← Chapters

ငါမင်းကို ဘယ်လိုသတ်မလဲဆိုတာ ကြည့်နေလိုက်

Vol. 1 Ch. 480

ငါမင်းကို ဘယ်လိုသတ်မလဲဆိုတာ ကြည့်နေလိုက်

Vol. 1 Ch. 480

ကျန်းရီက နတ်ဆိုးဧကရီ၏ ဧကရီနန်းတော်ကို လွန်လေပြီးသော အချိန်တည်းက သန့်စင်ခဲ့ပြီးဖြစ်သည်။ သို့သောသူသည်် ယခင်က ၎င်းကိုအသုံးမပြုခဲ့ဖူးပေ။ ၎င်းသည်သူ၏ နောက်ဆုံးကယ်တင်ရာဖြစ်သည်။ ကြုံသလို အသုံးမပြုနိုင်တာ သိသာပေ၏။ အချိန်ကျလာလျှင် သူ၏အသက်ကို ကယ်တင်ပေးနိုင်မှာဖြစ်သည်။

ယခုလေဟာနယ်က ကြိမ်နှုန်းများ ပေါ်ပေါက်လာပြီး ဖြစ်ကာ သူသည် နေရာ မရွှေ့ပြောင်းနိုင်တော့ချေ။ သူ၏ရန်သူက ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်တွင်ရှိသည့် သိုင်းပညာရှင်တစ်ဦးဖြစ်သည်။ ထို့အပြင် သူက အကြွင်းမဲ့ပညာရှင်တစ်ဦးကို ရင်ဆိုင်ရာတွင် အခွင့်အရေး မရနိုင်ပေ။ သူသည် နောက်ဆုံးကတ်ကို အသုံးပြုရတာ သဘာဝကျပေ၏။

ဗီး

ဧကရီနန်းတော်သည် သိပ်မကြီး သိပ်မသေးပေ။ ယင်းက မီတာသုံးရာခန့် ကျယ်ဝန်းပေ၏။ ဧကရီနန်းတော် လေထဲတွင် ပေါ်ပေါက်လာသည်နှင့် လေဟာနယ်ကို ကြိမ်နှုန်းများ ပေါ်ပေါက်လာစေပြန်သည်။ ကျန်းရီက ဧကရီနန်းတော်ဆီသို့ ဖျတ်ခနဲဝင်သွားသည်။ သူအထဲကို ရောက်သွားသည်နှင့် တံခါးကိုချက်ချင်း ပိတ်လိုက်တော့၏။ နန်းဆောင်သည် သူတော်စင် အဖြူရောင်အလင်းတန်းဖြင့် တလက်လက်တောက်ပနေတော့၏။

“အမ် ” လင်းဂိုဏ်းဘိုးဘေးသည် အာရုံခံပြီးနောက် ဤနေရာသို့လိုက်လာကာ ဧကရီနန်းတော်ကြောင့် မှင်သက်သွားမိသည်။ သူသည်ဧကရီနန်းတော်ကို တစ်ချက် လှည့်ပတ်ကြည့်ပြီးနောက် လက်ချောင်းအားကို ရုတ်တရက် ထုတ်ဖော်လိုက်တော့၏။ လက်ချောင်းအားက ယခင်စွမ်းအားထက် နှစ်ဆရှိကာ လေဟာနယ်ကို အက်ကွဲသွားစေ၏။ ယင်းကအမှန်တကယ် ကြောက်မက်ဖွယ် ကောင်းပေသည်။

ဘန်း

အက်ကွဲသံတစ်သံကို ကြားလိုက်ရပြီး ကြောက်တုံးတစ်တုံးက ကျောက်နံရံကို ထိမိသည့်အတိုင်း ဖြစ်နေ၏။ ယခုအချိန်တွင် ဧကရီနန်းတော်က ကျက်သရေရှိရှိ ခမ်းနားသောဖိအားများ ဖြာထွက်နေသည်။ လင်းဂိုဏ်းဘိုးဘေးကိုတောင် အသက်ရှုကြပ်စေ၏။ သူ့အဖို့ အံ့သြသွားရသည်က ဧကရီနန်းတော်သည် ထိခိုက်မှုမရှိတာဘဲ ဖြစ်သည်။ အပြန်အလှန်အနေဖြင့် ဖျတ်ခနဲ လှုပ်ရှားသွားပြီးနောက် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။

“ဒါက ဝိညာဉ်လက်နက်လား၊ မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး၊ ကောင်းကင်ကြယ်တာရာနယ်မြေထဲမှာ ဝိညာဉ်လက်နက် ဘယ်လိုလုပ် ရှိနိုင်မှာလဲ ဒါကအဆင့်မြင့် သူတော်စင် လက်နက်ပဲဖြစ်မှာ ”

လင်းဂိုဏ်းဘိုးဘေး၏ မျက်နှာကသုန်မှုန်သွားသည်။ သို့သော် သူ့မျက်လုံးထဲတွင် လောဘအရိပ်အယောင်တို့ ပြည့်လာတော့သည်။ ကောင်ကင်ကြယ်တာရာကုန်းပြင်မြင့် တစ်ခုလုံးတွင် ဤကဲ့သို့ရတနာမျိုး အနည်းစုသာ ရှိပေသည်။ သူသာထိုရတနာကို ရနိုင်ခဲ့လျှင် ကောင်းကင်ဧကရာဇ်အဆင့် ပညာရှင်တောင် သူ့ကိုဘာမှ လုပ်နိုင်တော့မှာ မဟုတ်ပေ။

“ပစ္စည်းကောင်းပဲ၊ ဒါကသူတော်စင်လက်နက် မဟုတ်တာ သေချာတယ် ကောင်းကင်မြေခွေးနယ်မြေက ရတနာတစ်ပါးများလား ”

ကျန်းရီက နန်းတော်၏ အခန်းတစ်ခန်းထဲတွင် ဝင်နေပြီး အံ့သြမှုများ ပြည့်နေတော့သည်။ အခန်းထဲတွင် လူကောင်အရွယ်အစားရှိသော သလင်းလုံးတစ်ခု ရှိပေသည်။ ထိုသလင်းလုံးက နန်းတော်အပြင်ဘက်တွင် ဖြစ်ပျက်နေသည်နှင့် တစ်ထပ်တည်း ပုံရိပ်များကို ပြသနေပေ၏။

ယင်းက ဧကရီနန်းတော်၏ ယန္တရားကို ထိန်းချုပ်ထားခြင်းဖြစ်သည်။ ကျန်းရီက

“ဒါက ကောင်းကင်မြေခွေး နယ်မြေက အခြေခံရတနာလား ”

ကျန်းရီက လင်းဂိုဏ်း၏ဘိုးဘေးသည် ဧကရီနန်းတော်ကို ဆက်လက်တိုက်ခိုက်နေတာကို သလင်းလုံးကနေ မြင်နိုင်ပေ၏။ သို့သော် သူမည်မျှ ပြင်းထန်စွာ တိုက်ခိုက်စေကာမူ ဧကရီနန်းတော်သည် တလက်လက် ဖျတ်ခနဲ ပေါ်ပေါက်လာသည်မှအပ တုန်လှုပ်မှုတောင် မဖြစ်ပေ။ ခုခံမှုက အင်မတန် အစွမ်းထက်လွန်း၏။

“နတ်ဆိုးဧကရီ တစ်ခါကပြောခဲ့တာက ဒီဧကရီနန်းတော်က ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့် သိုင်းပညာရှင်တွေရဲ့ တိုက်ခိုက်မှုကို ဆယ်ရက်ဆယ်ည ခံနိုင်ရည်ရှိတယ်တဲ့ သူလိမ်နေတာ မဟုတ်ဘူးပဲ”

ကျန်းရီက ရင်ထဲ အံ့အားသင့်နေ၏။ သို့သော် လင်းဂိုဏ်းဘိုးဘေးကို ဆက်လက်တိုက်ခိုက်ခွင့် မပေးရဲချေ။

သူသည် ဧကရီနန်းတော်ကို သန့်စင်ခဲ့ပြီးဖြစ်ရာ ဤရတနာနှင့် အတော်လေး ရင်းနှီးနေပြီဖြစ်၏။ ယင်းက အတွင်းပိုင်း၌ အစွမ်းထက်သော ထိန်းချုပ်မှုတစ်ခုရှိပြီး ကောင်းကင်နှင့်မြေကြီး၏ အဆီအနှစ်ဓာတ်များကို သိုလှောင်ပြီး စုပ်ယူနိုင်ပေ၏။ သို့သော် သလင်းလုံးက သိုလှောင်နိုင်သည့် စွမ်းအင်ပမာဏက အကန့်အသတ် ရှိပေသည်။ ၎င်းတိုက်ကွက်တစ်ကွက်ကို ပိတ်ဆို့လိုက်ချိန်တိုင်းတွင် တိကျသည့် စွမ်းအင်ပမာဏတစ်ခုက သုံးစွဲခံလိုက်ရ၏။ စွမ်းအင်အားလုံး အသုံးပြုပြီးသွားချိန်၌ ဧကရီနန်းတော်သည် ပြိုလဲသွားပေလိမ့်မည်။

ထို့ကြောင့် သူယခု ဆုံးဖြတ်ရမည်ဖြစ်သည်။ လက်တစ်ဖက်က သလင်းလုံးပေါ် ရိုက်ချလိုက်ရာ နန်းတော်တစ်ခုလုံး လှုပ်ခါသွားပြီးနောက် မြောက်ဘက်အရပ်ဆီသို့ စတင်ပျံသန်းသွားတော့သည်။ ဧကရီနန်းတော်က မြန်ဆန်သည့်အရှိန်ဖြင့် ရွေ့လျားနေသည်။ ဗာဂျရာနယ်ပယ် ပထမအဆင့် သိုင်းပညာရှင်တစ်ဦး၏ အရှိန်နှင့် တူညီနေပေသည်။

“ဟမ် ပြေးချင်သေးတာလား ”

လင်းဂိုဏ်းဘိုးဘေးက နှာခေါင်းရှုံ့လိုက်ပြီးနောက် အလင်းတန်း တစ်ခုအဖြစ်ပြောင်းကာ အနောက်မှ လိုက်လာတော့သည်။ သူကလက်ချောင်းအားများ ဆက်လက်ထုတ်ဖော်ပြီး အခြေခံအကျဆုံး တိုက်ကွက်ကိုသုံးကာ ကျန်းရီ၏ မီးနဂါးဓားဆီသို့ တိုက်ခိုက်လိုက်၏။ ယင်းက အသက်ဓာတ် သို့မဟုတ် ဝိညာဉ်စွမ်းအား သုံးစွဲမှု သိပ်မများပေ။ ဧကရီနန်းတော်ကို မထိုးဖောက်နိုင်ဆိုသာ သူမယုံပေ။ အနည်းဆုံးတော့ အချိန်တိုအတွင်း၌ နန်းတော်ကို မဖြိုခွင်းနိုင်လျှင် ကျန်းရီမည်သည့်နေရာသို့ သွားနိုင်မည်နည်း။

သူသည် နက်ရှိုင်းသော ပင်လယ်ထဲသို့ သွားဝင်မည်လော။ နတ်ဆိုးဧကရီက ဧကရီနန်းတော်ကို တစ်ချက်တည်းဖြင့် တစ်စစီ ဖြစ်စေနိုင်၏။ သူသည်  ကောင်းကင်ကြယ်တာရာမြို့၏ တားမြစ်ခြင်း အကာအကွယ်နောက်တွင် အစွမ်းအထက်ဆုံး ရတနာများတောင် မနားမနေ တိုက်ခိုက်မှုကြောင့် ဖြိုကွဲနိုင်၏။ ဤဧကရီ နန်းတော်ဆိုလျှင် ပြောနေရန် မလိုတော့ချေ။

ထို့ကြောင့် အရှေ့ပင်လယ်တွင် ထိုကဲ့သို့ ဖြစ်ပွားနေပြီး ကျက်သရေရှိသော နန်းတော်က လေထဲတွင် မြန်ဆန်သောအရှိန်ဖြင့် ရွေ့လျားနေကာ နောက်မှ နဂါးဝတ်ရုံဖြင့် အဘိုးအိုက လိုက်ပါလာပြီး နန်းတော်ကို ဆက်တိုက် တိုက်ခိုက်နေတော့၏။ နန်းတော်သည် အမြဲတမ်း တောက်ပနေသော်ငြား ထိခိုက်မှုမရှိပေ။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်

လင်းဂိုဏ်းဘိုးဘေးက ခွန်အားအပြည့်ရှိသည့်တိုင် မောပန်းနေပြီဖြစ်သည်။ သုံးရက်သုံးညတိုင်တိုင် ဆက်တိုက် တိုက်ခိုက်မှုအတွက် သုံးရသည့် အတွင်းအားက အရေးမရောက်ပေ။ သို့သော် တစ်ခုထဲကို ဆက်တိုက်အသုံးပြုပြီး မဖြိုခွင်းနိုင်ခြင်းက အင်မတန် ပင်ပန်းထုံကျင်စေ၏။

“မကြာခင်မှာ ပြိုကွဲလောက်မှာမလား ”

ဧကရီနန်းတော်၏ အရံအတား ပြိုကွဲသွားသည့်အခါ ထိုနတ်လက်နက်သည့် သူ့အပိုင် ဖြစ်လာပေလိမ့်မည်။ ထိုအကြောင်းကို တွေးမိသောအခါ လင်းဂိုဏ်းဘိုးဘေးက အံ့ကြိတ်ပြီးနောက် ဆက်တိုက် တိုက်ခိုက်တော့သည်။ သူသည် အာရုံစူးစိုက် ထားရပေမည်။ ကျန်းရီ၌ အင်မတန် အစွမ်းထက်သော တစ္ဆေမီးလျှံရှိသည်။ အမှားတစ်ချက်ဖြင့် သူသည် ရုတ်တရက် တိုက်ခိုက်ခံရမှုကြောင့် သေသွားနိုင်ပေ၏။ ပြီးနောက် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး သွားပေလိမ့်မည်။

ထို့ကြောင့်သူသည် ဧကရီနန်းတော်နား သိပ်မကပ်ရဲဘဲ သုံးကီလိုမီတာ အကွာတွင်၌ နေရစ်သည်။ တစ်ချိန်တည်းတွင် ဧကရီနန်းတော်က ပျံသန်းသည့်လားရာ ပြောင်းလဲသွားပြီဖြစ်၏။ တန်းတန်းမတ်မတ် ပျံသန်းမည့်အစား ဘယ်ညာ၊ အထက်အောက် ရွေ့လျားနေ၏။ ထို့ကြောင့် လင်းဂိုဏ်းဘိုးဘေးသည် ဧကရီနန်းတော်ကို အာရုံစိုက်ရာတွင် ပိုအားပြုနေရပြီး ဧကရီနန်းတော်ကို တိုက်ကွက်တိုင်း ထိမိစေရန်အတွက် ပျံသန်းသည့်လမ်းကြောင်ကို ဆုံးဖြတ်နေရ၏။

“ဟား ဟား မိစ္ဆာကြီး ခင်ဗျားကို ဘယ်လိုသတ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့ ”

ကျန်းရီက ဧကရီနန်းတော်ထဲတွင် စိတ်အေးလက်အေး ထိုင်နေသည်။ ဧကရီနန်းတော်ထဲ၌ စွမ်းအင်မည်မျှကျန်ကြောင်း အတိအကျသိပေ၏။ ထို့ကြောင့် အချိန်တိုအတွင်း လင်းဂိုဏ်းဘိုးဘေး ဖြိုခွင်းမှာကို သူစိုးရိမ်ပူပန်နေစရာ မလိုပေ။ လွန်ခဲ့သည့်နှစ်ရက်က ဧကရီနန်းတော်ကို အထက်အောက် ပျံသန်းရန် ထိန်းချုပ်ခဲ့ပြီး လင်းဘိုးဘေးကို မောပန်းအောင် ပြုလုပ်ခဲ့၏။

သေမင်းပင်လယ်ပြင်နှင့် သိပ်မဝေးတော့ပေ။ တွက်ချက်မှုအရ သူတို့သည် တစ်ရက်ခွဲအကြာ၌ ထိုနေရာသို့ ရောက်လောက်ပေ၏။ ကျန်းရီက ယခုစတင် လှုပ်ရှားနေပြီဖြစ်သည်။

ဝှစ်

ဧကရီနန်းတော်က ပင်လယ်အောက်ထဲ ရုတ်တရက် ထိုးဆင်းသွားသည်က ဘိုးဘေးကြီးကို သတိဝင်သွားစေသည်။ ကျန်းရီသည် ဤရက်ပို်င်းများအတွင်း ပင်လယ်အောက်သို့ ထိုးဆင်းခြင်း မရှိပေ။ ယခုအချိန်တွင် စွမ်းအင်ကုန်သွားသည်လော။

သူ့အဆင့်ရှိ သိုင်းပညာရှင် တစ်ဦးအဖို့ ပင်လယ်အောက်တွင် ရှိခြင်းက လေထဲတွင် ရှိနေခြင်းနှင့် မခြားပေ။ လဝက်ခန့် အသက်အောင့်ထား နိုင်ပေ၏။ ထို့ကြောင့်သူလည်း လျင်မြန်စွာ လိုက်သွားတော့၏။ လမ်းကြောင်းကို ကြုံရာညွှန်လိုက်သည်။ လက်ချောင်းစွမ်းအားများ ထုတ်ဖော်ကာ တိုက်ခိုက်မှုအရှိန်ကို တိုးမြင့်စေလိုက်၏။

ဝေါင်း

ဧကရီနန်းတော်က ပင်လယ်ထဲသို့ ကျသွားပြီး လှိုင်းထောင်ချီကို ဖန်တီးတော့သည်။ မကြာမီ၌ ရေအောက်၌ နစ်မြုပ်သွားပြီး ပင်လယ်ကြမ်းပြင်နှင့် ထိမိသွားတော့၏။

ဤနေရာက နက်ရှိုင်းသော ပင်လယ်မဟုတ်ပေ။ သားရဲစီးကြောင်း ပြီးသွားကာစ ဖြစ်သောကြောင့် နတ်ဆိုးသားရဲများ ဤနေရာ၌ အင်မတန်နည်းပါးပေ၏။ အချို့သော နတ်ဆိုးသားရဲများ ရှိနေပေသည်။ သူတို့သည် ဧရာမအရာဝတ္ထုကြီး ရုတ်တရက် ကျလာတာကို မြင်သောအခါ ထိတ်လန့်သွားတာ သဘာဝကျပေ၏။ လင်းဂိုဏ်းဘိုးဘေး တိုက်ခိုက်တာကို မြင်သောအခါ သူတို့ကဒေါသထွက်ပြီး ထိုဘိုးဘေးဆီ ရူးသွပ်စွာ ဝင်ရောက်သွားကြတော့သည်။

လူသားမျိုးနွယ်စုက နတ်ဆိုးမျိုးနွယ်စုနှင့် မွေးရာပါ ဆန့်ကျင်ဘက်ဖြစ်သည်။ အဆင့်နိမ့် နတ်ဆိုးသားရဲများနှင့် ပင်လယ်နတ်ဆိုးများက ဉာဏ်ရည်မရှိကြချေ။ လူသားတစ်ယောက်ကို ကြုံတွေ့သည့်အချိန်၌ သူတို့၏ပြိုက်ဘက် မည်မျှအစွမ်းထက်စေကာမူ တန်းတိုက်ခိုက်ကြမှာပဲ ဖြစ်သည်။

ဟမ့်

လင်းဂိုဏ်းဘိုးဘေးက တိတ်တဆိတ် ရှုံ့ချလိုက်၏။ အဆင့်နိမ့် ပင်လယ်နတ်ဆိုးများက သူ့အတွက် ဘာမှမဟုတ်ပေ။ ဧကရာဇ်ဆန္ဒကို ထုတ်ဖော်လိုက်ပြီး ပင်လယ်နတ်ဆိုးများကို အားစိုက်ထုတ်စရာမလိုဘဲ ဖိနှိပ်လိုက်သည်။ သူတို့က အနားမကပ်လာရဲတော့ချေ။ ပြဿနာတစ်ရပ်က ရှိနေသေး၏။ ဧကရာဇ်ဆန္ဒက သတ်ဖြတ်ခြင်းဆန္ဒနှင့် ဆင်တူပေသည်။ ထုတ်ဖော်သည့်အချိန်နှင့် ကွာခြားချက်ကို သိပ်မခံစားရသော်ငြား အားနည်းသူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သာဆိုလျှင် အချိန်အတော်ကြာ ထုတ်ဖော်ခဲ့လျှင် ထုတ်ဖော်သူ၏ ဝိညာဉ်နှင့်ခန္ဓာကိုယ် အားနည်းသွားစေလိမ့်မည်။ မူလက လင်းဂိုဏ်းဘိုးဘေးသည် ထိုအရာကို သတိမပြုခဲ့မိပေ။ သို့သော် ရေအောက်တွင် ဧကရီနန်းတော်ကိုလိုက်ပြီး ဧကရာဇ်ဆန္ဒကို နေ့ဝက်ခန့် ထုတ်ဖော်ပြီးနောက် ခန္ဓာကိုယ်သည် ပိုမိုနွမ်းနယ်လာတော့သည်။

လူသားများသည် ယန္တရားများ မဟုတ်ပေ။ လူသားတစ်ယောက်က မည်မျှအစွမ်းထက်စေကာမူ စွမ်းအင်ပြန်ပြည့်ရန်အတွက် အနားယူပြီး စားသောက်ရန် လိုအပ်ပေ၏။ အင်မတန် မောပန်းနေသည့် အခြေအနေတွင် သူတို့ဝိညာဉ်ကဘည်း တဖြည်းဖြည်း နွမ်းနယ်လာပေမည်။ လင်းဂိုဏ်ဘိုးဘေးက ယင်းကို ရှင်းရှင်းလင်းလင်း နားလည်ပေ၏။ သို့သော်သူက ခပ်ဝေးဝေးထိ ရောက်နေခဲ့ပြီဖြစ်သည်။ အံ့ကြိတ်ပြီးနောက် ဆက်လက်သာ တိုက်ခိုက်နေရ၏။ ပင်လယ်နတ်ဆိုးများကို ဖိနှိပ်ရန် ဧကရာဇ်ဆန္ဒကို ဆက်လက်ထုတ်ဖော်ရမည်။ မဟုတ်လျှင် ပင်လယ်နတ်ဆိုးများ သူ့ကိုဝိုင်းလာပါက ပြဿနာတက်သွားနိုင်၏။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်

ကျန်းရီက ပင်လယ်အောက် ၃၃ကီလိုမီတာသို့ ရောက်နေပြီးဖြစ်သည်။ ဧကရီနန်းတော်က တောက်ပလာပြီး လင်းဂိုဏ်းဘိုးဘေး၏ လက်ချောင်းစွမ်းအားတို့ကလည်း တောက်ပနေသည်မှအပ နေရာတိုင်းက မှောင်မည်းနေ၏။

လင်းဂိုဏ်းဘိုးဘေး ရှုံးသွားသည်။ သူမည်သည့်နေရာတွင် ရှိနေမှန်းမသိပေ။ ဧကရီနန်းတော်နောက်သို့ လိုက်လာပြီးနောက် ကျန်းရီက သူ့ကို နက်ရှိုင်းသော ပင်လယ်ထဲ ဦးဆောင်ခေါ်သွားခဲ့လျှင် သူသတိပြုမိမှာ မဟုတ်ပေ။

“ဟား ဟား ဒီမှာရောက်တော့မယ် မင်းကံကောင်းပါစေ မိစ္ဆာကြီးရေ ”

ကျန်းရီက လင်းဂိုဏ်းဘိုးဘေးကို နက်ရှိုင်းသောပင်လယ်ဆီ ခေါ်မသွားပေ။ သူက လွန်ခဲ့သည့် တစ်ရက်ခွဲက သေမင်းပင်လယ်ပြင်နားသို့ ရောက်နေပြီဖြစ်သည်။ သို့သော် ဘိုးဘေးကြီး သံသယဖြစ်မှာကို သူစိုးရိမ်မိ၏။ ထို့ကြောင့် သေမင်းပင်လယ်ပြင်ဆီ ကွေ့ဝိုက်ခေါ်လာတာပဲ ဖြစ်သည်။ သူ၏ဝိညာဉ်စွမ်းအား အင်မတန် ကုန်ခန်းလာသည့် အချိန်၌ ကျန်းရီကသူ့ကို သေမင်းပင်လယ်ပြင်ဆီသို့ မျှားခေါ်လိုက်တော့သည်။

ကျွတ် ကျွတ်

သူတို့သည် သေမင်းပင်လယ်ပြင်သို့ ဝင်ရောက်သည့် အချိန်တွင် ရေမှော်ပင်များက ကျန်းရီကို စိတ်မပျက်စေခဲ့။ အပိုင်းအစ ၁၂ခုကျော်က ပေါ်ထွက်လာတော့သည်။ အများစုက ဧကရီနန်းတော်ဆီ ဦးတည်လာပြီး ကျန်သည့်သုံးပင် လေးပင်က လင်းဂိုဏ်းဘိုးဘေဆီသို့ တိုးဝင်သွားကြသည်။

***

All Chapters