← Chapters

လှုပ်ရှားခြင်း

Vol. 4 Ch. 33

လှုပ်ရှားခြင်း

Vol. 4 Ch. 33

နာရီဝက်ခန့်အကြာတွင် မုန့်ကျွင်းရှင်းသည် အပြေးအလွှား ရောက်ရှိလာသည်။ သူ့ကိုယ်သူ ညီမလေးဟု အမည်ခံထားသော အမျိုးသမီးကို မြင်လိုက်ရသောအခါ သူ၏မျက်ဝန်းထဲမှ အေးစက်မှုများမှာ ပိုမိုပြင်းထန်လာသည်။

သူမသည် ပုံရိပ်ယောင်အတတ်၏ အရှိန်အဝါများဖြင့် ဖုံးကွယ်ထားပြီး သူမ၏ ကိုယ်ဟန်နှင့် ရုပ်သွင်မှာ ပြောင်းလဲနေသည်။ ဤအချက်ကြောင့်ပင် မုန့်ကျွင်းရှင်းသည် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ပို၍ပင် သေချာသွားစေသည်။ အကြောင်းမှာ ဤအရာသည် သူတို့ မုန့်မိသားစု၏ ပုံရိပ်ယောင်အတတ် ဖြစ်နေသောကြောင့်ပင်!

သူမပဲ၊ မုန့်ဝမ်! သူမသည် သူ၏ဖခင်ကို ဒဏ်ရာရစေခဲ့ပြီး ကြီးမားသော ဘေးဒုက္ခတစ်ခုကို ဖန်တီးခဲ့သူဖြစ်ကာ ယခုမူ သူ့ရှေ့မှောက်သို့ ပေါ်လာရဲသေးသည်လား?

တံခါးစောင့်နေသော တပည့်နှစ်ဦးမှာ အခြေအနေကို ချက်ချင်းနားလည်သွားပြီး နောက်ပြောင်လိုက်ကြသည်။

"စီနီယာအစ်ကို မုန့်... သူမက ခင်ဗျားရဲ့ 'ညီမလေး' ဖြစ်နေမှတော့ ရပါတယ်။ နောက်ခါကျရင်တော့ ဝင်ခွင့်တံဆိပ် ပေးဖို့ မမေ့နဲ့ဦး"

"ခင်ဗျားရဲ့ ညီမလေးကို အလိုလိုက်ရမှာပေါ့။ ကိစ္စအသေးအမွှားလေးနဲ့ မောင်နှမချင်း စိတ်ဝမ်းမကွဲပါစေနဲ့၊ ဟားဟား"

မုန့်ကျွင်းရှင်းသည် သူတို့၏ စနောက်မှုများကို လျစ်လျူရှုလိုက်ပြီး မုန့်ဝမ် ပေါ်လာသည့်အကြောင်း မိသားစုလူကြီးများကို အသိပေးရန် ‘သတင်းပို့အဆောင်’ ကို ထုတ်ယူရန် ပြင်လိုက်သည်။ သို့သော် ရုတ်တရက် သူသည် ညည်းညူသံပြုကာ မျက်နှာဖြူလျော်သွားပြီး သတိလစ်လဲကျသွားတော့သည်။

“ကျွင်းရှင်းအစ်ကို... ဘာဖြစ်တာလဲဟင်?”

မုန့်ဝမ်သည် တစ်ဟုန်ထိုး ပြေးဝင်သွားပြီး မုန့်ကျွင်းရှင်း၏ ခန္ဓာကိုယ်ကို ဖေးမလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေပြီး အသံမှာလည်း ရှိုက်ကြီးတငင် ဖြစ်နေသည်။

“ဒါ ကျွန်မအမှားပါ။ အစ်ကိုက ကျွန်မကြောင့် ရောဂါဟောင်း ပြန်ထလာတာ ဖြစ်မှာပဲ။ အားလုံးက ကျွန်မအမှားတွေပါ!”

မုန့်ကျွင်းရှင်း သတိလစ်သွားသည်ကို မြင်သောအခါ တံခါးစောင့်တပည့်နှစ်ဦးမှာ အစပိုင်းတွင် စိုးရိမ်သွားသော်လည်း ရောဂါဟောင်းဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ သူတို့၏ စိုးရိမ်မှုများမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။

“ရောဂါဟောင်းဆိုမှတော့ မြန်မြန်ပဲ အခန်းထဲပြန်ခေါ်ပြီး ကုသပေးလိုက်တော့”

မုန့်ဝမ်သည် တံခါးစောင့် စီနီယာအစ်ကိုနှစ်ဦးကို ကျေးဇူးတင်စကား ပြောလိုက်ပြီး မုန့်ကျွင်းရှင်း၏ နေအိမ်တည်နေရာကို မေးမြန်းကာ သူ၏ခန္ဓာကိုယ်ကို သူမ၏ သွယ်လျသော ကျောပေါ်တွင် ပိုး၍ တစ်လှမ်းချင်း လှမ်းထွက်သွားတော့သည်။

မုန့်ဝမ်သည် မုန့်ကျွင်းရှင်းကို ပိုးကာ မုန့်ကျွင်းရှင်း၏ ‘ကျင့်ကြံရေးဂူ’ သို့ ပြန်ရောက်လာသည်။ ပတ်ဝန်းကျင်တွင် လူမရှိတော့သဖြင့် မုန့်ဝမ်သည် ဆက်ပြီး သရုပ်ဆောင်နေရန် မလိုတော့ပေ။ သူမသည် မုန့်ကျွင်းရှင်းကို မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်ပြီး သူ၏ပါးစပ်ကို ဖြဲကာ ‘ရွှေမီးလုံး’ တစ်လုံးကို အတင်းထိုးထည့်၍ မျိုချခိုင်းလိုက်သည်။

မုန့်ကျွင်းရှင်းမှာ နာကျင်မှုကြောင့် နိုးလာသော်လည်း ထိတ်လန့်စရာကောင်းသည်မှာ သူသည် မလှုပ်ရှားနိုင်ဘဲ တစ်ခုခုကို အတင်းမျိုချခိုင်းခြင်း ခံနေရခြင်းပင်။ သူက မုန့်ဝမ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး - “ဖာသည်မ... နင် ငါ့ကို ဘာကျွေးလိုက်တာလဲ?” ဟု မေးလိုက်သည်။

မုန့်ဝမ်က သူ့မျက်စိရှေ့တွင် ရွှေမီးလုံးကို လှုပ်ယမ်းပြရင်း နောက်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။ “ကောင်းတဲ့အရာလေးပါ၊ ကြည့်လိုက်ဦးလေ”

“ရွှေမီးလုံး!”

မုန့်ဝမ်၏ လက်ထဲမှ ပစ္စည်းကို မှတ်မိသွားသောအခါ မုန့်ကျွင်းရှင်းမှာ တုန်လှုပ်သွားပြီး ချက်ချင်းပင် အသိစိတ်များ အကုန်ပြန်ဝင်လာသည်။ အကယ်၍ ရွှေမီးလုံးက သူ၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲသွားပါက သူသည် ထိုနေရာတင် ပွဲချင်းပြီး သေဆုံးသွားမည် မဟုတ်ပါလား?

မုန့်ကျွင်းရှင်းမှာ ကြောက်ရွံ့လွန်းသဖြင့် တုန်ရီနေပြီး မျက်ရည်များဖြင့် အသနားခံတော့သည်။

“ဝမ်ဝမ်... နင်က ငါ့ရဲ့ ညီမလေးပဲ၊ ငါ့ရဲ့ တစ်ဦးတည်းသော ညီမလေးပါ။ ငါက နင့်ကို အမြဲတမ်း ဂရုစိုက်ခဲ့တာပဲလေ၊ အင့်... အင့်...”

မုန့်ဝမ်က ဒုတိယမြောက် ရွှေမီးလုံးကို အတင်းမျိုချခိုင်းလိုက်ပြန်သည်။ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။

“နင်က ငါ့ရဲ့ ‘အစ်ကိုကောင်း’ ဖြစ်နေလို့ပဲ ငါကိုယ်တိုင် နင့်ကို လမ်းပြပေးချင်တာ”

မုန့်ကျွင်းရှင်းမှာ အန်ထုတ်ချင်သော်လည်း ဝမ်းဗိုက်ထဲသို့ မျိုချလိုက်ရသော ရွှေမီးလုံးကို အန်ထုတ်၍ မရတော့ပေ။ သူက မုန့်ဝမ်ကို ကြည့်လိုက်ရာ ယခင်က သံယောဇဉ်ရှိဟန် ဆောင်နေခြင်းများ မရှိတော့ဘဲ သူ၏ မျက်ဝန်းများထဲတွင် မုန်းတီးမှုနှင့် အဆိပ်အတောက်များဖြင့် ပြည့်နှက်နေသည်။

“မုန့်ဝမ်! ဒါက ရွှေတိမ်တိုက်ဂိုဏ်းရဲ့ အတွင်းစည်းဂိုဏ်းပဲ။ နင် ငါ့ကို သတ်လိုက်ရင် ရွှေတိမ်တိုက်ဂိုဏ်းကော၊ မုန့်မိသားစုကော နင့်ကို လွှတ်ထားမှာ မဟုတ်ဘူး!”

မုန့်ဝမ်က တတိယမြောက် ရွှေမီးလုံးကို မုန့်ကျွင်းရှင်းအား အတင်းမျိုချခိုင်းလိုက်ပြန်သည်။

“အဲဒီစကားတွေကို ငါ သေဘာကျတယ်၊ ပြောနိုင်သလောက် ထပ်ပြောဦးလေ”

မုန့်ကျွင်းရှင်းမှာ မျှော်လင့်ချက် ကုန်ဆုံးလုနီးပါး ဖြစ်လာသည်။ သူ၏ ညီမလေးသည် တကယ့်ကို မိစ္ဆာတစ်ကောင်ပင်။ မုန့်ကျွင်းရှင်းမှာ နောင်တရမိသည်။ မုန့်ဝမ်သည် ဤမျှ စိတ်ဖောက်ပြန်နေပြီး ရွှေတိမ်တိုက်ဂိုဏ်းထဲမှာပင် သူ့ကို တိုက်ခိုက်ရဲလိမ့်မည်ဟု သိခဲ့လျှင် သူ အပြင်မထွက်ခဲ့သင့်ပေ!

“ဖြန်း!”

မုန့်ဝမ်က လက်ကို ရုပ်လိုက်ပြီး မုန့်ကျွင်းရှင်းကို အေးစက်စွာ ကြည့်လိုက်သည်။

“ငါ ဒီလောက်အထိ ကြိုးစားလာခဲ့တာကို နင့်ကို လက်လျှော့ခိုင်းစေချင်တာလား? နင့်ကို သတ်ဖို့ ငါ ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲ နင်သိလား?”

မုန့်ကျွင်းရှင်းကို ရိုက်ပြီးနောက် သူမ ပြန်ပြုံးလိုက်ပြန်သည်။

“မိစ္ဆာကျင့်ကြံသူ ဖြစ်ရတာ ကောင်းပါတယ်။ အကယ်လို့ ကိုယ့်နေရာကိုယ် မသိတဲ့လူနဲ့ တွေ့ရင် ကျင့်ကြံရေးလောကရဲ့ စည်းကမ်းတွေကြောင့် ကန့်သတ်မခံရဘဲ စိတ်ကြိုက် သတ်ပစ်လို့ရတယ်......”

မုန့်ကျွင်းရှင်းမှာ ကြောက်လွန်းသဖြင့် ငိုမိတော့မတတ် ဖြစ်နေသည်။ “မုန့်ဝမ်... ငါ နင့်ကို တောင်းပန်ပါတယ်။ ငါတို့သွေးသားချင်း တော်စပ်တာကို ထောက်ထားပြီး ငါ့အသက်ကို ချမ်းသာပေးပါနော်?”

“နင်နဲ့ သွေးသားချင်း တော်စပ်နေလို့ပဲ ငါ့ကိုယ်ငါ ညစ်ပတ်တယ်လို့ ခံစားရတာ။ ငါ နင့်ကို သတ်လိုက်မယ်၊ ပြီးတော့ မုန့်မိသားစုက လူအားလုံးကို သတ်ပစ်လိုက်ရင်တော့ ညစ်ပတ်တော့မှာ မဟုတ်ဘူး”

မုန့်ဝမ်က ပြောပြောဆိုဆိုနှင့် နောက်ထပ် ရွှေမီးလုံး သုံးလုံးကို မုန့်ကျွင်းရှင်း၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။

“မုန့်ဝမ်... နင် မိစ္ဆာလမ်းစဉ်ထဲ ကျရောက်သွားပြီ၊ နင် ကောင်းကောင်း သေရမှာ မဟုတ်ဘူး!”

“ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ နင်ကတော့ အဲဒီနေ့ကို မြင်ရအောင် အသက်မရှည်တော့တာ နှမြောစရာပဲ”

စကားမဆုံးမီမှာပင် မုန့်ဝမ်သည် ‘သွေးမိစ္ဆာ နတ်ဆိုးကျင့်စဉ်’ ကို တိုက်ရိုက် အသုံးပြုလိုက်ပြီး မုန့်ကျွင်းရှင်း၏ သွေးများအားလုံး၏ ၇၀ ရာခိုင်နှုန်းကို စုပ်ယူလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သန်မာသော မုန့်ကျွင်းရှင်းမှာ သွေးများ အစုပ်ခံလိုက်ရသဖြင့် အရိုးပေါ် အရေတင် ဖြစ်သွားတော့သည်။

မုန့်ကျွင်းရှင်း၏ သွေးအနှစ်သာရများကို စုပ်ယူပြီးနောက် မုန့်ဝမ်သည် ဝိညာဉ်ဖြိုခွဲအပ်(ဝိညာဉ်ခွဲသံမှိုလို့ ရှေ့ပိုင်းမှာ သုံးထားပါတယ်) ကို အသုံးပြုကာ မုန့်ကျွင်းရှင်း၏ ဝိညာဉ်အာရုံကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး နောက်ရက်အနည်းငယ်အထိ နိုးမလာစေရန် လုပ်ဆောင်လိုက်သည်။

အရာအားလုံး အဆင်သင့်ဖြစ်ပြီဖြစ်ရာ မုန့်ဝမ်သည် သူမ ရှိနေခဲ့သော အမှတ်အသားအားလုံးကို ဖျက်ဆီးလိုက်ပြီး ဝိညာဉ်ဖုံးကွယ်ဝတ်ရုံ ကို ဝတ်ဆင်ကာ တိတ်တဆိတ် ထွက်ခွာခဲ့သည်။ သူမသည် လူသူမရှိသောလမ်းများကို ရွေးချယ်ကာ အတွင်းစည်းဂိုဏ်းမှ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့ပြီး ရွှေတိမ်တိုက်ဂိုဏ်းက သူတို့ကို ထားရှိသောတောင်ကတုံးပေါ်ရှိ ဝင်းထဲသို့ ပြန်ရောက်လာ၏။

လေးယောက်ခန်းသို့ ပြန်ရောက်သောအခါ မုန့်ဝမ်သည် အတူနေတပည့်များ၏ မေးခွန်းအချို့ကို ပေါ့ပေါ့ပါးပါးပင် ဖြေကြားလိုက်ပြီး စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်သည်ပင်။

မုန့်ဝမ်သည် စိတ်ထဲမှအချိန်ကို တွက်ချက်နေလိုက်၏။ နောက်တစ်နေ့ နံနက် (၃ နာရီမှ ၅ နာရီ) ဝန်းကျင်တွင် ပြင်းထန်သော ဝိညာဉ်အာရုံတစ်ခုမှာ ဝင်းတစ်ခုလုံးကို ရုတ်တရက် လွှမ်းခြုံသွားတော့သည်။ ကြီးမားသော ဖိအားကြောင့် လူတိုင်းမှာ အသက်ရှူရ ခက်ခဲသွားကြသည်။

ရွှေတိမ်တိုက်ဂိုဏ်း၏အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက လှုပ်ရှားလိုက်ပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဝင်း၏အထက်တွင် လူရိပ်တစ်ခု ပျံသန်းလာသည်။

“မိစ္ဆာကျင့်ကြံသူ တစ်ယောက်က ငါ့ရဲရွှေတိမ်တိုက်ဂိုဏ်း အတွင်းစည်းဂိုဏ်းထဲကို ခိုးဝင်ပြီး ငါ့ရဲ့ အတွင်းစည်းတပည့်ကို လုပ်ကြံသတ်ဖြတ်သွားတယ်။ အခုကစပြီး လူတိုင်း ငါတို့ ရွှေတိမ်တိုက်ဂိုဏ်းရဲ့ စစ်ဆေးမေးမြန်းမှုကို ခံယူရမယ်။ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မသိရသရွေ့ ဘယ်သူမှ ဒီနေရာကနေ ထွက်သွားခွင့် မရှိဘူး!”

All Chapters