← Chapters

နောက်ဆုံးတာ့ အသုံးဝင်တဲ့သူ ဖြစ်လာခဲ့လေပြီ

Vol. 14 Ch. 198

နောက်ဆုံးတာ့ အသုံးဝင်တဲ့သူ ဖြစ်လာခဲ့လေပြီ

Vol. 14 Ch. 198

ဒုတိယမြောက် ယှဉ်ပြိင်သူမှာ ဝမ်ရွှမ်ကျန့် ဖြစ်သည်။

သူ၏ တိုက်ခိုက် လိုစိတ်သည် အချိန်တိုင်း မြင့်မားလျက်သည်။ ယခုအခါတွင် သူ၏နှလုံးသားထဲ၌ တိုက်ခိုက်လိုစိတ်များ တောက်လောင်လျက် ရှိလေသည်။

ဟုတ်သည်။ စိတ်ပျက်ခဲ့ဖူးသည်။

သူ၏ အသင်းဖော်များမှာ အသုံးမကျဟု ခံစားမိသဖြင့် မည်မျှပင် ကြိုးစားစေကာမူ အရာမထင်တော့ဟု တွေးမိခဲ့သည်။

သို့သော်လည်း ယခုအခါတွင်မူ အန်လင်းသည် သူ၏ အပြုအမူများဖြင့် သူ့အား လှုံ့ဆော်ပေးခဲ့သည်။ အောင်မြင်မှုရရှိဖို့ မျှော်လင့်ချက် ရှိသေးကြောင်း သိရှိစေခဲ့သည်။

ခြင်္သေ့မင်းသည် ဆန္ဒနယ်မြေ ဖန်ကျောက်အား အသက် သွင်းလိုက်ပြီးနောက် ဝမ်ရွှမ်ကျန့်သည် တုံ့ဆိုင်းမှု အနည်းငယ်မျှ မရှိဘဲနှင့် ဝင်ရောက်သွားလေသည်။

ဝမ်ရွှမ်ကျန့်၏ အစစ်အမှန် စိတ်ဆန္ဒမှာ လှံစိတ်ဆန္ဒ ဖြစ်သည်။ ပတ်ပတ်လည်တွင် လျှပ်စီးကြောင်းများ ဝန်းရံကာဖြင့် လှံအား တင်းတင်းဆုပ်ကိုင် ထားလေသည်။ စစ်နတ်ဘုရား တစ်ပါးကဲ့သို့ ကောင်းကင်နှင့် မြေပြင်အကြားတွင် မတ်တတ်ရပ်နေပြီး သူ့အား တိုက်ခိုက်လာသည့် စက်ရုပ်များအား ရဲရဲဝံ့ဝံ့ ရင်ဆိုင်တော့မည် ဖြစ်သည်။

ကနဦးစက်ရုပ် အနည်း၍ယ်အား အချိန်မဆိုင်း အနိုင်ရယူနိုင်ခဲ့သည်။

ဆဌမမြောက် စက်ရုပ်သို့ ရောက်ရှိလာသည့် အခါတွင် အနည်းငယ် ခက်ခဲလာဟန်ရှိသည်။

အပြာရောင် မီးတောက်များ လောင်ကျွမ်းလျက် ရှိသည့် စက်ရုပ်သည် အလွန်အားကောင်းသည့် မီးဆန္ဒနယ်မြေကို ပိုင်ဆိုင်ထားလေသည်။

သူတို့၏ ဆန္ဒနယ်မြေများ တိုက်ခိုက်ရာမှ ကြီးမားသည့် ဖုန်မှုန့်နှင့်ပြာများ ပါဝင်သည့် မုန်တိုင်းတစ်ခုအား ဖြစ်ပေါ်စေလေသည်။ အဆုံးတွင် ဝမ်ရွှမ်ကျန့်သည် စက်ရုပ်၏ ဦးခေါင်းအား လှံဖြင့်ထိုးစိုက်နိုင် ခဲ့သည်ကြောင့် အောင်မြင်စွာ အနိုင်ရရှိ လိုက်လေသည်။

သတ္တမမြောက် စက်ရုပ်သည် ဓားမော့နှစ်လက် ကိုင်ဆောင်ထားပြီး ကြောက်မက်ဖွယ်ရာ ဓားမော့ဆန္ဒအား ပိုင်ဆိုင်ထားသည်။

ယင်းသည် အန်လင်းအား ဝါယောဓား နည်းစနစ် အသုံးပြုရန် ဖိအားပေးနိုင်ခဲ့သော စက်ရုပ်ဖြစ်လေသည်။

ဤတိုက်ပွဲတွင် ဝမ်ရွှမ်ကျန့်သည် သူ၏ အစစ်အမှန် နဂါးလှံဆန္ဒ နယ်မြေအား အဆုံးထိ အသုံးပြုခဲ့ပြီး ကောင်းကင်တွင် ပျံဝဲနေသည့် စွမ်းအားကြီး နဂါးတစ်ကောင်ကဲ့သို့ ထင်မြင်လာလေစသည်။

အဆုံးတွင် သတ္တမမြောက် စက်ရုပ်သည် သူ၏လှံသွားအောက်တွင် ကျဆုံးသွားပြန်သည်။ သူကိုယ်တိုင်သည်လည်း ဒဏ်ရာများနှင့် ကျန်ခဲ့သည်။

အဌမမြောက် စက်ရုပ်မှာ ယင်-ယန် စက်ရုပ် ဖြစ်သည်။

ထိုစက်ရုပ်သည် လက်တစ်ဖက်တွင် အလွန်အေးစက်သည့် ရေခဲအား ကိုင်ဆောင်ထားပြီး အခြားတစ်ဖက်တွင် ရွှေကျီးကန်း မီးလျှံအား ကိုင်ဆောင်ထားလေသည်။ သူ၏ လှုပ်ရှားမှုတိုင်းသည် အလွန်သွက်လက်ကာ ခန့်မှန်း၍ မရနိုင်ချေ။

ဝမ်ရွှမ်ကျန့်သည် ယင်းအား သတိကြီးစွာဖြင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့ သော်လည်း ကံမကောင်းစွာဖြင့် ခံနိုင်ရည် လျော့နည်းလာမှုကြောင့် ယင်-ယန် စက်ရုပ်အား အရှုံးပေးခဲ့ရသည်။

ကျောင်းသား အားလုံးသည် ထိုမြင်ကွင်းကြောင့် သက်ပြင်း ချမိကြလေသည်။ ဝမ်ရွှမ်ကျန့်သည် သူ၏လှံဖြင့် စက်ရုပ်အား အကြိမ်အနည်းငယ်ခန့် ထိုးစိုက်နိုင် ခဲ့သည်ကြောင့် အနိုင်ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ သို့သော်လည်း ရလဒ်မှာ သူတို့ မျှော်မှန်းထားသည်နှင့် ကွာခြားလှပေသည်။

အခြားသော အင်အားကြီး ၃ ရပ်မှ ကိုယ်စားလှယ်များ သည်လည်း ထိုအခါမှသာ သက်ပြင်း ချနိုင်ကြလေသည်။ အန်လင်း၏ အမှတ်ပြည့် ရရှိထားမှုသည် သူတို့အား လွန်စွာဖိအား ပေးထားနိုင်သည်။ ဝမ်ရွှမ်ကျန့်သာ အဌမမြောက် စက်ရုပ်အား အနိုင်ရရှိသွားမည်ဆိုလျှင် သူတို့အနေဖြင့် အခွင့်အရေးရရှိဖို့ရန် ခက်ခဲသွားမည် ဖြစ်သည်။

ထို့နောက်တွင် သူတို့အားလုံးတို့သည် လျှိုချင်ဟွမ်အား ကြည့်လိုက်ကြသည်။

လျှိုချင်ဟွမ်သည် ပြီးခဲ့သည့် ပွဲစဉ်များအတိုင်း ပြုလုပ်နေမည်ဆိုလျှင် သူတို့အနေဖြင့် အခွင့်အရေး ရနိုင်သေးသည်။

“အခုတော့ နင့်အလှည့်ပဲ လျှိုချင်ဟွမ်”

ဝမ်ရွှမ်ကျန့် အသိစိတ် ပြန်လည်လာပြီးသည့် နောက်တွင် လျှိုချင်ဟွမ်အား ကြည့်လိုက်သည်။

လျှိုချင်ဟွမ်သည် လက်ညှိုးနှင့် လက်မဝိုင်းကာ အိုခေ ဟု ပြလိုက်ပြီးနောက်

“ယုံကြည်လိုက်စမ်းပါ”

သူမ၏ အသိစိတ်အား ဖန်ကျောက် အတွင်းသို့ ပို့လွှတ်လိုက်သည်။

သောင်းနှင့်ချီသည့် ကျောင်းသားများသည် သူမ၏ လှပသည့် ပုံရိပ်လေးအား ကြည့်နေကြပြီး သူတို့၏ နတ်ဘုရားမလေးသည် သူမကိုယ်သူမ ပြနလည် မြှင့်တင်နိုင်ရန် မျှော်လင့်နေ ကြလေသည်။

ဝုန်း

ပထမဆုံးသော စက်ရုပ် ကျဆင်းလာသည်။

ဤစက်ရုပ်မှာ အမှတ်အလကားပေးဖို့ ရည်ရွယ်ထားပုံရသည်။ ယင်းသည် ခနော်ခနဲ့နှင့် လျှိုချင်ဟွမ်ထံသို့ ခုန်အုပ်လိုက်လေသည်။

လျှိုချင်ဟွမ်သည် သူမ၏လက်ကို အသာယမ်းလိုက်သည့် အခါ သူမ၏ရှေ့တွင် အမွှေး ၆ ခု နှင်တံ ပေါ်ထွက်လာသည်။ သူမ၏ သွယ်လျလျ လက်ချောင်းလေးများသည် နှင်တံအား ဆုပ်ကိုင်ကာဖြင့် စက်ရုပ်ထံ ပြေးဝင်သွားလေသည်။

ဘုန်း ဘုန်း ဘုန်း

လျှိုချင်ဟွမ်နှင့် စက်ရုပ်တို့ ထိပ်တိုက်တွေ့ဆုံ ကြလေသည်။

ဝမ်ရွှမ်ကျန့် : “…”

အန်လင်း : “…”

ကြည့်ရှုနေသူများ : “…”

အဆုံးတွင် လျှိုချင်ဟွမ်သည် သူမ၏ သွက်လက်မှုအား အသုံးပြုကာဖြင့် စက်ရုပ်အား အနိုင်ယူလိုက်နိုင်သည်။

“ဖွီးးးး အင်မော်တယ် မန္တန်တွေ အသုံးမပြုရတာ ဆိုးလိုက်တာနော်”

သူမသည် နဖူးရှိ ချွေးများအား သုတ်လိုက်သည်။ သူမ၏ မျက်နှာလေးမှာ မောပန်းမှုကြောင့် နီမြန်းနေလေသည်။

ဒုတိယ စက်ရုပ်သည် ပိုမိုမြန်ဆန်လာသည်။ လျှိုချင်ဟွမ်သည် ခက်ခဲသည့် တိုက်ပွဲအား ရင်ဆိုင်နေရသည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း

ကြောက်မက်ဖွယ်ရာ တိုက်ပွဲအပြီးတွင် လျှိုချင်ဟွမ်သည် အနည်းငယ် အသာစီးရလာသည်။

“ဟူး ဒီပွဲလည်း ငါတို့သွားပြီထင်ပါရဲ့”

“ငါ တကယ်ကို ဝန်မခံချင်ပေမဲ့ အစ်မ လျှိုက ဒီလိုမျိုး ပြိုင်ပွဲတွေနဲ့ တကယ်ကို မသင့်တော်ဘူးလို့ ထင်တယ်”

“ဆိုးဝါးလိုက်တာကွာ။ နတ်ဘုရား အန် နဲ့ ဝမ်ရွှမ်ကျန့်တို့က အရမ်းကို ကြိုးစားထားကြတာ”

ကျောင်းသား အားလုံးတို့သည် ဖန်သားပြင်ပေါ်ရှိ အမျိုးသမီးအား စိုးရိမ်မှုအပြည့်ဖြင့် ကြည့်နေကြလေသည်။ သူတို့၏ တောက်လောင်နေသော စိတ်ဓာတ် အားလုံးတို့သည် ရေအေးအေးနှင့် ဖြန်းပက်ခံရသကဲ့သို့ ငြိမ်းသက်သွားလေပြီ ဖြစ်သည်။

တတိယမြောက် စက်ရုပ်သည် မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် အသံနှင့် ဆင်းသက်လာသည်။ သူ၏ တိုက်ခိုက်မှုတိုင်းသည် အလွန် ပြင်းထန်သည့်အတွက် လျှိုချင်ဟွမ်မှာ နောက်ဆုတ်နေရသည်။ သူမအနေဖြင့် အချိန်ကြာမြင့်စွာ တောင့်ခံနိုင်ပုံမရချေ။

“လျှိုချင်ဟွမ်က နှစ်မှတ်ပဲ ရမယ်နဲ့တူယ်။ ငါတို့တော့ ပွတာပဲဟေ့”

ဟုန်သိုသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

အစစ်အမှန် စိတ်ဆန္ဒ ဆိုသည်မှာ ဖန်တီးခြင်းခန်းမ ကိုယ်စားလှယ်များ အတွက် အားသာချက် ဖြစ်သည်။ ထို့ကြောင့် ဤတစ်ကြိမ်သည် အခြေအနေများအား ပြောင်းလဲပစ်ဖို့ရန် အကောင်းဆုံးသော အခွင့်အရေး ဖြစ်လေသည်။

လူတိုင်း လျှိုချင်ဟွမ်အား လက်လျှော့သွားကြပြီ ဖြစ်သည်။ သူမသည်လည်း သက်ပြင်း ချလိုက်မိသည်။

“ငါက ကဝေမဖြစ်ဖို့ ကံမပါပုံပဲ အဲဒီတော့လည်း ရွေးစရာ မရှိတော့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အန်လင်းကို ကတိပေးထားတယ် ဆိုတော့ အဲဒါကို သုံးရတော့မယ်နဲ့ တူတယ်။ တကယ်ကို အဲဒီလို မလုပ်ချင်ဘူး”

လျှိုချင်ဟွမ်၏ ခရမ်းရောင် မျက်လုံးလေးများသည် ရုတ်တရက်ဆိုသလို အေးစက်လာပြီး နောက်ဆုတ်နေရင်းနှင့် သူမ၏နှင်တံ ပျောက်ကွယ် သွားလေသည်။ သူမ၏ လက်ထဲတွင် အပြာနုရောင် ဓားရှည်တစ်လက် ပေါ်လာသည်။

ရွှပ်

သူမ၏ခုတ်ချက်မှာ မြန်ဆန်လှသည့်အတွက် သာမန်မျက်စိနှင့်ပင် မမြင်နိုင်ချေ။

တစ်ခဏချင်းမှာပင် လျှိုချင်ဟွမ်သည် စက်ရုပ်၏ အနောက်ဘက်တွင် ပေါ်လာသည်။

ခလွပ်

စက်ရုပ်သည် လူတိုင်း၏ ရှေ့မှာပင် အပိုင်းပိုင်းအစစ ဖြစ်သွားလေသည်။

“ဘုရားရေ”

ကြည့်ရှု နေကြသူများသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး တုန်လှုပ်ချောက်ချားမှု အတိုင်းသားပင်။

သောက်ကြမ်းဟ

အန်လင်း၏ မျက်လုံးများမှာ ပြူးကျယ်လာကြပြီး…

“အစ်မလျှိုက ဓားသုံးနိုင်တာလား။ ပြီးတော့ သူမရဲ့ ဓားကွက်က အရမ်းကြောက်ဖို့ ကောင်းတယ်”

သူမက ကဝေမ မဟုတ်ဘူးလား။ ဘယ်အချိန်ကစပြီး ဓားသခင် ဖြစ်သွားတာလဲ။ ကန့်သတ်မဲ့ တိုက်ပွဲမှာ တစ်ခါမှတောင် ဓားမသုံးခဲ့ဘူးလေ။

ဝမ်ရွှမ်ကျန့်သည် တဖြည်းဖြည်းနှင့် အသိပြန်ဝင်လာသည်။ သူ၏မျက်နှာတွင် တုန်လှုပ်မှုများ ရှိနေသေးသော်လည်း အဖြစ်မှန်အား လက်ခံရလေသည်။

“လျှိုချင်ဟွမ် ဓားသုံးတာ ငါလည်းပဲ အခုမှ ပထမဆုံး မြင်ဖူးတာ။ သူမက ကောင်းကင်ဓား ဂိုဏ်းကလေ။ အဲဒီတော့ အံ့ဩစရာတော့ မရှိပါဘူး”

ကောင်းကင်ဓားဂိုဏ်းလား။

အန်လင်းမှာ ခေါင်းညိတ်လိုက်သည်။ အရာအားလုံး ရှင်းလင်းသွားပြီ ဖြစ်သည်။ ကောင်းကင်ဓားဂိုဏ်းသည် ကိုးပြည်ထောင် နိုင်ငံတော်ရှိ အဓိကဂိုဏ်းကြီး လေးဂိုဏ်းထဲတွင် အပါအဝင်ဖြစ်သည်။ ထိုဂိုဏ်းသည် ဓားအင်မော်တယ် များစွာကို မွေးထုတ်ပေးခဲ့ပြီး ထင်ရှားကျော်ကြားသည့် ဓားသခင်များနှင့် ဓားအင်မော်တယ်များစွာ ထွက်ပေါ်ရာဌာန ဖြစ်သည်။ ထိုက်ချူကုန်းမြေရှိ မြင့်မြတ်ဓား နယ်မြေဟု သတ်မှတ်ထား ကြလေသည်။

အစ်မလျှိုသည် ထိုဂိုဏ်းမှ လာသည်ကြောင့် သူမအား ဓားအင်မော်တယ် တစ်ဦးဟု သတ်မှတ်နိုင်သည် ဖြစ်သဖြင့် အံ့ဩဖွယ် မဟုတ်တော့ချေ။

အချင်းချင်း ဆွေးနွေးပြောဆို နေစဉ်မှာပင် လျှိုချင်ဟွမ်သည် ပဉ္စမမြောက် စက်ရုပ်အား ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။ သူမ၏ လှုပ်ရှားမှုများသည် လျင်မြန်ချောမွေ့ပြီး ကျက်သရေရှိ တင့်တယ်လှသည်။

ဆဌမမြောက် မီးလျှံပြာစက်ရုပ်သည် လွန်စွာ စွမ်းအားကြီးသဖြင့် သူမသည် အနည်းငယ် အခက်အခဲရှိခဲ့သည်။ သို့သော်လည်း အသာစီး ရယူနိုင်ခဲ့သည်။

“ငါတို့တော့ ဒီပွဲစဉ်မှာ အနိုင်ရပြီပဲ”

ဝမ်ရွှမ်ကျန့်သည် စိတ်လှုပ်ရှားစွာဖြင့် လက်သီး ထိုးသွင်းလိုက်လေသည်။

လျှိုချင်ဟွမ်မှာ ၆ မှတ်အထိ ရရှိထားပြီ ဖြစ်သည်။ ယင်းသည် အလွန်မြင့်သည့် ရမှတ်လည်း ဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် ဤပွဲစဉ်တွင် ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်မည် ဖြစ်သည်။

ဓားမော့နှစ်လက် စက်ရုပ် ပေါ်လာလေသည်။ ဓားမော့ဆန္ဒသည် လွန်စွာအားကြောင်းပြီး ဝမ်ရွှမ်ကျန့် အခက်ခဲနှင့် စတင်ကြုံတွေ့လာရသည့် အဆင့်ဖြစ်သည်။

“ကောင်းကင်အေးခဲ”

လျှိုချင်ဟွမ်၏ ချယ်ရီရောင် နှုတ်ခမ်းပါးများ အနည်းငယ် တွန့်သွားပြီးနောက် သူမ၏မျက်လုံးသည် အပြာရောင်အလင်းများ လက်သွားလေသည်။

သူမ၏ ကြွေရုပ်နှင့်တူသည့် အသားအရေတွင် အပြာရောင်မီးခိုးများ ထွက်ပေါ်လာပြီး သူမ၏ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးတွင် အပြာရောင် အစင်းကြောင်းများ ထင်ဟပ်လာလေသည်။

သူမသည် အမူအရာ ကင်းမဲ့သွားဖြင့် စက်ရုပ်ထံသို့ လျှောက်လှမ်း သွားသည်မှာ နှင်းနတ်ဘုရားမနှင့်ပင် တူလေသည်။ သူမ၏ အပြာနုရောင် ဓားရှည်သည် မြေပြင်တွင် တရွတ်တိုက်နေပြီး အေးစက်စက်လေများ ထုတ်လွှင့်နေလေသည်။

သူမ၏နောက်ဘက်ရှိ မြင်ကွင်းတစ်ခုလုံးသည် နှင်းနှင့်ရေခဲများ အပြည့်နှင့် ဖြစ်နေလေပြီ။

ဝှစ် ဝှစ် ဝှစ်

အားကောင်းသည့် ဓားမော့ ခုတ်ချက်များသည် လျှိုချင်ဟွမ်ထံသို့ ဆက်တိုက်ဆိုသလို ရောက်ရှိလာလေသည်။

သို့သော်လည်း အလွန်အားကောင်းသည့် ဓားမော့ခုတ်ချက်များ အားလုံးတို့သည် သူမနှင့် ပေတစ်ရာ အကွာမှာပင် ရပ်တန့်သွားကြပြီး အေးခဲသွားလေသည်။

လျှိုချင်ဟွမ်သည် ရှေ့သို့ လှမ်းလိုက်ပြီးနောက် ပေတစ်ရာ အကွာအဝေးအား ခုန်အုပ်လိုက်သည်။ သူမ၏ဓားရှည်သည် လျှပ်စီးကဲ့သို့ လျင်မြန်ပြီး ဓားမော့စက်ရုပ်အား ခုတ်ပိုင်း လိုက်လေသည်။

အေးစက်စက် အော်ရာများသည် ကောင်းကင်နှင့် မြေပြင်အား ဖုံးလွှမ်းသွားပြီး သူမပတ်လည်ရှိ အရာအားလုံးသည် နှေးကွေးကာဖြင့် အေးခဲသွားလေသည်။ သူမ၏ဓားမှာ ယခင်ကထက် ပိုမိုမြန်ဆန် လာလေသည်။

ဝှစ်

အပြာရောင် ဓားခုတ်ချက်သည် အဖြူရောင် လမ်းကြောင်းအတိုင်း ခုတ်ပိုင်းလိုက် ပြီးနောက် စက်ရုပ်အား နှစ်ပိုင်း ပိုင်းဖြတ်လိုက်လေသည်။

အလွန်အားကောင်းသော ဓားမော့နှစ်လက် စက်ရုပ်အား အနိုင်ယူလိုက် နိုင်လေပြီ။

ထို့နောက်တွင် ဝမ်ရွှမ်ကျန့်အား အနိုင်ယူနိုင်ခဲ့သော ယင်-ယန် စက်ရုပ်သည် လျှိုချင်ဟွမ်၏ ကောင်းကင်အေးခဲ ဓားဆန္ဒနယ်မြေတွင် အပိုင်ပိုင်းအစစ ပြိုကွဲသွားလေသည်။

ကြည့်ရှုနေကြသည့် သူများအားလုံး ထိတ်လန့်တုန်လှုပ် သွားကြလေသည်။

ဖန်သားပြင်ပေါ်ရှိ ပုံရိပ်အားကြည့်ကာဖြင့် ပြောစရာစကား ပျောက်ဆုံးနေလေသည်။

ဤသည်မှာ ကဝေမ မဟုတ်ဘဲ ပြိုင်ဘက်ကင်း ဓားသမ ဖြစ်လေသည်။

သူမ၏ အေးစက်စက်စရိုက်၊ သူမ၏ဝံ့ကြွားမှု၊ ဘဝမြင့်သည့်ဟန်ပန်၊ သူမ၏ အလွန်နူးညံ့လှပသည့် အသွင်အပြင်။

ထိုအရာများ ပေါင်းစပ်လိုက်သည့် အခါတွင် ထိပ်တန်းအဆင့်ရှိ အမျိုးသမီး ဓားအင်မော်တယ် တစ်ဦး ဖြစ်လာစေသည်။

စုချန်းရန်သည်ပင်လျှင် သူမအား မနာလိုမှု လေးစားအားကျမှုတို့ဖြင့် ကြည့်နေမိသည်။

သူမသည်လည်း အစ်မလျှိုကဲ့သို့ ကျက်သရေရှိ တင့်တယ်လှသည့် ဓားအင်မော်တယ် တစ်ဦး ဖြစ်လိုသည်။

လျှိုချင်ဟွမ်မှာ လွန်စွာစွမ်းအား ကြီးသော်လည်း နဝမမြောက် စက်ရုပ်၏ အဆုံးမဲ့ ဓားဝင်္ကပါအောက်တွင် ကျရှုံးခဲ့ရသည်။

သူမ၏အသိစိတ် ပြန်လည် ရောက်ရှိလာသည့် အခါတွင် ရမှတ်အား ကြေညာသံကို ကြားလိုက်ရသည်။

“လျှိုချင်ဟွမ် ၈ မှတ်”

သောင်းနှင့်ချီသည့် ကျောင်းသားများ၏ အားပေးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။

အချို့သော ကျောင်းသားများသည် သူမ၏ နာမည်အား ကျယ်လောင်စွာ အော်ဟစ်နေ ကြလေသည်။

သူမ၏ ရမှတ်သည် လူတိုင်းမျှော်မှန်း ထားသည်ထက် ကျော်လွန်လေသည်။ လေးစားဖွယ်ရာ ရမှတ်ဖြစ်သည့်အတွက် ကျယ်လောင်သည့် အားပေးမှုများ ရရှိခြင်းဖြစ်သည်။ ထိုရမှတ်သည် အခြားသော အဖွဲ့များအား စိတ်ဓာတ် ကျစေသည်။

အန်လင်းအား ဘေးဖယ်ထားမည် ဆိုလျှင် လျှိုချင်ဟွမ်သည် ပြိုင်ပွဲဝင်များထဲတွင် လူစိတ်ဝင်စား အခံရဆုံးသောသူ ဖြစ်လာလေသည်။

လျှိုချင်ဟွမ်သည် ကဝေမငယ် တစ်ဦးအဖြစ် ဝံ့ကြွားနိုင်ခဲ့ခြင်း မရှိသော်လည်း ကျောင်းသား ကိုယ်စားလှယ် တစ်ဦးအဖြစ် ဂုဏ်ယူနိုင်ခဲ့သည်။

“မဆိုးဘူး မဟုတ်လား”

လျှိုချင်ဟွမ်သည် အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့ထံ ပြန်ရောက်လာလေသည်။

နှစ်ဦးစလုံးသည် သူမအား လက်မထောင်ပြ လာလေသည်။

လျှိုချင်ဟွမ်သည် သူတို့၏ အမူအရာများကြောင့် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ သူမ၏ ရယ်မောသံသည် မတ်လတွင် ပွင့်လန်သည့် ချယ်ရီ ပန်းပွင့်လေးများကဲ့သို့ လှပသည်ကြောင့် လူတိုင်းအား ညှို့ငင်ဖမ်းစား သွားလေသည်။

***

All Chapters