနာမရှိပေ။
သူ၏ ပစ်ခတ်အားသည် အဆင့် အေ အထက်ဆင့် အဆင့်သို့ ရောက်ရှိလာသဖြင့် ဟန်ရှောင်းသည် သူ၏ တောင်ပေါ်လူဝံ ဝတ်စုံကို အစားထိုးရန် ယန္တရားဝတ်စုံ အသစ်တစ်ခုကိုလည်း တည်ဆောက်ခဲ့သည်။
ယန္တရားဝတ်စုံ အသစ်တွင် အနက်ရောင် အဓိကထားပြီး အဝါရောင် အစင်းကြောင်း အနည်းငယ် ပါရှိသည်။ အလွန် ခိုင်ခံ့ပုံရပြီး ဟိန်းဟောက်နေသော သားရဲတစ်ကောင်နှင့် တူသည်။
ယန္တရားဝတ်စုံကို အဖိုးတန် သတ္တုစပ်များဖြင့် ပြုလုပ်ထားပြီး ၎င်း၏ ကိုယ်တိုင် ပြန်လည်ပြုပြင်နိုင်စွမ်းကို တိုးမြှင့်ရန် နာနို အသွင်ပြောင်း နည်းပညာကို ပိုမို အားဖြည့်ထားသည်။ ယန္တရားဝတ်စုံ၏ အားသာချက်မှာ ၎င်း၏ ရွေ့လျားနှုန်းဖြစ်သည်။ တိုက်ပွဲတွင် ရန်သူ၏ တိုက်ခိုက်မှုများကို လျင်မြန်စွာ ရှောင်တိမ်းနိုင်စေရန် မြန်နှုန်းမြင့် ဟိုက်ပါဒရိုက် တွန်းကန်အားပေးစက် တပ်ဆင်ထားသည်။ ၎င်း၏ ပစ်ခတ်အားအတွက်မူ ပုံမှန် စွမ်းအင်နှင့် အနီးကပ် တိုက်ခိုက်ရေး လက်နက်များအပြင် ထိခိုက်မှုကို တိုးမြှင့်ရန် ဆိုင်ရွန်းနစ် စွမ်းအင် မီးဖိုတစ်ခုလည်း ပါရှိသည်။
ဤယန္တရားဝတ်စုံ၏ အမည်မှာ ‘တိုက်ပွဲဝင် ကျား’ ဖြစ်သည်။ တောင်ပေါ်လူဝံ ဝတ်စုံသည် အဆင့် ၁၆၅ ရှိသူများအတွက် သင့်လျော်ပြီး ဤ 'တိုက်ပွဲဝင် ကျား' ဝတ်စုံသည် အဆင့် ၂၁၅ လိမ္မော်ရောင် ကိရိယာဖြစ်သည်။ ၎င်း၏ အရည်အချင်းများသည် နည်းလမ်းပေါင်းစုံဖြင့် တိုးတက်လာသည်။ ၎င်း၏ သံချပ်ကာသည် အမှတ် ၁၀၀,၀၀၀ ကျော်ရှိပြီး စွမ်းအင်သည် အမှတ် ၁၀,၀၀၀ ကျော်ရှိသည်။ အသိပညာအသစ်များ ရရှိပြီး ဝှက်ဖဲဝတ်စုံ အသစ်တစ်ခု မဖန်တီးမီ ဟန်ရှောင်းသည် သူ့အင်အားကို တိုးမြှင့်ရန် ဤဝတ်စုံကို ယာယီ အသုံးပြုရန် စီစဉ်ထားသည်။
ယန္တရားဝတ်စုံတွင် အနီးကပ် တိုက်ခိုက်ရေး စွမ်းရည်အမျိုးမျိုးနှင့် 'ကျားဟိန်းသံ' ဟုခေါ်သော အသံလှိုင်း တိုက်ခိုက်မှု အပါအဝင် နောက်ထပ် စွမ်းရည်များစွာ ပါရှိသည်။ ကြမ်းတမ်းမှု အပိုင်းတွင် တောင်ပေါ်လူဝံ ဝတ်စုံထက် ပိုမို အားကောင်းပြီး သံချပ်ကာနှင့် ထိခိုက်မှု အပိုင်းတွင် တောင်ပေါ်လူဝံ ဝတ်စုံထက် များစွာ သာလွန်သည်။ ဤအရာသည် မတူညီသော စစ်မြေပြင်များစွာအတွက် သင့်လျော်သော သတ်ဖြတ်ရေး စက်တစ်လုံးဖြစ်သည်။
'ဒီစက်တွေ အားလုံး အဆင့် အေ အထက်ဆင့် ကို ရောက်နေပြီ။ ဒါတွေ လုံလုံလောက်လောက် ရှိနေသရွေ့ ငါ ပုံမှန် တိုက်ခိုက်နိုင်လိမ့်မယ်'
ထာဝရအလင်းရောင်နှင့် အခြေစိုက်စခန်း အသစ်တစ်ခု ကဲ့သို့သော သူတည်ဆောက်ရန် အချိန်မရသေးသည့် အခြား ကြီးမားသော စက်များ ရှိနေသေးသည်။ ဒုတိယ ဒိုင်မန်းရှင်း စစ်တပ် ကို အသက်သွင်းလိုက်သောအခါ ဖိသိပ်ထားသော ပုလဲလုံး၏ ကန့်သတ်ချက်များကို သူကျော်ဖြတ်နိုင်လိမ့်မည်။ ထိုအချိန်တွင် ဂြိုဟ်တု ခံတပ်ကြီး တစ်ခုလုံးနှင့် အရွယ်အစား အလွန်ကြီးမားသော စက်များကို သူနှင့်အတူ သယ်ဆောင်နိုင်လိမ့်မည်။
ဝုန်း
ထိုအချိန်တွင်ပင် အခန်း အနည်းငယ် တုန်ခါသွားသည်။
"ပြဿနာ ရှိလို့လား"
ဟန်ရှောင်း မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဖိလစ်ကို ဆက်သွယ်လိုက်သည်။
"ဘာဖြစ်တာလဲ"
"တစ်ယောက်ယောက်က ဌာနချုပ်ရဲ့ ကာကွယ်ရေး လိုင်းကို အတင်း ဖြတ်ကျော်ပြီး ဂြိုဟ်တု အခြေစိုက်စခန်းပေါ် ဆင်းသက်လာတယ်၊ ဟမ်... ဂြိုဟ်တုရဲ့ ပုံရိပ်တွေကို ကျွန်တော် အခု ပို့ပေးလိုက်မယ်..."
နောက်တစ်ခဏတွင် ဂြိုဟ်တု၏ ပုံရိပ်သည် သူ့ရှေ့တွင် ပေါ်လာသည်။ အမျိုးသားတစ်ဦးသည် စစ်သင်္ဘောများ၏ အတားအဆီးကို ဖြတ်ကျော်ပြီး ဂြိုဟ်တု၏ မျက်နှာပြင်ပေါ်သို့ ဆင်းသက်လာရာ အချက်ပေးသံ မြည်လာသည်။ ထို့နောက် စစ်တပ်မှ စစ်သည်များသည် ရေပန်းကဲ့သို့ ထွက်လာပြီး ထိုအမျိုးသားကို ဝိုင်းရံလိုက်ကြသည်။
ထိုပုဂ္ဂိုလ်၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ ဟန်ရှောင်း အနည်းငယ် အံ့အားသင့်သွားသည်။
"ဟာဒါဗီလား"
"သခင်၊ ဟမ်... သခင့်ရဲ့ အစောင့်တပ်ဖွဲ့ အဲဒီကို အမြန်ရောက်သွားပါပြီ။ သခင် ကိုယ်တိုင် ဖြေရှင်းမလို့လား"
ဟန်ရှောင်း မျက်လုံးများ ကျဉ်းမြောင်းသွားပြီး တိုက်ပွဲဝင် ကျား ဝတ်စုံသည် သူ့လက်မောင်းပေါ်ရှိ လက်ကောက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အလုပ်ရုံ တံခါးကို ဖွင့်ပြီး အပြင်သို့ ထွက်လာသည်။
"သူ့ကို လွတ်မသွားစေဖို့ ဟီလာကို ပြောလိုက်။ ငါ အခုချက်ချင်း လာခဲ့မယ်"
...
တစ်ချိန်တည်းမှာပင် အာကာသယာဉ် ရာပေါင်းများစွာသည် ဘလက်စတား စစ်တပ် ဌာနချုပ် တစ်ဝိုက်တွင် ပျံဝဲနေပြီး သူတို့ရှေ့မှ မြင်ကွင်းကို မှတ်တမ်းတင်နေကြသည်။
ဤအာကာသယာဉ်များသည် ဂလက်ဆီ မီဒီယာအဖွဲ့ အသီးသီးမှ သတင်း အာကာသယာဉ်များ ဖြစ်ကြသည်။ ဘလက်စတား၏ စစ်မှန်သော အင်အားနှင့် ပတ်သက်ပြီး ဦးဆုံး သတင်းအချက်အလက် ရရှိရန် သူတို့သည် ထိုနေရာတွင် စောင့်ဆိုင်းနေသည်မှာ လဝက် ရှိပြီဖြစ်သည်။ သို့သော် သူတို့ကို ဘလက်စတား စစ်တပ်၏ ကာကွယ်ရေး ရေယာဉ်စုက တားဆီးထားသဖြင့် အနီးနားရှိ အာကာသထဲတွင်သာ ပျံဝဲနေနိုင်ကြသည်။
ကပ်ဘေးအဆင့် စူပါတစ်ဦး ပေါ်လာပြီး ဘလက်စတား စစ်တပ် ရေယာဉ်စု၏ ကာကွယ်ရေး လိုင်းကို ဖြတ်ကျော်ဝင်ရောက်သွားသောအခါ ဖြစ်ပေါ်လာသော ဆူညံသံသည် ဂလက်ဆီ သတင်းထောက်များ၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်ပြီး သူတို့အားလုံး တက်ကြွလာကြသည်။
ဘလက်စတားသည် အဆင့် အေ အထက်ဆင့် စူပါ ဖြစ်နေပြီဟု ကောလာဟလများ ထွက်ပေါ်နေသော်လည်း သူ့ကို ရန်စရဲသူများ ရှိနေသေးသည်။ ဤသတင်းထောက်များသည် စိတ်ဝင်စားဖွယ် သတင်းအချို့ တူးဖော်ရန် အခွင့်အရေးဖြစ်ကြောင်း ကောင်းစွာ အာရုံခံမိကြသည်။ ထို့ကြောင့် သူတို့အားလုံး ကြည့်ရှုရန် စုဝေးလာကြသည်။
"ငါ ဒီလူကို သိတယ်။ သူက ဟာဒါဗီ၊ ပြီးတော့ သူ လျှို့ဝှက်စစ်ပွဲတုန်းက ပေါ်လာဖူးတယ်။ သူက သွေးစွန်းကုန်းမြေဘက်က လူပဲ"
"ဒါ သွေးစွန်းကုန်းမြေက ရန်စတာ ဖြစ်နိုင်မလား။ သူတို့က ဘလက်စတား စစ်တပ်ကို တရားဝင် စစ်ကြေညာလိုက်တာလား"
"ကြည့်ကောင်းမယ့် ပြပွဲတစ်ခု ရှိလာတော့မယ်"
ဂြိုဟ်တု၏ ဝင်ပေါက်တွင် စစ်သည်များသည် ဟာဒါဗီ တစ်ဝိုက်၌ ဝိုင်းရံထားသော အလွှာသုံးလွှာ ဖွဲ့စည်းလိုက်ကြပြီး အမြောက်များစွာက သူ့ကို ချိန်ရွယ်ထားကြသည်။ ဟာဒါဗီသည် အနည်းငယ်မျှ ထိတ်လန့်ခြင်း မရှိဘဲ ပြောလိုက်သည်။ "ငါ မင်းတို့ရဲ့ စစ်တပ်ကွပ်ကဲရေးမှူးကို တွေ့ဖို့ လာတာ။ မင်းတို့ရဲ့ ရေယာဉ်စုက ငါ့ကို ဝင်ခွင့်မပေးလို့ ငါအတင်း ဝင်လာရတာ"
ဟန်ရှောင်းသည် တံခါးပိတ် ကျင့်ကြံခြင်း မပြုမီ မည်သူ့ကိုမျှ တွေ့မည်မဟုတ်ကြောင်း အမိန့်ထုတ်ပြန်ထားသဖြင့် အထွေထွေ ကိစ္စရပ်များ အားလုံးကို ဆေးလ်ဗီးယားနှင့် ဟားလပ်စ်ထံ လွှဲပြောင်းပေးထားသည်။ ကာကွယ်ရေး ရေယာဉ်စုသည် ဟန်ရှောင်း၏ အမိန့်များကို တိကျစွာ လိုက်နာခဲ့ပြီး ဟာဒါဗီသည် သူ့နာမည်ကို ပြောပြပြီးနောက် ခြွင်းချက် မရရှိခဲ့ပေ။ ထို့ကြောင့် သူအတင်း ဝင်ရောက်လာခြင်း ဖြစ်သည်။
ဤအချိန်တွင် အနီရောင် အလင်းတန်းတစ်ခု ဟာဒါဗီ၏ ရှေ့တွင် ပေါ်လာသည်။
"မလှုပ်နဲ့" ဟီလာက အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
ဟာဒါဗီ ခေတ္တ ရပ်တန့်သွားပြီး ဟီလာကို အကဲခတ်လိုက်သည်။ "မင်းက ဘယ်သူလဲ"
"ဘလက်စတား အစောင့်တပ်ဖွဲ့ ခေါင်းဆောင်၊ ဟီလာ"
"ဘလက်စတား အစောင့်တပ်ဖွဲ့" ဟာဒါဗီ မျက်လုံးများ တောက်ပလာသည်။
စာစဉ် (၄၇)၊ အခန်း (၇၆၇) ပြီးပါပြီ။
လင်းဆက်
+++++
အခန်း (၇၆၈) ကြေညာချက် (၂)
ဤသည်မှာ ဟာဒါဗီ ဘလက်စတား အစောင့်တပ်ဖွဲ့အကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သို့သော် ဤသည်မှာ သူ ဟီလာကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း မဟုတ်ပေ။
ဟန်ရှောင်းသည် ဟီလာကို ရှေ့တန်းစစ်မြေပြင် အသီးသီးသို့ ခေါ်သွားခဲ့သော ကာလတစ်ခု ရှိခဲ့သည်။ သွေးစွန်းကုန်းမြေမှ မထွက်ခွာမီ ဟာဒါဗီသည် ဟီလာ၏ မှတ်တမ်းဖိုင်ကို ကြည့်ရှုခဲ့ဖူးသော်လည်း ဤသည်မှာ သူမနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခြင်း ဖြစ်သည်။
သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ထူထပ်သော စစ်သည်များသည် ထွက်ပြေးလမ်းကြောင်း အားလုံးကို ပိတ်ဆို့ထားသည်။
"ဘလက်စတား ဘယ်မှာလဲ။ ငါသူ့ကို တွေ့ချင်တယ်" ဟာဒါဗီ အော်ပြောလိုက်သည်။
"ငါတို့ စစ်တပ်ကွပ်ကဲရေးမှူးက မင်းတွေ့ချင်တိုင်း တွေ့လို့ရတဲ့သူ မဟုတ်ဘူး" ဟီလာက အေးစက်စွာ ပြန်ပြောလိုက်သည်။ "ဟာဒါဗီ၊ မင်း ငါတို့ဌာနချုပ်ကို ရန်စခဲ့တယ်။ အခုချက်ချင်း လက်နက်ချတာ ပိုကောင်းမယ်။"
ထိုစကားကို ကြားသောအခါ ဟာဒါဗီ ဟီလာကို ကြည့်ပြီး ရန်စသော လေသံဖြင့် ပြောလိုက်သည်။ "လက်နက်မချရင်ရော မင်းက ငါ့ကို ဖမ်းမှာလား"
ဟူး
ဟီလာ သည်းခံစိတ် ကုန်ခန်းသွားပြီး ချက်ချင်း လှုပ်ရှားလိုက်သည်။ သွေးနီရောင် စွမ်းအင်များသည် သူမခန္ဓာကိုယ်မှ ပန်းထွက်လာပြီး ဟာဒါဗီ၏ ရင်ဘတ်ကို ရိုက်ခတ်သွားသည်။ ၎င်းက သူ့ကို ကောင်းကင်ယံသို့ လွင့်စဉ်သွားစေပြီး အနီရောင် တုန်ခါမှုလှိုင်းအသေးစားလေးတစ်ခု ပေါက်ကွဲသွားသည်။
အလင်းရောင် မှိန်ဖျော့သွားပြီး ဟာဒါဗီသည် လေးနက်သော မျက်နှာထားဖြင့် လေထဲတွင် ပျံဝဲနေသည်။
ကွဲအက်ကြယ်စင်ကွင်းတွင် လူသိများသော အဆင့် အေ အထက်ဆင့် မျိုးစေ့တစ်ဦးအနေဖြင့် သာမန် ကပ်ဘေးအဆင့် စူပါများသည် သူ့ကို လုံးဝ ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ သို့သော် ဟီလာ၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုက သေခြင်းစွမ်းအင် လှိုင်းတစ်ခု သူ့ခန္ဓာကိုယ်ကို ကျူးကျော်လာသည်ကို ခံစားလိုက်ရစေသည်။ သူ့ဆဲလ် အစိတ်အပိုင်းအချို့ လှုပ်ရှားမှု ရပ်တန့်သွားပြီး သူ့အသက်စွမ်းအား စုပ်ယူခံနေရသကဲ့သို့ ခံစားလိုက်ရသည်။
ထိခိုက်မှု မကြီးမားသော်လည်း သူ့ရှေ့ရှိ ဆံပင်နီအမျိုးသမီး၏ ဖျက်ဆီးအားသည် သာမန် ကပ်ဘေးအဆင့် စူပါတစ်ဦး ယှဉ်နိုင်သည့် အရာမဟုတ်ပေ။
ဆင့်ကဲဖြစ်စဉ်ကုဗတုံး၏ အကျိုးကျေးဇူးများကို ရရှိပြီးနောက် သူမသည် တိုက်ခိုက်ရေးအင်အား သိသိသာသာ မြင့်တက်လာပြီး သူမ၏ ဖျက်ဆီးအားသည် ပိုမို ကြောက်စရာကောင်းလာသည်။ သူမ ထုတ်လွှတ်လိုက်သော သေခြင်းစွမ်းအင်သည် သူမပစ်မှတ်၏ လှုပ်ရှားမှုကို လျှော့ချနိုင်ပြီး အထူးထိခိုက်မှု ပေးစွမ်းနိုင်သည်။ ဟာဒါဗီပင်လျှင် ၎င်းကို လုံးဝ မကာကွယ်နိုင်ဘဲ သူမကို အလေးအနက်ထား ဆက်ဆံရသည်။
ဘန်း
ဟီလာ ခြေဆောင့်လိုက်ရာ အသံလှိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားပြီး သူမ ကောင်းကင်ယံသို့ ပျံသန်းသွားသည်။ ထူထဲသော သေခြင်းစွမ်းအင်များသည် ဟာဒါဗီအပေါ်သို့ ဆူနာမီလှိုင်းတစ်ခု ပြိုကျလာသကဲ့သို့ ဖြစ်နေသည်။
သူတို့နှစ်ဦး လေထဲတွင် ထိပ်တိုက်တွေ့ဆုံကြပြီး ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ မြင်နိုင်သော စွမ်းအင်လှိုင်း ကွင်းများသည် ပေါက်ကွဲထွက်လာပြီး ဘေးမှ စစ်သည်များသည် သူတို့ကြားရှိ တိုက်ပွဲကို ဝင်ရောက်စွက်ဖက်ခြင်း မပြုကြပေ။ သူတို့သည် စစ်မြေပြင်ကို ထိုနှစ်ဦးအတွက် ထားခဲ့ပြီး ဘေးမှ စောင့်ကြည့်နေကြသည်။
လက်ရှိ ရောက်ရှိနေသော ကပ်ဘေးအဆင့် အရာရှိ တစ်စိတ်တစ်ပိုင်းသည် ဘေးမှ တိုက်ပွဲကို ကြည့်ရှုနေကြပြီး ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိကြပေ။
"ဆေးလ်ဗီးယား၊ ငါတို့ တကယ် ဝင်ပါစရာ မလိုဘူးလား" ကပ်ဘေးအဆင့် အရာရှိတစ်ဦးက မေးလိုက်သည်။
ဆေးလ်ဗီးယား ခေါင်းခါပြီး ပြောလိုက်သည်။ "အရှင် ဘလက်စတားက ဘလက်စတား အစောင့်တပ်ဖွဲ့ကို တည်ထောင်ချင်တာ။ သူ့ကို ကာကွယ်ဖို့ မဟုတ်ဘူး၊ သူ့ကွပ်ကဲမှုအောက်မှာ လက်ရွေးစင် တပ်ဖွဲ့တစ်ခု ရှိတယ်ဆိုတာ အဖွဲ့အစည်း အသီးသီးကို သိစေချင်လို့ပဲ။ ဟာဒါဗီက အားကောင်းတဲ့ကောင်ပဲ၊ ဟီလာသာ သူ့ကို မရှုံးသရွေ့ ဂုဏ်သတင်း အများအပြား ရရှိနိုင်လိမ့်မယ်။ ဒါက ကမ္ဘာကြီးက ဘလက်စတား အစောင့်တပ်ဖွဲ့အပေါ် ထားရှိမယ့် ပထမဆုံး အထင်အမြင်ပဲ ဖြစ်လိမ့်မယ်။"
"ဒါပေမဲ့ သူရှုံးသွားရင် မဖြစ်..."
"ငါ့ဆရာ ကိုယ်တိုင် ရွေးချယ်ထားတဲ့သူက အလွယ်တကူ ရှုံးမှာ မဟုတ်ဘူး။"
ဟီလာနှင့် ဟာဒါဗီ တိုက်ခိုက်နေသော မြင်ကွင်းကို ပတ်ဝန်းကျင်ရှိ ဂလက်ဆီ သတင်းထောက်များ အားလုံး မှတ်တမ်းတင်နေကြသည်။ ဤသတင်းထောက်အုပ်စုသည် မျက်တောင်မခတ်ဘဲ တိုက်ပွဲကို ကြည့်ရှုရင်း မူကြမ်းရေးသားနေကြသည်။ ဟာဒါဗီက ဘလက်စတား စစ်တပ် ဌာနချုပ်သို့ ဝင်ရောက်လာပုံနှင့် ဘလက်စတား လက်အောက်ရှိ ဘလက်စတား အစောင့်တပ်ဖွဲ့က တားဆီးလိုက်ပုံ လုပ်ငန်းစဉ်တစ်ခုလုံးကို မှတ်တမ်းတင်နေကြသည်။
ဘုန်း ဘုန်း ဘုန်း
သူတို့နှစ်ဦးစလုံးသည် ကပ်ဘေးအဆင့် စူပါများ ဖြစ်ကြပြီး သူတို့၏ တိုက်ပွဲ သက်ရောက်မှုမှာ မသေးငယ်လှပေ။ ဟီလာသည် ဟာဒါဗီကို အလယ်ဗဟိုတွင် ပိတ်လှောင်ထားပြီး သူမ၏ သေခြင်းစွမ်းအင်များကို သူ့အပေါ် ထုတ်လွှတ်လိုက်သည်။
ဟာဒါဗီ၏ ခန္ဓာကိုယ် မာကျောခြင်း အက်စပါစွမ်းရည်သည် ဖောက်ပြန်သော အဆင့်အထိ တိုးတက်နေပြီဖြစ်သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်ပေါ်တွင် အမာရွတ် အများအပြား ကျန်ရစ်ခဲ့သည်။ သူ့တွင် ထွက်ပြေးနိုင်စွမ်း မရှိ၍ မဟုတ်ဘဲ သူသည် ဟန်ရှောင်းကို တွေ့ရန် ရောက်ရှိနေခြင်း ဖြစ်သောကြောင့် သဘာဝကျကျပင် ထွက်ပြေးမည် မဟုတ်ပေ။
ထူထဲပြီး အနီရောင် သေခြင်းစွမ်းအင် ရေတံခွန်ကြီးသည် ဟာဒါဗီကို ကောင်းကင်ယံမှ ရိုက်ချလိုက်ရာ သတ္တုစပ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ဝုန်း
ဟာဒါဗီ အလျင်အမြန် ထလိုက်ပြီး ဟီလာ၏ နောက်ဆက်တွဲ တိုက်ခိုက်မှုကို ရှောင်တိမ်းကာ ထူးဆန်းသော အကြည့်ဖြင့် ဟီလာကို ပြန်ကြည့်လိုက်သည်။ ဟီလာ၏ တိုက်ခိုက်မှုသည် သူ့အသက်ကို ခြိမ်းခြောက်နိုင်မည် မဟုတ်သော်လည်း သူ့ကို အလွန် သနားစရာကောင်းအောင် ဖြစ်စေသည်။ သူမ၏ အင်အားသည် သူ့ကို အမှန်တကယ် ထိတ်လန့်သွားစေခဲ့သည်။
ဘလက်စတား စစ်တပ်တွင် ကပ်ဘေးအဆင့် အရာရှိ အနည်းငယ် ရှိသည်။ အတိတ်တုန်းက လားဂျီး တစ်ဦးတည်းသာ ဟာဒါဗီကို ဖိအားပေးနိုင်ခဲ့သော်လည်း ယခုအခါ ဟီလာက ဒုတိယမြောက် ဖြစ်လာသည်။
'ဘလက်စတား လက်အောက်မှာ ကျွမ်းကျင်သူတွေ ပိုပိုပြီး များလာပါလား' ဟာဒါဗီ တွေးလိုက်သည်။
'ဘယ်လောက် သန်မာတဲ့ ခန္ဓာကိုယ်လဲ' ဟီလာ မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် သေခြင်းစွမ်းအင်များသည် သူမ မီးလောင်နေသကဲ့သို့ သူမ၏ ခန္ဓာကိုယ်ကို ဝန်းရံလိုက်သည်။
ဟာဒါဗီ၏ မျက်နှာထား လေးနက်သွားပြီး ခံစစ်အနေအထား ယူလိုက်သည်။ သူ့ကြွက်သားများသည် သံမဏိကဲ့သို့ ဖောင်းပွလာသည်။
ဘေးမှ တိုက်ပွဲကို ကြည့်ရှုနေသော စစ်တပ်အဖွဲ့ဝင်များသည်လည်း နောက်ဆုတ်သွားကြသည်။ နောက်ထပ် တိုက်ခိုက်မှုသည် ကြီးမားသော တုန်ခါမှုလှိုင်းကို ဖန်တီးလိမ့်မည်ဖြစ်ပြီး သူတို့ အနီးကပ် ရှိနေလျှင် ဒဏ်ရာရနိုင်ကြောင်း သူတို့ သိကြသည်။
ဟီလာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်စဉ်မှာပင် လူအုပ်ကြီး အနောက်ဘက်မှ လေးနက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဟီလာ၊ တော်လောက်ပြီ။"
လူတိုင်း လှမ်းကြည့်လိုက်ရာ ဟန်ရှောင်းသည် ကြီးမားသော ဖိအားတစ်ခုနှင့်အတူ ဖြည်းညှင်းစွာ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ နေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီး အပ်ကျသံကိုပင် ကြားနိုင်လောက်သည်။
လူတိုင်း၏ အကြည့်သည် ဟန်ရှောင်းအပေါ်တွင် ရောက်ရှိနေသည်။
ထိုစကားကို ကြားသောအခါ ဟီလာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ သေခြင်းစွမ်းအင်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
ထို့နောက် လူအုပ်ကြီး လမ်းဖယ်ပေးလိုက်ရာ ဟန်ရှောင်းသည် ဟာဒါဗီ၏ ရှေ့သို့ လျှောက်သွားလိုက်သည်။ "မင်းငါ့ကို တွေ့ချင်တာလား"
အမှန်တကယ်တွင် ဟန်ရှောင်း ရောက်ရှိနေသည်မှာ ကြာပြီဖြစ်ပြီး ဟီလာနှင့် ဟာဒါဗီတို့ကို မတားဆီးမီ ခဏတာ တိုက်ခိုက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ဆေးလ်ဗီးယား သံသယဝင်ခဲ့သလိုပင် သူသည် ဘလက်စတား အစောင့်တပ်ဖွဲ့ကို တည်ထောင်လိုက်ပြီဖြစ်ရာ ဟီလာကို ကြယ်ကွင်းပြင်တွင် သူမ၏ ဂုဏ်သတင်း တည်ဆောက်ရန် ကူညီပေးရမည်ဖြစ်သည်။ ဟာဒါဗီသည် ဂန္တဝင် အသားဒိုင်း တစ်ဦးဖြစ်ပြီး သူ့တိုက်ခိုက်ရေးမှာ အားနည်းသည်။ ဟီလာ၏ လက်ရှိ အင်အားဖြင့် သူမသည် ဟာဒါဗီနှင့် မရှုံးနိမ့်ဘဲ အချိန်အတိုင်းအတာတစ်ခုအထိ တိုက်ခိုက်နိုင်မည်ဖြစ်ပြီး ဤသည်မှာ သူမ၏ ဂုဏ်သတင်းကို တည်ဆောက်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။
ဘေးမှ ဂလက်ဆီ သတင်းထောက်များ အားလုံး စိတ်လှုပ်ရှားလာကြသည်။ ပြင်ပကမ္ဘာတွင် ကောလာဟလများ စတင် ပျံ့နှံ့လာပြီးနောက်ပိုင်း ဤသည်မှာ ဘလက်စတား လူသိရှင်ကြား ပထမဆုံးအကြိမ် ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့၏ အာရုံစိုက်မှု အားလုံးသည် သူ့အပေါ်တွင် ရောက်ရှိနေသည်။
"မင်း နောက်ဆုံးတော့ ထွက်လာပြီပဲ" ဟာဒါဗီ မျက်လုံးများ တောက်ပလာသည်။ ဤသည်မှာ သူမြင်ချင်သော ရလဒ်ပင်။ "မင်းငါ့ကို မှတ်မိသေးရဲ့လား"
"ငါမင်းကို ဘယ်လိုလုပ် မေ့နိုင်မှာလဲ" ဟန်ရှောင်းက စိတ်ဝင်စားဟန်ဖြင့် ပြောလိုက်သည်။ "မင်းက သွေးစွန်းကုန်းမြေ အဖွဲ့ဝင် မဟုတ်ဘူးလား။ မင်း ငါ့ဌာနချုပ်ကို လာပြီး ငါ့ကို ရန်စနေတာလား"
"ငါ သွေးစွန်းကုန်းမြေကနေ ထွက်ခဲ့ပြီ၊ ငါဒီကို ငါ့ကိုယ်စားပဲ လာခဲ့တာ" ဟာဒါဗီ ရှင်းပြလိုက်သည်။
"အော်... ဒါဆို မင်းဘာလိုချင်လို့လဲ"
"ငါမင်းကို စိန်ခေါ်ချင်တယ်" ဟာဒါဗီ ရုတ်တရက် ကျယ်လောင်စွာ ပြောလိုက်သည်။ "ဒီတိုက်ပွဲအတွက် လောင်းကြေးအဖြစ် ငါ့ကိုယ်ငါ အသုံးပြုဖို့ ဆန္ဒရှိတယ်"
ဟန်ရှောင်း ခေတ္တ မှင်သက်သွားပြီး သံသယအကြည့်များကို သူ့မျက်လုံးထဲတွင် တွေ့မြင်နိုင်သည်။
"မင်း တကယ်တမ်း ဘာလိုချင်တာလဲ"
"ငါရှုံးရင် ငါ ဘလက်စတား စစ်တပ်ကို ဝင်ပြီး အရင်က သွေးစွန်းကုန်းမြေအတွက် တိုက်ခိုက်ပေးခဲ့သလို မင်းအတွက် တိုက်ခိုက်ပေးမယ်။ ငါနိုင်ရင်..." ဟာဒါဗီ ခေတ္တ ရပ်တန့်လိုက်သည်။ "ငါနိုင်ရင် မင်းငါ့လက်အောက်ငယ်သား ဖြစ်ရမယ်။"
ထိုစကားကို ကြားသောအခါ ဟန်ရှောင်း သူ့စိတ်ထဲတွင် မရယ်ဘဲ မနေနိုင်တော့ပေ။ သူသည် ဟာဒါဗီ၏ အမှန်တကယ် အတွေးများကို မြင်ပြီးဖြစ်သည်။
'ဒီကောင်က ငါ အဆင့် အေ အထက်ဆင့် စူပါ ဖြစ်သွားလို့ ဒီကို ရောက်လာတာ ဖြစ်မယ်။ ငါ အဆင့် အေ အထက်ဆင့် စူပါ ဖြစ်သွားတာ သိရက်နဲ့တောင် ငါ့ကို စိန်ခေါ်ဖို့ အတင်းအကျပ် တောင်းဆိုနေတာဆိုတော့ သူ့မှာ ရည်ရွယ်ချက် နှစ်ခု ရှိလောက်တယ်။ ပထမတစ်ခုက သူ အဆင့် အေ အထက်ဆင့် စူပါတစ်ယောက်နဲ့ လက်ရည်ယှဉ်ချင်တာ၊ ပြီးတော့ ငါတို့က ပြိုင်ဘက်ဟောင်းတွေ ဖြစ်တာကြောင့် ငါသူ့ကို သတ်မှာ မဟုတ်ဘူးလို့ ထင်နေတာ။ ဒုတိယတစ်ခုက ငါ့ကို ရှုံးပြီးရင် ငါ့ဆီ ဝင်ချင်နေတာ'
ဟာဒါဗီသည် အဆင့် အေ အထက်ဆင့် စူပါတစ်ဦး ဖြစ်လာရန် အမြဲတမ်း ဆန္ဒရှိခဲ့ပြီး ဟန်ရှောင်း အဆင့် အေ အထက်ဆင့် ဖြစ်လာသည်ကို မြင်ပြီးနောက် သူ့စိတ်နှလုံး ယားယံလာခဲ့သည်။ ထို့ကြောင့် ဟာဒါဗီသည် ဟန်ရှောင်းထံမှ အကူအညီ ရယူနိုင်ရန် ဟန်ရှောင်းထံ ဝင်ရောက်ချင်နေခြင်း ဖြစ်သည်။ သို့သော် ဟာဒါဗီသည် ထိုသို့သော အတွေးကြောင့် သွေးဆောင်ခံနေရသော်လည်း သူ့မာနကြောင့် ဘလက်စတား စစ်တပ်သို့ တိုက်ရိုက် ဝင်ရောက်ရန် ဆန္ဒမရှိပေ။ သူသည် သူ့ပြိုင်ဘက်ဟောင်းရှေ့တွင် တိုက်ရိုက် ခေါင်းမငုံ့လိုသဖြင့် ဟန်ဆောင်ပြီး ဘလက်စတား စစ်တပ်သို့ ဝင်ရောက်ရန် တိုက်ပွဲတွင် ရှုံးနိမ့်ခြင်းကို အကြောင်းပြချက်အဖြစ် အသုံးပြုရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ရှုံးနိမ့်ခြင်းသည် ဟာဒါဗီအတွက် အရှက်ရစရာ မဟုတ်သော်လည်း ခေါင်းငုံ့ခြင်းက အရှက်ရစရာ ဖြစ်သည်။
ခဏလောက် စဉ်းစားပြီးနောက် ဟန်ရှောင်း ခေါင်းညိတ်လိုက်ပြီး ဟာဒါဗီကို မဖော်ထုတ်ဘဲ သဘောတူလိုက်သည်။
သူတို့ ပြိုင်ဘက်များ ဖြစ်စဉ်က ဟာဒါဗီသည် တကယ်ကို စိတ်ပျက်စရာကောင်းပြီး ပြဿနာရှာတတ်သူ ဖြစ်သည်။ သို့သော် ဤ အသားဒိုင်းက သူ့ထံ ဝင်ရောက်ချင်လျှင် သူသည် ဟန်ရှောင်း၏ မျက်လုံးထဲတွင် ရှားပါးသော ရတနာတစ်ပါး ဖြစ်လိမ့်မည်။ နောက်ဆုံးတော့ အဆင့် အေ အထက်ဆင့် မျိုးစေ့ အလွန်နည်းပါးသည် မဟုတ်လား။
အစွမ်းထက်သော တိုက်ခိုက်ရေးသမားတစ်ဦး ရရှိရန် ဟန်ဆောင်လိုက်ခြင်းက ထိုသဘောတူညီချက်သည် အလွန်တန်ဖိုးရှိသည်။
ထို့အပြင် ဟန်ရှောင်းသည် ကြယ်ကွင်းပြင်သို့ သူ့အင်အားကို ပြသရန် ဤအခွင့်အရေးကို အသုံးပြုနိုင်သည်ဟု ခံစားလိုက်ရသည်။ သူ အဆင့် အေ အထက်ဆင့် ဖြစ်လာခြင်း၏ လွှမ်းမိုးမှုကို သူကိုယ်တိုင် ဝန်ခံမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။
သူသည် စစ်တပ်အသစ်တစ်ခုကို တည်ဆောက်ပြီးပြီဖြစ်ကာ အဆင့် အေ အထက်ဆင့်၏ အင်အားကို ပြသနိုင်ပြီဖြစ်သည်။ ထို့အပြင် အာဏာရှင်သည် သူ့ကို အချိန်အကြာကြီး ဆွဲထားခွင့်ပြုမည် မဟုတ်ပေ။
ဟန်ရှောင်းသည် သူ့ရန်သူ၏ အတွေးများကို အလွန် ရှင်းလင်းစွာ သိရှိထားသည်။ အကယ်၍ သူ ဤအတိုင်း ဆက်လက် ဆွဲထားပါက ကလင့်သည် ဟန်ရှောင်း ဟီဘာကို ကြောက်သောကြောင့် သူ့အင်အားကို ထုတ်မပြရဲကြောင်း ကမ္ဘာကို ကြေညာလိမ့်မည်။ ထို့နောက် သူတို့သည် အာဏာရှင်၏ ဂုဏ်သတင်းကို မြှင့်တင်ရင်း သူ့လွှမ်းမိုးမှုကို ဖိနှိပ်နိုင်လိမ့်မည်။
သူ နှုတ်ဆိတ်နေခဲ့သည်မှာ လဝက် ရှိပြီဖြစ်ပြီး ကလင့်သည် ထိုသို့ပြုလုပ်မည့် လက္ခဏာများ ပြသနေပြီဖြစ်သည်။ ကလင့် မလှုပ်ရှားမီ ထိုကဲ့သို့သော အခြေအနေကို ရှောင်ရှားရန် သူ ဆုံးဖြတ်လိုက်သည်။
ဟန်ရှောင်း ဤအတွေးများ အားလုံးကို ဖယ်ရှားလိုက်ပြီး ဟာဒါဗီကို ကြည့်လိုက်သည်။ "လာခဲ့"
ဝုန်း
ဟာဒါဗီ သတ္တုစပ် မြေပြင်ကို ခြေဆောင့်လိုက်ပြီး အမြောက်ဆန်ကဲ့သို့ ဟန်ရှောင်း၏ ရင်ဘတ်ဆီသို့ တိုးဝင်သွားသည်။
သူ့လက်မောင်းပေါ်ရှိ ကြွက်သားများ ဖောင်းပွလာပြီး ပေါက်ကွဲအားပြင်းသော ခွန်အားတစ်ခု ထွက်ပေါ်လာသည်။
သို့သော် ဟာဒါဗီ၏ လက်သီးသည် ဟန်ရှောင်းရှေ့ ဆယ်စင်တီမီတာ အကွာတွင် ရပ်တန့်သွားပြီး တိုက်ခိုက်မှု၏ ကြီးမားသော ခွန်အားသည် ပြင်းထန်သော လေပြင်းကို ဖြစ်ပေါ်စေသည်။ သို့သော် ဟန်ရှောင်း မျက်တောင်ပင် မခတ်ပေ။
ဤအချိန်တွင် တိုက်ပွဲဝင် ကျား ဝတ်စုံ ဖုံးအုပ်ထားသော သူ့လက်မောင်းသည် ဟာဒါဗီ၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။ ဟာဒါဗီ၏ အားကောင်းသော တိုက်ခိုက်မှုသည် ဟန်ရှောင်း၏ လက်မောင်းကိုပင် မလှုပ်ခါနိုင်ခဲ့ဘဲ ဟန်ရှောင်း၏ လက်မောင်းဖြင့် ဖမ်းဆုပ်ခံရပြီးနောက် ဟာဒါဗီသည် တစ်လက်မမျှပင် ရှေ့မတိုးနိုင်တော့ပေ။
အဆင့် အေ အထက်ဆင့် သို့ အဆင့်တက်ခြင်းနှင့် ဆင့်ကဲဖြစ်စဉ်ကုဗတုံးထံမှ အားဖြည့်မှုသည် ဟန်ရှောင်း၏ အရည်အချင်းများကို များစွာ တိုးမြှင့်ပေးခဲ့ပြီး ကပ်ဘေးအဆင့် စူပါတစ်ဦးကို လုံးဝ ဖိနှိပ်ထားနိုင်စေသည်။ ခန္ဓာကိုယ် ခွန်အားဖြင့် ကျော်ကြားသော ဟာဒါဗီပင်လျှင် ဟန်ရှောင်းအတွက် ပြိုင်ဘက် မဟုတ်ပေ။
"ဒါက..." ဟာဒါဗီ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သူ မတုံ့ပြန်နိုင်မီ ဟန်ရှောင်း၏ လက်မောင်းပေါ်ရှိ ယန္တရားဝတ်စုံသည် လျင်မြန်စွာ လည်ပတ်လာပြီး သူ့လက်မောင်းမှတစ်ဆင့် ဟာဒါဗီ၏ ခန္ဓာကိုယ်ထဲသို့ အားကောင်းသော တုန်ခါမှုလှိုင်းတစ်ခု ပို့လွှတ်လိုက်သည်။
အထူး အသံလှိုင်း တိုက်ခိုက်မှုသည် ဟာဒါဗီ၏ အရေပြားကို ဖြတ်သန်းစီးဆင်းသွားပြီး သူ့အသားနှင့် အရိုးများထဲတွင် ပဲ့တင်ထပ်သွားသည်။ ကမ္ဘာပေါ်ရှိ ဆူညံသံများအားလုံး သူ့နားထဲသို့ စုပ်သွင်းခံလိုက်ရသကဲ့သို့ ဟာဒါဗီ နားထဲတွင် တဝုန်းဝုန်း မြည်သံကို ကြားလိုက်ရသည်။
ကျားဟိန်းသံ
ပစ်မှတ်၏ ခန္ဓာကိုယ်ကို ကြားခံအဖြစ် အသုံးပြုပြီး အထူး တုန်ခါမှုလှိုင်း တိုက်ခိုက်မှုသည် သံချပ်ကာ ပုံစံအားလုံးကို ဖြတ်သန်းသွားပြီး ပစ်မှတ်၏ ခန္ဓာကိုယ်အတွင်း ပဲ့တင်ထပ်သွားမည်ဖြစ်သည်။ ဤတိုက်ခိုက်မှုကို လေဟာနယ်ထဲတွင် အသုံးပြုပါက အနီးကပ် တိုက်ပွဲတွင်သာ ထိရောက်မှု ရှိလိမ့်မည်။ ဤသည်မှာ စတီဖနီ၏ အက်စပါစွမ်းရည်ကို တုပပြီး ဟန်ရှောင်း ဖန်တီးထားသော တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။
"ဖူး" ဟာဒါဗီ သွေးတစ်လုပ် အန်ထုတ်လိုက်သည်။ အစစ်အမှန် ထိခိုက်မှု မဟုတ်သောကြောင့် သူ ၎င်းကို ခုခံနိုင်စွမ်း မရှိပေ။
ထို့နောက် ဟန်ရှောင်း သူ့ကို မြေကြီးပေါ်သို့ ရိုက်ချလိုက်သည်။
ဘန်း
တွင်းပေါက်တစ်ခု ဖြစ်ပေါ်လာပြီး ဟာဒါဗီ ထိုတွင်းပေါက်ထဲတွင် ကပ်နေသည်။
သူထလာသည်ကို မစောင့်ဘဲ ဟန်ရှောင်း လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ သူ့ခန္ဓာကိုယ်သည် တောက်ပသော လျှပ်စစ်စီးကြောင်းများဖြင့် လင်းလက်လာသည်။ ထို့နောက် သူထုတ်လွှတ်လိုက်သော ယန္တရားစွမ်းအားသည် သတ္တုစပ် မြေပြင်နှင့် ပေါင်းစပ်သွားသည်။
ဝုန်း
နောက်တစ်ခဏတွင် သတ္တုစပ် မြေပြင်သည် လှုပ်ရှားလာပြီး ဟာဒါဗီကို အလယ်ဗဟိုတွင် ပိတ်လှောင်ရန် ရေဝဲတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သတ္တုစပ် မြေပြင်သည် အပေါ်သို့ စတင် လည်ပတ်လာပြီး သေးငယ်သော လည်ပတ်နေသည့် တောင်တစ်လုံး ဖြစ်ပေါ်လာသည်။
ဟာဒါဗီ တစ်လက်မမျှ မလှုပ်ရှားနိုင်ပေ။
"ဖပ်" ဟန်ရှောင်း လက်ခုပ်တီးလိုက်ရာ သူ့အနောက်တွင် အမြောက်နှစ်လက် ပေါ်လာသည်။ အမြောက်ပြောင်းများသည် ဟာဒါဗီထံသို့ တည့်တည့် ချိန်ရွယ်ထားသည်။ ဟန်ရှောင်းသည် လက်ရှိ လေထဲတွင် ရှိနေသော ဟာဒါဗီကို ပစ်ခတ်လျှင် သူ့အမြောက်သည် ပြင်ပ အာကာသသို့ ပစ်ခတ်သွားမည်ဖြစ်ပြီး ဌာနချုပ်ကို ဖျက်ဆီးမည် မဟုတ်ပေ။
အမြောက်ပြောင်းများ လင်းလက်လာပြီး စုစည်းနေသော ကြောက်မက်ဖွယ် စွမ်းအင်သည် လူတိုင်း၏ ဆံပင်များကို ထောင်မတ်သွားစေသည်။
"ငါ့ရဲ့ ဖျက်ဆီးအားက အရင်လို မဟုတ်တော့ဘူး" ဟန်ရှောင်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ဒီအမြောက်နှစ်လက် မင်းကို ထိမှန်ရင် မင်းလေဖြတ်သွားနိုင်တယ်။ အရှုံးပေးလိုက်တော့။"
ဟာဒါဗီ ထိတ်လန့်တုန်လှုပ်စွာ တံတွေးမြိုချလိုက်ပြီး သူ့စိတ်နှလုံး လှုပ်ခါသွားသည်။
သူသည် အဆင့် အေ အထက်ဆင့် ဘလက်စတားနှင့် ယခင် ဘလက်စတားကြား ကွာခြားချက်ကို အတည်ပြုလိုသောကြောင့် ဟန်ရှောင်းကို စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် သူတို့ကြား ကွာဟချက်သည် ဟန်ရှောင်းကို အလေးအနက်ထားလာအောင် လုပ်ဆောင်နိုင်စွမ်း မရှိသည့်အထိ ကျယ်ပြန့်သွားသည်ကို သူသဘောပေါက်လိုက်သည်။
ဒါက အဆင့် အေ အထက်ဆင့် တစ်ယောက်ရဲ့ ကွာခြားချက်လား ဟာဒါဗီ သူ့ရင်ဘတ် ပူလောင်နေသလို ခံစားလိုက်ရသည်။
"ငါ... အရှုံးပေးတယ်။" ဟာဒါဗီ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ရှုံးနိမ့်မှုကို ဝန်ခံလိုက်သည်။
ဟန်ရှောင်း ဤအရာကို မျှော်လင့်ပြီးသား ဖြစ်သဖြင့် ပြောလိုက်သည်။ "ဟီလာ၊ သူ့ကို ခေါ်သွားလိုက်။"
ကလန့်
သတ္တုစပ် တောင်ကြီး ပြိုကျသွားပြီး ဟာဒါဗီ မြေပြင်ပေါ် ပြုတ်ကျသွားသည်။ ဟီလာ ချက်ချင်း ရှေ့တိုးလာပြီး လျှပ်စစ်သံလိုက် လက်ထိပ်တစ်စုံကို သူ့လက်ကောက်ဝတ်များပေါ် ခတ်လိုက်သည်။ လက်ထိပ်များသည် သိပ်အသုံးမဝင်ဘဲ ဟန်ပြ သက်သက်သာ ဖြစ်သည်။ ထို့နောက် ဟာဒါဗီကို ဘလက်စတား စစ်တပ်၏ ဌာနချုပ်ထဲသို့ ခေါ်ဆောင်သွားသည်။
ထို့နောက် ဟန်ရှောင်း လှည့်ကြည့်လိုက်ပြီး ပတ်ဝန်းကျင် ဧရိယာရှိ များပြားလှသော အာကာသယာဉ်များကို ကြည့်လိုက်သည်။ ရိုးရှင်းစွာ ခေါင်းခါလိုက်ပြီး ကွမ်တမ်ကွန်ရက်သို့ ချိတ်ဆက်လိုက်သည်။
အာကာသယာဉ်ပေါ်ရှိ သတင်းထောက်များသည် လက်ရှိတွင် သူတို့ရှေ့မှ မြင်ကွင်းကို မှတ်တမ်းတင်နေပြီး ဟန်ရှောင်းက ဟာဒါဗီကို အလွယ်တကူ ကိုင်တွယ်ခဲ့ပုံကို ရေးသားနေကြသည်။ ရုတ်တရက် ဟန်ရှောင်း၏ မျက်နှာသည် အာကာသယာဉ်များရှိ ဖန်သားပြင်တိုင်းတွင် ပေါ်လာပြီး သတင်းထောက်များ အားလုံး လန့်ဖျပ်သွားကြသည်။
ထို့နောက် ဟန်ရှောင်း၏ အသံသည် ဖန်သားပြင်ပေါ်တွင် ထွက်ပေါ်လာသည်။
"လတ်တလော ကောလာဟလတွေကို ငါဝန်ခံတာ ကြားချင်လို့ မင်းတို့အားလုံး အနီးအနားမှာ စောင့်နေကြတယ်ဆိုတာ ငါသိပါတယ်။ ဟုတ်တယ်၊ ငါ အဆင့် အေ အထက်ဆင့် ဖြစ်နေပြီ။ ကြယ်ကွင်းပြင် တစ်ခုလုံးကို သတင်းဖြန့်ဖို့ ကျေးဇူးပြုပြီး ကူညီပေးကြပါ"
သူပြောချင်တာ ပြောပြီးနောက် ဟန်ရှောင်း၏ မျက်နှာသည် ဖန်သားပြင်ပေါ်မှ ပျောက်ကွယ်သွားပြီး ဖန်သားပြင်များ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
သတင်းထောက်များ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး နောက်ဆုံးတွင် လက်တွေ့ဘဝသို့ ပြန်ရောက်လာကြသည်။ သူတို့သည် အာကာသယာဉ်၏ ပြတင်းပေါက်သို့ ချက်ချင်း ခုန်သွားပြီး ဘလက်စတား စစ်တပ် ဂြိုဟ်တုဘက်သို့ လှမ်းကြည့်လိုက်ရာ ဟန်ရှောင်း လှည့်ထွက်သွားပြီး ဌာနချုပ်ထဲသို့ ပြန်ဝင်သွားသည်ကို တွေ့လိုက်ရသည်။
"သူ ဝန်ခံလိုက်ပြီ ဘလက်စတား ကိုယ်တိုင် ဝန်ခံလိုက်ပြီ"
သတင်းထောက်များ အားလုံး အလွန် ဝမ်းသာသွားကြသည်။ အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် သူတို့ စိတ်လှုပ်ရှားဖွယ် သတင်းအချို့ ရရှိခဲ့သည်။
တရားဝင် ကြေညာချက်တစ်ခုသည် ကောလာဟလများ ပျံ့နှံ့နေခြင်းနှင့် လုံးဝ ကွဲပြားသည်။ ကောလာဟလများသည် ကြယ်ကွင်းပြင်တွင် စူးစမ်းလိုစိတ် မီးတောက်များကို မီးမွှေးပေးသည့် မီးပွားများကဲ့သို့ ဖြစ်သော်လည်း ဟန်ရှောင်း၏ ဝန်ခံချက်သည် မီးပေါ်သို့ ဆီလောင်းလိုက်သကဲ့သို့ ဖြစ်သည်
အဆင့် အေ အထက်ဆင့် အသစ်တစ်ဦး၏ လွှမ်းမိုးမှုသည် ခြေလှမ်းတစ်လှမ်းတည်းဖြင့် အထွတ်အထိပ်သို့ ရောက်ရှိသွားလိမ့်မည်