← Chapters

နောက်ဆုံးနားနေရာ

Vol. 1 Ch. 479

နောက်ဆုံးနားနေရာ

Vol. 1 Ch. 479

“ဘာ ခေါင်းဆောင်နဲ့ကျန်းရီ ပျောက်နေတာလား ”

ရှားယွီမြို့ထဲတွင် တိုက်ပွဲဖြစ်ပြီး ငါးရက်ကြာခဲ့ပြီဖြစ်သည်။ မဟာရှ တိုင်းပြည်အတွင်း၌ ကျန်သည့်တိုင်းပြည်များက ကင်းထောက်များ သူလျှိုများလွှတ်ပြီး အခြေအနေကို ထပ်ခါထပ်ခါ စုံစမ်းစစ်ဆေးခိုင်း၏။ သို့သော် သူတို့ပြန်ရသည့်သတင်းက လင်းရွှယ်၊ ရှောင်လုံဝမ်နှင့် ကျန်သည့်သူများကို အောက်ခြေထိ နစ်မြုပ်သွားစေတော့သည်။

မဟာရှတိုင်းပြည်၏ တောင်ပိုင်းအကျဆုံး အပိုင်းတွင် ဧရာမတောင်းတန်းဒေသ တစ်ခုရှိပြီး ပြင်းထန်သည့် တိုက်ပွဲအရိပ်ယောင်ကို ရှာတွေ့ခဲ့ရသည်။ တောင်တန်းများစွာက လက်ချောင်းအားကြောင့် တစ်စစီဖြစ်ကုန်ပြီး ဧရာမတောင်တန်း တောအုပ်သည်လည်း မီးလောင်ကျွမ်းသွားပေ၏။ သက်သေများ အားလုံးက လင်းခေါင်းဆောင်နှင့် ကျန်းရီတို့ ဤနေရာတွင် ပြင်းထန်သော တိုက်ပွဲတစ်ပွဲအကြောင်း ညွှန်ပြနေပေ၏။ ထိုသို့ဆိုလျှင် သူတို့နှစ်ဦး အဘယ့်ကြောင့် ပျောက်ဆုံးနေရသနည်း။

ကျန်းရီသည် ရှားယွီမြို့အပြင်ဘက်၌ တစ်ကိုယ်တည်းရှိနေပြီး သူသည် ဗာဂျရာနယ်ပယ် အကြွင်းမဲ့ပညာရှင် လေးဦးနှင့် တိုက်ခိုက်ခဲ့၏။ နောက်ဆုံးတွင် သူတို့ထဲမှ သုံးယောက်ကို သတ်ဖြတ်နိုင်ခဲ့ပြီး ရှောင်လုံဝမ်နှင့် ရှတည်ကို ကြောက်လန့်တကြား ထွက်ပြေးသွားစေခဲ့သည်က တစ်ကမ္ဘာလုံးကို ဆူပူလှုပ်ရှားသွားစေသည်။ အင်အားစုငါးစုသည် လင်းဂိုဏ်းဘိုးဘေးအပေါ် သူတို့၏ မျှော်လင့်ချက်များ ထားရုံသာ တက်နိုင်ပေ၏။

အဆုံးတွင် လင်းဂိုဏ်းဘိုးဘေးနှင့် ကျန်းရီက မပျောက်သွားခင်၌ မဟာရှတိုင်းပြည်၏ တောင်ပိုင်းတွင် တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့၏။ လူထုက မည်ကဲ့သို့ မစိုးရိမ်ဘဲ နေမည်နည်း။ လင်းဂိုဏ်းဘိုးဘေး၏ ခွန်အားက ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်တွင် ရှိနေသည်။ သို့သော် ထိုမျှရှည်ကြာစွာ တိုက်ခိုက်နိုင်မည်လား။ အဆုံးတွင် သူက ကျန်းရီကို မသတ်နိုင် ဖြစ်နေသေးသည်။ ကျန်းရီ၏ တိုက်ခိုက်ရေးအင်အားသည် လင်းခေါင်းဆောင်၏ တိုက်ခိုက်ရေးအင်အားနှင့် တူညီနေသည်လား။ သို့တည်းမဟုတ် သူသည် လင်းဂိုဏ်းဘိုးဘေးကို မီးရှို့ပစ်လိုက်သည်လား။ ယခုအချိန်တွင် သူက တစ်နေရာ၌ ပုန်းကွယ်နေပြီး လူများအားလုံးကို သတ်ဖြတ်ရန် အစီအစဉ်ချကာ ကုန်းပြင်မြင့်ကို စုစည်းရန် ကြံစည်နေသည်လော။

ကျန်းရီက အမြဲတမ်း ပုန်းရှိုးကွယ်ရှိုးနေတတ်ပြီး လင်းဂိုဏ်းဘိုးဘေး အနိုင်ရသွားခဲ့လျှင် သတင်းက တစ်လောကလုံးကို ပြန့်သွားပြီး စိတ်ဓာတ်ခွန်အား တည်ငြိမ်သွားစေမှာ ဖြစ်၏။ ခေါင်းဆောင်က ဒဏ်ရာပြင်းပြင်းထန်ထန် ရနေခဲ့လျှင်တောင် သူသည် သတင်းစကားပို့ရန် တစ်စုံတစ်ယောက်ကို ပို့နေသေးမှာပဲ ဖြစ်၏။ သို့သော် သူ့အကြောင်း ယခုအချိန်တွင် မည်သူမှ သတင်းမရခဲ့ပေ။ လူအုပ်ကြီးက မည်ကဲ့သို့ စိတ်အေးနိုင်မည်နည်း။

“နယ်မိမယ်ကျိ သူတို့ဘယ်သွားတယ်လို့ ထင်လဲ ”

အသူရာ ချောက်ကမ်းပါးအောက်တွင် အကြီးအကဲလုက ကျီထင်ယွီကို တည်ကြည်လေးနက်စွာ ကြည့်လိုက်သည်။ ကျန်းရီက သူတို့ကို ထပ်မံအထင်ကြီးစေပြန်၏။ မည်မျှကြာသွားသနည်း။ ကျန်းရီသည် လင်းဂိုဏ်းဘိုးဘေးကိုတောင် မည်ကဲ့သို့ ယှဉ်နိုင်သနည်း။ နတ်ဆိုးဧကရီကို ထွက်သွားခိုင်းပြီး ရွှေယို့လန်နှင့် ကိုယ်တော်လေးတို့ကိုသာ တားရန် ကျီထင်ယွီ၏ အစီအစဉ်ကြောင့်သာ မဟုတ်လျှင် ကုန်မြေမြင့်ပေါ်၌ ကျန်းရီကို ဖိနှိပ်နိုင်မည့်လူ မည်သူမှ မရှိတော့မှာကို သူစိုးရိမ်မိ၏။

“သူတို့ဘယ် သွားနိုင်မှာလဲ တောင်ပင်လယ် ဒါမှမဟုတ် အရှေ့ပင်လယ်ပေါ့ ”

ကျီထင်ယွီက ကင်းထောက်များ ပြန်ပို့လာသည့် အချက်အလက်များကို ဖတ်နေ၏။ အချက်အလက် အပိုင်းအစတိုင်းက အချိန်အတော်ကြာ တွေးတောရမည်ဖြစ်သည်။ သူမ၏ အမူအရာက အမြဲတမ်းတည်ငြိမ်ပြီး ငြိမ်းချမ်းနေကာ နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့ ရှိနေပေ၏။ သူမ လက်ခါကာ ပြောလိုက်တော့သည်။

“အကြီးအကဲလု စိတ်မပူနဲ့ ကျန်းရီက လင်းဂိုဏ်းဘိုးဘေးကို အနိုင်မယူနိုင်ဘူး ”

“အော် ” အကြီးအကဲလု၏ မျက်လုံးက တောက်ပသွားသည်။ သူက စိတ်ပူပန်စွာ မေးလိုက်၏။

“နတ်မိမယ်ကျိက ဘာကြောင့်ဒီလို ပြောတာလဲ သူတို့ပင်လယ်ဘက်ကို သွားမယ်လို့ ဘယ်လိုလုပ် ကောက်ချက်ချနိုင်တာလဲ ပင်လယ်က အစွမ်းထက်တဲ့ ပင်လယ်နတ်ဆိုးတွေနဲ့ ပြည့်နေတာ သူတို့သေချင်လို့လား ”

“ခစ် ခစ် ” ကျီထင်ယွီက မရှင်းပြခဲ့ပေ။ သူမက တစ်ခစ်ခစ် ရယ်မောပြီးနောက် အချက်အလက်များကို ဆက်လက် လေ့လာနေ၏။ ခဏကြာပြီးနောက် သူမက မေးလိုက်သည်။

“အကြီးအကဲကျန်း ဘယ်မှာလဲ ”

အကြီးအကဲလုက အရိုအသေပေးလျက် ပြောလိုက်သည်။ “သူက ခွမ်းဟန် ရေခဲလွင်ပြင်မှာ ရောက်နေပါပြီ တစ်ရက်အတွင်း ပြန်လာလောက်မှာပါ နတ်မိမယ်က တွက်ချက်ထားတာ မှန်တယ် အကြီးအကဲကျန်းက သူ့တာဝန် ပြီးသွားပြီ ”

“အွန်း ” သူမ၏ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီးနောက် ထပ်မေးလိုက်သည်။

“ခေါင်းဆောင်ခန်းမသခင်က ဘယ်အချိန် ပြန်လာမှာလဲ ”

အကြီးအကဲက အချိန်ကို တွက်ချက်ပြီးနောက် ပြောလိုက်သည်။ “လဝက်လောက်နေရင် ”

“ကောင်းပြီ ” ကျီထင်ယွီက မတ်တတ်ထရပ်ပြီးနောက် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

“ကောင်းပြီ အားလုံးက ကျွန်မလက်တွင်းမှာပဲ ကျန်းရီက လင်းခေါင်းဆောင်ဆီကနေ လက်မြောက်လာခဲ့ရင်တောင် ကျွန်မရဲ့ထိန်းချုပ်မှုကို မဖြိုခွင်းနိုင်ဘူး အကြီးအကဲလု စိတ်ချထားလိုက်”

ဝှစ်

အရှေ့ပင်လယ်အထက်ရှိ ကောင်းကင်ထဲတွင် ဧရာမသားရဲတစ်ကောင်က ဝှီးကနဲ သွားနေ၏။ အနီဝါရောင် အလင်းစီးကြောင်းက ၎င်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေပြီး အရေပြားပေါ်တွင် မီးတောင်ချော်ရည်များ စီးဆင်းနေသည်နှင့် တူနေ၏။ ၎င်း၏အမြှီးပေါ်တွင် ဂြိုလ်နှစ်ခုရှိနေပြီး ခေါင်းကမူ ကခုန်နေသာ မီးလျှံလုံးများနှင့် ပိုတောင်တူနေပေ၏။

ဧရာမသားရဲပေါ်တွင် ဝတ်ရုံပြာဖြင့် လူငယ်တစ်ဦးက ထိုင်နေလေသည်။ သူ၏အနီရောင် ဆံနွယ်များက လေထဲတလူလူ လွင့်နေ၏။ လူငယ်က တင်ပြင်ခွေချိတ် ထိုင်နေပြီးနောက် သူ့မျက်လုံးများကို မှိတ်ထားကာ အနားယူနေသည်။ သားရဲက ခန္ဓာကိုယ်ပေါ်တွင် သိသာသော ဒဏ်ရာအချို့ ရှိနေ၏။ သို့သော် အမာရွတ်များအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ကျန်းမာရေးက အနည်းနှင့်အများ ပြန်ကောင်းလာပြီဖြစ်၏။

ဝှစ်

ရုတ်တရက် အနက်ရောင် အစက်တစ်စက်က မလှမ်းမကမ်းသို့ လျင်မြန်စွာ လွင့်ထွက်လာပြီး ဧရာမသားရဲထက် ပိုမြန်နေပေ၏။ သူတို့က ပိုနီးကပ်စွာ ရောက်လာကြသည့် ပြင်းထန်သည့်ဖိအားက တောင်တစ်တောင်ကဲ့သို့ ဖိနှိပ်နိုင်စွမ်းရှိပြီး ဧရာမသားရဲ၏ အရှိန်ကို နှေးသွားစေ၏။ နောက်ဆုံးတော့ သူလိုက်မီလာပြီ။

ဧရာမသားရဲအပေါ်ရှိ လူငယ်က မျက်လုံးဖွင့်လိုက်သည်။ သူ၏နှုတ်ခမ်းပေါ်တွင် ခါးသက်သည့် အရိပ်အယောင် ပေါ်လာ၏။ ငါးရက်သာ ကုန်လွန်သေးပြီး လင်းဂိုဏ်းဘိုးဘေးက သူ့ကို ရှာတွေ့သွားပြီဖြစ်သည်။ သူအဝတ်အစားများကို အပိုင်းအစ ဆယ်ခုကျော် ဆုတ်ဖြဲပြီးနောက် ပင်လယ်နတ်ဆိုး တစ်ဒါဇင်ကျော်ကို သယ်ဆောင်သွားခိုင်းပြီးနောက် ရှာတွေ့တာဖြစ်သည်။

ကျန်းရီသည် သေမင်းပင်လယ်ပြင်သို့ သွားရန် ဆုံးဖြတ်ချက် ချပြီးနောက်သူက အချိန်ဆွဲရန် ကြိုးစားနေ၏။ ဥပမာအနေဖြင့် သူ၏ရောင်ဝါကို ဖုံးကွယ်ရန်အတွက် ပင်လယ်ဆီသို့ နေရာရွှေ့ပြောင်းသွားခဲ့သည်။ သူသည် စကြ၀ဠာနန်းတော်ထဲမှ ပင်လယ်နတ်ဆိုး အချို့ကိုလည်း ထုတ်ပြီး သူတို့ကို အရပ်မျက်နှာအနှံ့ ပတ်ပြေးစေကာ သူ၏အဝတ်အစား ဆံပင်နှင့် အသွေးအသားများကိုပါ ယူဆောင်သွားခိုင်း၏။

လင်းဂိုဏ်းဘိုးဘေးဆီမှ ထွက်ပြေးရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ မည်သို့သော မည်သည့်နည်းနှင့်မဆို သူကျရှုံးခဲ့၏။

လင်းဂိုဏ်းဘိုးဘေး လိုက်မှီလာရန်လည်း သူမျှော်လင့်မိသည်။ မဟုတ်လျှင်သူက သေမင်းပင်လယ်ပြင်ဆီသို့ ခေါင်းဆောင်ကို မျှားခေါ်နိုင်မှာ မဟုတ်ပေ။ ကံဆိုးသည်မှာ ရက်အနည်းငယ် ပိုကြာပြီးမှ ရှာတွေ့လျှင် ပြီးပြည့်စုံမှာဖြစ်၏။ သေမင်းပင်လယ်ပြင်သို့ရောက်ရန် လေးငါးရက်ခန့် လိုနေသေးသည်။

“ဟား ဟား ဟား ဟိတ်ကောင် ဒီလိုလှည့်ကွက်လေးတွေနဲ့ ငါ့ကိုအရူးလုပ်နိုင်မတဲ့လား သေဖို့ပြင်ထားတော့ ”

လင်းဂိုဏ်းဘိုးဘေးက ပြင်းထန်သည့် အဟုန်ဖြင့် အလျှင်စလို ရောက်ရှိလာသည်။ သူ၏လက်ချောင်းက ထင်ရာမြင်ရာကို ညွှန်နေပြီး လက်ချောင်းစွမ်းအားများက လှိုင်းများကို ထစေပြီး တော်ဝင်အရှိန်အဝါတို့ဖြင့် ကျန်းရီဆီသို့ သက်ဆင်းလာတော့သည်။ သူက ယာ့ဇီသားရဲ ပြေးနိုင်သည့် လမ်းကြောင်းအားလုံးကိုလည်း ပိတ်ဆို့ထားလိုက်၏။

ဝေါင်း ဝေါင်း

ယာ့ဇီသားရဲသည် သေစေနိုင်သော အန္တရာယ်ကို အာရုံခံမိသည့် အချိန်တွင် မပြေးခဲ့ပေ။ ထိုအစား တစ်ဖက်သို့လှည့်ပြီးနောက် ၎င်း၏လူကို မြောက်လိုက်ကာ လင်းဂိုဏ်းဘိုးဘေး၏ တိုက်ခိုက်မှုကို ကာကွယ်ရန် အသင့်ပြင်လိုက်သည်။

“နတ်ဆိုးဘုရင် ပြန်တော့ သူ့ကိုမယှဉ်နိုင်ဘူး ”

ကျန်းရီက လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ သူ့လက်ထဲရှိ စကြ၀ဠာနန်းတော်က ချက်ချင်း တောက်ပသွားတော့သည်။ ယာ့ဇီသားရဲသည် ရွေးချယ်စရာ မရှိတော့ဘဲ ခပ်ဖျော့ဖျော့ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး စကြ၀ဠာနန်းတော်အတွင်း ပျောက်ကွယ်သွားတော့၏။ ကျန်းရီက သူ့လက်ကိုမြောက်ပြီးနောက် မီးပင်လယ််တစ်ခု ဖွဲ့လိုက်တော့သည်။ ချက်ချင်းပင်သူက နေရာထပ်မံ ရွှေ့ပြောင်းလိုက်၏။ မဟုတ်လျှင် တော်ဝင်လက်ချောင်းအားကြောင့် သူအမှုန့် ဖြစ်သွားလောက်ပေသည်။

“ဟေး ထွက်ပြေးချင်သေးတာလား ” လင်းဂိုဏ်းဘိုးဘေးက သူ့စွမ်းအားကို ထိန်းချုပ်မထားတော့ဘဲ အရှိန်ကို တင်လိုက်တော့သည်။ တစ်ဖက်သို့လှည့်ပြီး သူပင်လယ်သို့ပြေးကာ လေထဲတွင် မီးပင်လယ်ကို ရှောင်တိမ်းလိုက်၏။ ပြီးနောက် ပင်လယ်ထဲမှာ ရုတ်တရက် ဘွားကနဲပေါ်ပေါက်လာကာ ကျန်းရီရှေ့သို့ တစ်ဟုန်ထိုး ဝင်ရောက်တော့သည်။

“သေစမ်း ” လင်းခေါင်းဆောင်က အရှိန်အပြည့်ဖြင့် သူ့ဆီရောက်လာနေသည်။ ကျန်းရီက ဖိအားကို ချက်ချင်း ခံစားလိုက်ရ၏။ သူသည်နောက်ထပ် မီးပင်လယ်တစ်ခုကို ထုတ်ဖော်ရန်သာ ရွေးချယ်ရုံရှိသည်။ တစ်ချိန်တည်းတွင် မီးဝိညာဉ်ပုလဲက တောက်ပလာပြီးနောက် တမလွန်လောက တစ္ဆေမီးလျှံလုံး များစွာကို ပစ်လွှတ်လိုက်တော့သည်။

တမလွန်လောက တစ္ဆေမီးလျှံများသည် ဘုံကိုးဘုံ၏ နဂါးမီးလျှံထက် ပိုပူပြင်းပေ၏။ ပင်လယ်အထက် မီတာတစ်ရာတွင် သူတို့ရောက်နေသော်ငြား သူတို့အောက်ရှိ ပင်လယ်ကစတင် ဆူပွက်လာပြီး အဖြူရောင်အငွေ့အချို့ ပေါ်ထွက်လာပြီးဖြစ်သည်။

“အမ် ”

လင်းဂိုဏ်းဘိုးဘေးက ယခုအချိန်တွင် သတိမလစ်ဟင်းရဲပေ။ သူကဦးစွာ ဆုတ်လိုက်ပြီးနောက် သူမီးပင်လယ် ဖြတ်သန်းသွားပြီး သူ့နောက် ဆက်လိုက်နေ၏။ ကျန်းရီတွင် မကုန်ခမ်းနိုင်သော တစ္ဆေမီးလျှံများ ရှိမည်ဟု သူမထင်။ ကီလိုမီတာအနည်းငယ် သူကပ်နိုင်သရွေ့ ကျန်းရီကို တစ်ချက်ထဲဖြင့်သတ်ရန် ယုံကြည်ချက် ရှိပေသည်။

လင်းခေါင်းဆောင်က သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးကို လျော့ချရန် ကြိုးစားချိန်၌ပင် ကျန်းရီ၏ တမလွန်လောက တစ္ဆေမီးလျှံများဖြင့် နောက်ဆုတ်ရန် ဖိအားပေးခံရသည်။ နေ့ဝက်ခန့် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေခဲ့သည်။ ကျန်းရီက စိတ်ပူပန်လာ၏။ တစ္ဆေလောက ငရဲမီးလျှံများက မီးဝိညာဉ်ပုလဲအတွင်း ရှိနေသေးသော်ငြား ဤနှုန်းဖြင့် အသုုံးပြုနေခဲ့လျှင် ငါးရက်ခံမှာ မဟုတ်ပေ။

“ဟမ့် အမျိုးယုတ်လေး သေပေတော့ လေဟာနယ် တုန်လှုပ်ခြင်း ”

ကျန်းရီက ထိုပြဿနာများကို စိုးရိမ်ပူပန်စရာ မလိုတော့ပေ။ လင်းဂိုဏ်းဘိုးဘေးက နောက်ဆုံးတွင် နေ့တစ်ဝက်ခန့် လေ့လာပြီးနောက် သူ၏သတ်ဖြတ်သည့် သိုင်းကွက်များကို ထုတ်ပြရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ကျန်းရီ၏ မီးတိုက်ကွက်ကို ရှောင်တိမ်းပြီးနောက် သူကလက်ဝါးဖြင့် ရုတ်တရက် ရိုက်လိုက်တော့သည်။ ယင်းက ပျက်စီးနိုင်သည့်ပုံစံ မပေါ်ပေါက်သော်ငြား ကျန်းရီက သေစေနိုင်သည့် အန္ဆရာယ် ဆင်းသက်လာတာကို အာရုံမခံမိဘဲ သူ၏မျက်နှာ အမူအရာက သူ့နောက်ရှိ လေဟာနယ်ကို မြင်သည့်အခါ ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။

ဘီး

မိုးစက်မိုးပေါက်များက ငြိမ်းချမ်းနေသာ ရေအိုင်ကို ဖြိုခွဲသွားသည့်နှယ် လေဟာနယ်သည် စတင်ပြိုကွဲလာတော့၏။ လှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်လာပြီး လျင်မြန်စွာ တုန်လှုပ်လာတော့သည်။ ကီလိုမီတာဝက်အတွင်းရှိ လေဟာနယ် တစ်ခုလုံးက တုန်လှုပ်လာတော့၏။

ကျန်းရီက နေရာရွှေ့ပြောင်းရန် ရည်ရွယ်ခဲ့သည်။ သို့သော် သူမလုပ်နိုင်မှန်း သိလိုက်ရ၏။ သူ့ကိုယ်သူ ဖိအား ပိနေခဲ့လျှင် ထိုပုံပျက်နေသာ လေဟာနယ်က သူ့ကို အမှုန့်ဖြစ်အောင် ချေသွားမိမှာပဲဖြစ်သည်။

ကျန်းရီသည် ထိုလေဟာနယ်တုန်နှုန်း တာအိုသိုင်းကွက်ကို မြင်လိုက်ရပြီး ရှားထင်ဝေ့လည်း ပုံဖော်နိုင်ပေ၏။ ရှားထင်ဝေ့လည်း ထိုသိုက်ကွက်ကို သုံးနိုင်ပေ၏။ လင်းဂိုဏ်းဘိုးဘေးသည် တာအိုသိုင်းကွက်ကို တစ်ခါမှ အသုံးမပြုခဲ့ပေ။ သူသည် ကောင်းကင်နှင့်မြေကြီး၏ တာအိုများထဲမှ တစ်ဦးဖြစ်သော လေဟာနယ် တာအိုကိုလည်း နားလည်သဘောပေါက်ထားသည်။

လင်းဂိုဏ်းဘိုးဘေးက သူ၏ခွန်အား အစစ်အမှန်ကို တစ်ခါမှ မပြခဲ့ပေ။ သူပြလိုက်သည့် အချိန်တွင် ယင်းက ထူးခြားသည့်ဖြစ်စဉ် ဖြစ်လာတော့သည်။

လင်းဂိုဏ်းဘိုးဘေးက သည်းခံရာ၌ တော်ပေ၏။ သူသည်ရန်သူကို မသိခင်အထိ သူ၏နောက်ဆုံး မြုပ်ကွက်များကိုမဖော် သတ်ဖြတ်သည့်အကွက်များ မသုံးခဲ့ပေ။ သူအသုံးပြုသည်နှင့် သတ်ဖြတ်ရန် ရည်ရွယ်ထားတာဖြစ်သည်။

ဟူး နည်းလမ်းမရှိတော့ဘူး။ နောက်ဆုံးနေရာကိုပဲ လှည့်ရတော့မယ်။

ကျန်းရီက အံ့ကြိတ်လိုက်၏။ စကြ၀ဠာနန်းတော်က ရုတ်တရက် ပိုမိုတောက်ပလာပြီးနောက် အဖြူရောင် ကျောက်စိမ်းနန်းတော်က ပိုမိုကြီးမားလာပြီး ဧရာမနန်းတော်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ယင်းက နတ်ဆိုးဧကရီ၏ ဧကရီနန်းတော်ဖြစ်သည်။

***

All Chapters