← Chapters

ဓားတစ်လက်ဖြင့် အရာအားလုံး ပြောင်းလဲပစ်လိုက်ခြင်း

Vol. 14 Ch. 197

ဓားတစ်လက်ဖြင့် အရာအားလုံး ပြောင်းလဲပစ်လိုက်ခြင်း

Vol. 14 Ch. 197

အန်လင်း စင်ပေါ်သို့ လျှောက်လာသည်ကို မြင်လိုက်သည့်အခါတွင် ကောင်းကင်ပြာ ရင်ပြင်ရှိ လူများအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်လာကြလေသည်။

“စီနီယာ အန်လင်းက ဦးဆုံးသွားဖို့ ဆုံးဖြတ်လိုက်တယ်ဟ။ စောစောစီးစီး အကွက်ဆန်းတွေ ပြတော့မှာလား”

“ပြောဖို့တော့ခက်တယ်။ တာအိုပွဲစဉ်တုန်းက ဖြစ်ခဲ့တာတွေကို ငါတို့လည်း မြင်တာပဲလေ။ နတ်ဘုရားအန်က ကောင်းကောင်း လုပ်နိုင်ပါ့လမလား”

“ဟူးးး ငါတို့တော့ နောက်ဆုံးနေရာမှာပဲ ရှိတော့မှာ သေချာနေပါပြီ”

လူတိုင်းသည် ပိုမိုကာ စိတ်ဓာတ် ကျလာကြလေသည်။ ယခင်ကလောက် စိတ်အားထက်သန်မှု မရှိကြတော့သော်လည်း အားလင်းအပေါ် မျှော်လင့်ချက်အပြည့် ထားနေကြတုန်းပင်။

အခြားသော ကိုယ်စားလှယ်များ သည်လည်း အန်လင်းအား ကြည့်လာကြသည်။ သူတို့သည် အန်လင်းအား အလွန် စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။ အန်လင်းသည် ဘာမဆို ဖြစ်သွားနိုင်သူ ဖြစ်သည်။

အန်လင်းသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် အနက်ရောင် ဖန်ကျောက်ထံသို့ လျှောက်လှမ်းသွားကာ သူ၏အသိစိတ်ကို ထည့်သွင်းလိုက်သည်။

သူနှင့်ရင်းနှီးပြီးသား အရာများ ဖြစ်သည့်အတွက် သူ၏ အပြုအမူအားလုံးသည် ချောမွေ့ကာ သပ်ရပ်လှပေသည်။ မကြာမီမှာပင် အန်လင်းသည် လိုဏ်ဂူတစ်ခုနှင့် တူသည့် နယ်မြေအတွင်း၌ ပေါ်လာလေသည်။

ယင်းသည် ကျယ်ပြန်သည့် ကန္တာရတစ်ခု ဖြစ်သည်။ ကောင်းကင်မှာ အနီရင့်ရောင်ဖြစ်ပြီး လေပြင်းများလည်း တိုက်ခတ်နေလေသည်။

ဤနယ်မြေမှာ ကျင်းယန်အန်နှင့် တိုက်ခိုက်စဉ်က သူဝင်ရောက်ခဲ့ရသည့် နယ်မြေထက် ပို၍တည်ငြိမ်မှု ရှိသည်ကို သိရှိလိုက်လေသည်။

ဤဆန္ဒနယ်မြေ ဖန်ကျောက်သည် အတော်လေး အရည်အသွေး မြင့်မားသည့်အတွက် ကွဲအက်သွားနိုင်ချေ မရှိပါ။

ဝုန်း

ကောင်းကင်မှ သစ်သားစက်ရုပ် တစ်ခု ကျဆင်းလာပြီး အန်လင်းထံသို့ အချိုးမကျစွာ ပြေးလာလေသည်။

ရင်ပြင်တွင်ရှိနေသော ကျောင်းသားများသည် ဖန်ကျောက်အတွင်း ပေါ်လာသည့် စက်ရုပ်အား မြင်လိုက်ရသည့် အခါတွင် စိုးရိမ်သွားမိကြသည်။

“လာနေပြီ လာနေပြီ။ စီနီယာအန်လင်း အခု ဘာလုပ်ဖို့ စီစဉ်ထားလဲ မသိဘူး”

“စီနီယာ တစ်ချက်တည်းနဲ့ အသိပ်ခံလိုက်ရမယ်လို့ မင်းထင်လား”

“နောက်ဆုံး တစ်ကြိမ်တုန်းက နတ်ဘုရား အန် က လုံးဝ မလှုပ်ရှားနိုင်ခဲ့ဘူးလေ”

“သောက်ပေါက်တွေ ပိတ်ထားကြစမ်း။ မင်းတို့ကောင်တွေ အန်လင်းကိုပဲ ယုံကြည်လို့ မရဘူးလား”

ဒုတိယပွဲစဉ်တွင် အန်လင်း၏ အပြုအမူများသည် သူတို့အတွက် စိတ်ဒဏ်ရာသဖွယ် ထင်ကျန်နေခဲ့ကြသည်။ ပြောရမည်ဆိုလျှင် စက်ရုပ်အား မြင်လိုက်ရသည့် အခါတွင် သူတို့အားလုံးတို့မှာ စိုးရိမ်ပူပန်ကာ မကောင်းမြင်လာ ကြမိသည်။

အန်လင်းသည် သူ့ထံသို့ ခနော်ခနဲ့ဖြင့် လျှောက်လှမ်းလာသော စက်ရုပ်အား ကြည့်ကာဖြင့် ပြောစရာစကားများပင် ပျောက်ဆုံးသွားရသည်။

ဖာ့ခ် ငါ့ကိုအထင်သေး နေကြတယ်ပေါ့။

စစ်နတ်ဘုရား ခုတ်ချက် ၆ ချက်အား အကျိုးမဲ့ အသုံးမပြုလိုပေ။ ထို့ကြောင့် အခြေခံ တိုက်ကွက်ကိုသာ အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။

ဝှစ်

တောက်ပသည့် ဓားခုတ်ချက်တစ်ခု ပေါ်လာပြီးနောက် သစ်သားစက်ရုပ်အား ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

ကြည့်ရှုနေကြသူများ : “…”

သူတို့သည် အနည်းငယ် မကောင်းမြင်မိ သွားကြသည်ကို ဝန်ခံရပေမည်။

ပို၍ တိတိကျကျ ဆိုရသော် သူတို့၏ နတ်ဘုရား အန် ပြန်ရောက်လာပြီ ဖြစ်သည်။

ဝုန်း

ဒုတိယမြောက် သစ်သားစက်ရုပ် ကျဆင်းလာပြီး အန်လင်းထံ ပြေးဝင်လာပြန်သည်။ ဤတစ်ရုပ်သည် ကနဦးအရုပ်ထက် ပိုမိုသွက်လက်လာသည်။

“အိုး ... နည်းနည်း တိုးတက်လာပုံပဲ”

အန်လင်းသည် အသာရယ်မောလိုက် ပြီးနောက် ပြေးဝင်လာသည့် စက်ရုပ်အား ခုတ်ပိုင်းလိုက် ပြန်သည်။

ဓားခုတ်ချက်သည် စက်ရုပ်အား အပိုင်းပိုင်းအစစ ဖြစ်သွားစေပြန်သည်။

ထိုနည်းအတိုင်း တတိယမြောက်၊ စတုတ္ထမြောက်နှင့် ပဉ္စမမြောက် စက်ရုပ်အားလုံးတို့ကို သတ်ဖြတ်ပစ် လိုက်လေသည်။

ယင်းတို့သည် သူ၏ ဓားခုတ်ချက်များ အောက်တွင် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားကြ ကုန်သည်။

စွမ်းအားကြီးသည့် ဓားအင်မော်တယ် တစ်ဦးကဲ့သို့ အတားအဆီး အားလုံးကို ရှင်းလင်းပစ်လိုက် လေသည်နှင့် တူလှသည်။

ရင်ပြင်ရှိ ကျောင်းသား အားလုံးတို့သည် ဖန်သားပြင်အား စိတ်အား ထက်သန်စွာဖြင့် ကြည့်နေကြပြီး တစ်ဖန်ပြန်လည်လို့ တက်ကြွလာကြ လေသည်။

ဝုန်း

ဆဌမမြောက် စက်ရုပ် ရောက်ရှိလာပြန်သည်။ ခန္ဓာကိုယ် တစ်ခုလုံးသည် ပိန်းပိတ်အောင် နက်မှောင်လျက်ရှိပြီး အပြာရောင် မီးတောက်များ ဖုံးလွှမ်းထားလေသည်။ သူ၏ခန္ဓာကိုယ်မှ အစစ်အမှန် မီးဆန္ဒများ ထွက်ပေါ်လျက်ရှိသည်။

ယင်းသည် အန်လင်းထံသို့ လျင်မြန်စွာ ပြေးဝင်လာပြီး အပြာရောင် မီးတောက်သည် ကျားတစ်ကောင်ပုံစံသို့ ပြောင်းလဲကာဖြင့် အန်လင်း၏ ဓားခုတ်ချက်အား ဖြိုခွင်းလိုက်လေသည်။

ထိုတိုက်ပွဲသည် ၁၀ မိနစ်မျှ ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် အန်လင်းသည် ထိုစက်ရုပ်အား အနိုင်ယူနိုင်ခဲ့သည်။

ဒု-ကျောင်းအုပ် ယူဟွာသည် ထိုအခါမှသာ သက်ပြင်း ချနိုင်တော့သည်။ အန်လင်း၏ ဓားဆန္ဒသည် လွန်စွာကောင်းလှသည်။ သို့သော်လည်း ၆ ရုပ်မြောက်သည် သူ၏ အစွမ်းကုန် ဖြစ်နိုင်လေသည်။

လူတိုင်းသည်လည်း ထိုသို့တွေးမိကြလေသည်။ အန်လင်းသည် ဆဌမမြောက် စက်ရုပ်အား ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရသည့်အတွက် သူ၏အကန့်အသတ်သို့ ရောက်ရှိသွားပုံရသည်။

သို့သော်လည်း ဝမ်ရွှမ်ကျန့်နှင့် လျှိုချင်ဟွမ်မှာမူ ထိုသို့မတွေးမိကြချေ။ သူတို့သည် ဖန်သားပြင်ပေါ်ရှိ ပုံရိပ်အား မျှော်လင့်ချက် ပြည့်ဝစွာဖြင့် ကြည့်နေကြလေသည်။

အန်လင်းသည် ပထမနေရာကို ရယူမည်ကို ပြောဆိုခဲ့သည့်အတွက် မည်သည့် ကြောင့်ရယ်မသိ သူ့အား ယုံကြည်နေမိသည်။

သို့သော်လည်း သူသည် ပထမနေရာနှင့် မထိုက်တန်ဟု ထင်နေမိသည်။

သတ္တမမြောက်စက်ရုပ် ရောက်ရှိလာပြန်သည်။ ထိုစက်ရုပ်သည် ဓားမော့ နှစ်လက်အား ကိုင်ဆောင်ထားပြီး ပေတစ်ထောင် အဝေးမှနေ၍ အန်လင်းထံသို့ ဓားမော့ဖြင့် ခုတ်ပိုင်းလိုက် လေသည်။

ပထမနည်းစနစ်_ ဝါယောဓား။

အန်လင်း၏နောက်တွင် ရုတ်တရက်ဆန်စွာ အကာအကွယ် လူတစ်ဦး ပေါ်လာသည်။

ထိုအကာအကွယ်သည် လေထဲတွင် ဝံ့ကြွားစွာဖြင့် ရပ်နေပြီး ကောင်းကင်သို့ ထိမိတော့မတတ်ပင်။ လေနှင့် တိမ်တိုက်များအား စုဆုံလာစေပြီး လေထုထဲတွင် လေဓားတစ်လက် ဖြစ်ပေါ်လာလေသည်။

လေနှင့်တိမ်တိုက်များ ပေါင်းစပ်ထားသည့် ဓားသည် ပေထောင်နှင့်ချီသည့် အဝေးတွင် ရှိနေသော စက်ရုပ်အား ခုတ်ပိုင်းလိုက် လေသည်။ ဓားတွင်ပါဝင်သော စွမ်းအားသည် ကောင်းကင်နှင့် မြေပြင်ကိုပင် နှစ်ခြမ်းကွဲစေသည်။

သတ္တမမြောက် စက်ရုပ်သည် ဤသို့ဖြင့် ဖုန်မှုန့်ဘဝသို့ ရောက်ရှိသွားပြန်သည်။

ဝသဖ

ကြည့်ရှုနေကြ သူများသည် အသက်ပြင်းပြင်း ရှိုက်လိုက်မိပြီး တုန်လှုပ်မှု အတိုင်းသားပင်။ အန်လင်းထံတွင် ထိုသို့သော လှည့်ကွက်များ ရှိနေဦးမည်ဟု မထင်မိခဲ့ကြချေ။

အဌမမြောက် စက်ရုပ်သည်လည်း ဝါယောဓား နည်းစနစ်အောက်မှာပင် တူညီသည့် ကံကြမ္မာနှင့် တွေ့ကြုံသွားလေသည်။

သူ၏ ဝါယောဓား နည်းစနစ်တွင် ပါဝင်သော ဓားဆန္ဒသည် ခရမ်းကြယ်စင် ပြည်နယ်၏ နံပါတ် တစ် ပါရမီရှင်ဖြစ်သည့် ဓားအင်မော်တယ် အသုံးပြုသော နည်းစနစ်နှင့် ယှဉ်နိုင်လေသည်။ ထို့ကြောင့် လွန်စွာစွမ်းအား ကြီးလေသည်။

နဝမမြောက် စက်ရုပ်သည် အဖြူရောင် ဓားရှည်အား ကိုင်ဆောင်ထားပြီး လေဟာပြင်အား ဆုတ်ဖြဲကာဖြင့် အန်လင်း၏အရှေ့သို့ ရုတ်တရက်ဆန်စွာ ရောက်ရှိလာသည်။

သူ၏ဓားဆန္ဒကြောင့် ယင်း၏ နောက်ကျောဘက်တွင် ထောင်နှင့်ချီသည့် ဓားပျံများသည် အကာအကွယ် တစ်ခုသဖွယ် ဖြစ်နေပြီး မြေပြင်အား စုတ်ပြတ်သွားစေသည်။

အန်လင်း၏ ဝါယောဓားသည် စက်ရုပ်၏ အားကောင်းလှသော ဓားဆန္ဒအောက်တွင် ပျက်ပြယ်သွားရသည်။

ထို့နောက်တွင် ထောင်နှင့်ချီသည့် ဓားပျံများသည် စတင်တုန်ခါလာ ပြီးနောက် နဂါးသဏ္ဌာန် ဓားဝင်္ကပါတစ်ခု ဖြစ်တည်လာပြီး အဆုံးမဲ့သည့် စွမ်းအားဖြင့် အန်လင်းထံ ပျံသန်းလာလေသည်။

ဒုတိယနည်းစနစ် _ အရိပ်ကျား။

နဂါးသည် အန်လင်း၏ ခန္ဓာကိုယ်အား ဆုတ်ဖြဲသွားလေသည်။

သို့သော်လည်း သူ၏ခန္ဓာကိုယ်မှာ ပုံရိပ်ယောင် ဖြစ်သည့်အတွက် အနည်းငယ်မျှပင် ထိခိုက်မှု မရှိခဲ့ချေ။

ကောင်းကင်နှင့် မြေပြင်သည် ရုတ်တရက်ဆိုသလို အမှောင်ကျ သွားလေသည်။

“ဘာဖြစ်တာလဲ။ ဖန်သားပြင်က ပျက်သွားတာလား”

“လခွမ်းဟေ့ ... သောက်ရမ်း မိုက်နေကာမှ အနက်ရောင် ပြောင်းသွားတယ်တဲ့လား။ လာနောက် နေတာလားဟ”

“အစ်ကိုကြီးအန်လင်း ဘာဖြစ်သွားမှာလဲ”

“ဟူး ... ဖန်တီးခြင်းခန်းမက လူတွေက ရုပ်ဆိုးရုံတင်မကဘူး သောက်ကျင့်ကလည်း ပုပ်သေးတယ်”

***

ဖန်သားပြင် အနက်ရောင်သို့ ပြောင်းသွားသည့်အတွက် ရင်ပြင်ရှိ ကျောင်းသားများသည် ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။

ခြင်္သေ့မင်းသည်လည်း အလွန်ကြောင်အ နေမိပြီး ချက်ချင်းဆိုသလို ဆန္ဒနယ်မြေ ဖန်ကျောက်အား စစ်ဆေးကြည့် လိုက်သည်။ သို့သော်လည်း မည်သည့်ပြဿနာမှ ရှိမနေချေ။ ထို့နောက်တွင် ထိတ်လန့်စွာဖြင့် ဖန်သားပြင်အား ကြည့်လိုက်သည်။

“ဖြစ်နိုင်တာက....”

အလင်းရောင် ပြန်လည် ရောက်ရှိလာသည်။

ဖန်သားပြင်ပေါ်တွင် ပုံရိပ်ပြန်ပေါ်လာသည့် အခါ အန်လင်း၏ ဓားပတ်လည်တွင် အနက်ရောင်မြူခိုးများ လှည့်ပတ်နေသည်ကို မြင်လိုက်ရသည်။

သူ၏ရှေ့တွင် နှစ်ခြမ်းဖြစ်နေသည့် နဝမမြောက် စက်ရုပ်အား မြင်လိုက်ရသည်။

“ပြီးသွားပြီလား”

ကျောင်းသားအချို့မှာ မယုံကြည်နိုင်ဘဲ ရှိနေလေသည်။

“သူ့ရဲ့ ဓားဆန္ဒက ကောင်းကင်နဲ့ မြေပြင်ကို အနက်ရောင် ပြောင်းသွားစေတာလား”

“မိုက်တယ်ဟေ့။ နတ်ဘုရား အန် ကတော့ သောက်ရမ်းမိုက်တဲ့ အကွက်တွေ ခင်းလိုက်ပြန်ပြီ”

ကျောင်းသားတချို့သည် မယုံကြည်နိုင်မှုဖြင့် ကြောင်အလျက်ရှိပြီး အချို့မှာ တုန်လှုပ် ချောက်ချားလျက် ရှိကြသည်။ အချို့မှာမူ စိတ်လှုပ်ရှားမှုများ တစ်ဖန်ပြန်လည် ဖြစ်တည်လာကြသည်။

ထိုအချိန်မှာပင် ကောင်းကင်နှင့် မြေပြင်သည် ပြင်းထန်စွာ တုန်လှုပ်လာ ပြန်သည်။

များမကြာမီတွင် ကောင်းကင်တွင် အနက်ရောင် ဝဲကတော့တစ်ခု ပေါ်လာသည်။

ထိုဝဲကတော့သည် နယ်မြေ တစ်ခုလုံးအား ဖိနှိပ်ထားပြီး လွန်စွာ ကြောက်မက်ဖွယ်ရာ အော်ရာများ ဖော်ထုတ်ထာသည့် ပုံရိပ်တစ်ခုသည် ဝဲကတော့၏ အလယ်ဗဟိုမှ ထွက်ပေါ်လာလေသည်။

နယ်မြေတစ်ခုလုံး၏ အရှင်သခင်နှင့် တူလှသည်။ ဥက္ကာပျံများ ဆင့်ခေါ်ကာဖြင့် အန်လင်းအား ဖိကြိတ်ဖို့ရန် ကြိုးစားလေသည်။

ယင်းသည် အာမေဂါဒွန်ဆန္ဒ နယ်မြေ ဖြစ်လေသည်။ ဆန္ဒနယ်မြေ ဖန်ကျောက်၏ အသန်မာဆုံးသော စက်ရုပ်လည်း ဖြစ်သည်။ (အာမေဂါဒွန်ကို အရင်အပိုင်းမှာ ရှင်းပြပြီးသားပါနော်_)

မီးလျှံဥက္ကာပျံ များစွာသည် အန်လင်းပေါ်သို့ ကျဆင်းလာပြီး အာမေဂါဒွန် ဖြစ်ရပ်အား ဖန်တီးနေသလိုပင်။

အန်လင်းသည် နေရာတွင်သာ မရွေ့မလျား ရပ်နေပြီး သူ့အားဖိနှိပ်ထားသည့် ဖိအားများကြောင့် မွန်းကျပ်လာလေသည်။

“ကောင်းပြီ။ နောက်ဆုံးနည်းစနစ်ကို အသုံးပြုရတာပေါ့။ အံ့ဖွယ်ဓား”

မိုးသီးမိုးပေါက်များ ရွာသကဲ့သို့ ကြောက်မက်ဖွယ်ရာ မြင်ကွင်းအား ကြည့်နေရင်းနှင့်ပင် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာသည်။ ထို့နောက်တွင် သူ၏စိတ်ကို စုစည်းကာဖြင့် နောက်ဆုံး နည်းစနစ်ကို အသုံးပြု တိုက်ခိုက်မည် ဖြစ်သည်။

ဘုန်း

အဆုံးမဲ့သည့် အဖျက်စွမ်းအားသည် ကောင်းကင်နှင့် မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး တောက်ပသည့် ရွှေရောင်အလင်းသည် နတ်ဘုရားခွန်အားနှင့် အရာအားလုံးကို ဖိကြိတ်လိုက်လေသည်။ ထိုတိုက်ခိုက်မှုဖြင့် ထွက်ပေါ်လာသည့် ပြင်းအားသည် အရာအားလုံးကို ပျက်ဆီးသွားစေသည်။

ဖန်သားပြင်ပေါ်ရှိ ပုံရိပ်များ ပျောက်ကွယ်သွား ပြန်သည်။ ဤတစ်ကြိမ်တွင် အနက်ရောင် ဖန်သားပြင်အစား ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ကြည့်ရှုနေကြသူများ အားလုံးတို့သည် ဖမ်းစားခံလိုက်ရပြီး မည်သည့် စကားမျှပင် မဆိုနိုင်ကြချေ။

တကယ်ကြီး ဆန္ဒတိုက်ပွဲကော ဟုတ်ရဲ့လား။ အာမေဂါဒွန်ကို ဆန့်ကျင် တိုက်ခိုက်နေတာ အသိသာကြီးပဲကို။

သူ၏အသိစိတ် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်လာသည့် အခါတွင် အန်လင်းမှာ သူ၏ဦးခေါင်းအား ထုရိုက်ထားသကဲ့သို့ နာကျင်နေလေသည်။

မြေပြင်တွင် ပင်ပန်းကြီးစွာ ထိုင်နေပြီး ဆန္ဒနယ်မြေ ဖန်ကျောက်အား စိုးရိမ်မှုအပြည့်ဖြင့် ကြည့်လိုက်ပြီးမှ သက်ပြင်း ချလိုက်လေသည်။

ကံကောင်းစွာဖြင့် အက်ကွဲသွားခြင်း မရှိချေ။

ထို့နောက်တွင် ဖန်ကျောက်တုံး အနက်ရောင် ပြောင်းသွားပြန်သည်။

“ဟမ် ... အနက်ရောင် ဖြစ်သွားပြန်ပလားဟ”

“နတ်ဘုရားအန်က လှည့်ကွက်တွေ သုံးလိုက်လို့ ဖန်သားပြင်က ရွှေရောင်ကနေ အနက်ရောင် ပြန်ပြောင်းသွားတာလား”

“အဲဒီလိုဖြစ်နိုင်တယ်။ စောင့်ကြည့်ရအောင်”

တစ်မိနစ် ကြာပြီးနောက်။

လူတိုင်း : “…”

ဤတစ်ကြိမ်သည် အမှန်တကယ် အနက်ရောင် ဖြစ်သွားပုံရသည်။

“ကြည့်ကြဟေ့ နတ်ဘုရား အန် ပြန်ရောက်လာပြီ”

ခေတ္တမျှ ကြာပြီးနောက်တွင် လူတစ်ဦးမှ အော်ပြောလေသည်။

လူတိုင်းသည် ဖန်သားပြင်ကိုသာ အာရုံစိုက်နေ ကြသည်ကြောင့် အန်လင်းအသိစိတ် ပြန်လည်လာခြင်းအား မည်သူကမျှ သတိမပြုမိလိုက်ခြင်း ဖြစ်သည်။

အားလုံး၏ အကြည့်များသည် အန်လင်းထံသို့ ရော်ကရှိသွားကြပြီး ပွဲကြည့်စင်မှ လူအားလုံးသည် လက်ခုပ်ဩဘာများ ပေးလာကြလေသည်။

“နတ်ဘုရား အန် ရဲ့ သောက်ကြမ်းတိုက်ပွဲပဲ။ လုံးဝကို ငါ့ရဲ့ အိုင်ဒဲလ် ပီသလွန်းပါတယ်”

“ဖန်သားပြင်က အနက်ရောင် ပြောင်းသွားတာဆိုတော့ နိုင်တာလား ရှုံးတာလား ငါ့လည်းပြောကြပါဦး”

“ဟာ ... ဒိုင်တွေက ဘာလုပ်နေကြတာလဲ။ မြန်မြန်လေး ကြေညာတော့လေ။ သောက်ကျိုးနည်း”

“တော်ကြတော့။ ခြင်္သေ့မင်းက ဘာလုပ်ရမယ်ဆိုတော့ မသိဘဲဖြစ်နေတာ မင်းမမြင်ဘူးလား။ သူ့ကို နှာနှပ်လိုက်ကြပါဦး”

***

ခြင်္သေ့မင်းသည် သူ၏လက်အား ကျောက်တုံးပေါ် တင်လိုက်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာလေသည်။ ထို့နောက်တွင် အန်လင်းအား မယုံကြည်နိုင်မှုဖြင့် ကြည့်လိုက်မိသည်။

ဖန်သားပြင် အနက်ရောင် ဖြစ်သွားသည့်အတွက် ဆိုလိုသည်မှာ အတွင်းထဲရှိ စွမ်းအင်များ ကုန်စင်သွားခြင်းဟု အဓိပ္ပာယ်ရလေသည်။ ယင်းမှာ ဆန္ဒနယ်မြေ ဖန်ကျောက်အတွင်းရှိ စက်ရုပ်များသာမက ကောင်းကင်နှင့် မြေပြင်အားလုံးတို့သည် ဓားတစ်ချက်အောက်တွင် အမြစ်ဖြတ် သုတ်သင်ခြင်း ခံလိုက်ရပြီဟု ဆိုလိုသည်။

“ဘယ်ကလဲ။ ဘယ်ကနေ ဒီလို ထူးချွန်လှတဲ့ ပါရမီရှင် ရောက်လာတာလဲ”

ခြင်္သေ့မင်းသည် တီးတိုးရေရွတ် နေမိသည်။

ဖန်ကျောက်အတွင်းရှိ နယ်မြေအား ပြန်လည် တည်ဆောက်ရန်နှင့် အသက်သွင်းရန်အတွက် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်း ကုန်ကျပေမည်။

ဖာ့ခ် ထိုအရာအားလုံးအား သူစိုက်ထုတ်ရမည် ဖြစ်သည်။ ဘယ်လိုတောင် ဆုံးရှုံးရတာလဲကွာ။

ခြင်္သေ့မင်းသည် စိတ်ထဲတွင် ကမ္ဘာပျက်မတတ် အော်ဟစ်ငိုကြွေးလျက် ရှိသော်လည်း ရလဒ်အား ကြေညာရမည် ဖြစ်သည်။

“ကိုယ်စားလှယ် အန်လင်းက စက်ရုပ် ၁၀ ရုပ်လုံးကို သတ်ဖြတ်နိုင် ခဲ့တာကြောင့် ၁၀ မှတ် ရရှိပါတယ်”

ထိုကြေညာချက် အပြီးတွင် ရင်ပြင်တစ်ခုလုံး၌ အားပေးသံများ ထွက်ပေါ်လာလေသည်။

အခြားသော အင်အားကြီး ၃ ရပ်မှ ကိုယ်စားလှယ်များ သည်လည်း အန်လင်းအား လေးစားစွာဖြင့် ကြည့်လာကြလေသည်။

အန်လင်းသည် လွန်စွာကြမ်းတမ်းကာ ကြောက်မက်ဖွယ် ကောင်းသည့် တိုက်ပွဲအား ပြသခဲ့ခြင်းဖြစ်သည်။ သူ၏ရလဒ်နှင့် ပတ်သက်၍ အထွန့်တက်ရန် အကြောင်းမရှိချေ။

အန်လင်းသည် မတ်တတ်ရပ်ကာဖြင့် ဝမ်ရွှမ်ကျန့်နှင့် လျှိုချင်ဟွမ်တို့ထံ လျှောက်လှမ်း သွားလေသည်။

“တွေ့လား။ ပြောပါတယ်။ ပထမ ရမှာပါလို့။ ကျွန်တော်ကတော့ ကတိပေးထားတဲ့အတိုင်း လုပ်ခဲ့လိုက်ပြီနော်။ ဘယ်သူကမှ အမှတ်ပြည့်ထက် ပိုမရနိုင်တော့ဘူး။ ဟုတ်တယ်မလား”

“အခု စီနီယာတို့အလှည့်ပဲ”

အန်လင်း၏ စကားများကို ကြားသည့်အခါတွင် ဝမ်ရွှမ်ကျန့်နှင့် လျှိုချင်ဟွမ်တို့ နှလုံးသားများ တုန်ယင်လာပြီး တစ်ညီတစ်ညွတ်တည်း ခေါင်းညိတ် လိုက်ကြသည်။

လွန်စွာ ပြောင်မြောက်လှသည့် စတင်မှုအား အရောင်တင်ပေးဖို့ အလှည့်ကျပြီ ဖြစ်သည်။

***

All Chapters